《အမုန်းအားဥပေက္ခာပြု၍ [အမုန္းအားဥေပကၡာျပဳ၍] {Complete}》Ep - 33
Advertisement
Unicode
"ကျွန်တော် အရမ်းတစ်ကိုယ်ကောင်းဆန်ခဲ့တယ်မလား...?"
ဆေးပိုက်တွေနဲ့ ကုတင်ပေါ်မှာ ငြိမ်သက်နေဆဲဖြစ်တဲ့ ကိုကို့ရဲ့လက်ကလေးတစ်ဖက်ကို Yibo လက်နှစ်ဖက်နဲ့ယှက်ကာ ဆုပ်ကိုင်ရင်း ခပ်တိုးတိုးဆိုလိုက်သည်။
"ကျွန်တော်က တကယ်မကောင်းတာပဲ..."
ကိုကို့ရဲ့လက်ကလေးပေါ် ခေါင်းအသာမှောက်ချကာ မျက်နှာအပ်ရင်းဆိုတော့ မရင့်ကျက်သေးတဲ့ မျက်ရည်တစ်စက်က ဆေးပိုက်ပေါ်မှတစ်ဆင့် ကိုကို့ရဲ့လက်ကလေးပေါ်သို့ ခုန်ဆင်းလေ၏။
"ကိုကို ကျွန်တော့်ကို စိတ်ဆိုးနေတာလား...? အင်းလေ စိတ်ဆိုးမယ်ဆိုလည်း ဆိုးချင်စရာပါပဲ... နောက်ဆို ကျွန်တော် ကိုကို့စကားကို နားထောင်ပြီး လိမ္မာပါ့မယ်..."
ပြန်လည်ဖြေကြားခြင်းအလျဥ်းမရှိသော စကားဝိုင်းအတွင်း တစ်ယောက်တည်း တီးတိုးစကားတွေပြောနေလေသော လူငယ်တစ်ယောက်.....။
"ကိုကို သိလား...? ကိုကို အိပ်နေတာ တစ်ပတ်နဲ့ငါးရက်တိတိရှိနေပြီ...
ကျွန်တော့်ရဲ့ကိုကို ညောင်းနေတော့မှာပဲ....."
တစ်ယောက်တည်း စကားတွေပြောနေတဲ့ Yibo ကို ဆေးရုံအခန်းမှန်တံခါးကနေ မတ်တပ်ရပ်ကာကြည့်နေတဲ့ လူတစ်ယောက်လည်းရှိနေသေး၏။
ထိုသူကတော့ VVIP Room ကို ဆေးလှည့်ဖို့ တာဝန်ကျနေတဲ့ ဒေါက်တာရှင်းချန်ပင်ဖြစ်လေသည်။
သူများရဲ့ Personal ကိစ္စကိုဒီလိုကြည့်မနေသင့်တာ ရှင်းချန် နားလည်သော်လည်း
လူနာရဲ့အခြေအနေကို ကြည့်ရအုံးမည်ဖြစ်တာကြောင့် မဝင်သွားသေးပဲ ဘာရယ်မဟုတ် ထိုမြင်ကွင်းလေးကို သူ ရပ်ကြည့်နေမိခြင်း။
မြင်ကွင်းထဲက ကောင်လေးရဲ့မှောက်ချထားတဲ့ခေါင်းလေး တဖြည်းဖြည်းပြန်မတ်လာချိန်မှာတော့ ရှင်းချန် သတိပြန်ဝင်လာကာ ကိုယ်ဟန်ဖို့လိုက်ရင်း အခန်းထဲသို့ဝင်ရန်ပြင်ရလေသည်။
*ကျွီ.....*
အခန်းတံခါးဖွင့်သံကြောင့် Yibo သူ့ပါးပေါ်က မျက်ရည်စလေးတွေကို လက်ခုံနဲ့ ခပ်မြန်မြန်ပွတ်ဆွဲကာ သုတ်လိုက်သည်။
Yibo ရဲ့ ဘဝ ၊ Yibo ရဲ့ အသက် ၊ Yibo ရဲ့ အပြုံး ၊ Yibo ရဲ့ မျက်ရည် ၊ Yibo ရဲ့ သွေး ၊ Yibo ရဲ့ ခန္ဓာ အရာအားလုံးဟာ ကိုကို ပိုင်ဆိုင်တာမို့ ကိုကို့ရဲ့ခွင့်ပြုချက်မရှိပဲ ဘယ်သူ့ရှေ့မှာမှ မျက်ရည်မကျဘူး။
အခန်းထဲကို ဝင်လာတဲ့ ဒေါက်တာ့ရဲ့လက်ထဲမှာ သွေးစွန်းနေတဲ့ အနက်ရောင်ပဝါစလေးကို Yibo မြင်လိုက်ရတာကြောင့် ခေတ္တကြောင်အ,သွားပြီးမှ မျက်လုံးထဲမှာ အရောင်တစ်ချို့လက်သွားလေသည်။
"ဒီ ဒီပဝါက..."
"Aww ပိုင်ရှင်ကို ကျွန်တော် ပြန်ပေးဖို့ ယူလာတာပါ..."
