《အမုန်းအားဥပေက္ခာပြု၍ [အမုန္းအားဥေပကၡာျပဳ၍] {Complete}》Ep - 8
Advertisement
Unicode
"YB မင်း ငြိမ်လှပါလားကွ"
ကျောင်းရောက်ကတည်းကငြိမ်နေသော YB ကို ကြည့်ပြီး "ကျင်းရီ" လှမ်းပြောလိုက်ခြင်းဖြစ်သည်။
YB ကျောင်းပျက်ရက်တွေများနေတာကြောင့် "စစ်ကျွေး" က ကျောင်းလာဖို့ခေါ်ထားတာဖြစ်ပြီး ကျောင်းကိုလာတော့လည်း ငြိမ်ချက်သားကောင်းနေပြန်၏။
YB လည်း "ကျင်းရီ" စကားကြောင့် သတိပြန်ဝင်လာပြီး ဘာမှမဖြစ်သလိုပဲပြန်ဖြေ၏။
"Aww... ငါ နဲနဲ ပင်ပန်းနေလို့ပါ..."
YB ရဲ့အဖြေ ၊ YB ရဲ့အခုဖြစ်နေတဲ့ပုံစံကို "စစ်ကျွေး" က သိပ်သဘောမကျသော်လည်း "ကျင်းရီ" ကတော့ အပူအပင်ကင်းစွာပင့ အစားအသောက်တွေကို စွတ်စားနေလျက်...။
YB စိတ်တွေ ပျံလွင့်နေ၏။
ဟိုရောက်လိုက် ဒီရောက်လိုက်နှင့်...။
ဟိုလူကြီးနဲ့ ခေါ်ထားပေးတဲ့ကောင်လေး အခန်းထဲတူတူဝင်သွားတာကိုလည်း မြင်ယောင်လာပြန်၏။
အဲ့လူကြီး ကိုယ်ခေါ်ပေးထားတဲ့ကောင်လေးနဲ့ အဆင်ပြေနေတာ ကျေနပ်ရမှာမဟုတ်ဘူးလား...?
ဓာတ်ပုံတွေလည်း ရလိုက်တယ်လေ...။
ငါကိုက ဘာဖြစ်ချင်မှန်းကိုမသိဘူး။
အနည်းဆုံးတော့ ကိုယ်ခံစားခဲ့ရတာတွေထက် နဲနဲလောက် သူခံစားရရင် ပျော်နေရမှာမဟုတ်ဘူးလား...?
အဲ့လူကြီးက ဘာတွေများကောင်းနေလို့လဲ...?
ငါ့မျက်လုံးထဲကို ဘာကိစ္စနဲ့ဝင်ဝင်လာရတာလဲ...?
YB ရာ YB မင်းရူးသွားပြီလား...?!!!
"ဝုန်း...!!"
YB စိတ်တွေလွတ်ထွက်သွားပြီး ရုတ်တရက် မတ်တပ်ထ,ရပ်လိုက်တော့ သူထိုင်နေတဲ့ ထိုင်ခုံလဲသွားကာ "ဝုန်း!" အသံထွက်သွားတာကြောင့် စစ်ကျွေးနဲ့ကျင်းရီ အပါအဝင် ကန်တင်းမှာရှိနေတဲ့လူတွေပါ လန့်သွားလေ၏။
"ကျင်းရီ" ကတော့ အစားတွေနင်းကန်စားပြီး YB ရုတ်တရက် 'ဝုန်းကနဲ' ထ,ရပ်လိုက်တော့ အစာသီးကာ ချောင်းတွေ 'တဟွတ်ဟွတ်' ဆိုးကုန်လေ၏။
"စစ်ကျွေး" ကတော့ "ကျင်းရီ" ကို စိတ်ပျက်သလို တစ်ချက်ကြည့်ပြီး YB ကိုလည်း သက်ပြင်းအသာချ၍ ကြည့်နေလေ၏။
YB သတိပြန်ဝင်လာတော့ ကန်တင်းကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး သူ့အနေအထားကို သဘောပေါက်သွား၏။
"စစ်ကျွေး ငါ ပြန်တော့မယ်..."
"စစ်ကျွေး" က အစာသီးနေတဲ့ "ကျင်းရီ" ရဲ့ကျောကို ထုပေးနေရင်းမှ ခေါင်းငြိမ့်ပြ၏။
YB လည်း ကျောင်းဝင်းထဲကနေ သူ့အချစ်တော် ဆိုင်ကယ်လေးကိုစီးကာ အပြင် ထွက်လာခဲ့တော့သည်။
ဆိုင်ကယ်စီးလိုက်ရင် စိတ်တွေက တိမ်တွေပေါ်ရောက်နေသလို ခံစားရပြီး YB စိတ်တွေကို ပေါ့ပါးစေသည်။
YB စိတ်တွေရှုပ်ထွေးနေတိုင်း သူ့စိတ်တွေကိုပေါ့ပါးသက်သာစေတဲ့ ဒီဆိုင်ကယ်အစိမ်းရောင်လေးဟာ YB ရဲ့အချစ်တော်လေးဆိုလည်း မမှားပေ...။
ဆိုင်ကယ်ကို lever ပိုမြှင့်လိုက်ပြီး အကြမ်းမောင်းနှင်မိ၏။
မြို့တစ်ပတ်လောက်ပတ်ပြီးတော့မှ Hotel သို့ ပြန်မောင်းလာခဲ့လေသည်။
Hotel ရောက်ရောက်ချင်း သူတည်းတဲ့ အခန်းထဲကိုဝင်ကာ ကုတင်ပေါ်သို့ ခြေပစ်လက်ပစ် ပစ်လှဲချလိုက်သည်။
မျက်နှာကို လက်နှစ်ဖက်ဖြင့်အုပ်ကိုင်ရင်း လွင့်နေသော စိတ်တို့ကို စုစည်းစေ၏။
ဟိုလူကြီးကို ခေါ်သွားတဲ့ကောင်လေးကြောင့် ဒီလိုတွေဖြစ်နေတာဆိုရင် ငါ ဒီ game မှာ ဝင်ကစားပေးလို့ရတာပဲ.....
အဟက်...! ဟုတ်သားပဲ...
ဒါဆို လူရှာခိုင်းဖို့လည်း ပိုက်ဆံမကုန်တော့ဘူးပေါ့...။
ဒီအချိန်မှာ YB သိတာက "သူခေါ်ပေးလိုက်တဲ့ အဲ့ဒီကောင်လေးက သူ့ကိုစိတ်ရှုပ်စေတယ်" ဟူ၍သာသိသည်။
ကောင်လေးရဲ့အလုပ်လုက်ပုံကို အားမရတာလား...?
