《အမုန်းအားဥပေက္ခာပြု၍ [အမုန္းအားဥေပကၡာျပဳ၍] {Complete}》Ep - 19
Advertisement
Unicode
~~2nd exam day~~
အခုဆို Yibo တို့ ဆေးကျောင်းမှာ စာမေးပွဲဖြေတာ နှစ်ရက်မြောက်ရောပေါ့...။
စာတွေကို အေးအေးဆေးဆေးနဲ့ ဖြေဆိုနိုင်သော်လည်း စိတ်ထဲ တစ်ခုခုထင့်နေသလို ရှိတာကြောင့် လူက နေရတာအဆင်ပြေမနေ...။ ဘာက အဆင်မပြေဖြစ်လို့ဖြစ်နေမှန်းလည်းမသိ...။
ဒီလို ခံစားချက်ကြီးတွေကို အရမ်းမုန်းတာ...။
မတင်မချ ခံစားကြီးတွေ...။
ကိုယ့်ကိုယ်ကို ဘာဖြစ်လို့ ဖြစ်နေမှန်းကို မသိရတဲ့ ခံစားချက်ကြီးတွေ...။
ဆိုင်ကယ်ကိုရပ်ပြီး ဆိုင်ကယ်ဦးထုပ်လေးကို ချွတ်နေချိန် တစ်ယောက်ယောက်ကြည့်နေသလို ခံစားရတာကြောင့် အနောက်ဘက်ကို လှည့်ကြည့်လိုက်သည်။
"ဝမ်ချောင်" တို့အဖွဲ့.....
ဒီကောင်တွေ ပြသနာလာရှာပြန်ပြီလား...?
ဒီကလည်း မင်းတိုနဲ့ တစ်ပွဲလောက်နွှဲချင်နေတာ... ဟက်!
ပါးပါးအိမ်မှာဆိုရင် "ဝမ်ချောင်" တို့ အိမ်က YB တို့နဲ့ တစ်ရပ်ကွက်ထဲဖြစ်သည်။
ငယ်ငယ်ကတည်းကအစ,ခံ အနောက်ခံဖြစ်နေရတာ အဲ့ကောင် "ဝမ်ချောင်" ပါးစပ်ဖွာခဲ့လို့...။ ဆေးကျောင်းစ,တက်တဲ့ 1st year တုန်းကလည်း ကျောင်းထိလာပြီး ရန်ပွဲနွှဲခဲ့ကြသေးသည်။
အဲ့နောက် အဲ့ကောင်တွေ ကြောက်ပြီး ပေါ်မလာတော့တာလေ...။ မင်းတို့ကမှ တကယ့် ငကြောက်ကောင်တွေ...။
Yibo အိမ်ပြောင်းလာတာ ဒါတွေလည်း ပါသည်။ စိတ်သစ်လူသစ်နဲ့ ပတ်ဝန်းကျင်သစ်မှာ တစ်ယောက်တည်း အေးအေးဆေးဆေးသာ နေလို၏။
အရင်လို ထွေးပွေ့ပြီး မေတ္တာတွေပေးမယ့် မား မရှိတော့တဲ့ အိမ်ကြီးထဲမှာ မနေချင်တော့တာကလည်း ထပ်လောင်းအချက်တစ်ချက်ဖြစ်ပါသည်။
Yibo က ကျောင်းထဲမှာဆိုတော့ "ဝမ်ချောင်" တို့အဖွဲ့ သိပ်မလှုပ်ရဲကြ...။
ကျောင်းအပြင်လို့လည်း ပြောလို့ရ, အတွင်းလို့လည်း ပြောလို့ရတဲ့ ချောင်ကျကျနေရာမှာ အဖွဲ့လိုက်စုပြီး ကြည့်နေကြ၏။
စာမေးပွဲလာဖြေတဲ့ ကျောင်းသားတွေ, ဆရာတွေ, ကျောင်းစောင့်တွေကလည်း အနီးနားတွင်ရှိနေကြသည်။
ပြီးတော့ ဒါက ကိုယ့်နယ်မြေကိုး...။
အားအားယားယား အလုပ်မရှိအကိုင်မရှိ ကလေကချေ ကောင်တွေ...။
Wang Yibo ဆိုတဲ့ ငါက မင်းတို့ကိုကြည့်ပြီး "ဟက်" ကနဲတောင် မရယ်ချင်ဘူး...။
စာမေးပွဲခန်းဝင်ဖို့ အချက်ပေးသံကြားတော့ Yibo အခန်းရှိရာဆီသို့ အေးအေးဆေးဆေးပဲ လျှောက်လာခဲ့၏။
စာမေးပွဲခန်းထဲက ပြန်ထွက်လာရင်တော့ တစ်ပွဲတစ်လမ်းလောက်နွှဲဖို့ တေးထားလိုက်သည်။
......................
"Yibo ဖြေနိုင်လား...?"
စာမေးပွဲခန်းထဲတုန်းက မြန်မြန်ပြီးအောင်ဖြေပြီး အစောကြီး ထွက်လာတာကို "ကျင်းရီ" ကလည်း ထွက်ဖြစ်အောင် ထွက်လာသေး၏။
"Omm"
Omm တစ်လုံးသာ ဖြေလျက် YB ဆက်သွားမည်ပြုတော့...
"စစ်ကျွေး ကို ခနစောင့်ရအောင်လေ... တူတူသွားကြတာပေါ့..."
"လန်ကျင်းရီ" ရဲ့စကား ကြားတော့ Yibo ခပ်အေးအေးပဲ ပြန်ဖြေလိုက်သည်။
"ငါ သွားစရာရှိသေးတယ်..."
ကိုယ့်အကြောင်းနဲ့ ကိုယ်မို့ သူငယ်ချင်းတွေကိုပါ မထိခိုက်စေချင်...။
ကိုယ့်ပြသနာ ကိုယ်ရှင်းရမှာပေါ့...။
ယောကျာ်းပဲ...
