《အမုန်းအားဥပေက္ခာပြု၍ [အမုန္းအားဥေပကၡာျပဳ၍] {Complete}》Ep - 20
Advertisement
Unicode
~~Last Exam Day~~
"ကျွတ်ပြီ လွတ်ပြီကွ..! ဒန့် ဒန့်~~~"
စာမေးပွဲခန်းထဲက ထွက်လာလာချင်း အမောင် "လန်ကျင်းရီ" တို့ကတော့ စာမေးပွဲပြီးတာကို အပျော်လွန်ပြီး သံစုံအော်လို့ ဒွန့်နေလေ၏။
"ဒန့် ဒန့်~~ လုပ်မနေနဲ့ စာမေးပွဲကျလို့ ကျောင်းကြီးက လက်ပေါက်ပြီး 'လာ.. လာ..' လို့ခေါ်နေမှ... ဟုတ်ပေ့ဖြစ်နေမယ်..."
ကျင်းရီ ဒွန့်နေပုံကို စစ်ကျွေးက မျက်စိစံပင်မွှေးစူးသည့်အလား မျက်နှာမဲ့ပြီး လက်ကနေလည်း 'လာ လာ' ဆိုသည့်နေရာကို လက်မြှောက်ကာ တကယ် ယက်ခေါ်သလိုပုံစံလုပ်ပြရင်း ပြောလေ၏။
"နိမိတ်မရှိ နမာမရှိ "လန်စစ်ကျွေး" ရာ... စာမေးပွဲအပြီး ခနလေးတောင် ပျော်ခွင့်မပေးဘူး... ဟွန့်!"
"မင်း လုပ်နေပုံလည်း ကြည့်ဦးလေ... တစ်သက်လုံး အငြိမ်းစားရသွားတာကြနေတာပဲ..."
"ဘာဖြစ်လဲ? အဲ့တော့... ဒန့် ဒန့်~~~"
ဒါပါပဲ...။
"လန်စစ်ကျွေးနဲ့လန်ကျင်းရီ" ဆိုတဲ့ လန်ညီကိုဝမ်းကွဲနှစ်ယောက်က...
မတည့်အတူနေ မမြင်ချောင်းကြည့်တဲ့ အမျိုးတွေပါ...။
"Yibo မင်း လူကြီးကား မမြင်ဘူးနော်... ဒီနေ့ မလာဘူးလား...?"
"မလာလို့နေမှာပေါ့..."
"ဟင် မင်းစကားကလည်း... ဘာကြီးတုန်း...?
လာရင်လာတယ် မလာရင်မလာဘူးပေါ့..."
"ကျင်းရီ" ရဲ့ စကားကို YB ဖြေချင်စိတ်မရှိတော့တာကြောင့် စကားပြန် မပြောတော့...။
အကြောင်းသိသော "စစ်ကျွေး" က "ကျင်းရီ" ကို တံတောင်နဲ့ ခပ်ဆက်ဆက်တွက်လိုက်ကာ...
"မင်း မမြင်ဘူးမလား...?"
"မမြင်လို့ မေးတာပေါ့..!!"
"မမြင်မှတော့ မလာလို့ပေါ့ ငတုံးရဲ့..!!"
"ကျင်းရီ" အော်ပြောသလောက် "စစ်ကျွေး" ကလည်း အားကျမခံပြန်အော်လေ၏။
YB ကတော့ သူတို့ညီကို နှစ်ယောက်ကို ကြည့်ပြီး စိတ်ပျက်ဟန် ခေါင်းတခါခါလုပ်နေလိုက်သည်။
ထိုချိန် ကျောင်းရှေ့မှ လူတစ်စု ရုတ်ရုတ်သဲသဲ ပြေးသွားသောကြောင့် သုံးယောက်သား ကျောင်းပေါက်သို့ လှမ်းကြည့်လိုက်ကြသည်။
(**ဝမ်ချောင်တို့အဖွဲ့... ဒီကောင်တွေ လာပြန်ပြီပေါ့လေ...**)
သေချာလှမ်းကြည့်မိတော့ "ဝမ်ချောင်" တို့အဖွဲ့ရဲ့ပုံစံက ရန်ဖြစ်ဖို့ လာတာမဟုတ်ပဲ မလွှဲသာ မရှောင်သာလို့ ကျောင်းရှေ့ကနေဖြတ်သွားနေကြပြီး ကြောက်ရွံ့နေဟန်လည်းရှိကြ၏။
(**ဒီကောင်တွေ ဂိုဏ်းတစ်ခုနဲ့ တွေ့လာတယ်ထင်တယ်... နည်းတောင်နည်းသေးတယ်... ဟက်!**)
ဒဏ်ရာတွေနဲ့ အဖွဲ့လိုက်ဖြတ်ပြေးနေရင်းမှ တစ်ခါတစ်လေ လဲကျသူက လဲကျနေကြပြီး သွေးထွက်သံယိုတွေဖြစ်နေကြတာကို အဝေးကနေတောင် မြင်နေရ၏။
"ကလေးတို့က အဲ့ဒီကောင်လေးတွေနဲ့သိတာလား...?"
ထိုချိန် ကျောင်းစောင့်ဦးလေးကြီးရဲ့ အသံကြောင့် သုံးယောက်သား အနောက်သို့ ပြိုင်တူလှည့်ကြည့်မိကြသည်။
"မသိပါဘူး...ဒီတိုင်း မြင်ဖူးသလိုရှိလို့ပါ..."