ဒေါက်တာလေးက သူ့လက်ထဲက ပဝါကို တစ်ချက်မြှောက်ကြည့်ကာ ပြုံးရင်းဆို၏။
Yibo စိတ်ထဲ ဆေးရုံကို လာတုန်းက (သို့မဟုတ်) ထိုနေ့ညကတည်းက သူ့လက်ထဲမှာ တစ်စုံတစ်ခုကို ခပ်တင်းတင်းဆုပ်ကိုင်ထားခဲ့တာကို မှတ်မိနေ၏။
သို့ပေမယ့် ထိုအရာက 'ဘာလဲ' ဆိုတာကိုတော့ သူ သေချာမမှတ်မိ...။
အခုမှ သူ့စိတ်ထဲက အဖြေကို ရှာတွေ့သွားသလို ခံစားမိလိုက်ရင်း ထိုပဝါစလေးကိုပဲ Yibo သဲသဲမဲမဲစိုက်ကြည့်ကာ အသိဉာဏ်မဲ့နေသူတစ်ယောက်လို သတိလက်လွတ် ပြုံးလျက်စိုက်ကြည့်နေမိသည်။
ဒီပဝါစလေးက Anni night တုန်းက ကိုကို့လက်ကလေးနဲ့ ကိုယ်တိုင် စည်းပေးခဲ့တာ.....။
ဒေါက်တာ ကမ်းပေးလာသော ပဝါစလေးကို Yibo တမြတ်တနိုး လက်နှစ်ဖက်နဲ့ သေသေချာချာယူ၏။
ဒေါက်တာလေးကတော့ Yibo ရဲ့ပုံစံကို ပြုံးလျက် ကြည့်ပြီးသည်နှင့် လူနာကြည့်ဖို့ရန်အတွက် တစ်ဖက်သို့ ခြေလှမ်းသွားလေပြီ။
Yibo ကိုင်ထားတဲ့ ပဝါစလေးရဲ့အလယ်လောက်မှာ တစ်ခုခုကို ထုတ်ထားသလို စမ်းမိလိုက်တာကြောင့် ပဝါလေးကို သူ ဖွင့်ကြည့်မိလိုက်သည်။
မြင်လိုက်ရသည်က သွေးအနည်းငယ်စွန်းနေသည့် Handchain လေးနှစ်ခု.....။
ဒီ Handchain လေးနှစ်ခုက ဒီပဝါစထဲကို ဘယ်လိုရောက်နေပါလိမ့်...?!
"ဒေါက်တာ"
Yibo ရဲ့ ခေါ်သံကြောင့် လူနာကြည့်နေတဲ့ ဒေါက်တာရှင်းချန်က လှည့်ကြည့်လာ၏။
Handchain ကိုတစ်ဖက် ပဝါကိုတစ်ဖက် လက်တစ်ဖက်စီမှာ ဆုပ်ကိုင်ထားကာ တစ်ခုခုမေးချင်နေပုံရတဲ့ Yibo ကြောင့် ရှင်းချန် သဘောပေါက်စွာ ရှင်းပြလိုက်သည်။
"Handchain လေးက Xiao သခင်လေးရဲ့လက်ထဲမှာ ဆေးရုံရောက်လာကတည်းကဆုပ်ကိုင်ထားခဲ့တဲ့ ပစ္စည်းလေးပါ... ဆေးရုံအုပ်က ခွဲစိတ်ခန်းထဲမှာတုန်းက တွေ့လို့ ခနထိန်းသိမ်းထားတာ... ကျွန်တော်ကလည်း ဒီပဝါစလေးကိုတွေ့ထားလို့ ဆေးရုံအုပ်ကို သွားအပ်ရင်း Handchain လေးကိုပါ ကျွန်တော့်လက်ထဲ ထပ်ထည့်ပေးလိုက်တာ...
ကျွန်တော် လာပေးတာ နည်းနည်း နောက်ကျသွားတယ်ထင်တယ်..."
"နောက်မကျသေးပါဘူး...
ထိန်းသိမ်းပေးထားတဲ့အတွက် ဒေါက်တာ့ကိုကျေးဇူးတင်ပါတယ်..."
"မဟုတ်တာဗျာ... ဒါက ဆေးရုံရဲ့စည်းမျဥ်းစည်းကမ်းပါ... လူနာရှင်တွေကို ပေးလို့ရပေမယ့် ပိုင်ရှင်အစစ်ကိုပဲ ကျွန်တော်က ပြန်ပေးချင်လို့ပါ..."
"ဟုတ်ကဲ့
ကိုကို့အခြေအနေလေး..."
သူ သိချင်တာလေးတွေကို မေးပြီးသွားချိန်မှာတော့ ကုတင်ပေါ်မှာ လဲလျောင်းနေဆဲဖြစ်တဲ့ ချစ်ရသူကို ကြည့်ကာ အခြေအနေကို စူးစမ်းဖို့လည်း Yibo ဘယ်တော့မှ မမေ့ပါလေ.....။
"အခြေအနေကတော့ ကောင်းပါတယ်...
သတိပြန်လည်မလာသေးတာလေးတစ်ခုပဲ...
လူနာက ခေါင်းထိထားတာမို့ စိတ်ရှည်ကြဖို့ပဲ ပြောချင်ပါတယ်..."
".........."
"ကျွန်တော့်ကို သွားခွင့်ပြုပါဦး"
"ဟုတ်ကဲ့"
ဒေါက်တာ ထွက်သွားချိန်ထိ Yibo ထိုနေရာမှာပဲ မလှုပ်မယှက်ရပ်နေမိတုန်း...!
"ဖြစ်ခဲ့သမျှအရာအားလုံးက ကျွန်တော်ကစ,ခဲ့တာ...
ကျွန်တော့်ရဲ့အပြစ်တွေပဲ..."
