《အမုန်းအားဥပေက္ခာပြု၍ [အမုန္းအားဥေပကၡာျပဳ၍] {Complete}》Ep - 34
Advertisement
Unicode
'နောင်တဆိုတာ နောင်မှရတယ်' တဲ့.....။
ကျွန်တော်ကရော အဲ့ဒီနောင်တတွေအတွက် ပြန်လည်ပြင်ဆင်နိုင်ဖို့ အခွင့်အရေးရှိသေးလား...?
မှားခဲ့ပါတယ်...
ကျွန်တော် ကိုကို့အပေါ် အများကြီး မှားခဲ့တယ်.....။
အမှားကို သိချိန်မှာရော အမှန်ပြင်နိုင်လိမ့်ဦးမည်လား...?
လက်ထဲက Diary စာအုပ်လေးကတော့ ကျွန်တော့်ကို လှောင်ရယ်နေလေရဲ့.....။
ငယ်ငယ်တုန်းက အဲ့ဒီလိုအချိန်တွေမှာ ကိုကို တကယ်ခက်ခဲခဲ့မှာပဲ...။
အရွယ်နဲ့မလိုက်အောင် ပင်ပန်းနေခဲ့ရှာမှာ.....။
တောင်းပန်ပါတယ် ကိုကို...
ကျွန်တော် တကယ်တောင်းပန်ပါတယ်ဗျာ.....။
ကျွန်တော်က တဖက်သတ်နာကျင်စေခဲ့တဲ့ တစ်ကိုယ်ကောင်းသမားပဲ...!
အဲ့ဒါတွေအပြင်.....
ကျွန်တော် အရင်က ကိုကို့အပေါ် လုပ်ခဲ့တဲ့ကိစ္စတွေအားလုံး ကိုကို့ဆီကို သတင်းအတိအကျ အရင်ရောက်နေပါရက်နဲ့...!
ကျွန်တော် 'ဘာတွေ ဆက်လုပ်မယ်' ဆိုတာ ကြိုမြင်နေပါရက်နဲ့...!
'ကျွန်တော် ဘယ်ခြေလှမ်းတွေလှမ်းနေလဲ' ဆိုတာ သိနေပါရက်နဲ့...!
အားလုံးကို သိနေပါရက်နဲ့ ကိုကိုရာ.......။
'ကျွန်တော်က ဘယ်လိုကောင်လဲ' ဆိုတာ ကိုကို သိနေပါရက်နဲ့...!
'ကျွန်တော့်လိုကောင်ကို ချစ်တယ်' တဲ့လား...??!
ကျွန်တော့်လိုကောင်ကိုလေ....!
ကျွန်တော့်မှာ ဘာတွေကများ ကောင်းကွက်တွေရှိနေလို့လဲ...?!
ပြီးတော့.....
'ကိုကိုက B to B love တွေကို မယုံကြည်ဘူး' တဲ့.....။
ဒါပေမယ့် ကိုကိုကပဲ Diary book လေးမှာ ထပ်လောင်း ရေးသားခဲ့ပြန်တယ်...။
'ကျွန်တော့်ကိုတော့ ယုံကြည်ချင်ပါတယ်' တဲ့လေ...။
ကျန်းဦးလေးပြီးရင် သူ ယုံကြည်မိတဲ့ ဒုတိယနဲ့နောက်ဆုံး လူတစ်ယောက်ဟာ ကျွန်တော်ဆိုတဲ့ Wang Yibo ပါတဲ့.....။
ကျွန်တော့်အပေါ်ကို ခံစားချက်တွေရှိလာတော့လည်း အဲ့ဒီစိတ်တွေနဲ့ ကိုကိုက မရူးမိုက်ခဲ့ဘူး။
မပစ်ပယ်ခဲ့ဘူး။
နာကျင်မှုတွေအတွက် ကြိုတင်ပြင်ဆင်ထားသလိုမျိုး ကိုကိုက တည်ငြိမ်ရင့်ကျက်နေခဲ့ပြန်တယ်.....။
ကျွန်တော် တကယ် မသိခဲ့ဘူး။
မိဘနှစ်ပါးလုံး ဆုံးရှုံးသွားရတဲ့အပြင် ဦးလေးဖြစ်သူကပါ ဘဝပျက်မလိုဖြစ်ခဲ့ရတဲ့ အချိန်တွေမှာ ကိုကို တစ်ယောက်တည်း အရွယ်နဲ့မမျှအောင် ဘယ်လောက်များ ခံစားခဲ့ရရှာမလဲ...?
ဘယ်လောက်များ အထီးကျန်နေခဲ့မလဲ...?
အခုတော့ ကျွန်တော်ကပါ နာကျင်စရာတွေကို ထပ်ပြီးယူဆောင်လာခဲ့မိပြန်ပြီ။
'ကိုကိုနဲ့ကျွန်တော် မထိုက်တန်ဘူး' လို့ တွေးမိခဲ့တာ မလွန်တော့ဘူးမလား...?
ဒါတောင်.....
