《အမုန်းအားဥပေက္ခာပြု၍ [အမုန္းအားဥေပကၡာျပဳ၍] {Complete}》Ep - 37 Final
Advertisement
Unicode
"Baby... ကလေးလေး! Baby!"
"ဗျာ ကိုကို...!
ကျွန်တော် ဒီမှာ..."
ရေချိုးခန်းထဲကနေ ကိုယ့်ခေါ်သံကြောင့် အလန့်တကြား ပြေးထွက်လာရင်း အသံပေးလာသည့် ကလေးငယ်ကို ကြည့်ကာ Xiao Zhan ဘာမှမစဥ်းစားနိုင်တော့ပဲ ကုတင်ပေါ်ကနေ အပြေးတပိုင်းဆင်းပြီး ထွေးပွေ့ထားလိုက်မိသည်။
Yibo ကတော့ ကိုကို့ရဲ့အော်ခေါ်သံနဲ့ အပြုအမူတို့ကြောင့် ဖတ်ထားတဲ့အတိုင်း တောင့်တောင့်ကြီးသာ ရပ်နေမိသည်။
"ကြောက်နေခဲ့တာ..."
လွတ်ထွက်သွားမည့်အလား တင်းကြပ်နေအောင် ဆွဲဖတ်ထားရင်း ပုခုံးပေါ်မျက်နှာအပ်ကာ ဆိုလာသော စကားတစ်ခွန်းက
'ကြောက်နေခဲ့တာ...' တဲ့လား...??
ကိုကိုရာ..........။
"ကိုကို...
ကျွန်တော် ဘယ်မှမသွားဘူးနော်...
ကျွန်တော် ကိုကို့အနားမှာပဲ အမြဲတမ်းရှိနေမှာ..."
ကိုကို့ကျောပြင်လေးကို Yibo လက်ကလေးနဲ့ ခပ်ဖွဖွပွတ်ပေးရင်းဆိုတော့ ပုခုံးထက်က ခေါင်းလေးက တဆက်ဆက် ငြိမ့်ပြလာတာကို ခံစားမိပါ၏။
ကျွန်တော် တကယ် ကြောက်နေခဲ့တာ...။
ကိုယ် နိုးလာတော့ ဘေးမှာ လစ်ဟာနေတဲ့ နေရာလေးက ကိုယ့်ဦးနှောက်ထဲကို အချက်ပေးသံတွေ အလုံးအရင်းနဲ့အတူ ဆူညံစေခဲ့တယ်။
ထိုအချိန် ဦးနှောက်ထဲ လုံးဝကို ဗလာဖြစ်သွားခဲ့ပေမယ့် 'Baby သာ ထွက်သွားခဲ့ရင်' ဆိုတဲ့ အသိကတော့ မုန်းစရာကောင်းလောက်အောင်ကို တွယ်ငြိနေခဲ့ပြန်တယ်...။
မယုံလို့တော့ မဟုတ်ဘူး။
မယုံရဲတာ...။
Baby ကိုတော့ မဟုတ်ဘူး။
ကိုယ့်ကိုယ်ကိုပဲ မယုံကြည်ရဲတာ...။
ပြီးတော့ ရုတ်တရက် ပြောင်းလဲသွားတတ်တဲ့ ကံကြမ္မာကိုရော.....။
"ကျွန်တော် နိုးတော့ ကိုကို အိပ်ပျော်နေတုန်းမို့ မနှိုး..."
"ကိုယ့်အနားမှာပဲရှိနေပေး..."
Yibo ပြောမယ့်စကားတွေက ကိုကို့ရဲ့စကားတစ်ခွန်းအောက်မှာပင် ခယပြိုလဲသွားရသည်။
"မနက်တိုင်း ကိုယ် အိပ်ယာနိုးရင် Baby မျက်နှာကိုပဲ အရင်ဆုံး မြင်ချင်တာ...
ကိုယ် မနိုးသေးရင်လည်း ထ,မသွားပဲ အနားမှာ ငြိမ်ငြိမ်လေးဆက်အိပ်နေပေး...
ကိုယ် အိပ်ယာနိုးတာနဲ့ Baby ကို Morning Kiss ပေးပြီး Good Morning လို့ အရင်ဦးဆုံး နှုတ်ဆက်မယ်...
ကိုယ့်အနားမှာပဲရှိနေတဲ့ Baby ရဲ့ အပြုအမူတစ်ခုချင်းစီတိုင်းကို မျက်တောင် မခတ်တမ်းလိုက်ကြည့်ချင်တယ်..."
ကိုကို့ရဲ့ယောကျာ်းပီသလှတဲ့ ဩရှရှအသံက Yibo ရဲ့ နားစည်ကနေတစ်ဆင့် နှလုံးသားထဲထိ တသိမ့်သိမ့်စီးဝင်၏။
'ကိုကိုက ပိုလိုက်တာ...' ဆိုပြီး Yibo အပြစ်မမြင်ရက်...။
ကိုကို့ရဲ့ခံစားချက်တွေကို Yibo နားလည်သည်မို့...
ပြီးနောက် တရားခံဟာ စင်စစ် ကိုယ်ပဲပေမို့....!!
"ကတိပေးပါတယ် ကိုကို...
နောက် ကိုကို့ကို သတိမပေးပဲ ဘယ်မှမသွားတော့ပါဘူး..."
"လိမ်မာလိုက်တာ ကိုကို့ကလေးလေးက..."
ဖတ်ထားရင်းနှင့်ပင် Yibo ခေါင်းကို လက်တစ်ဖက်နဲ့ လှမ်းဖွကာ ချီးကျူးစကားလေးပါ မမေ့မလျော့ တဆက်တည်းဆိုလာသည့် ကိုကို့ရဲ့နှုတ်ခမ်းလေးတွေက သဘောတကျ ပြုံးနေမည်ဖြစ်ကြောင်း ခံစားမှုအရသိပါသည်။
ကိုကို ပြုံးလိုက်တိုင်း ကိုယ်ပါ အလိုလို ပြုံးမိပေမယ့် မျက်ဝန်းထဲက အရည်ကြည်တွေကတော့ ဘာ့ကြောင့်မှန်းမသိ ရစ်သိုင်းနေပြန်သည်။
ကိုကိုနဲ့ပတ်သတ်လာလျှင် ပျော့ညံ့သွားတတ်သည့် ကိုယ့်ကိုယ့်ကို Yibo အားမလိုအားမရဖြစ်မိပါသည်။
စိတ်ချပါ ကိုကို...
