《မောင့်ကိုချစ်ဖို့ မွေးဖွားလာပါသည်။》🌈အချပ်ပို(၄)🌈
Advertisement
ယခုဆိုလျှင် မာမီအိမ်၌အတူနေဖြစ်သည်မှာ
၃ လခန့်ရှိချေပြီး။ အိမ်ရှိအလုပ်သမများက "အစ်ကိုလေး" ဟုခေါ်ကြပေသည်။ သတင်းစာရှင်းလင်းပွဲပြုလုပ်၍ အမွေစားအမွေခံသားအ ဖြစ် မာမီပွဲထုတ်ခဲ့သည်မှာလည်း ၇ လစွန်းစွန်းရှိပြီး ဖြစ်၏။
အသီးခြံအလုပ်ကိစ္စများကိုလည်း အလုပ်သမားများဖြင့်တိုးချဲ၍ မာမီအသိများ၏မိတ်ဆက်မှုမှတစ်ဆင့် နိုင်ငံရပ်ခြားသို့ပင် တင်သွင်းအထိလုပ်ကိုင်ဖြစ်သည်။ ရဝိန်မှာတော့ ကုမ္ပဏီကိစ္စများကို ဦးစီးလုပ်ကိုင်ဆောင်ရွက်နေပေသည်။
မာမီသည် Queen စိန်တိုက်ကိုနာမည်ခံသာ
ဦးစီးပြီး သူ၏ girlfriend ဧကရီမင်းထက်ဆီသာ မကြာမကြာသွားနေတော့သည်။ ထို့ကြောင့် စိန်တိုက်အား စစ်ဆေးမှု၊ ကြိီးကြပ်မှုတို့ကို ရဝိန်
နှင့်ကျွန်တော်၏အလှည့်ကျတာဝန်ဖြစ်လာပေသည်။
" ထက်ငယ် "
အခန်းထဲဝင်ပြီး ကုတင်ထက်ထိုင်၍ စာရင်းများအားတွက်ချက်မပျက်ရှိနေသူထံ ခေါ်လိုက်သော် လည်း အကြည့်တစ်ချက်ပင်မရ။
" ထက်ငယ် "
ထပ်ခေါ်လိုက်သော်လည်း ထိုနည်း၎င်းမို့ အနားကပ်သွားလိုက်ပြီး အနောက်မှ သိုင်းဖက်ထားလိုက်လျှင်
" ပြန်ရောက်ပြီးလား "
" အင်း...ငါတို့တစ်အိမ်တည်း၊ တစ်ခန်းတည်းအတူနေပေမယ့် သိပ်မတွေ့ရတော့သလို့ပဲ "
ပခုံးတစ်ဖက်ပေါ် မျက်နှာလေးတင်ပြီး စကားဆိုလာသော ရဝိန်ကြောင့် ပြန်တွေးကြည်မိလျှင် ဟုတ်ပေသည်။ တစ်အိမ်တည်း၊ တစ်ခန်းတည်းအတူရှိနေသော်လည်း အလုပ်ကိုယ်စီဖြင့် အိပ် ချိန်လေးမှ တွေ့ရပေသည်။ တစ်ခါတလေဆိုရင် အလုပ်ပင်ပန်း၍ အတူတူပင် အိပ်ယာမဝင်နိုင်တော့။ ကြည်နူးမနေနိုင်တော့။
" ဒီနေ့စောပါလား။ အချိန်ပိုမရှိဘူးလား "
" အင်း...အလုပ်ကြောင်းမပြောကြရအောင်၊
ငါတို့အချစ်အကြောင်းပဲပြောရအောင် "
" ပြောစေ "
