《အမုန်းအားဥပေက္ခာပြု၍ [အမုန္းအားဥေပကၡာျပဳ၍] {Complete}》Ep - 24
Advertisement
Unicode
XZ သူ့အရှေ့မှာ Ph ထိုင်ကြည့်နေသော Baby လေးကို အူယားလွန်း၍ ကိုက်မစားမိအောင်မနဲ ထိန်းနေရလေသည်။
သူ့မှာ ဆိတ်သားတွေ ၊ ဖျားတာတွေ ၊ ခေါင်းမူးတာတွေ ဆိုတာ ဘယ်ရောက်သွားမှန်းပင် မသိတော့...။
တကယ်တော့ Baby လေး ချက်လိုက်တဲ့ ဆိတ်သားဟင်းမှာ အပြစ်မရှိပါဘူး။
'ထည့်စားဖို့' ပြောတဲ့ Baby လေးကလည်း စေတနာနဲ့ပါလေ...။
ကျွန်တော်ကိုက Baby ကြိုက်တဲ့ ဆိတ်သားဟင်းကို အနံ့မခံနိုင်ခဲ့တာ...။
ကျွန်တော် မှားတာပေါ့...။
နောက်တော့ စိတ်အလိုမလိုက်နိုင်တဲ့ ဒီခန္ဓာကိုယ်ကြီးက ပူလာရောလေ...။
ဒါကလည်း Baby လေး ကြိုးစားပမ်းစားချက်ထားခဲ့ရတဲ့ ထမင်းဟင်းတွေကို ကျွန်တော်က ပြန်အန်မိတာကိုး...။
အဲ့ဒီအတွက် ကျွန်တော့်ကို ဒီလို ကိုယ်အပူချိန်နဲ့ အပြစ်ပေးလိုက်တယ် ထင်ပါရဲ့...။
တကယ်ဆို ပြန်မအန်မိအောင် ကျွန်တော် ထိန်းခဲ့ရမှာ...။
အခုတော့ XZ အားလုံးကို မေ့နေပြီး သူ့မျက်လုံးထဲမှာလည်း ချစ်မဝတဲ့ သူ့ရဲ့ကလေးလေးသာ နေရာယူထားလေသည်။
ချစ်ဖို့ကောင်းလွန်းသည့် ကလေးပေါက်ကတော့ ကျွန်တော် ပြောလိုက်တဲ့စကားကို အလိုမကျသလိုမျိုး နှုတ်ခမ်းလေးအသာစူကာ မျက်စောင်းလှည့်ထိုးလေရဲ့...။
ဟောဗျာ... ကျွန်တော်က 'ဒီဓာတ်ပုံလေးရဲ့အဓိပ္ပါယ်ကိုသိချင်လား...?' လို့ပဲ မေးမိလိုက်တာပါဗျာ...။
သူလေးက 'မသိချင်ပါဘူး' ဆိုပြီး မျက်စောင်းလေးပါလှည့်ထိုးလိုက်သတဲ့...။
XZ ရင်ထဲ ယားကျိကျိဖြစ်သွားတာကိုတော့ ဒီကလေးလေးပေါက် မသိဘူး...။
XZ Baby လေးကို ကြည့်နေရင်းပင် အစာတွေကို အလိုက်မသိစွာ ပြန်အန်မိခဲ့သည့် ဗိုက်က ဆာလာလေသည်။
Baby လေး 'သဘောကောင်းနေတယ်' ဆိုပြီး ညနေစာကိုလည်း Baby လေးကို ချက်ခိုင်းမယ် မထင်လိုက်ပါနဲ့...။
သူလေး မနက်စာပြင်ပေးတာကို တော်တော် ပင်ပန်းနေခဲ့မှာ...။
Baby လေးကို သူ့အတွက်ကြောင့်နဲ့ မပင်ပန်းစေချင်ပါ...။
ကျွန်တော်ကလည်း အဖျားနဲ့ဆိုတော့ နောက်ဆုံး အပြင်ထွက်စားဖို့သာ စကားစ,မိတော့သည်။
"Baby ကိုယ်တို့ ညနေစာကို အပြင်မှာ စားကြမလား...?"
လူကြီးရဲ့စကားကို YB Ph ကြည့်နေရင်းမှ ခေါင်းတစ်ချက်ငြိမ့်ကာ ထောက်ခံလိုက်သည်။
"Omm စားမယ်လေ ကျွန်တော်လည်း ဗိုက်ဆာနေပြီ..."
'Baby နေ့လည်စာရော စားရဲ့လား...?' ဟူ၍ XZ ထပ်မမေးဖြစ်တော့...။
ကိုယ်ပူပြီး ချွေးစေးထွက်နေသည့် အင်္ကျီကိုသာ လဲဖို့ ပြင်ရတော့သည်။
ကိုယ့်ကြောင့် Baby လေး စိတ်အနှောက်အယှက်ဖြစ်သွားမှဖြင့်...။
"Ok ဒါဆို ကိုယ် အဝတ်အစားသွားလဲလိုက်ဦးမယ်... ခနပဲ..."
ပြောပြီးတာနဲ့ အိမ်ပေါ်ကို မပြေးရုံတမယ် ပြန်တက်သွားတဲ့ လူကြီးကြောင့် YB စိတ်ထဲမှ မှတ်ချက်ပေးလိုက်မိ၏။
(**တော်တော် ပဲများတဲ့လူကြီး...။
အပြင်လေး ခနသွားမှာကို...**)
Yibo ကတော့ အိမ်နေရင်း စပို့ရှပ်အပြာရောင်လေးတစ်ထည်နှင့် ဂျင်းဘောင်းဘီဒူးဖုံးလေးကိုသာ တွဲဖက်ဝင်ဆင်ထားလေသည်။
ညနေစာလေး သွားစားရုံပဲလေ...။
ဘာတွေရှိုးထုတ်နေစရာလိုလို့လဲ...?
ခနနေတော့ အိမ်ပေါ်မှ ဆင်းလာတဲ့ ခြေသံကြောင့် လူကြီး ဆင်းလာပြီ ဆိုတာသိလိုက်သည်။
"Baby..."
လူကြီး ခေါ်လိုက်တဲ့ အသံကြောင့် YB မော့ကြည့်မိတော့...