ကျွန်တော် ကိုကို့အနားမှာပဲ တစ်သက်လုံးရှိနေမှာပါ.....။
ထွေးပွေ့ထားသည့် လက်ကလေးတွေ အနည်းငယ်ပြေလျော့လာချိန်မှာတော့ Yibo မျက်တောင်ပုတ်ခတ်လုပ်ကာ အရည်ကြည်တွေကို အမြန်ခမ်းခြောက်စေလိုက်သည်။
"ကိုကို နိုးလာရင် ရေချိုးဖို့ ပြင်ဆင်ပေးထားတယ်..."
Yibo ပြောတော့ ကိုကိုက Yibo ရဲ့မျက်နှာကို လက်နှစ်ဖက်နဲ့ အုပ်ကိုင်လာရင်း...
"နောက်ဆို ဘာမှမလုပ်ပါနဲ့ ကလေးလေးရဲ့...
Baby ကိုကို့အနားမှာရှိနေရင်ကို အရာအားလုံး ပြည့်စုံနေပြီမို့..."
ကိုကိုက ထိုသို့သော စကားတွေနှင့်လည်း Yibo ရဲ့ နှလုံးသားကို ခြွေတတ်ပါသေးသည်။
"အခုတော့ မျက်နှာသစ် ရေချိုးလိုက်တော့ ကိုကို...
ကျွန်တော် အိမ်အောက်မှာ စောင့်နေမယ်..."
"ဘာလုပ်ဖို့လဲ...?
ကိုယ်နဲ့အတူတူ ရေလာချိုးလေ..."
ပြုံးတုံ့တုံ့ မျက်နှာထားနဲ့ ကိုကိုက Yibo ရဲ့လက်ကို ရေချိုးခန်းဆီ ဦးတည်ကာ တကယ်ပင် ဆွဲလာသည်မို့.....
"ဟို ကိုကို တစ်ယောက်တည်း လွတ်လွတ်လပ်လပ် ချိုးပါ...
ကျွန်တော် မနက်စာပြင်ရဦးမယ်လေ..."
ထွက်ပြေးချင်နေတဲ့ ကောင်လေးကို နံရံနဲ့ကပ်လိုက်ကာ ဘေးတစ်ဖက်စီမှာ လက်နှစ်ဖက်ကို ထောက်ထားလိုက်ရင်း ပိတ်ထားလိုက်သည်။
"ကဲ... ဘာမှမလုပ်ပါနဲ့ဆို Baby ရယ်...
ဒီမှာ ကိုကို တစ်ယောက်လုံးရှိတယ်...
ကိုကို ချက်ကျွေးမှာပေါ့...
ရေကို နှစ်ယောက်အတူတူချိုးတော့ ရေလည်း တစ်ခါတည်း ချွေတာပြီးဖြစ်တယ်လေ မဟုတ်ဘူးလား...?"
ငြင်းမရတဲ့ အခြေအနေမို့ Yibo မျက်နှာလေးမှာလည်း တဖြေးဖြေး မှုန်လာတော့သည်။
"ရေချိုးရုံပဲ လို့ အာမခံနိုင်လား ကိုကို..."
Yibo မေးတော့ ကိုကိုက အပြစ်ကင်းစင်တဲ့ မျက်နှာလေးနဲ့ အံ့ဩသွားဟန် မျက်ခုံးလေးပင့်ပြရင်း...
"ဟောဗျာ...
ရေချိုးခန်းထဲမှာ ရေမချိုးလို့ ဘာလုပ်ချင်သေးလို့လဲ ကိုယ့်ရဲ့ Baby လေးက... ဟင်?"
ကိုကို့ရဲ့စကားကြောင့် Yibo မျက်နှာတွေ တဖြေးဖြေး ပူလာပြီး နီရဲနေမှာလည်း မလွဲဧကန်ပင်...။
"ကိုကိုနော်... တော်ပြီဗျာ...
ကိုယ့်ဘာသာ တစ်ယောက်တည်းချိုး..."
မျက်နှာလေးနီကာ လက်ထဲကနေ အတင်းရုန်းလို့ ထွက်ပြေးသွားတဲ့ ကလေးလေးကို XZ မတားလိုတော့...။
ခေါင်းအသာရမ်းလျက် အသံထွက်သည်အထိ ရယ်လိုက်မိသည်။
မနက်စောစောက XZ မျက်နှာနှင့် အခု XZ မျက်နှာမှာ လုံးဝကို မအပ်စက်တော့ပါလေ...။
Baby စကားကို ကိုယ် ယုံကြည်သည်။
အရင်ကလည်း ယုံကြည်ခဲ့သည်။
အခုလည်း ယုံကြည်သည်။
နောင်လည်း ယုံကြည်နေဦးမှာပင်...။
Baby ဖြစ်နေလို့ကို ကိုယ် ယုံကြည်ဖို့ လုံလောက်လွန်းသည်လေ.....။
_______________
"ကို ကျွန်တော် ဒီအင်္ကျီနဲ့ ဘယ်လိုနေလဲ...?"
Advertisement
"ဒီအင်္ကျီက ကိုနဲ့ဆို အရမ်းလိုက်မှာ..."
"ဒီအင်္ကျီကလည်း ကျွန်တော်နဲ့ ကွက်တိပဲ..."
"ဒါလေး"
"ဒါလေးရော ထပ်ထည့်ပေး..."
Plaza တစ်ပတ်ပတ်ကာ ပါးစပ်ကလည်း မနား လက်ကိုလည်း အနားမပေးပဲ
ဟိုဟာလေးကိုလည်း သူ့ကိုယ်နဲ့ ကပ်ကြည့်လိုက် ဒီဟာလေးကိုလည်း ကိုယ့်ခန္ဓာကိုယ်နဲ့လာတိုင်းကြည့်လိုက်နဲ့ တွေ့သမျှအကုန်အိတ်ထဲထည့်ခိုင်းနေသော အဆိုးလေးအား ရှင်းချန်လည်း မနိုင်လို့ လွှတ်ထားလိုက်လေပြီ။
သူ လုပ်ချင်ရာလုပ်ရတော့ အဆိုးလေး မျက်နှာမှာ ရွှင်လို့လန်းလို့...
