Advertisement
"သီချင်းဆန်းလေးနဲ့ ရေးဖွဲ့မယ်
လာပါလည်ပါဦး
မြူနှင်းတေကျတဲ့ တောင်တန်းတွေအလယ်မှာ
လယ်ကွင်းတေစိမ်းလန်းလို့ တည်ရှိတဲ့နေရာ
လွင်ပြင်ငယ်လေးတစ်ခုနှယ် လှပနေတယ်
တို့ရဲ့မြို့ကရိုးသားတယ် အပြန်အလှန်ခင်ပါဦး
အစဉ်အမြဲပျူငှါရိုင်းပင်းလို့ ဆီးလို့ကြိုနေမှာ
အပြုံးပန်းလေးတွေပေးကမ်းလို့ လှူဒါန်းတဲ့နေရာ
ကြုံရင်တစ်ခေါက်လိုက်ခဲ့ကွယ် တို့မြို့ကိုကွယ်
လှမ်းလာပါ မင်းလှမ်းလာပါ
တို့ရဲ့မြို့က ကြိုဆိုနေလို့သာပါ
အရောက်လာပါ မင်းအရောက်လာပါ
အပြုံးပန်းလေးများမြင်ရင် ကြည်နူးစေမှာ
စစ်ကိုင်းတိုင်းရဲ့အနောက်ဘက်မှာ အလှပဆုံးပါ
လေယာဉ် ရထား ကားအစုံကွယ် ဘာနဲ့လာမှာလဲ
တောင်တန်းကြီးလည်း ဝိုင်းလို့ကာ တို့ကလေးမြို့ပါ
လာပါ လည်ပါ လိုက်ခဲ့ပါ
ထမင်းကျွေးမယ်ဗျာ"
သီချင်းခပ်တိုးတိုးညည်းလို့ မှန်တင်ခုံရှေ့ ကျောက်ပျဉ်ကြီးမှာ သနပ်ခါးတေ တဂျောင်းဂျောင်းသွေးနေတဲ့မောင်
မောင်ဟာလေ တစ်ခြားဟာကို လက်မြန်ခြေမြန်လုပ်ပေမယ့် အိပ်ယာထကတော့ အတော်ပျင်း၊ဒီနေ့က ကောက်ရိတ်ရမယ့်နေ့မို့ စောစောထရမှာလို့ပြောပြီး နှိုးစက်လည်းမချထားဘူး၊မနက်စောစောဈေးသွားတဲ့ ဆိုင်ကယ်သံတေကြားမှ နိုးလာရတာ။မောင်ဟာ အိပ်ပုတ်။
"ကဲပါ မောင်ရယ်... မြန်မြန်လုပ်ပါ ကြာရင် နေထွက်တော့မယ်...မောင်ပြောတော့ မလင်းခင် အခင်းထဲရောက်နေရတာဆို"
"သြော် မောင်က မောင့်အသက်လေးအတွက်ပါဗျာ...ဒီမှာကြည့် မောင်က လိမ်းထားပြီးပြီ...ဒါက မောင့်အသက်လေးစိုင်းလေးအတွက်"
"မောင်နော် ငါကမောင့်ထက်ကြီးတာကို...ခေါ်ပြန်ပြီလား"
"စူပုတ်မနေနဲ့တော့ ဒီမှာ လာလိမ်းတော့...မောင် ထမင်းသွားထည့်လိုက်မယ်"
"သွားသွား..မြန်မြန်လုပ်"
မောင်သွေးထားခဲ့တဲ့ သနပ်ခါးပစ်ပစ်က မျက်နှာပေါ်လိမ်းတော့ အနံသင်းသင်းမွှေးလို့။သနပ်ခါးဆိုတာကို မြင်သာမြင်ဖူးတာ တစ်ခါမှမလိမ်းဖူးဘူး။ဘေးအိမ်က ကလေးလိုပဲ ပါးနှစ်ဖက်ရယ် နဖူးရယ်ကို ဝလုံးပုံစံ နဲ့ မေးစေ့ကို တော့ အသာသပ်ချသလို လုပ်ပြီး နှာခေါင်းပေါ်ကိုတော့ မျက်ခုံးနှစ်ခုကြားကစပြီး အောက်ထိဆွဲချထားလိုက်သည်။ပြီးပြီ။
