《အမုန်းအားဥပေက္ခာပြု၍ [အမုန္းအားဥေပကၡာျပဳ၍] {Complete}》Ep - 21
Advertisement
Unicode
💕 Wedding day 💕
❤ March, 3 💚
သတို့သားအကြိုအဖြစ် Yiboရဲ့ အိမ်အောက်မှာ အနက်ရောင်ကားတန်းကြီးတစ်ခု စီတန်းကာ စောင့်ကြိုနေလေသည်။
မသိလျှင် နိုင်ငံရပ်ခြားသွားမယ့် သမ္မတကိုကိုယ်ရံတော်တွေနဲ့ စောင့်ကြပ်နေသလို...။
Xiao Zhan ကတော့ ကားထဲက ဆင်းဆင်းချင်း လှေကားနားမှာ လည်တဆန့်ဆန့်နှင့်ဖြစ်နေသည်။
Baby လေးရဲ့ မျက်နှာကို အနီးကပ်မြင်တွေ့ချင်နေပြီ...။
အိမ်အပေါ်ထပ်မှ တစ်လှမ်းချင်းဆင်းသက်လာသော ကောင်လေးတစ်ယောက်...။
လှေကားတစ်ထစ်ချင်းစီတိုင်းကို ခြေချလိုက်တိုင်း Xiao Zhan ရဲ့ နှလုံးခုန်သံတို့ ပိုကျယ်လောင်လာသည်။
အသက်ရူဖို့ပင် မေ့မောရသည်အထိ ညှို့ငင်အားကောင်းလွန်းလှသည်။
ဘယ်လိုတောင် လှရက်တဲ့ Baby လေးလဲကွာ..?
အဖြူရောင်သတို့သားဝတ်စုံလေးနဲ့ Baby လေးဟာ တကယ့်ကို ဖြူဖြူစင်စင်လေးနဲ့မထိရက် မကိုင်ရက်စရာလေး...။
Baby လေးကို တေမ့တေမာ ငေးကြည့်နေရင်း XZ မျက်တောင်ခတ်ပစ်ဖို့ပင် နှမြောမိသည်။
နတ်ပြည်မှ နတ်သားလေး နတ်သတ်ကြွေလာတယ်လို့ပြောရအောင်လည်း အဲ့ဒီနတ်သားတွေက Baby လေးလောက်...
ချောပါ့မလား...?
လှပါ့မလား...?
မြင်သူတိုင်း ငေးရပြီး ရင်သပ်ရှုမောစရာကောင်းပါ့မလားလေ...။
မကြာခင် Babyလေးနဲ့အတူတူမင်္ဂလာခန်းမထဲလျှောက်လှမ်းရတော့မည့် ကိုယ့်အဖြစ်ကိုယ်တွေးကြည့်ကာ Xiao Zhan ဂုဏ်ယူလို့မဆုံးဖြစ်ရသည်။
အဖြူရောင်လေးနဲ့ ဖြူစင်လွန်းလှတဲ့ ကလေးလေးဟာ ကျွန်တော့်အတွက်တော့ ဘုရားကပေးတဲ့ ဆုလာဘ်တစ်ခုပါပဲ...။
လှေကားနားမှာ မျက်တောင်မခက်တမ်း စိုက်ကြည့်နေတဲ့ အဖြူရောင်ဝတ်စုံနဲ့လူကြီးကို မြင်ပြီး Yibo မျက်မှောင်တစ်ချက်ကြုတ်မိ၏။
ဒီလူကြီးနဲ့ မင်္ဂလာဆောင်ဖို့အရေး ပြင်ဆင်ခဲ့ရတဲ့ အချက်တွေကို ပြန်တွေးကြည့်ကာ ရင်ဘတ်တစ်နေရာက မသိမသာထိုးအောင့်လာသည်။
ထိုးအောင့်လာတဲ့ ရင်ဘက်ကြီးကို သူ ဂရုမစိုက်နိုင်သေး...။
မျက်နှာထက်တွင် မဲ့ပြုံးတစ်ခုကို ဖန်တီးလိုက်ရင်း လှေကားအဆုံး၌ ခြေစုံရပ်လိုက်ကာ ထိုလူကြီးကို တည့်တည့်စိုက်ပစ်ကြည့်လိုက်သည်။
Xiao Zhan ဆိုတဲ့ ခင်ဗျားကြီးက ကျွန်တော်ကြိုးဆွဲရာက,ရမယ့်ရုပ်သေးရုပ် တစ်ရုပ်မပိုပါဘူး...။ ဟက်!
ထိုစကားတစ်ခွန်းကို စိတ်ထဲကနေ အတည်ပြုလိုက်သော်လည်း လူကြီးကို စိုက်ကြည့်နေမိသော သူ့အကြည့်တွေကို မလွှဲဖြစ်...။
(မတွေ့ခဲ့ရတဲ့ ရက်တွေအတွင်း ပိန်ကျသွားသလိုပဲ...)
ဟက်! ကျွန်တော်နဲ့ လက်ထက်ရတော့မယ်ဆိုတော့ စိတ်ဆင်းရဲနေတာဖြစ်မှာပေါ့...။
(မည်သို့ပင်ဆိုစေကာမူ သူ့ကိုစိုက်ကြည့်နေတဲ့ လူကြီးရဲ့အပြုံးတွေက အသက်ဝင်လွန်းလှသည်။)
ဟန်ဆောင်အပြုံးတွေပဲဖြစ်မှာပါ...။
(နှုတ်ခမ်းအောက်ကမှဲ့နက်လေးနဲ့ လိုက်ဖက်လွန်းလှတဲ့ လူကြီးရဲ့အပြုံးတစ်ပွင့်ဟာ ကျွန်တော်နဲ့ လက်ထပ်ရမှာကို ဝမ်းသာပီတိဖြစ်ကြောင်း ပေါ်လွင်နေ၏။)
တော်ပြီ..! ခင်ဗျား မျက်နှာကို ကျွန်တော် ဆက်မကြည့်တော့ဘူး...။
မညာတမ်း ပြောကြကြေးဆိုရင်တော့ ဒီလူကြီးက ချောမောခန့်ညားပြီး အဘက်ဘက်ကပြည့်စုံတဲ့ လူတစ်ယောက်ပါ...။
တစ်နေ့ ကျွန်တော်နဲ့လူကြီး ကွာရှင်းကြရင် လူကြီးနဲ့ထိုက်တန်တဲ့ ချောမောလှပြီး အသိုင်းအဝိုင်းတောင့်တင်းတဲ့ မိန်းမပျိုတွေ ဝိုင်းဝိုင်လည်နေဦးမှာဖြစ်ပြီး ကြိုက်သလောက်ထိုင်ရွေးလို့ရတဲ့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးပေါ့...။
"Baby..."
