Advertisement
"သီချင်းဆန်းလေးနဲ့ ရေးဖွဲ့မယ်
လာပါလည်ပါဦး
မြူနှင်းတေကျတဲ့ တောင်တန်းတွေအလယ်မှာ
လယ်ကွင်းတေစိမ်းလန်းလို့ တည်ရှိတဲ့နေရာ
လွင်ပြင်ငယ်လေးတစ်ခုနှယ် လှပနေတယ်
တို့ရဲ့မြို့ကရိုးသားတယ် အပြန်အလှန်ခင်ပါဦး
အစဉ်အမြဲပျူငှါရိုင်းပင်းလို့ ဆီးလို့ကြိုနေမှာ
အပြုံးပန်းလေးတွေပေးကမ်းလို့ လှူဒါန်းတဲ့နေရာ
ကြုံရင်တစ်ခေါက်လိုက်ခဲ့ကွယ် တို့မြို့ကိုကွယ်
လှမ်းလာပါ မင်းလှမ်းလာပါ
တို့ရဲ့မြို့က ကြိုဆိုနေလို့သာပါ
အေရာက္လာပါ မင်းအရောက်လာပါ
အပြုံးပန်းလေးများမြင်ရင် ကြည်နူးစေမှာ
စစ်ကိုင်းတိုင်းရဲ့အနောက်ဘက်မှာ အလှပဆုံးပါ
လေယာဉ် ရထား ကားအစုံကွယ် ဘာနဲ့လာမှာလဲ
တောင်တန်းကြီးလည်း ဝိုင်းလို့ကာ တို့ကလေးမြို့ပါ
လာပါ လည်ပါ လိုက်ခဲ့ပါ
ထမင်းကျွေးမယ်ဗျာ"
သီချင်းခပ်တိုးတိုးညည်းလို့ မှန်တင်ခုံရှေ့ ကျောက်ပျဉ်ကြီးမှာ သနပ်ခါးတေ တဂျောင်းဂျောင်းသွေးနေတဲ့မောင်
မောင်ဟာလေ တစ်ခြားဟာကို လက်မြန်ခြေမြန်လုပ်ပေမယ့် အိပ်ယာထကတော့ အတော်ပျင်း၊ဒီနေ့က ကောက်ရိတ်ရမယ့်နေ့မို့ စောစောထရမှာလို့ပြောပြီး နှိုးစက်လည်းမချထားဘူး၊မနက်စောစောဈေးသွားတဲ့ ဆိုင်ကယ်သံတေကြားမှ နိုးလာရတာ။မောင်ဟာ အိပ်ပုတ်။
"ကဲပါ မောင်ရယ်... မြန်မြန်လုပ်ပါ ကြာရင် နေထွက်တော့မယ်...မောင်ပြောတော့ မလင်းခင် အခင်းထဲရောက်နေရတာဆို"
"သြော် မောင်က မောင့်အသက်လေးအတွက်ပါဗျာ...ဒီမှာကြည့် မောင်က လိမ်းထားပြီးပြီ...ဒါက မောင့်အသက်လေးစိုင်းလေးအတွက်"
"မောင်နော် ငါကမောင့်ထက်ကြီးတာကို...ခေါ်ပြန်ပြီလား"
"စူပုတ်မနေနဲ့တော့ ဒီမွာ လာလိမ်းတော့...မောင် ထမင်းသွားထည့်လိုက်မယ်"
"သြားသြား..မြန်မြန်လုပ်"
မောင်သွေးထားခဲ့တဲ့ သနပ်ခါးပစ်ပစ်က မျက်နှာပေါ်လိမ်းတော့ အနံသင်းသင်းမွှေးလို့။သနပ်ခါးဆိုတာကို မြင်သာမြင်ဖူးတာ တစ်ခါမှမလိမ်းဖူးဘူး။ဘေးအိမ်က ကေလးလိုပဲ ပါးနှစ်ဖက်ရယ် နဖူးရယ္ကို ဝလုံးပုံစံ နဲ့ မေးစေ့ကို တော့ အသာသပ္ခ်သလို လုပ်ပြီး နှာခေါင်းပေါ်ကိုတော့ မျက်ခုံးနှစ်ခုကြားကစပြီး အောက်ထိဆွဲချထားလိုက်သည်။ပြီးပြီ။