လူကလည်း တက်လို့ကြွလို့...။
ရှင်းချန် ဆိုသည်မှာလည်း အဆိုးလေး မျက်နှာ တစ်ချက်အပျက်မခံသူမို့ အဲ့ဒီလိုလေးမြင်နေရကို စိတ်ချမ်းသာနေတာကြောင့် ဘာမှမပြောပဲ ဒီအတိုင်း ပြုံးလျက်သာ ရပ်ကြည့်နေမိတော့သည်။
"ကို့ Duty Time ရောက်တော့မှာပဲ...
လာ လာ ပြန်ကြစို့...!"
ကိုယ် ဝယ်ပေးထားတဲ့ Rolex နာရီလေးကို တစ်ချက်မြှောက်ကြည့်ကာ ပိုက်ဆံကောင်တာဆီ အပြေးလေး ငွေသွားရှင်းရင်း ခပ်သွက်သွက်လှမ်းပြော၏။
'ကိုယ် ငွေရှင်းမယ်' ဆိုတာကိုလည်း ဒီကောင်လေးက လက်မခံဘူးလေ...။
'သူ့အတွက်ပါ ဝယ်ရင်း ကိုယ့်အတွက်လည်း ဝယ်ပေးချင်လို့ပါ' တဲ့...။
ဒီလိုဆိုတော့လည်း ကိုယ်က ဘာဆက်ပြောနိုင်မှာလဲ...?
အဆိုးလေး စိတ်ကြိုက်ပါပေါ့...။
အခုလည်းကြည့်...!
လာချင်တုန်းကတော့ အလုပ်လုပ်နေတာကို အတင်းကပ်ချွဲတာ ဘယ်ကောင်လေးလဲ...?
ပြန်ချင်တော့လည်း သူလေးပဲ ဇွတ်...!
"ကို့ လာလေ..."
ပြောပြောဆိုဆို ကိုယ့်လက်ကို လာကိုင်သော လက်တစ်ဖက်.....!
လက်တစ်ဖက်မှာ ဝန်ထမ်းမလေး ကမ်းပေးလာသော အထုတ်တွေကို ဆွဲကာ
ကျန်လက်တစ်ဖက်က ကိုယ့်လက်ကို တင်းနေအောင် ဆုပ်ကိုင်ရင်း မပြေးရုံတမယ် သွားနေသော ကောင်လေးကြောင့် ကိုယ်လည်း အနောက်ကနေ အမြန်လိုက်ရလေသည်။
အင်းးး ရင်ခုန်သံတွေကလည်း တဒိန်းဒိန်းပေါ့...။
လက်ချင်းတွဲကာ ဓာတ်လှေကားဆီ ပြေးနေကြတဲ့ ကောင်လေးနှစ်ယောက်ကို တစ်ချို့က ထူးဆန်းသလို လိုက်ကြည့်ကြပေမယ့် တစ်ချို့ကတော့ ပုံမှန်လူသွားလူလာတွေလိုပဲ ဘာမှမဖြစ်သလို လိုက်လည်းကြည့်မနေကြပါ။
တစ်ချို့ကျတော့လည်း အားကျတဲ့မျက်ဝန်းလေးတွေနဲ့ လိုက်ကြည့်ကြပါရဲ့...။
ဒါပေမယ့် သူတို့နှစ်ယောက်ကတော့ ပတ်ဝန်းကျင် တစ်ချက်မှ လှည့်ကြည့်ခြင်းအလျဥ်းမရှိ... ဂရုလည်းမစိုက်ကြပါလေ...။
သူတို့ရဲ့အိမ်မက်တွေဆီ ၊ ရှေ့ဆက်မယ့် အနာဂတ်တွေဆီကို ပျော်ပျော်ပါးပါး လက်ချင်းတွဲလို့ လျှောက်လှမ်းနေကြသည့်အတိုင်း ဒီကမ္ဘာမှာ သူတို့နှစ်ယောက်တည်းရှိနေကြသည့်အလား နှစ်ယောက်စလုံးရဲ့မျက်နှာပေါ်မှာ အပြုံးပန်းတွေလည်း ဝေဆာနေခဲ့ကြသည်။
တစ်ယောက်တစ်နားမှာ တစ်ယောက်ရှိနေရင်ကို အရာရာပြည့်စုံနေပြီမို့ ဘယ်သူတွေကို ထပ်ပြီး ဂရုစိုက်နေစရာလိုဦးမှာလဲလေ...။
"ဟူးးး မောသွားတာပဲ..."
"အဆိုးလေးက စွတ်ပြေးတာကိုးကွ...
ကိုယ့် Duty က ဆယ်မိနစ်လောက် လိုပါသေးတယ်..."
ဓာတ်လှေကားတွေက ပြည့်နေတာမို့ ရိုးရိုးလှေကားကနေ လက်ချင်းတွဲလို့ ပြေးဆင်းလာခဲ့ကြသည်။
ပြေးနေတုန်းကတော့ ချစ်ရသူနဲ့ လက်ချင်းတွဲထားရလို့လားတော့မသိ...
နှစ်ယောက်စလုံး မောလို့မောမှန်းပင်မသိခဲ့ကြ...။
Car Parking ရောက်တော့မှ နှစ်ယောက်လုံး 'ဟော ဟဲ' လိုက်နေကြလေသည်။
"ကို့ Duty ကို အလေးထားလို့ပါဗျ...
ဆယ်မိနစ်လောက် အချိန်ရတာက တစ်ခုခုဝင်စားဖို့ပါခဗျ..."
အဆိုးလေးရဲ့ ချစ်စရာကောင်းတဲ့ စကားလေးကြောင့် ရှင်းချန်မှာ Heart ထိသွားရလေသည်။
"စကားတတ်တဲ့ အဆိုးလေးကို ချစ်လိုက်တာကွာ... မင်းလေးကို ချစ်ရလွန်းလို့ ကိုယ်လည်း ရူးတော့မယ်ထင်တယ်..."
"ဟိုးထား ကို...
ဒါနဲ့ Duty ချိန် တကယ် မမှီပဲနေလိမ့်မယ်..."
