《အမုန်းအားဥပေက္ခာပြု၍ [အမုန္းအားဥေပကၡာျပဳ၍] {Complete}》Extra✨
Advertisement
Unicode
မနက်ခင်းနေရောင်ခြည်ဟာ ပြတင်းပေါက်မှတစ်ဆင့် အခန်းထဲသို့ ဝင်ရောက်လာချိန် အခန်းတံခါးဖွင့်သံနှင့်အတူ ဝဝတုတ်တုတ် ခန္ဓာကိုယ်လေးနဲ့ ကလေးငယ်တစ်ဦးဟာလည်း မျက်လုံးလေးတွေကို လက်သေးသေးလေးနှစ်ဖက်နဲ့ အိပ်ရေးမဝဟန် ပွတ်ဆွဲလျက် ချစ်စရာကောင်းစွာ ဝင်ရောက်လာလေသည်။
"Daddy ထ ထ
Dad ထတော့
နေလုံးကြီး အခန်းထဲဝင်လာပြီလေ
ဝမ်လေးလည်း နိုးပြီ
ထ တော့..."
"ဟင် အင်းးး"
အသံထွက်ရုံမျှသာ အသိအမှတ်ပြုပြီးသည်နှင့် Dad ဘက်ကို ပိုတိုးလို့ဖက်ကာ ပြန်အိပ်သွားသော Daddy ကြောင့် ဝမ်လေးရဲ့မျက်နှာမှာ ဆူပုပ်သွားကာ နှုတ်ခမ်းလေးကလည်း တဖြေးဖြေး ဆူလာလေတော့သည်။
ခနနေတော့ အကြံရသွားဟန် ချက်ချင်းပြန်လန်းလာသော မျက်နှာလေးနဲ့အတူ Dad အိပ်နေသော ကုတင်တစ်ဖက်သို့သွားကာ အပေါ်ကိုရောက်အောင် အရင်တက်လိုက်သည်။
ထို့နောက် Dad ကို ဖက်ထားတဲ့ Daddy ရဲ့လက်ကို ဝမ်လေးရဲ့လက်သေးသေးလေးနှစ်ဖက်နဲ့ မရမကတွန်းဖယ်ကာ Dad ရင်ဘက်ပေါ်သို့ အကျအနခွထိုင်ထားလိုက်ရင်း မျက်နှာလေးကလည်း ပြုံးရွှင်နေတော့သည်။
"Dad ထတော့
ဦးဦးကျင်းရီတို့ပွဲသွားဖို့ နောက်ကျနေလိမ့်မယ်... Daddy က ဝမ်လေး နှိုးတာကို ပြန်အိပ်သွားတယ်ရယ် သိလား...?
ပွဲကိုသွားရင် Daddy ကို ခေါ်နဲ့!"
"ရှူးးး Baby အိပ်နေတယ်လေ သားသားရာ... ဆင်း အပေါ်ကနေ ကလေး မတက်ရဘူး"
ပါးစပ်ကလည်း ပြောရင်း Baby အပေါ်မှာ အကျအနခွထိုင်ထားတဲ့ အကောင်ပေါက်ကို XZ အိပ်နေရင်းနှင့်ပင် လက်နှစ်ဖက်နဲ့ 'ဆွေ့ကနဲ' ပွေ့ချီကာ ကုတင်အောက်သို့ 'အင့်ကနဲ' နေအောင် ချပေးလိုက်တော့ အကောင်ပေါက်က မျက်နှာငယ်လေးနဲ့ ပြန်မော့ကြည့်ရှာသည်။
ဘယ့်နှယ်... ညက Baby ပင်ပန်းထားတာကို အလိုက်မသိတဲ့ အကောင်ပေါက်က အပေါ်ကို တက်ထိုင်နေရတယ်လို့....!
ကုတင်ဘေးမှာ ကိုယ် ချထားတဲ့အတိုင်း စူပုပ်ပုပ်မျက်နှာနဲ့ မတ်တပ်ရပ်နေတဲ့ အကောင်ပေါက်က Dinner Party ကို မနက်ကတည်းကသွားချင်နေသော ပွဲကြိုက်လေးပါလေ...။
Baby ဆိုသည်မှာလည်း လူရှုပ်တာကို သိပ်သဘောကျတာမဟုတ်... ကိုယ်ကလည်း အလုပ်ကိစ္စကလွဲရင် လူများတာတွေ စကားများတာတွေ မလုပ်တတ်...!
ဒီအကောင်ပေါက်ကျမှ ဘယ်လိုတွေ မျိုးဆက်လိုက်သလဲ မပြောတတ်ပါလေ...။
Party လာဖိတ်တဲ့နေ့ကတည်းကဖင်တကြွကြွနဲ့မို့ မထ,မချင်း နှိုးနေမယ့် သားတော်မောင်အကြောင်းကို XZ သိနေခြင်းကြောင့် အပြင်းကြောတစ်ချက်ဆန့်ကာ အရင်ဆုံး ကုတင်ခေါင်းရင်းကို မှီလျက် ထိုင်နေလိုက်သည်။
"Daddy ဝမ်လေးကို မျက်နှာသစ်ပေး...
အသစ်လေးတွေ ဝတ်ရအောင် ရေရောချိုးမယ်လေ နော့!"
"အင်း အင်း ရေချိုးခန်းထဲ အရင်သွားနှင့်"
ကိုယ့်စကားကို ခေါင်းတဆက်ဆက်ငြိမ့်ပြကာ ခြေတံတုတ်တုတ်လေးတွေနဲ့ ရေချိုးခန်းထဲကို လုံးတုံးလုံးတုံးပြေးဝင်သွားတဲ့ အကောင်ပေါက်ကိုကြည့်ပြီး XZ ပြုံးမိသေးသည်။
ဘယ်လိုဟာလေးမှန်းကို မသိဘူး။
သားသား ဝင်သွားတာ သေချာမှ Baby ရဲ့နဖူးထက်ကို XZ အရင်ငုံ့နမ်းလိုက်သည်။ ပြီးနောက် ဆေးနီမကူပဲ ရဲစိုနေသော နှုတ်ခမ်းလေးကို ငုံထွေးလိုက်ရင်း မနက်ခင်းတစ်ခုကို အလှပဆုံး အစပြုမိသည်။
ဘယ်အချိန်ကတည်းကနိုးနေမှန်း မသိတဲ့ ကလေးငယ်က ကိုယ့်အပြုအမူကြောင့် ရယ်သွမ်းသွေးလျက် မျက်နှာကို လက်နဲ့အသာတွန်းဖယ်ရင်း ရှောင်နေလေတော့သည်။
"ကိုကို့ သားသား ရှိတယ်လေ...
