《အမုန်းအားဥပေက္ခာပြု၍ [အမုန္းအားဥေပကၡာျပဳ၍] {Complete}》Ep - 29
Advertisement
Unicode
Ring Ring Ring 📱
ရေချိုးခန်းထဲကနေ ခါးမှာ တဘက်တစ်ထည်ပတ်ပြီး ထွက်လာတဲ့ YB တစ်ယောက် Ph လာသံကြောင့် ခေါင်းကိုသုတ်နေလက်စ တဘက်အသေးလေးကို ပုခုံးပေါ်တင်ရင်း contact name ကို တစ်ချက်ကြည့်လိုက်တော့ '💞ကိုကို💞' ဆိုတဲ့ name လေးဟာ အသံပုံလေးတွေကြားမှာ ဝင့်ဝင့်ကြွားကြွား.....။
"Hello"
"Hello, Baby အိမ်အောက်ကို ခနဆင်းလာနိုင်မလား ကလေး...?"
Ph ထဲမှ လူကြီးရဲ့နူးညံ့တဲ့စကားသံလေးအဆုံး YB မမြင်နိုင်မှန်းသိရက် နံရံကိုဖောက်ထွင်း၍ အိမ်အောက်ကို ယောင်တောင်တောင်လှမ်းကြည့်မိလိုက်သေးသည်။
နူးနူးညံ့ညံ့လေးခေါ်တတ်တဲ့ ယောကျာ်းသားတစ်ယောက်ရဲ့ ဩရှရှအသံက ဒီလောက်ထိ နားထောင်ကောင်းနေရလား...???
"အင်း"
သတိပြန်ဝင်လာမှ လူကြီးရဲ့စကားကို 'အင်း' တစ်လုံးသာ ဖြေပြီး Ph ချပစ်လိုက်ရသည်။
ဘယ်လိုလုပ် ရင်ထဲမှာ အသံတွေမြည်နေပါလိမ့်...?
အင်းးးနေ့လည်စာမစားရသေးလို့ပဲဖြစ်မှာပါလေ.....။
YB သူ့ဘာသာတွေးရင်း အင်္ကျီအမြန်လဲကာ အောက်ထပ်ကို ဆင်းလာလိုက်သည်။
အိမ်အောက်တွင် ရပ်ထားသော အနက်ရောင်ကားကို smart ကျကျမှီလျက်ရပ်စောင့်နေသော လူကြီး.....။
Style ရှိသူပီပီ ကားကို ဒီအတိုင်းလေးပဲ မှီထားတာကိုက မျက်လုံးထဲမှာ ကြည့်ကောင်းလွန်းနေသည်။
ဘဝပေးကံတွေများကောင်းချက်....!
YB အိမ်ပေါ်က ဆင်းလာတော့ လူကြီးက အနူးညံ့ဆုံးဆိုတာထက်ကိုပို၍ ဝမ်းသာပီတိဖြစ်နေသော မျက်ဝန်းများ ၊ အပြုံးများဖြင့် ကြိုဆို၏။
"Baby ကို ကိုယ် တစ်နေရာခေါ်သွားစရာရှိသေးတယ်...
လိုက်မယ်မလားဟင်...?
လိုက်ခဲ့ပါကွာ နော် plz..."
လူကြီးရဲ့မျက်နှာငယ်လေးနဲ့ စကားပြောပုံလေးကြောင့် YB မပြုံးမိအောင်ထိန်းနေရလေသည်။
ဒီလူကြီး လူကဖြင့်မကြီးမငယ်နဲ့လာချွဲနေတာ.....။
"လိုက်ခဲ့မယ်လေ...
အိမ်မှာလည်း ပျင်းနေတာ..."
YB ပြန်ဖြေလိုက်သော စကားကြောင့် လူကြီးက အောင်နိုင်သူလိုအပြုံးကြီးပြုံးလျက်.....
"Ok, Baby
.
.
ကားပေါ် တက်လို့ရပါပြီဗျ..."
YB ကိုစကားပြောနေရင်းနှင့်ပင် ကားရဲ့တစ်ဖက်ခြမ်းကို ခြေလှမ်းကြဲကြီးတွေဖြင့် အလျင်အမြန်လျှောက်သွားလျက် ရွှင်လန်းတက်ကြွစွာ Lover seat ကားတံခါးကို ဖွင့်ပေးရင်း ခါးကိုအနည်းငယ်ကိုင်းကာ ပြောလာပုံလေးက မငြင်းရက်စရာအတိ.....။
YB လည်း ဘာမှပြန်ပြောမနေတော့ပဲ လူကြီး ဖွင့်ပေးသော ကားထဲသို့ အေးအေဆေးဆေးပဲ ဝင်ထိုင်လိုက်သည်။
လူကြီးရဲ့အပြုံးတွေက Driver seat မှာဝင်ထိုင်ပြီး ကားမောင်းထွက်နေချိန်အထိ ပျောက်ကွယ်မသွားသေးပေ.....။
လူကြီးရဲ့အပြုံးတွေက Yibo ကြောင့် ဖြစ်တည်လာတာဆိုရင်
Yibo ရဲ့ 'တဒိတ်ဒတ်' ခုန်နေဆဲ နှလုံးသားလေးကလည်း လူကြီးအတွက်ပဲ ဖြစ်တည်လာသည်ထင်၏။
တကယ်လို့.........,
Yibo မှာ မကောင်းတဲ့ အတိတ်တွေသာ မရှိခဲ့လျှင်.....။
လူကြီးနဲ့ Yibo ရဲ့ တွေ့ဆုံခင်မင်ရင်းနှီးမှုက သာမန်အတွဲတွေလိုမျိုး ၊ သာမန်လူတွေလိုမျိုး ရိုးရိုးရှင်းရှင်းလေးသာ ဖြစ်နေခဲ့မယ်ဆိုလျှင်.....။
ဒီလိုအချိန်မျိုး ၊ ဒီလိုကာလမျိုးအရောက်မှာ ကျွန်တော်နဲ့လူကြီး လွတ်လွတ်လပ်လပ် ခင်မင်ရင်းနှီးပြီး ဘာလျှို့ဝှက်ချက်မှမရှိပဲ ပေါ့ပေါ့ပါးပါးပဲ ရယ်မောနေနိုင်ကြမှာ...