ကျွန်တော့်လက်ကို တစ်ချက်ကလေးတောင် မလွှတ်ခဲ့တဲ့ ကိုကို...
ကျွန်တော့်မျက်နှာ တစ်ချက်ညိုးရင်တောင် ပြာယာတွေ ခတ်နေတတ်တဲ့ ကိုကို.....။
ကျွန်တော် သိပ်ကိုချစ်မြတ်နိုးရတဲ့ ကိုကို...။
ကိုကိုသာ နိုးထ,လာခဲ့ပေးပါ...။
နာကျင်စရာ ဒဏ်ရာတွေအားလုံးကို ပြန်လည်ကုစားပေးမှာမို့
ကိုကို ချစ်တဲ့ ကလေးလေးကို တစ်ချက်လောက်ပဲ ပြန်လှည့်ကြည့်ပေးပါ.....။
ကိုကို အိပ်နေတာ 2 ပတ်နဲ့ 3 ရက်တိတိရှိနေပြီလေ.....။
Diary စာအုပ်လေးရဲ့နောက်ဆုံး စာမျက်နှာလေးကတော့ ကျွန်တော့်ကို ဒေါသတွေထွက်နေမည်ထင်ပါရဲ့...။
'ကိုကို့ကို နာကျင်စရာတွေပဲပေးခဲ့တဲ့ ဒီကောင်က အခုမှ ကိုကို့ရဲ့ Diary စာအုပ်ပေါ်မှာ မဆင်မခြင် မျက်ရည်တွေ ကျနေလို့' တဲ့လေ.....။
ကျွန်တော် မငိုပါဘူး ကိုကိုရဲ့...
မျက်ရည်တွေက သူ့ဘာသာကို စီးကျလာတာမို့ ကျွန်တော်လည်း ဆက်မသုတ်ဖြစ်တော့တာ.....။
ကျွန်တော်က ရယ်ရတယ်နော်.....။
ကိုကို သိလား...?
'ကမ္ဘာပေါ်မှာရှိတဲ့ လူတိုင်းက အရူးတွေချည်းပဲ' တဲ့...။
ကိုကိုနဲ့ကျွန်တော်အပါအဝင် လူတိုင်းက တစ်ယောက်တစ်မျိုးစီတော့ ရူးနေကြတာပဲလေ.....။
ကျွန်တော်ကလည်း Psycho အခံရှိတဲ့လူမို့ ကိုကို့ရဲ့ခံစားချက်တွေကို ကျွန်တော် နားလည်တယ်.....။
နာကျင်ရမှန်းသိသိရက်နဲ့ လွှတ်ချထားခဲ့ဖို့ တစ်ခါမှ မကြိုးစားခဲ့တဲ့ ကိုကိုက အသက်ပေးပြီး ချစ်တဲ့အထိကို အချစ်အတွက်နဲ့ ရူးမိုက်ခဲ့တယ်.....။
ကိုကို့ရဲ့နာကျင်မှုတွေ ၊ ပင်ပန်းမှုတွေကို နှစ်ယောက်အတူတူနေပြီး မမြင်နိုင်ရလောက်ထိ အမုန်းတွေ ၊ အတ္တတွေနဲ့ ကျွန်တော်ကလည်း ပူလောင်ခဲ့ရတယ်...။
'ကိုယ့်ကိုယ်ကို အပြစ်ရှိတယ်' လို့ ခံစားနေရတဲ့ စိတ်တွေနဲ့ နှလုံးသားထဲမှာလည်း အချိန်တိုင်း တနုတ်နုတ်နာကျင်ခဲ့ရတယ်.....။
ကိုယ့်ကို ယုံကြည်ပေးဖို့ ကြိုးစားခဲ့တဲ့ လူကိုမှ...
ဆိုးမိုက်ခဲ့သမျှကို ခွင့်လွှတ်နားလည်ပေးပြီး ယုံကြည်မှုတွေနဲ့ ဂရုစိုက်မှုတွေကို အပြည့်အဝပေးခဲ့တဲ့ လူကိုမှ...
ကျွန်တော်ကလည်း နာကျင်စေခဲ့မိတယ်.....။
ဟက်! ကျွန်တော်ဆိုတဲ့ Wang Yibo ကလည်း တကယ်ရူးမိုက်ခဲ့တာကိုးးး။
_______________
"ဒေါက်တာ ဘယ်တော့စားရမှာလဲ...?"
"ဟီးးး"
"ဟာဗျာ..."