ဖယ်တော့..."
"Good morning, my baby.
Give me morning kiss"
ကိုယ် ပြောတာတစ်ခြား သူ ပြောတာတစ်ခြား ဖြစ်နေပေမယ့် Yibo သဘောတကျရယ်လိုက်မိပါသေးသည်။
ကိုကိုက တစ်ခါတစ်လေ ဒီလိုလည်း ဆိုးတတ်သေးတယ် ဆိုတာကို ကျွန်တော် အသိဆုံးပေမို့.....။
_______________
"ကိုကိုးးး ကျွန်တော် မှာထားတဲ့ cake လေးကို လာကြည့်ပါဦး"
အိမ်ထဲကနေ ထွက်လာတဲ့ အသံစာစာလေးကြောင့် Party အတွက် စိတ်တိုင်းကျ ပြင်ဆင်ခိုင်းနေသော ဒေါက်တာကျိရန်တစ်ယောက် ချက်ချင်းလှည့်ကြည့်လာလေသည်။
"ကိုကိုး ဒီမှာလာကြည့် ကျွန်တော် မှာထားတဲ့ cake လေး"
လက်ဆွဲခေါ်ဆောင်သူအလိုတော်အရ လိုက်ပါသွားသူရဲ့မျက်နှာထက်မှာလည်း အပြုံးပန်းတွေ ဝေဆာနေခဲ့သည်။
ဟုတ်ပါသည်... ဒီနေ့က ဆေးရုံအုပ်ဖြစ်တဲ့ နှလုံးအထူးထုဆရာဝန်ကြီး ဒေါက်တာကျိရန် နဲ့ ဒေါက်တာလေး လန်ကျင်းရီတို့ရဲ့ တစ်နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်သာဖြစ်ပါသည်။
အစွာလေး နဲ့ ဆေးရုံအုပ်လူပျိုကြီးတို့ရဲ့ အချစ်ရေးကိစ္စဟာလည်း ဟိုးလေးတကြော်ကြော်ဖြစ်ခဲ့ပြီးနောက်
ဆေးရုံအုပ်ရဲ့ဂုဏ်သရေရှိ မျိုးရိုးသိက္ခာကို အရင်းတည်၍ မိဘများက သဘောမတူခဲ့ချေ။
သို့သော် တစ်သက်မှာတစ်ခါ ချစ်တတ်ခဲ့တဲ့ တည်ငြိမ်အေးဆေးတဲ့ လူပျိုကြီးကတော့ သူသိပ်ချစ်တဲ့ကောင်လေးကို လက်မလွှတ်ခဲ့ပါဘူး တဲ့...။
အခက်အခဲတွေကြားထဲကနေ လက်တွဲမဖြုတ်ပဲ အရာအားလုံးကို စွန့်လွှတ်ပြီး လွန်ခဲ့တဲ့ တစ်နှစ်ကပင် မင်္ဂလာပွဲကို အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ကြသည်။
သေချာပေါက် ဆေးရုံအုပ်ရဲ့မိဘတွေကတော့ မင်္ဂလာပွဲကို မတက်ခဲ့ပေမယ့်လို့ပေါ့....!
လန်ကျင်းရီရဲ့မိဘတွေကတော့ သိပ်မဆိုးပေမယ့် 'ကိုယ်ရွေးချယ်တဲ့လမ်း ကိုယ်ဖြစ်ကိုယ်ခံ' စနစ်နဲ့ သဘောတူတယ်လည်း မဟုတ် ၊ သဘောမတူ ကန့်ကွက်တာမျိုးလည်း မရှိခဲ့ပါလေ...။
ပြန်ပြောင်းပြောရရင် ဝမ်းနည်းစရာတွေရှိခဲ့ပေမယ့်လည်း ချစ်သူရဲ့အနားမှာရှိနေရခြင်းကိုက ဘဝတစ်ခုလို့ ခံယူထားတဲ့ သူတို့နှစ်ယောက်အတွက်တော့ ထွေထူးပြီး ဝမ်းနည်းနေစရာမရှိခဲ့...။
"အင်း မင်းလေး မှာထားတဲ့ Cake မို့လို့လား မသိဘူး အရမ်းလှတယ်..."
ကျိရန်ရဲ့စကားအဆုံး သူ ကြားချင်တာ ကြားလိုက်ရတဲ့ ကောင်လေးရဲ့မျက်နှာမှာ ဝင်းပသွားတော့သည်။
သုံးထပ် Cake အဝိုင်းကြီးရဲ့အလယ်မှာ လက်စွပ်လေးနှစ်ကွင်းထပ်ထားတဲ့ ပုံစံလေးနဲ့ အသဲပုံကြားက နာမည်လေးတွေဟာလည်း ဆွဲထားတာ သေသေသပ်သပ်ရှိလှသည်။
Advertisement
စတော်ဘယ်ရီရောင် ကိတ်မုန့်ကြီးရဲ့ဘေးပတ်ပတ်လည်မှာလည်း တန်ဆာဆင်ထားတဲ့ နီရဲရဲ စတော်ဘယ်ရီသီးလေးတွေကြောင့် Cake ကြီးဟာ မွှေးကြိုင်လှပနေပြီး စားချင်စဖွယ်အတိပင်ဖြစ်နေလေသည်။
1 Year Anniversary ဆိုတဲ့ စာတန်းကြီးကလည်း Cake ရဲ့ တစ်ထပ်ချင်းစီတိုင်းမှာ လှပသေသပ်စွာနေရာယူနေ၏။
"ဟီးးး ကိုကိုး ကြိုက်ရင် ကျွန်တော် မှာရကျိုးနပ်တာပေါ့...
Cake က စားကောင်းမယ့်ပုံပဲနော် ကိုကိုး...
အခုကို ကြည့်နေရင်းနဲ့ စားချင်နေပြီ..."
ကြည့်ရင်း ကြည့်ရင်းနဲ့ Cake ကို စားချင်လာတာကြောင့် တံတွေးတစ်ချက်မျိုချကာ ကျင်းရီ အဖော်စပ်မိသည်။
"စားချင်ရင် စားလေကွာ
ထပ်မှာကြတာပေါ့..."
သရေယိုနေတဲ့သူကို အားပေးအားမြှောက်ပြုနေသလို အလိုလိုက်လွန်းတဲ့ ကိုကိုးကြောင့် ကျင်းရီ စိတ်ကျေနပ်သွားပေမယ့်လည်း Cake ကိုတော့ တကယ်မစားရက်...။
"တော်ပါပြီ ရေခဲသေတ္တာထဲပဲ ထည့်ထားလိုက်တော့မယ်...