ဒီအသံ...
ကျွန်တော့်နားထဲပဲ့တင်ထပ်ခဲ့တဲ့ ဒီအသံ...။
မေ့ဖို့ကြိုးစားခဲ့သင့်တယ်...။
မျက်နှာထက်တွင် မူမပျက် နူးညံ့လှတဲ့ အပြုံးလေးတစ်ပွင့်နဲ့အတူ လက်ကလေးတစ်ဖက် ကမ်းပေးလာတဲ့ ထိုလူကြီး...။
ဟန်ဆောင်ထားသော်လည်း ကျွန်တော့်ရဲ့ လက်တစ်ဖက်က လူကြီးကမ်းပေးလာတဲ့လက်တစ်ဖက်နဲ့ ထပ်တူကျသွားခဲ့ပြီ...။
ဘာဖြစ်သလဲလေ...? ဒီနေ့က Wedding day ပဲ ဒီလောက်တော့ ရှိမှာပေါ့...။
ထပ်တူကျသွားတဲ့လက်တစ်စုံကိုကြည့်ကာ ခုနကထက်ပိုပြီးတော့ ဝမ်းသာပီတိဖြစ်သွားတဲ့ လူကြီးရဲ့အပြုံးနဲ့ ဘလင်းဘလင်းဖြစ်သွားတဲ့ မျက်ဝန်းတွေကို မြင်ဖြစ်အောင်မြင်လိုက်ရသေးသည်။
ကျစ်! ဒီလူကြီး...။
"Baby ကိုယ်တို့ သွားရအောင်နော်..."
Yibo ခေါင်းငြိမ့်လိုက်သလား ခေါင်းခါလိုက်သလားပင် မသိ...။
လူကြီးကတော့ ပြုံးလျက်နှင့်ပင် အိမ်အောက်က ကားတန်းဆီသို့ ကျွန်တော့်လက်ကလေးကိုဆွဲကာ ခေါ်ဆောင်သွားလေသည်။
တကယ့်ကို နူးနူးညံ့ညံ့လေး...။
အိမ်တံခါးမကြီးနားရောက်တော့ မိုးပေါ်မှကျလာသည့် အနီရောင်နှင်းဆီပွင့်ဖက်လေးများ...။ အပေါ်သို့ မော့ကြည့်မိလိုက်သော ကျွန်တော်...။
ဒါအံ့သြစရာမှမဟုတ်ပဲလေ...။
ကျွန်တော့်ရင်ထဲ အံ့သြခြင်းလို့သာ ခေါင်းစဉ်တပ်ဖြစ်တဲ့ ခံစားချက်တစ်ချို့...။
ပြောင်လက်နေတဲ့ သတို့သားအကြိုအနက်ရောင်ကားတန်းကြီးရဲ့အောက်မှာ အနီရောင်ကော်ဇောကြီးခင်းထားလေသည်။
မင်္ဂလာခန်းမကနေ ကျွန်တော့်အိမ်ထဲထိ အနီရောင်ကော်ဇောကြီး ခင်းထားတယ်လို့တော့ မပြောနဲ့နော်...။
လူကြီးကတော့ ခပ်ပြုံးပြုံးသာ...။
ကျွန်တော့်ဘက်ကို တစ်ချက်လှည့်ကြည့်ပြီး ထုံးစံအတိုင်း ကားတံခါးဖွင့်ပေးနေ၏။
YB ခပ်တည်တည်ပဲ ဝင်ထိုင်လိုက်သည်။
ဒီအပြုအမူတွေ...။
ကျွန်တော့်ကို ကားပေါ်တက်မယ်ဆိုတာနဲ့ ဖွင့်ပေးမယ့်လူရှိတယ်လို့ ခံစားရေစေတဲ့ အပြုအမူတွေ...။
လူကြီးကိုယ်တိုင် သင်ပေးထားတဲ့ ကျွန်တော့်ရဲ့ပျက်လုစဲစဲထိုအကျင့်...။
ကျွန်တော် ပြင်ရမယ်...။
လမ်းတစ်လျှောက် ခင်းထားသော အနီရောင်ကော်ဇောကြီးပေါ်မှ မောင်းနှင်လာသော မင်္ဂလာသတို့သားအကြိုကားများ...။
မိုးပေါ်မှ တဖွဲဖွဲကျနေဆဲ အနီရောင်နှင်းဆီပွင့်ဖက်များ...။
ဘေးဘက်မှ အားကျစွာ ကြည့်လာသည့် မျက်ဝန်းတွေ...။
'တဖျက်ဖျက်' မှတ်တမ်းတင်နေကြသော ကင်မရာမီးများ...။
ဂုဏ်ယူစွာ အမှတ်တရသိမ်းဆည်းနေသည့် ဗွီဒီယိုရိုက်နေသူများ...။
လမ်းတစ်လျှောက် အားကျစွာ ကြည့်နေဆဲ မျက်ဝန်းများနှင့် ကျွန်တော်တို့ကားတွေဆီကိုကြည့်ကာ ဝမ်းသာပီတိဖြစ်နေကြသည့် လူတွေ...။
ငယ်ငယ်က လှောင်ပြောင်တဲ့အကြည့်တွေကြား ရွံရှာတဲ့အကြည့်တွေကြားမှာ ရှင်သန်ခဲ့ရတဲ့ ကျွန်တော့်အတွက်.....
ဒီအားကျတဲ့ မျက်ဝန်းတွေကို ကျွန်တော် မရင်းနှီးသေးဘူး...။
ဒါပေမယ့် ကျွန်တော့်စိတ်ထဲ ကျေနပ်နေမိတယ်...။
ဒီမျက်ဝန်းတွေကို ဖြစ်ပေါ်လာစေတာ ဘေးက လူကြီးကြောင့်လား...?
ငွေကြောင့်လား...?
