《မောင့်ကိုချစ်ဖို့ မွေးဖွားလာပါသည်။》🌈၈🌈(Z)
Advertisement
ကိဝီ ရဝိန်နှင့်နီးနီးကပ်ကပ်မနေမိအောင် သတိ ထားသည်။ အတိတ်တိုင်းသည် ပြန်တူးဆွဖို့ရန်ကောင်းသော အရာများမှ မဟုတ်တာ။
" ပိစိ ဒါလေး "
စာမေးရန်အတွက် အနားသို့ တိုးကပ်လိုက်လျှင် အသားချင်းထိရမည်ကို မနှစ်သက်ဟန်နှင့် ဖယ်ခွာသွားသော ပိစိကြောင့် ရဝိန်စိတ်ထဲဘဝင်မကျဖြစ်ရသည်။ ရဝိန် မကြိုက်ပါ။ အနားကပ်သွားတိုင်း မသိမသာသော်ဖြစ်စေ၊ သိသိသာသာသော်ဖြစ်စေဖယ်ခွာသွားသော အမူအရာတို့ကို ရဝိန်
လုံးဝမနှစ်သက်ပေ။
" ပိစိ ဘာဖြစ်နေတာလဲ၊ ငါ့အသားနဲ့ထိရမှာကို အဲ့လောက်ရွံလား "
"......."
" ရွံလည်း သည်းခံလိုက်၊ စာမေးပွဲက မကြာတော့ဘူး၊ ၆ နာရီ ထိုးပြီးပြန်တော့လေ "
" ရတယ်၊ မပြန်သေး "
" ငါ့သွားစရာရှိတယ် "
စကားမဆုံးခင် ဖြတ်ပြေလာသော ရဝိန်ကြောင့်
ရင်တွင်းမကောင်းဖြစ်ရ၏။
စက်ဘီးလေးစီးလျက် ပြန်သွားသော ပိစိနောက် ကျောကိုကြည်ပြီး ရဝိန်စိတ်မသက်မသာ ဖြစ်ရသည်။
ကိဝီပန်းများကိုဖြတ်နေရာမှ ရဝိန်အကြောင်း တွေးမိပြန်သည်။ မနီးကပ်မိအောင် ကြိုးစားနေ သည်ကို ရဝိန်သတိထားမိသွားပြီး။ အိမ်မက်ဆိုသည်မှာ ဟုတ်ချင်မှ ဟုတ်မှာ၊ အမှန်ဟု မယူ ဆမိရန် အတန်တန်ကိုယ့်ကိုကိုယ် သတိပေးမိ သည်။ သတိထားနေသည့်ကြားမှ အိမ်မက်၏ ကြီးစိုးမှုကို လက်ရှိပစ္စုပ္ပန်ထိ ကိဝီလက်ခံနေမိဆဲ။
" အ နာလိုက်တာ "
နှင်းဆီကိုမှခူးချင်လျှင်တော့ ဖြစ်လာမည် အ ကျိုးဆက်ကိုလည်း လက်ခံရမည် မဟုတ်ပါလား။ လက်မခံနိုင်လျှင် အစောတည်းက ခူးဖို့ရန် မကြိုးစားသင့်ပါလေ။
" မဝေအတွက်အချစ်ဆိုတာ ဘယ်လိုမျိုးလဲ "
" အချစ်ဆိုတာ အင်း... မဝေလည်း သေချာမသိဘူးလေ။ ဘာလိုလဲ ကိဝီ၊ သက်ပိုင်ရော ဘယ်လို့ထင်လဲ "
" ကျွန်တော်ကတော့ ဗိုက်ဆာချိန်တိုင်း ကျွေးနိုင်သူကိုပဲချစ်မှာ "
" ပြောပါအုန်း။ အိမ်လှမ်းခေါ်ရတဲ့ အကြောင်း "
" ငနောင် ငါ့ချစ်မိနေပြီး "
" ငြင်းတယ် ဟေ့ကောင်၊ ငါမှာ ဝက်ကလေးရှိပြီး သား "
" လီးပဲ၊ မင်းကိုကြိုက်စရာလား "
" ဟားဟား စတာပါကွာ၊ ဆက်ပြော ဆက်ပြော "
" ငါ့အိမ်မက်ထဲက ကောင်မလေးကို ကြွေနေတာ၊ ကောင်မလေးကိုတွေ့တိုင်း ရင်ခုန်သံတွေဝေလာ