ဆွဲဖတ်ကာ နမ်းဖို့ပြင်နေသော ကို့ကြောင့် အကြောင်းသိစွာ ဟန့်တော့ မျက်နှာလေး ငယ်သွားလေသည်။
"မစားရရင် နေပါစေကွာ..."
"ကျွန်တော်ကတော့ ဗိုက်ဆာနေပြီ"
ပြောကာ ကားပေါ်တက်သွားတဲ့ ကောင်လေးကြောင့် ရှင်းချန်လည်း မအီမသာမျက်နှာနှင့်သာ ကားထဲ ဝင်ထိုင်လိုက်ရလေသည်။
ကားထဲရောက်တော့ 'ဖျက်ကနဲ' လာနမ်းသော ကောင်လေးကြောင့် ရှင်းချန် မျက်နှာမှာ ဟန်မဆောင်နိုင်တော့ပဲ တဖြေးဖြေး ပြန်ပြုံးလာလေတော့သည်။
"အဲ့လိုကြီး မနေနဲ့ ကြာရင် အိုသွားလိမ့်မယ်... ပြီးတော့ ရူးနေရင် ကျွန်တော်က ယောကျာ်းမတော်နိုင်ဘူးနော်...
အဲ့ဒီအစား ကျွန်တော့်ကို ပိုချစ်ပေး..."
အဆိုးလေး စကားကြောင့် ရှင်းချန် ကားစက်နှိုးနေရင်း သဘောတကျပြုံးလိုက်မိသည်။
"ဒါတော့ စိတ်ချပါဗျာ...
ကျွန်တော် ရှောင်ရှင်းချန်က ချစ်ရတဲ့အဆိုးလေး ရွှယ်ရန်ကို နှစ်ယောက်မရှိတဲ့ ချစ်ခြင်းမျိုးနဲ့ တစ်စက္ကန့်တိုင်းမှာ ပိုတိုးပြီး ချစ်ပေးပါ့မယ်ခဗျ..."
"ကျွန်တော် ကို့ကို ယုံတယ်..."
"ကိုလည်း ဒီအဆိုးလေးကို ခြွင်းချက်မရှိ ယုံကြည်တယ်..."
ပြည့်စုံသွားပြီ။
သူတို့ရဲ့ကမ္ဘာငယ်လေးမှာ တစ်ယောက်အနားမှာ တစ်ယောက်ရှိနေရင်ကို အရာရာပြည့်စုံနေခဲ့ပြီ။
အိမ်မက်တွေ...
ရည်မှန်းချက်တွေ...
ရှေ့ဆက်မယ့် အနာဂတ်တွေမှာ အဆိုးလေးနဲ့အတူတူသာဆိုရင် ဘယ်လိုအခက်အခဲမျိုးကိုမဆို ရှင်းချန် ရင်ဆိုင်နိုင်ပါသည်။
_______________
"အကို!"
ရှီးချန် အသံကြားရာကို လှည့်လိုက်တော့
'ချလပ်' ဆိုတဲ့ မြည်သံလေးနဲ့အတူ ကိုယ့်ကို ဓာတ်ပုံလှမ်းရိုက်လိုက်တဲ့ ကောင်လေး...။
မျက်နှာမှာလည်း ပြုံးလို့ပျော်လို့ပေါ့...။
"Ice cream နှစ်ခွက် ဒီမှာရပါပြီ"
ယောင်လေးကို အငမ်းလွန်နေတဲ့ ရှီးချန်တစ်ယောက် ဆိုင်ရှင်စကားကြားမှ အသိပြန်ဝင်လာပြီး ပိုက်ဆံအမြန်ရှင်းကာ ချစ်ရသူလေးဆီ အပြေးနှင်မိသည်။
"ဓာတ်ပုံရိုက်ရင် ခွင့်တောင်းရမယ်လေ ယောင်လေးရဲ့..."
ရှီးချန် စကားကြောင့် မုန့်ယောင် နှုတ်ခမ်းလေးဆူကာ...
"ကိုယ့်ချစ်သူကို ဓာတ်ပုံရိုက်ရင်လည်း ခွင်းတောင်းရမယ်ပေါ့..."
"ဒါပေါ့...
ဒါပေမယ့် ကိုယ့်ကို ဓာတ်ပုံခိုးရိုက်တဲ့လူက ချစ်ရတဲ့ယောင်လေးဖြစ်နေရင်တော့ ခွင့်တောင်းတာအစား တစ်ခြားတစ်ခုလုပ်ပေးရမယ်..."
"ဘယ်လိုမျိုးလဲ?"
မျက်လုံးလေးဝိုင်းကာ ပြန်မေးလာတဲ့ ကောင်းလေးကြောင့် ရှီးချန် လူရုပ်မာအပြုံး,ပြုံးလိုက်ကာ အနားကို ကပ်သွားလိုက်သည်။
"ဒီလို"
ပြောကာ ရုတ်တရက် ဖိကပ်ခံလိုက်ရတဲ့ နှုတ်ခမ်းလေးကြောင့် မုန့်ယောင် ပါးလေး တဖြေးဖြေးရဲတက်လာပေမယ့် မဖယ်ဖြစ်...။
ရှီးချန် လက်ထဲက ရေခဲမုန့်တွေကလည်း နေရောင်ခြည်ရဲ့ရက်စက်မှုကြောင့်ရော
သူတို့ရဲ့အရှေ့မှာ သူတို့ထက်ကို ချိုမြနေကြတဲ့ အတွဲကြောင့်ရော အားငယ်ကာ အရည်တွေအဖြစ် ပျော်ကျကုန်တော့သည်။
Advertisement
_______________
~~~5 Days later~~~
"Happy 2 months Anniversary ပါ ကိုကို..."
ကြားလိုက်ရသော အသံလေးနှင့်အတူ ရုတ်တရက် လင်းထိန်လာသည့် ခြံဝန်းကြီး...။
Xiao Zhan တစ်ယောက် အဖြူရောင်ဝတ်စုံအပြည့်နှင့် Cake ကလေးကို ကိုင်ကာ ချောချင်တိုင်းချောနေသော ကလေးလေးအား မှင်သက်စွာပင် ရပ်ကြည့်နေမိသည်။
မင်းလေး သိပ်ဆိုးတယ် Baby ရာ.....။
သူကို တစ်နေ့လုံး စိတ်ဆိုးချင်ယောင်ဆောင်ပြီး Bar တို့ Gym ဆိုင်တို့ကို အတင်းသွားခိုင်းတာက ဒါတွေ ပြင်ဆင်ဖို့တဲ့လား...?