"မောင်ရေ...ဆိုင်ကယ်ထုတ်ထားလိုက်မယ်နော်...ဘာလုပ်နေတာလဲ"
"လာပါပြီဗျာ...မေ့နေမှာစိုးလို့ စဉ်းစားပြီးယူနေတာပါ"
ထမင်းချိုင့်သုံးဆင့်ချိုင့်နှင့် ကောက်ကောက်ကွေးကွေးတံဇဉ်တစ်ခုကိုပူးကိုင်ပြီး နောက်တစ်ဖက်က ခမောက်နှစ်ချပ်နဲ့ ရေဘူးတစ်ဘူး။
"နောက်ကပဲ တက်လိုက်တော့မောင်...ငါရှေ့ကမောင်းလိုက်မယ်"
"မမောင်းပါနဲ့ဗျာ...တောလမ်းတွေကျရင် လဲနေပါ့မယ် ဒါတေကိုင်ပြီးသာ နောက်ကနေ ငြိမ်ငြိမ်လိုက်ခဲ့ပါ"
မယုံတာလား ဘာလား ညာလားလုပ်ချင်ပေမယ့် ကြာရင် တောကိုရောက်တော့မှာမဟုတ်ဘူး။
"ရပြီ...မောင်းတော့..နည်းနည်းတောင်လင်းနေပြီ"
"နောက် ဆယ္မိနစ္ဆို ရောက်ပါတယ်ဗျာ...အလျင်မလိုပါနဲ့"
ချမ်းလိုက်တာဆိုတာလေ။ငြိမ်ငြိမ်နေတောင် ချမ်းပါတယ်ဆို ဆိုင်ကယ်ပါစီးနေရတော့ လေကတိုး။လက်နှစ်ဖက်ကို အကျႌအိပ်ထောင်ထဲ ထည့်ရအောင်လည်း လက္က အားနေတာမဟုတ်။နောက်ကလိုက်ရတာတောင် အဲ့လောက်အေးနေရင် ရှေ့ကမောင်းနေတဲ့မောင်ကပိုအေးမှာပေါ့။လက်အိတ်ကလည်း လက်ထိပ်တေကို ဖြတ်ပြီးဝတ်ထားတာ။မောင် ဘယ်လိုတုန်း။အေးလို့ လက်အိပ်ဝတ်တာက လက်ချောင်းနေရာတေ ဖြတ်ထားရတယ်လို့။
ဟူး...
"အေးနေပြီလား...ရောက်တော့မှာ ခနေလး"
"အေးတယ် ပါးစပ်တေတောင်ရွဲ့သွားတော့မလားမသိဘူး...အမေလး အေးလိုက်တာ"
ကားလမ်းမကြီးကို ဖြတ်ပြီးတော့ လယ်ကွင်းတေဆီရောက်လာပြီ။ကားလမ်းမကြီးရဲ့ ဘေးတစ်ဖက်မှာကရွာ တစ်ဖက်မှာက လယ်ကွင်းတေ။
ဂွတ်
အာ့
ချိုင့်ခွက်ကိုဖြတ်စီးတော့ ဖင်နဲ့ ဆိုင်ကယ်နဲ့ဆောင့်ချလိုက်သလိုပဲ။ပတ်ဝန်းကျင်တစ်ခွင် လယ်ကွင်းဝါဝါရွှေရောင်တွေ။အရှေ့ကိုဆိုခြေလှမ်း နှစ်ဆယ်စာလောက်ပဲ မြင်ရတယ်။ရှေ့ကိုမမြင်ရတော့ဘူး။နေရောင်လည်းမဟုတ်သေးဘဲနှင့် ပုစွန်ဆီရောင်လို အရောင်လိုမျိုးက ရွှေရောင် စပါးပင်တေပေါ်မှာဖြာကျလို့။
"ဝါး...မောင်ရေး..လွလိုက္တာ"
"မှိုင်းတိုက်နေတာလေ...နေထွက်ခါနီးဆို လှတယ်"
"မိုက်တယ် မိုက်တယ်"