လိုက်တာ၊ ပြီးတော့ မင်းသိလား၊ အိမ်မက်ထဲက ကောင်လေးက ငါနဲ့တော်တော်တူတယ်ဲ၊ အဲဒါက သိပ်မထူးဆန်းသေးဘူး၊ ခုက ငါ့ guide ကို တွေ့တိုင်း အိမ်မက်ထဲကကောင်မလေးလို့ မြင်နေတာပိုထူးဆန်းတယ်၊ ပြီးရင် ရင်ခုန်မြန်လာရော၊ ငါ့ပိစိကိုများ ကြိုက်နေတာလား "
" ဖြစ်နိုင်တယ် "
" ငါတစ်ခါမှ ယောကျာ်းလေးနဲ့ တွဲဖို့ မတွေးကြည် ဘူးဖူးလေ၊ ငါကိုယ်ငါ့တစ်ခုခုမှားနေသလို့ ခံစားနေရတယ်၊ ငါ့ခြောက်သွားတာလား "
" နားထောင် ရဝိန်၊ ယောကျာ်းတစ်ယောက်ကို ကြိုက်တာနဲ့ အခြောက်လို့ အလွယ်သတ်မှတ်မ
ရဘူးလေ၊ ဥပမာ ငါကိုပဲကြည်၊ ငါဘယ်နေရာ
နွဲ့နေလဲ၊ စိတ်ရော အရမ်းနုနေလား၊ ငါသက်ပိုင်ကို သဘောကျတာနဲ့ ငါခြောက်သွားရောလား၊
အဲ့လိုပဲ သက်ပိုင်ရော နွဲနေလို့လား၊ ကလေးဆန်ရုံတင် လုံးဝမနွဲဘူးနော် ဟေ့ကောင် "
စိုးသက်နောင် ရဝိန်ထံခဏကြည်ပြီး စကားဆက်ပြောသည်။
" ငါကအခြားယောကျာ်းလေးတွေကိုမဟုတ်ဘဲ သက်ပိုင်တစ်ယောက်တည်းကိုပဲ သဘောကျသွားတာ၊ သူကလည်း မိသားစုဆိုတဲ့အရသာကို
ငါဆီမှရလိုက်လို့ ငါတစ်ယောက်ထဲအပေါ် ပဲ ကလေးတစ်ယောက်လို့ မှီခိုနေတာ၊ ဒါကြောင့်
ငါမှာ ဝက်ကလေးကိုစိတ်မချနိုင်ဘဲ ရင်တထိတ်ထိတ်ဖြစ်နေရတယ် "
" ဒါပေမယ့်... "
" ဒါပေမယ့်ဆိုတာ မရှိဘူး။ သဘောကျတယ် ကြိုက်တယ် ချစ်မိပြီးဆိုရင် ပိုင်ဆိုင်ချင်လာမှာပဲ၊
ငါကတော့ ဝက်ကလေးကိုအပိုင်လိုချင်တယ် "
အကြံဉာဏ်တောင်းသည်ကို ခံစားချက်များအား ရင်ဖွင့်လာသူကြောင့် ရဝိန်တိတ်တိတ်သာ ဆက် နားထောင်နေရပေသည်။
" ဘယ်အရာမဆိုအပိုင်လိုချင်ရင် အခက်ခဲဆိုတာ ကိုတော့ အနည်းနဲ့ အများဖြတ်ကျော်ရမှာပဲ၊ မင်း ယောကျာ်းချင်းချစ်မိရင်တော့ ပိုခက်ခဲသွားမှာပဲရှိမယ်၊ ပိုင်ဆိုင်ချင်လောက်အောင် သဘောကျချစ်မိသွားရင်တော့ မင်းခံနိုင်ရည်နဲ့ ကြိုးစားမှုတော့ ပိုအားစိုက်ရမှာပေါ့၊ ရဝိန် မင်းကိုယ်ဘာ သာဆုံးဖြတ်ပါ။ မသေချာဘဲနဲ့တော့ သူတစ်ပါးဘဝကို သွားမနှောက်ယှက်မိစေနဲ့ပေါ့၊ ရဝိန် ငါပြန်တော့မယ်၊ သက်ပိုင်ထမင်းစားဖို့ စောင့်နေလောက်ပြီး။ မင်းဘာသာအေးဆေးဆုံးဖြတ် "
" အေးပါကွာ၊ ငါဆုံးဖြတ်နိုင်မှာပါ "
ဘရဏီ ရဝိန်နှင့်မတွေ့ဖြစ်သည်မှာ ရက်အနည်း ငယ်မကကြာပြီးဖြစ်၍ ရဝိန်အိမ်သို့ ထွက်လာခဲ့သည်။