Neurs တွေနဲ့ အသိဒေါက်တာတွေရဲ့ စ,နောက်မှုတွေကို ခံနေရတဲ့ ဒေါက်တာရှင်းချန်ကတော့ ဂုတ်ကို လက်နဲ့အသာပွတ်ရင်း မျက်နှာကြီးကလည်း နီရဲနေမှာ မလွဲဧကန်ပင်...။
ဘေးနားက စ,နေတဲ့ လူတွေကလည်း စပ်ဖြီးဖြီးမျက်နှာအမူအရာတွေနဲ့ စ,လိုက် ၊ ရယ်လိုက်နဲ့ ဟုတ်နေကြတော့သည်။
"အဟမ်း! လာပါပြီတော် ရှင့်ရဲ့အဆိုးလေး"
Neurs တစ်ယောက်ရဲ့ချောင်းဟန့်သံနဲ့အတူ အသိပေးမှုကြောင့် ရယ်သံတွေ ဆူညံနေတဲ့ စကားဝိုင်းလေးဟာ ချောမောခန့်ညားစွာ ဝင်ရောက်လာသည့် ပါပီလေးဆီသို့ အကြည့်တွေ ဝေ့ဝဲကုန်တော့သည်။
"ဘယ်နေ့စားရမလဲဆိုတာ တိုင်ပင်လိုက်ကြပါဦး ဟီးးး"
ပြောပြီးတာနဲ့ တစ်ယောက်ပြီးတစ်ယောက် ရှောင်ထွက်သွားကြသော လူတွေကြောင့် ဆေးရုံဝင်ပေါက်တည့်တည့်က ကောင်တာနားလေးမှာ ရှင်းချန် တစ်ယောက်ပဲ ကျန်နေခဲ့လေသည်။
"ကို့! ဘာတွေပြောပြီး ရယ်မောနေကြတာလဲ...?"
အနားရောက်တော့ မှုန်ကုပ်ကုပ်နဲ့မေးလာပုံလေးက တကယ့်ကို ချစ်မဝစရာလေး.....။
"ကိုယ်တို့အကြောင်း စပ်စုနေကြတာ..."
"ဟင် ဘာအကြောင်းလဲ...?"
တကယ်သိချင်စိတ်နဲ့ မေးလာသံမှာ အလိုမကျမှုတွေကလည်း ရောစွတ်နေသေး၏။
ရှင်းချန် စ,ချင်လာတာနှင့် လူရုပ်မာပြုံး,ပြုံးလိုက်ကာ အဆိုးလေးရဲ့ခန္ဓာကိုယ်အနှံ့ကို တစ်ချက်ဝေ့ဝဲပြီး အရင်ကြည့်ပေးလိုက်သည်။
ပြီးမှ.........,
"ဟိုနေ့က ဒေါက်တာ့ကောင်လေး ရန်ဖြစ်တဲ့ကိစ္စကိုဘယ်လို အပြစ်ပေးဆုံးမလိုက်သလဲတဲ့..."
"ဘာ! ခင် ခင်ဗျား ဘာပြန်ပြောလိုက်လဲ...?"
Advertisement
မျက်နှာကြီးနီရဲပြီး မျက်လုံးပြူး မျက်ဆံပြူးနဲ့ မေးလာပုံက ရှက်စိတ်နဲ့ဒေါသစိတ်ကိုလည်း အချိုးကျ ပေါင်းစပ်ထားသေးသည်။
"သိချင်ရင် အဆိုးလေးကို သွားမေးကြည့်လို့ ပြောလိုက်တယ်"
"ဘာဗျ! ဘာကို ကျွန်တော့်မေးရမှာလဲ...?
တောက်! တစ်ခြားသူရဲ့ Personalကိစ္စကို စပ်စပ်စုစု! နောက်တစ်ခါ ရန်ပွဲက မင်းတို့အလှည့်ပဲလို့ ခင်ဗျား သတိမပေးလိုက်ဘူးလား...?!"
တရှူးရှူးတရှဲရှဲနဲ့ ဒေါသတွေထွက်နေပြီဖြစ်သော ကောင်လေးကို ထပ်မစ,သင့်မှန်း သိသော်လည်း ဒီလိုပုံစံလေးကိုက ဇိုးဆန်ဆန် တစ်မျိုးလေး ဆွဲဆောင်နေတာကြောင့် ရှင်းချန် ရုပ်တည်ကြီးနဲ့ ဆက်စ,နေမိသည်။
"သတိမပေးလိုက်ပါဘူး သူတို့က မေးမှ,မမေးပဲ... မင်းလေးကသာ ရန်ဖြစ်ဖို့ပဲ တွေးနေတာ... ကို အပြစ်ပေးထားတာ မလုံလောက်သေးဘူး ထင်တယ် အဟင်းးး"
"ရှောင်ရှင်းချန်! ခင်ဗျား!"
လက်ညှိုးထိုးကာ မျက်နှာကြီးနီရဲပြီး ဒေါသထွက်နေတဲ့ ကောင်လေးက သူ့အသံဘယ်လောက်ကျယ်သွားလဲ ဆိုတာကိုလည်း သတိထားမိပုံမပေါ်ပါလေ...။
အနီးအနားက လူတစ်ချို့ကလည်း သူတို့နှစ်ယောက်ကို လှည့်ကြည့်နေကြလေပြီ။
"ကျစ်! ပြန်တော့မယ် မကောင်းတဲ့လူ...
မှတ်ထား ည ကျွန်တော်နဲ့ လာမအိပ်နဲ့..."