ပြီးတော့ လေးလေးကပါ ရုတ်တရက် သွေးတိုးချင်ယောင်တွေ ဆောင်ပြီး ကိုယ့်ကို အချိန်ဆွဲထားတာတွေကရော...?
ကိုယ့်မှာတော့ အလုပ်ကို သိပ်မသွားတော့ပဲ Baby အနားမှာပဲကပ်နေလို့ မကြည်တော့ဘူးထင်ပြီး အလုပ်တွေ ကြိုးစားပြလိုက်ရတာ ကလေးငယ်ရာ...။
ကိုယ့်မှာ တကယ် လန့်သွားခဲ့တာ....!
"ဖယောင်းတိုင်လေး မှုတ်ဦးလေ ကိုကို..."
အတွေးလွန်နေတဲ့ ကိုယ့်ကို လှုပ်နှိုးလိုက်တာက Baby ရဲ့ ခပ်ရှရှအသံလေး.....။
"Baby ရာ....."
Xiao Zhan ထိုစကားမှလွဲ၍ ဘာမှမပြောတတ်တော့...။
Baby က ကိုယ့်ကိုကြည့်ကာ အနူးညံ့ဆုံး ပြုံးပြလာ၏။
"ကိုကို့အပေါ် ဟန်ဆောင်ခဲ့တာတွေအတွက် ကျွန်တော် တကယ်တောင်းပန်ပါတယ်..."
"မဟုတ်တာ Baby က ကိုယ့်တို့ရဲ့ Anni လေးအတွက် ပြင်ဆင်နေတယ်ဆိုတာ သိလိုက်ရတော့ အဲ့ဒါတွေအားလုံးကို စိတ်ထဲမထားတော့ပါဘူး"
"ဟုတ် ကိုကို...
ဖယောင်းတိုင်မီးလေး မှုတ်ဦး"
"Together"
Xiao Zhan စကားကို Baby က အပြုံးလေးနဲ့အတူ ခေါင်းငြိမ့်ပြရင်း ဖယောင်းတိုင်မီးလေးကို နှစ်ယောက်အတူတူ မှုတ်လိုက်ကြသည်။
"ကိုကို ဘာဆုတောင်းလဲ...?"
Yibo အမေးကို XZ က အပြုံးနုနုလေးတွေနှင့် ပြန်ဖြေ၏။
"ဘာတွေ ထပ်ပြီး ဆုတောင်းနေစရာလိုသေးလို့လဲ ကလေးလေးရဲ့...?
ကိုကို့အနားမှာ Baby တစ်ယောက်လုံးရှိနေတာပဲလေ..."
Xiao Zhan စကားကို Yibo က သွားလေးတွေပေါ်သည်အထိ သဘောတကျပြုံးသည်။
"ကျွန်တော် ဘာဆုတောင်းလိုက်လဲ...?
ကိုကို သိချင်လား...?"
"အင်း"
Yibo ရဲ့ အမေးကို ကိုကိုက တကယ် စိတ်ဝင်စားတဲ့ မျက်လုံးတွေနဲ့ ဖြေလာတာကြောင့် အားတက်သွားမိသည်။
Yibo အားတင်းပြီး ဆုတောင်းကို တစ်လုံးချင်းပြောပြလိုက်သည်။
"ကျွန်တော် ဆုတောင်းတာက.....
ကျွန်တော့်တို့ဘဝထဲကို ဝင်လာမယ့်.....
ကလေးလေးကို ကိုကိုနဲ့အတူတူ အကောင်းဆုံးကြိုဆိုပေးနိုင်ဖို့..."
"ဘယ်လို Baby?"
"ဟုတ်တယ် ကိုကို... ကျွန်တော့်ဗိုက်ထဲမှာ ကလေးသေးသေးလေးရှိနေပြီ..."
Baby က ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ ပြောနေသော်လည်း XZ မှာ တည်တည်ငြိမ်ငြိမ်ပင်ဖြစ်သည်။
"မနောက်ပါနဲ့ Baby ရယ်...
ဒါက အရမ်းအန္တရာယ်များလွန်းတယ်လေ..."
Yibo ကိုကို့စကားကြောင့် ခေတ္တမျှတွေသွားမိသည်။
ဒီလို ပြောလိုက်ရင် ကိုကို ပျော်သွားမယ် လို့ ထင်ထားတာလေ...။
ကိုကို့ဘဝမှာ မိသားစုဆိုတာကိုပါ Yibo က ဖြည့်စည်းပေးချင်ခဲ့တာ...။
'မနောက်ပါဘူး' လို့ ပြောချင်ပေမယ့် ကိုယ့်လို ယောကျာ်းတစ်ယောက်ကို လက်ထပ်ခဲ့တဲ့ ကိုကိုက 'ကလေးမလိုချင်လို့များလား' လို့ တဆက်တည်း တွေးမိသွားတော့လည်း ထိုစကားကို မပြောဖြစ်။
ဒီအတိုင်းသာ Cake လေးကို ကိုင်ရင်း ငူငူကြီး မတ်တပ်ရပ်နေမိသည်။
Baby စိတ်ထဲဘာတွေတွေးနေလဲ ဆိုတာ သိနေတဲ့ XZ ကတော့ သက်ပြင်းအသာချလိုက်သည်။
"Baby ဒီမှာ ကိုယ့်ကိုကြည့်...
ဒီကိစ္စက အရမ်းအန္တရာယ်များတာ Baby လည်း သိတယ်မလား...
ကိုယ်လည်း စိတ်ပူသွားလို့ပါ Baby ရယ်...
Baby သာ တကယ် ကလေးလိုချင်တယ်ဆိုရင် ကိုယ်က မကန့်ကွက်ပါဘူး..."
"ကျွန်တော်က ကိုကို့အတွက် မိသားစုဆိုတဲ့ အသိုက်အမြုံလေးကို ဖန်တီးပေးချင်လို့ပါ..."
မျက်နှာငယ်လေးနဲ့ ခေါင်းလေးငုံ့ကာ ပြောလာတော့လည်း မနေနိုင်သူက ကိုယ်.....။
"Baby ရယ်...