စိတ်မချတာလား...?
အတိအကျအဖြေဟူ၍ သူ့မှာမရှိ။
နောက်ဆုံးတော့ သူကိုယ်တိုင် ဒီ Game မှာ ဝင်ပြိုင်ဖို့သာ ဆုံးဖြတ်လိုက်တော့သည်။
Yibo ဆိုသည်မှာလည်း ကျောင်းမှာ မိန်းကလေးတွေရော ယောကျာ်းတွေပါ စိတ်ဝင်စားမှု အပြည့်အဝခံရတဲ့ King တစ်ယောက်ပါ...။
ခင်ဗျားက ယောကျာ်းတွေကို စိတ်ဝင်စားတာဆိုတော့လည်း ဒီနည်းနဲ့ အနိုင်ယူပြရမှာပေါ့ Xiao Zhan ရာ...။
ကျွန်တော်က ငယ်ငယ်လေးကတည်းကအပြောခံလာရတာပါ...
ခင်ဗျားသာ တကယ်ခံစားရမယ်ဆိုရင် ခနတာအပြောခံရလည်း ကျွန်တော့်မှာ အရှုံးတော့ မရှိပါဘူးဗျ...။
ကျွန်တော်ကလည်း ဂုဏ်အရှိန်အဝါရှိတဲ့ Wang group ရဲ့ တစ်ဦးတည်းသော အမွေဆက်ခံသူပါ...။
ဒီလောက်ကတော့ မမှုပါဘူး...။
ခင်ဗျား ကျွန်တော့်ခြေထောက်အောက် ခေါင်းငုံ့လာစေရမယ်... Mr.Xiao Zhan...။
ခင်ဗျား ရှေ့ဆက်ရမယ့်နေ့ရက်တွေအတွက် ပြင်ဆင်ထားပေတော့...။
YB နှုတ်ခမ်းလေးတစ်ဖက် လှလှပပလေး ကော့တက်သွားလေ၏။
ထိုအပြုံးထဲတွင် အဓိပ္ပာယ်များစွာပါဝင်နေတယ်ဆိုတာကိုတော့ သူကိုယ်တိုင်သာ သိပါလိမ့်မည်။
💓💓💓💓💓💓💓💓💓💓💓💓💓💓
"Hello လီရှန်း..."
"............."
"ကိုယ်မမေ့ပါဘူးကွာ..."
"..........."
"Ok bye..."
"လီရှန်း" ဆိုတာ ကျွန်တော် ကျောင်းတက်ကတည်းကသူငယ်ချင်းမလေး...
အခုတော့ ကျွန်တော့်ချစ်သူပေါ့...။
ကျွန်တော့်အပေါ် ဂရုစိုက်ပေးမှုတွေနဲ့အတူ သူမရဲ့ကျွန်တော့်အပေါ်ထားတဲ့ စိတ်သဘောထားတွေ... ချစ်စရာကောင်းတဲ့သူမရဲ့မျက်နှာလေး... ပြီးရင် သူ့ရဲ့သူငယ်ချင်းအရင်းကြီး ဖြစ်နေတာကြောင့်ရော...
အမျိုးမျိုးသောအကြောင်းတွေကြောင့်...
လီရှန်းရဲ့အချစ်ကို Xiao Zhan လက်ခံခဲ့သည်။
မှန်ပါတယ်... "လီရှန်း" ကစ,ပြီး Xiao Zhan ကို ဖွင့်ပြောခဲ့ခြင်းဖြစ်သည်။
Xiao Zhan မှာ ကျောင်းတက်တုန်းက သူငယ်ချင်းနှစ်ယောက်ပဲရှိခဲ့သည်။
"လီရှန်းရှန်း နဲ့ Michel" ဆိုသည့် သူငယ်ချင်းနှစ်ဦး...။
သူငယ်ချင်းတွေ ဟူ၍သာ ပြောနေပေမယ့် အဲ့ဒီအချိန်တွေတုန်းက Xiao Zhan အနေနဲ့ ကျောင်းစာတွေ ၊ ကုမ္မဏီကိစ္စတွေနဲ့ အလုပ်တွေရှုပ်နေတုန်းမို့ သူတို့နှစ်ယောက်နဲ့လည်း တစ်ခြားသူငယ်ချင်းတွေလို အရမ်းရင်းရင်းနှီးနှီးကြီး သိပ်မနေဖြစ်ခဲ့...။
သူတို့နှစ်ယောက်လုံးကလည်း Xiao Zhan ကို နားလည်ပေးခဲ့ကြသည်။
ကျွန်တော်တို့သုံးယောက်ဆုံတဲ့အခါ တစ်ယောက်အကြောင်းတစ်ယောက်တော့ ဖလှယ်ဖြစ်ကြခဲ့ကြသည်။
ဒါနဲ့ "Michel" က လိင်တူချစ်သူဗျ...။
ကျွန်တော်က အဲ့လိုတွေ အယုံအကြည်မရှိတာလည်း သူသိတယ်...။
"Michel" ကျွန်တော့်ကို တစ်ခါပြောဖူးတယ်...။
Advertisement
"အချစ်စစ်ဖို့သာ အဓိကပါပဲ.....
