《အမုန်းအားဥပေက္ခာပြု၍ [အမုန္းအားဥေပကၡာျပဳ၍] {Complete}》Ep - 6
Advertisement
Hotel အခန်းတစ်ခုထဲတွင် E-mail တွေကို ထိုင်စစ်နေသော လူငယ်တစ်ယောက်...။
အနည်းငယ် အံ့သြသွားဟန်ရှိသော်လဲ မဲ့ပြုံးတစ်ခုကိုသာ မျက်နှာထက်တွင် လှပသေသပ်စွာ ဆင်မြန်းထားလေ၏။
ထိုလူငယ်သည် ဝမ်ရိပေါ်ပင်ဖြစ်သည်။
ကျွန်တော်ဆိုတာ လှောင်ပြုံးများကြားရှင်သန်ခဲ့ရတဲ့ လူတစ်ယောက်...။
ကျွန်တော်ဆိုတာ အလှောင်ခံစကားများကြား ရန်ပွဲတွေနဲ့ ဖြတ်သန်းခဲ့ရတဲ့ လူတစ်ယောက်...။
ကျွန်တော့်ဘဝကသူတစ်ပါး အလှောင်ခံရဖို့ မွေးဖွားလာခဲ့တာလား...?
ဒါတွေအားလုံး ပါးပါးကို မြူစွယ်ခဲ့တဲ့ လူတစ်ယောက်ကြောင့်ပဲဖြစ်လာခဲ့တာ...။
အဲ့ဒီလူကြောင့် မွေးနေ့ရောက်တိုင်း 'ပါးပါးက Gay မဟုတ်ပါစေနဲ့' လို့ ရူးကြောင်ကြောင် ဆုတောင်းခဲ့ဖူးတာတွေ...။
မွေးနေ့ဆုတောင်းက နောက်ဆုံးတော့ ရယ်စရာဟာသတစ်ခုလို အဆုံးသတ်သွားခဲ့ပြီပဲ...။
အရှေ့မှာရှိနေတဲ့ Computer Screen ပေါ်မှ အချက်အလက်တွေက သူ့ကို ပြောင်ပြနေသလားဟုပင်ထင်ရသဖြင့် ပေါက်ကွဲပစ်ချင်လာသည်။
ဒီ Hotel မှာ ဆက်တည်းဖို့ သူ ဆုံးဖြတ်လိုက်တာက မှန်သွားပြီလို့တော့ထင်ရပါသည်။
>>>
Xiao Zhan Hotel ဝန်ထမ်းကောင်လေးတစ်ယောက်ကို မေးမြန်းကြည့်လိုက်တော့..,
'Wang Yibo ဆိုတဲ့ ဧည့်သည်က ဒီ Hotel မှာပဲ ဆက်တည်းဖို့ အတည်ပြုပြီးပါပြီခင်ဗျ...' ဆိုသည့် စကားတစ်ခွန်းကိုပြန်ရခဲ့သည်။
ထိုစကားကြောင့် Xiao Zhan မျက်ခုံးတစ်ဖက် ပင့်တက်သွားပေမယ့်...
ဘာမှဆက်ပြောခဲ့ခြင်းတော့ မရှိခဲ့ပေ။
လိုမှ မလိုအပ်ပဲလေ...။
လာတည်းတဲ့ ဧည့်သည်ကိုက ဆက်တည်းဖို့ ရွေးချယ်ထားတော့လဲ Boss တစ်ယောက်အနေနဲ့ ဘာဆက်ပြောစရာလိုနေဦးမှာလဲ...?
အေးအေးဆေးဆေးနေတတ်သူပီပီ XZ ဆိုတာ စကားအပိုလုံးဝမပြောတတ်သူလဲဖြစ်သည်။
ငယ်ငယ်ကတည်းကကြုံဆုံခဲ့ရတဲ့ ကိစ္စတွေကြောင့် တည်ငြိမ်ရင့်ကျက်လာခဲ့ရသူမို့...။
ရင့်ကျက်တယ်ဆိုတာ တည်ငြိမ်တာကိုပြောတာလား...?