ပျော်နေနိုင်ကြမှာ.....။
အဲ့ဒီလို သာမန်အတိုင်း ရိုးရိုးရှင်းရှင်းအခြေအနေလေးနဲ့ပဲ ချစ်သူတွေဖြစ်လာခဲ့ကြမယ်ဆိုရင် အခုချိန်ဆို တစ်ယောက်ကိုတစ်ယောက် ဘယ်အရာမဆို ပွင့်ပွင့်လင်းလင်းရှိပြီး ချစ်စကားလေးတွေကိုလည်း ဘေးနားကနေ တဖွဖွပြောနေနိုင်ကြမှာ.....။
ကျွန်တော့်ကြောင့်.....
အရာအားလုံးက ကျွန်တော့်ကြောင့်သာ.....။
ဒီလိုတွေဖြစ်အောင် ကျွန်တော်ကိုယ်တိုင်ပဲ ဖန်တီးခဲ့မိတာ.....။
ကျွန်တော် တောင်းပန်ပါတယ် ကိုကို.....။
တကယ်ကို တောင်းပန်ပါတယ်.....။
'တောင်းပန်ပါတယ်' ဆိုတဲ့ စကားကလွဲလို့ ကိုကို့ကို ဘာမှပြောစရာစကားရှိမနေတာကိုလည်း ထပ်ပြီး တောင်းပန်ပါတယ်.....။
Xiao Zhan ကားမောင်းနေရင်း ဘေးနားကနေ ငြင်းဆန်ခြင်းမရှိ ထိုင်လိုက်လာတဲ့ Baby လေးကြောင့် ကျေနပ်ပီတိဖြစ်နေလေသည်။
သူလေးရဲ့ထုံးစံလေးအတိုင်း ကားတံခါးကနေတစ်ဆင့် အပြင်ကိုသာ ငေးကြည့်နေပြီး ကိုယ့်ဘက်ကို တစ်ချက်ကလေးတောင် လှည့်ကြည့်လာခြင်း မရှိပေမယ့်လို့ပေါ့.....။
XZ စိတ်လှုပ်ရှားနေသည်။
ဒီနေ့ 1 month anni မှာ Baby နဲ့ သူ့ရဲ့ဆက်ဆံရေးကို နည်းနည်းလေးလောက်ပဲဖြစ်ဖြစ် ရှေ့ဆက်တိုးကြည့်ချင်သည်။
Baby ကို သူ့ရဲ့ Psycho တွေ ၊ အတိတ်တွေ ဘေးချပြီး ဖွင့်ပြောလိုက်ချင်သည်။
ဒါပေမယ့် အမှန်အတိုင်းပြောရရင် XZ ကြောက်နေပါသေးသည်။
သူ့ရဲ့ခံစားချက်တွေကို တစ်လုံးမကျန် ဖွင့်ဟပြောပြီး Baby နဲ့ သူ့ရဲ့ဆက်ဆံရေးကို သေချာစေချင်တဲ့ စိတ်ကလည်း လွှမ်းမိုးနေပြန်ပါ၏။
ညနေခင်းမရောက်တစ်ရောက် အချိန်ကတည်းကထွက်လာတဲ့ သူတို့ကားလေးဟာ မြို့ထဲလမ်းမတွေကို ကျော်ဖြတ်ပြီး မြို့ပြင်ဆီသို့ ဦးတည်မောင်းနှင်နေလေသည်။
စကားနည်းတဲ့ကောင်လေးက 'ဘယ်သွားမှာလဲ...?' တစ်ခွန်းမမေးပဲ တိတ်ဆိတ်ငြိမ်သက်စွာပင် မြို့ပြင်က မြင်ကွင်းတွေကို ငေးကြည့်လျက် လိုက်ပါလာ၏။
ပင်ကိုယ် စကားနည်းတာလည်း ပါသလို...
'ကိုယ်နဲ့ စကားမပြောချင်လို့ နေမှာပါ' လို့ တွေးမိတော့ XZ ကားမောင်းနေတဲ့ လက်တွေပင် အနည်းငယ် တင်းကျပ်သွားရသည်။
ယောကျာ်းသားနှစ်ယောက် စီးလာသော ကားဖြစ်ပါလျက် ကားထဲမှာ သာမန်ထက်ပိုပြီး အေးစက်နေတဲ့ လေထုအခြေအနေက သိပ်တော့ မဟုတ်သေး.....။
Baby ကတော့ သူ့ဘေးမှာ Xiao Zhan ဆိုတဲ့ ကိုယ်တစ်ယောက်လုံး ရှိနေတယ်ဆိုတာတောင် သိသေးရဲ့လားမသိ...။
ကိုယ်နဲ့ ကားအတူစီးရင် Baby လေးက ဒီအတိုင်းလေးပဲနေတတ်တဲ့ အကျင့်လေးရှိတာကြောင့် အပြစ်ဆိုလို့လည်း မရပါလေ...။
Baby နဲ့ ပတ်သတ်လာရင် XZ ဆိုတဲ့ ဒီလူက ဘာမဆို အပြစ်မမြင်ရက်တာဆိုရင် ပိုမှန်ပါလိမ့်မည်။
တကယ်တော့ ကိုယ့်ဘက်ကနေလည်း ဘာကစ,ပြောရမယ်မှန်း စဥ်းစားလို့မရသေးတာကြောင့် XZ နားလည်ပါ၏။
Baby လေးဘက်ကနေတော့ ဘာစကားမှ,စပြီး ပြောလာမှာ မဟုတ်တာကြောင့် တိတ်ဆိတ်နေတဲ့လေထုကို ဖြိုခွင်းရန် သီချင်းဖွင့်တဲ့ ခလုတ်လေးကို လက်တစ်ဖက်နဲ့အသာ လှမ်းဖွင့်လိုက်သည်။
Music box ကနေ ထွက်ပေါ်လာတဲ့ သီချင်းလေးက သူတို့နဲ့ ခံစားချက်ချင်းလည်း တိုက်ဆိုင်နေသလို XZ မကြာခန နားထောင်ဖြစ်တဲ့ ထိုသံစဥ်လေးက ကားထဲကို စည်းချက်ညီညီ ပျံ့လွင့်လာလေသည်။
Advertisement
🎼🎶 It's you, It's always you...