"လိင်တူလိင်ကွဲဆိုတာ 'အချစ်' မှာ မရှိဘူး..." တဲ့...။
"Michel" အတွက်တော့ အဲ့ဒီအချက်က မှန်ချင်မှန်ပါလိမ့််မယ်...။
ကျွန်တော့်အတွက်တော့ ဘဝနဲ့ရင်းပြီးရခဲ့တဲ့ သင်ခန်းစာတွေက သတိပေးနေဆဲမို့ အယုံအကြည်လည်း မရှိခဲ့ပါဘူး။
B to B Relationship နဲ့ ပတ်သတ်ပြီးတော့ ကျွန်တော်က Psycho တစ်ခုလိုကိုဖြစ်နေခဲ့တာ...။
ကျွန်တော့်အတွေးတွေ ကျွန်တော့်ခံယူချက်တွေက လုံးဝ ပြင်ဆင်လို့မရတော့တဲ့ အမှန်တရားတစ်ခုလိုမျိုးဖြစ်နေခဲ့တာ...။
ဒါပေမယ့် ဘယ်လိုပဲ "ခံယူချက်" ချင်းမတူပါစေ... "Michel" နဲ့ ကျွန်တော့ရဲ့ သူငယ်ချင်းဆက်ဆံရေးက ပြောင်းလဲမသွားခဲ့ပါဘူး...။
Xiao Zhan ဆိုတဲ့ ကျွန်တော့်မှာ ရှိတာမှ ဒီသူငယ်ချင်းနှစ်ယောက်တည်းရယ်ပါ...။
Michel ရဲ့ဖြစ်တည်မှုကြောင့်နဲ့တော့ သူငယ်ချင်းအဖြစ်ကနေ မရပ်စဲခဲ့ပါဘူး။
အခုချိန်ထိ "Michel" နဲ့ အဆက်အသွယ်ရနေပါသေးတယ်...။
Michel က အခု စပိန်မှာ သူပိုင်တဲ့ ကုမ္မဏီတစ်ခုကို ဦးစီးနေရသည်။
Michel နဲ့ ကျွန်တော် Ph ပြောတိုင်း သူက သူ့ကလေးလေးအကြောင်းတွေကို ထည့်,ထည့်ပြီးပြောတတ်သည်။
ကျွန်တော့်ကို သူပြောဖူးသလိုမျိုး ကျွန်တော့်ရဲ့အတွေးတွေ ၊ အမြင်တွေကို နဲနဲလောက်ဖြစ်ဖြစ် ပြောင်းလဲစေချင်ပုံ ၊ နားလည်စေချင်ပုံရသည်။
"Michel" က ကျွန်တော့်ကို Ph ပြောတိုင်း ဒီစကားတစ်ခွန်းတော့ အမြဲပြောတတ်တယ်...။
"အပြင်လောကကြီးကို ထွက်ကြည့်ပါ... XZ"
"မင်း မျက်လုံးတွေကိုဖွင့် နားတွေကို စွင့်ထားပါ..."
"အမှန်တကယ် အရမ်းချစ်ကြတဲ့ လိင်တူစုံတွဲတွေလည်း ရှိပါတယ်..." တဲ့လေ...။
ကျွန်တော် မလုပ်နိုင်ခဲ့ဘူး...။
"ပုံမှန်မဟုတ်တဲ့ ဆက်ဆံရေးတစ်ခုမှာ တစ်ယောက်ယောက်ကတော့ စွန့်ခွာသွားပြီး တကယ်ချစ်တဲ့လူကတော့ သေမတတ်ခံစားပြီးကျန်ခဲ့ရမှာပါကွာ..." ဆိုတဲ့...
အတွေးကြီးက ကျွန်တော့်ဘဝနဲ့ရင်းပြီးရခဲ့တဲ့သင်ခန်းစာတွေအတိုင်း ခေါင်းထဲကို ဝင်လာနေဆဲပဲ...။
"Michel" နဲ့ သူ့ကလေးလေးကတော့ အရမ်းချစ်ကြတယ်ဆိုပဲ...။
တစ်ယောက်ကိုယ်တစ်ယောက်လည်း ယုံကြည်ကြတယ်တဲ့...။
နားလည်ပေးကြတယ်တဲ့.....။
ဘယ်တော့မှမခွဲဘဲ သစ္စာရှိရှိနဲ့ ဘဝတစ်ခုနဲ့တည်ဆောက်မှာတဲ့...။
သူတို့အတွက်တော့ ဟုတ်ချင်ဟုတ်မှာပေါ့...။
ကျွန်တော်အနေနဲ့တော့ အဲ့တာသူတို့ကိစ္စ,ကိုယ့်ကိစ္စမဟုတ်ဘူးလို့ပဲ သဘောထားပေးလိုက်တယ်...။
ကျွန်တော်မှ မယုံကြည်ပဲလေ...။
_______________
ဒီနေ့က ကျွန်တော်နဲ့ "လီရှန်း" ရဲ့ 1 yr Anniversary...။
ကျွန်တော် အခု "လီရှန်း" ကြိုက်တဲ့ နာမည်ကြီး စားသောက်ဆိုင်တစ်ဆိုင်မှာ ညစာစားဖို့ချိန်းထားတယ်...။
(........ဆိုင်) ရောက်တာနဲ့ Anniversary လေးပိုပြီး အသက်ဝင်အောင် တယောသမားလေးတွေကို ကိုယ်တိုင်ကိုယ်ကျ သေသေချာချာ ဌားပေးထားတယ်...။
"လီရှန်း" ကြိုက်တဲ့ သီချင်းလေးတွေကိုလည်း ဆိုပေးဖို့ သေချာလိုက်မှတ်ခိုင်းထားတယ်...။
ပြီးတော့ အပြင်အဆင်လေးတွေကိုလည်း သေသပ်လှပစေတယ်...။
အရေးကြီးဆုံးဖြစ်တဲ့ Anniversary cake လေးကို special မှာထားပြီး suprise ဖြစ်သွားအောင် "ဆွဲကြိုး" လေးရော ထည့်ပေးထားတယ်...။
"လီရှန်း" က ကျွန်တော့်ရဲ့သူငယ်ချင်း...
အခုဆို ကျွန်တော့်ရဲ့ချစ်သူတစ်ယောက်...
အခက်အခဲတွေကို တိုင်ပင်ဖော်ရတဲ့ အတိုင်ပင်ခံ အမညီမတစ်ယောက်အဖြစ်သာ စိတ်ထဲမြင်သည်။
ကျွန်တော့်အတွက် သူမကအရေးပါတဲ့ မိန်းမလှလေးတစ်ယောက်ပါ...။
ဒါပေမယ့် လက်ထပ်ဖို့ထိတော့ စောလွန်းသေးတယ် ကျွန်တော် မြင်တယ်...။
ကျွန်တော် အပျော်တွဲနေတာလည်း မဟုတ်ပါဘူး...။
ဒါပေမယ့် ကျွန်တော်က ကျွန်တော့်ရဲ့ခံစားချက်အရပဲသွားချင်တယ်...။
ကျွန်တော် "လီရှန်း" အပေါ်မှာ
လီရှန်း ကျွန်တော့်ကို ချစ်သလောက် ပြန်မချစ်ပေးနိုင်သေးသရွေ့ လီရှန်းကို ကျွန်တော် လက်မထပ်သေးဘူး။
ကျွန်တော် ပြောချင်တာကို နားလည်ကြမယ်ထင်ပါတယ်...။
ဒါလီရှန်း အပေါ်မှာထားတဲ့ ကျွန်တော့်ရဲ့လေးစားမှုပါပဲ...။
ဒီအချက်တွေကြောင့် ကျွန်တော် လီရှန်းကို လက်စွပ် မပေးသေးတာ...။
တစ်နေ့ပေါ့.....
