《အမုန်းအားဥပေက္ခာပြု၍ [အမုန္းအားဥေပကၡာျပဳ၍] {Complete}》Ep - 18
Advertisement
Unicode
"Baby... မင်းလေး ကျောင်းပြီးမှ ကိုယ်တို့လက်ထပ်ကြမယ်လေကွာ နော်... အခုချက်ချင်းကြီး မဟုတ်ပါဘူး Baby ရယ်... ပြီးတော့ ကိုယ် Baby ချုပ်နှောင်ထားမှာမဟုတ်လို့ Baby လွတ်လွတ်လပ်လပ် နေလို့ရပါတယ်..."
XZ ရဲ့ စကားကြောင့် YB အတန်ကြာ စိုက်ကြည့်နေပြီးမှ "ဟက်!" ခနဲ တစ်ချက်ရယ်လိုက်ရင်း....
"ဟက်..! ခင်ဗျားက တကယ့် $ရူးပဲ...။
ကိုယ့်ကို မချစ်တဲ့ လူတစ်ယောက်နဲ့ လက်ထပ်လိုက်ရင် ခင်ဗျား ပျော်ရွှင်ရမယ် ထင်လို့လား...? ဟမ်!"
"Baby ကိုယ့် အနားမှာရှိနေရင်ကို ကိုယ် ကျေနပ်ပါတယ်..."
လူကြီး ရဲ့စကားကြောင့် YB မဲ့ပြုံးတစ်ခုကို ဆင်မြန်းလိုက်ရင်း...
"ခင်ဗျားက တော်တော် အတ္တကြီးတာပဲ...။
အဲ့ဒီလူ ဘက်ကိုရော ခင်ဗျား မကြည့်တော့ဘူးလား...?
သူ မချစ်တဲ့သူနဲ့ အတူနေရတာ သူရော ပျော်မယ်ထင်လား...?"
XZ နှုတ်ခမ်းလေး လှုပ်ရုံသာ ပြုံးလိုက်လျက်...
"သူ့ကို ပျော်ရွှင်စေတာ မှန်သမျှ ကိုယ် အားလုံး လုပ်ပေးမှာပေါ့ Baby ရယ်..."
လူကြီး ရဲ့ အပြောကြောင့် YB ခနဲ့ပြုံးတစ်ခုကို မျက်နှာထက်တွက် လှလှပပချိတ်ဆွဲလိုက်ကာ...
"သူကို ပျော်ရွှင်စေတာက ခင်ဗျားရဲ့ "နာကျင်မှု" ဖြစ်နေမယ်ဆိုရင်ရော...?"
"ကိုယ် ကျေကျေနပ်နပ် နာကျင်ပေးပါ့မယ်...။
သူ့အတွက် ပျော်ရွှင်စေမယ် ဆိုရင်ပေါ့..."
လူကြီးရဲ့ မဆိုင်းမတွ ဖြေဆိုသွားတဲ့ စကားတွေကြောင့် YB ခေတ္တမျှတိတ်ဆိတ်သွား၏။
ထို့နောက်.....
"ခင်ဗျားနဲ့ စကားပြောရတာတော့ ကောင်းပါတယ်...။
ဒါပေမယ့် ကျွန်တော့်ခန္ဓာကိုယ်ကို လိုအပ်လို့ လက်ထပ်တာ ဆိုရင်တော့ ခင်ဗျား ပြန်သင့်ပြီ Xiao Zhan..."
"Baby... ကိုယ် Baby ကို အဲ့ဒီ ကိစ္စတစ်ခုတည်းကြောင့် လက်ထပ်ယူတာ မဟုတ်တဲ့အတွက် Baby စိတ်ချပါ...။
Baby သာခွင့်မပြုဘူးဆိုရင် ကိုယ် Baby ရဲ့ အသားတောင် မထိပါဘူး..."
လူကြီးရဲ့စကားကြောင့် YB ရဲ့ မျက်ခုံးတစ်ဖက်မြင့်တက်သွားလျက်...
"ဒါဆို ခင်ဗျားက ဘာအတွက် ကျွန်တော့်ကို လက်ထပ်ချင်ရတာလဲ...?"
"Baby ကို ကိုယ့်အနားမှာပဲထားပြီး စောင့်ရှောက်ပေးချင်လို့..."