ကျောင်းစောင့်ဦးလေးကြီးရဲ့ စကားကို YB ဖြေပေးလိုက်တော့ ဦးလေးကြီးက စကားဆက်၏။
"အဲ့ဒါ ရန်ဖြစ်ဖို့ပဲသိတဲ့ ကလေကချေကောင်လေးတွေပါကွယ်...။
တစ်ရက်က ဒီဆေးကျောင်းကို ပြသနာရှာဖို့ လာကြသေးတယ်တဲ့လေ...။
ရန်ပွဲတောင် ဖြစ်သွားကြသေးတယ်ဆိုပဲ...။
ဦးလေးကလည်း စစ်ရဆေးရ ကျောင်းစောင့်ပေးရနဲ့မို့ မအားတော့ နေရာအနှံ့လိုက်မကြည့်နိုင်တော့ သိပ်တော့ မသိလိုက်ပါဘူးကွယ်...။
ဒါပေမယ့် သူတို့ ပြသနာရှာဖို့လာတဲ့ ကောင်လေးက ဆေးကျောင်းကပဲဆိုတော့ စာမေးပွဲဖြေနေတာတဲ့လေ...။
အဲ့ဒီကောင်လေးတွေ အဖွဲ့နဲ့ ရန်ဖြစ်သွားတယ်ဆိုတဲ့လူကတော့ သူတို့ပြသနာရှာဖို့လုပ်နေတဲ့ ဆေးကျောင်းသားလေးရဲ့ယောကျာ်းဆိုပဲ...။"
ကျောင်းစောင့်ဦးလေးကြီးရဲ့စကားကြောင့် YB မျက်ခုံးတွေ မြင့်တက်သွားသည်။
ဦးလေးကြီးကလည်း သူ့စကားကိုဆက်ပြောလေ၏ယ
"ရန်ပွဲနဲ့တင်မကျေနပ်သေးပဲ သူ့ကောင်လေးကို အဲ့လို စိန်ခေါ်ရမလားဆိုပြီးတော့ တစ်ရက်နှစ်ရက်လောက် အဖွဲ့လိုက် ချုပ်ထားပြီး နှိပ်စက်သေးတယ်တဲ့လေ...။
တကယ်တော့ သူတို့အဖွဲ့ကို သတ်မလွှတ်လိုက်တာသာ ကံကောင်းပါတယ်ကွယ်...။ သူတို့တွေက ဆိုးမိုက်ပြီး ရန်အမြဲဖြစ်နေတာဆိုတော့ တကယ်တမ်း သတ်လိုက်ရင်တောင် ဘယ်သူမှ သိမှာမဟုတ်ဘူး...။
အဲ့ဒီလူကလည်း အရှိန်အဝါတွေဘယ်လောက်ကြီးပြီး ဘယ်လိုလုပ်လိုက်လည်း မပြောတတ်ပါဘူးကွယ်...။
သူတို့ကို မှတ်လောက်သားလောက်အောင် အပြစ်ပေးပြီး ပြန်လွှတ်လိုက်ပေးလိုက်တော့ သူတို့ရဲ့အိမ်တိုင်းက စီးပွားရေးတွေ ထိုးကျနေပါရောလား...။
သူတို့ရဲ့မိဘတွေကလည်း သူတို့ရဲ့သား လူဆိုးလူမိုက်ကြောင့် ဖြစ်တာဆိုပြီး အမွေပြတ်စွန့်လွှတ်ကြောင်းတွေ ထည့်လိုက်တာ အဖွဲ့လိုက်ကြီး သတင်းစာမှာပါလာတော့ ဟိုးလင်းတကြော်ကြော် ဖြစ်ကုန်ရောပေါ့...။"
YB အံ့ဩပြီးရင်း အံ့ဩရသည်။
စာမေးပွဲတွေနဲ့မို့ ထိုအကြောင်းတွေလည်း သူ မသိလိုက်ပေ...။
"ဦးလေးကတော့ သူတို့အပြစ်သူတို့ခံရတာပဲလို့မြင်တယ်...။
အခုလည်း အိမ်တွေပြန်ကြလို့ ရိုက်လွှတ်လိုက်ကြတယ် ထင်တယ်...။
သနားစရာ မကောင်းပါဘူးကွယ်...။
သူတို့ထိုက်နဲ့ သူတို့ကံပေါ့...။
သူတို့ရန်ဖြစ်ဖို့ ကြိုးစားကြတဲ့ ကောင်လေးရဲ့ ယောကျာ်းကလည်း သူ့ကောင်လေးကို တော်တော်ချစ်ပုံပဲ...။
သူတို့အဖွဲ့က သွားမရှုပ်သင့်တဲ့လူကိုမှ သွားရှုပ်ကြတာကိုး...။
တစ်ခါတစ်လေ သူတို့အဖွဲ့ကို နိုင်တဲ့လူလည်း ပေါ်ဦးမှ တော်ကာကျမှာပဲ...။"
ဦးလေးကြီးက စကားတွေနဲ့ တစ်စီတစ်တန်းကြီး ရှင်းပြပြီးတော့ မောသွားဟန်နှင့် စကားပြောတာ ခနနားနေ၏။
ပြီးမှ တစ်ခုခု သတိရသွားဟန်ဖြင့် YB တို့ကို ကြည့်လာကာ.....
"သြော်... ကလေးတို့လည်း စာမေးပွဲပြီးတော့ အိမ်ပြန် နားချင်နေကြရောပေါ့...။
ကလေးတို့လည်း လိမ်လိမ်မာမာနေကြကွယ်..."
"ဟုတ်ကဲ့ ဦးလေး..."