ကုတင်ခြေရင်းတည့်တည့်မှာ မတ်တပ်ရပ်ရင်း အပြစ်ရှိသူတစ်ယောက်လို ခေါင်းလေးငုံ့ကာ ခပ်တိုးတိုးဆိုမိ၏။
ထိုစကားအဆုံး လက်ထဲက ပစ္စည်းနှစ်ခုကို ကိုင်ထားသော လက်နှစ်ဖက်ဟာ ပိုမိုတင်းကြပ်သွားတာမို့
Handchain ရဲ့ဘေးမှာ တန်ဆာဆင်ထားတဲ့ အချွန်လေးဟာ လက်ထပ်လက်စွပ်ဝတ်ဆင်ထားသော ဘယ်ဘက်လက်သူကြွယ်သို့ ခပ်စူးစူးထိုးဖောက်ဝင်ရောက်၏။
ဟက်! နှလုံးသားက နာကျင်နေတဲ့ ဝေဒနါကိုတော့ လက်ကဒဏ်ရာသေးသေးလေးက ဘယ်မှီပါ့မလဲလေ.....။
ခံယူထိုက်ပါတယ်...
ကျွန်တော်က ဒီဝေဒနါတွေနဲ့ပဲ ထိုက်တန်ပါတယ်...။
ဒါ့ကြောင့်လည်း ကိုကို့ကို လက်လွှတ်ဖို့ထိ ကျွန်တော် ရူးရူးမိုက်မိုက်တွေးမိခဲ့တာ.....။
အရင်က ကျွန်တော် အရမ်းတစ်ကိုယ်ကောင်းဆန်ခဲ့တာပဲ...။
'ကိုကို့ဘက်ကို ထည့်တွေးစဥ်းစားပေးနေတယ်' လို့ ကိုယ့်ကိုယ်ကို ထင်မိခဲ့ပေမယ့် ကျွန်တော် နည်းနည်းလေးမှ ကိုကို့ခံစားချက်တွေကို ထည့်မတွက်မိခဲ့ဘူး။
ကျွန်တော်က ကိုယ်ဖြစ်ချင်တာ ၊ ကိုယ်လုပ်ချင်တာတွေပဲ သိခဲ့တဲ့ ကမူးရှူးထိုး ခပ်ဆိုးဆိုးကောင်လေးတစ်ယောက်ပဲ.....။
Advertisement
'ကိုကို့အတွက်' လို့ ပြောနေပေမယ့်
တကယ်တော့ ကိုယ့်ကိုယ်ကို အပြစ်ရှိစိတ်တွေနဲ့မို့ ကိုကို့ဘေးနားကနေ ရှောင်ပြေးနေခဲ့မိတာ.....။
'ကျွန်တော်က ကိုကို့ရဲ့အချစ်တွေနဲ့ တကယ်ရော ထိုက်တန်ရဲ့လား...?' လို့တောင် သံသယဖြစ်မိတယ်...။
ဒါပေမယ့် ကျွန်တော် ကိုကို့ကို အဆုံးရှုံးမခံနိုင်တော့ဘူး။
ကိုကို ကျွန်တော့်ကို လက်မလွှတ်သရွေ့ ကျွန်တော့်ကို ကိုကို့အနားမှာ ရှိနေခွင့်ပေးပါ...။
အရင်က အမုန်းတွေ ၊ အတ္တတွေနဲ့ ကိုကို့ခံစားချက်တွေကို အပြည့်အဝမမြင်နိုင်ပဲ ပူလောင်ခဲ့ရတဲ့ ခပ်ဆိုးဆိုးကောင်လေး Yibo က
ကိုကို့ရဲ့အချစ်တွေနဲ့ မထိုက်တန်ဘူးဆိုရင်
ကိုကို အိပ်ရာကနေ နိုးလာတဲ့အခါ ကိုကို့ကို ချစ်တဲ့စိတ်တွေ ၊ မြတ်နိုးစိတ်တွေနဲ့ပြည့်နှက်နေတဲ့ ဒီ Yibo ဆိုတဲ့ကောင်လေးကရော ကိုကို့အချစ်တွေနဲ့ ထိုက်တန်နိုင်ပါ့မလား...?
ကိုကို ပြောသမျှစကားလုံးတိုင်းကိုလည်း တသွေမတိမ်း လိုက်နာမယ်လေ...။
ကိုကို့အနားမှာပဲနေပြီး ကိုကို့ကို ချစ်တဲ့စိတ်တွေနဲ့ ကျန်ရှိနေတဲ့ သက်တမ်းကို ရှင်သန်မယ်...။
ကိုကိုသာ အလိုရှိရင် ကျွန်တော့်ရဲ့အသက်ကိုလည်း တစ်ချက်တွေဝေခြင်းအလျဥ်းမရှိပဲ ပေးဆက်နိုင်တယ်...။
ဒီဆိုးသွမ်းတဲ့ ကောင်လေးကို ကိုကို ဆူရဦးမယ်... ဆုံးမရဦးမယ်လေ... အပြစ်လည်း ပေးရဦးမယ်...။
ကိုကိုရာ အကြာကြီးအိပ်နေတာ ညောင်းကိုက်နေမှာပေါ့...
ကိုကို ပေးတဲ့အပြစ်တွေကို ကျေကျေနပ်နပ် ခံယူမှာမို့ နိုးထ,လာပါတော့နော်.....။
မျက်ခမ်းစပ်မှာ ကျလုဆဲဆဲ အရည်ကြည်ကြည်တွေကို မျက်တောင်ဖြင့် ပုတ်ခတ်ကာ ထိန်းထားလိုက်သည်။
လက်ထဲက ပုဝါစလေးနဲ့ Handchain လေးကို တယုတယကိုင်ကာ နမ်းရှိုက်မိလိုက်သေး၏။
သွေးညှီနံ့တွေကြားထဲမှာ ကိုကိုနဲ့သူ့ရဲ့မေတ္တာရနံ့ သင်းပျံ့ပျံ့လေးကိုလည်း သူ ခံစားမိလိုက်ပါသေးသည်။
လက်သူကြွယ်မှာ ပေါက်သွားတဲ့ ဒဏ်ရာလေးကလည်း သွေးတိတ်ပြီး ချက်ချင်းပင် အနာပျောက်သွားလေ၏။
ချစ်ခြင်းမေတ္တာကား စွမ်းလွန်းလှပါသည်။
_______________
"ကျန်းလေး..."