(**ဒီလူကြီးခြွေနေတာ... Yibo ဘာမှမဟုတ်ဘူး။ အစပိုင်းမှာတော့ ဒီလိုတွေချည်းပဲ...။**)
"ခင်ဗျားက ကျွန်တော့်ကို အနားမှာခေါ်ပြီး စောင့်ရှောက်ထားချင်ရအောင် ကလေးလို့ ထင်နေတာလား...?
ကျွန်တော့်ခြေထောက်ပေါ် ကျွန်တော် ရပ်တည်နိုင်တယ်..."
"ကိုယ် သိပါတယ်...။
Baby က ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တယ်ဆိုတာ...။
ဒါပေမယ့် Baby တစ်ယောက်တည်း မဖြေရှင်းနိုင်တဲ့ ကိစ္စတိုင်းအတွက် Baby ရဲ့ အနားမှာ အမြဲတမ်း ရှိနေပေးချင်လို့...။
ကိုယ့်ကို ခွင့်ပြုပေးနိုင်မလား...?"
XZ စကားအဆုံး YB ရင်ထဲအမျိုးမမည်မသိသည့်လှိုင်းလေးတစ်ခု ဖြတ်ပြေးသွားလေသည်။
(**လေတိုက်နေလို့ နေမှာပါ...**)
"Ok လေ... ခင်ဗျားက ဒီလောက် တောင်းဆိုနေတော့လည်း လက်ခံပေးရတာပေါ့...။
ကျွန်တော်က နစ်နာသွားတာမှ မဟုတ်တာ...။ ဟက်! ကျွန်တော့်မှာရှိသင့်တဲ့ ကျွန်တော့်ရဲ့ဂုဏ်သိက္ခာအတွက်မို့ ခင်ဗျားကို လက်ခံပေးလိုက်တာ..."
Baby ရဲ့ စကားအဆုံး XZ အသက်မှရှုမိရဲ့လားဟူ၍ ကိုယ့်ကိုယ်ကို သတိထားနေရ၏။
နောက်ဆုံးတော့ Baby သူ့ကိုလက်ခံလာပြီပဲ...။ Baby ရဲ့ ဆန္ဒမှန်သမျှဖြည့်ဆည်းပေးနိုင်ဖို့ ကိုယ် ကြိုးစားပါ့မယ် ကလေးရယ်...။
YB အရှေ့ကလူကြီးရဲ့ အပျော်ရိပ်သမ်းနေတဲ့ မျက်ဝန်းတွေကြည့်လိုက်ရင်း...
"ဒါပေမယ့် ခင်ဗျား သိအောင်တော့ ကျွန်တော် ပြောရဦးမယ်...။
ခင်ဗျားနဲ့ ကျွန်တော်က အမည်ခံသက်သက်ပဲ လက်ထပ်မှာမို့ ကျွန်တော့် Personal ကိစ္စတွေကို ဝင်မစွက်ဖက်မိပါစေနဲ့...။
ဝင်စွက်ဖက်လာရင်တော့ ကျွန်တော့်အဆိုး မဆိုနဲ့နော်...။ ပြီးတော့ ကျွန်တော် လွတ်လွတ်လပ်လပ်ပဲ နေမှာမို့ ခင်ဗျားမှာ ဘာချုပ်ချယ်ပိုင်ခွင့်မှ မရှိဘူး...။ စာချုပ်ကို ပြပြီးတော့လည်း ကျွန်တော့်ကို ချုပ်ကိုင်ခွင့် မရှိဘူး...။
အရေးကြီးဆုံးက ကျွန်တော် ကွာရှင်းချင်တဲ့အချိန် ကွာရှင်းစာချုပ်မှာ ခင်ဗျား ကြည်ကြည်ဖြူဖြူပဲ လက်မှတ်ထိုးပေးရမယ်...။
ခင်ဗျားမှာ ဘာမှ အတွန့်တက်ပိုင်ခွင့် မရှိဘူး...။ အဲ့တာတွေကို ခင်ဗျား လက်ခံနိုင်ရင်တော့ ကျွန်တော့်ကို လက်ထပ်ခွင့်ပြုတယ်...။
လက်မခံနိုင်ရင်တော့ ခင်ဗျား အခု ပြန်နိုင်ပြီ..."
