《Let Me Start Again [Completed]》Happy Khet Day ( Extra)
Advertisement
June 25
ခက်တစ်ယောက် ၆၆လမ်း ၁၉လမ်းထောင့်က City Martကိုရောက်နေသည်။ ဟင်းချက်ဖို့အတွက် လိုအပ်တာလေးတွေ၀ယ်ရင်း 'ရွှေလာ' မှာ Hotpotလည်းစားရင်းပေါ့။ ပြန်ခါနီးရင်တော့ Seasonက ချောကလတ်ကိတ်လေး၀ယ်သွားရမယ်။ အမွှာလေးတွေက ချောကလတ်ကိတ်ကြိုက်ကြတယ်လေ။ မင်းစစ်မောင်အတွက်တော့ မ၀ယ်သွားတော့ဘူး။ သူ့ဘာသာ ငတ်ငတ်ပြတ်ပြတ်။
စစ်အကြောင်းတွေးလိုက်ရင် မနေ့ကအကြောင်းက ခေါင်းထဲကိုပြန်၀င်လာသည်။
(ငါ့စကားကိုနားမထောင်တာ တွေ့ကြသေးတာပေါ့။ သူ့အတွက်ဘာမှ၀ယ်မသွားဘူး။ ငတ်ပလေ့စေ*)
ဖြစ်ပုံက ဒီလို
မနေ့က စစ်ကို သူ့မိတ်ဆွေတစ်ယောက်က Dinner ကိုဖိတ်လေသည်။ ခက်ကိုခေါ်သွားချင်သော်လည်း အိမ်က သက်ကြီးစုံတွဲက ခရီးထွက်သွားကြတာမလို့ သူတို့သားအဖတွေပဲကျန်ခဲ့တာကတစ်ကြောင်း၊ Dinner မှာသောက်ကြစားကြနဲ့မလို့ အမွှာလေးတွေကိုပါ ခေါ်မသွားချင်တာကတစ်ကြောင်း၊ ခြံစောင့်လင်မယားကလည်း ရွာကိုပြန်သွားတာမလို့ အိမ်စောင့်မယ့်သူမရှိတာကတစ်ကြောင်း၊ အကြောင်းကြောင်းကြောင့် Dinnerကို စစ်တစ်ယောက်ပဲသွားဖို့ဖြစ်လာသည်။ အရင်က Dinnerတွေဆို အမွှာလေးတွေကို daddyတို့နဲ့ထားခဲ့ပြီး သူနဲ့ခက် တူတူသွားနေကျ။ အခုတော့ သူတစ်ယောက်ပဲသွားရတော့မည်။ မသွားလို့ကလည်းမဖြစ်။ Dinnerလုပ်ပေးတဲ့လူက သူ့ရဲ့ နောက်ဖွင့်မယ့် companyတစ်ခုမှာ Share၀င်ဖို့လုပ်ထားသည်လေ။
' ငါမပါဘူးဆိုပြီး ဟိုမှာ အရက်တွေဇွတ်သောက်မနေနဲ့အုံး ကြားလား ' သူ့ကို necktie စည်းပေးရင်းနဲ့ ခက်က ပြောလေသည်။ ခါတိုင်းဆို ခက်ပါလာရင် သူ့ကို အရက်အများကြီးမသောက်ဖို့ တားနေကျ။
' ဟုတ်ပါပြီ။ မောင်မသောက်ခဲ့ပါဘူး။ ခက်တို့ သားအဖ ၃ယောက်ထဲနေခဲ့လို့ဖြစ်ပါ့မလား '
' ရပါတယ်။ စိတ်ချလက်ချသာသွား။ အရက်သာအများကြီးသောက်မလာခဲ့နဲ့။ '
' မသောက်ရင် ဘာပေးမှာလဲ ' ခက်ရဲ့ ခါးသိမ်သိမ်လေးကို ဖက်ထားရင်း မေးမိသည်။
' မသောက်ရင်တော့ ဘာမှမပေးဘူး။ သောက်လာခဲ့ရင်တော့ အခန်းထဲကို၀င်မလာနဲ့ ကြားတယ်နော် '
' ခက်ကလည်းကွာ '
' ခက်ကလည်းမနေနဲ့။ မင်းက အပြန်ကျရင် ကားမောင်းလာရမှာ။ အရက်သောက်လို့မဖြစ်ဘူး။ အရင်က ငါပါတော့ မင်းအစား ငါကားမောင်းပေးလို့ရသေးတယ်။ အခုက မင်းတစ်ယောက်ထဲ ကားမောင်းပြန်လာရမှာမလို့မသောက်ခိုင်းတာ။ ငါ့အတွက်ပြောနေတာမဟုတ်ဘူး။ မင်းအတွက် '
' အင်းပါ ဟုတ်ပါပြီ။ မောင့်ပူတူးလေးရဲ့စကားကို နားထောင်မှာမလို့ မင်းတွေငါတွေနဲ့မပြောနဲ့ကွာ။ မောင်လို့ပဲပြန်ခေါ် ' သူ့စကားကို မကြားချင်ယောင်ဆောင်နေတဲ့ခက်ကြောင့်
' ခက်ရေ မောင့်အသဲလေးရေ ပူတူတူး အူကြူကြူးလေးရေ မောင်ပြောနေတာကြားလား ' မျက်လုံးလေးကို ထောင့်ကပ်ပြီး မသိချင်ယောင်ဆောင်နေတဲ့ခက်ကို အူယားလာတာကြောင့်
' အော် မကြားဘူးပေါ့လေ။ လာခဲ့ မောင်ပြောတာကြားသွားအောင် လုပ်ပေးမယ်။ '
ပြောပြောဆိုဆိုနဲ့ ခက်ကို ပွေ့ချီပြီး ကုတင်ဘက်ကို ဦးတည်နေတဲ့ စစ်ကြောင့် ခက်လန့်သွားကာ