ကိုယ့်မှာ ဒီကလေးလေးတစ်ယောက်တည်းကိုတောင် ချစ်လို့မဝသေးတာကို..."
"ချစ်လို့ဝသွားရင် ပလစ်သွားမယ်ပေါ့လေ..."
စိတ်ဆိုးသည်မဟုတ်ပဲ ပြုံးစစနဲ့ ပြန်မေးလာတဲ့ ကလေးငယ်ရဲ့ခေါင်းလေးကို XZ မနေနိုင်စွာ လှမ်းဖွလိုက်မိသည်။
"ကိုယ့်တို့ဘဝထဲနောက်ထပ်ဝင်လာမယ့် ကလေးလေးကို Baby ထပ်မလျော့တဲ့ အချစ်မျိုးနဲ့ ကိုကို ချစ်ပေးပါ့မယ်...
ပြီးတော့ မိသားစုအသိုက်အမြုံလေးကို ဖန်တီးပေးတော့မယ့် ဗိုက်ပူလေးကိုလည်း အများကြီးပိုပြီး ချစ်ပေးဦးမှာဗျားးး"
"ကိုကိုကတော့လေ.....
တကယ် ကျေးဇူးတင်ပါတယ် ကိုကို လက်ခံပေးတဲ့အတွက်"
"ကျေးဇူးတင်ရင် ဒီတစ်ခါ နောက်ဆုံးပဲလို့ ကတိပေး..."
"ဟုတ် ပေးတယ် ကိုကို..."
နှစ်ယောက်စလုံးအပြုံးတွေကြားထဲမှ မျက်ရည်တွေလည်း ဝိုင်းကြခဲ့ရသည်။
ကိတ်မုန့်တွေအတူခွဲရင်း ကင်မရာတွေနဲ့ မှတ်တမ်းတင်ကာ ပြုံးပျော်ခဲ့ကြသည်။
ဝိုင်နီတွေနဲ့အတူ မူးယစ်စေကာ
ထိုထက်ပို၍ ယစ်မူးစေသော ကိုကို့ရဲ့ 'Bae...' ဆိုတဲ့ ခေါ်သံနဲ့စ,တင်ကာ အပြာရောင်ကို လှပစွာဖန်တီးခဲ့ကြသည်။
ထိုနေ့ညက မေ့မရတဲ့ ညအဖြစ် အလှပဆုံး မှတ်ကျောက်တင်နိုင်ခဲ့ကြသည်။
ကဲ... ဘာတွေ ထပ်လိုဦးမှာလဲလေ.......။
_______________
~~~6 years later~~~
*ကတောင်*
(ကိုကို ကျွန်တော့်ကိုစောင့်ဦး Duty ပြီးတော့မယ်...)
ကားတံခါးကိုမှီကာ ပို့လာတဲ့ message လေးကိုကြည့်ရင်း အပြုံးဆိုသည်မှာလည်း XZ နှုတ်ခမ်းထက်မှာ Auto ဖြစ်စေသည်။
သားသားကို ကျောင်းသွားကြိုဖို့ သူ့ကို ခနစောင့်ခိုင်နေခြင်း။
ပြီးရင် မနေနိုင်စွာ သူကပဲ Duty အချိန်လွှဲပြီး ခနနေရင် (သွားကြစို့ ကိုကို) ဆိုတဲ့ message လေးရောက်လာတော့မည်။
*ကတောင်*
(သွားကြစို့ ကိုကို
ကျွန်တော် ထွက်လာနေပြီ)
မြင်လား မြင်လား??
ကျောင်းဖွင့်တဲ့ နေ့တိုင်း ဒီလိုပဲပေမို့ ကိုယ် လည်း အထာပေါက်နေပြီလေ...။
XZ လောလောဆယ် ထိုင်နေတတ်တဲ့ Gym ဆိုင်က ကျောင်းနဲ့နီးတာကြောင့် သူ့ကို စောင့်ပြီး အတူတူသွားကြိုဖို့ နေ့တိုင်း လှမ်းပြောတတ်သည်။
ခနနေတော့ ဆေးရုံထဲကနေ ခပ်သွက်သွက် ထွက်လာတဲ့ Duty cote အဖြူရောင်လေးနဲ့ ရှင်းသန့်နေတဲ့ ကောင်လေးကို XZ ဂုဏ်ယူစွာ ကြည့်ရင်း ကိုယ့်ကို မြင်စေရန် လက်လှမ်းပြလိုက်သည်။
ကောင်လေးက ကိုယ့်ကိုမြင်တော့ လက်လှမ်းပြကာ ပြုံးပြရင်း အနားကို အပြေးကလေးရောက်လာသည်။
"ကိုကို"
"ဗျ"
"ကျွန်တော့်ကို ဖက်ပါအုံး"
Baby စကားကို နာခံစွာ ခန္ဓာကိုယ်လေးကို ဆွဲဖတ်ထားပေးလိုက်ရင်း ခေါင်းလေးကိုလည်း ခပ်ဖွဖွပွတ်ပေးနေမိသည်။
"ကိုကို့ရဲ့ Baby လေးက ကိုကို့ဘဝမှာ ဂုဏ်အယူရဆုံး အထွေထွေခွဲစိတ်အထူးကု ဆရာဝန်လးပဲ..."
"ကိုကိုက ကျွန်တော့်ကို အမြဲတမ်း လန်းဆန်းတက်ကြွစေတဲ့ ကျွန်တော် တစ်ယောက်တည်းပိုင်တဲ့ အားဆေးလေးပဲ..."
"ဟားးး အတတ်လေးကွာ...
ဒီကိုကိုက Baby လေးအတွက် အမြဲတမ်း အားဆေးလေးဖြစ်ပေးနေမှာ..."
"သွားကြအောင်လေ သားသား ကျောင်းဆင်းလောက်ပြီ"
Yibo စကားကြောင့် ကိုကိုက မျက်နှာကို မဲ့လိုက်ကာ...
"ကိုယ်တို့ စကားပြောလို့ကောင်းနေရင် အရှုပ်ထုတ်လေးကပါလာပြီ..."
"ကိုကိုလည်း ကိုယ့်သားကို..."