Baby ရဲ့ စကားတွေကြောင့် XZ ခန ငြိမ်သွားပြီးမှ မျက်လုံးကို စုံမှိတ်ပြီး ခေါင်းလေးကို တစ်ချက်ချင်းငြိမ့်၏။
"ကိုယ် လက်ခံပါတယ် Baby...။
ကိုယ့်ကို Baby အနားမှာ ရှိနေခွင့်ပြုတာလေးကိုပဲ ကိုယ် ကျေးဇူးတင်ပါတယ်..."
(**Baby ကိုယ့်အနားမှာ ရှိနေမယ့်အချိန်လေးအတွင်းမှာ ကိုယ့်ကို ချစ်လာအောင် ကြိုးစားပါ့မယ်...။
ဒါမှ Baby ကိုယ့်ကို ထားမသွားတော့မှာ...**)
YB လူကြီးကို တည့်တည့်စိုက်ကြည့်လိုက်ပြီး စိတ်ထဲမှလည်း...
(**ခင်ဗျားတို့ နာကျင်ရမယ့် အချိန် သိပ်မဝေးတော့ပါဘူး...**)
YB ဘာရယ်မဟုတ် သက်ပြင်း တစ်ချက်ချလိုက်ပြီးမှ...
"ကျွန်တော့်ကို အချိန် ခန ပေးပါ Xiao Zhan...။ ခင်ဗျားနဲ့ လက်ထပ်ရမယ့် ရက် မရောက်မချင်း ကျွန်တော်နဲ့ မျက်နှာချင်း မဆိုင်မိအောင် နေပါ...။
ဒီကနေ့ကစပြီး လက်မထပ်ရင်ရက်အထိ...
ခင်ဗျား မျက်နှာကို ကျွန်တော် မမြင်ချင်ဘူး..."
"ဒါပေမယ့်..."
"မင်္ဂလာကိစ္စကခင်ဗျားတောင်းဆိုတာဆိုတော့ ခင်ဗျား စဥ်စီလေ...။
ကျွန်တော်နဲ့ ဘာမှ မဆိုင်ဘူး...။
ခင်ဗျားသာ ဒီနေ့ကစပြီး ကျွန်တော်နဲ့ မျက်နှာချင်း မဆိုင်မိအောင် နေပါ...။
မတော်တဆတွေ့ခဲ့ရင်တောင် မသိတဲ့လူတွေလိုပဲ နေကြရအောင်...။
ခင်ဗျား ပြန်လို့ရပြီ..."
Baby ရဲ့စကားတွေကြောင့် သူ့နှလုံးသားကလည်း သွေးတွေ တစ်စိမ့်စိမ့်ကျ၏။
ဘာမှ မဆိုင်ဘူးတဲ့လား Baby ရယ်...။
ပြောရက်လိုက်တာ...။
ကိုယ့်ကို မတွေ့ချင်တော့လောက်အောင်ကို မုန်းနေခဲ့တာလား...?
ကောင်းပါပြီ...။
ရှေ့ဆက် ကြုံလာရမယ့် အရာတွေ အများကြီးသေးတာကို ကိုယ် ခန့်မှန်းမိပါတယ်...။
Advertisement
ဒီလောက်လေးနဲ့ ကိုယ် ပျော့ညံ့နေလို့ မဖြစ်ဘူးလေ...။
ကိုယ် Baby ရဲ့ အနားမှာ Baby လိုအပ်လာတဲ့ချိန်တိုင်းရှိနေရဦးမှာ...။
"See you wedding day, Baby..."
XZ ရဲ့ စကားကို Baby က မျက်နှာသေနှင့်သာ တုံ့ပြန်၏။
Baby အိမ်ထဲက ထွက်လာတော့ ရင်ထဲက ဟာတာတာနှင့်...
Baby ရဲ့စကားတွေက နားထဲ တဝဲလည်လည်ပြန်ကြားယောင်လာပြန်သည်။
"ခင်ဗျားက တကယ့် $ရူးပဲ..."
ဟုတ်တယ်... ကိုယ်က $ရူး...။
ဒီ $ရူးကြီးကို တစ်နေ့ Baby ချစ်မလာဘူးလို့ ဘယ်သူ ပြောနိုင်မှာလဲ...?