"ကျစ်! ခင်ဗျားကို အဲ့လိုမခေါ်နဲ့လို့ ပြောထားတာ နားမလည်ဘူးလား...?"
ဆေးရုံ Car parking ထဲမှာတွေ့ပြီး ထုံးစံအတိုင်း တစ်ယောက်ကခေါ်ရင်း တစ်ယောက်ကတော့ ဘုနဲ့ဘောက်ပင်.....။
"Ok ok ကိုယ် မခေါ်တော့ဘူး
အထုတ်တွေ ပေး ကိုယ် ဝိုင်းသယ်ပေးမယ်..."
"မလိုဘူး"
ပြောကာ မပြေးရုံတမယ် လျှောက်သွားသော ကျန်းချန် အနောက်ကို ဝမ်ကျောက် တစ်ယောက် အပြုံးတွေဝေဆာလျက် ခပ်သွက်သွက်လေး လိုက်သွားလေ၏။
အချိန်တွေ ဘယ်လိုပဲ ပြောင်းလဲပါစေ...
အချစ်တွေကတော့ လတ်ဆတ်နေဆဲပါပဲ...။
'ရယူပိုင်ဆိုင်လိုခြင်း'ကို ခေါင်းစဥ်မတပ်ဖြစ်တော့သော ချစ်ခြင်းတရားသည် လွတ်လပ်ပေါ့ပါးစေပြီး မေတ္တာတရားတွေနဲ့ စမ်းရေသဖွယ် အေးချမ်းလွန်းလှပါ၏။
ဒီဘဝမှာတော့ ဒီလိုလေးပဲ နေရရင်ကို ကျေနပ်နေပြီးသားမို့
နောင်ဘဝဆိုတာသာ တကယ်ရှိခဲ့ရင်
အဲ့ဒီအချိန်မှာတော့.....
ကျန်းလေးနဲ့ကိုယ်က လွတ်လပ်တဲ့ ဘဝတွေနဲ့ ဆုံတွေ့ရပြီး သက်ဆုံးတိုင် လက်မလွှတ်ပဲ ချစ်ခြင်းမေတ္တာတရားတွေနဲ့ တစ်ယောက်ဘေးမှာတစ်ယောက် ထာဝရအတူတူနေချင်မိတယ်.....။
ကျန်းလေးသာ ဆန္ဒရှိခဲ့ရင်ပေါ့.......။
_______________
"ယောင်လေးရေ အဆင်သင့်ဖြစ်ပြီလား...?"
ရှီးချန် တစ်ယောက် အိမ်အောက်ကနေ ကားကို အသာမှီလျက် အိမ်ပေါ်ကို အသံလှမ်းပြုလိုက်သည်။
Company က ပြန်လာလာချင်း ယောင်လေးက ဆေးရုံမှာ ဟိုနှစ်ယောက်ကို သွားကြည့်ချင်တယ်ဆိုလို့ အဝတ်အစားပင်မလဲတော့ပဲ အိမ်အောက်မှာ စောင့်နေရခြင်းပင်။
"ဖြစ်ပြီ! လာပြီ အကို! လာပြီ ဟီးးး"
အသံတစာစာနဲ့ လှေကားကနေ 'တဒုန်းဒုန်း' ပြေးဆင်းလာတဲ့ ချစ်ရသူလေးကြောင့် 'ပြုတ်ကျရချည်ရဲ့' ဆိုပြီး ရှီးချန် ရင်ထဲစိုးရိမ်ရပါသေး၏။
အနားရောက်တော့ မျက်နှာချိုသွေးကာ အစွမ်းကုန်ရယ်ပြနေသော ကောင်လေးကို အသည်းယားလာကာ ခေါင်းလေးကို အသာလှမ်းဖွလိုက်ရင်း.....
"ဖြေးဖြေးဆင်းလာမှပေါ့ ယောင်လေးရယ်
ပြုတ်ကျရင် အကိုရင်ကျိုးရချည်ရဲ့..."
ရင်ဘက်ပေါ် လက်ကလေးတင်ကာ စိုးရိမ်နေရှာသော အကို့ကို မုန့်ယောင် အပြုံးလှလှလေးပြုံးပြရင်း ပြောလိုက်သည်က တစ်ခွန်းတည်းပါပဲ.....။
"အကို ရှိနေတာပဲလေ..." တဲ့.....။
ရှီးချန် နားစည်ကနေတစ်ဆင့် နှလုံးသားရဲ့ ဟိုးအနက်ရှိုင်းဆုံးအပိုင်းထိ တသိမ့်သိမ့် စီးဝင်သွားသော စကားလေးတစ်ခွန်းပါပဲ.....။
သံစဥ်ညီစွာ ခုန်ပေါက်လာတဲ့ ရင်ခုန်သံစည်းချက်တွေနဲ့အတူ ကောင်လေးရဲ့နဖူးထက်မှာ ကျရောက်သွားတဲ့ အနမ်းလေးတစ်ပွင့်ကတော့ 'အပိုဆု' ပေါ့လေ.....။
ရူးလောက်အောင် ပြုစားလွန်းတဲ့ ကောင်ငယ်လေးက အပြုံးလှလှလေးတွေ ၊ စကားချိုချိုလေးတွေနဲ့ ချစ်စရာကောင်းလွန်းတဲ့ ပါးချိုင့်လေးတွေပါရှိသတဲ့.....။
_______________
"ဒေါက်တာ ဒေါက်တာ့ရဲ့ကောင်လေးလေ..."