ကျွန်တော် သူမကိုမြတ်မြတ်နိုးနိုးချစ်လာနိုင်တဲ့ တစ်နေ့ကျမှ သူမကိုလက်ထပ်ခွင့်တောင်းဖို့ ကျွန်တော် စဥ်းစားထားပါတယ်...။
💓💓💓💓💓💓💓💓💓💓💓💓💓💓
"ကျွန်တော်လိုကောင်က ခင်ဗျားအနားမှာ ရှိမနေသင့်ပါဘူး...
ကျွန်တော်က ဆိုးတယ်...
ခင်ဗျားကို ထိခိုက်စေလိမ့်မယ်..."
ရွှယ်ရန် တစ်ယောက် အိမ်ပြန်ရောက်တော့လည်း ထိုအတွေးတွေနဲ့သာ သူ့ကိုသူသတိပေးနေရသည်။
ဘယ်လိုဖြစ်လို့ ဒီလောက်မြန်မြန်ကြီး ဒေါက်တာ့အပေါ် ခံစားချက်တွေဖြစ်ပေါ်လာရတာလဲ...?
ဒါမှမဟုတ် ဟိုးအရင်အချိန်ကတည်းကချစ်မိနေပြီး ကိုယ့်ကိုယ်ကို သေချာသတိမထားမိခဲ့တာလား...?
ငါ ဒေါက်တာ ရှင်းချန်ကို ချစ်နေမိပြီလား...?
မဖြစ်ဘူး! ဒေါက်တာက ရိုးရိုးအေးအေးလေးရယ်...။
ငါက ရန်ပွဲတွေကြားက ခပ်ဆိုးဆိုးကောင်လေးတစ်ယောက်...။
တစ်ချိန်ချိန်မှာ ငါ့ကြောင့် ဒေါက်တာ့ကို ထိခိုက်စေနိုင်တယ်လေ...။
ရွှယ်ရန်ရေ... စိတ်ထိန်းစမ်းဟ!!
ဆေးရုံက ပြန်ရောက်ကတည်းကလူက ဂနာမငြိမ်နိုင်ဖြစ်နေ၏။
ငါ့ရောဂါက ဒေါက်တာကိုယ်တိုင်ကုပေးမှ ပျောက်တော့မှာလား...?
ငါနော်..... ဒေါက်တာလေးက ငါ့ကိုမကြိုက်ရင် ဘယ်လိုလုပ်မလဲ...?
သူက ယောကျာ်းလေးတွေကို စိတ်မဝင်စားလောက်ဘူး...။
ဟာကွာ... ရူးတော့မှာပဲ.....။
အခုဖြစ်နေတဲ့ ရောဂါက အဲ့ဒီဒေါက်တာလေးကြောင့်ဆိုရင် ဒီရောဂါကို အဲ့ဒေါက်တာကိုပဲ ကုခိုင်းမယ်...။
ပျောက်ရင်ပျောက်ပေါ့ ဒေါက်တာလေးရယ်...။
အဟင်း ဟင်းးး မပျောက်လို့ကတော့ ကျွန်တော်ကိုယ်တိုင်ပျောက်အောင်လုပ်မယ်...။
ရွှယ်ရန်ပါဗျ... ခင်ဗျားမကုပေးနိုင်လို့ ထွက်ပြေးရင် ခိုးပြေးမယ်မှတ်ထား...။
ဒေါက်တာရှင်းချန် ခင်ဗျား လွတ်အောင်ပြေးထား...။
ကျွန်တော့်မဖိတ်ခေါ်ပါပဲ ကျွန်တော့်နှလုံးသားထဲကို ခင်ဗျားဘာသာဝင်လာခဲ့တာ...။
ရွှယ်ရန်ရဲ့မျက်နှာထက်မှာ လူရုပ်မာအပြုံးလေးကို ချိတ်ဆွဲလိုက်လျက်...။
Advertisement
တွေ့ကြပြီပေါ့ဗျာ...
ရွှယ်ရန် ကို ဒီလိုလာလုပ်လို့မရဘူးဗျ...။
💓💓💓💓💓💓💓💓💓💓💓💓💓💓
Updated _ 2166 words 💞
ကျန်းမာရေးဂရုစိုက်ကြပါနော် ❤
Royal အနေနဲ့လည်း အကောင်းဆုံးကြိုးစားပြီး Readers လေးတွေ ဖတ်ရတာအဆင်ပြေအောင် ရေးပေးနေပါတယ်ဗျ...📝
Main leaders တွေက Strong ဖြစ်ကြပေမယ့် သူတို့ကြုံတွေ့ခဲ့ရတာတွေကြောင့် နည်းနည်းတော့ Psycho ဆန်လိမ့်မယ်... 😍
Royal ဆက်ရေးရတာ အားရှိအောင် feedback လေးတွေလည်း လိုအပ်ပါတယ်လို့...🥺
Thanks you all...💌💞
💞 ချစ်ခင်လေးစားလျှက် 💞
Kroyalwhite💌💞🤍
Dec 13,2020 (Updated day) 🖤✨
Zawgyi
"YB မင္း ၿငိမ္လွပါလားကြ"
ေက်ာင္းေရာက္ကတည္းကၿငိမ္ေနေသာ YB ကို ၾကည့္ၿပီး "က်င္းရီ" လွမ္းေျပာလိုက္ျခင္းျဖစ္သည္။
YB ေက်ာင္းပ်က္ရက္ေတြမ်ားေနတာေၾကာင့္ "စစ္ေကြၽး" က ေက်ာင္းလာဖို႔ေခၚထားတာျဖစ္ၿပီး ေက်ာင္းကိုလာေတာ့လည္း ၿငိမ္ခ်က္သားေကာင္းေနျပန္၏။
YB လည္း "က်င္းရီ" စကားေၾကာင့္ သတိျပန္ဝင္လာၿပီး ဘာမွမျဖစ္သလိုပဲျပန္ေျဖ၏။
"Aww... ငါ နဲနဲ ပင္ပန္းေနလို႔ပါ..."
YB ရဲ႕အေျဖ ၊ YB ရဲ႕အခုျဖစ္ေနတဲ့ပုံစံကို "စစ္ေကြၽး" က သိပ္သေဘာမက်ေသာ္လည္း "က်င္းရီ" ကေတာ့ အပူအပင္ကင္းစြာပင့ အစားအေသာက္ေတြကို စြတ္စားေနလ်က္...။
YB စိတ္ေတြ ပ်ံလြင့္ေန၏။
ဟိုေရာက္လိုက္ ဒီေရာက္လိုက္ႏွင့္...။
ဟိုလူႀကီးနဲ႕ ေခၚထားေပးတဲ့ေကာင္ေလး အခန္းထဲတူတူဝင္သြားတာကိုလည္း ျမင္ေယာင္လာျပန္၏။
အဲ့လူႀကီး ကိုယ္ေခၚေပးထားတဲ့ေကာင္ေလးနဲ႕ အဆင္ေျပေနတာ ေက်နပ္ရမွာမဟုတ္ဘူးလား...?