"ဟာ... ဟေ့! နေဦးလေ..."
ပြောကာ လှည့်ထွက်သွားသော ကောင်လေး နောက်သို့ ချော့တော်မူရန် ရှင်းချန် အပြေးလိုက်ရပြန်သည်။
အကြောင်းသိတဲ့ ဆေးရုံက လူတွေကတော့ သူတို့အတွဲကို ကြည့်ပြီး ရယ်နေကြလေရဲ့...။
ကောင်တာနားမှာ ထိုင်နေရတဲ့ Neurs မလေးကလည်း ဒေါက်တာနဲ့အဆိုးလေးတို့ရဲ့ စ,ပုံ နောက်ပုံ flirt ပုံ အကြောင်းစုံကို Fan page မှာ ဖောက်သည်ပြန်ချဖို့လည်း မမေ့လျော့ခဲ့ပါလေ.....။
_______________
"ကိုကို..."
အသံတိုးညင်းညင်းလေး...။
သူ ကြားနေရတယ်.....။
'ကိုကို' လို့ ထပ်တလဲလဲခေါ်ပြီး စကားတွေ ပြောနေတာကိုလည်း သူ တစ်ချက် တစ်ချက် ကြားနေရတယ်...။
ညာဘက်လက်ပေါ်က နွေးထွေးမှုကိုလည်း သူ ခံစားမိလာတယ်...။
ဒါပေမယ့် မျက်လုံးတွေကတော့ ဖွင့်လို့မရနိုင်လောက်အောင်ထိ ခက်ခဲနေခဲ့တယ်...။
လက်တွေကို လှုပ်ရှားဖို့ သူ ကြိုးစားကြည့်တယ်...။
အမှောင်ကမ္ဘာထဲမှာ လမ်းပျောက်နေသူတစ်ယောက်လို အကူအညီမဲ့ခဲ့ပြန်တယ်...။
Baby အသံကို သူ ကြားလိုက်တယ်.....။
သူလေး ကျွန်တော့်ကို စောင့်မျှော်နေတော့မှာပဲ...။
$သုံးမကျတဲ့ ဒီခန္ဓာကိုယ်ကြီးက အလိုက်မသိလိုက်လေခြင်း။
'ကိုကို' ဆိုလား...?
သူ ကျွန်တော့်ကို ခေါ်လိုက်တဲ့ နာမ်စားလေးကလေ.....။
Baby အသံ စစ်မှန်ပါသော်လည်း ကိုယ့်ကို ခေါ်တာဖြစ်ပါစေလို့ပဲ ယုံကြည်ပါရစေ.....။
"ကိုကို..."
ကျွန်တော့်ကို ခေါ်နေတာ...
ဟုတ်တယ် ကျွန်တော့်ကို ခေါ်နေတာ...!!
ညာဘက်လက်မှာ စိုစွတ်မှုသေးသေးလေးကိုလည်း ခံစားမိလိုက်ပြန်တယ်...။
လက်ချောင်းတွေကို အားယူပြီး လှုပ်ရှားနိုင်အောင် ထပ်ကြိုးစားကြည့်တယ်...။
လက်ပေါ်က နွေးထွေးမှုလေးက ရုတ်ချည်း ဝေးကွာသွားတယ်...။
ရင်ထဲမှာလည်း တစ်ခုခု လစ်ဟာသွားသလို ခံစားချက်ကြီး ဝင်ရောက်လာတယ်.....။
"ကို ကိုကို့လက် လှုပ်သွားတာလား...?"
Yibo အံ့ဩခြင်းတွေနဲ့ ကြောင်အ,နေပြီးမှ ကုတင်ဘေးက ခလုတ်လေးကို ကတုန်ကယင် လှမ်းနှိပ်လိုက်သည်။
"အဟင်း မျက်ရည်တွေကလည်းကျနေပြန်ပြီ... ကိုကို နိုးလာတော့မှာကို..."
မျက်နှာပေါ်က အရည်ကြည်တွေကို လက်နဲ့ခပ်ကြမ်းကြမ်း ပွတ်ဆွဲလိုက်ရင်း Yibo တစ်ချက်ရယ်လျက် ပြောမိသည်က အရူးတစ်ယောက်လို.....။
'တရှပ်ရှပ်' ပြေးလာသံတွေနောက်မှာ Duty cote တွေနဲ့ လူနှစ်ယောက်ထက်မနည်း အခန်းထဲ ဝင်ရောက်လာကြသည်။
"ကိုကို့လက်ချောင်းလေး လှုပ်သွားတယ်!