"မောင်ရေ...ဆိုင်ကယ်ထုတ်ထားလိုက်မယ်နော်...ဘာလုပ်နေတာလဲ"
"လာပါပြီဗျာ...မေ့နေမှာစိုးလို့ စဉ်းစားပြီးယူနေတာပါ"
ထမင်းချိုင့်သုံးဆင့်ချိုင့်နှင့် ကောက်ကောက်ကွေးကွေးတံဇဉ်တစ်ခုကိုပူးကိုင်ပြီး နောက်တစ်ဖက်က ခမောက်နှစ်ချပ်နဲ့ ရေဘူးတစ်ဘူး။
"နောက်ကပဲ တက်လိုက်တော့မောင်...ငါရှေ့ကမောင်းလိုက်မယ်"
"မမောင်းပါနဲ့ဗျာ...တောလမ်းတွေကျရင် လဲနေပါ့မယ် ဒါတေကိုင်ပြီးသာ နောက်ကနေ ငြိမ်ငြိမ်လိုက်ခဲ့ပါ"
မယုံတာလား ဘာလား ညာလားလုပ်ချင်ပေမယ့် ကြာရင် တောကိုရောက်တော့မှာမဟုတ်ဘူး။
"ရပြီ...မောင်းတော့..နည်းနည်းတောင်လင်းနေပြီ"
"နောက် ဆယ်မိနစ်ဆို ရောက်ပါတယ်ဗျာ...အလျင်မလိုပါနဲ့"
ချမ်းလိုက်တာဆိုတာလေ။ငြိမ်ငြိမ်နေတောင် ချမ်းပါတယ်ဆို ဆိုင်ကယ်ပါစီးနေရတော့ လေကတိုး။လက်နှစ်ဖက်ကို အင်္ကျီအိပ်ထောင်ထဲ ထည့်ရအောင်လည်း လက်က အားနေတာမဟုတ်။နောက်ကလိုက်ရတာတောင် အဲ့လောက်အေးနေရင် ရှေ့ကမောင်းနေတဲ့မောင်ကပိုအေးမှာပေါ့။လက်အိတ်ကလည်း လက်ထိပ်တေကို ဖြတ်ပြီးဝတ်ထားတာ။မောင် ဘယ်လိုတုန်း။အေးလို့ လက်အိပ်ဝတ်တာက လက်ချောင်းနေရာတေ ဖြတ်ထားရတယ်လို့။
ဟူး...
"အေးနေပြီလား...ရောက်တော့မှာ ခနလေး"
"အေးတယ် ပါးစပ်တေတောင်ရွဲ့သွားတော့မလားမသိဘူး...အမလေး အေးလိုက်တာ"
ကားလမ်းမကြီးကို ဖြတ်ပြီးတော့ လယ်ကွင်းတေဆီရောက်လာပြီ။ကားလမ်းမကြီးရဲ့ ဘေးတစ်ဖက်မှာကရွာ တစ်ဖက်မှာက လယ်ကွင်းတေ။
ဂွတ်
အာ့
ချိုင့်ခွက်ကိုဖြတ်စီးတော့ ဖင်နဲ့ ဆိုင်ကယ်နဲ့ဆောင့်ချလိုက်သလိုပဲ။ပတ်ဝန်းကျင်တစ်ခွင် လယ်ကွင်းဝါဝါရွှေရောင်တွေ။အရှေ့ကိုဆိုခြေလှမ်း နှစ်ဆယ်စာလောက်ပဲ မြင်ရတယ်။ရှေ့ကိုမမြင်ရတော့ဘူး။နေရောင်လည်းမဟုတ်သေးဘဲနှင့် ပုစွန်ဆီရောင်လို အရောင်လိုမျိုးက ရွှေရောင် စပါးပင်တေပေါ်မှာဖြာကျလို့။
"ဝါး...မောင်ရေး..လှလိုက်တာ"
"မှိုင်းတိုက်နေတာလေ...နေထွက်ခါနီးဆို လှတယ်"
"မိုက်တယ် မိုက်တယ်"