နှစ်ခုစလုံးကြောင့် ဖြစ်မည်ထင်ပါသည်။
ဘေးကနေ မျက်တောင်မခတ်ကြည့်နေတဲ့ လူကြီးကိုလည်း YB သတိထားမိသည်။
ဒါပေမယ့် လူကြီးဘက်ကို YB တစ်ချက်မျှ လှည့်မကြည့်ဖြစ်ခဲ့...။
ကားမောင်းလာတဲ့ အရှိန်လေးတွေ လျော့လာတာနှင့်အမျှ ခန်းမရောက်ခါနီးပြီဆိုတာ YB သိလိုက်သည်။
ကားလေးတွေ အစီအရီရပ်တန့်သွားတော့...
လူကြီးဘက်ကကားတံခါးကို သူ့လူယုံတစ်ယောက်က ဖွင့်ပေးနေပြီး YB ဘက်ကကားတံခါးကိုတော့ ထုံးစံမပျက် လူကြီး ကိုယ်တိုင် လာဖွင့်ပေးသည်။
Advertisement
မင်္ဂလာခန်းမကိုမြင်လိုက်တာနဲ့ YB မှင်သက်သွားမိ၏။
လှပပြီးအထက်တန်းစားဆန်သည့် အပြင်အဆင်မျိုး...။
အနီရောင်အသားပေးပြီး ပြင်ဆင်ထားတဲ့ ဒီခန်းမကြီးထဲမှာ ကျွန်တော်နဲ့လူကြီး လက်ထပ်ရတော့မည်။
မယုံနိုင်သေးဘူး...။
အိမ်မက်လို့ဆိုရအောင်လည်း ဒီမင်္ဂလာခန်းမကြီးနှင့်အတူ ဘေးကလူကြီးရဲ့အပြုံးနုနုက အိမ်မက်မဟုတ်ကြောင်း သက်သေထူ၏။
တစ်ဖန် သတို့သားအကြိုကားတွေရောက်လာပြီဆိုတာ့ ခန်းမထဲက လူတွေရဲ့လက်ခုပ်သံများနှင့်အတူ မတ်တပ်ရပ်ကာ သတို့သားကို လိုလိုလားလား ကြိုဆိုပေးနေကြသည့် ခန်းမထဲက လူများ...။
ရုတ်တရက် ကျွန်တော့်အရှေ့မှာ ဒူးတစ်ဖက်ထောက်ကာ ထိုင်ချလာသည့် လူကြီး...။
"ဘာလဲ"ဆိုသည့်သဘောဖြင့် ကြည့်နေစဥ် ဘူးလေးတစ်ဗူးကို လက်နှစ်ဖက်နှင့် ကိုင်ကာ မျှော်လင့်ချက်ရောင်ခြည်လေးတွေ ဖြတ်ပြေးနေသည့်မျက်ဝန်းတို့ဖြင့် အလှပဆုံးပြုံးပြနေသည်။
"Baby...
Baby က ကိုယ့်အတွက် အရာအားလုံးပါ...။
ကိုယ့်ကို Baby နဲ့ လက်ထပ်ခွင့်ပေးလို့ Baby ကို ကိုယ် ပြောမပြတတ်အောင် ကျေးဇူးတင်တယ်...။
ဒီနေ့ ဒီချိန်ကနေစ,ပြီး ကိုယ့်ကို Baby အနားမှာပဲ နေခွင့်ပေးပြီး စောင့်ရှောက်ခွင့်ပြုပါ..."
တစ်လုံးချင်းပြောလာသည့် လူကြီးရဲ့စကားများ...။
တစ်လုံးချင်း ပြတ်သားပြီး မျှော်လင့်ချက်တို့ ပြည့်နေသည့် ထိုအသံ...။
ဟုတ်တာပေါ့...။ ဒီလူကြီး ကျွန်တော့်ကို တရားဝင် လက်ထပ်ခွင့်မှ မတောင်းရသေးပဲလေ...။
ဒီရက်တွေအတွင်းမှာလည်း လူကြီးကို သူနဲ့ တွေ့ခွင့်မှမပေးခဲ့ပဲ...။
ငါ ငြင်းလိုက်ရင်လည်း ဒီလူကြီး အရှက်ကွဲဦးမယ်...။
ဟက်..! ငြင်းလိုက်ရင် ကျွန်တော် စီစဥ်ထားတဲ့ အရာတွေ အလကားဖြစ်သွားမှာပေါ့...။
Baby ကို ဒီလို လက်ထပ်ခွင့်တောင်းရတာ XZ စိတ်ထဲ 50-50 ဖြစ်နေလေသည်။
အရဲစွန့်တယ်ပဲဆိိုဆို Baby ကို ဒီလို တရားဝင်ခွင့်တောင်းပြီးမှ သူ လက်ထပ်ချင်သည်။
ဒီလိုမှ လက်ထပ်ခွင့်မတောင်းရရင် Baby ကို အလေးမထားရာကျမှာ Xiao Zhan တကယ်စိုးရိမ်သည်။
မျှော်လင့်ချက်ရောင်ခြည်လေးတွေ ဖြတ်သမ်းနေသော မျက်ဝန်းတစ်စုံနှင့် အမျိုးအမည်ဖော်မရသော မျက်ဝန်းတစ်စုံ အပြန်အလှန်စိုက်ကြည့်နေကြသည်။
Baby က Xiao Zhan ဆိုတဲ့ ကျွန်တော်နဲ့ပတ်သတ်လာရင် သိပ်ဟန်ဆောင်ကောင်းတာ...။
ဒါက အရင်ကတည်းကသတိထားမိတဲ့ Baby လေးရဲ့အချက်တွေထဲက တစ်ခု...။
ဒါပေမယ့် ကိုယ်က အမြဲဘေးကနေ ဂရုတစိုက်ရှိတော့ တစ်ချို့အရာတွေဆိုရင်တော့ ကိုယ် ခန့်မှန်းနိုင်ခဲ့ပါတယ်...။
~~1 minute~~
~~2 minutes~~
~~3 minutes တိတိရှိပြီ~~
Baby စဥ်းစားရတာ အရမ်းခတ်နေလား...?
ကိုယ်တောင်းပန်ပါတယ် ကလေးရယ်...။
Baby ကို ကိုယ် အနှောက်အယှက်ပေးမိပြီ...။
Baby ကိုယ့်ကို ငြင်းလိုက်ရင်ဆိုတဲ့ ခံစားချက်ကြီး ဝင်မိတော့ Xiao Zhan နှလုံးသားလေး ပြိုလဲစ,ပြု၏။
Baby ရယ်.....