(မင်းပါပဲ... အမြဲတမ်း မင်းပါပဲ...)
If i'm ever gonna fall in love
(ကိုယ် ချစ်ခဲ့ရင်လည်း...)
I know it's goona be you
(အဲ့ဒီလူက မင်းပဲဆိုတာ ကိုယ်သိတယ်)
It's you, It's always you...
(မင်းပါပဲ... အမြဲတမ်း မင်းပါပဲ...)
Met a lot of people but nobody feel likes you~~
(လူတွေအများကြီးကို တွေ့ဖူးပေမယ့် ဘယ်သူ့ကိုမှ မင်းလို မခံစားရဘူး...)
So please don't break my heart
(ဒါကြောင့် ကျေးဇူးပြုပြီး ကိုယ့်အသည်းကို မခွဲပါနဲ့....)
Don't tear me apart
(ကိုယ့်ကို ခွဲမသွားပါနဲ့...)
I know how it starts
(ဘယ်လိုစတင်ရမလဲဆိုတာ ကိုယ် သိတယ်)
Trust me i've been broken before
(ကိုယ် အရင်ကအသည်းကွဲခဲ့ဖူးတာကို ယုံပါ...)
Don't break me again...
(ကိုယ့်ကို နောက်ထပ် အသည်းကွဲအောင်မလုပ်ပါနဲ့...)
I'm delicate...
(ကိုယ့်အသည်းက နုလို့ပါ...)
Please don't break my heart
(ကျေးဇူးပြုပြီး ကိုယ့်အသည်းကို ထပ်မခွဲပါနဲ့...)
Trust me i've been broken before
(ကိုယ် အရင်က အသည်းကွဲခဲ့ဖူတာကို ယုံပါ...)
I've been broken, yeah
(ကိုယ် အသည်းကွဲခဲ့ဖူးပါတယ်...)
I know how it feels...
(ဘယ်လို ခံစားရတယ်ဆိုတာ ကိုယ်သိတယ်...)
To be open and then find out yours love isn't real~~
(သိလိုက်ရချိန်မှာ မင်း တွေ့တဲ့ အချစ်က အချစ်စစ်မဟုတ်ခဲ့ဘူး...)
I'm still hurting, yeah
(ကိုယ် နာကျင်နေတုန်းပဲ...)
I'm hurting inside
(ကိုယ့်ရင်ထဲမှာ နာကျင်နေဆဲပဲ...)
I'm so scared to fall in love
(ကိုယ် ချစ်ရမှာ အရမ်းကြောက်နေမိတယ်...)
But if it's for you then i'll try
(ဒါပေမယ့် မင်းအတွက်ဆိုရင် ကိုယ်ကြိုးစားကြည့်မယ်...) 🎼🎶
သီချင်းပထမတစ်ပိုဒ်ကို XZ ကားမောင်းလျက် ခပ်တိုးတိုးလိုက်ညည်းရင်း ခံစားဖူးသူဖြစ်သည့်အလျောက် ရင်တွင်းတစ်နေရာကနေ မသိမသာ အောင့်တက်လာလေသည်။
Ali Gatie ရဲ့ "It's you" ဆိုတဲ့ သီချင်းလေးကလည်း ကားထဲမှာ နောက်တစ်ကြော့ပြန်ကာ သာယာစွာပျံ့လွင့်နေဆဲ.....။
Baby ကို တစ်ချက်စောင်းငဲ့ကြည့်တော့ ကလေးငယ်က ထိုင်ခုံကို ခပ်လျောလျောမှီရင်း မျက်လုံးလေးတွေကို မှိတ်ချထား၏။
XZ သိပါတယ် ဒီကလေး အိပ်ပျော်နေတာမဟုတ်မှန်း.....။
အလွတ်ရနေတဲ့ ဒုတိယတစ်ပိုဒ်ကို XZ လိုက်မဆိုတော့ပဲ ကားကိုသာ အာရုံစိုက်မောင်းရင်း ဦးတည်ရာနေရာလေးဆီသို့သာ ခရီးအသော့နှင်ရလေသည်။
.........................
"Baby ကိုယ်တို့ရောက်ပြီ..."
"Aww inn"
သီချင်းနားထောင်ရင်း မျက်လုံးလေးမှိတ်လျက် လိုက်ပါလာတဲ့ ကလေးငယ်က သီချင်းပြီးသွားတော့လည်း မျက်လုံးပြန်ဖွင့်မလာပဲ စိတ်ချလက်ချအိပ်ပျော်သွားလေသည်။
'ညတိုင်အိပ်မပျော်ဘူးလား ကလေး...?' လို့ မေးပြီး ညတိုင်းညတိုင်း ကောင်းကောင်းမွန်မွန် အိပ်စက်နိုင်ဖို့အတွက် XZ သီချင်းတွေဆိုပြချင်ပါသည်။
ကားထဲမှာ အိပ်လျက်လိုက်ပါလာတဲ့ ကလေးက XZ စကားကို ပြန်ဖြေရင်း အကြောပင်ဆန့်နေသေးသည်။
ဘယ်လိုလေးလဲကွာ.....??