ဓာတ္ပုံေတြလည္း ရလိုက္တယ္ေလ...။
ငါကိုက ဘာျဖစ္ခ်င္မွန္းကိုမသိဘူး။
အနည္းဆုံးေတာ့ ကိုယ္ခံစားခဲ့ရတာေတြထက္ နဲနဲေလာက္ သူခံစားရရင္ ေပ်ာ္ေနရမွာမဟုတ္ဘူးလား...?
အဲ့လူႀကီးက ဘာေတြမ်ားေကာင္းေနလို႔လဲ...?
ငါ့မ်က္လုံးထဲကို ဘာကိစၥနဲ႕ဝင္ဝင္လာရတာလဲ...?
YB ရာ YB မင္း႐ူးသြားၿပီလား...?!!!
"ဝုန္း...!!"
YB စိတ္ေတြလြတ္ထြက္သြားၿပီး ႐ုတ္တရက္ မတ္တပ္ထ,ရပ္လိုက္ေတာ့ သူထိုင္ေနတဲ့ ထိုင္ခုံလဲသြားကာ "ဝုန္း!" အသံထြက္သြားတာေၾကာင့္ စစ္ေကြၽးနဲ႕က်င္းရီ အပါအဝင္ ကန္တင္းမွာရွိေနတဲ့လူေတြပါ လန့္သြားေလ၏။
"က်င္းရီ" ကေတာ့ အစားေတြနင္းကန္စားၿပီး YB ႐ုတ္တရက္ 'ဝုန္းကနဲ' ထ,ရပ္လိုက္ေတာ့ အစာသီးကာ ေခ်ာင္းေတြ 'တဟြတ္ဟြတ္' ဆိုးကုန္ေလ၏။
"စစ္ေကြၽး" ကေတာ့ "က်င္းရီ" ကို စိတ္ပ်က္သလို တစ္ခ်က္ၾကည့္ၿပီး YB ကိုလည္း သက္ျပင္းအသာခ်၍ ၾကည့္ေနေလ၏။
YB သတိျပန္ဝင္လာေတာ့ ကန္တင္းကို တစ္ခ်က္ေဝ့ၾကည့္လိုက္ၿပီး သူ႕အေနအထားကို သေဘာေပါက္သြား၏။
"စစ္ေကြၽး ငါ ျပန္ေတာ့မယ္..."
"စစ္ေကြၽး" က အစာသီးေနတဲ့ "က်င္းရီ" ရဲ႕ေက်ာကို ထုေပးေနရင္းမွ ေခါင္းၿငိမ့္ျပ၏။
YB လည္း ေက်ာင္းဝင္းထဲကေန သူ႕အခ်စ္ေတာ္ ဆိုင္ကယ္ေလးကိုစီးကာ အျပင္ ထြက္လာခဲ့ေတာ့သည္။
ဆိုင္ကယ္စီးလိုက္ရင္ စိတ္ေတြက တိမ္ေတြေပၚေရာက္ေနသလို ခံစားရၿပီး YB စိတ္ေတြကို ေပါ့ပါးေစသည္။
YB စိတ္ေတြရႈပ္ေထြးေနတိုင္း သူ႕စိတ္ေတြကိုေပါ့ပါးသက္သာေစတဲ့ ဒီဆိုင္ကယ္အစိမ္းေရာင္ေလးဟာ YB ရဲ႕အခ်စ္ေတာ္ေလးဆိုလည္း မမွားေပ...။
ဆိုင္ကယ္ကို lever ပိုျမႇင့္လိုက္ၿပီး အၾကမ္းေမာင္းႏွင္မိ၏။
ၿမိဳ႕တစ္ပတ္ေလာက္ပတ္ၿပီးေတာ့မွ Hotel သို႔ ျပန္ေမာင္းလာခဲ့ေလသည္။
Hotel ေရာက္ေရာက္ခ်င္း သူတည္းတဲ့ အခန္းထဲကိုဝင္ကာ ကုတင္ေပၚသို႔ ေျခပစ္လက္ပစ္ ပစ္လွဲခ်လိဳက္သည္။
မ်က္ႏွာကို လက္ႏွစ္ဖက္ျဖင့္အုပ္ကိုင္ရင္း လြင့္ေနေသာ စိတ္တို႔ကို စုစည္းေစ၏။
ဟိုလူႀကီးကို ေခၚသြားတဲ့ေကာင္ေလးေၾကာင့္ ဒီလိုေတြျဖစ္ေနတာဆိုရင္ ငါ ဒီ game မွာ ဝင္ကစားေပးလို႔ရတာပဲ.....
အဟက္...! ဟုတ္သားပဲ...
ဒါဆို လူရွာခိုင္းဖို႔လည္း ပိုက္ဆံမကုန္ေတာ့ဘူးေပါ့...။
ဒီအခ်ိန္မွာ YB သိတာက "သူေခၚေပးလိုက္တဲ့ အဲ့ဒီေကာင္ေလးက သူ႕ကိုစိတ္ရႈပ္ေစတယ္" ဟူ၍သာသိသည္။
ေကာင္ေလးရဲ႕အလုပ္လုက္ပုံကို အားမရတာလား...?
စိတ္မခ်တာလား...?
အတိအက်အေျဖဟူ၍ သူ႕မွာမရွိ။
ေနာက္ဆုံးေတာ့ သူကိုယ္တိုင္ ဒီ Game မွာ ဝင္ၿပိဳင္ဖို႔သာ ဆုံးျဖတ္လိုက္ေတာ့သည္။
Yibo ဆိုသည္မွာလည္း ေက်ာင္းမွာ မိန္းကေလးေတြေရာ ေယာက်ာ္းေတြပါ စိတ္ဝင္စားမႈ အျပည့္အဝခံရတဲ့ King တစ္ေယာက္ပါ...။
ခင္ဗ်ားက ေယာက်ာ္းေတြကို စိတ္ဝင္စားတာဆိုေတာ့လည္း ဒီနည္းနဲ႕ အနိုင္ယူျပရမွာေပါ့ Xiao Zhan ရာ...။
ကြၽန္ေတာ္က ငယ္ငယ္ေလးကတည္းကအေျပာခံလာရတာပါ...