အကြည့်ချင်းဖလှယ်နေရင်း မုဆိုးဒူးထောက်ထိုင်နေသည့် XZ အနား YB တစ်ဖြေးဖြေးချင်း ကပ်လာနေသည်။
"ကျွန်တော် ခွင့်ပြုပါတယ်..."
Xiao Zhan မျက်ရည်များပင် ဝဲမိ၏။
ဒီခံစားချက်ကို ဘယ်လိုဖွင့်ပြောရမှန်းကို မသိနိုင်လောက်အောင် နက်နဲလွန်းသည်။
Baby ကို လက်ကလေးတစ်ဖက်ကမ်းပေးလိုက်တော့ အသာတကြည်ပဲ သူ့လက်ကလေးကို ကမ်းပေး၏။
Baby ရဲ့ လက်ကလေးကို ကိုင်ထားရင်း ဗူးလေးထဲက လက်စွပ်လေးကို XZ စွပ်ပေးလိုက်သည်။
ပြီးနောက် လက်စွပ်ဝတ်ထားတဲ့ Baby လက်ကလေးကို XZ မြတ်မြတ်နိုးနိုး နမ်းရှိုက်လိုက်၏။ နမ်းရှိုက်နေရင်းနှင့်ပင် ဝမ်းသာလွန်းလို့ကျရောက်လာတဲ့ မျက်ရည်ကြည်လေးတစ်ပေါက်က Baby ရဲ့ လက်ကလေးမှာ စိုစွတ်သွားလေသည်။
ကျွန်တော် လောလအရမ်းကြီးသွားပြီလား...?
ခန်းမထဲကလူတွေကတော့ လက်ခုပ်သံတွေနှင့်အတူ "Wow wah" အော်သံတွေနှင့် အားပေးကြ၏။
အားပေးနေတဲ့ လူတွေကလည်း တစ်ချို့ဆို ဝမ်းသာမျက်ရည်တွေပါ လည်နေကြသည်။
ထို့နောက် မုဆိုးဒူးထောက်ထိုင်နေရာမှ ထ,ကာ မျက်ရည်ဆက်မကျလာဖို့ ပင့်သက်တစ်ချက်ရှိုက်လျက် အားတင်းထားရင်း...
"Baby ကိုယ် အရှေ့က စောင့်နေမယ်...
Baby လေးက Babyလေးရဲ့ပါးပါးနဲ့ လာခဲ့နော်... Baby လေး အလာကို ကိုယ်မျှော်နေမယ်..."
YB ခေါင်းငြိမ့်ပြလိုက်တော့ လူကြီးက ကျေကျေနပ်နပ်ပြုံး၏။
မေ့ပစ်ဖို့ကြိုးစားခဲ့ဖူးသည့် ဒီအပြုံးတွေ...။
လူကြီး အရှေ့ကိုရောက်သွားတော့ ကျွန်တော့်ဘေးသို့ ပါးပါး ရောက်လာလေသည်။
ပါးပါးကလည်း ဝမ်းသာမျက်ရည်တွေနှင့်အတူ ပီတိဖြစ်နေသော အပြုံးတွေနှင့်...။
ဒီမင်္ဂလာပွဲက အဲ့ဒီလောက်ထိ လူတွေကို ညို့ငင်နိုင်သလား...?
ဝန်မခံချင်ပေမယ့် YB လည်း ထပ်တူကြည်နူးမိပြီး ရင်ခုန်မိပါသည်။
ဒါပေမယ့် ဒီခံစားချက်တွေက အခုလက်ရှိ မင်္ဂလာပွဲအတွင်းသာ ဖြစ်ပါလိမ့်မည်။
ပါးပါးက သူ့လက်ကလေးကို တတောင်ကွေးလိုက်ကာ YB ဘက်တိုးပေးလာတော့ လက်ကလေးတစ်ဖက်နဲ့ အသာချိတ်လိုက်၏။
ခင်းထားသော အနီရောင်ကောဇောကြီးပေါ်မှာ လျှောက်လှမ်းဖို့တောင် နှမြောမိသည့် အနီရောင်နှင်းဆီပွင့်ဖက်တွေက အပြည့်...။
ပါးပါးရဲ့လက်ကို ချိတ်ပြီး ကော်ဇောနီကြီးပေါ် ခြေတစ်လှမ်း,လှမ်းမိလိုက်တိုင်း ရင်ထဲမှာ လှိုင်းလေးတွေ လှုပ်ခတ်သွားသလို...။
ဘေးက ကြွရောက်လာကြသည့် ဧည့်သည်များရဲ့ ကြဲပေးလာသည့် ပွင့်ဖက်လေးများကလည်း မိုးပေါ်ကနေ တဖွဲဖွဲကျရောက်နေဆဲ...။
မင်္ဂလာဆောင်တယ်ဆိုတာ ဒီလို ခံစားချက်မျိုးလား...?
တဖြေးဖြေး လျှောက်လှမ်းလာသည့် အဖြူရောင်သတို့သားလေး...။
ကိုယ် နဲ့ Baby တဖြေးဖြေး နီးကပ်လာပြီလို့ တွေးမိတိုင်း XZ အကြိမ်ကြိမ် ပြုံးမိ၏။
ဝမ်းသာမျက်ရည်တွေဆိုတာ ထိန်းထားသည့်ကြားမှ ဝေ့သီလာသေးသည်။
ကျွန်တော် မငိုရဘူးလေ...။
ဒီအချိန်က Baby လေးကို ကြည့်ပြီး ကြည်ကြည်နူးနူး ပြုံးနေရမှာ...။
Baby ကျွန်တော့်နားရောက်လာတော့ Baby လေးရဲ့ပါးပါးက Baby လက်ကလေးကို ချိတ်ထားသည့် သူ့လက်မှဖြုတ်ကာ ကျွန်တော့်လက်ကိုလည်း ကိုင်ရင်း လက်ကလေးနှစ်ဖက်ကို ထပ်တူကျစေပြန်၏။
Advertisement
Baby လေးရဲ့ပါးပါးက လက်နှစ်ဖက်ကို ထပ်တူကျပြီးတာနဲ့ အောက်ကထိုင်ခုံမှာ သွားထိုင်၏။
ကျွန်တော့်ကို အသားယူလို့တယ်လို့ပဲပြောပြော Baby လေးရဲ့ လက်ကလေးနှစ်ဖက်စလုံးကို ကျွန်တော့်ရဲ့ လက်တစ်ဖက်စီမှာ ဆုပ်ကိုင်ထားရင်း Baby လေးရဲ့မျက်ဝန်းလေးတွေကို စိုက်ကြည့်လိုက်၏။
ဒီအချိန် Baby လေး ဘယ်လိုခံစားနေရလဲ ဆိုတာ သူ သိချင်ပါသည်။
သို့သော်လည်း ဟန်ဆောင်ကောင်းလွန်းတဲ့ Baby လေးရဲ့မျက်ဝန်းတွေဟာ တည်ငြိမ်ခြင်းအဖြစ်သာ တည်ရှိ၏။
ကျွန်တော်နဲ့လက်ထပ်ရတာ Baby နဲနဲလေးမှ မခံစားရဘူးလား...?