သူတို့ဦးတည်ရာနေရာရောက်တော့ ညနေပင် တော်တော်စောင်းနေလေပြီ...။
ခြံဝန်းကျယ်ကြီးတစ်ခု...။
အတိအကျပြောရလျှင် မြို့ပြင်မှာ အိမ်တော်ကြီးတစ်ခုကို ခမ်းနားစွာ တည်ဆောက်ထားသော ခြံဝန်းကျယ်ကြီး တစ်ခု.....။
သစ်ပင်ပန်းပင်တွေနှင့် အရှိန်အဝါတစ်ခုကပ်ငြိနေတဲ့ အိမ်တော်ကြီးဟာ ညနေစောင်းအချိန်မှာပင် ကြည့်ရတာ မျက်စိပဒေသာရှိလှ၏။
"ဒါ ကိုယ့်မား အိမ်လေ..."
XZ ရဲ့ ခပ်တိုးတိုးစကားသံအဆုံး အိမ်ကြီးဆီကို ကြည့်နေတဲ့ YB ရဲ့ မျက်လုံးတွေက XZ ဘက်ကို လှည့်ကြည့်လာ၏။
"လာ ကလေး..."
ကားကို ခြံထဲဝင်တယ်ဆိုရုံလောက်သာ ရပ်ထားတာကြောင့် ခြံဝန်းကျယ်လှသည့် အိမ်ကြီးဆီသို့ ကားနဲ့မသွားပါပဲ အေးအေးလူလူစကားပြောရင်း လမ်းဆင်းလျှောက်ဖြစ်ကြသည်။
"ကလေး ခန..."
လမ်းအတူတူယှဥ်လျှောက်နေရင်းကနေ XZ က ကလေးငယ်ရဲ့ အနောက်မှာ ခြေလှမ်း မသိမသာချန်နေခဲ့ကာ Baby လေးရဲ့ နောက်ကျောဘက်မှာ မတ်တပ်ရပ်ရင်း အနက်ရောင်ပဝါစလေးတစ်ခုနဲ့ မျက်လုံးလေးနှစ်ဖက်ကို အသာအယာ စည်းနှောင်ပေးလိုက်၏။
ရုန်းချင်သလိုဖြစ်နေတဲ့ Baby လေးရဲ့ လက်နှစ်ဖက်ကို XZ သူ့လက်နှစ်ဖက်နဲ့ထပ်လျက် စုကိုင်လိုက်ရင်း အနောက်ကနေသိုင်းဖက်ထားလိုက်သည်။
YB ရဲ့ လည်ပင်းနားတစ်ဝိုက်မှာ လူကြီးရဲ့ဝင်သက်ထွက်သက် လေကလေးတွေက ကလူကျီစယ်နေ၏။
ထို့နောက် ယောကျာ်းပီသသောအသံဩရှရှလေးဖြင့် YB နားရွက် အနားကို ကပ်ကာ နှစ်ကိုယ်စာ ကြားရရုံလေသံလေးဖြင့်ဆိုသည်။
"Happy 1 month anniversary Baby...
ကိုယ်နဲ့အတူ တစ်ဘဝလုံးအတူတူနေပေးနိုင်မလား ကလေး...??
နောက်ထပ် Anniversary တွေအများကြီးကို Baby နဲ့အတူတူ ဖြတ်သန်းချင်သလို
နေ့ရက်တိုင်း အချိန်တိုင်းကိုလည်း ကိုယ့်ကို Baby နဲ့အတူ ရှိနေခွင့်ပေးပါ..."
ကိုကို ပြောလိုက်တဲ့ စကားတစ်လုံးချင်းစီတိုင်းဟာ YB ရဲ့နားစည်ထဲကို ဝင်ရောက်ရိုက်ခတ်လျက် နှလုံးသားကလည်း စကားလုံးလေးတွေအတိုင်း စည်းချက်ညီညီလှပစွာကခုန်နေလေ၏။
Advertisement
အနောက်ကနေသိုင်းဖက်ထားတဲ့ ကိုကို့ရဲ့လက်တွေကလည်း ထိုစကားအဆုံး ပိုလို့ပင် တင်းကြပ်သွားလေသည်။
"1 ကနေ 10 အထိ စိတ်ထဲက ရွတ်နေပေး Baby...
10 ပြည့်ရင် ပဝါလေးကို ဖြည်ချလိုက်..."
"1.. 2.."
YB ကိုဖက်ထားတဲ့ ကိုကို့ရဲ့လက်တွေက တဖြေးဖြေး ပြေလျော့သွားပြီး အနားကနေ ခွာသွားလေသည်။
"3.. 4.."
ခြေသံတွေကို မကြားရသေးသည့်တိုင် ကိုကို အနားမှာရှိနေတုန်းပဲဆိုတာ Yibo သိသည်။
"5.."
သူ့ရဲ့ တစ်ခြားလုပ်ငန်းစဥ်တွေအတွက် အနားကခွာသွားပေမယ့် Yibo ထွက်သွားမှာကိုလည်း ကိုကိုက ကြောက်နေပုံရသည်။
"6.."
အင်းးး ကိုကို အဲ့ဒီလို တွေးရင်လည်း တွေးချင်စရာပါပဲလေ...။
"7.. 8.. 9.. 10.."
လေတစ်ချက်အဝေ့မှာ ကိုကို့စကားကို လိုက်နာစွာ နံပါတ်လေးတွေကို ရွတ်ဆိုအပြီးမှာတော့ မျက်လုံးတွေကို အုပ်ထားတဲ့ အနက်ရောင်ပဝါစလေးကို ဖြည်ချလိုက်သည့်အခါ
YB ပါးစပ်လေး 'အို' ပုံစံဖြစ်သွားလောက်သည်အထိ အံ့ဩသွားလေသည်။
"လှလိုက်တာ..."