" ပိစိ မနေ့ကဘာလို့မလာတာလဲ "
" စာတမ်းထပ်စရာ အမှီရေးနေရလို့ပါ၊ စာတွေ ရေးထားတာပေး စစ်ပေးမယ် "
အကြည်ကိုပင် လိုက်ရှောင်နေသော ပိစိ၏အမူ အရာတို့ကို မကြိုက်သော်လည်း ပိစိအနေမခက်စေရန်အတွက် ရဝိန်လိုက်မကြည့်မိအောင် သတိ ထားလိုက်သည်။ အကြည်တို့ကို လွဲနေရာမှ ပိစိ လက်လေးထံသို့ အကြည်ရောက်သွားရသည်။ သိပ်လှပေသည်။ တစ်ခါမြင်တာနှင့် ပြန်ကြည်မိလောက်အောင် စင်း၍လှနေ၏။ အိမ်မက်ထဲမှ မေလက်တို့ကိုသတိရမိ၍ ပိစိလက်ကို ဆွဲယူကြည်မိသည်။
" ဟေ့ ရဝိန်၊ ဘာလုပ်တာလဲ "
" ခဏပဲ၊ ခဏလေး "
" မေ "
ခေါ်သံနှင့်ထပ်တူ ပိစိသည် ခေါင်းမော့၍ ကြည်လာသည်။
" မေ "
နောက်ထပ်ခေါ် လိုက်လျှင် ပိစိသည် အကြည်တို့ကိုပြန်ရုတ်သိမ်းလိုက်ပြီး ရဝိန်လက်မှ ရုန်းထွက်သွားသည်။
" မေမလား၊ မောင့်ရဲ့မေလေ "
ပိစိသည် ရဝိန်ထံတည့်တည့်ကြည်လာခဲ့လျှင် ရဝိန်၌လည်း မျှော်လင့်ခြင်းတို့ပျော်ဝင်နေသော
အကြည်တို့ဖြင့် စောင့်စားနေမိသည်။ ကိဝီနှုတ် ခမ်းလေးသည် စ၍ စ၍ စလှုပ်ရှားရန် ပြင်လာသည်။
" ရဝိန် ဘာလုပ်နေတာလဲ "
" ဇော် ! ဘယ်လို့ရောက်လာ "
" သတိရလိုလေ၊ ငါလမ်းကြုံးဝင်လာတာ၊ သူက ဘယ်သူလဲ ရဝိန် "
" guide "
guide ဆိုသူအပေါ် ကြည်နေသော ရဝိန်၏အ ကြည်တို့သည် နူးညံ့ခြင်းများပါဝင်နေ၍ ဘရဏီ မနှစ်သက်ပေ။
Advertisement
- In Serial134 Chapters
RUYI
How can you lose something you never have? When your own mother poisons you to gain pity from others, how should you feel? Why was I, the youngest, being married off? How could I care about something that was never mine? WARNING! Viewer discretion advised: Story contains adult content that is unsuitable for children. NOTE from the writer: I'm an amateur writer so please overlook plot holes, grammar issues, or anything else a story is supposed to have. This is my original story so... as the saying goes "if you have nothing nice to say, don't say anything at all".