တစ်ယောက်တည်းလည်း ဖြစ်တယ်...။
Yibo တွေးထားတာက ဆိုင်ကယ်နားရောက်တာနဲ့ အဲ့ကောင်တွေ ပေါ်လာပြီး စိန်ခေါ်တော့ ရန်ပွဲဖြစ်လိမ့်မယ်ပေါ့...။
အခုလက်တွေ့ Yibo ဆိုင်ကယ်ထားတဲ့ နေရာရောက်လာတော့ လူရိပ်တောင် မမြင်ရ...။
ဒီရက်ပိုင်း ခံစားခဲ့ရတာတွေကို အတိုးချပြီး အဲ့ကောင် "ဝမ်ချောင်" ကို အမှုန့်ကြိတ်ပစ်မယ် စိတ်ကူးထားသမျှ အခုတော့ သဲထဲရေသွန်သာ...။
အဲ့ကောင်တွေရဲ့ အမြှီးတောင် မတွေ့ရ...။
$ကြောက်တွေ...။
ထိုချိန် "စစ်ကျွေးနဲ့ကျင်းရီ" အနားရောက်လာကြောင့် YB ဆိုင်ကယ်ဦးထုပ်ဆောင်းကာ အိမ်ပြန်ဖို့ ပြင်လိုက်သည်။
"Yibo ကကွာ လုပ်လိုက်ရင် အဆန်းတွေချည်းပဲ...။ 'သွားစရာရှိလို့' ဆိုပြီးတော့ သူ့လူကြီးနဲ့ လာချိန်းတွေ့တယ် ဟွန်း..! ဒါများ တူတူလာကြတာ မဟုတ်ဘူး... "
"ကျင်းရီ" ပြောလိုက်တဲ့ စကားကြောင့် Yibo ဆိုင်ကယ်ဦးထုပ် ဆောင်းနေတဲ့ လက်တွေ ခနတာ ရပ်တန့်သွားသလို ခံစားလိုက်ရသည်။
ပြီးမှ ကိုယ်ဟန်ဖို့ကာ ဦးထုပ်မေးသိုင်းကြိုးကို ဟန်ပါပါတပ်လိုက်ရင်း.....
"ဘယ်တုန်းကလဲ...?"
"ဟာ... ငါတို့ကို မျက်ကန်းတွေများ ထင်နေတာလား..? မင်းလူကြီးရဲ့ကား ငါတို့လာမှ ကျောင်းရှေ့ကထွက်သွားတာ ဒီမျက်လုံးကြီးနဲ့ကို မြင်လိုက်တာ...။ မင်းလူကြီးရဲ့ကားမှ မင်းလူကြီး ကား အစစ်...။ ဘာလဲ...? 'စာမေးပွဲပြီး တစ်ဝိုင်းစာ' ဆိုပြီး မင်းလူကြီးကို ကျွေးခိုင်းမှ ကြောက်လို့လား...? ဟဲဟဲ... Bar ပိုင်ရှင်ပဲကွာ နဲနဲပါးပါးပေါ့ မင်းကလည်း..."
"ကျင်းရီ" ရဲ့ မျက်နှာချိုသွေးကာ ပြောလာသော စကားကြောင့် Yibo မျက်မှောင်ကြုတ်လျက်...
"မကျွေးနိုင်ဘူး သားကြီး...
ကျွေးလည်း မကျွေးခိုင်းဘူး... နော်...
စားချင် ကိုယ့်အိမ် ကိုယ် ပြန်စား..."
Yibo ဘောက်ဆက်ဆက် ပြန်ပြောပြီးတာနဲ့ ဆိုင်ကယ်ပေါ်တက်ကာ မောင်းထွက်လာခဲ့တော့သည်။
(**အငတ်တွေနဲ့ လာတွေ့နေတယ်...**)
ကျန်ခဲ့တဲ့ "လန်စစ်ကျွေးနဲ့လန်ကျင်းရီ" ကတော့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်လျက်...
မနေနိုင်တဲ့ "လန်ကျင်းရီ" ကတော့ ပါးစပ်မှ ဖွင့်ဟလေ၏။
"Wang Yibo ရာ... Wang Yibo... မင်းက လင်ရှိ လူတန်းစားတွေဆိုတော့ ပြောထားဦးပေါ့...။ မရခင်ကတည်းကသူ့လင် ပစ္စည်းတွေကို တွန့်တိုပြနေတာ...။ ပြောသာပြောရတယ် သူ့လင်ကလည်း သူ တစ်ချက်ပြောလိုက်တာနဲ့ အကုန်ဖြစ်စေရမယ် ဆိုတဲ့ Type ကြီး...။ ငါတို့တော့ စားရမယ့်ကိန်းမမြင်ဘူး...။ ဟွန်းးး..."
ဘေးက "စစ်ကျွေး" က "ကျင်းရီ" စကားကြောင့် နပမ်းတစ်ချက်ပိတ်အုပ်လိုက်ကာ ပါးစပ်မှလည်း...
"အငတ်!"
ဟု ဆဲရေးလေတော့သည်,
"စစ်ကျွေး" တစ်ယောက် မောင်းထွက်သွားတဲ့ YB ဆိုင်ကယ်ကိုလည်း တစ်ဆုံးလိုက်ကြည့်ရင်း ဘေးနားက အငတ်ကောင်ကိုလည်း တစ်ချက်ကြည့်ကာ နှစ်ယောက်လုံး "မနိုင်ဘူး" ဆိုသည့် အမူအရာနှင့် ခေါင်းတစ်ခါခါ လုပ်နေလေ၏။
"ကျင်းရီ" ကတော့ နာသွားတဲ့ ခေါင်းကို ကိုင်ကာ ရှုံ့မဲ့နေတော့သည်။
..........................
"Hay... Xiao Zhan..."
လေဆိပ်ရောက်တော့ Michel ကို ရှာနေတုန်း ခေါ်သံကြောင့် လှည့်ကြည့်မိ၏။
Advertisement
"Michel..."
နှစ်ယောက်သား မတွေ့တာ ကြာပြီဖြစ်တာကြောင့် အနားရောက်တော့ ပွေ့ဖက်ကာ နှုတ်ဆက်ဖြစ်၏။
"ဒါက ငါ အမြဲပြောပြနေတဲ့ ငါ့ Bae လေးလေ... နာမည်က Jack တဲ့... ဒါက ကိုယ်ပြောပြနေကျ ကိုယ့်သူငယ်ချင်း Xiao Zhan..."