မြင်ရင် စားချင်နေလိမ့်မယ်..."
လျှာတစ်ချက်သပ်ကာ ရေခဲသေတ္တာထဲထိုးထည့်ပြီးမှ အမျှင်မပျက်စွာ လှည့်ကြည့်မိသေးသည်။
ကျိရန်ကတော့ အစားပုပ်လေးကိုကြည့်ကာ ခေါင်းအသာခါလျက် ရယ်နေလေတော့သည်။
"ဆေးရုံအုပ် ပြင်ဆင်ထားတာလေးတွေ တစ်ချက်လာကြည့်ပါဦး"
"အေး အေး
လာ သွားကြည့်ရအောင်"
ဆေးရုံက Staff တွေ နဲ့ neurs လေးတွေ ၊ ဒေါက်တာပေါက်စလေးတွေရဲ့ စေတနာသန့်သန့်နဲ့ ဝိုင်းဝန်းပြင်ဆင်ပေးမှုကြောင့် Party ကျင်းပမယ့် အခမ်းအနားအပြင်အဆင်လေးဟာလည်း ရိုးရိုးရှင်းရှင်းလေးနဲ့ အထက်တန်းဆန်ဆန်လှပနေတော့သည်။
"အားလုံး ခုလို ဝိုင်းဝန်းကူညီပေးကြတဲ့အတွက် ကျေးဇူးပါကွာ..."
ပြင်ဆင်ထားတာလေးကိုကြည့်ရင်း ကျိရန် ကျေးဇူးတင်စကားပြောတော့ ဝိုင်းဝန်းကူညီပေးကြတဲ့ neurs လေးတွေက ခေါင်းတစ်ခါခါနဲ့ မလိုအပ်ကြောင်း ပြောကြရှာသည်။
ညမှာ ကျင်းပရတော့မယ့် Party ပွဲလေးအတွက်လည်း သူတို့ အားလုံးဟာ Ready ဖြစ်နေကြလေပြီ။
_______________
"ကို့! မားက မနက်ဖြန်ကျရင် အိမ်ကို ထမင်းလာစားကြတဲ့...
သား ယောကျာ်းကိုရော ခေါ်ခဲ့တဲ့..."
"အဆိုးလေးက ဘာပြန်ဖြေလိုက်လဲ...?"
နေ့လည်စာစားနေရင်း ပြောလာတဲ့ အဆိုးလေးရဲ့စကားကြောင့် ရှင်းချန် ဘေးနားကရေခွက်ကို တစ်ချက်မော့သောက်ပြီး ပြန်မေးလိုက်သည်။
"ကို့သဘော လို့ ပြောခဲ့တယ်...
ပါပါးလည်း အိမ်မှာရှိတယ်လေ...
မားကတော့ အားလုံးကို ထမင်းလက်စုံ စားစေချင်တယ်ထင်တယ်...
ကျွန်တော့်ကို ပြောတော့ ဘေးမှာ ပါးပါး ရဲမှူးကြီးက သတင်းစာဖတ်ချင်ယောင်ဆောင်နေတာလေ ဟက်! သတင်းစာရွက်အပေါ်က ကျော်ပြီး ချောင်းကြည့်တယ် သိလား...?
ကျွန်တော်လည်း 'ကို့သဘော' ဆိုပြီး ချေထားခဲ့တယ်..."
တက်တက်ကြွကြွနဲ့ အိမ်သွားတုန်းကအကြောင်းကို ဖောက်သည်ပြန်ချနေသော အဆိုးလေး စကားကြောင့် ရှင်းချန် ပြုံးလျက်သာ စကားထောက်ပေးမိသည်။
"မားကရော ဘာပြန်ပြောလဲ...?"
"မားကတော့ ဘာပြောမလဲ ကိုရဲ့...
ရယ်နေတာပေါ့...
ပါးပါး မျက်နှာတော့ ရှုံ့မဲ့သွားမှာပဲ...
အဟားးး"
နှစ်ယောက်သား လူကြီးကို မလှောင်သင့်တာ သိပေမယ့် အကြောင်းသိသူတွေမို့ အသံထွက်သည်အထိ ရယ်လိုက်မိကြသည်။
အဆိုးလေးရဲ့ပါးပါးက သားရယ် သမက်ရယ် မိသားစုဝင်တွေနဲ့ အဆင်ပြေပြေနေချင်ပေမယ့် အားလုံးလေးစားရတဲ့ ရဲမှူးကြီး ဆိုတဲ့ ဟိတ်ဟန်ကြီးကြောင့် တစ်ခါတစ်လေ ဒီလိုကလေးဆန်မှုလေးနဲ့လည်း ကြုံတွေ့ရတတ်သေးသည်။
စကားမပြောချင်ဘူးလား ဆိုတော့လည်း မဟုတ် ၊ ဒါပေမယ့် တကယ်တမ်း စကားပြောကြမယ်ဟေ့ ဆိုကျတော့လည်း ခပ်တည်တည်နဲ့ တစ်လုံးနှစ်လုံးအပြင် ပိုပြောတတ်ခြင်းမရှိခဲ့....!
သူတို့ လက်ထပ်ပြီးတာတောင် ငါးနှစ်ရှိတော့မယ်...
အခုချိန်ထိ အထူးအဆန်းကြီးတစ်ခုလို နေရခက်နေဆဲဖြစ်တဲ့ ပါးပါးကို အပြစ်မတင်ရက်ကြပါလေ...။
အဆင်ပြေဖို့ ကြိုးစားချင်တဲ့စိတ်ရှိတာကိုက ကျေးဇူးတင်စရာကောင်းလွန်းနေသည် မဟုတ်ပါလား.....??
ခံစားချက်တွေကို ထုတ်ဖော်မပြသတတ်တဲ့ ပါးပါးက အခုလည်း ထမင်းစားဖိတ်ခိုင်းတာကို လူစားထိုးကာ မားကတစ်ဆင့်ပြောခိုင်းနေတာပဲကြည့်ပါတော့....!
"မင်းလေးကတော့ကွာ...
တကယ့်ကို အဆိုးလေးပဲ..."
"ဒီအဆိုးလေးကိုပဲ ကိုက ချစ်နေရတာ မဟုတ်လား...?"
"ဟားးး ဟုတ်ပဗျာ...
ဒီအဆိုးလေးကိုပဲ ကိုယ့်မှာ ချစ်မဝဖြစ်နေရတာ..."