တကယ်လှုပ်သွားတာ ကျွန်တော် ခံစားမိလိုက်တယ်"
Yibo ရဲ့ စိတ်လှုပ်တရှား ပျော်ရွှင်သံတွေကို Doctor တွေ အာရုံစိုက်ကာ နားထောင်ပြီးချိန်မှာတော့
ကုတင်ပေါ်က လူနာကို လှည့်ကြည့်လိုက်ကြချိန် လူနာက မျက်လုံးလေးတွေပင်
တဖြေးဖြေးဖွင့်နေလေပြီ။
"တကယ် သတိရနေပြီပဲ"
ဆေးရုံအုပ်ရဲ့ စကားသံအဆုံး Yibo လူနာကုတင်ဘေးသို့ ချက်ချင်းပြန်ကပ်သွားမိသည်။
ဆေးရုံအုပ်ကတော့ လူနာရဲ့လှုပ်ရှားပုံ အဆင့်ဆင့်ကို ဘေးကနေ သေချာစစ်ဆေးပေးနေလေ၏။
"ကိုကို ကျွန်တော် ခေါ်တာကြားတယ်မလားဟင်?"
သူ့ရဲ့ခေါ်သံနောက် ခေါင်းလေးငြိမ့်ပြကာ အသိအမှတ်ပြုမှုလေးက ဒီလောက်ထိ ပျော်ရွှင်စေမှန်း Yibo မသိခဲ့....!
"Doctor ကိုကို ပြန်ကောင်းနေပြီမလားဟင်?"
"ကောင်းသွားပါပြီ
တကယ် ဝမ်းသာစရာပဲဗျ"
Yibo ကိုကို့မျက်နှာကိုပဲ စိုက်ကြည့်နေပြီး အပြုံးတွေကလည်း အသက်ဝင်လွန်းနေသည်။
ကိုကိုကလည်း သူ့ကို ကြည့်နေပြီး မျက်ဝန်းထဲမှာလည်း ပုလဲဥတွေ ရစ်သိုင်းနေသေး၏။
"Doctor တို့ကို ကျေးဇူးတင်ပါတယ်"
"ရပါတယ်ဗျာ
လူနာကလည်း အသက်ရှင်ချင်စိတ် ပြင်းပြလို့ပါ..."
"ကိုကိုက ကျွန်တော့်ကို ဘယ်တော့မှ တစ်ယောက်တည်း မထားခဲ့ပါဘူး"
ယုံကြည်ချက်ရှိရှိ အခိုင်အမာပြောလိုက်တဲ့ လေသံနောက်မှာ ကိုကို့ရဲ့မျက်နှာချောချောထက် အပြုံးရိပ်ရိပ်လေးထင်၏။
"ဟုတ်ပါပြီဗျာ
ဒါဆို စကားပြောကြပါဦး"
ဆေးရုံအုပ်က အကူ Neurs တွေကို မှာစရာရှိတာမှာကာ ဆေးစစ်ပြီး ပြန်ထွက်သွားကြသည်နှင့် အခန်းထဲမှာ ကိုကိုရယ် Yibo ရယ် နှစ်ယောက်တည်းသာ ကျန်ခဲ့တော့သည်။
"ကိုကို ကျွန်တော် တကယ်ကြောက်နေခဲ့တာ
ကိုကို ပြန်မနိုးလာတော့မှာကို ကြောက်နေခဲ့တာ... အဟင့်"
Yibo အားတင်းထားသမျှ ကိုကို့ရှေ့မှ ငိုချလိုက်မိသည်။
မငိုပါဘူးလို့တွေးထားကာမှကွာ...!!
"မ ငို နဲ့
က လေး လေး ကျ နေတာပဲ အဟင်း"
ရယ်သံစွတ်ကာ ပြောလာတဲ့ အသံလေးက ဖျော့တော့တော့ရယ်...။
"ကျွန်တော် တောင်းပန်ပါတယ် ကိုကို *ဟင့်!* ကျွန်တော် တကယ်တောင်းပန်ပါတယ် *ဟီးအီး!* ပြီးတော့ ကျေးဇူးလည်း တင်တယ် *ရွှတ်!* ကိုကို ကျွန်တော့်ဆီ ပြန်လာလို့... ကျွန်တော် တကယ် ကျေးဇူးတင်တယ်... ပြီးတော့ ပျော်လည်း ပျော်တယ် ဟီးးး"
Advertisement
အသည်းအသန် ငိုလိုက် ပြောလိုက် လုပ်နေရင်း အဆုံးသတ်မှာ 'ဟီးးးကနဲ' ရယ်ပြသံလေးကြောင့် Xiao Zhan ပြုံးလိုက်မိသည်။
လက်ကို အားယူကာ မြှောက်ရင်း Baby ရဲ့ မျက်နှာလေးဆီ လက်လှမ်းတော့ ကလေးငယ်က လက်ကလေးကိုယူကာ သူ့မျက်နှာပေါ်ကိုတင်ပေး၏။
"ကိုကို ကျွန်တော့်ကို စိတ်ဆိုးနေလား ဟင်?"
"မ ဆိုး ပါ ဘူး
ဘာ လို့ စိတ် ဆိုးရမှာလဲ...?"
"ကိုကိုက စိတ်မဆိုးပေမယ့် ကျွန်တော့်ကိုယ်ကျွန်တော်တော့ တကယ် မုန်းတာပဲ..."