အသံထွက်ပြီး ရေရွတ်မိသည်အထိ လှပခမ်းနားလွန်းသည့် အိမ်တော်ကြီး.....။
ရောင်စုံမီးတွေနှင့် လင်းထိန်နေပြီး အိမ်ထဲကိုဝင်တဲ့ လျှောက်လမ်းတစ်ခုလုံးကို အသဲပုံလေးတွေ ချခင်းထားပုံက မီးရောင်အောက်မှာ လှရက်လွန်းသည်။
ခြံဝန်းကျယ်ကြီး တစ်ခုလုံးကလည်း YB တို့ရောက်ကာစ,ကနှင့်ခြားနားစွာ လင်းထိန်နေလေပြီ...။
မီးပုံးရောင်စုံလေးတွေအပါအဝင် ချည်ကြိုးလေးတွေနှင့် တွဲချည်ထားသော ဓာတ်ပုံလေးများ.....။
YB အရပ်လောက်သာ ချိတ်ဆွဲထားသော ထိုဓာတ်ပုံလေးကို တစ်ပုံချင်း ယူပြီး ကြည့်နေမိသည်။
Yibo ကို ခိုးရိုက်ထားတဲ့ ဓာတ်ပုံလေးတွေ...
ကျောင်းသွားကျောင်းပြန်ပုံလေးတွေ...
လူကြီးနဲ့အတူ ပြုံးနေတဲ့ ဓာတ်ပုံလေးတွေ...
ဘွဲ့ယူတုန်းက နှစ်ယောက်အတူရိုက်ထားတဲ့ ဓာတ်ပုံတွေအပါအဝင် ဘွဲ့ဝတ်စုံနဲ့ သူတစ်ယောက်တည်းကို ခိုးရိုက်ထားသည့် ပုံလေးတွေ...
အထူးသဖြင့် မင်္ဂလာဆောင်တုန်းက ဓာတ်ပုံလေးတွေကို အိမ်နံရံတစ်လျှောက် မှန်ဘောင်သွင်းပြီး ချိတ်ဆွဲထားလေ၏။
YB အိမ်ထဲကို တစ်လှမ်းချင်း ဝင်လာနေတုန်းမှာပဲ သူ့ခြေထောက်အောက်မှာ လျှောက်လမ်းအဖြစ်အလှဆင် သုံးထားတဲ့ အသဲပုံလေးတွေကို တစ်ချက် ပြန်ငုံ့ကြည့်လိုက်သည်။
ကိုကို ဘာတွေတွေးနေတာလဲ...??
တစ်ခါတစ်လေ ကိုကို့ရဲ့အတွေးတွေကို Yibo တကယ်ပဲ လိုက်လို့မမှီနိုင်အောင်ရှိသည်။
သူကပဲ နားလည်ဖို့ မကြိုးစားမိခဲ့တာလား...??
လှေကားနားကိုရောက်တော့ ဖယောင်းတိုင်လေးတွေကို တစ်ဆင့်ချင်း လှလှပပထွန်းညှိထားပြီး Yibo အသည်းပုံလေးပေါ်ကနေ ဖြတ်လျှောက်လာကာ အပေါ်ထပ်ကို တက်လာခဲ့သည်။
ဆက်သွားနေရင်းပင် အသဲပုံထဲကို စိုက်ဝင်နေတဲ့ မြှားလေးညွှန်ပြရာ တံခါးဖွင့်ထားသော အခန်းလေးအတိုင်း ဝင်လာလိုက်သည်။
ထိုအခန်းမှာ Yibo တွေးမိသလို အိပ်ခန်းဘာညာဖြစ်မနေပဲ Hall ခန်းကျယ်ကြီးတစ်ခုသာ ဖြစ်ပြီး မီးရောင်စုံတွေ ၊ အသဲပုံလေးတွေနှင့် အလှဆင်ထား၏။
ထိုအခန်းထဲကို YB ဝင်လာလိုက်တော့ သာယာလှတဲ့ စန္ဒယားသံစဥ်လေးတစ်ပုဒ်ကို ကြားလိုက်ရသည်။
ကြားနေရသော Panio သံစဥ်လေးသည် ကြားနာသူရဲ့စိတ်ခံစားချက်အလိုက် ပြောင်းလဲနေနိုင်၏။
ပျော်ရွှင်နေသော လူတစ်ယောက် ဤသံစဥ်လေးကို နားထောင်လိုက်လျှင် ပိုပြီးတော့ ပျော်ရွှင်စေနိုင်သလို
အချစ်ကို ရှာတွေ့သွားတဲ့ လူတစ်ယောက် ဤသံစဥ်ကို နားထောင်လိုက်ပါက ခံစားနေရသော အချစ်သည် ပိုပြီးတော့ လေးနက်သွားကာ အသက်ဝင်စေနိုင်သည်။
Yibo မှာတော့ ခံစားချက်မျိုးစုံဖြစ်နေသည့်အလျောက် ပျော်ရွှင်ခြင်း ၊ ဝမ်းနည်းခြင်း ၊ ကြည်နူးခြင်း... ပြီးတော့ အချစ် စိတ်ခံစားချက်ပေါင်းစုံကို တပြိုင်နက်ထဲမှာပဲ ခံစားလိုက်ရသည်။
Pianist ကိုကို တော်လွန်းပါသည်။
သံစဥ်လေးဆုံးသွားတာနှင့် YB ရဲ့မျက်ဝန်းထက်မှာ မျက်ရည်စ,လေးတွေနှင့်အတူ သိပ်လှတဲ့အပြုံးလေးတစ်ပွင့် နေရာယူသွားလေသည်။
အခုမှ လမ်းမှာ ခင်းထားတဲ့ အသဲပုံလေးတှရေဲ့အဓိပ္ပါယ်ကို Yibo နားလည်လာသလိုလိုရှိသည်။
"ကိုကိုရာ......." ဟုသာ မချိတင်ကဲ ရေရွတ်မိပါ၏။
"Baby..."