လိပ်အဆိုးလေးကြောင့် ရှင်းချန် ထပ်ရယ်မိပြန်ပြီ။
"ကျွန်တော်ကလည်း ခင်ဗျားကြီးကို အများကြီးချစ်တာ ယုံ"
"ယုံပါ့ဗျာ ယုံပါ့...
ကိုက မင်းလေးဆိုရင်ကို ချွင်းချက်မရှိယုံကြည်ပြီးသား..."
အပြုံးတွေနဲ့အတူ ရင်ထဲက ကြည်နူးပီတိတွေနဲ့တင် ထမင်း ဆက်စားနေစရာ မလိုတော့လောက်အောက်ကို တစ်ယောက်အပြုံး တစ်ယောက်ကြည့်နေရတာနဲ့တင် နှစ်ယောက်စလုံး ဗိုက်ပြည့်သွားကြလေပြီ။
'အချစ်စွမ်းအား' ဆိုတာ ဒါမျိုးကို ပြောတာထင်၏။
________________
"မီးမီးလေးက ဂါဝန်လေးနဲ့ လှလိုက်တာကွာ..."
"Daddy ရဲ့ မီးမီးလေးက အလှဆုံးပဲ..."
ဂါဝန်အနီရဲရဲလေးပေါ်မှာ ဖဲပွင့်လေးတွေနဲ့ ချစ်စရာကောင်းလွန်းနေတဲ့ သုံးနှစ်အရွယ် သမီးငယ်လေးက သူ့ကိုကြည့်ကာ ဘယ်လောက်လှကြောင်း ပြောနေကြတဲ့ Daddy နဲ့ ပါးပါး ကြောင့် တခ်ခ်ရယ်လျက် ဂါဝန်လေးကို လက်နှစ်ဖက်နဲ့ကိုင်ကာ ခုန်ပေါက်မြူးထူးနေတော့သည်။
ခါးလောက်ရှိတဲ့ ဆံနွယ်လေးတွေကို ကျစ်ထားကာ ဖဲကြိုးအနီလေးတွေနဲ့လည်း စီးပေးထားတာကြောင့် တစ်ကိုယ်လုံး နီစွေးနေပြီး ဖြူဖွေးနေတဲ့ အသားအရည်လေးနဲ့လည်း လိုက်ဖက်လွန်းလှသည်။
"အကို အင်္ကျီလဲတော့လေ..."
မီးမီးလေးနဲ့ စကားတီတီတာတာပြောကာ ရယ်မောနေသော အကို့ကို မုန့်ယောင် သတိလှမ်းပေးတော့ မီးမီးလေးရဲ့ ပါးဖောင်းဖောင်းလေးကို တစ်ချက်ဖိကပ်နမ်းကာ ခေါင်းငြိမ့်ပြလာသည်။
မိသားစုဆိုတဲ့ ကမ္ဘာငယ်လေးအဖြစ် ဘဝထဲကိုဝင်ရောက်လာတဲ့ မီးမီးလေးက မုန့်ယောင် အကို့ကို ဘယ်လောက်ထိ ချစ်ကြောင်း ချစ်သက်လက်ဆောင်လေးတစ်ခု ဆိုတာ မပြောလည်း သိပါစေလေ...။
ရှီးချန်လည်း ယောင်လေး ထုတ်ပေးထားတဲ့ နီအညိုပုပ်ရောင် Suit လေးကို လဲဝတ်လိုက်တော့ ယောင်လေးကလည်း ရိုးရာမပျက် အင်္ကျီကြယ်သီးလေးတွေကို တယုတယတပ်ပေးလာ၏။
Advertisement
ဒီလို အချိန်မျိုးဆို ရှီးချန် အမြဲတမ်း ရင်ခုန်ရစမြဲ။ ကြယ်သီးတပ်ပေးနေတဲ့ မျက်နှာလေးနုနုလေးကို ငုံ့မိုးကြည့်ကာ 'သူလေးက ငါ့အပိုင်ပါလား မီးမီးလေးရဲ့ပါးပါးပါလား' ဆိုတဲ့ အတွေးက သူ့ရင်ထဲကို ကြည်နူးမှုတွေ ဖြာစေပြီး ဘယ်တော့မှမရိုးနိုင်တဲ့ ခံစားချက်တွေကို ဒီအပြုအမူလေးက အမြဲပေးနေစမြဲ။
ရှင်းချန် သဘောအကျရဆုံး အမူအရာလေးဆိုလည်း မှားမည်မထင်ပါလေ...။
အားလုံးပြင်ဆင်ပြီးတာနဲ့ အိမ်အောက်ကို သူတို့သုံးယောက် ဆင်းလာကြတော့ ည 7:30 ရှိနေလေပြီ။
ဆေးရုံအုပ်နဲ့ Yibo ge ရဲ့ သူငယ်ချင်း ဒေါက်တာလေးတို့ရဲ့ Dinner Party ကို သွားကြဖို့ သုံးယောက်သား ပြင်ဆင်နေကြခြင်းဖြစ်သည်။
ဒီနှစ်တွေအတွင်း အားလုံးနဲ့ပတ်သတ်ရာ ပတ်သတ်ရာ လူတွေကိုလည်း fudanshi ဝါသနာအခံရှိတဲ့ မုန့်ယောင်နဲ့ ခင်မင်နေခဲ့ကြပြီလေ...။
အကိုကတော့ ကိုယ့်ဆန္ဒဟာသူ့ဆန္ဒလို့ပြောပြီး လိုက်လျောပေးခဲ့သည်။
မီးမီးလေးကို ကိုယ်တွေဘဝထဲခေါ်ဆောင်ပေးခဲ့တာကိုပဲ အကိုက ကျေးဇူးတင်လို့မဆုံးပါဘူးတဲ့လေ...။
အဲ့ဒီအချိန်တွေတုန်းက အကိုတစ်ယောက် ဝမ်းသာမျက်ရည်တွေပါကျခဲ့တာကို မှတ်မိပါသေးသည်။
အကို ပျော်ရင် ကိုယ်လည်း ပျော်တာမို့ အကို့ကိုကြည့်ရင်း ကိုယ်ပါ မျက်လည်ဝဲမိသည်အထိပင်။
အချိန်တွေက အကုန်မြန်လွန်းပါသည်။
မီးမီးလေးတောင် ကိုယ့်မျက်စိရှေ့တင် စကားတီတီတာတာလေးတွေ အများကြီးပြောတတ်တဲ့ သုံးနှစ်အရွယ် ချစ်စရာကောင်းတဲ့ ကောင်မလေးပင် ဖြစ်နေပြီလေ...။
"မီးမီး Daddy ဆီကိုလာ...