ရင့်ကျက်တယ်ဆိုတာ ကိစ္စတစ်ခုကို ကြီးကြီးငယ်ငယ် ပျာယာမခတ်ပဲ မှန်မှန်ကန်ကန်နဲ့ စနစ်တကျ ဖြေရှင်းနိုင်တာမျိုးလို့ ကျွန်တော်ကတော့ထင်တယ်...။
ဒါက ကျွန်တော်ခံယူထားတဲ့ 'ရင့်ကျက်မှု' ပေါ့ဗျာ...။
တစ်ဦးတစ်ယောက်ချင်းစီတိုင်းဟာ "ခံယူချက်" ချင်းမတူညီကြဘူးလေ...။
ကိုယ့် "ခံယူချက်" သူ့ "ခံယူချက်" ကွဲပြားတာပေါ့...။
ကျွန်တော့်ကိုယ်ကျွန်တော် ရင့်ကျက်လှပြီ လို့ထင်နေပေမယ့် ကျွန်တော့် နှလုံးသား နဲ့ မျက်ရည် တွေကတော့ အခုချိန်ထိ မရင့်ကျက်နိုင်သေးတာကိုတော့ ဝန်ခံပါတယ်...။
ကျွန်တော့်နှလုံးသား နဲ့ မျက်ရည်တွေက တစ်ချို့ကိစ္စတွေမှာဆို နာကျင်စွာ နဲ့ မျက်ရည်ကျမိတယ်လေ...။
တစ်ချို့ တစ်ချို့သော ကိစ္စတွေမှာပေါ့.....။
XZ Hotel ကို တစ်ချက်လိုက်စစ်ပြီးတာနဲ့ Bar ဘက်ပြန်လာဖို့ ဓာတ်လှေကားဆီသို့ လျှောက်လာခဲ့သည်။
XZ လည်း ဓာတ်လှေကားထဲဝင်လာတာကို မြင်တဲ့အခါ
အတွင်းမှာ ဓာတ်လှေကားဆက်စီးမယ့် လူတွေကလဲ ခေါင်းငုံ့အရိုသေပေးကာ အလျင်အမြန်ပဲ အသီးသီးထွက်ခွာသွားကြလျက်
ဓာတ်လှေကားထဲ ဝင်လာမယ့် လူတွေကလဲ XZ ကို မြင်တော့ တစ်ခြားသောဓာတ်လှေကားဆီသို့သာ ခြေလှမ်းတို့ဦးတည်ပြီးသားဖြစ်သွားကြလေသည်။
ဓာတ်လှေကားထဲမှာ ကျွန်တော် တစ်ယောက်တည်းဖြစ်နေတာ မထူးဆန်းတော့မဟုတ်...။
ကျွန်တော့်လို Bar ပိုင်ရှင် သူဌေးတစ်ယောက်အတွက် ဒါက နေ့စဥ် ဖြစ်နေကြကိစ္စတွေပဲမို့...။
ဓာတ်လှေကားတံခါး ပိတ်ခါနီးမှ တံခါးကြား တိုးဝင်ကာ တားလာသော လက်တစ်ဖက်...။
ဓာတ်လှေကားတံခါးလေးကလဲ အလိုက်သိစွာ ပွင့်ဟ,လာပေမယ့် မြင်လိုက်ရသော မျက်နှာလေးကြောင့် XZ မျက်မှောင်တစ်ချက်မသိမသာကြုံ့မိ၏။
Happy new year night ကလိုက်ပို့ပေးခဲ့ရသည့်အမူးကောင်လေး...။
တစ်နည်းအားဖြင့်.......!
"ကျွန်တော်... ဝင်လာလို့ရမလား...?"
YB အလျင်လိုနေသလို မျက်နှာဘေးလေးနဲ့ပြောလိုက်တော့ ဓာတ်လှေကားထဲက လူကြီးက အေးအေးဆေးဆေးပဲ ခေါင်းငြိမ့်ပြကာ ဝင်ခွင့်ပြု၏။
YB ဝင်လာပြီးနောက် ခနနေတော့...
"ဟို...နေ့ညက ကိစ္စအတွက်ကျေးဇူးပါနော်..."
YB အတတ်နိုင်ဆုံး လေသံအေးအေးလေးနဲ့ပြောလိုက်တော့ ဘေးကလူကြီးက ကိုယ့်ဘက်ကို တစ်ချက်စောင်းငဲ့ကြည့်လာကာ မပြောင်းလဲသော လေသံခပ်အေးအေးဖြင့်ပင် မေးလာသမှုပြု၏။
"ကိုယ့်အပေါ် အန်ချခဲ့တဲ့ကိစ္စကိုရော မတောင်းပန်တော့ဘူးလား...?"
ရုပ်တည်ကြီးနဲ့ပြောနေတဲ့ ဘေးကလူကြီးကြောင့် စိတ်တွေအချဥ်ပေါက်လာပြီး ဆွဲထိုးပစ်ချင်လိုက်တာဆိုတာလေ...
လက်တွေကိုယားလို့....!
ကျင်းရီပြောထားကတည်းက YB ကျေးဇူးတင်ဖို့တစ်ခုတည်းကိုပဲ ရွေးချယ်ထားခဲ့တာ...။
ဘာလို့ တောင်းပန်ရမှာလဲ.....?
ခင်ဗျားတို့ တူဝရီးနှစ်ယောက်ကို ဘယ်တော့မှ ဘာအကြောင်းမျိုးနဲ့မှ တောင်းပန်မှာ မဟုတ်ဘူး!!
ခင်ဗျား သဘောပေါက်...!
ကျေးဇူးတင်စကားပြောတာတောင် မတတ်သာလို့ဆိုတာ ခင်ဗျား သိသင့်တယ် Xiao Zhan!!
သူ့ရှေ့မှာ ရုပ်တည်ကြီးနဲ့ တောင်းပန်ခိုင်းတော့လည်း မတောင်းပန် ပေကပ်ကပ်နဲ့ရပ်နေလေသော ထိုကောင်လေးကို XZ လှည့်မကြည့်ပဲ အရှေ့တည့်တည့်သို့သာကြည့်ကာ အတက်အကျမရှိသောလေသံဖြင့်ပင် ဆက်ပြောလိုက်သည်။
"ထားပါ... ပြီးတာက ပြီးသွားပြီပဲ... ကျေးဇူးတင်စရာလဲ မလိုပါဘူး..."