Michel က နှစ်ယောက်ကို အပြန်အလှန်မိတ်ဆက်ပေးနေသည်။
Jack ဆိုတာကလည်း Michel ကျောင်းတုန်းက သူ ပြောနေကျ Cute Type လေးပါပဲ...။
အင်္ကျီအဖြူရောင်လေးနဲ့ ဂျင်းဘောင်းဘီမတိုမရှည်လေးကို တွဲဖက်ဝတ်ဆင်ထားကာ ဆံပင်ရွှေအိုရောင်လေးနဲ့ Jack က Michel နဲ့ အသက်တော်တော်ကွာပုံရ၏။
ကာပြားဖြစ်တာကြောင့် ရုပ်ရည်က တစ်မျိုးလေးနှင့် ချစ်ဖို့ကောင်းနေကာ အသားအရေကတော့ မနီလွန်းမဖြူလွန်းပေမယ့် အသားအရောင် လက်တဲ့ အမျိုးအစားထဲမှာပါသည်။
ဘယ်လိုပဲ ဖြစ်နေပါစေ...။
Michel ရဲ့ Jack က Xiao Zhan အတွက်တော့ သာမန်ပါပဲ...။
Xiao Zhan ရဲ့ မျက်လုံးထဲမှာတော့ Baby တစ်ယောက်တည်းကသာ နှစ်ယောက်မရှိသည့် လုံးဝ Perfect ဖြစ်တဲ့ ကလေးလေးတစ်ယောက်အဖြစ်သာ မြင်ပါသည်။
"တွေ့ရတာ ဝမ်းသာပါတယ်"
"ဟုတ်ကဲ့ တွေ့ရတာ ဝမ်းသာပါတယ်"
Xiao Zhan ရဲ့ နှုတ်ဆက်စကားကို Jack က တရုတ်လိုပဲ ပြန်ဖြေ၏။
ဒါမယ့် နည်းနည်းတော့ဝဲသည်။
"Aww Bae ကလည်း တရုတ်စကားတတ်တယ်... ဒါမယ့် နည်းနည်းတော့ ဝဲတယ်..."
Jack နဲ့စကားပြောကြည့်တော့ Michel ကပါ ဝင်ထောက်ပေး၏။
Xiao Zhan ကတော့ Michel စကားကို ခေါင်းတစ်ချက်ဆက်ပြကာ တုံ့ပြန်လိုက်သည်။
"Omm par မင်းတို့လည်း နားချင်ရောပေါ့...။ သွားရအောင်လေ Hotel လိုက်ပို့မယ်..."
XZ လေဆိပ်ကနေ ထွက်ဖို့ ခေါ်တော့ Michel က တစ်ခုခုထူးဆန်းသည့် ပုံစံဖြင့် XZ မျက်နှာကို သေချာစူးစိုက်ကြည့်လာကာ...
"Xiao Zhan မင်း နှုတ်ခမ်းနားက ဘာဖြစ်တာလဲ...? ဖြစ်တော့ မဖြစ်နိုင်ပေမယ့် မင်းရဲ့ လေးလေးနဲ့ ရန်ဖြစ်လာတာလား...?"
XZ ရဲ့ ပေါက်ပြီး ညိုနေတဲ့ နှုတ်ခမ်းနားက ဒဏ်ရာကြောင့် Michel မေးလိုက်ခြင်းဖြစ်သည်။
"အာ... မဟုတ်ပါဘူး ဒီတိုင်းပဲ ထိခိုက်မိတာ... အေးဆေးပါ ဘာမှမဖြစ်ပါဘူး..."
"Apk မင်း အဆင်ပြေတယ်ဆိုလည်း ပြီးတာပါပဲ... ငါက ရန်များဖြစ်လာတာလားလို့..."
"သွားရအောင်လေ..."
Michel ရဲ့ စကားကို ပြန်မဖြေပဲ XZ သွားဖို့သာ ပြောလိုက်တော့သည်။
အလိုက်သိတဲ့ Michel ကလည်း စကားလမ်းကြောင်း ပြောင်းသွားလျက်...။
"Bae ကိုယ်တို့တော့ ဒီကောင်ကြီးကြောင့် Hotel ခ,သက်သာသွားပြီ ဟားးး..."
"Darlin ကလည်း ကိုယ့်သူငယ်ချင်းကို..."
"ဟားးး"
Michel ကတော့ သူ့ကောင်လေးနဲ့ စကားပြောရင်း ရယ်ရယ်မောမော လိုက်ပါလာကြသည်။
လေဆိပ်မှ ထွက်ခွာလာတဲ့ အနက်ရောင်ကားလေးတစ်စီးဟာ "King" Bar Hotel ရှိရာဆီသို့ ဦးတည်ကာ မောင်းနှင်နေလေ၏။
................................
Hotel က VIP ခန်းမှာ Michel တို့ကို နေရာချပေးပြီး ဝန်းထမ်းတွေကိုလည်း သေချာဂရုစိုက်ပေးဖို့ ထပ်မှာခဲ့သေးသည်။
Hotel က အထွက် Bar ရောက်တော့ XZ ကိစ္စတစ်ခုကို အမြန် စုံစမ်းခိုင်းခဲ့၏။
ဒီငနဲလေးတွေကို ဒီတစ်ခါတော့ မသတ်သေးပါဘူး...။ လွှတ်ပေးလိုက်ဦးမယ်...။
ဒါပေမယ့် ပညာလေးနဲနဲပါးပါးတော့ ပြရသေးတာပေါ့... ဟက်!
သူတို့လာရှုပ်ဖို့ ကြိုးစားနေတဲ့ Wang Yibo ဆိုတဲ့ Baby လေးက Xiao Zhan ဆိုတဲ့ ကိုယ်တောင် မထိရက်မကိုင်ရက်နဲ့ ပိုးမွေးသလို ဥထားရတဲ့ ကလေးလေးတစ်ယောက်ပါကွ...။
💓💓💓💓💓💓💓💓💓💓💓💓💓💓
*ဒေါက်..! ဒေါက်...!*
သားလေးရေ... ရွှယ်ရန် ထမင်း လာစားပါဦး သားရယ်..."
