《မောင့်ကိုချစ်ဖို့ မွေးဖွားလာပါသည်။》🌈အချပ်ပို(၃)🌈
Advertisement
ကိဝီလက်ဖျားများအေးလာသည့်အပြင် ခြေဖျားများပါ အေးလာ၏။ ဘေး၌ရှိနေသော ရဝိန်မှာတော့ အားပေးဖော်မရစွာရှိနေပေသည်။
ဒေါ်ပျိိုမဒီ ရှေ့၌ထိုင်နေသော သားဖြစ်သူနှင့်
ငြိမ်သက်စွာထိုင်နေသော ကောင်လေးကို စေ့စေ့ကြည်လိုက်သည် ။ ချောတာထက်ကို လှတာဟုပြောလျှင် ပိုမှန်ပေသည်။ ဒါတောင် ဘာမှမပြင် ဆင်ထား။ အင်္ကျီသည်လည်း ရှပ်အင်္ကျီပြောင်လေးနှင် ယောပုဆိုးကိုသာ ဝတ်ဆင်ထားပြီး
ဂတုံးဆံပင်ပေါက်ကေဖြင့် ကောင်ချောလေးထံ ကြည်ပြီး စကားဆိုလိုက်သည်။
" အဟမ်း အဟမ်း "
ချောင်းဟန့်လိုက်သော်လည်း အမှီမပျက်ထိုင်နေသော သားတော်မောင်ကြောင့် မတ်မတ်လေးထိုင်နေသည် ကောင်လေးဆီကိုသာ အကြည်စူးစူးပိုထားလိုက်သည်။
" သေချာနားထောင် "
အတန်ကြာထိုင်ပြီးခါမှ စကားစလာသော ရဝိန်
အမေက စကားဆိုလာလျှင် ခေါင်းညိတ်ထောက် ခံပေးလိုက်သည်။ ခေါင်းတညိတ်ညိတ်ဖြင့် ရှိနေသော ကောင်လေးကြောင့် ဒေါ်ပျိုမဒီစကားဆက်လိုက်သည်။
" အန်တီသဘောမတူနိုင်ဘူး "
" ဗျာ "
" ဘာလို့ ! ! "
ကိဝီသည်သာမက မင်းရဝိန်ပါ လှုပ်လှုပ်ရှားရှားဖြစ်လာ၏။
" မကြားလိုက်ဘူးလား ငါ့သား "
မင်းရဝိန် မယုံနိုင်သေး။ မာမီက သဘောမတူဟု ဆိုလိုက်တာကို အံ့သြမိသည်။
" မာမီ "
" ဘာလဲ "
အသံကျယ်ကျယ်ဖြင့် ခေါ်လာသော သားဖြစ်သူကို သူ့နည်း၎င်း ပြန်ထူးလိုက်သည်။
" မာမီပဲ ပြောတယ်လေ၊ ကြိုက်ရင် လက်မနှေးနဲ့ဆို၊ ခုတော့ဗျာ..."