XZ ထိုသို့ပြောပြီးသည်နှင့် အချိန်ကိုက် ဓာတ်လှေကားတံခါးပွင့်လာတော့ ခြေလှမ်းကြဲကြီးတွေနှင့် ဦးစွာထွက်လာခဲ့လိုက်သည်။
ဓာတ်လှေကားထဲမှာ ကျန်ခဲ့တဲ့ YB ကတော့ တစ်လှမ်းချင်း အပြင်သို့ ထွက်လာလိုက်ရင်း...
ခင်ဗျားက သိပ်ရီရတာပဲ မစ္စတာရှောင်းကျန့်... ဟားးး
ခင်ဗျားကိုယ်ခင်ဗျား အထင်တွေစွတ်ကြီးနေပါလားဗျ...။
အင်းးး ပစ်မှတ်က ခင်ဗျားဖြစ်သွားတာ စိတ်တော့မကောင်းဘူးပေါ့ဗျာ...။
ဒီကစားပွဲမှာ ခင်ဗျားပါ,ပါဝင်လိုက်ရင် ပိုပြီးတော့ စိတ်ဝင်စားစရာကောင်းလာမယ်ထင်လို့...။
အဟက်! ပွဲကတော့ လှပြီပေါ့ဗျာ...။
ဓာတ်လှေကားဘေးက နံရံမှာ လက်နှစ်ဖက်ကို ပိုက်ကာ ပုခုံးစွန်းလေးတစ်ဖက်နဲ့ ခပ်လျောလျောမှီထားရင်း ပြုံးနေသော လူငယ်လေးတစ်ယောက်...။
Advertisement
ထိုအပြုံးထဲတွင်တော့ မိုက်ရူးရဲဆန်ခြင်းတွေ ၊ နာကျင်ခြင်းတွေ ၊ ခါးသီးခြင်းတွေ ခြုံငုံနေသော အဓိပ္ပာယ်များစွာ ပါဝင်နေလျက်...။
>>>
XZ Bar ထဲသို့ ဝင်လာတော့ waiter ကောင်လေးတစ်ယောက်က အနားကပ်လာကာ တီးတိုးပြောလာ၏။
XZ လဲ ထိုစကားကြောင့် Bar ထဲကို မျက်လုံးတစ်ချက်ဝေ့ကြည့်လိုက်ပြီး waiter ကောင်လေး အနောက်သို့ လိုက်သွားလေ၏။
ဝိုင်ပုလင်းတွေကို တန်းစီကာ ထည့်ထားသော အရက်ထိုင်သောက်သည့် စင်နားက ခုံတစ်ခုတွင် ဝိုင်ခွက်ကလေးကိုလှလှပပကိုင်ထားရင်း wine ထိုင်သောက်နေသော ခပ်ချောချောကောင်လေးတစ်ယောက်သည် XZ ကို ရီဝေဝေ စူးစိုက်ကြည့်နေလေ၏။
အသားဖြူဖြူ ၊ အရပ်က မပုမရှည်လေးနှင့် ဝတ်ထားသည့် shirt အင်္ကျီက အပေါ်ကြယ်သီးတွေကို သုံးလုံးလောက်ထိ ဖြုတ်ချထားသော ထိုကောင်လေးသည် အလွန်ဆွဲဆောင်မှုရှိသော ကောင်လေးတစ်ယောက်ပင်ဖြစ်သည်။
ရုပ်ကလေးက ချောပေမယ့် မျက်နှာတွင်တော့ မူယာမာယာအပြုံးတွေဖြင့်သာ ဆင်မြန်းထားလေသည်။
အသက်က 21 ဝန်းကျင်လောက်သာ ရှိမည့် ထိုကောင်လေးသည် XZ ကို ရီဝေဝေမျက်လုံးတွေနဲ့သာ စိုက်ကြည့်နေလျက် XZ အနားကို တစ်လှမ်းချင်းလျှောက်လှမ်းလာကာ ဆွဲဆောင်မှုတွေရာနှုံးပြည့်ထည့်ထားသည့် ရီဝေဝေအသံလေးဖြင့် နှုတ်ဆက်လာ၏။
"Hello... ဦး... Bae ကို ခေါ်ထားပြီးတော့ ပစ်ထားတယ်ပေါ့လေ...
ဦး...နော် Bae ကို မချစ်တော့ဘူးလား...? ပြော!"
သွက်လက်ရဲတင်းလွန်းလှသည့် ထိုကောင်လေးက XZ ရဲ့ပုခုံးကို ပွတ်ကာကိုင်ကာ ပြောနေလေသည်။
(*တစ်ခြားလူတွေအတွက်တော့ မင်းက ဆွဲဆောင်မှုရှိချင်ရှိလိမ့်မယ် ဒါပေမယ့် ကိုယ့်အတွက်တော့ ဒါတွေက အသုံးမဝင်ဘူး ကောင်လေး!*)
ကောင်လေးကို XZ တည့်တည့်စိုက်ကြည့်လိုက်ရင်း ထိုကောင်လေးရဲ့နား, အနားကိုကပ်ကာ နှစ်ကိုယ်ကြားလေသံလေးဖြင့် XZ စကားတစ်ခွန်းဆို၏။
"I don't know you,baby."