ထိုအချိန် တုံ့ခနဲရပ်သွားတဲ့ဆိုင်ကယ်။ရောက်ပြီလား။ဘေးပတ်ဝန်းကျင်တေ လှည့်ကြည့်လိုက်တော့ ကုန်းကုန်းကွကွတေနဲ့။လယ်ကွင်းတေ အများကြီးမှာ ဟိုနားတစ်ကွက် ဒီနားတစ်ကွက် လူစုစု စုစုနဲ့ ။
"လာ...ဟိုမွာ အပင်မြင်တယ််လား..အဲ့တာ ကိုကို ကြိုက်တဲ့ ဇီးသီးပင်"
"သြော်...ဇီးသီးတေလည်းရှိတာပဲ"
ဇီးပင်ဆီ အပြေးသွားဖို့ပြင်နေသူကို လက်ကဖမ်းဆွဲထားရသည်။ငါးပါးတေမှောက်တော့မည်လေ။
"အာ..ဘာလဲမောင်..ဇီးသီးသွားကောက်မလို့ကို"
"ဇီးပင်ကိုပဲ ကြည့်မနေပါနဲ့ဦး...အောက်ကိုငုံ့ကြည့်လိုက်ဦး"
ထိုအခါမွ မျက်လုံးပြူးနှင့် ပြောလိုက်သေးတာ။*မောင်ဆွဲထားလို့ ပြုတ်မကျတာ*တဲ့။မြောင်းကြီးလေ မြောင်းကြီး။လယ်ထဲကို ရေသွင်းဖို့ တူးထားတဲ့မြောင်းက အိမ်ဘေးတေမှာ တူးထားတဲ့မြောင်းတေလိုမဟုတ်ဘူး။အရပ်လောက်တေမှ ခပ္က်ယ္က်ယ္တူးရတာ။
"လာခဲ့...ဟိုနားလေးကနေ ကူးရတာ အခုက ခြောက်နေတာမလို့ ဆင်းကူးလည်းရတယ်"
မြောင်းကို ဟိုဘက်ဒီဘက် တင်ထားတဲ့ ဝါးလုံးသုံးလုံး။အပေါ်ကနေ လျှောက်သွားရတာ ချော်ကျမှာတော့ကြောက်ရသေးတာ။
"ကဲ..ရော့ ဒီမှာလာထိုင်စောင့်နေ...မောင်နားမှ အပင်ပေါ်တက်ပြီး လှုပ်ပေးမယ် အခုကို လျှောက်ရှာကောက်မနေနဲ့ဦး"
ဆာလာအိတ်အဖြူက ဘယ်ကတည်းက ဆိုင်ကယ်မှာ ညှပ်ထားသလဲတော့မသိ။အပင်ရိပ်အောက်မှာ ဖြန့်ခင်းပြီး ထိုင်ခိုင်းနေပြီ။
"အင်းပါ..အင်းပါ"
"အာ့ဆို သွားရိတ်လိုက်ဦးမယ်"
"ခဏ..ခဏေလး..ငါလေ..မောင့်ကိုအားနာလိုက်တာ...မောင်က ပင်ပင်ပန်းပန်းလုပ်နေရတာကို ငါကထိုင်ကြည့်နေရတာ"
"ဟား.ဟား ဘာများလဲလို့...ထိုင်တော့"
တစ်သက်နှင့်တစ်ကိုယ် စပါးရိတ်ရတာ ဒီလိုပြုံးပြုံးကြီးရိတ်ရမယ်လို့ ယံဖြိုးမောင်တို့ မထင်ခဲ့ပါလေ။ခုများတော့ မျက်နှာက မှိုရသလို ပြုံးဖြီးဖြီးနဲ့ ကုန်းကွပြီး စပါးပင်ခြေရင်းတေ အားကြီးနှင့် ဆွဲဆွဲဖြတ်ရတာတောင် သိပ်မမောသလိုပါပဲလေ။
_________
ဇီးပင်အောက် ထိုင်လိုက်ထလိုက် လမ်းလျှောက်လိုက်နှင့် ပျင်းလာပြီ။ဗိုက်လည်းဆာနေပြီ။မောင်က မနားသေးဘူး။