"ခင်ဗျားက တော်တော် အတ္တကြီးတာပဲ..."
ကိုယ်က အတ္တကြီးတယ်ပေါ့...။
ဟုတ်မှာပါ... ကိုယ်က အတ္တကြီးတယ်...။
ဘာလို့လည်း သိလား...?
Baby ကို ပိုင်ဆိုင်ချင်လို့...။
Baby ကို ကိုယ့်အနီးနားလေးမှာပဲထားချင်လို့...။
Baby ကို ကိုယ့်အနားကနေ ထွက်မသွားစေချင်လို့...။
Baby ကို ကိုယ် အရမ်းချစ်နေမိလို့ပါကွာ...။
"သူကို ပျော်ရွှင်စေတာက ခင်ဗျားရဲ့ "နာကျင်မှု" ဖြစ်နေမယ်ဆိုရင်ရော...?"
Baby ရယ်.....
မင်းလေးနဲ့ ကိုယ်က နီးမလိုလိုနဲ့ ဝေးနေရတာပါလား...?
"ဟူးးးး"
...........💚.........
ခင်ဗျားက ဘယ်လိုလူလဲ Xiao Zhan ရာ...?
ရန်သူကို အနားမှာ ခေါ်ထားပြီး စောင့်ရှောက်ထားမယ်ပေါ့...။
ခင်ဗျားနဲ့ ကျွန်တော်က လက်ထပ်ရတော့မယ်တဲ့...။ အဲ့ဒီစကားက ကျွန်တော်နဲ့ မတန်ဘူးလို့ ခံစားရတယ်...။
ကျွန်တော် ပြောသမျှကို မျက်စိမှိတ် ခေါင်းငြိမ့်ပေးတဲ့ ခင်ဗျားက ဦးနှောက်ရော မှန်ရဲ့လား...?
ဒီတလော ခင်ဗျားနဲ့ ဘာလို့ မျက်နှာချင်းမဆိုင်ချင်လဲ ခင်ဗျား သိလား...?
ကျွန်တော့်မှာ ခင်ဗျားနဲ့ ပတ်သတ်ပြီး ပြင်ဆင်စရာတွေ ရှိသေးတယ်ဗျ...။
ခင်ဗျားကို နာကျင်စေမယ်ဆိုရင် ကျွန်တော် လိုကောင်က ဘာပဲဖြစ်ဖြစ် လုပ်နိုင်တယ်...။
ဒါပေမယ့် ခင်ဗျားရဲ့ မျက်ရည်တွေ မြင်နိုင်ဖို့ ကျွန်တော့်ကိုယ်ကျွန်တော် ပြင်ဆင်ရဦးမယ် Xiao Zhan...။
ဘာလို့လဲ လို့ မမေးပါနဲ့...။
ကျွန်တော့်အကြောင်းကို ခင်ဗျားမှ မသိပဲ...။
စိတ်ချပါ...။
ကျွန်တော် ခင်ဗျား အနားက ထွက်သွားတဲ့နေ့ဟာ ခင်ဗျား ကျွန်တော်ကို စိတ်နာသွားတဲ့ နေ့ပဲ ဖြစ်မှာပါ...။
ဘာလို့ဆို ခင်ဗျားကို နာကျင်စေတာကလည်း အတိုင်းအတာတော့ရှိသင့်တယ်မဟုတ်လား..?
အဟက်..! ခင်ဗျား ကိုယ်တိုင် ဝင်လာတဲ့ ဒီကျော့ကွင်းက ကျွန်တော် ကိုယ်တိုင် ချုပ်ကိုင်တာဆိုတော့ နဲနဲတော့ ကြမ်းလိမ့်မယ်...။
ခင်ဗျား ခံနိုင်ရည်ရှိအောင် ကြိုးစားထားပါ...။
ခင်ဗျား အတွက် ငဲ့ညှာတယ် ဆိုတာ အစကပဲဖြစ်လိမ့်မယ် ထင်တယ်...။
........❤.......
1:00 am...
Baby ကိုယ် အိပ်လို့မပျော်သေးဘူးကွာ...။
ကောင်းကင်က ကြယ်တွေကလည်း ဒီနေ့ကျမှ ကိုယ့်ကို လှောင်ပြောင်နေသလိုပဲ...။
ကိုယ်က ပိုင်ဆိုင်ရမလိုလိုနဲ့ ဘာမှမဆိုင်တဲ့ လူတစ်ယောက်ဖြစ်နေတာကိုး...။
ဟက်..! ရယ်ရတယ်ကွာ...