' စစ် ငါ့ကို အောက်ချပေး! '
' ကုတင်ပေါ်မှာချပေးမယ်လေကွာ '
' မင်းစစ်မောင်!! မင်းဘာတွေပြောနေတာလဲ '
' ဟောဗျာ မောင်ကရော ဘာပြောနေလို့လဲခက်ရဲ့။ ကုတင်ပေါ်ကိုချပေးမယ်ပြောတာလေကွာ။ ပူတူးကဘာတွေတွေးနေတာလဲ '
' ဘာ...ဘာကိုတွေးရမှာလဲ။ ငါ့ကို မင်းလိုများမှတ်နေလား ဟမ့် '
' ဟော ဟော မင်းနဲ့ငါနဲ့ပြောပြန်ပြီ။ ကဲပြော မောင်လို့ခေါ်မှာလား Dinnerမသွားတော့ပဲ ဒီမှာပဲ ဖုန်းဒိုင်းခွမ်းလိုက်ရမလား ' ပြောနေရင်း Necktieကို ဆွဲဖြည်တော့မလိုလုပ်နေတဲ့စစ်ကြောင့်
' မောင်ရေ... မောင်ရဲ့ ။ ခေါ်ပြီးပြီနော် သားတို့ဆီ သွားလိုက်အုံးမယ် ' သူ့ကို တွန်းဖယ်ပြီး အခန်းထဲက ထွက်ပြေးသွားတဲ့ခက်ကြောင့် သူရယ်မိသည်။
(ဖုန်းဒိုင်းခွမ်းအသံကြားရင်ကိုကြောက်နေတာ။ ပြီးရင် လက်မခံတာလည်းမဟုတ်ဘူး အဟွန်း*)
နာရီကိုကြည့်လိုက်တော့ ၆နာရီထိုးနေပြီ။ သူလည်း Dinnerသွားဖို့ အပြင်ကိုထွက်လာခဲ့လိုက်သည်။ ဧည့်ခန်းထဲမှာ ခက်နဲ့ အမွှာ ၂ယောက်က TVကြည့်နေကြသည်လေ။ သူ့ကိုမြင်တော့ ခက်က
' အရက်တွေသောက်မလာနဲ့နော်။ သေချာမှာရဲ့သားနဲ့သောက်လာရင် အခန်းထဲမ၀င်ရဘူး။ '
' ဟုတ်ပါပြီကွာ ' သူကားပေါ်တက်ခါနီးတော့ ခက်က အပြင်ကိုလိုက်ထွက်လာတာကြောင့်
' အထဲမှာပဲနေလေ ပူတူးရဲ့ '
' ခြံတံခါးဖွင့်ပေးမလို့။ ဘဘတို့က ရွာပြန်သွားတော့ တံခါးအဖွင့်အပိတ်လုပ်ပေးမယ့်သူမရှိဘူးလေ အဟမ်း ' ခပ်တည်တည်နဲ့ပြောနေတဲ့ခက်ကို ကြည့်ရင်း သူအသည်းယားမိသည်။ အလကား လျှောက်ပြောနေတာ။ အပြင်သွားခါနီး သူ့ကိုနမ်းမသွားလို့ လိုက်လာပြီးတော့များ။ ဟန်ဆောင်ကောင်းလိုက်တဲ့ ဖြူလုံးလေး။ ခက်ကို စချင်သေးတာကြောင့်
' ဟုတ်ပါပြီ ဒီလိုဆိုတော့လည်း မောင် ကားပေါ်ကဆင်းပြီး တံခါးပိတ်စရာမလိုတော့ဘူးပေါ့။ ဒါဆို ပူတူးလေးက တံခါးသွားဖွင့်ပေးထားအုံးလေ ' ဟုပြောနေတဲ့ စစ်ကို သူအမြင်ကပ်စွာ ထိုးလိုက်မိသည်။
မျက်စောင်းနဲ့ :")
' မပိတ်တော့ဘူး။ ခြံပြင်ရောက်ရင် မင်းဘာသာပဲ အောက်ဆင်းပြီးပိတ်တော့။ ဖွင့်ရင်လည်း မင်းဘာသာမင်းဖွင့်။ မကောင်းလိုက်တဲ့အကောင်။ အလိုက်ကန်းဆိုးနားမလည်တဲ့ကောင်၊ အရိပ်ပြလို့အကောင်မမြင်ရုံတင်မကဘူး အကောင်လုံးပြရင်တောင် ဘာကောင်မှန်းသိမှာမဟုတ်တဲ့ကောင်၊ အရိပ်အကဲနားမလည်တဲ့...... ' ခက်ရဲ့စကားတောင်မဆုံးသေး နှုတ်ခမ်းပေါ်ကိုကျရောက်လာတဲ့ အနမ်းတစ်ခု။ အစပိုင်းတော့ နူးနူးညံ့ညံ့နဲ့ အချိန်ကြာလာလေ ကြမ်းတမ်းလာလေဖြစ်နေတာကြောင့် ခက်တစ်ယောက် အသက်ရှူဆောင်မ၀ချင်တော့။ နောက်ဆုံး စစ်ရဲ့ နှုတ်ခမ်းကို ကိုက်လိုက်တော့မှသာ မလွှတ်ချင်လွှတ်ချင်နဲ့ လွှတ်ပေးလေသည်။
[သွားစတုန်းကစပြီးတော့ ခံပေါ့ ဟမ့် :") ]
' လွှတ်ပေးအုံး ခြံတံခါးသွားဖွင့်ပေးမယ် '
' ဟမ် စောစောကတော့ ကိုယ့်ဘာသာကိုဖွင့်ဆို '
Advertisement