စိတ်ပျက်သည် အမူရာဖြင့် စကားဆိုလိုက်သော သားဖြစ်သူကြောင့် ဒေါ်ပျိုမဒီ မျက်စောင်းလေးဝင့်ပြီး ကောင်လေးဘက်သို့ကြည်လိုက်လျှင် အေးဆေးငြိမ်သက်စွာ ထိုင်နေပေသည်။
" အမယ်လေး လေး...မျက်နှာအမူရာက ဘာဖြစ်၊ မသိရင် ငါကပဲ လူဆိုးမကြီးကျနေတာပဲ "
" မာမီက လူဆိုးပဲ၊ စကားမတည်တဲ့ အန်တီကြီး "
" ဘယ်နားစကားမတည်လို့တုန်း၊ ပြောစမ်းပါအုန်း မင်းရဝိန် "
" လိုချင်ရအောင်လိုက်ဆို၊ ခုရတော့ သဘောမတူပြန်ဘူး၊ မာမီကတိမတည်တာ မဟုတ်ဘူးလား "
" ငါ ဘယ်တုန်းကပြော၊ ကောင်လေး မင်းပဲစဥ်းစားကြည်၊ လိုချင်ရင် ရအောင်လိုက်ပဲပြောလိုက်တာ၊ သဘောတူပေးမယ်လို့မှ ငါမပြောတာလေ၊ ဟုတ်တယ်မလား "
သားဖြစ်သူနှင့်စကားအရာလု၍ မိမိအား ပြိုင်ပွဲအတွင်း ဆွဲသွင်းလိုက်သူကြောင့် ရဝိန်ဘက်ကို ကြည်လိုက်လျှင် အဖြေကိုစောင့်စားနေဟန်ကို တွေ့လိုက်ရပေသည်။
" ဟုတ်ပါတယ် "
" ကိဝီ ! မင်းက ဘယ်ဘက်လဲ "
" ဘယ်ဘက်မှမဟုတ် "
" မရဘူး၊ ငါဘက်နေရမယ်လေ "
" ဘာကိစ္စနေရမှာလဲ၊ ငါမှန်တာ၊ မှန်တဲ့ဘက်နေ ကောင်လေး "
" မခေါ်နဲ့၊ ကျွန်တော်ကောင်လေးကို ကောင်လေးလို့မခေါ်နဲ့ မာမီ "
" ခေါ်တော့ ဘယ်ဖြစ်လဲ၊ ကောင်လေး "
" ဗျာ "
" မထူးနဲ့ ! ! ! "
" နင်က ဘာကြောင့်ထအော်တာလဲ၊ ငါကိုမခန့်တာလား "
" မခန့်ဘူးဗျာ၊ ကတိမတည်တဲ့သူဆို မခန့်ဘူး၊ လုံးဝပဲ"
" အေး၊ ငါလည်း လုံးဝသဘောမတူဘူး၊ နင်လို့ အရိုင်းအစိုင်းကောင်နဲ့ ကောင်လေးကို သဘောမတူနိုင်ဘူး "
" ဗျာ "
" စိတ်ချ ကောင်လေး၊ ကောင်လေးဖြစ်ဖြစ် ကောင်မလေးဖြစ်ဖြစ်ရတယ်၊ အန်တီရအောင်ရှာပေးမယ်၊ ဒီအရိုင်းစိုင်းကောင်ကိုသာ မေ့လိုက် "
" ရမလား၊ ပြန်မယ် ကိဝီ "
လက်ဆွဲ၍ ရဝိန်တစ်ယောက်ပြန်မယ်ဆိုလာ၏။ ထို့ကြောင့် ကိဝီထိုင်ရာမှ ထရပ်လိုက်ချိန်
" ထားခဲ့၊ ပြန်ချင်ရင် နင်ဘာသာပြန်၊ နင်ကောင်လေးကို ထားခဲ့ "
" မထားဘူး "
ဧည့်ခန်းမှထွက်သွားရန် ပြင်လိုက်လျှင်
" ပြန်ထိုင်လိုက် မင်းရဝိန် "
" ကျွန်တော်တို့နှစ်ယောက်ကို သဘောတူပေး "
" အိုကေ အရင်ထိုင်လိုက် "
ဒေါ်ပျိုမဒီ၏ အပြောကြောင့် ကိဝီအနားတိုးကပ်လျက် မင်းရဝိန်ထိုင်နေလိုက်သည်။
" ဟင်း..."