တကယ်တော့ ကိုယ်က မင်းအတွက် အပိုလူကြီးပဲပေါ့...။
ဆေးလိပ်လေးကို နှုတ်ခမ်းမှတေ့လိုက်ပြီး ခပ်ပြင်းပြင်း တစ်ချက်ရှိုက်ကာ အငွေ့တွေကို မှုတ်ထုတ်လိုက်သည်။
ကိုယ်က ဒီအငွေ့တွေလို တဖြည်းဖြည်းနဲ့ Baby အနားကနေ ပျောက်ကွယ်သွားမှာလား...?
သောက်လက်စဆေးလိပ်လေးကို လက်ကြားညှပ်လိုက်ပြီး ထိုင်ခုံပေါ်မှာ ခေါင်းမော့ကာ မှီချလိုက်ရင်း ပင်ပန်းမှုတွေကို ပြေလျော့စေ၏။
(**Xiao Zhan မင်း မပျော့ညံ့ရဘူး...**)
"အချစ်" ဆိုတာနဲ့ ထိတွေ့လာရင် အနည်းနဲ့ အများတော့ နာကျင်ရတာပါပဲ...။
ကျွန်တော် လေးလေးကို ကိုယ်ချင်းစာတယ်...။ အဲ့ဒီ အချိန်တုန်းကဆို လေးလေး အရမ်းကို ခံစားခဲ့ရမှာ...။
ကိုယ် Baby ကို အပြစ်မမြင်ပါဘူး...။
ကိုယ် နာကျင်နေတာ မြင်ရလို့ Baby ကို အမှန်တကယ် ပျော်ရွှင်စေတယ်ဆိုရင် ကိုယ် ဆိုတာ ကျေကျေနပ်နပ်နဲ့ နာကျင်ပေးမယ့် လူပါ ကလေးရယ်...။
💓💓💓💓💓💓💓💓💓💓💓💓💓💓
"ဒေါက်တာ... ဒေါက်တာရဲ့ကောင်လေးကို နယ်ဘယ်သွားဖို့ကိစ္စပြောပြီးပြီလား...?"
ကိုယ်နဲ့ ရင်းနှီးနေတဲ့ neurs တစ်ယောက်က ရှင်းချန်ကို မေးနေခြင်းဖြစ်သည်။
ရှင်းချန်မှာ ချက်ချင်းမဖြေနိုင်။
မနေ့က အကြောင်းအရာတွေသာ ခေါင်းထဲ အစီအရီ ဝင်ရောက်လာ၏။
အလုပ်နဲ့သူ့ကို ရွေးခိုင်းခဲ့တဲ့ကောင်လေး...။
စိတ်ဆက်လွန်းတဲ့ကောင်လေး...။
မင်းလေး ကိုယ့်ကိုနားမလည်ပေးနိုင်တာ ခက်တာပဲ ကောင်လေးရာ...။
ကိုယ် နယ်ဘက်မှ သွားမှဖြစ်မယ် အဆိုးလေး...။ ကပ်ရောဂါတွေ ပြန့်နေပြီတဲ့...။ ဒေါက်တာတွေရော ပြည်သူတွေရော အသက်တွေဆုံးရှုံးနေကြရပြီ။ ကိုယ်တို့သွားရတော့မယ် သေချာနေသလို ပြောလည်းပြောနေကြပြီ။ ခေါ်စာကျလာတာနဲ့ ကိုယ်တို့ဆေးနောက်တစ်ဖွဲ့က ချက်ချင်းလိုက်သွားရတော့မှာ...။ အခုက ဆေးရုံအတွက် ကိုယ်တို့ကို ခနချန်ထားခဲ့ရုံပဲ...။
ကိုယ့်ရဲ့ပါပီလေးရေ...
အခုချိန် မင်းလေး ဘာတွေများ လုပ်နေမလဲ...?
ကိုယ့်ကို စိတ်ဆိုးပြီး ရန်တွေဖြစ်နေမလား...?
ကိုယ် စိတ်ပူတယ် ကောင်လေးရာ...။
"ဒေါက်တာ..! ဒေါက်တာ..!"