' မင်းနားကြားမှားတာနေမှာပါ။ ငါက ဖွင့်ပေးမယ်လို့ပြောတာ။ မင်းလည်း မျက်စိ နား နှာခေါင်းကို သွားပြသင့်နေပြီ အဟမ်း ' ရုပ်တည်ကြီးနဲ့ လိမ်သွားတဲ့ ခက်ကိုကြည့်ရင်း ဆွဲမရမ်းမိအောင် ထိန်းထားရသည်။ မဟုတ်ရင် သူ ဒီနေ့တော့ dinnerကို ရောက်မှာမဟုတ်တော့ဘူး။ ခက်ကို နှုတ်ဆက်ပြီး dinnerကိုမောင်းလာခဲ့လိုက်တော့သည်။ ညကျ စောစောပြန်လာမှပါ။ သူ့ပူတူးလေးနဲ့ အမွှာလေးတွေကို စိတ်မချပါဘူး။
ညရောက်တော့...
' တီ တီ '
ကားဟွန်းတီးသံကြား၍ ခက်လည်း အပြင်ကိုထွက်လာခဲ့လိုက်သည်။ စစ်ကို ခြံတံခါးဖွင့်ပေးရမယ်လေ။
စစ်ရဲ့ကားလေး အိမ်ထဲကို၀င်သွားတော့ သူလည်း ခြံတံခါးသော့ခတ်ပြီး အိမ်ဘက်ကို လာခဲ့လိုက်သည်။ စစ်ရဲ့အနားကိုရောက်တော့ အရက်နံ့က ထောင်းခနဲ။
စစ်ဆီကလာတဲ့ အရက်နံ့က ထောင်းခနဲ..
စကားနားမထောင်ပဲ အရက်သောက်ပြီး ကားမောင်းလာတာမြင်တော့ သူ့စိတ်ထဲမှာလည်း ဖောင်းခနဲ..
(စိတ်ရှိလက်ရှိ ငရုတ်ဆုံထဲထည့်ပြီး ထုထောင်းလိုက်ရကွာ၊ ကျော်မကောင်းကြားမကောင်းတွေဖြစ်ကုန်တော့မှာပဲ *) စိတ်ထဲမှာသာ ပြောနေသော်လည်း အပြင်မှာတော့ အပြုံးလေးနဲ့သာ
' အရက်တွေသောက်လာတာလား မောင် ' ခက်ရဲ့ လုပ်ယူထားတဲ့အပြုံးနဲ့ မောင်ဟုခေါ်သံကိုပါကြားတော့ စစ် အမူးတောင် ပြေချင်သွားသည်။ တခုခုတော့ မကောင်းတာဖြစ်တော့မယ်။ စစ်လည်း ပြန်ရယ်ပြလိုက်ပြီး
' အဟင်း မသောက်ပါဘူး ပူတူးလေးရဲ့။ မောင်က ပူတူးစကားကိုနားထောင်တယ်လေ။ မောင့်ဆီကအနံ့က တခြားလူတွေဆီကနေကူးလာတာပါ။ ခက်ကမောင့်ကို မယုံလို့လားဟင် '
' မယုံစရာဘာရှိလို့လဲမောင်ရယ်။ ကိုယ့်ယောကျာ်းကိုမှမယုံရင် ဘယ်သူ့ကိုသွားယုံရတော့မှာလဲ။ မောင့်ကို ယုံတာပေါ့။ အကုန်လုံးထက်ကိုပိုယုံတာ။ ' ခက်ရဲ့စကားကြားတော့ သူ့ရင်ထဲကအလုံးကြီး ဖွတ်ဆို ကျသွားလေသည်။
' ဒီလောကကြီးမှာ မောင့်ကို အယုံဆုံးပဲနော်။ မောင်ကမသောက်ဘူးဆိုရင် မသောက်ဘူးပဲပေါ့။ မောင်က ခက်စကားကို နားထောင်မယ်မှန်းသိပါတယ်။ ဒါနဲ့ ဘယ်နှခွက်လောက်သောက်လာတာလဲ မောင် '
' ၅ခွက်ထဲပါ ပူတူးရယ် ' ပါးစပ်က လွှတ်ခနဲထွက်သွားတော့ စစ် သူ့ရဲ့လျှာကို သူပြန်ကိုက်မိသည်။
( သွားပြီ *) ခက်ကို အလန့်တကြား ပြန်ကြည့်မိတော့ သူ့ကို ပြုံးပြနေသည်။ နှုတ်ခမ်းက ပြုံးနေပေမယ့် မျက်လုံးတွေကတော့ သတ်ချင်ဖြတ်ချင်စိတ်တွေကိုတွေ့နေရတာမို့ စောစောက ဖွတ်ဆိုပြီး ကျသွားတဲ့အလုံးကြီးက ဖလွတ်ဆိုပြီး ပြန်တက်လာလေသည်။
' ခက်! မောင်..မောင်ရှင်းပြမယ်နော်။ မောင်ကလေ ခက်ရဲ့စကားကို နားမထောင်တာမဟုတ်ပါဘူးခက်ရယ်။ အန်ကယ်က ဇွတ်တိုက်လိုက်လို့ပါ။ တခြား shareရှင်တွေကလည်း ၀ိုင်းတိုက်နေကြတာမလို့ အားနာနာနဲ့သောက်လိုက်မိတာပါကွာ။ လူကြီးတွေကပေးရင် မငြင်းကောင်းဘူးမလား။ မောင့်ကို စိတ်မဆိုးပါနဲ့ကွာ နော် နော် '
' ဒါပေါ့ ဒါပေါ့ လူကြီးတွေက ပေးရင် ဘယ်ငြင်းကောင်းပါ့မလဲ နော် ' လုပ်ပြုံးကြီးနဲ့ သူ့ဘက်က လိုက်ပြောပေးနေတဲ့ ခက်ကြောင့် အမူးပြေတဲ့အပြင် ခေါင်းမွှေးတွေပါထောင်ကုန်သည်။ အဲ့ဒီလောက်အထိကို ခက်ရဲ့လုပ်ပြုံးကြီးက ကြောက်ဖို့ကောင်းပါသည်။
' ခ..ခက် '