ကော်လံပါတဲ့ အင်္ကျီအဖြူရောင်လေးကို အပေါ်ကနေ အနက်ရောင်လက်ရှည်အစင်းကြားလေးနှင့် ထပ်ဝတ်ထားပြီး Style pant ဘောင်းဘီရှည်အနက်ရောင်နှင့် တွဲဖက်ဝတ်ဆင်ထားသည့် လူကြီးဆီမှာ ယောကျာ်းတစ်ယောက်၏ချောမောခန့်ညားမှုတွေ အပြည့်မြင်တွေ့နေရသည်။
လူကြီးရဲ့မူပိုင်အပြုံးကို နှုတ်ခမ်းအောက်က မှဲ့အနက်လေးနှင့် တန်ဆာဆင်လိုက်တော့တောက်ပပြီးနူးညံ့တဲ့ အပြုံးလေးတစ်ပွင့်ဖြစ်တည်လေ၏။
YB စိတ်ထဲ နည်းနည်းလေး အလိုမကျသလို ဖြစ်သွားစေတာ တစ်ခုကတော့ အောက်ကဝတ်ထားတဲ့ အင်္ကျီလက်ရှည်အဖြူရောင်ကို ပဲများတဲ့လူကြီးက ကြယ်သီးသုံးလုံးလောက်ထိ လိုတာထက်ပိုပြီး ဆင့်ဖြုတ်ထားခြင်းပင်...။
အပေါ်က ထပ်ဝတ်တဲ့ အနက်ရောင်လက်ရှည်အစင်းကြားကတော့ ဒီတိုင်း အပေါ်ထပ်အဖြစ်သာ ထပ်ဝတ်ထားခြင်းကြောင့် လူကြီးရဲ့လည်တိုင်ဖွေးဖွေးနှင့်အတူ ဖြုတ်ထားတဲ့ ကြယ်သီးတွေနေရာတွေက ရင်ဘတ်သားတွေကိုပါ အတိုင်းသား မြင်နေရလေ၏။
"မသွားတော့ဘူး"
"ဟင်? ဘာဖြစ်လို့လဲ Baby ရဲ့..."
ရုတ်တရက် "မသွားတော့ဘူး" ပြောလာတဲ့ Baby စကားကြောင့် 'ကိုယ် အဝတ်အစားသွားလဲတာ ကြာသွားလို့ စိတ်ဆိုးသွားသည်' အထင်နှင့် XZ ပြန်မေးလိုက်သည်။
"ခင်ဗျားလို ပဲများတဲ့ လူကြီးနဲ့ အပြင် မသွားချင်တော့လို့...
အသက်ကဖြင့် 30 နားနီးနေပြီ လူက အခုထိ ပဲများနေတုန်း..!"
Baby ပြန်ဖြေလိုက်သော စကားလေးကို XZ သဘောတကျ ရယ်လိုက်ရင်း.....
"ဟားးး Baby ရာ ကိုယ့်အသက် 26 ပဲ ရှိပါသေးတယ်ကွ...
ပြီးတော့ ကိုယ် ပဲများတာ အရမ်းများ သိသာသွားလား...? ဟားးး"
သူ့ကို 'ပဲများတယ်' ပြောတာကို ဂုဏ်ယူပြီး ရယ်နေသော လူကြီးကို YB မျက်မှောင်ကြုတ်ကာ စိုက်ကြည့်နေလိုက်သည်။
ဘယ်လိုလူကြီးမှန်းကို မသိဘူး...။
"ခင်ဗျား အခန်းထဲ မှန်မရှိဘူးလား...?"
Baby ပြောချလိုက်သော စကားကြောင့် XZ ကိုယ့်ကိုယ်ကို တစ်ချက် ငုံ့ကြည့်လိုက်ရင်း
ပါးစပ်ကလည်း အရယ်မပျက် ပြန်ဖြေ၏။
"ဟားး ရှိပါတယ် Baby ရယ်...
မသွားတော့ဘူးလို့တော့ မလုပ်ပါနဲ့ကွာ...
Baby မကြိုက်ရင် ကိုယ် ဒီအဝတ်အစားတွေ မဝတ်တော့ဘူး... ပြန်လဲလိုက်မယ်လေ...
ဟုတ်လား...?"
တကယ် ပြန်သွားလဲတော့မည့် ပုံစံနှင့် အပေါ် ပြန်တက်ရန်ပြင်လိုက်သော လူကြီးကြောင့် YB အင်္ကျီစ,တစ်ဖက်ကို လှမ်းဆွဲလိုက်ရသည်။
ဒီလိုသာ ခနတိုင်း ပြန်သွားလဲနေရင် ပြီးတော့မည် မဟုတ်...။
Advertisement
ဒီပဲများတဲ့လူကြီးနဲ့တော့လေ...။
အင်္ကျီစလေးတစ်ဖက်ကို ဆွဲထားခံလိုက်ရတဲ့ ခံစားမှုလေးကြောင့် XZ အပေါ်ပြန်တက်မယ့်ခြေလှမ်းတွေ ရပ်တန့်သွားပြီး နှုတ်ခမ်းလေး တစ်ဖက်ဟာလည်း လှလှပပကွေးညွတ်သွားလေသည်။
အင်္ကျီစ,လေးကို လှမ်းဆွဲမိလိုက်တော့ လူကြီးက ခေါင်းလေးငဲ့ကာ ပြန်ကြည့်လာ၏။
"ခင်ဗျား ဒီလို ဝတ်,မလာခင်ကတည်းကကိုယ့်ပုံစံကိုယ် ပြန်ကြည့်ခဲ့သင့်တယ်..."