ဘေးအနားကပ်နေသော ရဝိန်ကြောင့် အလုပ်တို့ ကို ခဏနားလိုက်ပြီး မျက်နှာချင်းဆိုင်လှည့်လိုက်သည်။
" မေ "
" အင်း "
မေးလေးဆတ်ကာ ပြန်ထူးလိုက်လျှင်
" ကိဝီ "
" အင်း "
" မိုးထက်မြင့် "
" ပြော "
" ထက်ငယ် "
" ဘာလဲ "
" ချစ်တယ် "
" ဟားဟားဟား... ချစ်တယ်ပြောဖို့အရေး နာမည်ရာချီခေါ်စရာလိုလို့လား "
" ငါလည်းနာမည်အများကြီးလိုချင်တယ်၊ အဓိကတော့ မင်းဆီကသီးသန့်အခေါ်လေးရချင်တာ၊ ငါကို ယောကျာ်းလို့ခေါ် ပါလားဟင် "
" အခြားဟာ ရွေး၊ ခုကခေါ်ရတာအဆင်မပြေဘူး "
" တစ်ခါလောက်ပဲခေါ်ပါ၊ တစ်ခါတည်း "
လက်ညိုးလေးတထောင်ထောင်ဖြင့် တောင်းဆိုနေသူကြောင့်
" ငါမေးတဲ့မေးခွန်းကိုဖြေနိုင်ရင် ခေါ်ပေးမယ်၊ ဘယ်လို့လဲ "
" ရတယ် မေး မေး "
" လင်မယားနှစ်ယောက်တောထဲကို အတူသွားခဲ့တယ်၊ မိန်းမဖြစ်သူကို ကျားချီသွားရင် ဘယ်သူကျန်ခဲ့မှာလဲ "
" ယောကျာ်း "
" အေးပြော မိန်းမ "
ရဝိန်အဖြေပြောလာပြီးပြီးချင်း အမြန်ပြန်ထူးလိုက်၏။
" မင်းလူလည်ကျပြန်ပြီး "
" ဦးသူစားစတမ်းပဲလေ။ မင်းမကြားဘူးဖူးလား ရဝိန် "
" ဘာမှလာမဦးနဲ့၊ ဒီညတော့ မင်းကိုငါစားမှာ "
" သေချာလှကြီးလား "
" လုံးဝသေချာတယ်၊ ဒီည မာမီမရှိဘူး၊ မနက်လည်း အလုပ်မသွားရဘူးဆိုတော့..."
" ဆိုတော့...ဟားဟားဟား... ခွေးကောင် မကိုက်နဲ့ ၊ ငါဘာသာငါ့လမ်းလျှောက်ပါမယ် "
" ငါကိုအထင်သေးတာလား၊ မချီနိုင်ဘူးထင်လို့လား၊ ငါ gym ဆော့ထားတာ အလကားမဟုတ်ကြောင်းပြမယ် "
" မင်းခြေလှမ်းတွေယိုင်နေတယ်၊ ဟားဟားဟား... "
မိန်းကလေးတစ်ဦးအား ယောကျာ်းလေးက ချီနိုင်ရန်မှာ သိပ်လွယ်သည်မဟုတ်။ အခုလို့ ဆိုဒ်တူ၊ အရပ်တူ ယောကျာ်းတစ်ယောက်ကို ချီနိုင်ရန်မှာ ပိုလို့သာ မလွယ်ပေ။ ရုပ်ရှင်တို့၌သာ တစ်ချက်ပွေ့တိုင်း အဆင်ပြေပြေပါသွားတတ်ကြပေမယ့် လက်တွေ့မှာတော့...
➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡
လေလေးတဖြူးဖြူးတိုက်ခတ်နေသော ကန်ရေ
ပြင်အနီးရှိ မလေးရှားပိတောက်ပင်းကြီးအောက်တွင် စုံတွဲတစ်တွဲသည် ပူးကပ်ထိုင်လျက် ဘဝရှေ့ရေးအကြောင်းကို ဆွေးနွေးနေကြပေသည်။
" မောင့်တို့လက်ထက်ပြီးကြရင် မေကမောင့်ကို ဘယ်လို့ခေါ်မှာလဲ "
" ကိုချစ်မောင်လို့ခေါ်မယ်လေ "
" စိမ်းသက်လှချည်းလား မေရယ်၊ ရက်စက်ပါပေ့ "
" ခစ်ခစ်ခစ်...ဘယ်လို့ခေါ်သင့်လဲ၊ မောင့်တွေးကြည်လေ၊ မဟုတ်မှ...ဦးချစ်မောင်လို့ ခေါ်စေချင်တာများလားကွယ် "
" ယောကျာ်းလို့ခေါ် ပါလား "
ရင်ခွင်ထဲမှ မေမျက်နှာဘေးကို မျက်နှာအသာကပ်လျက် စကားဆိုလိုက်သည်။
" မခေါ်ပါဘူး၊ ကမ္ဘာပေါ်မှာ ယောက်ျားတွေသိပ်များတာကို ယောကျာ်းလို့ခေါ်ချင်ပါဖူး မောင်ရယ် "
မေအပြောသည်လည်းမှန်ပေ၍ ချစ်မောင်မှာ
အင့်တင်တင်ဖြစ်သွားရပေ၏။ သို့သော်လည်း ဘယ်လို့ခေါ်ခေါ်ပါလေ။ ချစ်နေဖို့ပဲလိုတာမဟုတ်ပါလား။
" ခုနေကမောင့်ခေါ်စေချင်တာက ဘယ်လို့ "
" ယောကျာ်းလို့လေ "
" ဘယ်လို့ ဘယ်လို့ မောင့် "
" ယောကျာ်း "
" ခေါ်စေ "
" မေမနောက်နဲ့ "
" ခစ်ခစ်ခစ်...တော်ပါပြီး၊ ပြန််ကြရအောင် "
ချစ်မောင်ထိုင်နေသောအပင်မြစ်ထက်မှ ထရပ်လိုက်ပြီး ပဒုမ္မာအထည် လက်လျှော့အင်္ကျီ၊ ထဘီပြောင်လေးနှင့် လှရက်နေသူမေထံသို့ လက်ကမ်းပေးလိုက်သည်။ ကမ်းလာသောလက်ကို
အားပြုလျက် ခင်လေးမေထိုင်ရာမှ ထရပ်လိုက် ၏။ ထို့နောက် မောင့်လက်မောင်းအား တွယ်ခိုကာဖြင့် လမ်းတစ်လျှောက် ချစ်စကားတီတီတာ တာဆိုလျက် အိမ်ပြန်လမ်းတွင် ချစ်သူနှစ်ဦး၏ ရင်ထဲ၌ ကြည်နူးပျော်ရွှင်နေလေတော့သည်။
Advertisement
- In Serial52 Chapters
I Can't Believe I Have the Girlfriend of My Dreams! - An Unromantic Love-Comedy Light Novel
Kazuki Kaneshiro is down on his luck. After being rejected by the school's "Ice Witch" Akane Yuki, he gets into an accident! Miraculously, he wakes up in the hospital with no injuries! As he tries to get back to his normal every-day life, he starts having weird dreams…where Akane Yuki is his girlfriend! So comes the unromantic-comedy of Kazuki trying to make his dreams a reality!
8 68 - In Serial26 Chapters
my roommate, seo 'binnie'? changbin x reader
"wow you look terrible." i was greeted by my lovely roommate. a changbin x reader story in which two university students who share the same art class have to share a dorm.y/n hates her roommate, her incredibly hot roommate, that is until she has to do a favour for him.but is her mental health strong enough to keep her going?what will happen?
8 86 - In Serial12 Chapters
How To Write A Book
Do you want to write a book but you don't know how? Well, I will help you. I will give you tips on how to write a book.
8 204 - In Serial64 Chapters
The March of the Black Queen (book III)
How did thee fare?What has thee seen?The mother of my children, threeI call her name...Underneath her love, my heart did stayI love the footsteps that she madeHere comes the black queen,We've only begun.
8 242 - In Serial47 Chapters
Allure.
Savannah had everything she had ever wanted.She had just graduated law school, been offered an associates position and had the most amazing friends she could wish for. Her life was perfect.... Until she meet Ryker King.Ryker was not Savannah's type at all. He was a rough bad boy biker with a shady past but she couldn't help but be drawn to him.Will his allure keep Savannah's attention and will something grow from their intense attraction?
8 181 - In Serial43 Chapters
The Marrying of ZIM
Can you learn to love someone that is the complete opposite of what you consider your type? Zim's life gets flipped upside down when her parents decided on an arranged marriage.
8 270