' ဘာတုန်း။ လူကြီးတွေက ပေးတာဆိုရင် ငြင်းလို့မကောင်းဘူးဆိုတော့ မင်းထက် နှစ်လတိတိကြီးတဲ့ ငါကလည်း မင်းကို အပြစ်ပေးမယ်။ မင်းငြင်းလို့မရဘူး ဟုတ်ပြီနော် '
' အဲ့ဒါကတော့ မဆိုင်ဘူးလေ ခက်ရယ် '
' ဘာကိုမဆိုင်တာတုန်း။ ငါလည်းမင်းထက်အသက်ကြီးတယ်လေ။ ငါလည်းလူကြီးပဲ။ အဲ့ဒီတော့ ငါပေးတဲ့အပြစ်ကို မင်းမငြင်းရဘူး။ အပြစ်က ဒီနေ့ကစပြီး နောက် ၂လပြည့်တဲ့အထိ အမွှာ ၂ယောက်နဲ့ပဲသွားအိပ်ရမယ်။ ငါတို့အခန်းကို ယောင်လို့တောင် ခြေဦးမလှည့်နဲ့။ မင်းကို ဖုန်းဒိုင်းခွမ်းခွင့် ၂လပိတ်တယ် ဒါပဲ '
' အဲ့ဒါကတော့ ခက်ရယ်။ ခက်က တစ်ယောက်ထဲဆိုရင် ကြောက်တတ်တယ်မလား '
' မင်းကိုပိုကြောက်တယ် မင်းစစ်မောင်ရေ။ တစ်ခုတော့ရှိတယ် ငါနဲ့တူတူအိပ်ချင်တယ်ဆိုရင်တော့ မင်း bottom ထိုင်ပေး။ အဲ့လိုမှမဟုတ်ရင် ၂လလောက် ဥပုသ်စောင့်နေတော့။ ဘိုင့်ဘိုင် ' သူ့ကိုလက်ပြရင်းနဲ့ အိပ်ခန်းထဲ၀င်သွားတဲ့ ခက်ကိုကြည့်ရင်း ငိုချင်လာသည်။ နောက်ဆုံးတော့လည်း အမွှာ ၂ယောက်ရဲ့အခန်းမှာသာ အိပ်လိုက်ရတော့သည်။
_______________________
ခက် စျေး၀ယ်ပြီးအိမ်ကိုပြန်လာတော့ တစ်အိမ်လုံးက တိတ်ဆိတ်နေသည်။
( ဟို သားအဖသုံးယောက် အခုထိမနိုးကြသေးဘူးလား *)
' မင်းစစ်မောင်!! မင်းနေခက်!! မင်းစေခက် !! အတွင်း ၃၇မင်း အပြင် ၃၇မင်းမှာ တစ်မင်းမှမပါတဲ့ လူ့ပြည်က မင်း ၃ မင်းရေ အခုထိ မထကြသေးဘူးလား!! ဘယ်အချိန်ရှိနေပြီလဲ။ ငါတောင်စျေး၀ယ်ပြီးပြန်လာပြီ။ အခုမထတဲ့သူကို ဒီနေ့တစ်နေ့လုံးအငတ်ထားမှာနော် ' အော်သာပြောနေတာ အခုထိ အမွှာ ၂ယောက်ရဲ့ အခန်းတံခါးက ပွင့်မလာပေ။
(ငါတော့ ၃ယောက်တူတူအိပ်ခိုင်းတာ မှားပြီထင်တယ်။ အရင်ကဆို အမွှာ ၂ယောက်က မနက် ၇နာရီထိုးတာနဲ့ အိပ်ရာကထတယ်။ စစ်ကို တစ်ညလေးသားတွေနဲ့အတူအိပ်ခိုင်းလိုက်တာနဲ့ အကျင့်က တန်းပျက်တော့တာပဲ။ တွေ့ကြသေးတာပေါ့ *) အတွေးနဲ့အတူ အမွှာ ၂ယောက်ရဲ့ အခန်းသော့ အပိုကို လိုက်ရှာလေသည်။
' တွေ့ပြီ။ အခုထိ အိပ်ပုတ်ကြီးနေကြတဲ့ သားအဖ ၃ယောက် ငါနဲ့တွေ့ကြသေးတာပေါ့ ' တံခါးဖွင့်မည်ပြုတော့ နောက်ကနေ မျက်စိကို ပုဝါနဲ့စည်းခံလိုက်ရသည်။
' ဘယ်သူလဲ! စစ်လား! ဘာလုပ်တာလဲ။ လွှတ်! နိုးနေရင်လည်း အသံပေးတာမဟုတ်ဘူး ' သူကသာပြောနေတာ နောက်ကလူက စကားပြန်မပြော။ ထို့နောက် သူ့ကို ခြံထဲကိုခေါ်သွားခြင်းခံလိုက်ရသည်။ ခြံထဲရောက်တော့မှ စည်းထားတဲ့ပုဝါစကို ဖယ်ပေးတာကြောင့် ပတ်၀န်းကျင်ကိုကြည့်လိုက်တော့ ဦးမင်းထက်နဲ့ ဦးစစ်သော်တို့အတွဲ၊ မင်းခန့်နဲ့စိုးစံနိုင်တို့အတွဲ၊ ဂနိုင်နဲ့ သက်နွယ်တို့အတွဲနဲ့ အမွှာ ၂ယောက်အပြင် သူ့မိဘတွေဖြစ်တဲ့ ဦးဥက္ကာနဲ့ ဒေါ်သဇင်ခက်ကိုပါတွေ့လိုက်ရသည်။
Advertisement
' ဖေဖေ မေမေ ' ၀မ်းသာအားရနဲ့ သူ့မိဘတွေဆီပြေးသွားကာ ဒေါ်သဇင် ခက်ရဲ့ရင်ခွင်ထဲကို ကလေးလေးတစ်ယောက်လို တိုးဝှေ့ပြီးငိုမိသည်။ မိဘတွေနဲ့မတွေ့ရတာဘယ်လောက်ကြာနေပြီလဲ။ သားလေးတို့အသက်ထက်တောင် ကျော်နေသေးသည်။ သားကြီးမဆုံးခင်ကတည်းက မတွေ့ကြရတော့တာ။ မေမေတို့က စာမလာ အကြောင်းမကြားသည့်အပြင် အဲ့ဒီအချိန်တွေတုန်းက သူကိုယ်တိုင်ကလည်း သူတို့အိမ်ထောင်ရေးကိစ္စတွေနဲ့ ရှုပ်ထွေးနေသဖြင့် အဆက်အသွယ်ပြတ်သွားကြခြင်း။