ပြောပြောဆိုဆို ဆွဲထားတဲ့ အင်္ကျီစ,လေးကို YB လွှတ်လိုက်ကာ လူကြီးနဲ့ မျက်နှာချင်းဆိုင်တည့်တည့်မှာ သွားရပ်,လိုက်သည်။
လက်ကလည်း လိုတာထက်ပိုပြီး ဖြုတ်ထားတဲ့ လူကြီးရဲ့အင်္ကျီကြယ်သီးလေးတွေဆီသို့.....။
Baby ရဲ့ အပြုအမူတစ်ခုချင်းစီတိုင်းကို XZ မြတ်နိုးစွာ လိုက်ကြည့်နေမိ၏။
ရင်ဘတ်နားကို Baby လက်ကလေးရောက်လာတော့ ရင်တွေ 'တဒိန်းဒိန်း' ခုန်နေတဲ့ကြားက Baby ကို ဆွဲမနမ်းမိအောင် ထိန်းထားရသေးသည်။
Baby က ကိုယ့်ထက် မဆိုစလောက်လေး အရပ်ပုတဲ့အပြင် ခေါင်းလေးကို အောက်ငုံ့ထားတာကြောင့် Baby ရဲ့ဝင်သတ်ထွက်သက်က XZ ရဲ့မေးဖျားအနီးတစ်ဝိုက်ကို လာရောက်ရိုက်ခတ်နေ၏။
XZ အသက်ရှုတွေလည်းမြန်လာသလို နှလုံးခုန်နှုံးတွေလည်း ထိန်းထားသည့်ကြားမှ မြန်ဆန်လာလေသည်။
ဒီ Baby လေးနဲ့တော့ကွာ...။
လူကြီးရဲ့အသက်ရှုသံတွေ ၊ ဝင်သက်ထွက်သက်လေ,တွေဟာ YB ရဲ့နားရွက်နားမှာ တဝဲလည်လည်ဖြစ်နေလေသည်။
နောက်ဆုံး အင်္ကျီကြယ်သီးလေးကို တပ်ပေးနေရင်း လက်ချော်သွားတာကြောင့် YB ရဲ့လက်က လူကြီးရဲ့ရင်ဘတ်သားကို သွားထိမိလိုက်တဲ့အချိန်...
ပူစပ်စပ်အသားကြောင့် YB မျက်မှောင် တချက်ကြုတ်လိုက်လေ၏။
(နေ့လည်လောက်က သူ့ဦးလေးလာတော့ "ဆေးခန်းသွားနော် ပေါ့တိပေါ့ဆမနေနဲ့" ဆိုတဲ့ စကားပြောသံသဲ့သဲ့ကို ကြားလိုက်ရတာ ဒါကြောင့်ကိုး...။
ဒါတောင် ဒီလူကြီး ပဲများနေနိုင်သေးတယ်...
ဒီလိုမှန်းသိရင် ဟ,ထတားတဲ့ ကြယ်သီးတွေကို မတပ်ပေးပဲ ပစ်ထားလိုက်ရမှာ..!
ကျစ်..! ဒီလူကြီးကတော့...!!)
YB မကျေမနပ် မော့ကြည့်လိုက်တော့ စိုက်ကြည့်နေဆဲ မျက်ဝန်းတစ်စုံနှင့်ဆုံ၏။
နီစပ်စပ်မျက်ဝန်းတွေရဲ့စူးရှတဲ့ အကြည့်တွေကို YB ရဲ့ မျက်နှာအနှံ့ကို စူးစိုက်ကြည့်နေလေ၏။
အချိန်အတော်ကြာ စိုက်ကြည့်နေကြပြီးမှ YB ဘက်က အရင်ဆုံး အကြည့်လွှဲလိုက်သည်။
ဖျားနေတဲ့အရှိန်လေး ရှိနေသေးတာတောင် ကြယ်သီးတွေကို တမင်သက်သက် ဖြုတ်လာခဲ့တာ တကယ် အကျိုးယုတ်မသွားဘူးပဲ...။
'ဒီလို အခြေအနေလေးတွေကို မျှော်လင့်မိလို့ပါ' လို့ ပြောရင် ကိုယ် မလွန်တော့ဘူးမလား...?
"ကဲ! သွားရဦးမှာလား အပြင်က..."
မကျေမနပ်နဲ့မျက်မှောင်ကြုတ်ကာ ပြောလာတဲ့ Baby ကို ကြည့်ကာ XZ ပြုံးမိလိုက်ရင်း...
"သွားကြရအောင်လေ...
Baby လည်း ဗိုက်ဆာနေရောပေါ့..."
XZ ဂိုဒေါင်ထဲက ကားကို ပေါ်တီခုံအောက်ရွှေ့ရပ်လိုက်ရင်း ကားပေါ်ကနေ ခပ်မြန်မြန် ပြန်ဆင်းလာကာ မမေ့မလျော့ Lover seat တံခါးလေးကို လာဖွင့်ပေး၏။
Baby လေးကလည်း ထုံးစံမပျက် XZ ကို တစ်ချက်မှလှည့်မကြည့်ပဲ ခပ်တည်တည်သာ ဝင်ထိုင်၏။
XZ လည်း သဘောတကျ ပြုံးရပြန်၏။
_______________
"အကို... ယောင်လေးကို အကို လက်ထပ်ခွင့်တောင်းခဲ့တဲ့ ပန်းခြံတုန်းက
ယောင်လေးတို့ကို ရပ်ကြည့်နေတဲ့
ဟိုနာမည်ကြီးအတွဲလေ...
အကို မှတ်မိသေးလား...?"
မင်္ဂလာဖိတ်စာတွေကို ကြည့်နေကြရင်း ရုတ်တရက် မေးလာသည့် ယောင်လေးရဲ့စကားကို ရှီးချန်က မူပိုင်အပြုံးလေးဖြင့်သာ ပြန်ဖြေ၏။
"အင်း မှတ်မိတယ်လေ ယောင်လေးရဲ့...
ဘာလို့???"
"ယောင်လေးတို့ မင်္ဂလာပွဲကို သူတို့ကိုရော ဖိတ်ချင်တယ်"
မျက်လုံးလေး ပေကလပ်ပေကလပ်နဲ့ ခေါင်းလေးမော့ကာ ပြောနေပုံလေးက တကယ် အသဲယားစရာ...။
ဒီလိုပုံစံလေးနဲ့ လာချွဲမှာတော့ ဘယ်သူက အရည်မပျော်ပဲနေမည်နည်း?
"ဖိတ်လေ ယောင်လေးရဲ့...
စီးပွားရေးအသိုင်းအဝိုင်းနဲ့ ပတ်သတ်ပြီး သူတို့ကိုလည်း ဖိတ်လို့ရပါတယ်..."