Neurs လေးရဲ့ မျက်နှာမကောင်းစွာ ပြောလာသော တစ်ဝက်တစ်ပျက် စကားကြောင့် ရှင်းချန် စိုးရိမ်မှုတွေ level မြင့်တက်လာပြီး သူကိုယ်တိုင် မသိလိုက်ခင်မှာပဲ မတ်တပ်ထ,ရပ်ကာ တစ်နေရာကို သွားဖို့ အဆင်သင့်ဖြစ်နေလေပြီ။
"ဟင် သူ ဘာဖြစ်လို့လဲ...?"
"ရန်ဖြစ်..."
Neurs လေးရဲ့ပြန်ဖြေလာတဲ့ စကားမဆုံးခင်မှာပဲ ရှင်းချန် တစ်ယောက် အခန်းပြင်ကို လျင်မြန်တဲ့အရှိန်နှုံးနဲ့ အပြေးရောက်သွားချေပြီ။
အခန်းတွင်းမှာ ကျန်ခဲ့တဲ့ Neurs မလေးကတော့ Phone လေးကို ခပ်မြန်မြန်ထုတ်ကာ "Doctor & His Puppy" ဆိုတဲ့ Fan page တစ်ခုမှာ 'ဒေါက်တာ သူ့ကောင်လေးကို ဘယ်လောက်စိတ်ပူကြောင်း' စီကာပတ်ကုံး Caption လေးတပ်ပြီး ပုံလေးကတော့ လောင်ပြာကျနေတဲ့ ပုံစံလေးနဲ့ Funny photo လေးတစ်ပုံ ထည့်ကာ Post တင်လိုက်ရင်း ပါးစပ်ကြီးကလည်း ပြန်မစိတော့ပေ.....။
"အဆိုးလေး ဘာဖြစ်သွားသေးလဲ...?
ဘယ်နား နာသွားသေးလဲ...?
ရန်မဖြစ်ပါနဲ့ဆိုကွာ...
ကိုကတော့ ကိုယ့်စကားကို နားထောင်တယ် ထင်နေတာ... ဘယ်လိုဖြစ်လာရတာလဲ...?
ပြပါဦး... Puppy လေးရဲ့ အသားနုနုလေး ပွန်းကုန်ပြီလား...?"
ခြောက်တစ်လှည့် ချော့တစ်လှည့်ဖြင့် ဒဏ်ရာလေးတွေကို သေသေချာချာကြည့်ပေးနေသော ကို့ကို ကြည့်ကာ ရွှယ်ရန် အနာတွေ ယူပစ်သလို ပျောက်ကင်းသွားရသည်။
Advertisement
"ကျွန်တော် ဘာမှမဖြစ်..."
စကားမဆုံးခင် 'စူးကနဲ' အကြည့်ခံလိုက်ရသော ကို့ရဲ့အကြည့်တစ်ချက်ကြောင့် ရွှယ်ရန် ပြောမယ့်စကားပင် လည်ချောင်းထဲ ပြန်ဝင်သွားရသည်။
"ဘာကို ဘာမှမဖြစ်ရမှာလဲ...?
ဒီမှာ အသားတွေကို ပွန်းလို့...
ရန်မဖြစ်ပါနဲ့လို့ အတန်တန်မှာထားရက်နဲ့ကွာ... အဆိုးလေး...
မင်းလေးတော့ အပြစ်ပေးရတော့မယ်..."
လက်ဖမိုးပေါ်က ဒဏ်ရာတွေကို ဆေးထည့်ပေးရင်း ပြောလာသော ကို့ရဲ့စကားကြောင့် ရွှယ်ရန် တစ်ယောက် ဒဏ်ရာနေရာမဟုတ်သော ကြိမ်းသင့်ကြိမ်းထိုက်တဲ့နေရာ ကြိမ်းသွားရလေသည်။
"ကို့!"
ရှက်ရှက်နဲ့ စူပုပ်ပုပ်ခေါ်တော့ ခေါင်းငုံ့ကာ ဆေးထည့်ပေးနေတဲ့ ကိုက မော့ကြည့်လာပြီး ဘာမှမပြောထားတဲ့ ပုံစံလေးနဲ့ မျက်ခုံးတစ်ဖက်ပင့်ပြ၏။
ဒီကိုတစ်ယောက်နဲ့တော့လေ.......။
"ပြောပါဦး ဘယ်လိုဖြစ်လာတာ...?"
ဆေးထည့်ခြင်းကို လက်စသတ်လိုက်ပြီးနောက် မာန်ပါသော လေသံနဲ့ ခပ်ရှရှတစ်ချက်မေး၏။
"ထွေထွေထူးထူး မဟုတ်..."
"ကို့ကိုတောင် ပြောမပြနိုင်လောက်အောင် ဘာကိစ္စတွေဖြစ်လာခဲ့တာလဲ...?"
"အာ... ကိုကလည်း မပြောပြချင်လို့ မဟုတ်ပါဘူး... ပြန်မပြောချင်လို့..!"
ရှင်းချန် မျက်ခုံးတွေ စုကြုံ့ပြီး ခပ်စူးစူးကြည့်နေရာမှ ခေါင်းအသာခါရမ်းလိုက်ရင်း.....