သို့ပေမယ့် စစ်နဲ့ပြန်အဆင်ပြေသွားတော့ မေမေတို့ကို ဆက်သွယ်ကြည့်သေးသည်။ ထိုအချိန်က သိလိုက်ရတာက ဖေဖေက ဆေးရုံတက်နေရသည်ဟုသာ။ မေမေ့ကိုမေးကြည့်တော့ အဆင်ပြေသည်ဟု ပြောခဲ့သည်။ သူတို့ လိုက်လာမယ်ဆိုတော့လည်း လက်မခံ။ အဲ့တုန်းက သူကလည်း အမွှာလေးတွေကို လွယ်ထားရသဖြင့် မေမေတို့ဆီမရောက်ဖြစ်လိုက်။ အမွှာလေးတွေ မွေးပြီးသွားတော့လည်း မေမေတို့ဆီမသွားဖြစ်လိုက်ပါ။ စစ်ကတော့ ဟိုမှာ companyခွဲတစ်ခုဖွင့်တုန်းက သွားဖြစ်သည်ထင်သည်။ စစ် ဟိုက ပြန်လာတဲ့အချိန်ကတည်းက သူ့ကို ဂျပန်ကိုလိုက်ပို့ခိုင်းသော်လည်း စစ်က လိုက်မပို့တာကြောင့် မေမေနဲ့ Onlineကနေသာ ဆက်သွယ်ခဲ့ရသည်။ နောက်မှသိရတာက ဖေဖေ brain tumourဖြစ်နေတာကြောင့် ဆေးကုသမှုခံယူနေတာကို သူ့ကိုမသိစေလို၍ ဂျပန်ကို လိုက်မပို့ခြင်းတဲ့။
သူသိခဲ့တဲ့အချိန်က ဖေဖေခွဲစိတ်မှုအောင်မြင်သွားလို့တော်သေးသည်။ မဟုတ်ရင် သောင်းကျန်းမိတော့မှာ။ စစ်ပြောတာတော့ ဖေဖေရော မေမေပါ သူ့ကိုစိတ်မပူစေချင်လို့ လျှို့ဝှက်ထားကြသည်တဲ့။ ဆေးရုံတက်နေစဥ်အတောအတွင်းရော၊ ခွဲစိတ်နေစဥ်ကာလအတွင်းမှာရော၊ နောက်ဆုံး ဆေးရုံက ဆင်းတဲ့အချိန်ထိပါ စစ်က ဂျပန်နဲ့ မြန်မာကို အိမ်ဦးနဲ့ကြမ်းပြင်လို အခေါက်ခေါက်အခါခါသွားခဲ့သည်တဲ့လေ။ Daddyနဲ့ Papaကလည်း ခရီးခဏခဏထွက်နေကြတာက ဖေဖေတို့ဆီသွားနေကြလို့တဲ့။ စစ် မြန်မာပြည်ကို ပြန်လာရင် Daddyတို့က ဂျပန်ကိုသွားတယ်၊ Daddyတို့က မြန်မာပြည်ကိုပြန်လာရင် စစ်က ဂျပန်ကိုသွားတယ်၊ အဲ့ဒီလို အလှည့်ကျ သွားပြီး daddyတို့ကလည်း စစ်အတွက် ကူပြီးတောင်းပန်ပေးခဲ့ကြသည်တဲ့။ သူကတော့ အဲ့တုန်းက အလုပ်ကြောင့်ခရီးထွက်ရတယ်ပဲထင်နေတာ။ တကယ်တော့ စစ်က ဖေဖေ့ဆီကို သွားခဲ့တာပဲ။ စစ်ကလည်း ဖေဖေတို့ကို သူ့အမှားတွေကို ၀န်ချပြီးတောင်းပန်ခဲ့သည်တဲ့။ ဖေဖေက အစက ခွင့်မလွှတ်သော်လည်း ဖေဖေဆေးရုံတက်နေတဲ့အချိန်တွေတုန်းက စစ်ကိုယ်တိုင် လိုက်ပြီးစောင့်ပေးခဲ့ရတဲ့အချိန်တွေရော၊ အမြဲတမ်းလိုလို တောင်းပန်နေတတ်တဲ့အတွက်ရော၊ နောင်တရပြီး ခက်ကို ဂရုစိုက်ပေးတဲ့အတွက်ရော၊ အမွှာလေးတွေမျက်နှာကြောင့်ပါ စစ်ကိုခွင့်မလွှတ်ချင်ပေမယ့် ခွင့်လွှတ်ပေးခဲ့သည်။
' သားကိုခွင့်လွှတ်ပါ။ ကိုယ့်အဖေတစ်ယောက်လုံး သေမင်းနဲ့စစ်ခင်းနေရတာကို မသိတဲ့အတွက် သားတောင်းပန်ပါတယ် ' ငိုနေရင်းနဲ့ သူတို့ကို လက်အုပ်ချီပြီး ရှိခိုးတောင်းပန်နေတဲ့ခက်ကို ဦးဥက္ကာက ပြန်ထူပေးသည်။
' မဟုတ်တာသားရယ်။ ဖေဖေက သားစိတ်ဆင်းရဲမှာစိုးလို့ မပြောခိုင်းတာပါ။ ပြီးတော့ စစ်နဲ့ ဦးမင်းထက်တို့ကလည်း တစ်ယောက်တစ်လှည့်စီလာပြီး ဖေဖေ့ကို အားပေးကြတယ်လေ။ '
' သားကတော့ ဖေဖေဘာဖြစ်နေလဲဆိုတာကိုမသိပဲနဲ့ ဒီမှာပျော်ရွှင်နေတာ... '