XZ ရဲ့အတွေးတွေကို ဖာသာရဲ့ အသံက ဖြတ်တောက်လိုက်၏။
"သတို့သား Xiao Zhan သည် သတို့သား Wang Yibo ကို ဘယ်လို အခြေအနေမျိုးမှာပဲဖြစ်နေပါစေ အေးအတူပူအမျှ ထပ်တူခံစားပြီး ပေါင်းသင်းမယ်လို့ ကတိကတိကဝတ်ပြုပါသလား...?"
"Yes, I do."
YB မျက်ဝန်းတွေကို တည့်တည့်စိုက်ကြည့်ကာ ပြုံးလျက် ဆိုလာသော လူကြီးရဲ့စကား...။
"သတို့သား Wang Yibo သည် သတို့သား Xiao Zhan ကို ဘယ်လို အခြေအနေမျိုးမှာပဲဖြစ်နေပါစေ အေးအတူပူအမျှ ထပ်တူခံစားပြီး ပေါင်းသင်းမယ်လို့ ကတိကတိကဝတ်ပြုပါသလား...?"
"Yes, I do."
တွေဝေခြင်းမရှိ ဖြေဆိုလာတဲ့ Baby လေးရဲ့ စကားအဆုံး XZ ကြည်ကြည်နူးနူးပြုံးလိုက်မိသည်။
"သတို့သား Xiao Zhan သည် သတို့သား Wang Yibo ကို သေတပန်သက်တစ်ဆုံး ပေါင်းသင်းမယ်လို့ ကတိကဝတ်ပြုပါသလား...?"
"Yes, I do."
"သတို့သား Wang Yibo သည် သတို့သား Xiao Zhan ကို သေတပန်သက်တစ်ဆုံး ပေါင်းသင်းမယ်လို့ ကတိကဝတ်ပြုပါသလား...?"
"............"
တိတ်ဆိတ်ခြင်း အတိလွှမ်းမိုးသွားသည့် Baby လေးရဲ့နှုတ်ခမ်းလွှာလေးကို ကြည့်ပြီး XZ ပင့်သက်ရှိုက်ဖို့ပင် ခက်ခဲနေခဲ့သည်။
(**ရပါတယ် Baby...
Baby အတွက် ဖြေရခတ်စေတဲ့ မေးခွန်းတွေ မဖြေပါနဲ့...။
ဒါပေမယ့် ကိုယ်ကတော့ သေတပန်သက်တစ်ဆုံး ဆိုတာထက်ကို ပိုပြီးတော့ ဘဝဆက်တိုင်း မင်းလေးနဲ့ပဲ ပေါင်းစည်းခွင့်ရချင်တယ် ကလေးရယ်...**)
ဝဲတက်လာတဲ့ မျက်ရည်တွေနဲ့ အောင့်တက်လာတက်ရင်ဘက်ကြီးက အလိုက်ကန်းဆိုး မသိလိုက်တာဗျာ...။
Baby နဲ့ အခုလို မင်္ဂလာခန်းမထဲမှာ အတူတူရှိနေခွင့်ရတာလေးကိုပဲ သူ ကျေနပ်နေသင့်တယ်မလား...?
Baby ဒီမေးခွန်းကို ဖြေတာ မဖြေတာ အောက်ကလူတွေ မသိသာစေပါဘူး...။
Baby လေးရဲ့ မျက်နှာကို မမှိန်မသုန်ကြည့်မိတော့ Baby က ကျွန်တော့်ကို ကြည့်မနေတော့ပေ...။
ထို့နောက် လက်စွပ်လေးတွေ အပြန်အလှန်ဝတ်ပေးရမည့် အချိန်သို့ ရောက်ရှိလာသည်။
Xiao Zhan လက်စွပ်လေးကို ယူကာ Baby လေးရဲ့ လက်သူကြွယ်လေးထက် ထပ်မံ၍ ဆင်မြန်ပေးလိုက်သည်။
အခုဆို Baby လေးရဲ့ လက်သူကြွယ်လေးထက်မှာ ကိုယ့်ကြောင့်ဖြစ်တည်လာတဲ့ လက်စွပ်လေးနှစ်ကွင်း နေရာယူနေလေပြီ...။
Baby လေးကလည်း ကျွန်တော့်လက်ကို ကိုင်ကာ လက်စွပ်လေး ဝတ်ပေးနေလေသည်။
Xz မျက်တောင်မခတ်တမ်း မမှိန်မသုန် စိုက်ကြည့်နေမိသည်။
ကျွန်တော့်လက်မှာလည်း Baby လေးနဲ့ ဆင်တူ လက်စွပ်လေးနှစ်ကွင်း နေရာယူနေလေပြီ...။
ဘယ်တော့မှ မခွဲကြကြေးနော် Baby...။
Baby နဲ့ကိုယ်နဲ့ ဘယ်တော့မှ မခွဲဘူး...။
ဘယ်တော့မှ.....
"သတို့သားနှစ်ယောက် နမ်းလို့ရပါပြီ..."