8 439 - In Serial20 Chapters
Stefano Russo
He goes by Russo. No one calls his real name because of his past. Russo is cold, emotionless and hell is calling for him. Anastasia the innocent naive girl comes to high school after been closed off from any communication outside.But what goes on when Anastasia stumbles into the male toilets after been pushed, and finds Russo who happens to be in there. What will go on after the coldest bad boy gets caught up with an innocent girl who calls him Stefano? Read to find out...
8 151 - In Serial16 Chapters
Lord of the Night Realm: Book II - Reunion
[Spoilers for Book I] With Isadore Renard's scheme put into motion, Ellie finds herself back in the Prime Realm with no recollection of her time away from home. But just as she begins assimilating back into normal life, Solarists execute a plan that involves her in an insidious way. What fate lies in store for Ellie and those she loves at the hand of her forgotten lover's nemesis?
8 224 - In Serial143 Chapters
The paper man I raised is the boss of the end of the world (MTL)
Not mine! For offline purposes only.Warning!!! This is MTL"The paper man I raised is the boss of the end of the world"Author: King of Nuts我養的紙片人是末世boss作者:果核之王Welcome to: Apocalypse Krypton Gold Cub Game Shen Cheng downloaded a game called 'The Last Survivor'. The protagonist is a poor little man with broken hands and feet, supernatural riots, dying and being thrown into the pile of dead people. Shen Cheng really couldn't stand it anymore. Isn't it six bucks! Who hasn't made money for a wild man! So... a six yuan, two six yuan, a lot, a lot of six yuan! Just when Shen Cheng was scolding that he would never krypton again and was really fragrant, the villain stepped up to the pinnacle of the apocalypse power user step by step. And when she woke up, she actually appeared beside the villain's bed? ! Dogs force games, krypton gold harms me! ***** Space system power user Li Weilan climbed out of the dead pile, but felt like he was being followed by a pervert. This man forcibly changed his clothes, went in and out of his space at will, and stared at him while he was sleeping? However, this is the person who gave him the most advanced technological weapons in the last days, created the most stable paradise for him, and also gave him the thing he longed for the most... a home. Content label: Farming in the portable space Wen Tianwen Search keywords: Protagonist: Shen Cheng, Li Weilan ┃ Supporting role: ┃ Others: One sentence introduction: Apocalypse krypton gold raising cubs to build a base Concept: two-way healing between the female and male protagonists, and the use of technology to build a base to lead Residents get rich
8 221 - In Serial54 Chapters
Accidentally Kidnapped
When 17 year old November Jones accidentally burns off her left eyebrow in a freak accident, she brushes it off. Nothing a bit of makeup can't fix, right? But when she finds herself shoved into the backseat of her own car as a couple of very big, very bad, and very dangerous-looking men drive off with it, things can't be so easily fixed...especially since it's not just her missing eyebrow that needs to be covered, it's also the fact that one of the most wanted criminal organizations in the country accidentally kidnapped a teenage girl while trying to escape a drug deal gone wrong. Could things get any worse?Well, with a girl like November in the mix, the answer is yes.
8 85 - In Serial22 Chapters
Edward {ManXMan} ✔
Being a prince is lavish. You can get what you want when you want. However you like it. Life as a prince was grand for the young prince of Dallington, he had a friend who was by his side from childhood, he had a knight who when he was not fighting for his safety, was warming his bed during the night. Everything was perfect until the Prince's lover is called to war and never returned. A new face shows up just in time to heal his wounds. Will the prince move on, or would he hold on to the hope that dear Edward was still alive.Cover by the amazing @Loutka
8 129