ထိုအချိန် တုံ့ခနဲရပ်သွားတဲ့ဆိုင်ကယ်။ရောက်ပြီလား။ဘေးပတ်ဝန်းကျင်တေ လှည့်ကြည့်လိုက်တော့ ကုန်းကုန်းကွကွတေနဲ့။လယ်ကွင်းတေ အများကြီးမှာ ဟိုနားတစ်ကွက် ဒီနားတစ်ကွက် လူစုစု စုစုနဲ့ ။
"လာ...ဟိုမှာ အပင်မြင်တယ်လား..အဲ့တာ ကိုကို ကြိုက်တဲ့ ဇီးသီးပင်"
"သြော်...ဇီးသီးတေလည်းရှိတာပဲ"
ဇီးပင်ဆီ အပြေးသွားဖို့ပြင်နေသူကို လက်ကဖမ်းဆွဲထားရသည်။ငါးပါးတေမှောက်တော့မည်လေ။
"အာ..ဘာလဲမောင်..ဇီးသီးသွားကောက်မလို့ကို"
"ဇီးပင်ကိုပဲ ကြည့်မနေပါနဲ့ဦး...အောက်ကိုငုံ့ကြည့်လိုက်ဦး"
ထိုအခါမှ မျက်လုံးပြူးနှင့် ပြောလိုက်သေးတာ။*မောင်ဆွဲထားလို့ ပြုတ်မကျတာ*တဲ့။မြောင်းကြီးလေ မြောင်းကြီး။လယ်ထဲကို ရေသွင်းဖို့ တူးထားတဲ့မြောင်းက အိမ်ဘေးတေမှာ တူးထားတဲ့မြောင်းတေလိုမဟုတ်ဘူး။အရပ်လောက်တေမှ ခပ်ကျယ်ကျယ်တူးရတာ။
"လာခဲ့...ဟိုနားလေးကနေ ကူးရတာ အခုက ခြောက်နေတာမလို့ ဆင်းကူးလည်းရတယ်"
မြောင်းကို ဟိုဘက်ဒီဘက် တင်ထားတဲ့ ဝါးလုံးသုံးလုံး။အပေါ်ကနေ လျှောက်သွားရတာ ချော်ကျမှာတော့ကြောက်ရသေးတာ။
"ကဲ..ရော့ ဒီမှာလာထိုင်စောင့်နေ...မောင်နားမှ အပင်ပေါ်တက်ပြီး လှုပ်ပေးမယ် အခုကို လျှောက်ရှာကောက်မနေနဲ့ဦး"
ဆာလာအိတ်အဖြူက ဘယ်ကတည်းက ဆိုင်ကယ်မှာ ညှပ်ထားသလဲတော့မသိ။အပင်ရိပ်အောက်မှာ ဖြန့်ခင်းပြီး ထိုင်ခိုင်းနေပြီ။
"အင်းပါ..အင်းပါ"
"အာ့ဆို သွားရိတ်လိုက်ဦးမယ်"
"ခဏ..ခဏလေး..ငါလေ..မောင့်ကိုအားနာလိုက်တာ...မောင်က ပင်ပင်ပန်းပန်းလုပ်နေရတာကို ငါကထိုင်ကြည့်နေရတာ"
"ဟား.ဟား ဘာများလဲလို့...ထိုင်တော့"
တစ်သက်နှင့်တစ်ကိုယ် စပါးရိတ်ရတာ ဒီလိုပြုံးပြုံးကြီးရိတ်ရမယ်လို့ ယံဖြိုးမောင်တို့ မထင်ခဲ့ပါလေ။ခုများတော့ မျက်နှာက မှိုရသလို ပြုံးဖြီးဖြီးနဲ့ ကုန်းကွပြီး စပါးပင်ခြေရင်းတေ အားကြီးနှင့် ဆွဲဆွဲဖြတ်ရတာတောင် သိပ်မမောသလိုပါပဲလေ။
_________
ဇီးပင်အောက် ထိုင်လိုက်ထလိုက် လမ်းလျှောက်လိုက်နှင့် ပျင်းလာပြီ။ဗိုက်လည်းဆာနေပြီ။မောင်က မနားသေးဘူး။