ကောင်လေးက ထိုစကားကိုကြားတော့ ခပ်ဟဟလေးရယ်သည်။
ရယ်တာပြုံးတာလေးတွေကအစဆွဲဆောင်မှုရှိနေပေမယ့် XZ အတွက်တော့ မထူးမခြားနားသည့် ကောင်လေးတစ်ယောက်သာ...။
" တို့က G , G ဆိုတာ Guest , ဦး...ကိုစိတ်ပျော်ရွှင်မှုအပြည့်အဝရအောင်လုပ်ပေးမယ့် Guest လေးပေါ့... ဟင်းးးး"
ကောင်လေးက ညုတုတုအသံလေးနှင့် XZ ကို စူးရဲသောအကြည့်တွေဖြင့် ကြည့်ရင်းဆို၏။
"ဦး....."
သံရှည်စွဲကာ ပျားရည်ကိုသကြားတစ်ပိဿာလောက်ရောပြီးသကာရည်အိုးထဲမှောက်ချထားသော လေသံနှင့်ထပ်မံခေါ်လာပြန်၏။
XZ အတော်လေး ညစ်သွားရပေမယ့်ရှိထားပြီးသား အစီအစဥ်တစ်ခုကြောင့် အလိုက်သင့်လေးစီးမြောပေးရုံသာ...။
"Ok! မင်း ဘယ်လောက်ထိစွမ်းဆောင်နိုင်သလဲဆိုတာကြည့်ရမှာပေါ့ G..."
G ဆိုတဲ့ ခပ်ချောချောကောင်လေးကတော့ ရယ်သံလွင်လွင်လေးနှင့် ခေါင်းလေးကို ချစ်စဖွယ်ငြိမ့်ပြနေလေ၏။
Bar ရဲ့ထောင့်နားက စားပွဲတစ်ခုမှာ ထိုအဖြစ်အပျက်တွေကို စောင့်ကြည့်နေလေသော ကောင်လေးတစ်ယောက်လဲရှိနေလေ၏။
အဟက်...!
ခင်ဗျားက လွယ်လွယ်ပါသွားတာပဲဗျ...။
စိတ်ဝင်စရာလဲ မကောင်းဘူး...!
ဒါဆို ခင်ဗျားက ခင်ဗျားဦးလေးနဲ့ အတူတူပဲပေါ့လေ...။
အထင်ကြီးလို့မှမရပါဘူးဆို ဒီလိုဆိုတော့ ပိုဆိုးသွားပြီဗျာ...။
ထင်ထားခဲ့ပြီးသား ကိစ္စဆိုပေမယ့် ဒီလိုလွယ်လွယ်လက်ခံပြီး,ပါသွားတဲ့ လူကြီးကိုကြည့်ပြီး မျက်ဝန်းမှာ အရည်ကြည့်တွေကလဲ ဘာမဆိုင်ညာမဆိုင် ဝေ့ချင်လာသလိုလို...။
ပျော်လွန်းလို့ ဖြစ်မှာပေါ့... ဟက်!
>>>
လူနာတွေကို လိုက်ကြည့်ပေးနေတော့လဲ အနားကနေ တစ်ဖဝါးမှမခွာတဲ့ အဆိုးလေးက ကပ်ပါလာလျက်...။
ရှင်းချန် လှည့်ကြည့်တော့လဲ စူပုပ်ပုပ်မျက်နှာလေးနဲ့ မျက်နှာလွှဲသွားတတ်သေးသည်။
လူနာတွေကို တစ်ခန်းပြီးတစ်ခန်းလိုက်ကြည့်တော့လဲ အနောက်ကနေ မနေနိုက်စွာ ထပ်ကြပ်မကွာ လိုက်လာတတ်သေးသည်။
ဘယ်လိုကောင်လေးမှန်းကို မသိပါဘူးဗျာ...။
ကျွန်တော့်မှာ လူနာတွေဆေးစစ်ပေးနေတုန်း လှည့်,လှည့်ကြည့်မိနေပြီး ခနခနပြုံးမိနေလို့ လူနာအတော်အများ သတိထားမိနေကြပြီ...။
ခါတိုင်းဆို လူနာတွေဆေးစစ်ပေးရင် အေးချမ်းတဲ့မျက်နှာလေးနဲ့ တည်တံ့စွာ ဂရုတစိုက်လုပ်ပေးတတ်တဲ့ ဒေါက်တာရှင်းချန်က... အခုတော့ အပြုံးတွေဝေဆာလို့...။
တစ်ချို့ ကလေးလူနာလေးလေးဆိုရင် ကျွန်တော် ပြုံးလိုက်မိတာကိုအမိအရကြည့်ပြီး ပြောတတ်ကြသေးသည်။
iဒေါက်တာ ပြုံးလိုက်ရင် အရမ်းချောတာပဲ အမြဲတမ်းပြုံးနေပါ...' တဲ့လေ...။
ကလေးတွေက ထိုသို့ပြောလာတိုင်း အနောက်က အဆိုးလေးရဲ့မျက်နှာလေးဟာလဲ ပိုပိုပြီးမဲ့လာတော့သည်။