Yibo မျက်နှာလေး အောက်ချပြီး ပြောတော့ ကိုကို့ရဲ့လက်ကလေးကနေတစ်ဆင့် ခေါင်းလေးကို ခပ်ဖွဖွ ပုတ်ပေးနေသည်ကို ခံစားနေရသည်။
"Baby..."
"ဗျာ"
"အဟင်း လိမ်မာ လိုက်တာ
ကိုယ့် ကလေး လေးက"
ကိုကို့ဆီကနေ ချီးကျူးစကားလေးကို ကြားရတာလည်း Yibo အတွက်တော့ နိဗ္ဗာန်ရောက်နေသလိုပင်...။
"ကိုကို့ကလေးလေးက လိမ်မာနေပြီဗျ..
ဒီနေ့ကစ,ပြီး ကိုကို့စကားကို တသွေမတိမ်း နားထောင်မယ်...
လိမ်မာလာတဲ့ ဒီကလေးကိုရော ကိုကိုက ချစ်သေးရဲ့လား...?"
ခေါင်းပေါ်ဖွနေတဲ့ XZ လက်ကို ပြန်ယူပြီး ပါးမှာအပ်စေကာ လက်နဲ့ထက်ယှက်ဆုပ်ကိုင်ရင်း ချစ်စရာကောင်းတဲ့ပုံစံလေးနဲ့ ပြောလာပုံလေးက ဝေဒနါတွေဟူသည် လုံးဝမေ့ပျောက်သွားရသည်။
Xiao Zhan မှာလည်း တကယ်ကို အိပ်မက်မက်နေသလိုပင်...။
Baby က သူ့ကို 'ကိုကို' လို့ခေါ်ပြီး ချစ်စရာကောင်းတဲ့ အမူအရာလေးတွေနဲ့ ချွဲနေသေးသည်လေ.....။
အိမ်မက်ဆိုရင် သူ ဘယ်တော့မှ မနိုးထ,ချင်တဲ့ အိမ်မက်လေးပဲဖြစ်ပါလိမ့်မည်။
"Baby ကိုယ့် ပါး ကို နမ်း"
Yibo သူ မေးတာကို ပြန်မဖြေပဲ အသားယူချင်နေတဲ့ နေကောင်းခါစ,လူနာကြောင့် သွားတွေပေါ်အောင်ထိ ရယ်လိုက်မိသည်။
ထို့နောက် ခုံနေရာကနေ ချက်ချင်းထ,လိုက်ကာ ကိုကို့ အလိုကျ ပါးပြင်လေးထက် မွှေးကြူပေးလိုက်သည်။
*ရွှတ်* "ထပ်မွှေးမွှေးပေးရဦးမလား...?"
*ရွှတ် ရွှတ်* "ရပြီလား ကိုကို?"
အခန်းထဲကို ဝင်လာလာချင်းမှာပဲ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ရှောင်ကျန်းချန် တစ်ယောက် ဝင်ရမလို ပြန်ထွက်ရမလို ဖြစ်နေပြီးမှ နောက်ဆုံးတော့ မျက်နှာပူစွာ 'အာ...' ဟုသာ အသံလေးထွက်ကာ ခပ်မြန်မြန်ပဲ ပြန်ထွက်သွားလေသည်။
သူနဲ့အတူလိုက်လာတဲ့ ဝမ်ကျောက်ကလည်း အခန်းထဲက မြင်ကွင်းကြောင့်ရော ၊ ကျန်းချန် ရှက်သွားတဲ့ ပုံစံလေးကိုရော လိုက်ကြည့်ကာ ပြုံးနေလေတော့သည်။
အခန်းထဲက ကောင်လေးတွေကတော့ ကမ္ဘာပေါ်မှာ သူတို့နှစ်ယောက်တည်းရှိနေသည့်အလား ပတ်ဝန်းကျင်ကို မမြင်နိုင်ကြပဲ ကြည်နူးပျော်မြူးနေကြလေသည်။
"မရသေးဘူး ဒီဘက်"
Xiao Zhan အိမ်မက်မဟုတ်သော အသည်းနှလုံးလေးကြောင့် ချစ်စိတ်တွေ တဖွားဖွား ပေါ်လာကာ ပြုံးစိစိမျက်နှာဘေးနဲ့ ပါး နောက်တစ်ဖက်ကို ထိုးပေးလိုက်သည်။
*ရွှတ်* *ရွှတ်* "ကျေနပ်ပြီလား...?"
"ဒီကို"
နှုတ်ခမ်းလေးဆူကာ ထပ်ပြောတော့ ကောင်လေးက အပြုံးစ,စလေးနဲ့ မျက်စောင်းသေးသေးလေးရွယ်လာ၏။
Xiao Zhan ရဲ့ နေကောင်းခါစ,နှလုံးခုန်နှုံးတွေကလည်း စီးချက်ညီစွာ ခုန်ပေါက်လာပြီးနောက် ပိုလို့ပင်ကျန်းမာသွားသလို ခံစားလိုက်ရသည်။
"ကိုကို ကျွန်တော် မေးတာ မဖြေရဘူးနော်"
"နမ်းမှ ဖြေမယ်..."