"မောင်ရေ...ထမင်းလာစားတော့လေ...ရှစ်နာရီထိုးတော့မယ်"
"လာပြီ..လာပြီ"
ကုန်းကုန်းကွကွနှင့် အပင်တေဆွဲဆွဲရိတ်နေတဲ့မောင်က တံဇဉ်ကိုလည်း အဲ့နားမှာတင် ထားခဲ့ပြီး ကန်သင်းပေါ်တက်လာသည်။သနပ်ခါးတေထူထူလိမ်းထားသော်လည်း နဖူးစပ်တေမှာ ချွေးတေစီးကျလို့ ပျက်ချင်နေပြီ။
"မောနေပြီလား...ခဏနားလိုက်ဦး"
"ကိုကို"
နားပါဆိုတာ လူကိုကြည့်နေတာ။တစ်ခုခုပြောချင်နေသလို။
"လှတယ်"
"ဟမ်"
"ကျနော့်ရဲ့ ကိုကိုက သနပ်ခါးနဲ့ လှတယ်လို့"
ရွှတ် ရွှတ်
ပြောရင်းနှင့် ပါးနှစ်ဖက်ကို ဘယ်ပြန်ညာပြန် နမ်းလိုက်ပါသော မောင်။ဘေးဘီကို အလန့်တကြားကြည့်မိတော့ မောင်ရယ်တယ်။
"ဘာရယ်နေတာလဲ..လူတေမြင်သွားရင် ဘယ်လိုလုပ်မလဲ"
"ကျနော်တို့ရောက်နေတာ တောနော် တော...ရွာထဲမှာမဟုတ်ဘူး..လူဆိုလို့ ဟိုးက စပါးရိတ်နေကြတဲ့သူတေနဲ့ ကိုကိုရယ် ကျနော်ရယ်ပဲရှိတာ...သူတို့ကလည်း သူတို့အလုပ်နဲ့သူတို့..ကျနော်တို့ ဒီ့ထက်မက ဘာလုပ်လုပ် သူတို့ဂရုမစိုက်ဘူးစိတ်ချ"
"မောင့်.....တော်ပြီ.တော်ပြီ..ထမင်းစားရအောင်"
ဆက်ပြောနေပါသေးတယ်။*မဟုတ်တာပြောနေတာကျလို့*တဲ့။သူပြောချင်တာ မသိတာကျလို့။
ထမင်းက တစ်ယောက်ကို ချိုင့်တစ်ဆင့် ဟင်းကတော့ လွယ်လွယ်ကူကူ လက်ဖက်သုပ်နဲ့။ဆိုတော့ ထမင်းအေးခေါက်ခေါက်နဲ့ လက်ဖက်သုပ်။စားလို့ကောင်းတယ်။
"မောင် လှုပ်ပေးမယ်ဆို"
"ဗျာ..ဘာ..ဘာရယ်"
ဘာလှုပ်ပေးရမှာလဲ။
အပေါ်ကို လက်ညိုးထိုးပြလာတဲ့ ကိုကို။မျက်နှာမှာ သနပ်ခါး ဝလုံးတွေနဲ့။စိတိရှိလက်ရှိလုပ်ပစ်လိုက်ရင် ကျော်မကောင်း ကြားမကောင်းတေဖြစ်နေဦးမယ်။
"ဇီးပင်လေးတော့ ထည့်ပြောပေါ့ ကိုကိုရယ်"
ပြောရင်းဆိုရင်း နဲ့ အပင်ခွကြားသာ တက်လိုက်တော့သည်။လှုပ်ပေးလို့ရမယ့် ကိုင်းဘက်ကိုကူးပြီး လှုပ်ချပေးလိုက်တော့ တဖြောက်ဖြောက်နဲ့။အောက်ကလူကတော့ ပြေးကောက်နေပြီ။ဒါမျိုးတေကြိုသိလို့ ဆားရယ် စပ်သီးရယ် စပါယ်ရှယ်ထောင်းထားတဲ့ဟာကို မမေ့မလျော့ယူခဲ့ရသေးသည်။အသက်ကလေး စားဖို့။