"ထားပါ
နောက်တစ်ခါ ရန်မဖြစ်တော့ဘူးလို့ ကို့ကို ကတိပေးနိုင်မလား...?"
တည်တည်တံ့တံ့မေးနေသော ကို့ရဲ့မျက်နှာထားအောက်မှာ ရွှယ်ရန် ခေါင်းကို အကြိမ်ကြိမ် ငြိမ့်ပြလိုက်သည်။
"ကတိနော် ကောင်လေး
နောက်တစ်ခါ ဒီလိုပုံစံမျိုး မမြင်ချင်ဘူး"
"ဟုတ်"
လက်သန်းလေးနှစ်ဖက်ကို ချိတ်ရင်း ကတိပေးလိုက်တော့ ဒေါက်တာ့ရဲ့မျက်နှာမှာ အပြုံးခပ်စစထင်၏။
ရွှယ်ရန် ရန်ဖြစ်ခဲ့တာသာ ပြောတယ်...
လက်ဖမိုးက ပွန်းပဲ့ဒဏ်ရာသေးသေးလေးတွေက လွဲရင် ကျန်တာ ဘာမှကြီးကြီးမားမား ဖြစ်သွားတာမဟုတ်...!
ဒါကို ပုံကြီးချဲ့သူကတော့ ကိုယ်တွေရဲ့ Shipper ဟို neurs မလေးပင်.....။
ကို စိတ်ပူမှာမို့ 'ဘာမှမပြောနဲ့' လို့ပြောပါသော်လည်း အပြင်ဘက် ခုံမှာ သူ့ကို သေချာ နေရာချပေးကာ neurs မလေးကတော့ ကို့ကို သတင်းသွားပေးလေတော့သည်။
ချော့တစ်ခါ ခြောက်တစ်လှည့်နဲ့ 'အပြစ်ပေးရတော့မယ်' ဆိုတဲ့ နေရာမှာ ကို့အကြောင်းသိသူမို့ ဖင်ကြိမ်းသွားတာတော့ အဲ့ပြဿနာကို ပုံကြီးချဲ့တဲ့ Neurs မ မသိဘူး။
ရန်ဖြစ်ခဲ့ပုံကတော့ ထုံးစံအတိုင်း ရိုးရိုးရှင်းရှင်းလေးပါပဲ...!
ရန်ပွဲတစ်ခုကို မြင်ရာကနေစ,တာ...။
အဲ့ဒီရန်ပွဲကို ဝင်မပါပဲ ကျော်သွားဖို့လုပ်ပေမယ့် အကြောင်းသိတဲ့ တစ်ဖက်က ကောင်က မနေနိုင်မထိုင်နိုင် သူ့ကို ရန်လှမ်းစရင်း $ပါးစပ်က ကို့အကြောင်းပါ ထွက်လာတာမို့ အသေထိုးကြိတ်လာရင်း လက်က အသားစတွေပါ ပွန်းကုန်တာ.....။
မတန်မရာ... ကို့အကြောင်းကို လက်လွတ်စပယ်ပြောရဲတယ်....!!
အဲ့ကောင် အခုဆို ဆေးရုံတစ်ခုရဲ့အရေးပေါ်အခန်းထဲရောက်နေလောက်ပြီ ဟက်!
"ဒေါက်တာ! Patient!"
"Ok ok
ဒီကောင်လေး ကိုယ့်အပြစ်ကိုယ်သိ"
စကားပြောရင်း လက်ညှိုးနဲ့ လက်မလေးကိုကွေးကာ နဖူးကို အသာတောက်သွားတဲ့ ဒေါက်တာလေးက 'အပြစ်မပေးခင် ထိုအပြစ်သားအား ကိုယ့်အပြစ်ကိုယ် သေချာဆင်ခြင်ခိုင်းနေတဲ့' လူတစ်ယောက်လို ပြုမူသွားသေးသည်။
ညရောက်လျှင်တော့ မတွေးရဲစရာပင်.....T_T
______________
"ဒီမှာ မင်း အတွက်"
ကျန်းဦးလေး ကမ်းပေးလာသော အနက်ရောင်စာအုပ်လေးကို Yibo သေချာကြည့်ကာ လှမ်းယူလိုက်သည်။
"ဒီစာအုပ်က သားကျန့်ကျန့်ရဲ့ Diary စာအုပ် မင်း အတွက် ယူလာတာ..."
"ဟုတ်ကဲ့"
ကိုကို့ရဲ့ Diary Book အဖုံးလေးကို Yibo လက်ကလေးနဲ့ ခပ်ဖွဖွ ပွတ်ကြည့်မိသည်။
ဒီစာအုပ်လေးက ကိုကို့ရဲ့ Diary စာအုပ်လေးတဲ့.....။
ကျွန်တော် ဖတ်သင့်ပါ့မလား...?
"ဟို..."
"မင်း ဖတ်ချင်ရင် ဖတ်ကြည့်ပါ...
မဖတ်ချင်ရင်လည်း မင်း လိုသလို အသုံးပြုနိုင်တယ်... ကျန့်ကျန့်ရဲ့စာအုပ်က မင်း စာအုပ်ဆိုလည်း မမှားပါဘူး"
"ဟုတ် ကျန်းဦးလေးကို ကျေးဇူးတင်ပါတယ်"
ဘယ်တော့ကမှ မပြောခဲ့ဖူးသော စကားတစ်ခွန်း...