အခန်းတံခါးရှေ့မှ တံခါးခေါက်ကာ အပြင်ထွက်လာဖို့အရေး လာဖြောင်းဖြနေတဲ့ မား ကိုလည်း ကြာတော့ "ရွှယ်ရန်" အားနာလာ၏။
တစ်နေ့ တစ်နေ့ အခန်းပြင်ထွက်မလာ, ထမင်းလည်း ထွက်မစားသည့် သားတော်မောင်ကို စိတ်ပူနေရှာမှာပေါ့...။
ဒါပေမယ့် မားတို့မသိသေးတာက ဒီသားတော်မောင်ရဲ့ အခန်းထဲမှာ ဆိုင်ဖွင့်လို့ရအောင်ကို မုန့်တွေအစုံရှိတယ် ဆိုတာပါပဲ...။
အသည်းကွဲနေတာ သက်သက်...
ဗိုက်က သက်သက်ပဲလေ...။
နှလုံးသားနဲ့ ဝမ်းဗိုက်နဲ့ အဝေးကြီးဟာကို...
ကိုယ့်ကိုယ်ကိုတော့ အငတ်မခံနိုင်ပါဘူး။
အပြင်ထွက်ချင်စိတ်မရှိတာကြောင့် ထမင်း ထွက်မစားဖြစ်တာလေးပါပဲ...။
ဒါပေမယ့် ထမင်းတွေ မုန့်တွေ အခန်းရှေ့ကို မား လာထားကြည့်ပါလား...?
အဲ့လောက်ကတော့ ထွက်ယူပါတယ်...။
မားကအပြင်ထွက်ချင်စိတ်ရှိအောင်ပဲ လာဖြောင်းဖြနေတာ...။
မုန့်ကျတော့ တခါတလေမှ အခန်းရှေ့လာထားတယ်...။
မားကလည်း စိတ်ဓာတ်ပဲ... :(
တော်သေးတာပေါ့ အသဲကွဲလာတဲ့နေ့ကတည်းကPlazaတစ်ပတ်,ပတ်ခဲ့လို့...။
တစ်ချို့ရန်ပွဲတွေကိုသာ စိတ်မပါလို့ ကျော်ချင်ကျော်ချင်သွားမယ်...။
ဒါမျိုးဆို "ရွှယ်ရန်" တို့က လုံးဝ ကျော်မသွားဘူး...။
*ဒေါက်... ဒေါက်...*
"ရွှယ်ရန် သား သွားချင်တဲ့ နေရာတွေ လိုက်ပို့မယ်လေကွယ်... တံခါးဖွင့်ပါဦး... သားလေး ဘယ်သွားချင်လဲ...?"
*ဒေါက်... ဒေါက်...*
"မား.!! သား တစ်ယောက်တည်း နေချင်တယ်ဗျာ..."
နောက်ဆုံး အားနာမိပေမယ့် စိတ်ဆက်တဲ့သူဆိုတော့ မား ကို အော်လိုက်မိပြန်ရော...။
ရွှယ်ရန်ဆိုတဲ့ ကျွန်တော်က ဒီလိုလူမျိုးပါပဲ...။
"အေးပါကွယ်... သား သွားချင်တဲ့ နေရာလေးတွေရှိရင် မားတို့ကိုပြောနော် အခန်းထဲမှာချည်းပဲ မနေပါနဲ့ကွယ်... ဒါဆိုလည်း အေးအေးဆေးဆေး နေနော် သားလေး..."
မား ကတော့ ပြောပြီး အိမ်အောက်ပြန်ဆင်းသွားပါပြီ...။
Advertisement
"ရွှယ်ရန်" တစ်ယောက် ကုတင်ဘေးက စားပွဲအံဆွဲလေးကို ဖွင့်ပြီး မုန့်ထုပ်လေးတစ်ထုပ် ဖောက်စားလိုက်၏။
'ကို' ရေ...
ကျွန်တော် မှားသွားခဲ့တယ်ဗျာ...။
.................................
"ဒေါက်တာ ဒေါက်တာ့အတွက် စာလေးတစ်စောင်ရောက်လာတယ်..."
"Aww ဟုတ် ဆရာမ... ဒါနဲ့ ဘယ်သူလာပေးသွားတာလဲဟင်...?"
"ရှင်းချန်" တကယ် သိချင်စောနဲ့ neurs လေးကို မေးလိုက်တာပါ...။
နယ်ဘက်ကို ခရီးထွက်ရမယ့်ရက်လည်း နီးလာခဲ့ပြီ...။ မနေ့က ခေါ်စာကျလာပြီး "ရှင်းချန်" ကိုယ်တိုင် ဦးဆောင်ကာ မနက်ဖြန်ဆိုသွားရတော့မည်။
အဆိုးလေးသာ အခုချိန်ရောက်လာရင် ပြေးဖက်ထားမိမှာပဲ...။ ခနလေးပဲဖြစ်ဖြစ် အဆိုးလေးရဲ့ မျက်နှာလေးကို ဘေးကနေ တဝကြီး ထိုင်ကြည့်နေချင်သေးသည်။
အဆိုးလေးရေ...
မင်းလေး ကိုယ့်ကို နားမလည်ပေးနိုင်တာ ခက်တယ်ကွာ...။
ဒါပေမယ့် ကိုယ်ပြန်လာရင် မင်းလေးကို အရင်ကထက်အများကြီး ပိုပြီး ဂရုစိုက်ပေးပါ့မယ်...။
"မင်းလေး ကိုယ့်ကို မမုန်းပါစေနဲ့" လို့သာ ဆုတောင်းပါတယ် ကောင်လေးရာ...။
ကိုယ် မင်းလေးကို အရမ်းချစ်တယ်...။
"ဒေါက်တာ ကြားရဲ့လား...? ကျမ ပြောလိုက်တာ..."
အရှေ့က neurs လေးက တွေတွေကြီး ဖြစ်နေတဲ့ "ရှန်းချန်" ကို ကြားအောင် ခေါ်ပြီးထပ်ပြောရသေး၏။
"Aww... omm... ဆရာမ ဘာပြောလိုက်တာလဲဗျ...?"
"ဒေါက်တာ့ရဲ့ကောင်လေးတော့မဟုတ်ဘူးလို့ပြောတာပါ... စာလာပို့တဲ့ လူက... အဲ့တာပြောနေတာ..."
"ဟုတ် ကျေးဇူးပါနော်..."
"ရပါတယ် ဒေါက်တာ သွားခွင့်ပြုပါဦး..."