Yibo မနိုင်စွာ ခေါင်းအသာရမ်းလို့ ရယ်လိုက်မိသည်။
ကိုကိုက ထိုကဲ့သို့ပင်...။
တစ်ခါတစ်လေ သားသား ကိုယ်တို့နှစ်ယောက်ကြားထဲ လာအိပ်တယ်ဆိုရင်
ခနနေ သားသားက ဘေးဘက်ရောက်သွားပြီး ကိုကိုက ကိုယ့်ကို လာဖတ်အိပ်တတ်သေးသည်။
အခုတော့ Yibo က အရင်ဦးစွာ ကိုကို့ဘက်က Driver seat ကားတံခါးကို သွားဖွင့်ပေးလိုက်တော့ ယုန်သွားတွေပေါ်သည်အထိ ပြန်ပြုံးပြလာသည်။
နှုတ်ခမ်းထက်က မှဲ့နက်ကလေးကတော့ နေရောင်အောက်မှာ ကိုကို့အပြုံးတွေကို ပိုတောက်ပနေအောင် ပံ့ပိုးပေးနေသယောင်...။
ကားထဲ မဝင်ခင် တံခါးဖွင့်ပေးထားတဲ့ ကိုယ့်ကို ခါးအနည်းငယ်ညွှတ်လို့ ခေါင်းလေးငုံ့သွားသေးသည်။
ကိုကို့ရဲ့အပြုအမူလေးကြောင့် Yibo ရဲ့အပြုံးတွေ ပိုပြီးတော့ အသက်ဝင်လာသလို အချစ်တွေလည်း ပိုတိုးလာရသည်။
ကျောင်းရှေ့ကို ကိုယ်တို့ရောက်သွားတော့ သားသားတို့ ကျောင်းဆင်းလာတာနှင့် အချိန်ကိုက် ကွက်တိပင်...။
"Daddy Dad"
"သားသား"
Duty cote ကြီး တလွှားလွှားနဲ့ သားသားကို ပြေးဖတ်တဲ့ Baby ကို ကြည့်ကာ XZ ကားကို မှီရပ်နေရင်း ပြုံးနေမိသည်။
တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ဖတ်ထားကြရင်း ခနကြာမှ ကိုယ့်ဘက်ကို လှည့်လာကြလေသည်။
"Daddy"
လုံးတုံး လုံးတုံးနဲ့ ကိုယ့်ဆီကို ပြေးလာတဲ့ သားသားကို XZ ချော်လဲမည်စိုးတာကြောင့် လှမ်းထိန်းပေးထားလိုက်သည်။
"ဝမ်လေးကလေ Daddy နဲ့ Dad ကို မြင်ရင် အရမ်းပျော်တာပဲ..."
သားသားနဲ့ အရပ်တူအောင် ဒူးတစ်ဖက်ထောက်ကာ ထိုင်ပေးတော့ သားသားရဲ့အသံလေးက နားစည်ကို ရိုက်ခတ်လာသည်။
အဖေနှစ်ယောက်ရှိနေသည့်တိုင် သားသားမှာ ထူးခြားတဲ့ခံစားချက်မျိုးရှိမနေစေရ...။
သားသား အကောင်းဆုံး ပြုစုပျိုးထောင်ပေးထားတာကြောင့်လည်း လိမ္မာရေးခြားရှိပြီး ချစ်စရာကောင်းလွန်းလှသည်။
"Daddy ကလည်း သားသားပျော်တာကို မြင်ရင် ပျော်ပါတယ်ဗျ"
"ဘာလို့ယဲ...?"
သားသားရဲ့ခေါင်းလေးစောင်းကာ မေးသံလေးအဆုံး XZ Baby ကို မျက်လုံးလှန်ကာ လှမ်းကြည့်လိုက်သည်။
"သားသားပျော်ရင် Baby လည်း ပျော်တယ်လေ... အဲ့ဒီတော့ Daddy လည်း ပျော်တာပေါ့..."
"ဟွန့် Daddy ကလည်း..."
ကိုကို့ရဲ့အဖြေကြောင့် သားသား စိတ်မကောင်းဖြစ်မည်ကို စိုးမိသော်လည်း သားသားကတော့ အမြဲတမ်း ကြားနေရတဲ့စကားလိုမျိုး ကျင့်သားရနေလေပြီ။
ဝမ်လေး ကျောင်းဆင်းချိန်တိုင်း ဖခင်နှစ်ယောက်စလုံးနဲ့ လာကြိုတတ်တဲ့ သူတို့မိသားစုလေးကို ကြည့်ကာ ကလေးတွေက အားကျတတ်ကြသေးသည်။
သားသားက ကျောင်းမှာ စာလည်းတော်ကာ သူတို့ကလေးတွေကြားထဲမှာ အမြဲတမ်း ဗိုလ်ဖြစ်နေတော့သည်။
"ကဲ... Daddy တို့ ပြန်ကြရအောင်
Baby က အင်္ကျီမလဲရသေးဘူး"
Daddy စကားကြောင့် ဝမ်လေး နှာခေါင်းလေးရှုံ့မိတော့ Daddy က ရယ်သည်။
ထို့နောက်တွင်တော့ ဝမ်လေးက Dad ဖွင့်ပေးတဲ့ ကားတံခါးလေးကြောင့် အနောက်ခန်းမှာထိုင် ၊ Dad ကတော့ Daddy ဖွင့်ပေးထားတဲ့ ကားတံခါးလေးကြောင့် Daddy ဘေးမှာ ထိုင် ၊ Daddy ကတော့ ကားမောင်းတဲ့နေရာမှာ ထိုင်ပြီး စံအိမ်သို့ ခရီးနှင်ရသည်ပေါ့...။
ဝမ်လေးကတော့ ကျောပိုးအိတ်လေးထဲက အရုပ်လေးနဲ့ အေးအေးဆေးဆေးပဲ ဆော့နေလိုက်တယ်...။
Daddy နဲ့ Dad က ဝမ်လေးထက်ကို ပိုပြီးတော့ကို တီတီတာတာတွေ ပြောနေကြတော့မှာလေ...။
💓💓💓💓💓💓💓💓💓💓💓💓💓💓
Updated _ 4123 words 💞
နောက်ဆုံးတော့ Royal ရဲ့ Zhanyi Fanfiction လေးကို
အဆုံးထိရေးနိုင်ခဲ့ပြီ။ 🖤
အဆုံးထိ လိုက်ပါစီးမြောပေးကြတဲ့ Royal ရဲ့ အားဆေးလေးတွေကိုလည်း တကယ်ကျေးဇူးတင်ပါတယ်...။ 🤍
(ဒါနဲ့ ခင်ဗျားလေးတို့ ဝမ်လေးကလွဲရင် ကျန်တဲ့လူတွေအကုန် စိတ်ကြိုက် Oc နိုင်ပါပြီဗျာ...💘)
တဆက်တည်း *ကျေးဇူးတင်လွှာ* လေးကိုပါ ဖတ်ပေးသွားကြပါဦးလို့...။
(Wp က စာဖတ်သူလေးတွေကို Royal ဘက်က Fianl အထိရောက်အောင် ရေးသားပေးခဲ့တဲ့အတွက် အမောပြေအားဆေးလေးအဖြစ် vote လေးတွေ ment လေးတွေ မပေးခဲ့ချင်ကြဘူးဗျာ...