ပန်းခြံမှာ လက်ထပ်ခွင့်တောင်းတုန်းကတည်းကထိုနာမည်ကြီးအတွဲလည်း ရှိနေတာကို သူတို့ သတိထားမိခဲ့ကြပါသည်။
ထို့နောက် ဓာတ်ပုံတွေထဲမှာရော သူတို့ကို ရပ်ကြည့်နေသည့် ထိုအတွဲရဲ့မျက်ဝန်းတွေကို မြင်ခဲ့ရသည်။
သူတို့အတွဲကို ယောင်လေးက သိပ်သဘောကျလေသည်။
သူတို့အတွဲရဲ့ Fan club တွေမှာဆိုရင်လည်း member လိုက်ဝင်သည်။
သူတို့အတွဲမင်္ဂလာဆောင်တုန်းက Vd တွေကို ကြည့်ပြီး ယောင်လေးက အားကျကြောင်း ပြောသေးသည်။
သူတို့မင်္ဂလာပွဲတုန်းက မှတ်မှတ်ရရသူတို့နိုင်ငံမှာသာမကတစ်ခြားနိုင်ငံတွေဆီက နှင်းဆီပန်းတွေပါ ဝယ်လို့မရအောင်ကို ပြတ်ထွက်သွားခဲ့သေးသည်။
အနီရောင်ကော်ဇောကြီးကို Bar ပိုင်ရှင်က သူ့ကလေးအိမ်ကနေ မင်္ဂလာခန်းမအထိခင်းစေပြီး နှင်းဆီပန်းတွေ တစ်လမ်းလုံးခင်းထားရုံသာမကမင်္ဂလာခန်းမကိုလည်း Romantic ဆန်စွာ နှင်းဆီပန်းတွေနှင့် နီရဲနေအောင် အလှဆင်ထားသေးသည်။
နှင်းဆီပန်းမိုးတွေ ရွာသွန်းနေသလို ကြဲပေးနေပုံကလည်း နှင်းဆီပန်းဆိုင်တွေ ပြတ်ထွက်သွားဖို့ လုံလောက်ပါသည်။
ထိုနာမည်ကြီးအတွဲကရော ပန်းခြံမှာ သူတို့ရှေ့ လက်ထပ်ခွင့်တောင်းခဲ့တဲ့ ရှီးချန်နဲ့မုန့်ယောင်ဆိုတဲ့ စီးပွားရေးတောင့်တင်းရုံသာရှိသည့် လူတွေကို မှတ်မိပါ့မလားလေ...?
"အကို!"
"Aww ယောင်လေး
ဘာပြောလိုက်တာလဲ...?"
အတွေးခန်းဖွင့်နေသော ရှီးချန်မှာ ယောင်လေး ဘာပြောလိုက်တယ်ဆိုတာ မသိလိုက်ပေ။
"ဟွန့်! သူတို့က လာပါ့မလားလို့ မေးနေတာ အကိုရဲ့... ဘာတွေတွေးနေမှန်းကို မသိဘူး"
"Aww ဒါကတော့ ယောင်လေးရယ် သူတို့စိတ် သူတို့ကိုယ်လေ...
ကိုယ်တို့ဆီကို မဖြစ်မနေလာရအောင် ကိုယ်တို့နဲ့ သူတို့က မိတ်ဆွေတွေမှ မဟုတ်ပဲ..."
ရှီးချန် စကားကို အလိုမကျဟန် စူပုပ်သွားသော ကောင်လေးဟာ တကယ် စိတ်ဆိုးသွားဟန်ပေါ်သည်။
"ယောင်လေးရယ် အကိုတို့ကို သူတို့မှတ်မိရင် လာကြမှာပေါ့...
စိတ်မဆိုးပါနဲ့ကွာ နော်...
အကို သေချာဖိတ်ပေးပါ့မယ်..."
"Omm သေချာဖိတ်ပေးနော် အကို..."
"ဟုတ်ပါပြီဗျာ..."
ထိုအခါမှ ရှီးချန်လည်း အသက်ရှူချောင်သွားတော့သည်။
တကယ်စိတ်မဆိုးလို့ တော်ပါသေးရဲ့လေ...။
_______________
"ဒေါက်တာရှင်းချန်"
ဆေးရုံအုပ်နဲ့ အလုပ်သင်လေးတစ်ယောက် အသံကြောင့် Quarantine ဝင်နေသော ရှင်းချန်လည်း အခန်းထဲကနေ လှမ်းကြည့်လိုက်သည်။
Advertisement
"စစ်ဆေးချက်တွေအတွက်တော့ ခန စောင့်ရဦးမယ်ဗျာ... ဒေါက်တာတို့ ကံကောင်းမှာပါ... အခုချိန်ထိတော့ တစ်ယောက်မှ ရောဂါလက္ခဏာမှ မတွေ့ရသေးဘူး"
ဆေးရုံအုပ်က ဝမ်းသာပီတိဖြစ်နေသော အပြုံးတို့ဖြင့် ရှင်းချန်ကို လှမ်းပြောနေလေသည်။
"ဟုတ်ကဲ့ဗျ"
ရှင်းချန် အပြုံးဖျော့ဖျော့ဖြင့်သာ ပြန်ဖြေဖြစ်သည်။
သူ အဆိုးလေးကို လွမ်းလှပြီ...။
ပြန်ရောက်လာတော့လည်း မတွေ့ရသေးပါလား ကောင်လေးရယ်...။
ကိုယ် မင်လေးကို တွေ့ချင်လိုက်တာကွာ...။
_______________
ညစာစားပြီး အိမ်ပြန်လာတော့ အဖျားသွေးရှိသေးတဲ့ XZ ခမျာ အိမ်ပေါ်ကို မနည်းတက်လာရသည်။
Baby လေးကတော့ ခပ်တည်တည်ပဲ ကားပေါ်က ဆင်းပြီး သူ့အခန်းထဲကို ဝင်သွားလေပြီ...။
'ဂရုမစိုက်ရကောင်းလား' ဆိုပြီး XZ အတွေးမဝင်ချင်ပါ...။
သူလေး ကောင်းကောင်းမွန်မွန်အိပ်ပျော်စေဖို့သာ XZ ဆုတောင်းပေးလိုက်ပါ၏။
XZ အခန်းထဲရောက်တော့ ငြီးစိစိဖြစ်နေသော ကိုယ်ကြောင့် ရေအရင်ချိုးလိုက်သည်။
ထိုအခါမှသာ နဲနဲနေသာထိုင်သာရှိသွားတော့သည်။
စောစောအိပ်ရာဝင်ဖို့ စဥ်းစားရင်း စကားတစ်ခွန်းပြောဖို့လည်း XZ မမေ့ခဲ့ပါလေ...။
"Good night Baby"
.........................