ဖာသာ စကားအဆုံး XZ ပြုံးလိုက်မိသည်။
Baby လေး လက်ခံမှ နှုတ်ခမ်းလေးထက် နမ်းခွင့်ရမယ့် ကျွန်တော့်ဘဝကိုဘေးလူတွေ မသိကြဘူး။
ကျွန်တော် ခွင့်တောင်းသလိုလေး ကြည့်မိတော့ Baby သက်ပြင်းခပ်ငွေ့ငွေ့ချ၏။
ထို့နောက် မျက်လုံးနှစ်ဖက်လုံးကို တစ်ချက်တည်း မှိတ်ပြကာ ခွင့်ပြုပေးလာ၏။
XZ ရင်ဘက်ကြီးတစ်ခုလုံး ဗြောင်းဆန်သွား၏။
Baby ခွင့်မပြုရင် သူ ဟန်ဆောင်နမ်းဖို့ပဲ ပြင်ဆင်ထားခဲ့တာ...။
မင်္ဂလာဆောင်တဲ့ ဒီနေ့လေးမှာ Baby လေးကို သူ့ကြောင့်နဲ့ စိတ်ထင့်သွားမှာကို XZ လုံးဝ မလိုလားပါ...။
Baby လေးခွင့်ပြုတာနဲ့ လက်ကလေးနှစ်ဖက်ကို ကိုင်ထားရင်းပင် မျက်နှာနှစ်ခုကို တဖြေးဖြေးချင်း ကပ်စေ၏။
Baby လေးရဲ့ ဝင်သက်ထွက်သက်က XZ မျက်နှာကို ရိုက်ခတ်လာသည်...။
Baby လေးရဲ့ နှုတ်ခမ်းလေးနဲ့ ကျွန်တော့်နှုတ်ခမ်းတစ်စုံ ထပ်တူကျသွားတော့ အလိုက်မသိလှတဲ့ ဒီရင်ဘက်ကြီးက တဒုန်းဒုန်း' မြည်ဟည်းနေပြန်ပါပြီ...။
Baby လေးရဲ့ နှုတ်ခမ်းသားလေးက သောက်လေသောက်လေငတ်မပြေ ဆိုတာမျိုး...။
အဆက်မပြတ် နမ်းချင်သေးသော်လည်း Baby လေးဘက်က မသိမသာ ခွာသွားသော နှုတ်ခမ်းလေးကြောင့် XZ လွှတ်ပေးလိုက်ရသည်။
အောက်က ပွဲတက်လာကြတဲ့လူတွေကတော့ လက်ခုပ်ဩဘာသံတွေနှင့် အော်ဟစ်ကာ အားပေးနေလျက်...။
နောက်တစ်ခေါက်နမ်းဖို့တောင် မြှောက်ပေးနေကြသေးသည်။
ကျွန်တော်တို့နှစ်ယောက်အကြောင်းကို သူတို့မှ မသိပဲလေ...။
သိလည်း မသိစေချင်ပါ...။
ထို့နောက် စားပွဲပေါ်မှာ အဆင့်သင့်တင်ထားတဲ့ ပန်းစည်းကြီးကို ဧည့်သည်တွေကြားထဲ Baby ပစ်ပေးရမယ့် အချိန်သို့ရောက်လာ၏။
Baby ကလည်း ပန်းစည်းလေးကိုကိုင်ကာ ပန်းစည်းပစ်မယ်ဆိုတော့ အရှေ့မှာ လူပျိုအပျိုတွေစုဝေးလာကြသည်။
Baby ကလည်း တစ်ချက်ပြုံးလျက် လက်ထဲက ပန်းစည်းကြီးကို နောက်ပြန်လှည့်ကာ လူတွေဆီသို့ပစ်ပေးလိုက်၏။
XZ တစ်ယောက် ပန်းစည်း ဘယ်ရောက်သွားလည်း ဆိုတာ မကြည့်အား...။
Baby ပြုံးလိုက်တာလေးကိုပဲ သဘောတကျငေးကြည့်နေမိသည်။
လုံလောက်ပါပြီ...။
ဒီနေ့အတွက် Baby လေး တစ်ချက်ပြုံးလိုက်တယ်ဆိုရင်ပဲ ကျွန်တော့်အတွက် လုံလောက်ပါပြီ...။
"Yayyyy! ငါကွ!!!"
လူတွေကြားထဲက အသံကြားလိုက်မှ XZ ရော YB ရော လှည့်ကြည့်လိုက်ကြသည်။
ဘယ်သူလဲ မှတ်ပါတယ်...။
Yibo ရဲ့ ချစ်လှစွာသော သူငယ်ချင်းကြီး "လန်ကျင်းရီ" ရယ်ပါလေ...။
"ဟားးး ယတြာကြေပြီကွ!!! ကျေးဇူး Yibo... ဟီး..."
အပျော်ကြီးပျော်နေသော "ကျင်းရီ" ကို ကြည့်ကာ Yibo ခေါင်းအသာရမ်းလိုက်မိ၏။
တကယ့်မနိုင်စိန်ပါဗျာ...။
ဧည့်သည်တွေကို လိုက်ဧည့်ခံကြတော့ YB လူကြီးနဲ့ တွဲပြီး မလျှောက်ချင်တော့...။
ကိုယ်မသိတဲ့ လူတွေကြားထဲကို လိုက်ပြီးတော့ သူ ပြုံးပြမနေချင်...။
လူတစ်ချို့ရဲ့ မျက်နှာလုပ်ပြီးပြုံးပြတဲ့ အပြုံးတွေကိုလည်း YB မမြင်ချင်ပါ...။
လူကြီးကလိုက်ပြီး ဧည့်ခံနေသော်လည်း သူ့ဘက်ကို ခနခနလှည့်ကြည့်နေတာ YB သတိထားမိ၏။
မတတ်နိုင်...။
ဒီလူကြီးကို ဒီထက်ပိုပြီး သူ မလိုက်လျောနိုင်တော့...။
လက်ထဲမှ လက်ကျန် ဝိုင်လေးကို တစ်ချက်တည်းမော့သောက်လိုက်သည်။
လည်ချောင်းထဲသို့ ချိုပြင်းပြင်းအရသာတွေက ခပ်ရှရှစီးဝင်သွားသည်။
Baby ကို လှမ်းကြည့်နေရင်း XZ သက်ပြင်းချမိသည်။
Baby ရဲ့ ပင်ကိုယ်စိတ်အရလူအများကြီးနဲ့လည်း သိပ်မရောတာကို သိနေသောကြောင့် XZ အတင်းအကျပ်လည်း ဧည့်မခံစေချင်ပါ...။
စိတ်ရင်းလား ဟန်ဆောင်တာလား မသိသည့် ချီးကျူးစကားတွေ အပြုံးတွေကြား XZ တစ်ယောက် လူမှုရေးအရဧည့်ခံပေးနေရ၏။
တစ်ယောက်တည်းဆိုတော့ ကြောင်တောင်တောင်နိုင်သော်လည်း Baby လေးကို သူ အပြစ်မမြင်ရက်ပါ...။
လွတ်လွတ်လပ်လပ် နေပါစေလေ...။
~~Dinner Party Time~~
'မင်္ဂလာဆောင်ပြီးရင် တစ်ယောက်တည်းနေသည့် ဒီအိမ်မှာပဲ နှစ်ယောက်နေမည်' ဟု လူကြီးရဲ့အမေးကို Yibo ဖြေခဲ့ဖူးတာကြောင့် Yibo အိမ်မှာပဲ Party လုပ်ဖြစ်ကြသည်။
Party မှာလည်း ထုံးစံအတိုင်း ဟန်ပြသာ လူကြီးနဲ့အတူရှိနေပြီးနောက် ဝိုင်ခွက်ကလေးကို ကိုင်ကာ လူမရှိသည့်ဝိုင်းတစ်ခုမှာ YB တစ်ယောက်တည်း ထိုင်သောက်နေလိုက်သည်။
လူများတဲ့ဝိုင်းတွေဆီကို သူ မသွားချင်သေး...။ ထို့ကြောင့် နောက်ထပ်ဝိုင်တစ်ခွက်ကိုကိုင်ကာ ကျင်းရီတို့ရှိရာ ဝိုင်းသို့ YB ထွက်လာလိုက်သည်။
လူကြီးရဲ့မျက်လုံးအစုံကလည်း YB နောက် လိုက်ပါလာဆဲ...။
နေပါစေ...။
တစ်ယောက်တည်း ဧည့်ခံနေလိမ့်မယ်...။
"Hey Yibo! Thank you so mush..!"