"Huh... aww inn... အမဘာပြောလိုက်တာလဲ...?"
Neurs အသံကြောင့် ရှင်းချန် သတိပြန်ဝင်လာသော်လည်း အယောင်ယောင်အမှားမှား...။
"ဒေါက်တာ အတွေးလွန်နေတာပဲ... ကျွန်မခေါ်နေတာ 5 ခွန်းလောက်ရှိပြီ..."
"ဟုတ် ကျွန်တော် အတွေးလွန်သွားတယ်...
ဘာပြောလိုက်တာလဲဗျ..."
"အခန်း 108 က လူနာက ခွဲစိတ်ဖို့ လက်ခံလိုက်ပြီတဲ့ ဒေါက်တာ... အခုလေးတင် Ph ဆက်ပြောလို့..."
"ဟုတ်ပြီလေ... ကျွန်တော်တို့ သွားကြည့်ကြတာပေါ့..."
"ဟုတ်"
ဒေါက်တာ အင်အားကလည်းသိပ်မလောက်ချင်တော့ ဘယ်သူ့တာဝန်တွေရယ်လို့ ခွဲခြားထားခြင်းမျိုး မရှိတော့...။ အားလုံးကလည်း ရင်းနှီးပြီးသားတွေမို့ အလုပ်လုပ်တဲ့နေရာမှာ အတော်လေးဆင်ပြေကြသည်။
အသက်တွေကို ကယ်တင်နိုင်တယ်လို့ သူတို့ကိုယ် သိလိုက်ရတဲ့ အချိန်မှာ ကိုယ်ကယ်တင်လိုက်နိုင်တဲ့ လူနာတွေကို ကြည့်ပြီး ဝမ်းသာပီတိဖြစ်ရခြင်းမှာလည်း ဘယ်အရာနှင့်မျှ မတူပါလေ...။
ဒါဟာ သူတို့ဂုဏ်ယူလေးစားရတဲ့ ဒေါက်တာဆိုတဲ့ အလုပ်ရဲ့အကျိုးကျေးဇူးတွေထဲက တစ်ခုပေါ့...။
Advertisement
💓💓💓💓💓💓💓💓💓💓💓💓💓💓
Updated _ 2121 words 💞
အားလုံး ကျန်းမာရေးဂရုစိုက်ကြပါဗျ... ❤
Royal တော့ စာရေးရတာ ၊ စာစစ်ရတာတွေနဲ့တင် မျက်ရိုးတွေ တကယ်ကိုက်တယ်...❣
ဒါပေမယ့် Readers လေးတွေ ပေးတဲ့ အားဆေးလေးတွေနဲ့ပဲ စာတွေ ဆက်ရေးဖို့ ကြိုးစားနေနိုင်တာပါ...📝
Silent readers လေးတွေအပါအဝင် vote ပေးကြတဲ့ သူလေးတွေ ၊ ment ပေးကြတဲ့ သဲငယ်လေးတွေ ပြီးတော့ RL လေးတွေအတွက်ရော ၊ Royal ရဲ့ ချစ်ရတဲ့ followers လေးတွေပါ အားလုံးကို Royal စိတ်ရင်းနဲ့ ကျေးဇူးတင်ပါတယ်...💞
Thanks you all...💌💞
💞 ချစ်ခင်လေးစားလျှက်💞
K.Royalwhite💌💞🤍
Jan 11,2021 (Updated Day) 🖤✨
Zawgyi
ထို့နောက်.....
"ကိုယ် သိပါတယ်...။
"ကိုယ် လက်ခံပါတယ် Baby...။
"ဒါပေမယ့်..."
ခင်ဗျား ပြန်လို့ရပြီ..."
ပြောရက်လိုက်တာ...။
ကောင်းပါပြီ...။
"ခင်ဗျားက တကယ့် $ရူးပဲ..."
ဟုတ်တယ်... ကိုယ်က $ရူး...။
ဘာလို့လည်း သိလား...?
Baby နဲ့ပတ်သတ်ပြီး ဖြစ်တည်လာသမျှ ခံစားချက်တိုင်းကို ကိုယ် တန်ဖိုးထားတယ်...။ နာကျင်စရာတွေ ဖြစ်နေရင်တောင်မှပေါ့...။
Baby ရယ်.....