ကျောင်းစောင့်ဦးလေးကြီးရဲ့ဆုံးမစကားကို YB တို့သုံးယောက်လုံး ပြိုင်တူဖြေပေးလိုက်ကြ၏။
ဦးလေးကြီး လှည့်ထွက်သွားတော့ "ကျင်းရီ" ရဲ့ အသံစာစာကဦးစွာ ထွက်ပေါ်လာ၏။
"ကတောက်စ်!! ငါလေး လင်လိုချင်သွားပြီ..."
ယူကြုံးမရဖြစ်နေပုံနဲ့ အပီ Feel ပြတဲ့ "လန်ကျင်းရီ" ကိုကြည့်ကာ Yibo တစ်ယောက် ဂုဏ်ဆာနေတဲ့ အပြုံးကြီးပြုံးလိုက်သည်။
"ဘာပြုံးတာလဲ မင်းက...? မင်းမှာ ရှိတယ်ဆိုပြီး ငါ့ကို လှောင်တာလား Wang Yibo...
အေး... လှောင်မနေနဲ့...
မကျေနပ်ရင် လင်ရှာပေး... ဟွန့်!"
နှုတ်ခမ်းတလံ ပန်းတလံနဲ့ ပြန်ပြောနေသော "လန်ကျင်းရီ" ရယ်ပါလေ...။
"ဟ!! ဇွတ်ကြီးပါလား...? ဘာလို့ အတင်းလိုချင်နေရတာလဲ...?"
Advertisement
"လန်စစ်ကျွေး" လည်း မနေနိုင်တော့ပဲ နှစ်လလောက်သာငယ်သော ဝမ်းကွဲညီကို မေးရလေတော့သည်။
"ဦးလေးကြီး ပြောသွားတာ မင်း မကြားလိုက်ဘူးလား...?
တကယ်ဆို အဲ့ဒီဆေးကျောင်းသားလေးကို သူတို့အဖွဲ့က လက်ဖျားနဲ့တောင် မထိလိုက်ရဘူးလေ...။
အရိပ်တကြည့်ကြည့်နဲ့ လိုက်စောင့်ရှောက်ပေးနေတဲ့ ဘဲကြီးရဲ့ကောင်လေးကိုမှ သူတို့အဖွဲ့က သွားရှုပ်ကြတာကိုး...။
ဘယ်လောက်တောင် ဂရုစိုက်တတ်လိုက်တဲ့ ဘဲကြီးလဲကွာ...။
ကောင်လေးကို အပြည့်အဝကာကွယ်ပေးတဲ့ Hero Type ကြီးပဲ...။
ငါလေးလည်း အဲ့လို ဂရုစိုက်ပေးပြီး ကာကွယ်ပေးမယ့် Hero Daddy Type ကြီး လိုချင်တယ်လေဟာ..."
"လန်ကျင်းရီ" ရဲ့ အားတက်သရောနဲ့ နောက်ဆုံး သူလိုချင်တဲ့ Type ကို ငိုမဲ့မဲ့လေးပြောနေပုံက သနားစရာမကောင်းပဲ YB အတွက်တော့ ရယ်စရာတွေ့နေရသလို ပြုံးတုံးကြီး လုပ်နေလေ၏။
"စစ်ကျွေး" ကတော့ "ကျင်းရီ" ကြည့်ကာ "ဆေးမမှီတော့ဘူး" ဘူးဆိုတဲ့ ပုံစံနဲ့ စိတ်ပျက်လက်ပျက် ခေါင်းခါနေလေ၏။
"YB ဒီနေ့ ငါတို့ တကယ် မစားရတော့ဘူးလား...? ကျောင်းတောင် ပြီးပြီလေကွာ..."
Feel ပြီးသွားတဲ့ အခါမှာတော့ "ကျင်းရီ" တို့ ရိုးရာမပျက် အစားဘက်သို့ လှည့်လာပြန်၏။
"A... ငါ့မင်္ဂလာဆောင်ကျမှ အဝစားကြတော့..!"
YB ပြောပြီးတာနဲ့ ဆိုင်ကယ်ပေါ်တက်ကာ တရှိန်ထိုးမောင်းထွက်လာခဲ့တော့သည်။
အဲ့လိုပြောပြီး အဲ့ဒီနေမှာ ဆက်နေရင်တော့ မေးခွန်းတွေနှင့် သတ်မှာသိနေသောကြောင့်ပင်...။ မင်္ဂလာကိစ္စကိုအဲ့ဒီညီကိုနှစ်ယောက်ကိုတောင် သူ မပြောရသေးပါ...။
အနောက်မှာ ကျန်ခဲ့တဲ့ လန်ညီကိုနှစ်ယောက်ကတော့ မေးခွန်းတွေနှင့် ကျန်ခဲ့လျက်.....
"ဟေ့ကောင် Yibo!! ဘာပြောသွားတာလဲ...?
မင်းက ကျောင်းပြီးတာနဲ့ မင်္ဂလာဆောင်တော့မှာပေါ့...!!"
"ကျင်းရီ" ရဲ့ ကမ္ဘာကျော် အသံစူးစူးက ဆိုင်ကယ်မောင်းနေရင်နဲ့တောင် အနောက်မှ ကပ်ပါလာသေး၏။
Yibo ရဲ့ ရယ်သံသဲ့သဲ့ကလည်း ဆိုင်ကယ်မောင်းနေသည့် အရှိန်နှင့်အတူ လေလှိုင်းထဲသို့ ခပ်သော့သော့ ပျံ့လွင့်သွားလေသည်။
...................................