*ကျွီ...*
အခန်းတံခါး အသာဖွင့်ကာ ချောင်းကြည့်မိတော့ မှိန်ပြပြအလင်းရောင်လေးသာ ရှိတော့သည်မို့ အိပ်ပျော်နေပြီထင်၏။
မင်္ဂလာဦးအခန်းဆိုပြီး ရည်ရွယ်ထားသော်လည်း YB က ကိုယ့်အခန်းမှာပဲ တစ်ခန်းသက်သက်နေခြင်းကြောင့် ဒီအခန်းက လူကြီးရဲ့အခန်းသက်သက်လို ဖြစ်နေလေသည်။
YB ကုတင်ဘေး အသာလျှောက်လာရင်း လူကြီးကိုကြည့်တော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပုံရသည်။
ကုတင်ပေါ် တစောင်းလွှဲထိုင်ရင်း လူကြီးမျက်နှာကို သေချာစိုက်ကြည့်မိ၏။
ခပ်စူးစူးကြည့်တတ်သော မျက်ဝန်းတွေက အခုတော့ သခင့်အလိုကျ မျက်ခွံများဖြင့် ဖုံးကွယ်ပေးထား၏။
နှာခေါင်းချွန်ချွန်လေး...
ယောကျာ်းဆန်သည့် မေးရိုးသွယ်သွယ်လေး...
နူးနူးညံ့ညံ့ ပြုံးတတ်သည့်နှုတ်ခမ်းတစ်စုံ...
ပြီးတော့ နှုတ်ခမ်းအောက်က မှည့်နက်ကလေး...
တစ်ခါတစ်ခါ နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်ရင် ပေါ်လာတတ်တဲ့ ပါးချိုင့်သေးသေးလေး...
ပြီးတော့ နူးညံ့တဲ့နှုတ်ခမ်းပါးလေးအောက်က ယုန်သွားလေး.....။
တစ်ခုချင်းစီ စေ့စေ့စပ်စပ်လိုက်ကြည့်နေရင်း YB သူကိုယ်တိုင်တောင် မသိလိုက်ပါပဲ မျက်ဝန်းမှာ အရည်ကြည်တွေရစ်သိုင်းနေလေ၏။
ကုတင်ပေါ်က လူကြီးကတော့ အိပ်ပျော်နေဆဲဖြစ်ပြီး အဖျားသွေးရှိနေလို့ အသားတွေနီနေတာတောင် ချောမောခန့်ညားခြင်းတွေ လျော့ကျသွားခြင်း အလျဥ်းမရှိပါလေ...။
ရေချိုးထာပုံရသည့်ဒီလူကြီးက သူ့ကိုယ်သူ ဖျားနေမှန်းတောင် သိရဲ့လား မသိ...။
အပြင်သွားမယ်ဆိုတုန်းကလည်း ကြယ်သီးတွေ တစ်သီကြီးဖြုတ်ထားပြီး ပဲကများလိုက်သေးသည်။
နဖူးပေါ်လက်တင်ပြီး အဖျားစမ်းမိတော့ သူထင်ထားသလိုပင် ကျစ်ကျစ်တောက်ပူနေသည့် အသားကြောင့် YB 'ကျစ်' တစ်ချက် စုတ်သတ်လိုက်မိ၏။
ထို့နောက် ရေချိုးခန်းထဲသွားကာ ရေပတ်တိုက်ဖို့အတွက် တဘတ်တစ်ထည်နှင့် ရေနွေးနွေးလေး တစ်ဇလုံသယ်လာခဲ့သည်။
သေသေချာချာ ကိုယ်လက်သန့်စင်ပေးနေရင်း အမြောင်းမြောင်းထနေသော လူကြီးရဲ့
6 packs တွေကြောင့် YB မျက်နှာရဲရပါသေးသည်။
အားလုံးပြီးစီးသွားတော့ ပေါ့ပေါ့ပါးပါးအင်္ကျီလေးတစ်ထည်ထုတ်ပြီး ဝတ်ပေးထားလိုက်သည်။
ထို့နောက် စောင်ကို သေချာခြုံပေးရင်း YB သက်ပြင်းချမိပါ၏။
ကျွန်တော်က ခင်ဗျားကို 'လက်စားချေမယ် ပြန်ခံစားစေရမယ်' ဆိုပြီး ကြွေးကြော်လာခဲ့သမျှ
အခုတော့ ကျွန်တော်က ခင်ဗျားကို ပြန်ပြီး ပြုစုနေရတာလား Xiao Zhan...?
Xiao Zhan ခင်ဗျားက ခင်ဗျား အနားမှာရှိတဲ့လူတွေကို ဒီလိုပဲ ခံစားရစေတာလား...?
ခင်ဗျား သိလား...?
ခင်ဗျားက အိပ်နေရင် ဘာမှမဟုတ်တဲ့ လူတစ်ယောက်လိုပဲ...။
ခင်ဗျား အနားမှာနေလေလေ ခင်ဗျားအပေါ်မှာရှိတဲ့ ကျွန်တော့်ရဲ့ဘာမဟုတ်တဲ့ ခံစားချက်တွေက ပိုလာလေလေပဲ...။
ကျွန်တော် ရူးသွားပြီလား...?
ကျွန်တော် ခင်ဗျားအပေါ် သံယောဇဥ်မပိုသင့်ဘူးလေ...။
ပြီးတော့ ခင်ဗျားလည်း ကျွန်တော့်ကို မချစ်သင့်ဘူး Xiao Zhan...။
ခင်ဗျားအတွက် ပိုပြီးတော့ နာကျင်စေလိမ့်မယ်...။
ကျွန်တော် ဒီလိုပုံစံနဲ့ ရှေ့ဆက်တိုးနေရင် နှစ်ဖက်စလုံးအတွက် နာကျင်စေနိုင်တယ် မလား...?