' သားရာ။ ဖေဖေက သားပျော်နေတာကို မပျက်စေချင်လို့ပဲ မပြောခိုင်းခဲ့တာလေ။ ကဲပါ ပြီးခဲ့တာတွေလည်း ပြီးပြီပဲ။ အခု ဖေဖေမသေသေးဘူးလေသားရဲ့။ ဖေဖေက ဖေဖေ့သားနဲ့ မြေးလေးတွေကို ထားခဲ့ပြီး ထွက်မသွားသေးပါဘူးသားရယ်။ ဖေဖေ့မြေးလေးတွေနဲ့ အကြာကြီးနေသွားအုံးမှာပါ '
' ဒါဆို ဖေဖေတို့က ဒီကို အပြီးပြန်လာကြတာလားဟင် '
' ဒါပေါ့သားရဲ့ ။ ဖေဖေတို့က ဒီမှာပဲအပြီးနေတော့မှာ။ သေမယ်ဆိုရင်တောင် ကိုယ့်ရေ ကိုယ့်မြေမှာပဲ ခေါင်းချချင်တယ်ကွယ်။ companyတွေကတော့ ဟိုမှာ companyတစ်ခုပဲကျန်ခဲ့တော့တယ်။ ကျန်တာတွေက မရှိတော့ဘူးလေ။ အဲ့ဒီ companyလေးတစ်ခုတောင် မင်းစစ်မောင်ကျေးဇူးကြောင့် မြဲနေတာ။ မဟုတ်ရင် အဲ့ဒါလေးလည်း ကုန်လောက်ပြီ။ ဆေးဖိုးတွေက စျေးကြီးတယ်သားရ။ ပြီးတော့ ဖေဖေက နှစ်ရှည်လများ ဆေးရုံတက်လိုက်ရ၊ ခွဲစိတ်လိုက်ရနဲ့ဆိုတော့ shareတွေတစ်ခုပြီးတစ်ခု ရောင်းပြီးဆေးကုနေရတာပေါ့။ တခြား ဖေဖေ့companyတွေကလည်း သစ္စာဖောက်တွေကြောင့် companyရဲ့ လျှို့၀ှက်ချက်တွေက ပြိုင်ဘက်တွေဆီရောက်ပြီး အရှုံးပေါ်တာတွေရော၊ ဒေဝါလီခံလိုက်ရတာတွေရော၊ ဖေဖေ့ရဲ့ ပြသဒါးနေ့တွေပေါ့ကွာ။ မင်းစစ်မောင်သိသွားတော့ ဖေဖေ့ဆေးဖိုးတွေ သူပဲထုတ်ပေးခဲ့တာလေ။ ကဲပါ ဒီနေ့က သားမွေးနေ့ကြီးကို စိတ်မကောင်းစရာတွေမပြောတော့ဘူး ကိတ်မုန့်ခွဲကြရအောင် ဟုတ်ပြီလား '
ထို့နောက် မွေးနေ့ကိတ်ခွဲကြရင်း ဖေဖေမေမေတို့ကို အရင်ခွံ့ကျွေးသည်။ ပြီးတော့ စစ်၊ အမွှာလေးတွေ၊ daddyတို့နဲ့ သူငယ်ချင်းတွေကိုရော ကိတ်မုန့်ကို ခွံ့ကျွေးလိုက်သည်။ မတွေ့တာ ကြာပြီမလို့ စကားအကြာကြီးပြောနေလိုက်ကြတာ ညနေစောင်းတဲ့အချိန်ထိ။ နောက်တော့မှ ဖေဖေတို့နဲ့ မင်းခန့်တို့က သူတို့ကိုနှုတ်ဆက်ပြီး အသီးသီးပြန်သွားကြလေသည်။
စစ်ရဲ့ကျေးဇူးနဲ့ သူ့ရဲ့ မွေးနေ့လေးက အသက်၀င်ခဲ့ပါသည်။ ချစ်ရတဲ့သူတွေနဲ့ အတူရှိနေတဲ့ ဒီနေ့လေးကို သူဘယ်တော့မှမေ့နိုင်မည်မဟုတ်တော့ပေ။ စစ်ရဲ့နဖူးလေးကို ဖွဖွလေးနမ်းလိုက်ရင်း
' ကျေးဇူးတင်ပါတယ် မောင်။ အခုလို ပျော်ရွှင်စရာကောင်းတဲ့မွေးနေ့လေး ဖန်တီးပေးခဲ့လို့။ ဖေဖေတို့ ပြန်ရောက်နေတာကို မပြောခဲ့တဲ့ အတွက်လည်း ကျေးဇူးပါ ' ခက်က ရွဲ့ပြောတာကြောင့် စစ် ရယ်လိုက်ရင်း
' မောင်က ဒီနေ့မှ တမင် surpriseလုပ်ပေးမလို့ပါကွာ။ ခက်ရဲ့ ၃၅နှစ်ပြည့်မွေးနေ့ကို ထူးခြားသွားအောင်လို့လေ '
' ကျေးဇူးကြောင့်နဲ့ တော်တော်ကို ထူးခြားသွားပါပြီ။ ကဲကဲ daddyတို့လည်း ပြန်ရောက်နေပြီဆိုတော့ အခန်းထဲပဲ ပြန်လာအိပ်တော့ အဟမ်း '
' တကယ်လား လာပြီ လာပြီ။ မောင့်ပူတူးလေးက စိတ်ဆိုးပြေသွားပြီပဲ ' (နောက်ဆုံးတော့ ညစာမငတ်တော့ဘူး *) ထိုစကားကိုတော့ စိတ်ထဲကပဲ ပြောလိုက်မိသည်။ သို့သော်လည်း စစ်ရဲ့ အပျော်တွေက ကြာကြာမခံပေ။ ခေါင်းအုံးလေးကိုယ်စီပိုက်ကာ အခန်းထဲကို၀င်လာတဲ့ အမွှာ ၂ယောက်ကြောင့်
' သားတို့က ဘာလာလုပ်ကြတာတုန်း '