Baby ဒီနေ့ဆို စာမေးပွဲပြီးပြီ ကျောင်းလည်းပြီးပြီ...။
Baby ကို သွားကြိုချင်စိတ်တွေ တစ်ဖွားဖွားပေါ်ပေါက်နေပေမယ့် မင်္ဂလာဆောင်ခါနီးမို့ သူလေး စိတ်ကွက်သွားမှာကိုလည်း XZ စိုးရိမ်ရသေး၏။
Baby လေးကို ပြောခဲ့သလို "See you Wedding day" မှပေါ့ ကလေးရယ်...။
Wedding day အတွက် ရင်ခုန်နေရသော်လည်း Baby လေး စိတ်ပြောင်းသွားမှာကိုတော့ Xiao Zhan တို့ သေလောက်အောင်ကြောက်ပါသည်။
ဒါပေမယ့် Baby မနက်ပိုင်း စာမေးပွဲသွားဖြေတော့ အနောက်ကနေ တိတ်တိတ်လေးလိုက်ပို့ဖြစ်သေးသည်။
ညနေပိုင်းမှာတော့ သူလေးသတိထားမိမှာစိုးတဲ့အတွက် မသွားဖြစ်တော့...။
Baby မသိသေးသည့် "ဝမ်နင်" ကို ကိုယ်တိုင်စောင့်ရှောက်ခိုင်းကာ အစီရင်ခံခိုင်းစေခဲ့သည်။
လူက Bar မှာ ထိုင်နေသော်လည်း စိတ်က Baby လေးဆီသို့သာ ရောက်နေလေသည်။
"ဝမ်နင်" က ကိုယ်အယုံကြည်ရဆုံး လူယုံတော်ဖြစ်သော်လည်း ကိုယ်တိုင်မသွားရတော့ XZ စိတ်မချချင်...။
ကိုယ် သွားမစောင့်ဖြစ်တဲ့ ဒီလို နေ့မျိုးမှာ Baby သာတစ်ခုခုဖြစ်ကြည့်...
XZ ကိုယ့်ကိုယ်ကို အပြစ်တင်လို့ အပြစ်ပေးလို့ ဆုံးမည်မဟုတ်တော့...။
'ကလောင်' ဆိုသော အသံနှင့်အတူ Baby လေး စာမေးပွဲခန်းထဲက အေးအေးဆေးဆေး ထွက်လာကြောင်း 'ဝမ်နင်' message လှမ်းပို့သည်။
သို့သော် သူလေး အိမ်မရောက်မချင်း လူက ဂနာငြိမ်မည်မဟုတ်...။
Baby ကို ကိုယ်တိုင်မှ မဟုတ်ရင် ဘယ်သူ့ကိုမှမယုံချင်ပေမယ့် ရက်ကြာလာတော့ Baby သတိထားမိပြီး မျက်စိနောက်မှာလည်း စိုးရိမ်ရသေးသည် မဟုတ်ပါလား...?
XZ တို့ ထိုင်မရ , ထမရဖြစ်နေချိန် Bar ရဲ့ VIP အခန်းထဲသို့ "လီရှန်း" ဝင်လာလေ၏။
ဝင်လာလာချင်း သူမရဲ့မျက်ရည်ဝေ့နေသောမျက်ဝန်းတွေနဲ့အတူ မယုံသလို အမေးစကားတွေကိုလည်း တရပ်စပ်မေးတော့သည်။
"ကျန့်! တကယ်ကြီး မင်္ဂလာဆောင်တော့မယ်ပေါ့...?
တာဝန်ယူ လက်ထပ်ပေးရုံလေးပဲ မလား...?
ဟုတ်တယ်လို့ဖြေပါ ကျန့်ရယ်...။
တာဝန်ယူရုံလေးပဲဆိုရင် လီရှန်းရဲ့အပြစ်လည်းမကင်းတာမို့ လီရှန်း နားလည်ပေးနိုင်ပါတယ်...?
ပြီးတော့ ပြီးတော့... ကွာရှင်းလို့ရတာပဲလေ...။ သူက ယောကျာ်းတစ်ယောက်ဆိုတော့ သူ့အပေါ်ဘာခံစားချက်မှတော့ မရှိဘူး မလား...?"
မေးခွန်းတွေနှင့်အတူ မျက်ရည်စတို့ တွဲခိုနေသော သူမကိုကြည့်ကာ XZ သက်ပြင်းချမိ၏။
လီရှန်း တို့ Michel တို့ဆိုတာ XZ ရဲ့ အကောင်းဆုံး သူငယ်ချင်းတွေဖြစ်သည်။
ကိုယ် B to B တွေကို အယုံအကြည်မရှိစဥ်အခါကတောင် Michel ဖြစ်တည်မှုနဲ့ ပတ်သတ်ပြီး သူငယ်ချင်းသံယောဇဥ်မပျက်ယွင်းသွားခဲ့...။
အခုရော "လီရှန်း" ရဲ့ ဒီလို စကားတွေ ဒီလို အပြုအမူတွေကြောင့် ရှိနေဆဲ သူငယ်ချင်းသံယောဇဥ် ပျက်ယွင်းတော့မည်လား...?
"လီရှန်း ကိုယ် တကယ် လက်ထပ်တော့မှာ...။ ပြီးတော့ Baby ကိုတာဝန်အရဆိုတဲ့ တစ်ချက်တည်းနဲ့တင် လက်ထပ်ယူတာမဟုတ်ဘူး...။
ကိုယ် Baby ကို မြတ်မြတ်နိုးနိုးချစ်မိနေပြီ...။
ပြီးတော့ Baby နဲ့ ကိုယ့်ကြားမှာ ကွာရှင်းတယ်ဆိုတာ ဘယ်တော့မှ ရှိလာမှာမဟုတ်ဘူး...။
လီရှန်း... ကိုယ်တို့ အရင်လို သူငယ်ချင်းလိုပဲနေကြရအောင်..."