ဇီးသီးသာ အာရုံရှိနေပြီး လိုက်ရှာကောက်နေတဲ့သူ့ကြောင့် ကိုယ်လည်းလယ်ထဲပြန်ဆင်းပြီး အလုပ်လုပ်ဖို့ စတင်ရသည်။တံဇဉ်ကိုကောက်ကိုင်လိုက်စဉ်
"အား..အမေ့...မောင်ရေ.. မျှော့ မျှော့သားပေါက်လေး...မောင်ရေ...လာပါဦး"
ပြာပြာသလဲအော်ခေါ်နေတာကြောင့် အမြန်ပြေးရသည်။မျှော့ တဲ့။ဒီအချိန်က ရေလည်းမရှိပါဘူး မျှော့ထွက်ရအောင်။
"ဘယ်မှာလည်း ပြ...ပြ..ဘယ်မှာလည်း".
"မင်းဖအေက ဒီမှာ"
သူပြတဲ့နေရာက ပုဆိုးကို ဒူးအပေါ်ထိလှန်ထားပြီး ပြနေတာ။သေသေချာချာ ကြည့်လိုက်တော့မှ ခြေသလုံပေါ်မှာ သွားနေတဲ့ ကျွတ်။လက်နှင့် အတော်ဆွဲခွာရတာ တွယ်ပြီိဆိုရင်။တွယ်ထားတဲ့နေရာက သွေးနည်းနည်း ထွက်နေပြီ။
"အဲ့ဒါ မျှော့မဟုတ်ဘူး ကိုကိုရဲ့..ကျွတ်.လူသွေးစုပ်တဲ့ကျွတ်"
"ယားလာလို့ ကြည့်လိုက်တာ... မသိရင် အပေါ်ဆက်တက်ဦးမယ်ထင်တယ်နော်"
"နောက်နေ့ ဘောင်းဘီရှည်ပဲ ဝတ်..ကြားလား"
"အင်းပါ"
ခြေသလုံးပေါ်မှာတင်မသိဘဲနေရင် ပေါင်ထိ ဆက်တက်လောက်တယ်။ပေါင်ထိတက်ပြီးရင် အိုး..ခိုင်...မော့
ဒီလိုနဲ့ပဲ တစ်သက်နဲ့တစ်ကိုယ် ကြော့ကြော့လေးနေလာရတဲ့ အမောင် စိုင်းသုတ တို့ ယောက်ကျားနောက်လိုက်လာရာမှ ပထမဆုံး တောထဲရောက်ပြီး ကျွတ်တွယ်ခံခဲ့ရလေသည်။
14.10.21
ဖတ်ကြမလားဗျာ။
>>>>>>>>>>>>>>
Advertisement
- In Serial43 Chapters
Progression Farmer
Midday Sunson had nothing left to lose. Every morning he awoke not knowing if he would survive to see sunset, and as the hellish conditions of a plantation whose scale surpassed imagination continually destroyed him more each day, he knew his life would soon come to an end. But everything changed when he stumbled upon a magic ring. A ring with the power to make plants grow faster. The ring gave him hope, and hope gave him the strength to endure. I will add another sentence or two here later but holy hell is writing descriptions hard.