ယောင်လေးရေ ရောက်ပြီလေ"
"ဟမ် အင်း အကို"
ကိုယ် သတိပြန်ဝင်လာတော့ မီးမီးလေးတောင် သူ့ Daddy ဆီ ရောက်နေလေပြီ။
"ဘာတွေတွေးနေတာလဲ ဒီကောင်လေးကတော့..."
"ဟီးးး အတွေးလွန်သွားလို့ပါ အကိုရဲ့..."
"လာ ပွဲထဲဝင်ရအောင်"
"ဟုတ်"
လက်တစ်ဖက်က မီးမီးလေးကို ချီကာ လက်တစ်ဖက်က ကိုယ့်လက်ကို ဆွဲကိုင်ပြီး ပွဲထဲကိုဝင်သွားတဲ့ အကို့နောက်ကျောပုံစံက သိပ်ကို ကြည့်လို့ကောင်းလွန်းပါသည်လေ...။
ရှေ့ဆင့်နောက်ဆင့် ဝင်လာတာကတော့ ပြောင်လက်နေတဲ့ အနက်ရောင်ကားတစ်စီး...။
ကားထဲမှာတော့ ဟိုးအရင်ကနဲ့ခြားနားစွာ တီတီတာတာ စကားသံလေးတွေ ရယ်မောသံလေးတွေနဲ့ သာယာနေ၏။
ကားစက်ရပ်တော့ ဖင်တကြွကြွဖြစ်နေတဲ့ အနောက်က သားတော်မောင်ကို "သားသား Daddy ဆီကိုလာ..." ဆိုပြီး Xiao Zhan အရင် လှမ်းခေါ်ထားရသည်။
ထို့နောက် သားသားကိုချီကာ XZ တို့ ရိုးရာမပျက် ကားရဲ့တစ်ဖက်ခြမ်းကို ခြေလှမ်းကြဲကြီး လျှောက်သွားလိုက်ပြီး Baby ဆင်းလာဖို့ရန်အတွက် lover seat ကားတံခါးလေးကို ဖွင့်ပေးလိုက်သည်။
သားသားကို လက်တစ်ဖက်ကချီရင်း လက်တစ်ဖက်က ကိုယ်ထိုင်နေတဲ့ဘက်က တံခါးကို လာဖွင့်ပေးတဲ့ ကိုကိုဟာ သိပ်ကိုချောမောခန့်ညားလွန်းတဲ့ အမျိုးသားတစ်ယောက်.....။
ကိုယ့်အမျိုးသားကို ကိုယ်ပြန်ငမ်းရတာလောက် ရင်ခုန်စရာကောင်းတာ ဒီကမ္ဘာမှာ ရှိလောက်မည်မထင်ပါလေ...။
ကိုကိုကတော့ နှုတ်ခမ်းအောက်ကမှည့်နက်လေးနဲ့အတူ ခပ်ပြုံးပြုံးသာ ကိုယ့်အကြည့်တွေကို ပါရမီဖြည့်ပေးပါ၏။
ချောမောခန့်ညားလွန်းတဲ့ ကိုယ့်အမျိုးသားနဲ့ သူချီထားတဲ့ ကလေးက သူနဲ့ရတဲ့ ကိုယ့်သွေးသား ချစ်စရာကောင်းလွန်းတဲ့ သားသားပါတဲ့...။
ဒီလူသားဟာ တစ်ချိန်က ကိုယ့်ရဲ့အမုန်းတွေ ကိုယ့်ရဲ့အတ္တတွေနဲ့ အနိုင်လိုချင်ခဲ့ဖူးတဲ့ အမျိုးသားတစ်ယောက်ဆိုတာ အခုချိန်မှာတော့ ပုံပြင်သာသာ ဇာတ်လမ်းလေးတစ်ပုဒ်အဖြစ်သာ...။
အမုန်းတွေကို ဥပေက္ခာပြုပြီးတဲ့နောက် သိပ်ကိုလှပတဲ့အချစ်တွေကို ကျွန်တော် မြင်နိုင်ခဲ့ပြီ။
ကိုကိုက ကျွန်တော့်ရဲ့ဘဝ ၊ သားသားက ကျွန်တော့်ရဲ့ နှလုံးသည်းပွတ်ကလေး...။
"အဟမ်း ကိုယ် ရှက်လာပြီနော် ကောင်လေး..."
ငေးနေတာ အချိန်ဘယ်လောက်ကြာသွားသလဲမသိ ကိုကို့ရဲ့ချောင်းဟန့်သံနဲ့ သားသားရဲ့အပြုံးလို့ခေါ်မရတဲ့ အပြုံးလေးကို မြင်မှ ကိုယ်လည်း သတိပြန်ဝင်လာတော့သည်။
"ကျွန်တော့် အမျိုးသားက ကလေးကို လက်တစ်ဖက်ထဲနဲ့ ချီထားတဲ့ ပုံစံလေးကိုက သိပ်ကို Smart ကျ လွန်းတာကိုးဗျ"
"ဟားးး Baby ကတော့ကွာ..."
ရယ်လိုက်တဲ့အခါ ပေါ်လာတတ်တဲ့ ယုန်သွားလေးနှစ်ချောင်းနဲ့ ပါးချိုင့်လေးက ကိုယ် သိပ်မြတ်နိုးတဲ့ ကိုကို့ရဲ့မျက်နှာချောချောပေါ်က ဖြစ်တည်မှုလေးတွေ...။
ပြီးတော့ ကိုကို့ရဲ့အပြုံးတွေကို တန်ဆာဆင်ပေးတတ်တဲ့ နှုတ်ခမ်းအောက်က မှည့်နက်ကလေးအပါအဝင်ပေါ့...။
ကိုကိုက ခေါင်းလေးအသာမော့ကာ ရယ်တော့ အဲ့ဒီ ရယ်သံစည်းချက်လေးတွေကို မလွတ်တမ်း လိုက်နားထောင်ရတာဟာ ဒီကောင့်ရဲ့အကျင့်တစ်ခုလိုဖြစ်နေခဲ့ပြီ။
"လာ Baby ပွဲက စနေပြီ..."
ရုတ်ချည်းဆိုသလို လက်ပေါ်ကျရောက်လာတဲ့ နွေးထွေးမှုတစ်ခုက ရင်ထဲကိုလည်း 'နွေးကနဲ' ဖြစ်သွားစေဖို့ ရည်ရွယ်လေသလား...?