XZ ရဲ့ စကားကြောင့် လီရှန်း ခေါင်းတစ်ခါခါနှင့် မျက်ရည်တွေလည်း ဘူးသီးလုံးလောက်ကျလာလေ၏။
"ဟင့်အင်း ကျန့်! လီရှန်း က သူငယ်ချင်းလို နေချင်တာ မဟုတ်ဘူး...။
လီရှန်းက ကျန့်ရဲ့ချစ်သူ , ကျန့်ရဲ့ဇနီးဖြစ်ချင်တာ..."
"မဖြစ်နိုင်တော့ဘူး လီရှန်း...။
ဘယ်တော့မှ မဖြစ်နိုင်တော့တာဆို ပိုမှန်လိမ့်မယ်...။
ကိုယ် အရင်ကတည်းကမင်းကို သူငယ်ချင်းတစ်ယောက်ထက် မပိုခဲ့ဘူး...။
ကိုယ် မင်းအပေါ် ဘယ်လိုဆက်ဆံခဲ့လဲဆိုတာ မင်း အသိဆုံး ဖြစ်မှာပါ..."
"ဟင့်အင်း... မသိဘူး ကျန့်...။
Advertisement
သိလည်းသိချင်ဘူး...။
ကျန့်ကို လီရှန်း တစ်ယောက်တည်း ပိုင်တာ...။
သူက ယောကျာ်လေးတစ်ယောက်လေ ကျန့်ရယ်... နော်...။
သူက နစ်နာသွားတာမှမဟုတ်တာ...။
ပြီးတော့ တာဝန်အရလက်ထပ်ရင်လည်း လီရှန်း နားလည်ပေးနိုင်ပါသေးတယ်...။
အခန့်မသင့်ကြလိုဆိုပြီး ပြန်ကွာရှင်းလို့ရတာပဲ ကျန့်ရယ်...။
ကျန့်ရဲ့ နှလုံးသားထဲမှာ ယောကျာ်းလေးတစ်ယောက်နေရာယူနေပြီလို့တော့ မပြောနဲ့နော်...။ ကျန့်က ဒီလို ဆက်ဆံရေးတွေ အရမ်းမုန်းတာမလား...?"
"လီရှန်း ကိုယ်က ယောကျာ်းလေးတိုင်းကို မချစ်ဘူး... စိတ်လည်း မဝင်စားဘူး...။
အေး... အဲ့လိုပဲ မိန်းကလေးတွေကိုလည်း ကိုယ် စိတ်မဝင်စားတော့ဘူး...။
Baby ကလွဲရင် ဘယ်သူ့ကိုမှ ကိုယ် မချစ်နိုင်တော့ဘူး...။
မချစ်နိုင်တော့တာထက် ကိုယ့်နှလုံးသားက Baby ကလွဲရင် ဘယ်သူ့ကိုမှ လက်မခံတော့တာ...။
Baby က ယောကျာ်းလေးတစ်ယောက်ဆိုတာ ကိုယ် သိတယ်...။
ဒါပေမယ့် ကိုယ်က Baby ရဲ့ဖြစ်တည်မှုတိုင်းကို ချစ်တာ...။
Baby ကလွဲရင် ဘယ်သူ့ကိုမှ ထပ်ပြီး မချစ်နိုင်တော့ဘူး...။
ပြီးတော့ ကိုယ်က B to B ဆက်ဆံရေးတွေကို မမုန်းဖူးဘူး... လီရှန်း...။
ကိုယ် မယုံကြည်ဘူးလို့ပဲပြောခဲ့တာ...။
ဒါမယ့် Baby ကို ချစ်ပြီးတဲ့ နောက်ပိုင်း တခြားဆက်ဆံရေးတွေကို ကိုယ် မယုံချင်နေမယ်...။
Baby နဲ့ ပတ်သတ်ပြီး ဖြစ်တည်လာသမျှအရာအားလုံးကို ကိုယ်ယုံတယ်...။
ဒီတော့ မင်းလက်လျော့လိုက်ပါ လီရှန်း...။
တစ်ချိန်မှာ မင်းနဲ့ထိုက်တန်တဲ့ ယောကျာ်းတစ်ယောက်ကို တွေ့မှာပါ..."
(**Baby ကို အရမ်းပြောချင်ပေမယ့် မပြောရဲတဲ့ စကားတွေက အခုမှ နှလုံးသားတံခါးပွင့်ကာ ထွက်ကျလာတာပဲ...။ လီရှန်းကို အားနာမိပေမယ့် သူပြောချင်တဲ့ စကားတွေကို ပြောလိုက်ရတော့ XZ စိတ်ထဲ ပေါ့ပါးသွားသလိုခံစားလိုက်ရသည်။**)
XZ စကားတွေကြောင့် လီရှန်း ငိုနေရာကနေ မျက်ရည်တွေကို ခပ်ကြမ်းကြမ်းသုတ်လိုက်ကာ မဲ့ပြုံးတစ်ခုကို ဆင်မြန်းလိုက့ရင်း...
"လုံးဝ လက်မလျော့နိုင်ဘူး ကျန့်...။
လီရှန်း နဲ့ ထိုက်တန်တဲ့ ယောကျာ်းဆိုတာ ကျန့် တစ်ယောက်တည်းပဲ ဖြစ်ရမယ်...။
ကျန့်ကို ပိုင်ဆိုင်ချင်လို့..!! ကျန့်ကို လီရှန်း တစ်ယောက်တည်းရဲ့ အပိုင်ဖြစ်စေချင်လို့..!! ကျန့် ကို အခြေအနေတွေ ဖန်တီးပေးခဲ့တာ...!