အသံကြားရာကို မော့ကြည့်လိုက်တော့ မီးရောင်စုံအောက်မှာ နတ်သားတစ်ပါးလို ချောမောခန့်ညားနေသည့် အနောက်တိုင်းဝတ်စုံကြေးနီရောင်နှင့်လူကြီး.....။
Yibo ရဲ့ လက်နှစ်ဖက်ကို သူ့ရဲ့လက်တစ်ဖက်စီမှာ အသေအချာ ဆုပ်ကိုင်လာရင်း သနားခံနေသော မျက်ဝန်းလေးတွေနဲ့ အတောက်ပဆုံးပြုံးကာ စိုက်ကြည့်လာပုံက မြင်ရသူတိုင်း ကြွေကျချင်စရာကောင်းလွန်းလှသည်။
"ကိုယ် ပြင်ဆင်ထားတာလေးတွေက အရမ်းကြီး Romantic မဆန်ပေမယ့် Baby အတွက် ကိုယ် အသေအချာပြင်ဆင်ထားတာလေးတွေပါ...
ပြီးတော့.........
Baby ကို ကိုယ် ပြောစရာရှိတယ်...
တကယ်တော့ အဲ့ဒီစကားကို ကိုယ် ပြောချင်နေခဲ့တာ ကြာပါပြီ..."
မပြောပါနဲ့လား ကိုကိုရယ်...
ကျေဇူးပြုပြီး.......။
"ကိုယ် Baby ကို အရမ်းချစ်တယ်..."
YB ရဲ့ မတ်တပ်ရပ်ထားတဲ့ခြေထောက်တွေ ယိုင်နဲ့ချင်လာသည်။
"ကိုယ့်အသက်ထက် ပိုပြီးတော့ မြတ်နိုးတယ်...
Baby ကို ကိုယ် ကာကွယ်ပေးမယ်...
စောင့်ရှောက်ပေးမယ်..."
"ကိုယ် ဒီစကားတွေ ပြောဖို့အတွက် ကြောက်နေခဲ့တာ...
ဒါပေမယ့် Baby ကို အရမ်းချစ်တဲ့အကြောင်းတွေကို ကိုယ် တဝကြီး ပြောချင်သေးတယ်..."
"ကိုကို Baby ကို အရမ်းချစ်တယ်..."
YB ရဲ့ မျက်ဝန်းအိမ်ထဲကနေ မျက်ရည်ကြည်တွေစီးကျလာတော့ ကိုကိုက လက်မလေးဖြင့်ဖိသုတ်ပေးရင်း.....
"မငိုပါနဲ့ ကလေးရယ်...
Baby ရဲ့ မျက်ရည်တွေကို မြင်ရတာ ကိုယ် အရမ်းနာကျင်ရတယ် ကလေးလေးရဲ့..."
'မငိုပါနဲ့' လို့ ပြောနေတဲ့ XZ ကိုယ်တိုင်ကလည်း မျက်ရည်အဝဲသားနဲ့.....။
"မငိုရဘူးလေ တိတ် တိတ်...
ကိုယ် ပြင်ဆင်ထားတာတွေကို မကြိုက်လို့လား...?
ကိုယ့်ကလေးလေးက ဟင်?"
ကိုကို့ရဲ့စကားသံတွေ ၊ ချော့မြူသံတွေ ၊ ဂရုစိုက်မှုတွေကြားမှာ Yibo စိတ်တွေ ထွေပြားလာရသည်။
ကိုကို့ရဲ့မျက်ဝန်းထဲမှာ ရစ်သိုင်းနေတဲ့အရည်ကြည်တွေကြောင့် သူ့နှလုံးသားထဲက ပိုတိုးလို့ နာကျင်လာသည်။
"နောက် Anni တွေကျရင် ကိုယ် special ပြင်ဆင်ပေးမယ်လေ ကလေးလေးရယ် နော်...
ကိုယ့်ကို Baby နဲ့အတူတူ တစ်ဘဝလုံးစာနေခွင့်ပြုပါ ကလေးငယ်...
နေခွင့်ပြုမယ်မလားဟင်...?"
ဟင့်အင်း ကျွန်တော်က ကိုကိုနဲ့မထိုက်တန်ဘူး....!!
"Aww ကိုယ့်ရဲ့ Baby လေးက ဒီအခန်းထဲထိတောင် ရောက်လာပြီပဲလေ...
ကိုယ့်ကို နေခွင့်ပြုမှာပေါ့ ဟုတ်တယ်မလား...?"
တစ်ယောက်တည်း စကားတွေပြောနေရတဲ့ ကိုကို့ပုံစံကို ကြည့်ပြီး YB ရင်တွေနာလာသည်။
"'အင်း' လို့ တစ်ခွန်းတည်းပဲပြောပေး...
ဒါမှမဟုတ် ကလေး ရှက်နေတယ် ဆိုရင်လည်းကွာ...
ခေါင်းလေးပဲ ငြိမ့်ပြပေးလေ နော်...
ကိုယ် ရူးသွားတာ မြင်ချင်လို့လား ကလေးရာ~~~?"
အသံတွေတုန်လာတဲ့ ကိုကိုကရော YB နှလုံးသားတွေကို တစစီဖြစ်စေချင်လို့လား...?
ကိုကိုရာ.....
YB ဆိုတဲ့ ကျွန်တော့်မှာ ဘာတွေကများ ကောင်းကွက်တွေရှိနေလို့လဲ...??