ဒေါ်ပျိုမဒီ သက်ပြင်းချလိုက်သည်။ ပြီးလျှင် သားမောင်မျက်နှာကိုကြည်၍ မပြီးဆုံးသေးသော စကားအချို့ကို ဆက်ဆိုလိုက်သည်။
" သဘောမတူနိုင်ဘူးဆိုတာ "
စကားမဆုံးခင် ထပြောရန်ပါးစပ်ပြင်လာလေသူကြောင့် လက်ကာ၍ အမြန်တားလိုက်ရသည်။ မင်းရဝိန်ပြောချင်သော စကားတို့ကို ဝင်မပြောတော့ဘဲ ဆက်နားထောင်လိုက်သည်။
" ဒါပေမယ့် အန်တီသားအဖြစ်နဲ့ပဲ လက်ခံနိုင်
တယ်၊ ဒါကြောင့် မွေးစားသားလုပ်ရမယ် "
" ဗျာ ! "
" ရှုပ်သွားလား၊ ကောင်လေးကိုလည်း အန်တီက သားအဖြင့် မွေးစားချင်တယ်၊ ဒါမှအခြားသူတွေကို မိတ်ဆက်ရအဆင်ပြေတာပေါ့ မဟုတ်ဘူးလား "
" ကျေးဇူးပါ အန်တီ "
" မလိုပါဘူး၊ ဟိုကောင်လို့ ပြန်မပြောရင်ရပြီး ဟွန့် "
Advertisement
မျက်စောင်းထိုးကြည်၍ စကားဆိုလာသော မာမီကြောင့် ရဝိန်မျက်နှာချိုသွေးလိုက်သည်။
" မာမီကလည်းဗျာ၊ ကျွန်တော်စိတ်ပူသွားလို့ပါ "
" အမယ်လေးနော်...ပြောင်းလဲမြန်ချက်၊ ခုနက
ငါကို အန်တီကြီးလို့ပြောတာ ဘယ်တစ်ယောက်ပါလိမ့် "
" မာမီကို ဘယ်ကောင်ပြောတာလဲ၊ တွေ့လို့က တော့လေ..."
" ဘာဖြစ်မလဲ "
" ကိဝီနဲ့ပေးစားလိုက်မှာ "
" နစ်နာသွားပါအုန်းမယ် မင်းရဝိန် "
တစ်ယောက်မျက်နှာ တစ်ယောက်ကြည်ပြုံးနေကြသော ရဝိန်နှင့် အန်တီတို့သည် ခဏကမှ စကားများခဲ့ကြသူတွေမဟုတ်ခဲ့သည်အတိုင်း ပြုံးရွှင်နေကြပေသည်။
မျက်နှာအထက်သို့ ကျရောက်လာသော နေခြည်နုနုကြောင့် ကိဝီမျက်လုံးအစုံကို ဖွင့်လိုက်သည်။ နာရီကြည်လိုက်တော့ ၇ နာရီထိုးလုနီးပြီ။ မွေ့ယာဘေးတစ်ခြမ်းတွင် ရဝိန်တစ်ယောက်မှောက်ယက်လေးအိပ်နေဆဲ။
မျက်နှာသစ်၊ သွားတိုက်ပြီးစီးသည်အထိ ရဝိန်မနိုးသေး။ ထို့ကြောင့် အောက်ထပ်သို့ဆင်းသွားလိုက်လျှင် အလုပ်သမများကို တွေ့လိုက်ရပေသည်။ ထမင်းစားခန်းထဲ ဝင်လာခဲ့လိုက်လျှင်
" နိုးပြီးလား၊ လာထိုင် "
" ဟုတ်ကဲ့ အန်တီ "
" မာမီလို့ခေါ်၊ သားစားချင်တာ ကောင်မလေးတွေကိုပြောလိုက် "
ဘေးဘက်မှာ ရပ်နေသော အလုပ်သမတစ်ယောက်ကို ထမင်းကြော်စားချင်ကြောင်း ဆိုလိုက်သည်။
" အော်...ခဏနေ ရှေ့နေရောက်လိမ့်မယ်၊ သားအဖြစ်စာချုပ်မချုပ်ခင် မာမီတစ်ခုမေးချင်တယ် "
စာချုပ်စာတမ်းဖြင့် မွေးစားမည်လို့တော့ မထင်ထားခဲ့။ ဒီအတိုင်း သားအဖြစ်အမည်ခံမိတ်ဆက်ရန်ဟုသာ တွေးထင်ထားသော်လည်း ခု၌ အတည်လုပ်ချလာပေသည်။
" နာမည်က ကိဝီနော်၊ မှတ်ပုံတင်ထဲလည်း နာ မည်အပြည့်စုံကလည်း ကိဝီပဲလား "
" ကျွန်တော်မှတ်ပုံတင်နာမည်က မိုးထက်မြင့်ပါ၊ နာမည်ကနည်းနည်း... အဟမ်း သိပ်မသုံးဖြစ်ဘူးဗျ၊ ပြီးတော့ ကျွန်တော်က ခြံအလုပ်ပဲလုပ်တော့ နာမည်သုံးစရာမလိုဘူးလေ "
လည်းပင်အားလက်ဖြင့်ပွတ်သပ်လျက် စကားဆိုနေသော ကိဝီ တစ်နည်း မိုးထက်မြင့်။ ဒေါ်ပျိုမဒီ ရှေ့မှကောင်လေးကိုကြည်ပြီး ဂရုဏာသက်မိ သည်။ စုံးစမ်းသိရသလောက်တော့ ဆွေမျိုးများများ မရှိသူ၊ ပညာရေးဆုံးခန်းမရောက်ခဲ့ရသူ
စသော အခြေနေတို့ကိုသိခဲ့ရသော်လည်း မိမိသားချစ်မှတော့ မိမိလည်း လိုက်ချစ်ပေးရန် ဆုံးဖြတ်ထားသည်။
" သားမိုးထက်မြင့် "