ကလေးကို လက်တစ်ဖက်မှာချီကာ လက်တစ်ဖက်က ချစ်ရသူရဲ့လက်ကို ဆွဲရင်း ပွဲထဲကို ဝင်လာတဲ့ သူတို့ရဲ့မျက်နှာပေါ်မှာလည်း အသက်ဝင်လွန်းတဲ့ အပြုံးတွေ ၊ ယုံကြည်မှုအပြည့်နဲ့ ခြေလှမ်းတွေဟာလည်း သူတို့ရဲ့အချစ်ကို တစ်ခြားနည်းနဲ့ ကိုယ်စားပြုလိုက်တဲ့ အပြုအမူတွေလား.....?
သေချာတာတစ်ခုကတော့ ယုံကြည်မှုအပြည့်နဲ့ ထိုပုံရိပ်သည် ဘယ်တော့မှ မမေ့နိုင်မည့် ပန်းချီကားတစ်ချပ်လို မြင်သူတကာရင်ထဲမှာ စွဲသွားစေသည်။
သူတို့ ပွဲထဲကိုဝင်လာတော့ စီနီယာဒေါက်တာရှင်းချန်အတွဲတို့လည်း ရောက်နေပြီဖြစ်သည်။
ဆေးရုံအုပ်နဲ့စကားတွေပြောနေကြရင်း သူတို့မိသားစုကိုလည်း လှမ်းပြုံးပြနေကြသေးသည်။
"Hey! Yibo"
ကျင်းရီရဲ့ခေါ်သံကြောင့် Yibo လှမ်းကြည့်လိုက်တော့ ပွဲရဲ့နတ်သားလေးတစ်ပါးလို့ပြောစရာမလိုအောင် အဖြူရောင်ဝတ်စုံအပြည့်နဲ့ ကြည့်ကောင်းနေသော သူငယ်ချင်းကြီး...။
"Congratulations Bro"
"Thanks!
ဟာ ဒီကောင်လေးက ဘယ်သူ့တူလေးမို့
ဒီလောက် ချစ်စရာကောင်းနေပါလိမ့်"
ကျင်းရီက ကိုယ့်စကားကိုလည်း ပြန်ဖြေရင်း ကိုကို့လက်ပေါ်က သားသားရဲ့ပါးဖောင်းဖောင်းလေးကိုလည်း သွားဆွဲကာ စ,နေသေးသည်။
ထို့နောက် နှစ်ယောက်သား တစ်ယောက်နား အနား တစ်ယောက်ကပ်ကာ တိုးတိုးတိုးတိုးနဲ့ ဘာတွေပြောနေကြမှန်းမသိ ပြောနေကြရင်း လက်ညှိုးလေးတွေကိုလည်း ပါးစပ်ပေါ်မှာတင်ကာ 'Shuu' ဟူသော အမူအရာလေးတွေကိုလုပ်ရင်း အတိုင်ဖောက်ညီစွာ ရယ်နေကြသေးသည်။
သားသားက သူ့ဦးဦးကျင်းရီကိုတော့ ခင်တွယ်ရှာသည်။
"လာကြ ဒီဝိုင်းကို"
သားသားနဲ့ နှစ်ယောက်သား တီးတိုးစကားတွေပြောလို့ဝမှ ကိုယ်တွေကို နေရာချပေးဖို့သတိရသောလန်ကျင်းရီပါလေ...။
မြူးထူးရိပ်သမ်းနေတဲ့ မျက်နှာနဲ့ ပျော်ရွှင်နေတဲ့ သူငယ်ချင်းဖြစ်သူလန်ကျင်းရီကိုကြည့်ရင်း ကိုယ့်ကိုပါ အပျော်တွေ ကူးစက်နေသလို ခံစားနေရသည်။
"Yibo!"
"အာ စစ်ကျွေး လာလေ ဒီဝိုင်းကို"
အခုမှ ပွဲထဲကို ဝင်လာပုံရတဲ့ စစ်ကျွေးက ပါးစပ်ကလည်း လှမ်းခေါ်ရင်း ကိုယ်တွေထိုင်နေတဲ့ ဝိုင်းဘက်ကို လျှောက်လာလေသည်။
အင်းးးသေချာပေါက် သူ့ဘေးမှာ ကိုကို့ရဲ့လူယုံတော်လည်းပါလာတာပေါ့...။
"ဝမ်လေးလည်း ပါလာကိုးကွ
လာပါဦး ဦးဦးဆီကို..."
အနားကိုရောက်ရောက်ချင်း ဝမ်လေးကို တန်းခေါ်သော သူငယ်ချင်းကြောင့် Yibo မေးမယ့်မေးခွန်းတွေကို ပြန်မြိုချထားလိုက်ရသည်။
သားသားက လူချစ်လူခင်တော့ အတော်ပေါသည်ပြောရမည်။
ကိုကိုက သူ့လက်အောက်ကဆိုပြီး ဟိတ်ဟန်မရှိတတ်တာကြောင့် ဝမ်နင်ကောကလည်း စစ်ကျွေးလက်ထဲရောက်နေတဲ့ သားသားကို စ,ရင်း နောက်ရင်း ပေါ့ပေါ့ပါးပါးပဲရယ်မောနေကြလေသည်။
ဒီအတွဲလား...??
ဇာတ်လမ်းလေးကတော့...