ထိုစဥ် ကိုကို့ဆီက ခြောက်ကပ်ကပ်ရယ်သံနဲ့အတူ ရစ်သိုင်းနေဆဲ အရည်ကြည်တွေက ထိန်းမရတော့စွာ ပါးပြင်ပေါ်သို့ ကျဆင်းလာလျက်.....
"ဟက်! အဟားးး ကိုယ်က တကယ်ရူးသွားပြီပဲ... Baby နဲ့ ကိုယ့်ရဲ့ဆက်ဆံရေးလေးကို မတင်မကျအခြေအနေထက် နည်းနည်းလောက်ပဲဖြစ်ဖြစ် ပိုပြီး အဆင့်တက်ချင်ခဲ့တာ..."
YB ရင်တွေ နာလိုက်တာ ကိုကိုရာ.....။
ကိုကို Yibo ကို စိတ်ပျက်သွားပြီလား...??
ဖြစ်သင့်ပါတယ်.....။
ကျွန်တော့်ထက် ပိုပြီး ချစ်တဲ့ ကိုကိုဆိုရင် ဘယ်လောက်ထိ နာကျင်နေလိုက်မလဲ...??
ခနပါပဲ ကိုကိုရယ်.....။
ကိုကိုကလေ...
ကိုကိုက Yibo ထက်ပိုပြီး အများကြီးသာတဲ့သူနဲ့ပဲ.........,
"Baby ကို ကိုယ် အတင်းအကြပ်စေခိုင်းသလိုဖြစ်သွားတယ်...
ကိုယ် အရမ်းလောသွားတယ် ထင်တယ်...
Sorry Baby ရယ်..."
"ဘာ! Xiao Zhan!!!"
သူ တွေးထားတာနဲ့ ကိုကို့ရဲ့ညင်းသဲ့သဲ့တောင်းပန်သံက လုံးဝကိုမအပ်စက်....!
YB ဒေါသတွေရော ဝမ်းနည်းတာတွေရော ပေါင်းပြီး အော်လိုက်မိတော့သည်။
ဒီလူကြီးကွာ.......။
YB အော်သံကို မမှုပါပဲ ကိုကိုက အနူးညံ့ဆုံး ပြုံးပြလာပြီး ပြောလိုက်သော စကားကြောင့် YB ဒီနားမှာရှိနေရခြင်းရဲ့ သည်းခံနိုင်စွမ်းတွေအားလုံးကုန်သွားစေ၏။
"ကိုယ့် Baby လေးက ကိုယ့်နာမည်ခေါ်ရတာကို သဘောကျတာလား...?
Baby သဘောကျရင် ဘာအသက်မှထောက်စရာမလိုဘူး...
တစ်သက်လုံး ကိုယ့်နာမည်ပဲ ခေါ်လို့ရတယ်...
ဒါက Baby တစ်ယောက်တည်းအတွက်....."
"တော်လိုက်တော့! Xiao Xiao Zhan..!!
ကျစ်! ခင်ဗျားဗျာ......."
မချိတင်ကဲ ရေရွတ်သံအဆုံး မျက်ရည်တွေတသွင်သွင်စီးကျလာကာ ခေါင်းတွေကို ဘယ်ညာခါရမ်းလိုက်ရင်း Yibo စိတ်တွေ ထွေပြားနေလေပြီ...။
ဘာကြောင့်များ...??
ဘာ့ကြောင့်များ ဒီလို.....??
Yibo စိတ်တွေ လွင့်ထွက်သွားသည်။
သူ ဒီနေရာမှာ ဆက်ရှိနေရင် ကိုကို့ကိုရော သူ့ကိုယ်သူရော တစ်ခုခုလုပ်ပစ်နိုင်တာကြောင့် ထိုအခန်းထဲကနေ ဘာမှမသိတော့ပဲ သူ ပြေးထွက်လာခဲ့မိသည်။
Yibo ဘာဆို ဘာမှ မသိတော့...။
အခုချိန် သူ့ခေါင်းထဲမှာ လုံးဝကို ဗလာဖြစ်နေလေသည်။
အနောက်က ကိုကို့ရဲ့ခေါ်သံတွေကို သူ လျစ်လျူရှုထားရင်း ဆက်ပြေးလာမိသည်။
သူ့ခြေလှမ်းတွေ ဘယ်ကို ဦးတည်နေလဲ ဆိုတာ သူ မသိ...။
သူ့ပါးပြင်ပေါ်မှာ မျက်ရည်တွေ အဆက်မပြတ်ကျနေတာကိုလည်း သူ မသုတ်ဖယ်မိပါလေ...။
ညကြီးမိုးချုပ်မှာ မျက်ရည်တွေကြောင့် ဝေဝါးနေတဲ့ အမြင်အာရုံကြောင့် သူ့ခြေလှမ်းတွေ ဘယ်ကို သွားနေလဲ ဆိုတာ သူ မသိ...။
အိမ်ထဲကနေ မျက်ရည်တွေနဲ့ ပြေးထွက်လာပြီး လမ်းမကြီးပေါ်ကို ဒီတိုင်းပဲ ပြေးတက်လာမိချိန်.......
တစ်ဖက်မှ 'စူးကနဲ' ဝင်လာသော ကားမီးရောင်ကို YB ဂရုမစိုက်လိုက်မိ...။
မရှောင်လွှဲမိတာဆို ပိုမှန်မလား...??
နှလုံးသားထဲက ဒဏ်ရာထက် ကားတိုက်ခံရတာကတော့ ဘာမှမဟုတ်လောက်ပါဘူး ဟက်!