"ဟွန့် ကိုကို လူလည်ကျတာပဲ...
ဖြေပေး ချစ်လား လို့..."
ဒီကလေးလေး သူ့ကိုတော့ 'ချစ်တယ်' မပြောသေးပဲ အခု အဖြေတောင်းနေတာလား...?
မင်းလေးကမှ အလည်လေး.....။
"ကိုယ့် ကို ရော..."
XZ မေးတော့ ကလေးက ချစ်ရည်ရွှမ်းလဲ့နေတဲ့ မျက်ဝန်းတွေနဲ့ စိုက်ကြည့်လာကာ.....
"ချစ်တယ်
ကျွန်တော် ကိုကို့ကို ဟိုးးး အရင်ကတည်းကချစ်တာ...
ကိုကို့ကို အရမ်းချစ်တယ်...
ချစ်တယ်လို့...!
ကျွန်တော် ကိုကို့ကို အများကြီး ချစ်တယ်..."
အားရပါးရဝန်ခံပြီးနောက် သူ ပြောချင်တာ ပြောလိုက်ရလို့ ပျော်ရွှင်သွားတဲ့ မျက်နှာလေးနဲ့အတူ အရည်လဲ့နေတဲ့ မျက်ဝန်းတွေထဲမှာလည်း ချစ်ခြင်းမေတ္တာတွေကို အပြည့်အဝပုံဖော်ပေးနေလေသည်။
"အဟားးး ချစ် လိုက် တာကွာ...
ကိုကိုကလည်း ကလေးလေးကို အများကြီး ချစ်တယ်..."
လူနာကုတင်ပေါ်ကနေ အသံထွက်အောင်ထိ သဘောတကျ ရယ်မောနေလေသော ကိုကို့မျက်နှာချောချောကို Yibo မလွတ်တမ်းငေးကြည့်နေမိသည်။
လွမ်းနေတာ.....။
ကိုကို့ရဲ့စကားသံလေးတွေ...
ကိုကို့ရဲ့ရယ်သံလေးတွေကို လွမ်းနေခဲ့ရတာ.....။
ကိုကို့လောက်မဟုတ်ရင်တောင် ကိုကို့ထက်မလျော့တဲ့ အချစ်မျိုးနဲ့ တစ်သက်လုံး ချစ်သွားပါ့မယ် ကိုကို.....။
"ချစ်တယ် ကိုကို..."
"ချစ်ရင် နမ်း"
"ဟားးး ကိုကိုကတော့လေ..."
ထို့နောက်တွင်တော့ Yibo ကိုကို့ရဲ့မျက်နှာ ဘေးတစ်ဖက်တစ်ချက်စီကို လက်နှစ်ဖက်နဲ့ထိန်းကိုင်ကာ အနမ်းပြယုတ်ကို လှပစွာပုံဖော်လိုက်ကြသည်။
နာကျင်စရာတွေ ၊ ဝမ်းနည်းစရာတွေပြီးရင် ပျော်ရွှင်စရာတွေဆိုတာ လာစမြဲပါပဲ.....။
ကျွန်တော့်အနားမှာပဲရှိနေပေးဖို့ ရွေးချယ်ခဲ့တဲ့ ကိုကို့ကို အမြဲပျော်ရွှင်အောင်ထားပါ့မယ်... ပြီးတော့ အမြဲတမ်း ကျေးဇူးတင်နေပါ့မယ်.....။
ကျွန်တော့်ရဲ့ချစ်မြတ်နိုးရပါသော ကိုကို...
ကိုကို့အပေါ်ထားတဲ့ ကျွန်တော့်ရဲ့ချစ်ခြင်းမေတ္တာတွေကြောင့် ဒီဘဝမှာသာမက နောင်ဘဝတွေမှာပါ ခန္ဓာကျန်းမာလို့ စိတ်ချမ်းသာရပါစေ.....။
💓💓💓💓💓💓💓💓💓💓💓💓💓💓
Updated _ 3036 words 💞
ကျန်းမာရေး အသွားအလာ အစစအရာရာဂရုစိုက်ကြပါနော် ❤
Thanks you all...💛
💞 အားလုံးကို ချစ်ခင်လေးစားလျှက် 💞
Kroyalwhite💌💞🤍
Jul 4,2021 SUN (Updated Day) 🖤✨
Zawgyi
မှားခဲ့ပါတယ်...
အဲ့ဒါတွေအပြင်.....
ပြီးတော့.....
မပစ်ပယ်ခဲ့ဘူး။
ဒါတောင်.....
ကိုကို သိလား...?
_______________
"ဟီးးး"
"ဟာဗျာ..."
"ဟင် ဘာအကြောင်းလဲ...?"