ဟက်! ဒီလိုတွေ တွေးမိလိုက်ရင် ဒီ$ရင်ဘတ်ကြီးက $ရမ်းတွေ နာလာရော...။
မျက်ဝန်းအိမ်ကနေ မျက်ရည်တွေက ပါးပြင်ပေါ်သို့ 'တလိမ့်လိမ့်' ကျဆင်းလာ၏။
YB မသုတ်ဖယ်မိပါလေ...။
လူကြီးကိုသာငေးကြည့်ရင်း လူကြီးရဲ့မျက်နှာချောချောအနားကို တဖြေးဖြေးချင်း ကပ်သွားမိသည်။
ခပ်ဖွဖွလေး ထိကပ်မိလိုက်တဲ့ ပါးပြင်လေးဟာ 'နွေးကနဲ'...။
ခိုးနမ်းတယ်ဆိုတာ ဒီလို ခံစားချက်မျိုးပါလား...?
ပါးစပ်မှလည်း ခပ်တိုးတိုးရေရွတ်မိလိုက်သေးသည်။
💓💓💓💓💓💓💓💓💓💓💓💓💓💓
Updated _ 3100 words 💞
အစစအရာရာဂရုစိုက်ကြပါနော် ❤
ပူဆာမှုလေးကြောင့် Update ပေးလိုက်ပါတယ်လို့... စာ Type လို့ မျက်ရိုးကိုက်သက်သာအောင်တော့ Feedback လေးတွေပြန်ပေးခဲ့နော်...😍
Thanks you all...💌💞
💞 အားလုံးကို ချစ်ခင်လေးစားလျှက် 💞
K.Royalwhite💌💞🤍
May 31,2021 (Updated Day) 🖤✨
Zawgyi
XZ သူ႕အေရွ႕မွာ Ph ထိုင္ၾကည့္ေနေသာ Baby ေလးကို အူယားလြန္း၍ ကိုက္မစားမိေအာင္မနဲ ထိန္းေနရေလသည္။
သူ႕မွာ ဆိတ္သားေတြ ၊ ဖ်ားတာေတြ ၊ ေခါင္းမူးတာေတြ ဆိုတာ ဘယ္ေရာက္သြားမွန္းပင္ မသိေတာ့...။
တကယ္ေတာ့ Baby ေလး ခ်က္လိုက္တဲ့ ဆိတ္သားဟင္းမွာ အျပစ္မရွိပါဘူး။
'ထည့္စားဖို႔' ေျပာတဲ့ Baby ေလးကလည္း ေစတနာနဲ႕ပါေလ...။
ကြၽန္ေတာ္ကိုက Baby ႀကိဳက္တဲ့ ဆိတ္သားဟင္းကို အနံ႕မခံနိုင္ခဲ့တာ...။
ကြၽန္ေတာ္ မွားတာေပါ့...။
ေနာက္ေတာ့ စိတ္အလိုမလိုက္နိုင္တဲ့ ဒီခႏၶာကိုယ္ႀကီးက ပူလာေရာေလ...။
ဒါကလည္း Baby ေလး ႀကိဳးစားပမ္းစားခ်က္ထားခဲ့ရတဲ့ ထမင္းဟင္းေတြကို ကြၽန္ေတာ္က ျပန္အန္မိတာကိုး...။
အဲ့ဒီအတြက္ ကြၽန္ေတာ့္ကို ဒီလို ကိုယ္အပူခ်ိန္နဲ႕ အျပစ္ေပးလိုက္တယ္ ထင္ပါရဲ႕...။
တကယ္ဆို ျပန္မအန္မိေအာင္ ကြၽန္ေတာ္ ထိန္းခဲ့ရမွာ...။
အခုေတာ့ XZ အားလုံးကို ေမ့ေနၿပီး သူ႕မ်က္လုံးထဲမွာလည္း ခ်စ္မဝတဲ့ သူ႕ရဲ႕ကေလးေလးသာ ေနရာယူထားေလသည္။
ခ်စ္ဖို႔ေကာင္းလြန္းသည့္ ကေလးေပါက္ကေတာ့ ကြၽန္ေတာ္ ေျပာလိုက္တဲ့စကားကို အလိုမက်သလိုမ်ိဳး ႏႈတ္ခမ္းေလးအသာစူကာ မ်က္ေစာင္းလွည့္ထိုးေလရဲ႕...။
ေဟာဗ်ာ... ကြၽန္ေတာ္က 'ဒီဓာတ်ပုံလေးရဲ့အဓိပ္ပါယ်ကိုသိချင်လား...?' လို႔ပဲ ေမးမိလိုက္တာပါဗ်ာ...။
သူေလးက 'မသိခ်င္ပါဘူး' ဆိုၿပီး မ်က္ေစာင္းေလးပါလွည့္ထိုးလိုက္သတဲ့...။
XZ ရင္ထဲ ယားက်ိက်ိျဖစ္သြားတာကိုေတာ့ ဒီကေလးေလးေပါက္ မသိဘူး...။
XZ Baby ေလးကို ၾကည့္ေနရင္းပင္ အစာေတြကို အလိုက္မသိစြာ ျပန္အန္မိခဲ့သည့္ ဗိုက္က ဆာလာေလသည္။
Baby ေလး 'သေဘာေကာင္းေနတယ္' ဆိုၿပီး ညေနစာကိုလည္း Baby ေလးကို ခ်က္ခိုင္းမယ္ မထင္လိုက္ပါနဲ႕...။
သူေလး မနက္စာျပင္ေပးတာကို ေတာ္ေတာ္ ပင္ပန္းေနခဲ့မွာ...။
Baby ေလးကို သူ႕အတြက္ေၾကာင့္နဲ႕ မပင္ပန္းေစခ်င္ပါ...။
ကြၽန္ေတာ္ကလည္း အဖ်ားနဲ႕ဆိုေတာ့ ေနာက္ဆုံး အျပင္ထြက္စားဖို႔သာ စကားစ,မိေတာ့သည္။
"Baby ကိုယ္တို႔ ညေနစာကို အျပင္မွာ စားၾကမလား...?"
လူႀကီးရဲ႕စကားကို YB Ph ၾကည့္ေနရင္းမွ ေခါင္းတစ္ခ်က္ၿငိမ့္ကာ ေထာက္ခံလိုက္သည္။
"Omm စားမယ္ေလ ကြၽန္ေတာ္လည္း ဗိုက္ဆာေနၿပီ..."