မဟုတ်ဘူး... ကိုကိုနဲ့ လက်ထပ်ပြီးခဲ့တဲ့ တစ်လျှောက်လုံး စကားတစ်ခွန်းတောင် ပြန်မပြောခဲ့ဖူးဘူး။
ကျွန်တော့်အမုန်းတွေ အာဃာတတွေကို လျော့ချချင်ရင် 'ကျန်းဦးလေးနဲ့ အဆင်ပြေအောင် ငါ နေနိုင်ရမယ်' ဆိုတဲ့ အချက်ကလည်း အပါအဝင်ပင်ဖြစ်လေသည်။
မဟုတ်လည်း ကိုကို့ရဲ့ဦးလေးဟာ Yibo ရဲ့ ဦးလေးပဲပေါ့.....။
အရင်က ဒီလိုတွေ မတွေးနိုင်ခဲ့ဘူး။
ကိုကို.....
အခု ကိုကို့ရဲ့ Baby လေးက လိမ္မာနေပြီဗျ။
ကျွန်တော် လိမ္မာတာလေးတွေကို မြင်ချင်ရင် ကိုကို ဒီလိုကြီးပဲ အိပ်မနေပဲ ထ,လာခဲ့လေနော်...။
ကိုကို့ရဲ့ကလေးလေးက အချစ်တွေနဲ့ ဆီးကြိုနေမှာပါ.....။
VVIP Patient Room ထဲမှာ ကျန်းချန်ရယ် Dairy စာအုပ်လေးကို တယုတယကိုင်တွယ်နေရင်း XZ မျက်နှာကို ငေးကြည့်နေတဲ့ Yibo ရယ် တိတ်ဆိတ်စွာရှိနေကြသည်။
အခန်းအပြင်မှာတော့ ဝမ်ကျောက်ရယ် ၊ ရှီးချန်ရယ် ၊ မုန့်ယောင်ရယ် သုံးယောက်သား ထိုင်စောင့်ရင်း စကားတွေပြောနေကြလေ၏။
_______________
"အား ကျွတ်! ကျွတ်! သေပါပြီဟ..!"
"........."
"Neurs!"
လိုက်ကာလေးကို အသာ လှပ်ကာ ခေါ်လာတဲ့ ဒေါက်တာရှင်းချန် အသံကြောင့် ကူရာမဲ့နေပုံရသော Neurs မလေးရဲ့မျက်နှာမှာ အားကိုးတွေ့သွားသလို ဝင်းပသွားတော့သည်။
ရှင်းချန် ကုတင်ပေါ်က လူနာကို တစ်ချက် လှမ်းကြည့်လိုက်တော့ လက် ၊ ခြေထောက် နဲ့ မျက်နှာတွေမှာ ပတ်တီးအဖွေးသားနဲ့ ထိုလူနာ.....!
ဒါတောင် ဆေးထည့်မခံလို့ တစ်ဝင်တစ်ပျက် ကျန်နေသေးသော ဒဏ်ရာတွေလည်း ရှိနေသေး၏။
ရှင်းချန် မျက်မှောင်တစ်ချက် ကြုတ်လိုက်မိသည်။
"ဘာဖြစ်လာတာလဲ...?"
သူကိုယ်တိုင် မသိလိုက်ခင်မှာပဲ ရှင်းချန် အသံတွေက အေးစက်လို့နေ၏။
မတိုင်ခင်ကတော့ နာလို့ဆိုပြီး အသံတွေ ဆူညံနေတဲ့ ထိုလူနာရဲ့ပါးစပ်က ရှင်းချန်ရဲ့အေးစက်စက် အသံကြောင့် တိကနဲ ပိတ်ကျသွား၏။
"Neurs ပတ်တီး နဲ့ ဆေး"
ရှင်းချန် ဘေးမှာ ဝင်ထိုင်တာ Neurs လေးကို ပြောလိုက်တော့ ကပြာကယာ ယူပေးရှာသည်။
"ရန်ဖြစ်တာ ထင်တယ်"
"အာ့!"
စကားပြောရင်း ဆေးထည့်နေတဲ့ လက်က အားပါသွားတာကြောင့် လူနာရဲ့ပါးစပ်ကနေ 'အာ့!ခနဲ' တစ်ချက်ညည်း၏။
သူ သိချင်တာ မသိရသေးတဲ့ ဒေါက်တာလေးကတော့ သေချာဂရုတစိုက် ဆေးထည့်ပေးနေသော်လည့း မထင်ရင်မထင်သလို အနာကို နာကျင်စေတာကြောင့်
နောက်ဆုံး လူနာရဲ့ 'ရန်ဖြစ်ခဲ့တာ ဟုတ်တယ်' ဟူသော ဝန်ခံစကားကို သူ ကြားခဲ့ရသည်။
အဆိုးလေးနဲ့ရန်ဖြစ်ခဲ့တာမှ လွဲရောလား...?
ပတ်တီးကို သေချာစည်းပေးလိုက်ပြီး တစ်ခုခုဆို ပြောလို့ရအောင် ရှင်းချန် ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးလိုက်သည်။
"ကျွန်တော်နာမည်က ရှင်းချန်
လိုအပ်ရင် Neurs..."
"ဘာ! ခင် ခင်ဗျားက ဒေါက် ဒေါက်တာရှင်းချန်လား...?"
"ဟုတ်တယ် ဒေါက်တာက ဒီဆေးရုံမှာ အတော်ဆုံးလို့ ပြောလို့ရတယ်..."
"Neurs!"
ကြားထဲကနေ အလိုက်မသိ ဝင်ပြီး ချီးကျူးခန်းဖွင့်နေလေသော Neurs လေးကို ရှင်းချန် ဟန့်လိုက်တော့မှ ခေါင်းလေးငုံ့ကာ အသံတိတ်သွားလေသည်။
"ကျွန်တော် ဆေးရုံက ဆင်းတော့မယ်...