' ဟွန် တူတူအိပ်ကြမလို့ခေါ်ထားတာလေ။ ဒီနေ့ကစပြီး ၂လတိတိ သားတို့က ဒီမှာပဲလာအိပ်ကြမှာ။ လာပါမောင်ရယ် မိသားစု စုံစုံလင်လင်နဲ့ မအိပ်ရတာ ကြာပြီမလား ' ခက်ကို အရှုံးပေးစွာနဲ့ပဲ အမွှာ၂ယောက်ကို အလယ်မှာထားပြီး အိပ်လိုက်ရသည်။
(နေနှင့်အုံးပေါ့။ ၂လပြည့်ပြီးမှ အတိုးရော အရင်းရောပေါင်းယူမယ် *)
ခက်က သူ့ရဲ့အတွေးတွေကို သိနေတဲ့အလား
' မဟုတ်တာတွေတွေးမနေနဲ့ မင်းစစ်မောင်ရေ။ အတိုးရောအရင်းရော ပေါင်းယူမယ်လို့တွေးနေတယ်ဆိုရင်တော့ ၂လကနေ ၂ဆတက်ပြီး ၆လ permitပိတ်သွားမယ်နော် '
' ၂လရဲ့ ၂ဆဆိုရင် ၄လမဟုတ်ဘူးလား ပူတူးရယ် '
' ငါ ၆လဆို ၆လလိုက် '
' ဟုတ်ပါပြီ ဟုတ်ပါပြီ။ ဗရုတ်သုတ်ခတွေလည်း မတွေးရဲတော့ပါဘူး ကြောက်ပါတယ် ' စစ်က စိတ်ဆိုးဆိုးနဲ့ပြောပြီး တစ်ဖက်ကိုလှည့်သွားတော့ ခက်က အမွှာ ၂ယောက်ကိုကြည့်ပြီး
' သားသားတို့ daddyက စိတ်ကောက်သွားပြီ။ papaတို့ ချော့လိုက်ကြရအောင် ' ဟုဆိုတော့ အမွှာ ၂ယောက်က ခေါင်းငြိမ့်လေသည်။ ထို့နောက် တဖက်ကိုလှည့်အိပ်နေတဲ့စစ်ကို သူတို့ဘက်ကို ပြန်လှည့်အောင်လုပ်ပြီး
' အားဟားဟား ယားတယ် ယားတယ်လို့ ခက်ရေ ပူတူးလေးရေ မောင်စိတ်မဆိုးတော့ပါဘူးကွာ။ မောင့်ကို ကလိယားမထိုးနဲ့တော့လို့။ သားကြီး သားငယ် daddyကို ခြေသလုံးမွှေးတွေဆွဲမနှုတ်နဲ့တော့လေကွာ။ မင်းတို့ papaကို စိတ်မဆိုးရဲတော့ပါဘူးလို့ ဟားဟား ယားပါတယ်ဆိုကွာ '
သို့နှင့် ...အခန်းငယ်လေးထဲမှာ ရယ်သံ၊ အော်ဟစ်သံလေးတွေနဲ့ ဆူညံသွားလေတော့သည်။
×××××××××××××××
No More Extras
.
.
.
June 25
ဖြစ်ပုံက ဒီလို
' ခက်ကလည်းကွာ '
' စစ် ငါ့ကို အောက်ချပေး! '
Advertisement
- In Serial54 Chapters
Hilda Finds a Home
Hilda is a small paladin with a small dream. A home of her own where no one will wake her up at sunrise to do the dishes. Her path to glory will include a lot of dead rats and copper pieces. At least that's that plan. Who knows though? Maybe at some point something cool will happen to her. Unlikely. Nothing cool ever happens to poor Hilda... but who knows? Updates on Mondays and Thursdays. This is an ongoing series that currently includes: Book 1: Hilda Finds a home (Complete) Interlude: How a Sad Giant Became Red (Complete) Book 2: Dwarf to the Moon (ongoing)
8 91 - In Serial15 Chapters
Perspective
Einheim is a world of magic and mystery populated by mortal and immortal, and whenever they meet each other, there is a clash of perspectives. This world follows its own rules and even if the Dvergr, Giants and Faeries are inspired by norse and celtic mythologies; they are their own things.
8 124 - In Serial78 Chapters
IN YOUR MIND. fezco