ဒီလိုတွေ ဖြစ်လာဖို့ မဟုတ်ဘူး ကျန့်...။
ကျန့် ဘယ်သူ့ကိုမှ ချစ်လို့မရဘူး...။
ယောကျာ်းပဲဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် ကျန့် မချစ်ရဘူး...။
ကျန့် မှတ်ထားပါ..!
ကျန့် က အ မြဲ တမ်း လီ ရှန်း ရဲ့ အ ပိုင် ပဲ..."
နောက်ဆုံးကစကားကို တစ်လုံးချင်းစီ ပြောကာ လှည့်ထွက်သွားတဲ့ "လီရှန်း" ရဲ့ ကျောပြင်ကို ကြည့်ရင်း XZ ခေါင်းအသာရမ်းမိ၏။
လီရှန်းကို အဲ့ဒီလောက် အတ္တကြီးလိမ့်မယ်လို့ သူ မထင်ခဲ့ဘူး...။
ဘာပဲဖြစ်ဖြစ် ကိုယ့်ဘက်က စကားအကုန်ပြောပြီးပဲလေ...။
အတ္တကြီးတာ မကြီးတာ သူမရဲ့အပိုင်း...။
Baby ကို လာထိရင်တော့ ဘယ်လိုလူပဲဖြစ်နေပါစေ XZ တို့ ခွင့်လွှတ်မည်မဟုတ်...!!
ပြီးတော့ ဒီစကားတွေက Baby ကိုတောင် မပြောရသေးတဲ့ Baby ကို အရမ်းချစ်တဲ့အကြောင်းတွေ ဖြစ်တဲ့အတွက်....
လီရှန်း မင်း ဒီစကားတွေကို ကြားရတာ ဂုဏ်ယူသင့်ပါတယ်...။
💓💓💓💓💓💓💓💓💓💓💓💓💓💓
"ဒေါက်တာ! ဒေါက်တာ! ဟိုဘက်က အဖွား အမောတွေ ထ,ဖောက်နေပြီ..!! လာကြည့်ပေးပါဦး..."
လူနာတစ်ယောက်ကို ကြည့်ပေးနေချိန် အလောတကြီးပုံစံနဲ့ လာခေါ်သော ဒေါက်တာမလေးကြောင့် ဒေါက်တာရှင်းချန် အပြေးသွားကြည့်ရပေးရပြန်သည်။
ထိုအဖွားက အသက်လည်းကြီးပြီး အမောဖောက်တတ်တဲ့ရောဂါအခံရှိတာကြောင့် ကူးစက်ရောဂါ ဝင်ရောက်လွယ်သည်။
အခုလည်း အမောဖောက်နေကာ မလူးမလဲခံစားနေရရှာ၏။
ရောဂါအခံလည်း ရှိတာမို့ ကူးစက်ရောဂါရောကာကွယ်ဆေးကိုလည်း သူတို့ ချက်ချင်းမထိုးပေးရဲသေး...။ အဘွားကို စိတ်ငြိမ်အောင် အရင်လုပ်ပေးရသည်။
စိတ်ချရပြီဆိုတော့မှ ကာကွယ်ဆေးကို နဲနဲချင်းစီ သွင်းပေးနေရသည်။
ကူးစက်ရောဂါကာကွယ်ဆေးဆိုပေမယ့် အရှင်းကြီးပျောက်ကင်းတာရယ် လို့တော့ မဟုတ်ချေ...။ ထိန်းနိုင်ရုံလောက်သာ တတ်နိုင်ပါသေးသည်။
တောတွေနဲ့နီးပြီး ခေါင်းပါးတဲ့ ချောင်ကျကျတောနယ်တစ်ခုဖြစ်တာကြောင့် ဆင်းရဲနွမ်းပါးကြသည်။
ကူးစက်တဲ့ ဗိုင်းရပ်စ်ပိုးကလည်း တောထဲမှာနေထိုင်တဲ့ တိရစ္ဆာန်တွေဆီကနေ တစ်ဆင့်ကူးစက်ခံရခြင်းသာဖြစ်သည်။
လေထဲမှတစ်ဆင့် (သို့) ရောဂါပိုးရှိသူတွေရဲ့ တံတွေးတွေ ချွေးတွေမှ တစ်ဆင့် ကူးစက်တတ်သော ဒီဗိုင်းရပ်စ်ပိုးဟာ နယ်မှာရှိသော ပြည်သူတွေပါမကလုပ်အားပေးဒေါက်တာတွေကိုပါ အသက်ဆုံးရှုံးစေခဲ့သည်။
'ရှင်းချန်' တို့ နယ်ဘက်စ,ရောက်တဲ့ နေ့က ညနေပိုင်းလောက်မှာ စစ်ဒေါက်တာတွေပါ အကူရောက်လာတဲ့အတွက် အားတက်ခဲ့ရသေးသည်။ ဘာပဲဖြစ်ဖြစ် ဒီကူးစက်ရောဂါကို မပြန့်ပွားနိုင်အောင် အတတ်နိုင်းဆုံး ထိန်းပေးရမှာ သူတို့တာဝန်သာဖြစ်သည်။
လူနာတွေကြား ဗျာများနေရသည့်အချိန်တွေ...။
ဆုံးရှုံးသွားရတဲ့ လူ့အသက်တွေကြား မျက်ရည်လည်ခဲ့ရတဲ့နေ့တွေ...။
"ငါတို့ မကယ်လိုက်နိုင်လေခြင်း" ဆိုပြီး ယူကြုံးမရဖြစ်ခဲ့ရတဲ့ အချိန်တွေ...။