အလုပ်ပဲကိုသိပြီး သစ္စာရှိတဲ့ လူရိုးကြီး ဝမ်နင် (ခေါ်) ယွီပင်း နဲ့ သိတတ်လိမ္မာတဲ့ ခပ်အေးအေးသမား စစ်ကျွေးနဲ့တွေ့ချိန်မှာတော့
တစ်ယောက်ကိုတစ်ယောက် ခံစားချက်တွေရှိနေသော်လည်း ဘယ်သူ့ဘက်ကမှစ,ခဲ့ခြင်းမရှိခဲ့တာကြောင့် အချိန်တွေ တော်တော်ကုန်သွားဖူးခဲ့သည်။
ခက်ခက်ခဲခဲ ချစ်သူတွေဖြစ်လာတော့လည်း မဖြောင့်ဖြူးတဲ့ခရီးလမ်း ကြမ်းတမ်းခဲ့သည်မှာ အမွေပြတ်စွန့်လွှတ်တာတွေပါ သတင်းစာတွေထဲပါလာလေသည်။
စစ်ကျွေးရဲ့မိဘတွေက ပညာဂုဏ်ကို သိပ်အလေးထားတဲ့သူတွေဖြစ်တာကြောင့် အချစ်ကိုရှာတွေ့သွားတဲ့ စစ်ကျွေးနဲ့ အကြီးအကျယ် စကားများခဲ့ကြသေးသည်။
နောက်တော့ ဘယ်လိုမှသဘောမတူပဲ Duty တွေထိ ချုပ်ချယ်တာတွေပါရှိလာတာကြောင့် ကိုကိုက အုပ်ထိန်းသူနေရာမှာနေပြီး ဝမ်နင်ကောဘက်က လိုက်ပြောပေးခဲ့တာတောင် သဘောတူမလိုလိုနဲ့ ခေါင်းမာနေဆဲဖြစ်တဲ့မိဘတွေကြောင့် ခိုးပြေးလာခဲ့ကြသော ထူးထူးခြားခြားအတွဲလေးပါလေ...။
ရုံးမှာပဲလက်မှတ်ထိုးထားကြပြီး လာမယ့် Anniversary မှာမှ ပွဲလေးကျင်းပမယ်လို့ စိတ်ကူးနေတဲ့ ဒီအတွဲက လောလောဆယ်မှာတော့ ဆေးရုံနဲ့လည်းနီး ယွီပင်းကောရဲ့ အလုပ်နဲ့လည်းနီးတဲ့ Condo တစ်ခုမှာ နှစ်ယောက်တစ်ကမ္ဘာတည်နေကြသည်။
6 နှစ်ဆိုတဲ့ကာလအတွင်းမှာ အရာအားလုံးနီးပါးဟာ တော်တော်များများ ပြောင်းလဲကုန်ကြလေပြီ။
အချစ်တွေနဲ့သာကြည့်ရင် ထိုအပြောင်းအလဲတွေဟာလည်း လှပနေပါလိမ့်မည်။
အားလုံးရဲ့မျက်နှာမှာလည်း ကိုယ်စီအပြုံးတွေနဲ့ဝေဆာနေကာ ဒီညရဲ့အလှကို ပိုသာယာစေဖို့ အားဖြည့်ပေးနေသယောင်ရှိသည်။
အချိန်တွေ တဖြေးဖြေးကုန်ဆုံးလာပြီးနောက်မှာတော့ ဆုတောင်းစကားတွေနဲ့အတူ Anniversary cake ကြီးကို ခွဲဖို့ အချိန်ကျလာရောက်လာတော့သည်။
ထိုအချိန်ကျမှ သိလိုက်ရသည်က သားသားဝမ်လေးရဲ့ "ဦးဦးကျင်းရီမွေးတဲ့ ကလေးလေးကို သားသား ထိန်းမှာနော်" အစချီတဲ့ လန်ကျင်းရီရဲ့ဆွဲဆောင်အားကောင်းမှုကြောင့် Party ကို လာဖို့ ဖင်တကြွကြွဖြစ်နေကြောင်း XZ နဲ့ YB တို့ လက်ခံလိုက်ရတော့သည်။
ပြောတုန်းကပြောထားပြီးမှ လူကြားထဲပြောချလာတဲ့ ဝမ်လေးရဲ့စကားကြောင့် ကျင်းရီရဲ့မျက်နှာမှာလည်း Strawberry ရောင် Cake ကြီးနဲ့အပြိုင် Strawberry ရောင်တွေ သမ်းကုန်လေတော့သည်။
ဆေးရုံအုပ်ကလည်း ရယ်နေပြီး တစ်ခြားဧည့်သည်တွေကပါ ကျင်းရီကို ဝိုင်းစ,နေကြတာကြောင့် 'တဟားဟား' ပွဲကျကုန်ကြသေးသည်။
သားသားကိုတော့ အတတ်ကလေးဆိုပြီး အားလုံးက ပို၍ပင် အာရုံစိုက်ခံလာကြတော့သည်။
Cake တွေခွဲပြီး စားကြသောက်ကြ သီချင်းဆိုကြနဲ့ ပျော်နေကြချိန် သားသားကတော့ သူ့ဦးဦးကျင်းရီ အနားကနေ မခွာတော့ပေ...။
'ကလေးလေးမွေးပေးပြီးရင် သားသားထိန်းမှာနော် သားသားရောပိုင်တယ်နော်' ဆိုပြီး ကျင်းရီအနားမှာ အတင်းလိုက်ကပ်ကာ ပူဆာနေတာကြောင့် Yibo တို့ပင် မနည်းချော့ပြီးခေါ်ထားရသည်။
ကျင်းရီနဲ့ဆေးရုံအုပ်ကတော့ စိတ်မဆိုးတဲ့အပြင် 'တကယ်မွေးပေးရင် ထိန်းမှာလား...?' တွေပါ မေးနေကြတာကြောင့်လည်း သားသားတစ်ယောက် သူတို့အနားက မခွာနိုင်တော့ခြင်းဖြစ်သည်။
ဒီကောင်လေး လူကဖြင့် အသက် 6 နှစ်ပဲရှိသေးတာကို ဘယ်တုန်းကဒီလောက် ကလေးချစ်တတ်သွားသလဲ မပြောတတ်ပါလေ...။
ပွဲကလည်း တဖြေးဖြေးအရှိန်မြင့်လာသလို ပွဲရဲ့အဓိကလူနှစ်ယောက် စုံတွဲသီချင်းဆိုလို့အပြီး နောက်ထပ် သီချင်းတက်ဆိုသူတွေရဲ့အသံတွေဟာလည်း လေထဲမှာ လွင့်ပျံနေဆဲ...။
ညရဲ့ကောင်းကင်ကြီးမှလည်း ဝိုင်းစက်နေတဲ့ လမင်းကြီးနဲ့အတူ အစွမ်းကုန်တောက်ပနေကြတဲ့ ကြယ်ကလေးတွေကြောင့် ညရဲ့အလှဟာ ပိုပြီးတော့ အသက်ဝင်နေလေသည်။
ချစ်ခြင်းမေတ္တာတွေနဲ့အသက်ဝင်နေတဲ့ ကမ္ဘာမြေပြင်ပေါ်က Party ပွဲလောက်တော့ မလှပပေမယ့်လို့ပေါ့...။
ချစ်ရသူရဲ့မျက်နှာကို ငေးကြည့်နေတဲ့ ချစ်ခြင်းမေတ္တာအပြည့်နဲ့ မျက်ဝန်းတွေ...
ချစ်သူရဲ့လက်ကို တွဲကိုင်ထားတဲ့ ခိုင်မြဲတဲ့သစ္စာတရားတွေ...
ကလေးချော့မြူသံတွေ...