ကျွန်တော်လဲ ခေါင်းအသာရမ်းလျက် ရယ်ရုံသာတတ်နိုင်တော့သည်။
ရှင်းချန် Round လှည့်အပြီး နားနေခန်းထဲဝင်လာတော့လဲ ထုံးစံအတိုင်း အဆိုးလေး လည်း ကပ်ပါလာလေ၏။
ဒီအဆိုးလေးကတော့လေ...။
ကျွန်တော် ဒဏ်ရာရတာ နည်းနည်းတော့များပေမယ့် လမ်းတော့လျှောက်နိုင်ပါသေးတယ်ဗျာ...။
အဆိုးလေးကတော့ အခန်းတံခါးဘောင်ကို တစောင်းလေးမှီကာ သူ့ရဲ့ဂျွတ်ဆက်ဆက်မျက်နှာဘေးလေးနဲ့ ကျွန်တော့်ကို စူးစိုက်ကြည့်နေဆဲပင်။
မရတော့... ရှင်းချန် မေးမှဖြစ်တော့မည်။
"ကဲ... အဆိုးလေး မင်းလေးက ဘာပြောမလို့ ကိုယ့်နောက်ကနေ တစ်ချိန်လုံးလိုက်နေတာလဲ ကဲ အခုပြောလို့ရပြီ..."
ထိုကောင်လေးက ကျွန်တော့်ကို စိုက်ကြည့်နေရင်းပင် ဘောက်ဆက်ဆက်လေသံလေး တစ်သံထွက်လာ၏။
"ခင်ဗျား မူးလဲနေမှာစိုးလို့ အဟမ်း! အဲ့တာကြောင့်...!"
ရှက်သွားဟန် ချောင်းတစ်ချက်ဟန့်ကာ ပြောလာသော ကောင်လေးက တကယ်ကိုအသဲယားစရာလေးမို့ ဖျစ်ညှစ်ပစ်လိုက်ချင်သည့် စိတ်တို့ကို ရှင်းချန် မနည်းမျိုချထားရသည်။
ရော်... ဒီကောင်လေးတော့လေ အူယားအောင်လာလုပ်နေတယ် ဆေးရုံကြီးမှာပါကွ! မူးလဲလဲ ဆရာဝန်တွေအများကြီးရှိပါတယ်ကွာ...။
စိတ်ထဲမှာ ထိုသို့ပြောလိုက်သော်လည်း တကယ့် လက်တွေ့မှာတော့.....
"မင်းလေး ကိုယ့်ကို စိတ်ပူနေတာကို ဝန်ခံလိုက်စမ်းပါကွာ..." ဟူ၍သာ...။
ထိုစကားကြောင့် အဆိုးလေးတစ်ယောက် မျက်မှောင်ကြုတ်သွားလျက်...။
Advertisement
ပြန်ပြောစရာစကားကို စဥ်းစားနေသလို အနေရခက်ဟန် လက်ကလေးတစ်ဖက်ကလည်း ဂုတ်လေးကို ပွတ်သပ်နေသေး၏။
ခနအကြာမှာတော့ သူလေး ပြောလိုက်သော စကားတစ်ခွန်းကြောင့် ကျွန်တော် အသံထွက်အောင်ပင် ရယ်လိုက်မိတော့သည်။
အဆိုးလေး ပြန်ပြောလိုက်သောစကားလေးက.....
"ကျွန်တော် စိတ်ပူနေတယ်ဆိုတာ ဘာလို့ ဝန်ခံရမှာလဲ...?" ဆိုသည့် အသဲယားဖွယ် ဘောက်ဆက်ဆက်လေသံလေးဖြစ်နေခြင်းကြောင့်သာ...။
ဒီအဆိုးလေးကတော့လေ တစ်နေ့တစ်ခြား မရိုးရအောင်ကို ချစ်ဖို့ကောင်းနေတော့တာပဲ.....။
>>>
Updated _ 2244 words 💞
ကျန်းမာရေးဂရုစိုက်ကြပါဗျ ❤
Thanks you all...💌💞
ဆာရာငဲ.....🙆
💞 ချစ်ခင်လေးစားလျှက် 💞
Kroyalwhite💌💞🤍
အနည်းငယ် အံ့သြသွားဟန်ရှိသော်လည်း မဲ့ပြုံးတစ်ခုကိုသာ မျက်နှာထက်တွင် ဆင်မြန်းထားလျက်...။
ကျွန်တော်ဆိုတာ အလှောင်ခံစကားများကြား ရန်ပွဲတွေနဲ့ ဖြတ်သန်းခဲ့ရသော လူတစ်ယောက်...။
ဒါတွေအားလုံး ပါးပါးကို မြူစွယ်ခဲ့တဲ့ လူတစ်ယောက်ကြောင့်... ဟက်...!