အိမ်ကိုလွမ်းကို စိုးရိမ်သော်လည်း လူနာတွေရဲ့မျက်နှာကို မြင်ယောင်လာလျက် ကိုယ့်မှာ စိတ်မချနိုင်ဖြစ်ရသည်။
ချစ်ရသူဆီ အပြေးသွားတွေ့ချင်ချင်သော်လည်း ကိုယ့်လက်ကို အားကိုးတကြီးဆုပ်ကိုင်ထားသော လူနာလေးတွေကို ကြည့်ကာ မသွားရက်...။
ကိုယ့်အသက်ကို စွန့်၍ တပါးသူရဲ့အသက်တွေကို ကယ်တင်ပေးနေသော 'ဒေါက်တာလေး' ရယ်လို့လည်း အမည်မခံလိုပါ...။
စိတ်သဘောထား ၊ စိတ်ဆန္ဒအရလူ့အသက်တွေကို ကယ်တင်ပေးဖို့ အကြောင်းဖန်လာတာကိုပဲ ကိုယ့်မှာ ဂုဏ်ယူလို့မဆုံး...။
တွေးကြည့်လိုက်ရင် ရင်နာစရာတွေရှိနေပေမယ့် ကယ်လိုက်နိုင်တဲ့ အသက်တွေနဲ့သာ အစားထိုးပြီး ဖြေသိမ့်နေကြရသည်။
နေရပ်နဲ့ အဝေးကချစ်ရသူကို အရမ်းလွမ်းသော်လည်း ကူရာမဲ့နေသော လူနာတွေကို မထားခဲ့ရက်နိုင်ပါ...။
နေ့မနား ညမအား အလောင်းကောင်တွေကြား အပြေးအလွှားဖြစ်နေသော်လည်း 'ပင်ပန်းနေပြီ' လို့တစ်ခွန်း မဆိုရက်...။
တန်ဖိုးကြီးမားလှတဲ့ လူ့အသက်ကို ကယ်တင်ရတာ ဘယ်လောက်တောင်များ ဂုဏ်ယူလိုက်စရာကောင်းလိုက်လဲလေ.....💕
_______________
"ယောင်လေး ကိုတို့ ဆေးရုံက ဆင်းလို့ရပြီ..."
မုန့်ယောင်လှဲနေသော လူနာကုတင်ဘေးမှာ ထိုင်ကာ လက်ကလေးကိုဆုပ်ကိုင်ကာ ပြောလာတဲ့ အကိုရှီးချန်...။
"ဘယ်လိုနေသေးလဲဟင် ခေါင်းတွေရော မူးနေသေးလား...?"
"သက်သာပါတယ် အကို... ဒါနဲ့ ဒီဆေးရုံက ဒေါက်တာရှင်းချန်လည်း မမြင်ဘူးနော်..."
"Aww အဲ့ဒီ ဒေါက်တာက ယောင်လေးကို ကုပေးတတဲ့ ဒေါက်တာလေးပဲ...။ အခု နယ်ဘက်ကို တာဝန်ကျလို့ သွားနေတာလေ...။ ယောင်လေးနဲ့ အဲ့ဒီဒေါက်တာက အသိတွေလား...?"
"သိတာပေါ့ အကိုရဲ့ ယောင်လေးတို့နဲ့ အိမ်နီးနားချင်းပဲလေ...။ ယောင်လေး နိုင်ငံခြားကပြန်လာတော့ အကိုရှင်းချန်ကို မတွေ့မိဘူးထင်နေတာ သူက ဆေးရုံနဲ့နီးတဲ့ တိုက်ခန်းကို ပြောင်းသွားတယ်ဆိုလို့..."
"Omm အဲ့ဒီ ဒေါက်တာလေးမှာ ကောင်လေးရှိတာရော သိလား...?"
ရှီးချန် ပြုံးစ,စနဲ့မေးတော့ မုန့်ယောင် တကယ်အံ့ဩသွားလေသည်။
"ဟင် တကယ်ကြီး...???"
"တကယ်ပေါ့ ယောင်လေးရဲ့...။
အကို ဘယ်တုန်းကညာဖူးလို့လဲ...?"
အကို ရှီးချန်ရဲ့မျက်နှာမှာ မူမပျက် အပြုံးလေးနဲ့ဆိုတော့ မညာဘူးဆိုတာ မုန့်ယောင် သိပါသည်။
"ဘယ်သူလဲဟင် အကို...?
အကိုနဲ့သိတာလား...?"
"ရွှယ်ရန်တဲ့...။
အကိုတို့ ကျောင်းတုန်းက ဂျူနီယာညီလေးမို့ အကိုလည်း သိတာပါ...။
ယောင်လေး ဆေးရုံတက်တဲ့နေ့က သူတို့ စကားပြောနေတာ အကို တွေ့ခဲ့တာလေ..."
"Aww... ဟုတ်ပါပြီ...။
ယောင်လေးတို့ ဆေးရုံက ဆင်းကြရအောင်လေ အကို...။
"Ok ဗျာ...။
ယောင်လေး သဘော..."
"ဟုတ် အကို..."
လူနာကုတင်ပေါ်မှာ ထိုင်ကာ ခေါင်းမှာ ပတ်တီးအဖွေးသားနဲ့ အပြုံးချိုချိုပိုင်ရှင်လေးဆိုတာ ဘယ်အချိန်ဘယ်နေရာမှာ ဘယ်လိုပုံစံပဲဖြစ်နေပါစေ...