ခင္ဗ်ားသာ တကယ္ခံစားရမယ္ဆိုရင္ ခနတာအေျပာခံရလည္း ကြၽန္ေတာ့္မွာ အရႈံးေတာ့ မရွိပါဘူးဗ်...။
ကြၽန္ေတာ္ကလည္း ဂုဏ္အရွိန္အဝါရွိတဲ့ Wang group ရဲ႕ တစ္ဦးတည္းေသာ အေမြဆက္ခံသူပါ...။
ဒီေလာက္ကေတာ့ မမႈပါဘူး...။
ခင္ဗ်ား ကြၽန္ေတာ့္ေျခေထာက္ေအာက္ ေခါင္းငုံ႕လာေစရမယ္... Mr.Xiao Zhan...။
ခင္ဗ်ား ေရွ႕ဆက္ရမယ့္ေန႕ရက္ေတြအတြက္ ျပင္ဆင္ထားေပေတာ့...။
YB ႏႈတ္ခမ္းေလးတစ္ဖက္ လွလွပပေလး ေကာ့တက္သြားေလ၏။
ထိုအၿပဳံးထဲတြင္ အဓိပၸာယ္မ်ားစြာပါဝင္ေနတယ္ဆိုတာကိုေတာ့ သူကိုယ္တိုင္သာ သိပါလိမ့္မည္။
💓💓💓💓💓💓💓💓💓💓💓💓💓💓
"Hello လီရွန္း..."
"............."
"ကိုယ္မေမ့ပါဘူးကြာ..."
"..........."
"Ok bye..."
"လီရွန္း" ဆိုတာ ကြၽန္ေတာ္ ေက်ာင္းတက္ကတည္းကသူငယ္ခ်င္းမေလး...
အခုေတာ့ ကြၽန္ေတာ့္ခ်စ္သူေပါ့...။
ကြၽန္ေတာ့္အေပၚ ဂ႐ုစိုက္ေပးမႈေတြနဲ႕အတူ သူမရဲ႕ကြၽန္ေတာ့္အေပၚထားတဲ့ စိတ္သေဘာထားေတြ... ခ်စ္စရာေကာင္းတဲ့သူမရဲ႕မ်က္ႏွာေလး... ၿပီးရင္ သူ႕ရဲ႕သူငယ္ခ်င္းအရင္းႀကီး ျဖစ္ေနတာေၾကာင့္ေရာ...
အမ်ိဳးမ်ိဳးေသာအေၾကာင္းေတြေၾကာင့္...
လီရွန္းရဲ႕အခ်စ္ကို Xiao Zhan လက္ခံခဲ့သည္။
မွန္ပါတယ္... "လီရွန္း" ကစ,ၿပီး Xiao Zhan ကို ဖြင့္ေျပာခဲ့ျခင္းျဖစ္သည္။
Xiao Zhan မွာ ေက်ာင္းတက္တုန္းက သူငယ္ခ်င္းႏွစ္ေယာက္ပဲရွိခဲ့သည္။
"လီရွန္းရွန္း နဲ႕ Michel" ဆိုသည့္ သူငယ္ခ်င္းႏွစ္ဦး...။
သူငယ္ခ်င္းေတြ ဟူ၍သာ ေျပာေနေပမယ့္ အဲ့ဒီအခ်ိန္ေတြတုန္းက Xiao Zhan အေနနဲ႕ ေက်ာင္းစာေတြ ၊ ကုမၼဏီကိစၥေတြနဲ႕ အလုပ္ေတြရႈပ္ေနတုန္းမို႔ သူတို႔ႏွစ္ေယာက္နဲ႕လည္း တစ္ျခားသူငယ္ခ်င္းေတြလို အရမ္းရင္းရင္းႏွီးႏွီးႀကီး သိပ္မေနျဖစ္ခဲ့...။
သူတို႔ႏွစ္ေယာက္လုံးကလည္း Xiao Zhan ကို နားလည္ေပးခဲ့ၾကသည္။
ကြၽန္ေတာ္တို႔သုံးေယာက္ဆုံတဲ့အခါ တစ္ေယာက္အေၾကာင္းတစ္ေယာက္ေတာ့ ဖလွယ္ျဖစ္ၾကခဲ့ၾကသည္။
ဒါနဲ႕ "Michel" က လိင္တူခ်စ္သူဗ်...။
ကြၽန္ေတာ္က အဲ့လိုေတြ အယုံအၾကည္မရွိတာလည္း သူသိတယ္...။
"Michel" ကြၽန္ေတာ့္ကို တစ္ခါေျပာဖူးတယ္...။
"အခ်စ္စစ္ဖို႔သာ အဓိကပါပဲ.....
"လိင္တူလိင္ကြဲဆိုတာ 'အခ်စ္' မွာ မရွိဘူး..." တဲ့...။
"Michel" အတြက္ေတာ့ အဲ့ဒီအခ်က္က မွန္ခ်င္မွန္ပါလိမ့္္မယ္...။
ကြၽန္ေတာ့္အတြက္ေတာ့ ဘဝနဲ႕ရင္းၿပီးရခဲ့တဲ့ သင္ခန္းစာေတြက သတိေပးေနဆဲမို႔ အယုံအၾကည္လည္း မရွိခဲ့ပါဘူး။
B to B Relationship နဲ႕ ပတ္သတ္ၿပီးေတာ့ ကြၽန္ေတာ္က Psycho တစ္ခုလိုကိုျဖစ္ေနခဲ့တာ...။
ကြၽန္ေတာ့္အေတြးေတြ ကြၽန္ေတာ့္ခံယူခ်က္ေတြက လုံးဝ ျပင္ဆင္လို႔မရေတာ့တဲ့ အမွန္တရားတစ္ခုလိုမ်ိဳးျဖစ္ေနခဲ့တာ...။
ဒါေပမယ့္ ဘယ္လိုပဲ "ခံယူခ်က္" ခ်င္းမတူပါေစ... "Michel" နဲ႕ ကြၽန္ေတာ့ရဲ႕ သူငယ္ခ်င္းဆက္ဆံေရးက ေျပာင္းလဲမသြားခဲ့ပါဘူး...။
Xiao Zhan ဆိုတဲ့ ကြၽန္ေတာ့္မွာ ရွိတာမွ ဒီသူငယ္ခ်င္းႏွစ္ေယာက္တည္းရယ္ပါ...။
Michel ရဲ႕ျဖစ္တည္မႈေၾကာင့္နဲ႕ေတာ့ သူငယ္ခ်င္းအျဖစ္ကေန မရပ္စဲခဲ့ပါဘူး။
အခုခ်ိန္ထိ "Michel" နဲ႕ အဆက္အသြယ္ရေနပါေသးတယ္...။
Michel က အခု စပိန္မွာ သူပိုင္တဲ့ ကုမၼဏီတစ္ခုကို ဦးစီးေနရသည္။
Michel နဲ႕ ကြၽန္ေတာ္ Ph ေျပာတိုင္း သူက သူ႕ကေလးေလးအေၾကာင္းေတြကို ထည့္,ထည့္ၿပီးေျပာတတ္သည္။
ကြၽန္ေတာ့္ကို သူေျပာဖူးသလိုမ်ိဳး ကြၽန္ေတာ့္ရဲ႕အေတြးေတြ ၊ အျမင္ေတြကို နဲနဲေလာက္ျဖစ္ျဖစ္ ေျပာင္းလဲေစခ်င္ပုံ ၊ နားလည္ေစခ်င္ပုံရသည္။
"Michel" က ကြၽန္ေတာ့္ကို Ph ေျပာတိုင္း ဒီစကားတစ္ခြန္းေတာ့ အၿမဲေျပာတတ္တယ္...။
"အျပင္ေလာကႀကီးကို ထြက္ၾကည့္ပါ... XZ"
"မင္း မ်က္လုံးေတြကိုဖြင့္ နားေတြကို စြင့္ထားပါ..."