'Baby ေန႕လည္စာေရာ စားရဲ႕လား...?' ဟူ၍ XZ ထပ္မေမးျဖစ္ေတာ့...။
ကိုယ္ပူၿပီး ေခြၽးေစးထြက္ေနသည့္ အကၤ်ီကိုသာ လဲဖို႔ ျပင္ရေတာ့သည္။
ကိုယ့္ေၾကာင့္ Baby ေလး စိတ္အႏွောက္အယွက္ျဖစ္သြားမွျဖင့္...။
"Ok ဒါဆို ကိုယ္ အဝတ္အစားသြားလဲလိုက္ဦးမယ္... ခနပဲ..."
ေျပာၿပီးတာနဲ႕ အိမ္ေပၚကို မေျပး႐ုံတမယ္ ျပန္တက္သြားတဲ့ လူႀကီးေၾကာင့္ YB စိတ္ထဲမွ မွတ္ခ်က္ေပးလိုက္မိ၏။
(**ေတာ္ေတာ္ ပဲမ်ားတဲ့လူႀကီး...။
အျပင္ေလး ခနသြားမွာကို...**)
Yibo ကေတာ့ အိမ္ေနရင္း စပို႔ရွပ္အျပာေရာင္ေလးတစ္ထည္ႏွင့္ ဂ်င္းေဘာင္းဘီဒူးဖုံးေလးကိုသာ တြဲဖက္ဝင္ဆင္ထားေလသည္။
ညေနစာေလး သြားစား႐ုံပဲေလ...။
ဘာေတြရွိုးထုတ္ေနစရာလိုလို႔လဲ...?
ခနေနေတာ့ အိမ္ေပၚမွ ဆင္းလာတဲ့ ေျခသံေၾကာင့္ လူႀကီး ဆင္းလာၿပီ ဆိုတာသိလိုက္သည္။
"Baby..."
လူႀကီး ေခၚလိုက္တဲ့ အသံေၾကာင့္ YB ေမာ့ၾကည့္မိေတာ့...
ေကာ္လံပါတဲ့ အကၤ်ီအျဖဴေရာင္ေလးကို အေပၚကေန အနက္ေရာင္လက္ရွည္အစင္းၾကားေလးႏွင့္ ထပ္ဝတ္ထားၿပီး Style pant ေဘာင္းဘီရွည္အနက္ေရာင္ႏွင့္ တြဲဖက္ဝတ္ဆင္ထားသည့္ လူႀကီးဆီမွာ ေယာက်ာ္းတစ္ေယာက္၏ေခ်ာေမာခန့္ညားမႈေတြ အျပည့္ျမင္ေတြ႕ေနရသည္။
လူႀကီးရဲ႕မူပိုင္အၿပဳံးကို ႏႈတ္ခမ္းေအာက္က မွဲ႕အနက္ေလးႏွင့္ တန္ဆာဆင္လိုက္ေတာ့ေတာက္ပၿပီးႏူးညံ့တဲ့ အၿပဳံးေလးတစ္ပြင့္ျဖစ္တည္ေလ၏။
YB စိတ္ထဲ နည္းနည္းေလး အလိုမက်သလို ျဖစ္သြားေစတာ တစ္ခုကေတာ့ ေအာက္ကဝတ္ထားတဲ့ အကၤ်ီလက္ရွည္အျဖဴေရာင္ကို ပဲမ်ားတဲ့လူႀကီးက ၾကယ္သီးသုံးလုံးေလာက္ထိ လိုတာထက္ပိုၿပီး ဆင့္ျဖဳတ္ထားျခင္းပင္...။
အေပၚက ထပ္ဝတ္တဲ့ အနက္ေရာင္လက္ရွည္အစင္းၾကားကေတာ့ ဒီတိုင္း အေပၚထပ္အျဖစ္သာ ထပ္ဝတ္ထားျခင္းေၾကာင့္ လူႀကီးရဲ႕လည္တိုင္ေဖြးေဖြးႏွင့္အတူ ျဖဳတ္ထားတဲ့ ၾကယ္သီးေတြေနရာေတြက ရင္ဘတ္သားေတြကိုပါ အတိုင္းသား ျမင္ေနရေလ၏။
"မသြားေတာ့ဘူး"
"ဟင္? ဘာျဖစ္လို႔လဲ Baby ရဲ႕..."
႐ုတ္တရက္ "မသြားေတာ့ဘူး" ေျပာလာတဲ့ Baby စကားေၾကာင့္ 'ကိုယ္ အဝတ္အစားသြားလဲတာ ၾကာသြားလို႔ စိတ္ဆိုးသြားသည္' အထင္ႏွင့္ XZ ျပန္ေမးလိုက္သည္။
"ခင္ဗ်ားလို ပဲမ်ားတဲ့ လူႀကီးနဲ႕ အျပင္ မသြားခ်င္ေတာ့လို႔...
အသက္ကျဖင့္ 30 နားနီးေနၿပီ လူက အခုထိ ပဲမ်ားေနတုန္း..!"
Baby ျပန္ေျဖလိုက္ေသာ စကားေလးကို XZ သေဘာတက် ရယ္လိုက္ရင္း.....
"ဟားးး Baby ရာ ကိုယ့္အသက္ 26 ပဲ ရွိပါေသးတယ္ကြ...
ၿပီးေတာ့ ကိုယ္ ပဲမ်ားတာ အရမ္းမ်ား သိသာသြားလား...? ဟားးး"
သူ႕ကို 'ပဲမ်ားတယ္' ေျပာတာကို ဂုဏ္ယူၿပီး ရယ္ေနေသာ လူႀကီးကို YB မ်က္ေမွာင္ၾကဳတ္ကာ စိုက္ၾကည့္ေနလိုက္သည္။
ဘယ္လိုလူႀကီးမွန္းကို မသိဘူး...။
"ခင္ဗ်ား အခန္းထဲ မွန္မရွိဘူးလား...?"
Baby ေျပာခ်လိဳက္ေသာ စကားေၾကာင့္ XZ ကိုယ့္ကိုယ္ကို တစ္ခ်က္ ငုံ႕ၾကည့္လိုက္ရင္း
ပါးစပ္ကလည္း အရယ္မပ်က္ ျပန္ေျဖ၏။
"ဟားး ရွိပါတယ္ Baby ရယ္...
မသြားေတာ့ဘူးလို႔ေတာ့ မလုပ္ပါနဲ႕ကြာ...
Baby မႀကိဳက္ရင္ ကိုယ္ ဒီအဝတ္အစားေတြ မဝတ္ေတာ့ဘူး... ျပန္လဲလိုက္မယ္ေလ...