မျက်ရည်တွေစီးကျနေတဲ့ မျက်ဝန်းတွေကို YB မှိတ်ချပစ်လိုက်သည်။
အာရုံထဲမှာ မြင်လာရသည်က ယုန်သွားလေးတွေပေါ်အောင်ထိ အနူးညံ့ဆုံး ပြုံးပြနေသည့် ကိုကိုရဲ့ပုံရိပ်လေး.....။
ကိုကိုက Yibo ကို အရမ်းချစ်တာတဲ့.....။
လုံလောက်ပြီ ကိုကို.....။
ကျွန်တော့်အတွက် ဒီစကားလေးနဲ့ပဲ လုံလောက်ပါတယ်...။
ကျွန်တော့်အတ္တတွေတော်သင့်ပြီမလား...??
ကျွန်တော့်အတ္တတွေကြောင့် မမှားသင့်တာတွေ မှားခဲ့ရပြီးပြီ...။
ကိုကို့အပေါ်ကိုလည်း ကျွန်တော် အတ္တမကြီးသင့်ဘူးလေ...။
ကျွန်တော် နောင်တတွေလည်းရနေပါပြီ.....။
"Baby!!!"
ကားမီးရောင်နှင့်အပြိုင် သူ့ရဲ့ခန္ဓာကိုယ်ဟာလည်း လေထဲမှာ 'လွင့်ခနဲ'...။
ကျွန်တော် ခုနကကိုကို့အသံလေးကို ကြားလိုက်ရတယ်.....။
ကိုကိုကလည်း စိုးရိမ်တတ်လိုက်တာ...။
ကျွန်တော် ဘာမှမဖြစ်ပါဘူး...။
လေထဲကို လွင့်တက်သွားရုံလေးပါပဲ...။
ကျွန်တော် အိပ်ချင်တယ် ကိုကို...။
ကျွန်တော် ကိုကိုဆိုပြတဲ့ သီချင်းတွေ နားမထောင်နိုင်လောက်တော့ဘူး...။
ကျွန်တော့်ကို စိတ်ဆိုးမနေပါနဲ့ ကိုကို...။
ကျွန်တော်က ကိုကိုနဲ့ မထိုက်တန်တဲ့ကောင်မို့ ကျွန်တော့်အတွက် မျက်ရည်ကျတာ ဒီနေ့နောက်ဆုံးဖြစ်ပါစေ ကိုကို...။
ကျွန်တော်လည်း ကိုကို့ကို အရမ်းချစ်တယ်...။
ချစ်တယ် ကိုကို...
အရမ်းချစ်တယ်.....။
Yibo မသိလိုက်တဲ့ အမှန်တရားတစ်ခုက သူ သိပ်ချစ်တဲ့ ကိုကိုကလည်း သူနဲ့မလှမ်းကမ်းလောက်က သွေးအိုင်ထဲမှာ လဲလျောင်းရင်း Yibo ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေတယ် ဆိုတာကိုပေါ့.....။
_______________
ကိုယ့်နှလုံးသားနဲ့ ခင်းထားတဲ့ လမ်းကလေးကို နင်းလျှောက်လာခဲ့ပါ Baby...
ကိုယ် ဘယ်လောက်ပဲ နာကျင်နေပါစေ
ကလေး ရပ်တန့်မပစ်လိုက်ပါနဲ့...
Baby ကိုယ့်ဆီ မလာဘူးဆိုတာထက်စာရင် ဒီနှလုံးသားတံတားကို နင်းချခံရတဲ့ နာကျင်မှုက ဘာမှမပြောပလောက်ပါဘူး။
Baby တကယ် လိုအပ်လာရင် ကိုယ့်အသက်ကိုပါ ယူနိုင်ပါတယ် ကလေးငယ်.....။
Baby က အတ္တကြီးတယ်ဆိုရင် Baby အပေါ်ထားတဲ့ ကို့ရဲ့အချစ်ကလည်း မိုက်ရူးရဲဆန်တယ်.....။
💓💓💓💓💓💓💓💓💓💓💓💓💓💓
Advertisement
- In Serial10 Chapters
Last Year [of High School]
Hitori Yume longed to have a life as a normal high school student, but there is only one year left for him to have a chance in fulfilling that dream, why? One of the reasons being him at the age of his last year of high school as a third-year. Follow Hitori’s life as he meets a girl that attracts him more than anything else, a feeling that the encounter was not a mere coincidence but sort of like fate but not quite right. The truth about himself slowly unravels as he progresses further towards the end of the time frame of the last year of high school.
8 188 - In Serial6 Chapters
The Breath of Summer Day
A tale of two maidens, hearts and souls connected at the wrong time. "every time i see you, something inside me wishes i could go back in time, take your hand and run away from all the things that trap us."
8 169 - In Serial13 Chapters
The Legend of Saga
At the age of twenty, aspiring designer Blair Clarielle had to leave behind her dreams of opening her own store because she did the stupidest thing possible: got pregnant. Now, five years later, she's back on her A-game because of a chance benefactor that gave her enough money to finally open it. The catch is... the condition is that she has to marry him within a year if she can't pay back twice the loan amount. Dealing with hot guys on her design team? "Easy peasy lemon squeezy." Shutting down all the girls who try to take her down in petty ways? "*Yawn* Can I have a challenge?" Stopping her benefactor from brainwashing her child to tell her to marry him? "Not that much of a challenge!"
8 76 - In Serial25 Chapters
Mate and His Lover 2
Ready for another story, guys? :) PS: This is not a sequel.
8 148 - In Serial21 Chapters
Secret lovers (Vegaspete ff)
Pete is head bodyguard of major family.Vegas is head of the minor family.Major and minor family are a kind of enemies 🤨.Pete and Vegas are in secret relationship.What will happen when both families will come to know about their relationship?Characters are from Daemi's novel but the story is mine.English is not my first language so I'll apologize for any grammatical errors.
8 131 - In Serial122 Chapters
August Nights
STORY 5I'd pick your thunder, I'd pick your rain: over anyone's sunshine any day.
8 250