ကျွန်တော့်မျက်ရည်တွေနဲ့ နာကျင်မှုတွေကို ဘယ်သူကများမြင်ခဲ့လို့လဲ...?
ဒီ Hotel မှာ ဆက်တည်းဖို့ ရွေးချယ်လိုက်တာ မှန်သွားခဲ့တာပဲ... ဟက်!
နာနာကျင်ကျင် တစ်ချက်ပြုံးလိုက်လျက် ရင်ထဲမှသာ ထိုစကားတို့အား ဆိုစေခဲ့သည်။
💓💓💓💓💓💓💓💓💓💓💓💓💓💓
Xiao Zhan Hotel ဝန်ထမ်းကောင်လေးတစ်ယောက်ကို မေးကြည့်လိုက်တော့...
"Wang Yibo ဆိုတဲ့ ဧည့်သည်က ဒီ Hotel မှာပဲ ဆက်တည်းဖို့ အတည်ပြုပြီးပါပြီခင်ဗျ..." ဆိုသည့် စကားတစ်ခွန်းပြန်ရခဲ့သည်။
ထိုစကားကြောင့် XZ မျက်ခုံးတစ်ဖက် ပင့်တက်သွားပေမယ့်...
ဘာမှတော့ဆက်မပြောခဲ့ပါ...။
လိုမှမလိုအပ်ပဲလေ...။
ဧည့်သည်က ဆက်တည်းဖို့ ရွေးချယ်ထားတော့လည်း ဘာဆက်ပြောစရာလိုနေဦးမှာလဲ...?
ငယ်ငယ်ကတည်းကကြုံဆုံခဲ့ရသော ကိစ္စတွေကြောင့် တည်ငြိမ်ရင့်ကျက်လာခဲ့သူမို့...။
ရင့်ကျက်တယ်ဆိုတာ ကိစ္စတစ်ခုကို ကြီးကြီးငယ်ငယ် ပျာယာမခတ်ပဲ မှန်မှန်ကန်ကန်နဲ့ စနစ်တကျ ဖြေရှင်းနိုင်တာမျိုးလို့ ကျွန်တော် ထင်တယ်...။
ကျွန်တော့်နှလုံးသား နဲ့ မျက်ရည်တွေက တစ်ချို့ကိစ္စတွေမှာဆို နာကျင်စွာ နဲ့ မျက်ရည်ကျမိတယ်လေ... ဟက်...!
XZ လည်း ဓာတ်လှေကားထဲဝင်မယ်ဆိုရော...
အတွင်းမှာ ဓာတ်လှေကားဆက်စီးမယ့် လူတွေကလည်း ခေါင်းငုံ့အရိုသေပေးကာ ထွက်သွားကြလျက်...။
ဓာတ်လှေကားထဲ ဝင်လာမယ့် လူတွေလည်း XZ ကို မြင်တော့ တစ်ခြားသောဓာတ်လှေကားဆီသို့သာ ခြေလှမ်းတို့ဦးတည်ပြီးသားဖြစ်သွားကြလေသည်။
ဓာတ်လှေကားတံခါးလေးကလည်း အလိုက်သိစွာ ပွင့်ဟ,လာပေမယ့် မြင်လိုက်ရသော မျက်နှာလေးကြောင့် XZ မျက်မှောင်တစ်ချက်မသိမသာကြုံ့မိ၏။
တစ်နည်းအားဖြင့်.......!
YB အတတ်နိုင်ဆုံး လေသံအေးအေးလေးနဲ့ပြောလိုက်တော့ ဘေးကလူကြီးက ကျွန်တော့်ကို တစ်ချက်စောင်းငဲ့ကာ ကြည့်လာပြီး...
ရုပ်တည်ကြီးနဲ့ပြောနေတဲ့ အဲ့ဒီလူကြီးကို ဆွဲထိုးပစ်ချင်လိုက်တာလေ...
လက်တွေကိုယားလို့.....။
ကျင်းရီပြောထားကတည်းက YB ကျေးဇူးတင်ဖို့တစ်ခုတည်းကိုပဲ ရွေးချယ်ထားခဲ့သည်။
ခင်ဗျား သဘောပေါက်...!
ကျေးဇူးတင်စကားပြောတာတောင် မတတ်သာလို့ဆိုတာ ခင်ဗျား သိသင့်တယ် Mr.Xiao Zhan...!!
"ထားပါ... ပြီးတာက ပြီးသွားပြီပဲ... ကျေးဇူးတင်စရာလည်းမလိုပါဘူး..."
XZ ထိုသို့ပြောပြီးသည်နှင့် အချိန်ကိုက် ဓာတ်လှေကားပွင့်လာတော့ ခြေလှမ်းကြဲကြီးတွေနှင့် ဦးစွာထွက်လာခဲ့လိုက်သည်။
ဓာတ်လှေကားထဲမှာ ကျန်ခဲ့တဲ့ YB ကတော့ တစ်လှမ်းချင်း အပြင်သို့ ထွက်လာရင်း...