8 195 - In Serial32 Chapters
Drunks & Fanatics
Freshly anointed cleric Tessa Vivuk aspires to be a Hero after having been saved by one as a child. But when she attempts to join the Heroes' Guild, the doors are shut on her. Unwilling to give up, she joins the Adventurers' Guild and believes she can earn enough recognition to one day be recognized and become a Hero. But Hei Zhao and Torgrak have other plans for her. After quietly sabotaging Tessa's first quest, they offer to be her mentors. Promising to make her amongst the strongest in the world while secretly turning her into a living weapon. Unaware of what's to come, she accepts. However, Hei and Torgrak have been issued a special mission as Custodians of the Adventurers' Guild. The extermination of a cultist infested town. Seeing this as the perfect opportunity, they kidnap Tessa in the night and drag her along with them to reforge Tessa's first weakness: her self-confidence. (1st Arc Done) 7/7/2022: All past chapters have been condensed into 17. The story is slightly shorter than before and one chapter has been removed from the series as of current. I will be doing some organization of details before I start any work on the next story arc. I hope you enjoy and I will be continuing the series. Just doing some cooling off at the moment. :D
8 99 - In Serial15 Chapters
Life is Feudal
No OP stuff, status bars, levels or skills. This story is in favour of more realistic setting in a world of humans and various monsters. "Behind the mask of the assertive, resolute facade that employs ruthless routes at any given moment, lies the frail, anxious heart that were once but a puny human. Reviled and revered by many, none would ever know my true allegiance lies within myself, merely trying to survive this mess." Just the life of a grumpy man child living in a terrible piece of shit or a desolate state in which I call an alternate historical take on medieval Europe. Living as a peasant who is forced to take up arms to defend his own kin. This story grants an insightful take on the life of people living under constant danger, from vying nobles who commit atrocities in the name of justice, eager nations and barbarians aiming to take a piece of the bountiful land and mythical divine monsters who resembles a walking catastrophe in any possible way. [If you're easily offended by alternate-history religion and cultural practices, then you shouldn't read this.]
8 141 - In Serial23 Chapters
Ascension of the Outcast
"Helmet", a young noble whose life should have been smooth sailing ends up being the butt of a cruel joke by fate. Despite being the first born son of an illustrious mage family -- feared and revered in the Avdarth empire -- he finds himself totally and irremediably mana-less. Worst, he ends up disowned and shipped to a subsidiary family as a lab rat, for a perilous and life-threatening experiment. How will he survive in this cut-throat world where every living thing possesses mana? --------------------------------------------------------------------------------------------------------------------------------------------------------------------------- Seed art by me. https://postimg.cc/VScPThvW AI used : https://app.wombo.art/
8 106 - In Serial235 Chapters
Warrior of Fang
In the darkest times when the world was in ruin, a chosen one gifted with the light to vanquish the darkness is born. A never ending battle with the eternal dragon is fought throughout time, through generation after generation, guided by the talismans of old, an ancient awakening and a forgotten goddess. Alex Fang, a young Feles warrior, the new generation against the darkness has yet to discover his true family linage against the darkness, but it has already set its plans into motion to stop the light from winning His struggles shortly started after he receives his talisman passed down through his family at his sixth birthday, coming in contact with Dumah who carries a dark essence which corrupts those week to its influence. This dark influence slowly changes the kind-hearted king, creating conflict within the lands of Panthera, the darkness seeping into the land. Alex works hard to grow in rank to protect the one who he would give everything to protect from this darkness - princess Tigra. When his true awakening happens, he discovers the world seeped in a deeper darkness than he could have ever imagined, but will he succeed in vanquishing the darkness from his home.
8 105 - In Serial101 Chapters
Fun Facts!
Did you know that milk does not make your bones stronger? that Kids learn faster than adults? that sharks do not need sex anymore for reproduction? that sleep-deprived Teens are more likely to commit a crime? and eating chili can lead to longevity? Come and read more about it to know the real reason behind these fascinating, mind-blowing and weird science facts. ------#10 in funfacts#2 in randomfacts *Sources: reliable sites found in the internet world
8 108