"အမွန္တကယ္ အရမ္းခ်စ္ၾကတဲ့ လိင္တူစုံတြဲေတြလည္း ရွိပါတယ္..." တဲ့ေလ...။
ကြၽန္ေတာ္ မလုပ္နိုင္ခဲ့ဘူး...။
"ပုံမွန္မဟုတ္တဲ့ ဆက္ဆံေရးတစ္ခုမွာ တစ္ေယာက္ေယာက္ကေတာ့ စြန့္ခြာသြားၿပီး တကယ္ခ်စ္တဲ့လူကေတာ့ ေသမတတ္ခံစားၿပီးက်န္ခဲ့ရမွာပါကြာ..." ဆိုတဲ့...
အေတြးႀကီးက ကြၽန္ေတာ့္ဘဝနဲ႕ရင္းၿပီးရခဲ့တဲ့သင္ခန္းစာေတြအတိုင္း ေခါင္းထဲကို ဝင္လာေနဆဲပဲ...။
"Michel" နဲ႕ သူ႕ကေလးေလးကေတာ့ အရမ္းခ်စ္ၾကတယ္ဆိုပဲ...။
တစ္ေယာက္ကိုယ္တစ္ေယာက္လည္း ယုံၾကည္ၾကတယ္တဲ့...။
နားလည္ေပးၾကတယ္တဲ့.....။
ဘယ္ေတာ့မွမခြဲဘဲ သစၥာရွိရွိနဲ႕ ဘဝတစ္ခုနဲ႕တည္ေဆာက္မွာတဲ့...။
သူတို႔အတြက္ေတာ့ ဟုတ္ခ်င္ဟုတ္မွာေပါ့...။
ကြၽန္ေတာ္အေနနဲ႕ေတာ့ အဲ့တာသူတို႔ကိစၥ,ကိုယ့္ကိစၥမဟုတ္ဘူးလို႔ပဲ သေဘာထားေပးလိုက္တယ္...။
ကြၽန္ေတာ္မွ မယုံၾကည္ပဲေလ...။
_______________
ဒီေန႕က ကြၽန္ေတာ္နဲ႕ "လီရွန္း" ရဲ႕ 1 yr Anniversary...။
ကြၽန္ေတာ္ အခု "လီရွန္း" ႀကိဳက္တဲ့ နာမည္ႀကီး စားေသာက္ဆိုင္တစ္ဆိုင္မွာ ညစာစားဖို႔ခ်ိန္းထားတယ္...။
(........ဆိုင္) ေရာက္တာနဲ႕ Anniversary ေလးပိုၿပီး အသက္ဝင္ေအာင္ တေယာသမားေလးေတြကို ကိုယ္တိုင္ကိုယ္က် ေသေသခ်ာခ်ာ ဌားေပးထားတယ္...။
"လီရွန္း" ႀကိဳက္တဲ့ သီခ်င္းေလးေတြကိုလည္း ဆိုေပးဖို႔ ေသခ်ာလိုက္မွတ္ခိုင္းထားတယ္...။
ၿပီးေတာ့ အျပင္အဆင္ေလးေတြကိုလည္း ေသသပ္လွပေစတယ္...။
အေရးႀကီးဆုံးျဖစ္တဲ့ Anniversary cake ေလးကို special မွာထားၿပီး suprise ျဖစ္သြားေအာင္ "ဆြဲႀကိဳး" ေလးေရာ ထည့္ေပးထားတယ္...။
"လီရွန္း" က ကြၽန္ေတာ့္ရဲ႕သူငယ္ခ်င္း...
အခုဆို ကြၽန္ေတာ့္ရဲ႕ခ်စ္သူတစ္ေယာက္...
အခက္အခဲေတြကို တိုင္ပင္ေဖာ္ရတဲ့ အတိုင္ပင္ခံ အမညီမတစ္ေယာက္အျဖစ္သာ စိတ္ထဲျမင္သည္။
ကြၽန္ေတာ့္အတြက္ သူမကအေရးပါတဲ့ မိန္းမလွေလးတစ္ေယာက္ပါ...။
ဒါေပမယ့္ လက္ထပ္ဖို႔ထိေတာ့ ေစာလြန္းေသးတယ္ ကြၽန္ေတာ္ ျမင္တယ္...။
ကြၽန္ေတာ္ အေပ်ာ္တြဲေနတာလည္း မဟုတ္ပါဘူး...။
ဒါေပမယ့္ ကြၽန္ေတာ္က ကြၽန္ေတာ့္ရဲ႕ခံစားခ်က္အရပဲသြားခ်င္တယ္...။
ကြၽန္ေတာ္ "လီရွန္း" အေပၚမွာ
လီရွန္း ကြၽန္ေတာ့္ကို ခ်စ္သေလာက္ ျပန္မခ်စ္ေပးနိုင္ေသးသေ႐ြ႕ လီရွန္းကို ကြၽန္ေတာ္ လက္မထပ္ေသးဘူး။
ကြၽန္ေတာ္ ေျပာခ်င္တာကို နားလည္ၾကမယ္ထင္ပါတယ္...။
ဒါလီရွန္း အေပၚမွာထားတဲ့ ကြၽန္ေတာ့္ရဲ႕ေလးစားမႈပါပဲ...။
ဒီအခ်က္ေတြေၾကာင့္ ကြၽန္ေတာ္ လီရွန္းကို လက္စြပ္ မေပးေသးတာ...။
တစ္ေန႕ေပါ့.....