"ရှင်းချန်" neurs လေးကို ခေါင်းတစ်ချက်သာ ငြိမ့်ပြလိုက်သည်။
ဒါဆို ဒီစာက ဘယ်သူဆီက ပါလိမ့်...။
အချိုးညီညီ ခေါက်ထားတဲ့ စာလေးကို ဖြန့်ဖတ်လိုက်တယ် ဆိုရင်ပဲ "ဒေါက်တာ ရှင်းချန်" မျက်လုံးတို့ အရောင်တွေသိသိသာသာ တောက်ပလာခဲ့သည်။
သို့/
ကို
အဲ့ဒီနေ့က ကျွန်တော့်အမှားလည်းပါ,ပါတယ်...။ ကို့ကို နားလည်ပေးခဲ့သင့်တယ်...။ ကို အရမ်းမြတ်နိုးပြီး ဂုဏ်ယူနေတဲ့ ဒေါက်တာအလုပ်နဲ့ ကျွန်တော်နဲ့ကို ယှဥ်ပြီး မရွေးခိုင်းခဲ့သင့်ဘူး...။ ကို အရမ်းစိတ်ပင်ပန်းသွားမှာပဲ...။ ဒါပေမယ့် ကို က အလုပ်ကိုရွေးသွားတော့ ကျွန်တော် တကယ်စိတ်မကောင်းဘူး...။
ဆွဲထားတဲ့ လက်တွေကို မျှော်လင့်တကြီး ကြည့်မိသေးတယ်...။ ဒါပေမယ့် ကိုက ဘာမှ,မှမပြောတာ...။ ဒီတော့ အလုပ်ကို ရွေးသွားတယ်လို့ပဲ မှတ်ယူထားတယ်...။ စိတ်မကောင်းဖြစ်ခဲ့ရုံကလွဲရင် ကို့ကို ကျွန်တော် မမုန်းပါဘူး...။
ဘာလို့ဆို ကျွန်တော့်လို အလုပ်မရှိအကိုင်မရှိကောင်က ချစ်သူရဲ့တန်ဖိုးထားတဲ့ အလုပ်ကို လက်လွှတ်ခိုင်းတယ်ဆိုတာ မဖြစ်သင့်ဘူးလေ...။
ရယ်ရတယ်မလား...?
ကို... ခင်ဗျားကြီး နယ်ဘက် သွားရမယ့်ရက်ကို ကျွန်တော် သိပြီးပြီ...။
မနက်ဖြန် မနက်စောစောစ,ထွက်တော့မှာပေါ့...။ ကျွန်တော် လိုက်မပို့နိုင်တော့ဘူး...။
ခင်ဗျားကိုတွေ့ရင် ကျွန်တော် ဆွဲထားမိလိမ့်မယ်...။ အဲ့ဒီနယ်ဘက်မှာ ကပ်ရောဂါတွေ ပြန့်နေတယ်...။ ကိုယ့်ကိုယ်ကို ဂရုစိုက်မယ်ပါ့လို့ ကျွန်တော့်ကို ကတိပေးပါ...။
ကျွန်တော့်ကို ရန်လည်းမဖြစ်ပဲ လိမ္မာစေချင်တယ်ဆို...။ ဒါဆို ခင်ဗျားကြီး ဘာမှမဖြစ်ပဲ မြန်မြန်ပြန်လာခဲ့ပါ...။ ဒါဆို ကျွန်တော် လိမ္မာအောင်နေမယ်...။
ခင်ဗျားကြီး မြန်မြန်ပြန်လာရင် ညစာလည်း အဝကျွေးမယ်ဗျာ...။
ကျွန်တော်ပြောပြီးသားနော်...။ ကျွန်တော် လိမ္မာနေတာ ခင်ဗျားမြင်ချင်ရင် ဘာမှမဖြစ်ပဲ မြန်မြန်ပြန်လာခဲ့...။ ကျွန်တော်လည်း ကိုယ့်ကိုယ်ကို ပြုပြင်နေပါပြီ...။
ကျွန်တော် ခင်ဗျားကြီးကို ချစ်တယ်...။
ခင်ဗျား ကျွန်တော့်ကို အရမ်းချစ်တာလည်း ယုံတယ်...။ ကျွန်တော့်ကို အချိန်တိုင်း သတိရနေပေးပါ...။ ကျွန်တော် ခင်ဗျားကြီးကို အရမ်းလွမ်းနေတော့မှာ...။
ဒါကြောင့် ခင်ဗျားကြီးက ဘာမှမဖြစ်ပဲ မြန်မြန်ပြန်လာခဲ့နော်...။
ဒေါက်တာ့ရဲ့ပါပီလေး💕
~~~~~~~~~~~~~~~~~~~~
"ရှင်းချန်" မျက်ဝန်းမှာ မျက်ရည်စတို့ နေရာယူခဲ့ပြီ...။
အဆိုးလေးကို စိတ်ဆက်ပြီး တစ်ဇွတ်ထိုးဆန်တဲ့ , ရန်ဖြစ်ဖို့ပဲ သိတဲ့ ကောင်လေးလို့ထင်ခဲ့မိတာ ကျွန်တော် အရမ်းမှားသွားတာပဲ...။
ကောင်လေးရေ... အခုချိန် မင်းလေး ကိုယ့် အနားမှာသာရှိရင် တင်းနေအောင် ဖက်ထားမိမှာ...။ ကိုယ် တောင်းပန်ပါတယ့ ကောင်လေးရာ...။ နယ်ဘက်မှာလည်း ဆရာဝန်အင်အားက လုံးဝ မလောက်ဘူး...။ ကပ်ရောဂါကြောင့် ဒေါက်တာတွေရော ပြည်သူတွေရောပါ ထိခိုက်နေတယ် ကလေးရဲ့...။ ကြာလို့ ရောဂါတွေ မြို့ထဲပြန့်လာရင် မတွေးရဲစရာပဲ...။
ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ့မယ်လို့လည်း မင်းလေးကို ကိုယ် ကတိပေးပါတယ်...။
ကိုယ် လုံးဝ နေမကောင်းမဖြစ်ပဲ မြန်မြန်ပြန်လာနိုင်အောင် ကြိုးစားပါ့မယ်...။