Fianl ရောက် အမှတ်တရလေးပေါ့...💞)
အစစအရာရာ အသွားအလာ ဂရုစိုက်ကြပါနော် ❤
💞 အားလုံးကို ချစ်ခင်လေးစားလျှက် 💞
Kroyalwhite💌💞🤍
Jul 13,Tue (Updated Day) 🖤✨
Zawgyi
"Baby... ကလေးလေး! Baby!"
"ဗျာ ကိုကို...!
ကျွန်တော် ဒီမှာ..."
Advertisement
- In Serial65 Chapters
The Bridesmaid ✓
His finger traces my skin, his coffee brown eyes staring deep into mine as I feel chills run down my spine."Taehyung." I call out his name, close to a whisper, afraid that someone might hear us. Why did being with him make me feel so good even though he wasn't mine to keep?[Highest Ranking: #1 in Fanfiction]Warning: some sexual/mature contentStarted, 30 Nov 2018Ended, 25 Apr 2019© 2019 softaura ✓cover by: @eulu-xuria
8 168 - In Serial22 Chapters
From hate, to Lust to Love
I drink hard, I play hard, I f*ck hard and I thrive hard in everything I do. I am care free. I use women like toilet papers. I don't care who gets hurt and why they get hurt. And I proceed to live happily. But my problem started when a f*cking Muslim bitch came to live next door. I have to keep my music low because the bitch has to sleep, I have to keep my f*cking inside the apartment because she couldn't soil her eyes. Well, guess what? I don't. People don't mess with me for a reason and this bitch is about to find it out.I am Robert or Rob. Whatever you choose to call me. I need a break from life. My step father kicked me out of the house for refusing to marry the man he choose for me. That is least of my problems. My problem is Rob, the moron who play heavy metal music all night, make out in the open and does a lot of things that is making my life a difficult one. He is too dangerous. He can completely destroy me. Yet..... Can life be anything but cruel? I am Amira and I about to find out. ****************************** I set to destroy her yet I destroyed myself - Rob I meant to change him and became a changed woman - Amira ************************** Please also read "A flower From Heaven (Zahra)", the story of Zainab and Stuart, the billionaire.The rogue Assassin , story of Safia, the doctor and John who kill for a living.
8 153 - In Serial13 Chapters
See Me ➳ one
❝ i looked at you with loveyou saw me with mutual feelingsyet,why did you change?❞▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬《this is the first book out of the trilogy. second is Avoid Me while the third one is being written》【gakuen alice belongs to higuchi tachibana】
8 146 - In Serial39 Chapters
Old Friends
Kayden and Rakell have been bestfriends since preschool. It was hell on earth when Rakell's father got a new job out of state and she was forced to move without even getting a chance to say goodbye to her best friend. Now the girls are older and Rakells back in her small town home in Chicago. Her and kayden haven't seen each other since she was forced to leave in the 5th grade. Now she's back and things have changed..
8 98 - In Serial50 Chapters
SVE ME
A lawyer is trying to win a case for the man which hired him but doesn't see much hope. Against him is a confident business man on the other side , who allegedly stole a lot of money in deals, but isn't breaking any time soon. It's forbidden for anyone in the case to have any kind of relationship, otherwise the case will not have a true value. But about after the case is over?-- [Early 2022] 18+mature, man x man, enemies x lovers, lawyer x business man, middle class x super rich
8 193 - In Serial46 Chapters
Alpha Klayton | ✔️
"You were made for me. And I, for you." His breath is right beside my ear and I tightly shut my eyes closed. He leans down closer. "I was made to love you. To fuck you," My breath catches at the last part. I'm suddenly thinking naughty things and I can't help it. I'm imagining him taking me in his office. On this desk. Feeling what his tongue would taste like. He pulls back lightly and deeply inhales. If possible, his eyes darken even more. They're almost as dark as the night. "I know you want me too, Adira." ****************************************************** Strong. Intimidating. Cunning. Resilient. All characteristics that he embodies. Klayton was a storm, and she was the rainbow that followed the chaos. Moving into the small town of Myersdale to start her first year of University, Adira has no idea what destiny has in store for her. She expected the crazy parties, the relentless homework, and all of the sleepless nights. Adira Hayes did not expect him. Throw in some curses, a few witches, and a psycho Moon Goddess... you get to ride alongside Adira's greatest adventure. *THIS IS NOT A STEREOTYPICAL WEREWOLF BOOK. YOU HAVE BEEN WARNED!* 18+ | BOOK #1 OF THE LUNAR CYCLE SERIES. #1 HIGHEST RANKING IN HUMAN (09/24/20) #1 HIGHEST RANKING IN MATE (09/16/20) #1 HIGHEST RANKING IN HOT (07/05/20) #1 HIGHEST RANKING IN GODS (10/11/20) #1 HIGHEST RANKING IN WITCH (05/03/20) #1 HIGHEST RANKING IN FUNNY (11/03/20) #2 HIGHEST RANKING IN LOVE (08/05/20) #2 HIGHEST RANKING IN WOLF (03/28/20) #2 HIGHEST RANKING IN MAGIC (09/20/20) #2 HIGHEST RANKING IN PARANORMAL (07/01/20) #3 HIGHEST RANKING IN SUPERNATURAL (07/31/20)
8 242