ဝိုင်းနား မရောက်သေးခင်ကပင် ကျင်းရီရဲ့ အသံစာစာက ဦးစွာ ဆီးကြိုနေလေ၏။
"အေးပါကွာ... အဲ့တာဆို ငါ့ကို ဘာပြန်ပေးမလဲ...?"
"ဟဲဟဲ... မင်းကလည်း ပြင်ဆင်ပေးမှာပေါ့..."
"တစ်ဝိုင်းစာလား..?"
"ငါ ရရင် အဲ့တာထက် ပိုစေရမယ်ကွာ..."
"အေးပါ... မှတ်ထားလိုက်ပြီ..."
"မှတ်ထားလိုက်တော့..."
ဝိုင်ခွက်လေးကို လက်ကလေးနဲ့ ကစားပြီး စကားပြောနေတဲ့ Yibo ကို စစ်ကျွေးက စေ့စေ့ကြည့်လာရင်း...
"Yibo မင်းလူကြီး တစ်ယောက်တည်းဖြစ်နေပြီ... ။ သွားပြီး ဧည့်ခံပေးသင့်ပါတယ်ကွာ...။
မနက်က ခန်းမထဲတုန်းကလည်း ဒီတိုင်းပဲ...။
တစ်ယောက်တည်းဆိုတော့ ကြောင်တောင်တောင်နိုင်မှာပေါ့..."
"နေပါစေကွာ...
ငါမသိတဲ့ လူတွေကြားထဲ အဲ့လိုကြီး လိုက်ပြီးတော့ ပြုံးပြမနေနိုင်ဘူး..."
စစ်ကျွေးကတော့ မျက်နှာမကောင်းစွာ ခေါင်းတစ်ခါခါလုက်နေလေသည်။
"အဟမ်း..! အခုအချိန်ကတော့ သတို့သားနှစ်ယောက် အတူတူတွဲကရမယ့် အချိန်ပါ..."
စင်ပေါ်မှ Michel ရဲ့ စကားအဆုံး Party ထဲက လူတွေရဲ့ လက်ခုပ်သံတွေ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
*ဖြောင်း...ဖြောင်း...ဖြောင်း...* (လက်ခုပ်သံ)
စင်ပေါ်မှလူရဲ့စကားအဆုံး လူကြီးကို လှမ်းကြည့်လိုက်တော့ ကျွန်တော့်ကို ခပ်ပြုံးပြုံးပဲ ကြည့်နေလေသည်။
အနောက်တိုင်း အနက်ရောင်ဝတ်စုံပြည့်နဲ့ ဝိုင်ခွက်လေးကို လှလှပပကိုင်ထားသော လူကြီးက တကယ့်ကို အသက်ရှုမှားလောက်စရာ...။
YB ကို ပြုံးကာ ကြည့်နေရင်း လက်ထဲက ဝိုင်ခွက်ကို အနီးဆုံးစားပွဲပေါ်သို့ တင်လိုက်ကာ သူ့ဆီသို့ တန်းတန်းမတ်မတ် လျှောက်လာသည့် လူကြီး...။
အနားကို ရောက်လာတော့ လက်တစ်ဖက်ကို နောက်ပစ်ကာ လက်တစ်ဖက်ကို YB ဆီ ကမ်းပေးလာရင်း ခါးလေးကိုညွှတ်ပြီး က,ဖို့ခွင့်တောင်းနေလေသည်။
Party ထဲကလူတွေကလည်း အလိုက်မသိစွာ သံစုံအော်လို့ အားပေးအားမြှောက်ပြုနေကြလေသည်။
မထူးတော့တဲ့ အခြေအနေမို့ ကမ်းပေးလာတဲ့ လက်တစ်ဖက်နဲ့ သူ့လက်တစ်ဖက်ကို ထပ်တူကျစေလိုက်သည်။
သတို့သားနှစ်ယောက် စင်ပေါ်ရောက်လာတော့ လက်ခုပ်သံတွေ ဆူညံစွာ ထွက်ပေါ်လာပြန်၏။
(**စိတ်ရှုပ်စရာကောင်းလိုက်တာ...**)
လူကြီးက ကျွန်တော့်လက်တစ်ဖက်ကို သူ့ပုခုံးပေါ်တင်စေကာ ထပ်တူကျနေဆဲ လက်နှစ်ဖက်ကို ဘေးသို့ ထုတ်လိုက်လျက်...