အင်းးး ပစ်မှတ်က ခင်ဗျားဖြစ်သွားတာ စိတ်တော့မကောင်းဘူးဗျာ...။
ဒီကစားပွဲမှာ ခင်ဗျားပါ, ပါဝင်လိုက်ရင် ပိုပြီးတော့ စိတ်ဝင်စားစရာကောင်းမယ်ထင်လို့...။
ဓာတ်လှေကားဘေးက နံရံမှာ လက်နှစ်ဖက်ကို ပိုက်ကာ ပုခုံးစွန်းလေးတစ်ဖက်နဲ့ ခပ်လျောလျောမှီထားရင်း ပြုံးနေသော လူငယ်တစ်ယောက်...။
ထိုအပြုံးထဲတွင်တော့ အဓိပ္ပာယ်များစွာ ပါဝင်နေလျက်.....။
💓💓💓💓💓💓💓💓💓💓💓💓💓💓
"Boss..............."
XZ လည်း Bar ထဲကို မျက်လုံးတစ်ချက်ဝေ့ကြည့်လိုက်ပြီး waiter ကောင်လေးနောက်သို့ လိုက်သွားလေ၏။
ရုပ်ကလေးက ချောပေမယ့် မျက်နှာတွင်တော့ မာယာအပြုံးတွေဖြင့်သာ ဆင်မြန်းထားလေသည်။
"I don't know you,baby."
ထို့နောက်.....
"ဦး........"
သံရှည်စွဲကာ ပျားရည်ကိုသကြားတစ်ပိဿာလောက်ရောပြီးသကာရည်အိုးထဲမှောက်ချထားသော လေသံနှင့်ခေါ်လေ၏။
XZ နည်းနည်းတော့ ညစ်သွားပေမယ့် အလိုက်သင့်လေးစီးမြောပေးရုံသာ...။
G ဆိုတဲ့ ခပ်ချောချောကောင်လေးကတော့ ရယ်သံလွင်လွင်လေးနှင့် ခေါင်းလေးကို ချစ်စဖွယ်ငြိမ့်ပြလေ၏။
Bar ရဲ့ထောင့်နားက စားပွဲတစ်ခုမှာ ထိုအဖြစ်အပျက်တွေကို စောင့်ကြည့်နေလေသော ကောင်လေးတစ်ယောက်လည်းရှိနေလေ၏။
စိတ်ဝင်စရာလည်း မကောင်းဘူး...!
ဒါဆို ခင်ဗျားက ခင်ဗျားဦးလေးနဲ့ ဘာထူးတော့မှာလဲ...?
အထင်ကြီးလို့မှမရပါဘူးဆို ဒီလိုဆိုတော့ ပိုဆိုးသွားပြီဗျာ..... ဟက်...!
ထင်ထားခဲ့ပြီးသား ကိစ္စဆိုပေမယ့် ဒီလိုလွယ်လွယ်လက်ခံပြီးပါသွားတဲ့ လူကြီးကိုကြည့်ပြီး မျက်ဝန်းမှာ အရည်ကြည့်တွေကလည်း ဝေ့လာသလိုလို...။
💓💓💓💓💓💓💓💓💓💓💓💓💓💓
ကျွန်တော် လူနာတွေကို လိုက်ကြည့်ပေးနေတော့လည်း ကျွန်တော့်နားကနေ တစ်ဖဝါးမှမခွာတဲ့ အဆိုးလေးက ကပ်ပါလာလျက်...။
ကျွန်တော် လှည့်ကြည့်တော့လည်း စူပုပ်ပုပ်လေးနဲ့ မျက်နှာလွှဲသွားတတ်သေးသည်။
လူနာတွေကို တစ်ခန်းပြီးတစ်ခန်းလိုက်ကြည့်တော့လည်း အနောက်ကနေ ထပ်ကြပ်မကွာ လိုက်လာတတ်သေးသည်။
တစ်ချို့ ကလေးလူနာလေးလေးဆိုရင် ကျွန်တော် ပြုံးလိုက်မိတာကို ကြည့်ပြီး ပြောတတ်ကြသေးသည်။
ကလေးတွေက ထိုသို့ပြောလာတိုင်း အနောက်က အဆိုးလေးရဲ့မျက်နှာလေးဟာ ပိုပိုပြီးမဲ့လာတော့သည်။
ကျွန်တော်လည်း ခေါင်းအသာရမ်းလျက် ရယ်ရုံသာတတ်နိုင်တော့သည်။
ရှင်းချန် Round လှည့်အပြီး နားနေခန်းထဲဝင်လာတော့လည်း ထုံးစံအတိုင်း အဆိုးလေး လည်း ကပ်ပါလာလေ၏။
ဒီအဆိုးလေးကတော့လေ.....။
အဆိုးလေးကတော့ အခန်းတံခါးဘောင်ကို တစောင်းလေးမှီကာ သူ့ရဲ့ကျွတ်ဆက်ဆက်မျက်နှာဘေးနဲ့ ကျွန်တော့်ကို စိုက်ကြည့်နေလျက်...။
"ကဲ... အဆိုးလေး မင်းလေးက ဘာပြောမလို့ ကိုယ့်နောက်ကနေ တစ်ချိန်လုံးလိုက်နေတာလဲ? ခုပြောလို့ရပြီ..."