ကိုယ် မင်းလေးကို သတိမရတဲ့ အချိန်ဆိုတာ ကိုယ်သေရင်တောင် ရှိမယ်မထင်ဘူး...။
ကိုယ့်ရဲ့ လိပ်ပြာကအစမင်းလေးကိုအမြဲ သတိရနေမှာပါ ပါပီလေးရေ...။
ကိုယ့်ကို ယုံကြည်ပေးပါ...။
ကိုယ် ပြန်လာရင် မင်းလေးအတွက် အချိန်တွေ အများကြီးပေးမယ်...။ မင်းလေးကို ဒီ့ထက်ပိုပြီး အများကြီး ချစ်ပေးမယ်...။ အများကြီး ပိုပြီး ဂရုစိုက်ပေးမယ်...။
မင်းလေး အပေါ်ပျက်ကွက်ခဲ့သမျှတာဝန်တွေကို ကိုယ်ပြန်လာရင် ထမ်းဆောင်ပေးမယ်...။
ကိုယ်လည်း ပါပီလေးကို အရမ်းချစ်တယ်...။
ကိုယ်ပြန်လာရင် မင်းလေးနဲ့ ဘယ်တော့မှ မခွဲတော့ဘူး...🧡
💓💓💓💓💓💓💓💓💓💓💓💓💓💓
Updated _ 3075 words 💞
အစစအရာရာဂရုစိုက်ကြပါနော် ❤
Thanks you all...💌💞
💞 ချစ်ခင်လေးစားလျှက် 💞
K.Royalwhite💌💞🤍
Jan 14,2021 (Updated Day) 🖤✨
Zawgyi
~~2nd exam day~~
အခုဆို Yibo တို႔ ေဆးေက်ာင္းမွာ စာေမးပြဲေျဖတာ ႏွစ္ရက္ေျမာက္ေရာေပါ့...။
စာေတြကို ေအးေအးေဆးေဆးနဲ႕ ေျဖဆိုနိုင္ေသာ္လည္း စိတ္ထဲ တစ္ခုခုထင့္ေနသလို ရွိတာေၾကာင့္ လူက ေနရတာအဆင္ေျပမေန...။ ဘာက အဆင္မေျပျဖစ္လို႔ျဖစ္ေနမွန္းလည္းမသိ...။
ဒီလို ခံစားခ်က္ႀကီးေတြကို အရမ္းမုန္းတာ...။
မတင္မခ် ခံစားႀကီးေတြ...။
ကိုယ့္ကိုယ္ကို ဘာျဖစ္လို႔ ျဖစ္ေနမွန္းကို မသိရတဲ့ ခံစားခ်က္ႀကီးေတြ...။
ဆိုင္ကယ္ကိုရပ္ၿပီး ဆိုင္ကယ္ဦးထုပ္ေလးကို ခြၽတ္ေနခ်ိန္ တစ္ေယာက္ေယာက္ၾကည့္ေနသလို ခံစားရတာေၾကာင့္ အေနာက္ဘက္ကို လွည့္ၾကည့္လိုက္သည္။
"ဝမ္ေခ်ာင္" တို႔အဖြဲ႕.....
ဒီေကာင္ေတြ ျပသနာလာရွာျပန္ၿပီလား...?
ဒီကလည္း မင္းတိုနဲ႕ တစ္ပြဲေလာက္ႏႊဲခ်င္ေနတာ... ဟက္!
ပါးပါးအိမ္မွာဆိုရင္ "ဝမ္ေခ်ာင္" တို႔ အိမ္က YB တို႔နဲ႕ တစ္ရပ္ကြက္ထဲျဖစ္သည္။
ငယ္ငယ္ကတည္းကအစ,ခံ အေနာက္ခံျဖစ္ေနရတာ အဲ့ေကာင္ "ဝမ္ေခ်ာင္" ပါးစပ္ဖြာခဲ့လို႔...။ ေဆးေက်ာင္းစ,တက္တဲ့ 1st year တုန္းကလည္း ေက်ာင္းထိလာၿပီး ရန္ပြဲႏႊဲခဲ့ၾကေသးသည္။
အဲ့ေနာက္ အဲ့ေကာင္ေတြ ေၾကာက္ၿပီး ေပၚမလာေတာ့တာေလ...။ မင္းတို႔ကမွ တကယ့္ ငေၾကာက္ေကာင္ေတြ...။
Yibo အိမ္ေျပာင္းလာတာ ဒါေတြလည္း ပါသည္။ စိတ္သစ္လူသစ္နဲ႕ ပတ္ဝန္းက်င္သစ္မွာ တစ္ေယာက္တည္း ေအးေအးေဆးေဆးသာ ေနလို၏။
အရင္လို ေထြးေပြ႕ၿပီး ေမတၱာေတြေပးမယ့္ မား မရွိေတာ့တဲ့ အိမ္ႀကီးထဲမွာ မေနခ်င္ေတာ့တာကလည္း ထပ္ေလာင္းအခ်က္တစ္ခ်က္ျဖစ္ပါသည္။
Yibo က ေက်ာင္းထဲမွာဆိုေတာ့ "ဝမ္ေခ်ာင္" တို႔အဖြဲ႕ သိပ္မလႈပ္ရဲၾက...။
ေက်ာင္းအျပင္လို႔လည္း ေျပာလို႔ရ, အတြင္းလို႔လည္း ေျပာလို႔ရတဲ့ ေခ်ာင္က်က်ေနရာမွာ အဖြဲ႕လိုက္စုၿပီး ၾကည့္ေနၾက၏။
စာေမးပြဲလာေျဖတဲ့ ေက်ာင္းသားေတြ, ဆရာေတြ, ေက်ာင္းေစာင့္ေတြကလည္း အနီးနားတြင္ရွိေနၾကသည္။
ၿပီးေတာ့ ဒါက ကိုယ့္နယ္ေျမကိုး...။
အားအားယားယား အလုပ္မရွိအကိုင္မရွိ ကေလကေခ် ေကာင္ေတြ...။
Wang Yibo ဆိုတဲ့ ငါက မင္းတို႔ကိုၾကည့္ၿပီး "ဟက္" ကနဲေတာင္ မရယ္ခ်င္ဘူး...။
စာေမးပြဲခန္းဝင္ဖို႔ အခ်က္ေပးသံၾကားေတာ့ Yibo အခန္းရွိရာဆီသို႔ ေအးေအးေဆးေဆးပဲ ေလွ်ာက္လာခဲ့၏။
စာေမးပြဲခန္းထဲက ျပန္ထြက္လာရင္ေတာ့ တစ္ပြဲတစ္လမ္းေလာက္ႏႊဲဖို႔ ေတးထားလိုက္သည္။
......................