« am i in your mind? sometimes? » « i'd lie if i said it was jus' sometimes. » in which lulu jenson has to handle a bunch of shit and finds herself looking for comfort in fezco.[EUPHORIA SEASONS 1 & 2]all credits go to sam levinsoni only own lulu and zahia jenson
8 119 - In Serial29 Chapters
Music System
Saturn Vanya Emerson is a musical genius who ended up in prison through an unfortunate set of circumstances. The universe felt pitty that he youth once again couldn't fulfil his talent and granted him a gift to fulfil his potentil. This is his story. Sorry about the crappy synopsis and crappy name for the novel. To be honest I really couldn't think of a good name to call the novel. Music Playlist for the novel, https://www.youtube.com/playlist?list=PL7_acUgMyEtVGHfIU5vKCH2dGXYFm-tIh when ever a new song is introduced into the novel the song will be added to the playlist. If I mention a specific song then it'll added to the playlist. If I don't mention a specific song then I'll add a few of that type that I personally like.
8 164 - In Serial63 Chapters
Helix Academy of Superhuman Development — A Superhero Fiction
Superhumans roam the earth; some, who use their powers to protect and assist the general population, have been awarded the title of Hero; others, who use their gifts for destructive purposes, are entitled Villains. Alexander Michaels has always been fascinated with these godlike beings, and avidly follows their progress in the world through any form of media that he can find. But one night, after a series of extraordinary circumstances, he discovers that he is a superhuman himself, and not long after is paid a visit by representatives from a secret school dedicated to the development of young superhumans. Just what awaits him on this journey, should he accept their offer?
8 154 - In Serial7 Chapters
Safe | the originals
No pressure. Emilee was leaving her old life, saying goodbye to Mystic Falls, and heading to New Orleans to look for Hayley while trying to find anything about her parents. At the same time, she was pregnant by the original hybrid with super twin babies. And more drama.The first book in the Emilee Gilbert seriesSeason One of The Originals started: January 03, 2017finished: April 05, 2019editing: November 18, 2020
8 164