ဒီဆေးရုံမှာ မတက်ဘူး"
"ကျသလောက် Bill ရှင်းခိုင်းပြီး ဆေးရုံရွှေ့ပြောင်းဖို့ စီစဥ်ပေးလိုက်ပါ"
"ဟုတ်ကဲ့"
ပြောပြီးတာနဲ့ ထိုနေရာကနေ ရှင်းချန် လှည့်ထွက်လာလိုက်သည်။
သူ အခြေအနေတွေကို သဘောပေါက်လာသလိုရှိသည်။
သူနာမည်ကိုကြားတော့ ထိုလူနာ လန့်သွားတာတွေ...!
သူ့ကို မမြင်ဖူးပဲနဲ့ ထိပါးပြောဆိုတာပဲဖြစ်ရမယ်.....။
ပြီးတော့ သူ့အဆိုးလေးရဲ့လက်ဖဝါးနုနုလေးကို ဒီကောင်က အနာတရဖြစ်စေတာ...။
တကယ်ဆို အဆိုးလေး မမှားဘူး။
အင်းးး ဘယ်တုန်းကမှ မမှားခဲ့ဘူး။
ဒါပေမယ့်.....
နောက်ထပ် ရန်မဖြစ်ရအောင်တော့ 'အပြစ်ပေးရမှာကတော့ အပြစ်ပေးရမှာပဲ...'
ဒါမှ အဆိုးလေး အများကြီး လိမ္မာလာမှာ...။
💓💓💓💓💓💓💓💓💓💓💓💓💓💓
Updated _ 3730 words 💞
အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော် ဒီကြားထဲ Fic Update မပေးဖြစ်ခဲ့ပါဘူး။
Final ရောက်ဖို့ 2 ပိုင်း 3 ပိုင်းလောက်ပဲ လိုတော့တာမို့ အပြီးထိရေးဖို့ ကတိပေးထားတဲ့အတိုင်း Royal ဆက်ရေးတာပါဗျ။ 🖤
ကျန်းမာရေးအထူးဂရိုစိုက်ကြပါနော် 💗
Covid တွေလည်း ပြန်ဖြစ်လာပြီ။
အစစအရာရာဂရုစိုက်ကြပါဗျ ❤
💞 အားလုံးကို ချစ်ခင်လေးစားလျှက် 💞
Kroyalwhite💌💞🤍
Jul 2,2021 FRI (Updated Day) 🖤✨
Zawgyi
*ကျွီ.....*
"ဒီ ဒီပဝါက..."
Advertisement
- In Serial1453 Chapters
Her Eternal Mr.Right
The famous Bai family's fourth youngest in North City was slept with by a dumb little white rabbit? The fourth young man forcibly married the person home in a fit of rage, "Little thing, how dare you run away after messing with me?" "You are the big bad guy, I don't want to marry!" "Master wants to marry, you dare to say no?" Four young peach blossom eyes narrowed, wolf light, directly pounced on the little white rabbit, eat dry.
8 555 - In Serial49 Chapters
Off The Grid | j. christopher
in which she finds out that, after all this time, he was the oneorin which he goes off the grid with her
8 221 - In Serial17 Chapters
Texting Dylan Wilde
a sarcastic, outgoing, girl named Bea Kamerone texts the wrong number when she was trying to reach the postmates guy. Instead, she texts Dylan Wilde, a British, blunt, popular guy who starts out disliking her and ends up finding himself loving their little chats. Will both of them set aside their differences and become more? Or will it all end with just a couple texts?
8 396 - In Serial23 Chapters
Undertakers love (demonxshinigami)
Alyssa was a girl from the US and decided to visit her family in london when she found out her mom died and her dad was a drunk. She had no idea she would fall in love and change for the rest of her life.I DO NOT OWN BLACK BUTLER OR THE BLACK BUTLER CHARACTERS
8 186 - In Serial41 Chapters
Onyx Blues (Completed)
(THIS IS A MAFIA STORY)Onyx Smit was living with his uncle until he royally messed up. Forced to be placed in the care of his real father, he was shipped off to a boarding school; a well known school known for the students from elite families.Due to personal problems Onyx knew he had to lay low, but when he ends up having to room with the king of the school, who's actions are unpredictable, things don't go as planned.(BXB STORY)(WILL BE SMUT AFTER CH 22)
8 171 - In Serial57 Chapters
I AM YOURS....ALWAYS❤ (completed)
UNDER VERY SLOW EDITING!READ THIS BOOK AT YOUR OWN RISK!!NOT EDITED!♡♡♡♡Two Souls... Poles Apart .. United by the game of Destiny.. Come and join their journey together ❤❤This story is full of fun, love , heartbreaks..join Dishaan in their wonderful love story ❤❤❤♡♡♡He hated being goody two shoes..he hated clumsiness..but she was an exception..She didn't enter in his life in a bollywood style..she didn't catch his attention first..she was not his first love..but she was the last which is forever..He was the Mr.arrogent for her at first but the journey is from being her Mr.arrogent to her Mr.husband..In this ploy of destiny..she was his and he was her forever and they didn't even knew it ..♡♡♡This story will be in Hinglish and its not a Fan-Fiction..THANK YOU FOR CHOOSING IT AS YOUR READ.. This is my first story and English is not my first language so this book is bound to have a lot of mistakes.. first few chapters are not so good but gradually the story becomes good..don't skip it reading first few chapters..read till last..❤💙
8 90