နာမည်အရင်းအား ခေါ်လာသူကြောင့် ကိဝီမျက်နှာချင်းဆိုင်မှ သူထံသို့ ကြည်လိုက်မိသည်။ မျက်ရည်များဝေ့တတ်လာသည်အထိ ကြည်နူးမိသည်။ အရာရာနိမ့်ကျခဲ့သော ဘဝအခြေနေကြောင့် မွေးမိခင်ပေးခဲ့သော တစ်ခုတည်းသောအမွေဟုဆိုရမည် နာမည်ကိုပင် သိပ်မသုံးဖြစ်ခဲ့။ သုံးရန်လည်း မသင့်ပါလေ။ နာမည်သည်သာ
"မိုးထက်မြင့်" ဖြစ်သော်လည်း ဘဝအခြေနေမှာ မြေကြီးထဲဝင်မတတ်ရုန်းကန်ခဲ့ရသည် မဟုတ်ပါလား။ ထို့ကြောင့်လည်း ဒေါ်လေးခေါ်ခဲ့သော
"ကိဝီ"ဟူသော အမည်ကိုသာ အသုံးပြုဖြစ်ပေသည်။
" မငိုပါနဲ့ သား၊ မာမီက အမေတစ်ယောက်လို့မချစ်ပေးနိုင်ရင်တောင်မှ အစ်မကြီးတစ်ယောက်အနေတော့ မေတ္တာပေးနိုင်မှာပါ၊ မာမီကို အားကိုးလိုက်ပါ။ သားအနောက်မှာ မာမီအမြဲတမ်းရှိနေပေးပါမယ် "
မျက်ရည်စတို့ကို အသာအယာဖယ်ရှားပေး၍ စကားဆိုနေသူကြောင့် ကိဝီ ဝမ်းနည်း၊ ဝမ်းသာ ခံစားမိပေသည်။
" မာမီ "
" ပြော သား "
တုံ့ပြန်စကားလေးကြောင့် ဒေါ်ပျိုမဒီအား ဖက်ထားလိုက်မိသည်။ မမျှော်လင့်ထားသော နာမ် စားလေးအား ပိုင်ဆိုင်ခွင့်ရခဲ့၍ ဝမ်းသာကြည်နူး
မျက်ရည်များသည်လည်း အပြေးအလွှားခုန်ထွက်လာပေ၏။
" မာမီ "
Advertisement
- In Serial46 Chapters
Mindful Beauty
Damien Petrotti barricaded himself within his logical, black and white walls, believing there is no area for second chances, for grey areas, or messy emotions. When he first meets the quiet and soft-spoken Ella Cortesa, a Spanish, delicate girl, he can't help but dislike her naivety and ignorance of the world. He lives in the court, deciding between right and wrong, and she lives advising people, giving them psychological help. He's not as cold as she thinks, and she's not as naive as he thinks.A modern combination of mind over heart, or is it heart over mind?•••Ch. 39 Excerpt"Thank you for having the patience with me." Damien broke the silence, almost inaudibly when he began to feel Ella's full body trust him enough to begin to fall unconscious over him.Thinking that Ella wouldn't respond, Damien was ready to close his eyes and also go to sleep, but then he felt Ella's cold hand give him the smallest and most adoring squeeze on his warm fingers, her hum of something incoherent before she stilled completely, her breathing falling deeply.Even in her sleep, she could sense Damien, she would respond even in unconsciousness, and that made Damien's heart skip a beat."To say that you are my whole existence and life would be the biggest understatement, my Ella." Damien sighed, incredulous that he had been blessed with such a beautiful and extraordinary human.