ပြီးမှ.........,
Advertisement
- In Serial54 Chapters
Daddy Unknown
Moira King had been cheated on, stabbed in the back, and broken beyond repair --be it her father, her best friend, or her boyfriend; she's had enough. So, with that in mind, she gave up on the idea of finding love and opted to become a mother through sperm donation. That way, she could have a child, sans having to possibly bear another heartbreak. With the baby on the way, her life went uphill. Until one day.----------------------------------WARNING: the majority of this story is unedited and there are a lot of plot holes. This was the first book I ever wrote at 15 years old, and I don't agree with the majority of its contents anymore, so expect the worst. In fact, please don't even read it; read my other book -The Song Of The Wolf- instead (it's a Wattpad Featured- and a Wattys Longlist story!) ✨Cover: beingellie
8 232 - In Serial41 Chapters
Transmigrated as My Best Friend’s Ex
Han Ming'x best friend's ex comes to him, asking him to find his best friend. Han Mingxi suddenly got stung by conscience and decides to do him a favor, and also make some fun of his best. But on their way they meet a car accident. When he wakes up, he finds out that he has transmigrated as his best friend's ex… Welcome to read the whole Transmigrated as My Best Friend’s Ex on Flying Lines.
8 268 - In Serial137 Chapters
Don't Want To See You In The Next Life (Volume1)
[COMPLETE]Summary: In his previous life, Xia Lin gave his heart and soul to Song Yan but never got rid of the fate of being the spare tire. In the next life, Xia Lin decided to cut off their bad relationship and stay away from Song Yan.Chinese Title: 來生不見Author: 天襲 (Tian Xi)Link for raw: https://www.shubaow.net/52_52906/Raw Status: Complete (132 Chapters)This is not my story. I just MTL-ed this for a smooth offline reading experience.
8 311 - In Serial45 Chapters
Cecilia's Wolf {Rewritten}
Meet Jackson Walker: He's a teenage werewolf, beta of his pack and totally drool-worthy. After getting caught by animal control and put in the pound, a very embarrassing experience, Jackson is bought by Cecilia's parents. Planning to escape as soon as possible, Jackson is about to bolt as soon as they open the car door. That is, until he sees Cecilia.Meet Cecilia Moore: She's a teenage girl, living with loving parents and about to graduate high school. Cecilia thinks she has the perfect dog, he's loyal, he's protective and he never leaves her side. She tells him everything. So, what happens when Jackson reveals what he is, an alpha from another pack shows an unhealthy interest in Cecilia, and a cousin of Cecilia's comes back into her life bearing life changing secrets? One thing is for sure: Cecilia's life is about to get a whole lot more interesting...and dangerous.~~~*~~~NOTE~~~*~~~The rough draft of this story is completed and on my profile. This version is edited and polished, including a few extra scenes and some changes to make things clearer. If you've already read the first version, there's a few extras in here for your enjoyment. If you haven't, I urge you to read this version, not the older one.
8 232 - In Serial98 Chapters
[BL]The Little Merman
Author : Du LaiStatus: CompleteStatus in COO: 92 Chapters+6 ExtrasJiang Yu was a small mermaid who couldn't sing. He had always felt inferior because of this. Not until he came to shore to find the father of his baby did he discovered that his talent turned out to be acting. Since then, he had trampled on the scum man, going on the acting road all the way, and progressing triumphantly.Qin Shen: ??? You ran away after sleeping with me, and you still call me a scum man?The not yet met Jiang Yu: Oh, it's a small star who wants to hug my thighs.The after contact Jiang Yu: Really fragrant.Qin Shen found that things around him often disappeared, at first it was handkerchiefs, then ties, and then his shirt. And every time he lost something, there will be more pearls around him. One day, he caught all the things he had lost in that room, and he saw a little thief in his pajamas.The little thief Jiang Yu is not happy, pointing at the jar of pearls, I am not a thief, I have money for you.••••✷ PLS DON'T REPORT.✷OFFLINE PURPOSE ONLY ,NOT MINE.if u have any problem with novel u can PM me .DON'T LIKE, DON'T READ.✷IMAGE cover is NOT MINE.✷ Beaware of GRAMMATICAL MISTAKES.
8 90 - In Serial42 Chapters
IGOR
*** Orc/human Romance ***Aria suffers a loveless marriage and the high expectations that come with being married to a king who hates her, and does whatever he can to humiliate her and make her suffer. Life gives her a second chance when she escapes an assassination attempt, and finds herself in the care of a reclusive orc, Igor. Will life give them a happily ever after, or will both their pasts catch up with them and ruin everything?DAILY UPDATES.- This is a monster romance. If you frown upon interspecies relationships, please don't even begin 😑- This book is definitely for grown people🔞. There is definitely a lot of smut 🥵 inside, so proceed with much caution ⚠️ - Mature language ahead. Get in formation 🏃Proudest Rankings: #1 = Paranormal Romance (13 11 2022)#8 = Paranormal (18 11 2022)#1 = Monster Romance (17 11 2022)#3 = orc (18 11 2022)#4 = Banter (13 11 2022)#3 = ongoing (21 11 2022)
8 167