"Yibo ေျဖနိုင္လား...?"
စာေမးပြဲခန္းထဲတုန္းက ျမန္ျမန္ၿပီးေအာင္ေျဖၿပီး အေစာႀကီး ထြက္လာတာကို "က်င္းရီ" ကလည္း ထြက္ျဖစ္ေအာင္ ထြက္လာေသး၏။
"Omm"
Omm တစ္လုံးသာ ေျဖလ်က္ YB ဆက္သြားမည္ျပဳေတာ့...
"စစ္ေကြၽး ကို ခနေစာင့္ရေအာင္ေလ... တူတူသြားၾကတာေပါ့..."
"လန္က်င္းရီ" ရဲ႕စကား ၾကားေတာ့ Yibo ခပ္ေအးေအးပဲ ျပန္ေျဖလိုက္သည္။
"ငါ သြားစရာရွိေသးတယ္..."
ကိုယ့္အေၾကာင္းနဲ႕ ကိုယ္မို႔ သူငယ္ခ်င္းေတြကိုပါ မထိခိုက္ေစခ်င္...။
ကိုယ့္ျပသနာ ကိုယ္ရွင္းရမွာေပါ့...။
ေယာက်ာ္းပဲ...
တစ္ေယာက္တည္းလည္း ျဖစ္တယ္...။
Yibo ေတြးထားတာက ဆိုင္ကယ္နားေရာက္တာနဲ႕ အဲ့ေကာင္ေတြ ေပၚလာၿပီး စိန္ေခၚေတာ့ ရန္ပြဲျဖစ္လိမ့္မယ္ေပါ့...။
အခုလက္ေတြ႕ Yibo ဆိုင္ကယ္ထားတဲ့ ေနရာေရာက္လာေတာ့ လူရိပ္ေတာင္ မျမင္ရ...။
ဒီရက္ပိုင္း ခံစားခဲ့ရတာေတြကို အတိုးခ်ၿပီး အဲ့ေကာင္ "ဝမ္ေခ်ာင္" ကို အမႈန့္ႀကိတ္ပစ္မယ္ စိတ္ကူးထားသမွ် အခုေတာ့ သဲထဲေရသြန္သာ...။
အဲ့ေကာင္ေတြရဲ႕ အျမႇီးေတာင္ မေတြ႕ရ...။
$ေၾကာက္ေတြ...။
ထိုခ်ိန္ "စစ္ေကြၽးနဲ႕က်င္းရီ" အနားေရာက္လာေၾကာင့္ YB ဆိုင္ကယ္ဦးထုပ္ေဆာင္းကာ အိမ္ျပန္ဖို႔ ျပင္လိုက္သည္။
"Yibo ကကြာ လုပ္လိုက္ရင္ အဆန္းေတြခ်ည္းပဲ...။ 'သြားစရာရွိလို႔' ဆိုၿပီးေတာ့ သူ႕လူႀကီးနဲ႕ လာခ်ိန္းေတြ႕တယ္ ဟြန္း..! ဒါမ်ား တူတူလာၾကတာ မဟုတ္ဘူး... "
"က်င္းရီ" ေျပာလိုက္တဲ့ စကားေၾကာင့္ Yibo ဆိုင္ကယ္ဦးထုပ္ ေဆာင္းေနတဲ့ လက္ေတြ ခနတာ ရပ္တန့္သြားသလို ခံစားလိုက္ရသည္။
ၿပီးမွ ကိုယ္ဟန္ဖို႔ကာ ဦးထုပ္ေမးသိုင္းႀကိဳးကို ဟန္ပါပါတပ္လိုက္ရင္း.....
"ဘယ္တုန္းကလဲ...?"
"ဟာ... ငါတို႔ကို မ်က္ကန္းေတြမ်ား ထင္ေနတာလား..? မင္းလူႀကီးရဲ႕ကား ငါတို႔လာမွ ေက်ာင္းေရွ႕ကထြက္သြားတာ ဒီမ်က္လုံးႀကီးနဲ႕ကို ျမင္လိုက္တာ...။ မင္းလူႀကီးရဲ႕ကားမွ မင္းလူႀကီး ကား အစစ္...။ ဘာလဲ...? 'စာေမးပြဲၿပီး တစ္ဝိုင္းစာ' ဆိုၿပီး မင္းလူႀကီးကို ေကြၽးခိုင္းမွ ေၾကာက္လို႔လား...? ဟဲဟဲ... Bar ပိုင္ရွင္ပဲကြာ နဲနဲပါးပါးေပါ့ မင္းကလည္း..."
"က်င္းရီ" ရဲ႕ မ်က္ႏွာခ်ိဳေသြးကာ ေျပာလာေသာ စကားေၾကာင့္ Yibo မ်က္ေမွာင္ၾကဳတ္လ်က္...
"မေကြၽးနိုင္ဘူး သားႀကီး...
ေကြၽးလည္း မေကြၽးခိုင္းဘူး... ေနာ္...
စားခ်င္ ကိုယ့္အိမ္ ကိုယ္ ျပန္စား..."
Yibo ေဘာက္ဆက္ဆက္ ျပန္ေျပာၿပီးတာနဲ႕ ဆိုင္ကယ္ေပၚတက္ကာ ေမာင္းထြက္လာခဲ့ေတာ့သည္။
(**အငတ္ေတြနဲ႕ လာေတြ႕ေနတယ္...**)
က်န္ခဲ့တဲ့ "လန္စစ္ေကြၽးနဲ႕လန္က်င္းရီ" ကေတာ့ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္လိုက္လ်က္...