ဟုတ္လား...?"
တကယ္ ျပန္သြားလဲေတာ့မည့္ ပုံစံႏွင့္ အေပၚ ျပန္တက္ရန္ျပင္လိုက္ေသာ လူႀကီးေၾကာင့္ YB အကၤ်ီစ,တစ္ဖက္ကို လွမ္းဆြဲလိုက္ရသည္။
ဒီလိုသာ ခနတိုင္း ျပန္သြားလဲေနရင္ ၿပီးေတာ့မည္ မဟုတ္...။
ဒီပဲမ်ားတဲ့လူႀကီးနဲ႕ေတာ့ေလ...။
အကၤ်ီစေလးတစ္ဖက္ကို ဆြဲထားခံလိုက္ရတဲ့ ခံစားမႈေလးေၾကာင့္ XZ အေပၚျပန္တက္မယ့္ေျခလွမ္းေတြ ရပ္တန့္သြားၿပီး ႏႈတ္ခမ္းေလး တစ္ဖက္ဟာလည္း လွလွပပေကြးၫြတ္သြားေလသည္။
အကၤ်ီစ,ေလးကို လွမ္းဆြဲမိလိုက္ေတာ့ လူႀကီးက ေခါင္းေလးငဲ့ကာ ျပန္ၾကည့္လာ၏။
"ခင္ဗ်ား ဒီလို ဝတ္,မလာခင္ကတည္းကကိုယ့္ပုံစံကိုယ္ ျပန္ၾကည့္ခဲ့သင့္တယ္..."
ေျပာေျပာဆိုဆို ဆြဲထားတဲ့ အကၤ်ီစ,ေလးကို YB လႊတ္လိုက္ကာ လူႀကီးနဲ႕ မ်က္ႏွာခ်င္းဆိုင္တည့္တည့္မွာ သြားရပ္,လိုက္သည္။
လက္ကလည္း လိုတာထက္ပိုၿပီး ျဖဳတ္ထားတဲ့ လူႀကီးရဲ႕အကၤ်ီၾကယ္သီးေလးေတြဆီသို႔.....။
Baby ရဲ႕ အျပဳအမူတစ္ခုခ်င္းစီတိုင္းကို XZ ျမတ္နိုးစြာ လိုက္ၾကည့္ေနမိ၏။
ရင္ဘတ္နားကို Baby လက္ကေလးေရာက္လာေတာ့ ရင္ေတြ 'တဒိန္းဒိန္း' ခုန္ေနတဲ့ၾကားက Baby ကို ဆြဲမနမ္းမိေအာင္ ထိန္းထားရေသးသည္။
Baby က ကိုယ့္ထက္ မဆိုစေလာက္ေလး အရပ္ပုတဲ့အျပင္ ေခါင္းေလးကို ေအာက္ငုံ႕ထားတာေၾကာင့္ Baby ရဲ႕ဝင္သတ္ထြက္သက္က XZ ရဲ႕ေမးဖ်ားအနီးတစ္ဝိုက္ကို လာေရာက္ရိုက္ခတ္ေန၏။
XZ အသက္ရႈေတြလည္းျမန္လာသလို ႏွလုံးခုန္ႏႈံးေတြလည္း ထိန္းထားသည့္ၾကားမွ ျမန္ဆန္လာေလသည္။
Advertisement
- In Serial611 Chapters
Thrown Into A New World: Let The Punishment Begin!
What do you think would happen when a mean and cranky bitch was suddenly thrown into a new world with no fault of her own? At least that is what she chose to believe.
8 2701 - In Serial1274 Chapters
Flash Marriage with a CEO Husband
The night before their wedding, her fiancé ran off with his mistress.Out of frustration, she grabbed the man standing in front of the Civil Affairs Office, "President Mo, your bride has not arrived an...
8 2036 - In Serial32 Chapters
Rich Girl Poor Girl
Two very different girls fall for two very different guys in a double romance about love and money. What happens when a corporate city girl falls for a musician, and a free-spirited hippie can't resist the charms of a successful businessman? Both women will have to face their pasts to overcome their differences and find true love.Lexi is a driven businesswoman living a high-flying corporate life in Sydney, Australia, who has her eyes on one thing only: a promotion. When a chance encounter has her suddenly housing Otis, a homeless but handsome musician, she can't help but feel that she might be able to make room for one more thing in her life - someone to love.Meanwhile, Sparrow is a beach-dwelling, spiritual hippie who lives her life in the moment, not bound by money or modern society. But because of her past, she's afraid to love again. When Thomas, a kind-hearted businessman begins to slowly break her walls down, can she forget everything she's left behind?Both Lexi and Sparrow fall hard into whirlwind romances with the very different men they've chosen, and tensions rise as they are forced to make hard choices about money, love, and themselves.[[word count: 100,000-150,000 words]]Cover designed by Anastasia Wright
8 168 - In Serial10 Chapters
Hanami
A hard-working young man, who is barely making ends meet, meets a wealthy young girl, diagnosed with the infamous princess syndrome. Follow these ill-fated soulmates through their countless hurdles to find true love.
8 207 - In Serial30 Chapters
Love Triangle (BG Fanfiction)
Всяко нещо си има своят край. Някои неща свършват за добро, правейки живота ни по-хубав, а други просто ни съсипват изцяло."- Знаеш, че съм първата ти любов, нали? Никога няма да ме забравиш, няма да ме изтриеш от живота си. През колкото и мъже да минеш, каквито и да са те, които и да са те, винаги ще ги сравняваш с мен. Ще сравняваш целувките ми, докосванията ми, държанието ми с техните. Ще си спомняш преживяванията ни всяка вечер, когато затваряш очи и всяка сутрин, когато ги отваряш. Всеки път, когато някой те нарече „принцесо", ще се сещаш за мен. Една дума казана от него и ще се сетиш за нещо свързано с мен. Запомни това добре Мелъди."
8 235 - In Serial75 Chapters
Seme!Male!Reader x Uke!Male!Insert
Basically it's you (the seme) and whom ever you want as your uke. Whether it be your long time crush or just a fictional character, it's all up to you.ATTENTION! There will be smut and fluff and boy x boy (hence the seme and uke) so read at your own risk!#1 in Random thoughts, December 2020.
8 240