လူကြီးရဲ့ကျန်လက်တစ်ဖက်က ကျွန်တော့်ခါးကို အသာ ဖက်တွယ်လာချိန် သူ့တစ်ကိုယ်လုံးတုန်သွားသလို ခံစားလိုက်ရသည်။
ဒါကို သတိထားမိတဲ့ လူကြီးက ပို၍ပင်ပြုံးလိုက်သေး၏။
(**ကျစ်! ခင်ဗျားရဲ့အပြုံးတွေ မကြာခင် ပျောက်ကွယ်တော့မှာပါ...**)
ငြိမ့်ညောင်းစွာထွက်ပေါ်လာသည့် တီးလုံးသံလေးနှင့်အတူ စီးချက်ညီညီလှုပ်ရှားလာသော ရင်ဘက်နှစ်ခုဟာ ထပ်တူကျနေခဲ့သည်။
စီးချက်ညီစွာ က,နေကြသည့် စင်ပေါ်မှ သတို့သားနှစ်ယောက်ဟာ နတ်ဖတ်ထားသော ဖူးစာတွေအလား လိုက်ဖတ်လွန်းလှသည်။
က,နေရင်း မျက်တောင်မခတ် ငုံ့ကြည့်နေသော လူကြီးကို သတိထားမိသော်လည်း YB မော့မကြည့်ဖြစ်ပါလေ...။
အက,ကို လှပစွာအဆုံးသတ်သွားတဲ့ သတို့သားနှစ်ယောက် စင်အောက်သို့ ပြန်ဆင်းလာတယ်ဆိုရင်ပဲ လူချင်းကွဲသွားကြပြန်သည်။
Yibo ကတော့ ကျင်းရီတို့ဝိုင်းမှာပဲ ဝိုင်လေးသောက်လိုက် စကားပြောလိုက်နှင့်နေ၏။
ခနနေတော့ သူတို့ဝိုင်းဘက်ကို ပါးပါးရောက်လာတာကြောင့် Yibo ဝိုင်းမှ ဆက်ကနဲ မတ်တပ်ထ,ရပ်လိုက်သည်။
ဒါကို သိသော စစ်ကျွေးက ကျင်းရီကို ခေါ်ကာ ဝိုင်းမှ ရှောင်ပေး၏။
Advertisement
- In Serial275 Chapters
Taming the Queen of Beasts
Elreth is a Princess in the world of Anima—where humans can shift into the form of their animal ancestors. As the Lion King's daughter, Elreth breaks a thousand-year tradition when she challenges her ...
8 3660 - In Serial63 Chapters
The Vampire and The Ghost | ✔︎
[BOOK ONE OF THE VAMPIRE AND THE GHOST SERIES]She's dead, he's undead. An unusual duo make their way through the modern world, and its modern challenges. Annalise Redwood had spent too much time alone, floating in a centuries old house. The very same house she was murdered in 5 years before. She'd watched people leave, come in, investigate and even squat in this house. Yet none of them stayed long. And more importantly none of them saw her. It was hell, and she swore she was cursed. But this all changes, on the 5th anniversary of her death when a seemingly normal young man walks in. And he sees her. Eugene Cubert was old. Too old. He was done with life, had lived, breathed (well not really) and seen too much for one soul to bare. Quite frankly all he wanted to do was find a nice house to live in and spend the rest of the century comfortably locked away from all of the supernatural and natural. He's visiting his 5th house that day, when he hears it. A woman, screaming to be seen. And then he sees her. And nothings quite the same after that.----------------------------------------------------#No.2 in paranormal 3/7/2021#No.1 in ghost 9/7/2021#No.8 in murder 2/8/2021Updates weekly! (unless otherwise said)
8 424 - In Serial50 Chapters
My Mate is a Monster
The black wolf looked towards me after I gasped and his piercing green eyes stared into my bright blue ones. It felt as if time had stopped, and that the only people in the field were him and me.After what seemed like an eternity, I saw him shift back and then whisper, "Mine."******Started on 6/22/2016, Completed on 2/22/2017Highest Rank- #16 in Werewolf on 9/25/2016
8 240 - In Serial48 Chapters
Bad Intentions
I shook my head at him, this is his game. But that doesn't mean I can't master it. I smirked at him. "Are you scared that I might just beat you at your own game?" Jace let out a deep chuckle that sent tingles down my back. "Sweetheart, I'm here to remind you of one little thing." "And what's that?" I asked with a raised eyebrow. He walked between my legs as I was still seated on the counter which surprised me. His hands grabbed my waist and pulled me closer to him. A soft gasp left my lips from his sudden movements. He never broke eye contact. "That even in this little game, you belong to me." ****No one ever expects their first love to appear back in town after being gone for years. Especially since that first love reject their feelings before they left. But that's exactly what happened to Leah Tate. Senior year for Leah came around before she knew it and she couldn't wait to get started with her best friend, Kayla Greyson. Both were ready for a good final year of high school and excited to see what life after high school held ahead. But fate has other plans for Leah especially when Nate Rylan, Leah's childhood friend and first love, moves back into town. Still trying to get over her heartbreak and to show Nate she has moved on, Leah enlist in the help of Jace Emerson, the resident bad boy. Jace who is well know for his cold hearted demeanor and playboy ways agrees to help Leah, but for a price of course. A game with an inevitable ending, try and make the other person fall in love. Ultimately, Leah agrees to Jace's price and the façade along with the game beginnings. Of course nothing is easy, Leah finds herself intrigued by Jace. She wants to know exactly who he is since not much is known, just rumors. Danger, hatred and darkest secrets all surround this bad boy. Is Leah ready to uncover what is ahead? Especially since she found herself in the middle of it all.
8 262 - In Serial19 Chapters
ShraMan || The Love That Was Once Hidden[Completed]
Shravan, without a notice left Delhi, his family, and more importantly- Her. The Love of his life, Sumo. What happens when they come face to face?Join in this little journey of Shravan And Suman, as they rise a rollercoaster ride of emotions, love, romance, heartbreak and a peek into the past!
8 127 - In Serial35 Chapters
Chasing Cecilia
*It is not love that is blind, but we that are blind to love*When Cecilia's abusive father gambles her to her childhood enemy, forcing the two to marry, Cecilia sees a chance to escape her father. But will she go from bad to worse stuck in a hate-filled marriage with the man she has despised for eternity, or will their feelings for one another change for the better?(Highest ranking #1 in historical fiction)(Undergoing editing as of 12/10/16)
8 85