"ဟူးးးး"
..........💚..........
စိတ်ချပါ...။
........❤.......
1:00 am...
ဟက်..! ရယ်ရတယ်ကွာ...
💓💓💓💓💓💓💓💓💓💓💓💓💓💓
ကိုယ့်ရဲ့ပါပီလေးရေ...
"ဒေါက်တာ..! ဒေါက်တာ..!"
Advertisement
- In Serial755 Chapters
My Little Sweet Wife
She was used by her boyfriend to trap someone. Unexpectedly, things did not go as planned. He is the CEO of one of the largest companies and a son of the Xian family. His heart died once. But what will happen when the two of them meet? Will something ignited between them with their past hanging around their shoulder? Will they learn to love again?
8 6813 - In Serial30 Chapters
My Mate The Alpha King
Read the story to find out.This is my first story so bear with me.Amelia the Alpha of the most powerful pack.Xavier the Alpha prince soon to be the Alpha king.Read their love story.The credit for the cover goes to @_navyblueee_
8 273 - In Serial31 Chapters
Sleeping with my Bestfriend
*Best Friends with complicated benefits*.........."Why don't you?" I asked, my voice was breathless, husky. "Just f*ck me?" I felt the heat of his hands leaving my body."Kyle?" He shook his head."Why not? Why stop now after all we've done?" "I don't want to hurt you, Key," He admitted his reluctance."Hurt me? Hurt me how?" A silent moment passed before he spoke again."Physically." ...........Being the last virgin amongst your peers is embrrassing, especially to Keya Reynolds. She will do anything to break this so called virginity even if it means asking her best friend of eight years, Kyle Reyes. WARNING: You see that R sign? Yup, that's a symbol for you to be aware that this *WILL* -emphasis on "will"- contain R-rated scenes. So, read at your discretion.Copyrights © 2013. By A. L. Nkobi. All rights Reserved.
8 105 - In Serial65 Chapters
Deja Vu: The Healer
I marked her and I didn't even know her name.--Going to her best friend's wedding in a forest lodge, Caroline can't help but feel like she's been there before. Beta William is angry that the Alpha is allowing the wedding to continue with the nasty werecreature disease that is filling up his dungeon. Their lives are about to get entwined together. Will she remember her childhood? Will she realize she has the power to heal the werewolves? Will she realize she's actually talking with that handsome Beta in her mind and not just crazy? Complete: word count 130,000#1 in Werewolf 9/22---Mate.We stared at each other and I felt like a bubble built up around us. The world didn't matter, it was like we were in a completely bleached room. His eyes bore into mine, unblinking and breathtaking.My hand moved on its own and I touched his chest, my fingers skimming over where his heart pounded in time with mine. HeartThen my fingers glided to his neck.Wordand then to his temple Thoughtand finally, down his chin through the spikes of his facial hair. All the while, our eyes connected. His cobalt color started shifting and gold pierced through. My breath left me in an audible long sound, clearing my lungs. It was at that that my head tilted slightly, and I bent my chin to my shoulder, my hand again doing what it wanted and pulling the collar away from my neck.Suddenly pain was at my shoulder and teeth were being bit into me!
8 391 - In Serial11 Chapters
Festival Lights
Matthew first saw her dancing in the crowd, the crown in her hair reflecting the festival lights. She twinkled.Nalini first noticed him when she heard the gravitas in his voice. She looked up at the stage and saw the festival lights flashing around him. He twinkled. What happens when a budding musician and an ambitious fashion blogger lock eyes at a music festival? Dive into the festival lights and fights as Matthew and Nalini navigate their feelings.Cover Image Photo: Matthew Reyes. Unsplash. IG: @visionaryimaging
8 224 - In Serial47 Chapters
Lawfully Wedded
*COMPLETED*This is the story about Rohan and SanjanaRohan Mehra is an established lawyer who always fights for justice, who doesn't care about money if it means he'll bring justice. He and his brother co-own a law firm. Sanjana Shukla is a girl with many issues. She has trust issues and suffered from nightmares. She holds two degrees in law. So what happens when Sanjana, who hates men is pulled into the twist of fate? What will happen to them? Will she finally let go of her prejudices and let Rohan in? Or will she push him away too?
8 72985