ချစ်စရာကောင်းတဲ့ 'တခစ်ခစ်' ရယ်မောသံလေးတွေ...
အသက်ဝင်လွန်းတဲ့ အပြုံးတွေ...
အချိုသာဆုံး ရယ်မောသံတွေ...
ထပ်တူကျနေတဲ့ ရင်ခုန်သံတွေ.....
အချစ်နဲ့ ကြုံတွေ့လာတဲ့အခါ ပတ်ဝန်းကျင်က အရာအားလုံးဟာ လှပနေတော့တာပဲ...။
ကျွန်တော့်ဘေးမှာ ကျွန်တော့်လက်တစ်ဖက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ထားတဲ့ ကိုကိုရှိတယ်...
ကိုကို့အပေါ်မှာတော့ မိသားစုအသိုင်းအဝန်းလေးဖြစ်တဲ့ သားသားလေးရှိတယ်...။
ကိုကို့ကို ချစ်မြတ်နိုးမိတဲ့အတွက် ဘယ်တော့မှ နောင်တရမှာမဟုတ်သလို
သားသားလေးကို မွေးဖွားခဲ့ရခြင်းအတွက်လည်း ဘယ်တော့မှ နောင်တရမှာမဟုတ်ဘူး။
ကျွန်တော် ကိုကို့ကို အရမ်းချစ်သလို ကိုကိုကလည်း ကျွန်တော့်ကို အရမ်းချစ်တယ်ဆိုတာ ခြွင်းချက်မရှိတဲ့ ယုံကြည်မှု...။
ရှာဖွေစမ်းသပ်နေစရာမလိုဘူး...
စကားတွေ အများကြီးပြောနေစရာမလိုဘူး...
ကိုကို ကျွန်တာ့်ဘက်ကို လှည့်ကြည့်လာတဲ့ မျက်ဝန်းတွေ ၊ အနူးညံ့ဆုံးပြုံးပြလာတဲ့ အပြုံးနုနုလေးတွေ ၊ နွေးထွေးနေဆဲ လက်တစ်စုံ ၊ စည်းချက်ကျနေတဲ့ ရင်ခုန်သံတွေနဲ့တင် ကျွန်တော့်ရဲ့ကမ္ဘာဟာ လုံလောက်တာထက်ကို ပိုနေပါပြီ။
Advertisement
- In Serial23 Chapters
Sinful Temptation
"Where will you hide, doll?" His deep raspy voice resonated in an empty dark classroom. Her heart thudded in her ears. Her feet involuntarily moving back, shoulders shrinking in fear as he took threatening steps towards her like a predator."N-no..." She stuttered, chin wobbling lips trembling. The certainty of her being alone in the presence of this beast-like man had her legs going jello. Emma was scared. So damn scared. "You can't deny me Belle. I'm your mate. You're fucking mine!" He growled lowly.***Emma Belle Richardson is a 18 year old nerd who dedicates herself to schoolwork and books rather than socialising. She doesn't have any friends and is an outcast. She has more to her than anyone can imagine. She prefers to stay under radar but what would happen when she'll catch the eyes of the man who will cause catastrophe in her peaceful life.Xander Colt is a 27 year old mysterious man with extremely good looks. There was nothing known about him. The Greek God looking man with sharp green eyes and dark tattoos who could easily be considered as a top notch model or a beast like warrior, came as a mathematician professor in the middle of a semester.Strange wasn't it!Naive girl✅Alpha male ✅Erotica✅Hot Romance✅Student and Teacher✅Werewolf ✅Warning ⚠️ 18+(SAMPLE!)
8 216 - In Serial34 Chapters
Drunk & Sober : IN LOVE
Rebekah Williams, a girl as beautiful as a Greek Goddess and the epitome of hotness for everyone in high school meets a nerd Rex Mitchell who changes her life in a way she never imagined. She dared to get rid of her demons for attaining his love. But life sure had different plans. She was tested time and again for her love for Rex. Will she finally get him after going through a long chain of life changing events?
8 191 - In Serial36 Chapters
mutuals
❝ you should text her!! ❞ //❝ he dmed me ❞ ➷ all because of a comment➷ louis partridge x reader➷ this is my first story made out of boredom ➷ social media & irl
8 148 - In Serial54 Chapters
A Song of Remembrance ( Redamancy Book 1: Completed)
Most people would agree that there are three points in life, where a single moment defies the laws of science, and time stands still. The moment that one discovers their universal purpose, the moment that someone finds their soulmate, and the moment that a new life is brought unto the world.However, there is the fourth moment that they often forget to give due credit. The moment when one's life is destroyed. Fate being too cruel to answer the one question that will remain on their mind forever. Why?This is the moment that time stands still, and it doesn't start back up again.--------Ever since she was nine years old, Rowan Larkin has wished on pretty pennies, hoping one day she can fully hold on to the future. Meanwhile, Elijah Scott has been betting all his coins in hopes of escaping the demons of his past. What happens when their paths cross, and they both realize that the present is just as painful as it seems?
8 192 - In Serial28 Chapters
Only You (BxB)
"Did you know that you are very beautiful?" he smiled at me. "Uhm... Yeah, I-I think?" He came closer with his face. "Your lips look so soft, I want to kiss them." I stared at him. "B-but... You're my stepbrother? You can't do that, can you?" "No one needs to know."********************Liam's parents are divorcing and his mother plans to marry her new boyfriend, causing a lot of trouble. Now Liam is stuck with his new stepbrother Nate.It takes a long time for Liam and Nate to get along, but after a while things start to get better. In fact, things are going so well that things are starting to get a little out of hand.-------------------Story Rankings 09/11/22#5 in lgbt#1 in agegap#346 in lgbtlove#619 in gayaf#196 in stepbrother#352 in boyxboyromance#874 in bxblove
8 162 - In Serial40 Chapters
Friends Don't
Ellie Knight has her whole future planned out for her, but instead, she chooses to go away to college to get away from that future; the one her parents created in their minds.When her best friend, Lana, drags her to a party she runs into Grayson Pierce. Just by looking at him it is obvious why girls throw themselves at him.Ellie shrugs Grayson off thinking she will never see him again, but when Lana begins dating Derek she finds out him and Grayson are best friends, and never seeing him again isn't an option.As Ellie and Grayson begin to spend more time together a friendship builds, and even though others think it's more, or should be more, Ellie is adamant they're just friends.WARNING: This story contains language and sexual content.Cover artist: @anna_arturovna_*TOP RANKINGS*#1 (youngadultromance)•07-02-20 •07-07-20#1 (relationship)•07-07-20
8 314