မေနနိုင္တဲ့ "လန္က်င္းရီ" ကေတာ့ ပါးစပ္မွ ဖြင့္ဟေလ၏။
"Wang Yibo ရာ... Wang Yibo... မင္းက လင္ရွိ လူတန္းစားေတြဆိုေတာ့ ေျပာထားဦးေပါ့...။ မရခင္ကတည္းကသူ႕လင္ ပစၥည္းေတြကို တြန့္တိုျပေနတာ...။ ေျပာသာေျပာရတယ္ သူ႕လင္ကလည္း သူ တစ္ခ်က္ေျပာလိုက္တာနဲ႕ အကုန္ျဖစ္ေစရမယ္ ဆိုတဲ့ Type ႀကီး...။ ငါတို႔ေတာ့ စားရမယ့္ကိန္းမျမင္ဘူး...။ ဟြန္းးး..."
ေဘးက "စစ္ေကြၽး" က "က်င္းရီ" စကားေၾကာင့္ နပမ္းတစ္ခ်က္ပိတ္အုပ္လိုက္ကာ ပါးစပ္မွလည္း...
"အငတ္!"
ဟု ဆဲေရးေလေတာ့သည္,
"စစ္ေကြၽး" တစ္ေယာက္ ေမာင္းထြက္သြားတဲ့ YB ဆိုင္ကယ္ကိုလည္း တစ္ဆုံးလိုက္ၾကည့္ရင္း ေဘးနားက အငတ္ေကာင္ကိုလည္း တစ္ခ်က္ၾကည့္ကာ ႏွစ္ေယာက္လုံး "မနိုင္ဘူး" ဆိုသည့္ အမူအရာႏွင့္ ေခါင္းတစ္ခါခါ လုပ္ေနေလ၏။
"က်င္းရီ" ကေတာ့ နာသြားတဲ့ ေခါင္းကို ကိုင္ကာ ရႈံ႕မဲ့ေနေတာ့သည္။
..........................
"Hay... Xiao Zhan..."
ေလဆိပ္ေရာက္ေတာ့ Michel ကို ရွာေနတုန္း ေခၚသံေၾကာင့္ လွည့္ၾကည့္မိ၏။
"Michel..."
ႏွစ္ေယာက္သား မေတြ႕တာ ၾကာၿပီျဖစ္တာေၾကာင့္ အနားေရာက္ေတာ့ ေပြ႕ဖက္ကာ ႏႈတ္ဆက္ျဖစ္၏။
"ဒါက ငါ အၿမဲေျပာျပေနတဲ့ ငါ့ Bae ေလးေလ... နာမည္က Jack တဲ့... ဒါက ကိုယ္ေျပာျပေနက် ကိုယ့္သူငယ္ခ်င္း Xiao Zhan..."
Michel က ႏွစ္ေယာက္ကို အျပန္အလွန္မိတ္ဆက္ေပးေနသည္။
Advertisement
- In Serial45 Chapters
▪️Stupid Injection (Yizhan)▪️
This story is inspred to a story entitled "Stupid Injection" by Ms. @Emkeyh. A filipina writer. 😊😊😊I love her story😍😍What will you do when you wake up after a long time and you see your belly is big What will you do when you wake up and found out that you are pregnant Come and let's find out
8 302 - In Serial52 Chapters
My Cat Boy | ^ -ᆺ- ^
[ completed ]She found an abandon cat and took it in and then it magically turned into a human! Can you believe that?! - Yoongi x OC
8 214 - In Serial64 Chapters
Balotelli-Bale Series Book #4: THE OTHER MAN PART 1
"You don't have to keep reminding me that I'm a mistake and that I ruined your life. I'm not sorry for meeting you that day. I needed to. My life was frozen in time and the clock started ticking when we met. Because if you I realized that I deserved better... thank you. But you forget that I almost lost my life twice in the name of this relationship..." "I gave you everything Kei! You don't understand what I have lost! You never will understand the sacrifices I have made for you!" He took a deep breath, sighing out in frustration. "I foolishly loved you and you lied."The tale of a forbidden love marred by consequence... *Nicko has his laundry list of personality flaws but not once did he ever think that his biggest flaw would be to fall in love with a married woman. After he meets Keira, he embarks on a self destructive journey that does more harm than good. *Surviving a bad marriage is the only box Kei wants to check until she meets Nickolas Bale. The uneventful housewife is drawn into a torrid affair. She is in search of love and she finds it with a man who does not belong to her.©all rights reserved. This document is a product of my own imagination and should not be copied or reproduced in any form without my consent. All the characters and events in the story are fictional and not based on actual people or events.
8 96 - In Serial62 Chapters
Their Human
"I haven't made a promise in over a hundred years but I'm promising you this, if you harm one hair on her head, I will end you all and I will do so smiling while I bathe in your blood."__✧__✧__✧__✧__✧__✧__✧__THEIR HUMAN IS UP ON GOODNOVEL AND LIBRIAfter the government captured the most wanted man in the world, Akielia Rutherford, a scientist that has been waiting for an opportunity like this her whole career gets chosen to be the researcher and caretaker of the man.But what if he's not the only one behind all of those murders and what if he's not a man but something else?And what happens when Akielia learns that her soul is linked with theirs and has to go back with them to their own homeland where supernatural creatures are a normal thing and where humans are seen as nothing but enemies? Will she run back to her normal life and ignore the bond or will she fall deep into the pit of love for the twins while fighting for her right to be the ruler of the whole supernatural realm alongside them?©All rights reservedIf you try to copy any part of this book and I find out, we'll meet in court.
8 384 - In Serial31 Chapters
Howl For Me
Star is a fierce werewolf warrior. An unwilling Omega to a pack of the most powerful wolves around. But, when Knox and his pack arrive from Dallas to sign a contract that would bring peace between the two biggest packs, Star can't help but feel an instant attraction. Knox, bound by his oath as Alpha to find a mate thinks he may have found the one. But Star's Alpha has other plans for her. He wants her back. At any cost....
8 306 - In Serial13 Chapters
Bewitching Which Monster (A Reverse Harem)
Anise Devane is a young witch who inherits an old mansion that belonged to her grandparents. She was eager to move in, excited to have a new home where she could get away from her parents, study her online classes, and practice her witchcraft all in quiet privacy. When she shows up however, she find that there are several people already living there. So much for privacy. Except they aren't regular people, they're all monsters. And they all have one thing in common: to make her turn them human by making her fall in love with one of them. Will one of these monsters get what they want from her or will they all end up falling for her instead?
8 218