8 215 - In Serial23 Chapters
My Bully || TAEKOOK ✓
"Taehyung." Jungkook pauses. "I want you." He softly bites my ear. "I want to kiss you more than you will ever know."****Trying to avoid the daily beatings of the school bully can be challenging. But what happens if the school bully has a crush on you?
8 189 - In Serial46 Chapters
Dear MinYoongi || myg [COMPLETED]
not just a diary. a diary for someone special ❤
8 187 - In Serial36 Chapters
The Dating Pact | ✓
"Ma, wait, listen to me first." I say and she halts in her way."I am in love. That's true. It's not an excuse. I did not tell you because the person I'm in love with wanted to keep it private." I continue.Her right eyebrow raises."I am not going to buy this excuse missy. Elaborate. Who is this person? What does he do? Give me a name at the very least." She says and my mind goes blank for a couple of seconds. I run my eyes across my room.My eyes settle on today's newspaper kept on the nightstand, and I take a peek at it.'Mehrotra Group of Restaurants' opening a new branch in Mumbai next month, says owner, Arjun Mehrotra.' is the headline my eyes manage to read."Arjun. His name is Arjun Mehrotra." I finally replied.****Shravya Arora is a happy go lucky accountant who loves her job behind the desk, playing with numbers. Her mother however is hell bent on finding a suitable guy for her and get her hitched as soon as possible. Shravya has no plans of marrying anyone not for the next couple of years atleast, but her mother just won't stop matchmaking and introducing her to suitable partners.To put a full stop to her mother's matchmaking, Shravya makes up a story. A story about her having a lover and that lover being, Arjun Mehrotra, owner of the largest chain of restaurants in Mumbai. Everything goes as per Shravya's plans for a while without Arjun Mehrotra knowing about her existence or about the fact that she's made him her fake lover, until her mother starts demanding for her fake boyfriend to make a real appearance in her life.To continue with the pretence Shravya approaches Arjun Mehrotra and requests him to enter into a dating pact with her. One that will benefit them both.Join me in this fun ride filled with humor and romance to know what happens Next.Cover Credits : cookiedough0104 (me)Copyright © Yumna 2021. All rights reserved.
8 74 - In Serial44 Chapters
BEDMATE.
in which taehyung climbs through jimin's window at night to share a bed with him.
8 85 - In Serial34 Chapters
Four of Clubs
❝𝘊𝘖𝘕𝘎𝘙𝘈𝘛𝘜𝘓𝘈𝘛𝘐𝘖𝘕𝘚. 𝘠𝘖𝘜 𝘏𝘈𝘝𝘌 𝘉𝘌𝘌𝘕 𝘈𝘊𝘊𝘌𝘗𝘛𝘌𝘋 𝘐𝘕𝘛𝘖 𝘛𝘏𝘌 𝘎𝘈𝘔𝘌. 𝘠𝘖𝘜𝘙 𝘛𝘌𝘈𝘔 𝘕𝘈𝘔𝘌 𝘐𝘚: 𝘍𝘖𝘜𝘙 𝘖𝘍 𝘊𝘓𝘜𝘉𝘚.❞Everyone at Rutherford High is familiar with the elite and anonymous group known as The Seven. When they announce a competition to win five thousand dollars, an unlikely group of students decide to band together in an attempt to win it all. But they aren't the only ones with their eyes on the prize, and with every challenge seeming more absurd than the last, they'll be forced to question just how far they're willing to go to win- and why.Join the Four of Clubs in their journey of friendship, romance, and excitement as they learn to work together to decipher the riddles and comple the dares that get them one step closer to victory.𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃 (𝐮𝐧𝐞𝐝𝐢𝐭𝐞𝐝) - 𝟖/𝟑𝟏/𝟏𝟖𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃 (𝐟𝐢𝐫𝐬𝐭 𝐞𝐝𝐢𝐭𝐬) - 𝟏𝟐/𝟐𝟖/𝟏𝟗
8 139