"ရှီးချန်" အတွက်တော့ ချစ်မဝတဲ့ ကောင်လေးတစ်ယောက်ရယ်ပါဗျာ.....💖
💓💓💓💓💓💓💓💓💓💓💓💓💓💓
Updated _ 3737 words 💞
Royal ရဲ့ ဒီ fic လေးကို လွတ်လွတ်လပ်လပ် ဝေဖန်စာရေးပေးနိုင်ပါတယ်ရှင့်
Baby နေရာကပဲဖြစ်ဖြစ် ကိုကို့နေရာကပြဖြစ်ဖြစ် တစ်ပိုင်းလုံးကိုခြုံငုံပြီးတော့ပဲဖြစ်ဖြစ် Reader လေးတွေရဲ့ထင်မြင်ချက်လေးတွေရေးသားနိုင်ပါတယ်နော်...😗
Reader လေးရဲ့ feedback တစ်ခုချင်းစီတိုင်းက Royal အတွက်တော့ အားဆေးလေးတွေပါပဲ...😍
အားလုံး ကျန်းမာရေး ဂရုစိုက်ကြပါနော် ❤
Thanks you all...💌💞
💞 ချစ်ခင်လေးစားလျှက် 💞
K.Royalwhite💌💞🤍
Jan 17,2021 (Updated Day) 🖤✨
Zawgyi
~~Last Exam Day~~
ဒါပါပဲ...။
"မလာလို့နေမှာပေါ့..."
"မင်း မမြင်ဘူးမလား...?"
"မမြင်လို့ မေးတာပေါ့..!!"
Advertisement
- In Serial31 Chapters
Sleeping with my Bestfriend
*Best Friends with complicated benefits*.........."Why don't you?" I asked, my voice was breathless, husky. "Just f*ck me?" I felt the heat of his hands leaving my body."Kyle?" He shook his head."Why not? Why stop now after all we've done?" "I don't want to hurt you, Key," He admitted his reluctance."Hurt me? Hurt me how?" A silent moment passed before he spoke again."Physically." ...........Being the last virgin amongst your peers is embrrassing, especially to Keya Reynolds. She will do anything to break this so called virginity even if it means asking her best friend of eight years, Kyle Reyes. WARNING: You see that R sign? Yup, that's a symbol for you to be aware that this *WILL* -emphasis on "will"- contain R-rated scenes. So, read at your discretion.Copyrights © 2013. By A. L. Nkobi. All rights Reserved.
8 105 - In Serial14 Chapters
I'd Give You Mine
Summer flings might be fun – or they might leave broken hearts as the seasons change. When Leah meets Delilah in the heat of a New York City summer, she's not planning on letting herself be swept off her feet. But life doesn't always play out like you anticipated and Leah is falling in love with a wanna-be moviestar that clearly doesn't want to commit – but also won't let Leah go. Fooling herself into thinking that she is indeed able to have some casual not-quite relationship with the girl of her dreams, a tragedy once again crashes the life of her younger brother Caden, quickly reminding Leah that there are things more important than her love life. As worrying about her brother is rapidly becoming a fulltime job, Leah realizes too late that Delilah might be a better actress than most would think. The heart wants what it wants, so people say. But what if for Caden as well as Leah, the heart is the worst enemy?
8 154 - In Serial16 Chapters
Avni+Neil=AvNeil
Short stories on Avneil.Stories written so far:UNITED (2 parts) CEO Neil Khanna weds Cute Avni Mehta (5 parts)She is Mrs Avni Neil Khanna, my Wife (1part)I Love You (3parts)A Twisted Tale (Ongoing)
8 188 - In Serial30 Chapters
Mate ( On Hold)
ON HOLD!!! UNDER MAJOR EDITING!!! Monique Gilbert always knew she was a witch.Bonnie's Grams thought her magic at a very young age. After Grams died Spirits and dead witch started to teach her, to improve her magic, because she was special. No one knows she's a witch and every time she witness something supernatural in front of the Scooby gang Elena orders Damon to compel her to forget. But it obviously never works because she's a witch. At prank night she finds out that Klaus is...
8 106 - In Serial24 Chapters
You, since forever
She looked at all of them with hopeful eyes. No one belived her. Except Him !She didn't expect him to believe her out of all the people. She had expected some vile remarks and insults which she was used to. But life is cruel in wicked ways. It shows you the most beautiful things at the worst possible time and with the worst possible scenarios. "Your wife is going to be the unluckiest, I swear. God bless her already. Because she is going to need all the blessing she could get, to have her sanity after being married to a vain, controlling, conceited and..... and... a jerk like you." She was looking for words to describe him but had settled for 'jerk' in the end. Little did she know , that those words were going to bite her in the rare when she finds herself married to a man , she thought she hated his guts. The funny part was, she choose to get married to him and a small part of her was glad that it was him , instead of her harasser. Join Haya as she finds herself being rescued by the man she hated and who she thought hated her back. But there are things that doesn't meet the eyes. That we hide in our heart. And there were alot of secrets hidden in his heart. Things that either could destroy everything he had worked for or could bring him the peace and forever that he was looking for !!StatusComplete but not completely edited. I am working on it and it really needs editing. Some chapters are unedited.😁~ Ranking ~28th in marriage 1st August 20201st in Lahore in Feb.20212nd in Pakistani / Pakistan on 3rd September.20201st in Muslim on 12th September 20201st in Desi on 31st August 2020
8 475 - In Serial173 Chapters
DREAM X READER STORIES THAT NEED TO BE READ |BOOK 1|
THIS IS BOOK 1As I read a lot of fanfictions about Dream I thought I should make some sort of a book where you can find all of those amazing stories.This is a book written as a list of Dream x (Fem)Reader stories you can find on Wattpad, Tumblr and Ao3.!!DON'T BE LAZY AND CLICK ON THOSE LINKS TO READ FICS FROM AO3 CAUSE THEY'RE THE BEST!! Cover by Diamondrosy7
8 163