ကြၽန္ေတာ္ သူမကိုျမတ္ျမတ္နိုးနိုးခ်စ္လာနိုင္တဲ့ တစ္ေန႕က်မွ သူမကိုလက္ထပ္ခြင့္ေတာင္းဖို႔ ကြၽန္ေတာ္ စဥ္းစားထားပါတယ္...။
💓💓💓💓💓💓💓💓💓💓💓💓💓💓
"ကြၽန္ေတာ္လိုေကာင္က ခင္ဗ်ားအနားမွာ ရွိမေနသင့္ပါဘူး...
ကြၽန္ေတာ္က ဆိုးတယ္...
ခင္ဗ်ားကို ထိခိုက္ေစလိမ့္မယ္..."
႐ႊယ္ရန္ တစ္ေယာက္ အိမ္ျပန္ေရာက္ေတာ့လည္း ထိုအေတြးေတြနဲ႕သာ သူ႕ကိုသူသတိေပးေနရသည္။
ဘယ္လိုျဖစ္လို႔ ဒီေလာက္ျမန္ျမန္ႀကီး ေဒါက္တာ့အေပၚ ခံစားခ်က္ေတြျဖစ္ေပၚလာရတာလဲ...?
ဒါမွမဟုတ္ ဟိုးအရင္အခ်ိန္ကတည္းကခ်စ္မိေနၿပီး ကိုယ့္ကိုယ္ကို ေသခ်ာသတိမထားမိခဲ့တာလား...?
ငါ ေဒါက္တာ ရွင္းခ်န္ကို ခ်စ္ေနမိၿပီလား...?
မျဖစ္ဘူး! ေဒါက္တာက ရိုးရိုးေအးေအးေလးရယ္...။
ငါက ရန္ပြဲေတြၾကားက ခပ္ဆိုးဆိုးေကာင္ေလးတစ္ေယာက္...။
တစ္ခ်ိန္ခ်ိန္မွာ ငါ့ေၾကာင့္ ေဒါက္တာ့ကို ထိခိုက္ေစနိုင္တယ္ေလ...။
႐ႊယ္ရန္ေရ... စိတ္ထိန္းစမ္းဟ!!
ေဆး႐ုံက ျပန္ေရာက္ကတည္းကလူက ဂနာမၿငိမ္နိုင္ျဖစ္ေန၏။
ငါ့ေရာဂါက ေဒါက္တာကိုယ္တိုင္ကုေပးမွ ေပ်ာက္ေတာ့မွာလား...?
ငါေနာ္..... ေဒါက္တာေလးက ငါ့ကိုမႀကိဳက္ရင္ ဘယ္လိုလုပ္မလဲ...?
သူက ေယာက်ာ္းေလးေတြကို စိတ္မဝင္စားေလာက္ဘူး...။
ဟာကြာ... ႐ူးေတာ့မွာပဲ.....။
Advertisement
- In Serial55 Chapters
The baby swap
Zoe is a young and independent woman who never loses an argument. She feels that her life is finally the way she wants it to be. She has a great job and a great new house. Her life is perfect.She has everything she wants except one thing, a child. Due to her past heartaches, she struggles to trust men, leaving her no other option but a sperm donor.So what happens when she finds out that there was a misplacement, that she is carrying the heir of the multi-billionaire Alexander Forbes. This might just be one fight she won't win.© Essi T K Cover by: @forgettablewords
8 422 - In Serial33 Chapters
Behind the mask - Erik Killmonger
This story has been discontinued. There will be no more updates.-Everyone has a mask.Whether it is a mask to hide your emotions, or a mask to cover your imperfections.And I knew,I knew that once we started to get closer, we will try to break each other's mask. "I want you.." he whispers in my ear as his breathing quickens. "Then you have to earn me." I say. When I walk away from him he pulls me back and pushes me gently against the wall. Next thing I know, he crashes his lips on mine. I knew, That once we started to get closer, we will try to break each other's mask.Only thing that I didn't know.. was that we would actually succeed at it. You will be the death of me, Erik Killmonger.--------------------------I do not own the Marvel's franchise, all rights go to the Marvel Cinematic Universe and Walt Disney Pictures.--------------------------Copyright ©: Nothing of mine must be used without my permission.© 2018
8 123 - In Serial32 Chapters
My Hubby Is A MAFIA | COMPLETED
Devin Easton Black This is the name that you should be careful with. The only aura he brings is DARKNESS. Never in his LIFE giving you happiness. Only nightmares will be his presence for his victims.Kyara Rose Heartson is a bubbly girl who loves to brighten up any people day without even trying. Ballet is her passion, She was surrounded by many people that love her What happens when The dangerous man laid his eyes on bubbly Kyara?Highest rank #17 in WerewolfEdited by MHIAM Team - @Orange_Neon - @httpmoose1976Cover made by :@lizkoala
8 230 - In Serial13 Chapters
Torbellino Rojo (Traducción) (Antigua Versión)
Había cientos de millones de hombres en el mundo de los que ella podría haber elegido enamorarse. Su mayor enemigo y ese idiota Naruto, sin embargo, no era uno de ellos. *Traducción* *Aka Whirlpool* *Antigua Versión*
8 91 - In Serial42 Chapters
Her Given (Editing)
She's an angel as bright as the sunshine, even when the darkness threatens to consume her, and she's just trying to find her place in this world to protect her Given.They're three shifters of the night, wolves wearing human skin, and they're just trying to fill in the missing pieces to their hearts-hearts that have always been owned by an angel they've never even met, an angel that isn't even aware of it herself yet.There's an evil threatening to destroy their newfound love, a being of darkness and hate and bitter resentment.Will the girl with oceans for eyes, silver for hair, and gold for a heart be able to stop this evil, along with the werewolves that love her? Or will she plunge into the darkness that's threatening to scuff out her ethereal light?♡♡♡WARNING!Will have cursing, sexual content, a polyamorous relationship, and themes of violence and SA.☆☆Completed (May 4, 2019)☆☆
8 133 - In Serial70 Chapters
I just want to be small - ZIAM.
It's hard to regress when you share a room with a playboy who fucks almost every lass he sees, and it's even harder to regress when you have a busy schedule due to university. Zayn just wishes he could have some alone time to spend with his thumb in his mouth, a teddy under his arm and his favourite show on his iPad. Or an enemies to lovers, university au in which Zayn age regresses and Liam is the biggest arsehole to exist. (Includes Ziam and Larry.)
8 80