ထိုကောင်လေးက ကျွန်တော့်ကို စိုက်ကြည့်နေရင်းပင် ဘောက်ဆက်ဆက်လေသံလေးထွက်လာ၏။
ရှက်သွားဟန် ချောင်းတစ်ချက်ဟန့်ကာ ပြောလာသော ကောင်လေးက တကယ် အသဲယားစရာ...။
ရော်... ဒီကောင်လေးတော့လေ အူယားအောင်လာလုပ်နေတယ် ဆေးရုံကြီးမှာပါကွ! မူးလဲလည်း လူတွေဆရာဝန်တွေအများကြီးပါကွာ...။
Advertisement
- In Serial59 Chapters
The Personal Assistant.
"James McGregor, CEO of McGregor industries, has passed away yesterday evening after a long battle with cancer. James McGregor, aged 63, was one of the-"Elizabeth shut the TV off, she couldn't bear to listen to this... She had been there when it happened, she did not need it to be repeated. Elizabeth Waverton had been Mr. McGregor's personal assistant for the last three years. During that time the two of them had gotten close. They became friends, as he was as a father to her. Ms. Waverton was seen by many as one of the best personal assistants that there was. Most didn't last long at the McGregor's, but Ms. Waverton did. She was known for making anything possible, having connections all over town and anywhere you can imagine. But now that her former boss and friend is dead the company will be taken over by James McGregor jr. the son of her boss. Elizabeth had never quite taken a liking to this man, but he however has taken an interest in her...
8 369 - In Serial37 Chapters
You Used to Be My World
Charlie Jiang doesn't really care about the marriage with Mandy Song. During the three years of their marriage, he doesn't even try to understand her. He has always only listened to Vivi Qiao's one-sided words and condemns Mandy Song of crimes she never committed. Has it never occurred to him that when there is a crisis in Jiang family, Mandy Song agrees to their marriage without slightest hesitation, for what? Charlie Jiang never cares for Mandy Song, so he never knows that for such a long time he used to be her world, her whole world. But even if he knows, what difference would that make? I, Mandy Song, is simply not the one he cherishes in heart. For Charlie, only Vivi matters the whole world to him. How pathetic! Read all latest chapters of You Used to Be My World on Flying Lines.
8 231 - In Serial20 Chapters
Little Red Riding Hood
I do very bad things and I do them extraordinarily well. Silent, Precise, and Merciless. The perfect killing machine. That's what I am. I've been trained to cut, then ask questions - which is interesting as I tend to be more of the silent type. It is no wonder why I am preferred over my peers. I am one of the best assassins in the capital. Every day is pretty much the same. Kill, get paid, and watch mundane people and their ordinary lives. Until one day - when I discover I have a stalker, then another one, then another one, and another one. Until four males take a morbid interest in me. Until I find myself actually challenged for once in the game of love and war. It is hard to have a heart when you have taken so many others. I was raised to be a killer and I enjoyed it. However, these males stand to destroy everything I thought I was. I can't tell if that was their biggest mistake or their worst one. After all, I still am a poor little girl waiting for her happy ending. ~~~Warning: this story will contain mature content. Violence, language, adult situations, abuse, and other disturbing content are in this story. Viewer discretion is advised.This is a Reverse Harem Romance.
8 140 - In Serial66 Chapters
Allea
[Part 1 | Completed ✓]Allea's life can be summed up in one word; waste.Looking back all she saw was a girl running behind things, things that never belonged to her. The thought of having another chance never crossed her mind, yet here she was. Staring at the reflection of her sixteen-year-old self, the time when Allea, herself, started it all.//Rebirth///Warning;/Use of profanities./┉[Ruji: Please know that my knowledge lacks, so there might be mistakes, go easy on me. Please no hate/ shit-talking in the comments. Thank you!][ I, Ruji, take no credits of pictures or art of any kind used inside this book, all credits go to the rightful owners.]This work is only published here on wattpad and Inkitt, and all rights are under @itsrujihere.[Disclaimer: This work is only published on watt/pad and In-kitt under profile: itsrujihere. The complete rights of the work: Allea belongs under this profile and Ruji. If you're reading [Allea] on some platform other than watt/pad(Unless I, Ruji, say so) then, I'm pretty sure they are stealing my work (i.e, a site that's name start with novel), please don't support the thief.]
8 158 - In Serial23 Chapters
The Family (VOL. 1)
Matilda and her boyfriend Matt are injured in a car crash and left stranded in the rural backwoods of Texas. All the commotion draws the deadly attention of a sinister family of cannibals who capture Matilda and Matt, separating them from one another until the mute butcher can take care of them. Matilda offers to teach him sign language in order to gain his trust and escape, but instead, she gains something else. His devotion.
8 212 - In Serial8 Chapters
Kiss of the Sharingan
Madara attacks Konoha, and Kakashi usesMangekyo Sharingan to protect the village, Narutouses it too... wait... WHAT? Naruto has secrets?The story is dedicated to Ita/Naru fans!**Completed**
8 108