"မောင်ရေ...ထမင်းလာစားတော့လေ...ရှစ်နာရီထိုးတော့မယ်"
"လာပြီ..လာပြီ"
ကုန်းကုန်းကွကွနှင့် အပင်တေဆွဲဆွဲရိတ်နေတဲ့မောင်က တံဇဉ်ကိုလည်း အဲ့နားမှာတင် ထားခဲ့ပြီး ကန်သင်းပေါ်တက်လာသည်။သနပ်ခါးတေထူထူလိမ်းထားသော်လည်း နဖူးစပ်တေမှာ ချွေးတေစီးကျလို့ ပျက်ချင်နေပြီ။
"မောနေပြီလား...ခဏနားလိုက်ဦး"
"ကိုကို"
နားပါဆိုတာ လူကိုကြည့်နေတာ။တစ်ခုခုပြောချင်နေသလို။
"လှတယ်"
"ဟမ်"
"ကျနော့်ရဲ့ ကိုကိုက သနပ်ခါးနဲ့ လှတယ်လို့"
ရွှတ် ရွှတ်
ပြောရင်းနှင့် ပါးနှစ်ဖက်ကို ဘယ်ပြန်ညာပြန် နမ်းလိုက်ပါသော မောင်။ဘေးဘီကို အလန့်တကြားကြည့်မိတော့ မောင်ရယ်တယ်။
"ဘာရယ်နေတာလဲ..လူတေမြင်သွားရင် ဘယ္လိုလုပ္မလဲ"
"ကျနော်တို့ရောက်နေတာ တောနော် တော...ရွာထဲမှာမဟုတ်ဘူး..လူဆိုလို့ ဟိုးက စပါးရိတ်နေကြတဲ့သူတေနဲ့ ကိုကိုရယ် ကျနော်ရယ်ပဲရှိတာ...သူတို့ကလည်း သူတို့အလုပ်နဲ့သူတို့..ကျနော်တို့ ဒီ့ထက်မက ဘာလုပ်လုပ် သူတို့ဂရုမစိုက်ဘူးစိတ်ချ"
"မောင့်.....တော်ပြီ.တော်ပြီ..ထမင်းစားရအောင်"
ဆက်ပြောနေပါသေးတယ်။*မဟုတ်တာပြောနေတာကျလို့*တဲ့။
ထမင်းက တစ်ယောက်ကို ချိုင့်တစ်ဆင့် ဟင်းကတော့ လြယ္လြယ္ကူကူ လက်ဖက်သုပ်နဲ့။ဆိုတော့ ထမင်းအေးခေါက်ခေါက်နဲ့ လက်ဖက်သုပ်။စားလို့ကောင်းတယ်။
"မောင် လှုပ်ပေးမယ်ဆို"
"ဗ်ာ..ဘာ..ဘာရယ်"
ဘာလှုပ်ပေးရမှာလဲ။
အပေါ်ကို လက်ညိုးထိုးပြလာတဲ့ ကိုကို။မျက်နှာမှာ သနပ်ခါး ဝလုံးတွေနဲ့။စိတိရှိလက်ရှိလုပ်ပစ်လိုက်ရင် ကျော်မကောင်း ကြားမကောင်းတေဖြစ်နေဦးမယ်။
"ဇီးပင်လေးတော့ ထည့်ပြောပေါ့ ကိုကိုရယ်"
ပြောရင်းဆိုရင်း နဲ့ အပင်ခွကြားသာ တက်လိုက်တော့သည်။လှုပ်ပေးလို့ရမယ့် ကိုင်းဘက်ကိုကူးပြီး လှုပ်ချပေးလိုက်တော့ တဖြောက်ဖြောက်နဲ့။အောက်ကလူကတော့ ပြေးကောက်နေပြီ။ဒါမျိုးတေကြိုသိလို့ ဆားရယ် စပ်သီးရယ် စပါယ်ရှယ်ထောင်းထားတဲ့ဟာကို မမေ့မလျော့ယူခဲ့ရသေးသည်။အသက်ကလေး စားဖို့။
ဇီးသီးသာ အာရုံရှိနေပြီး လိုက်ရှာကောက်နေတဲ့သူ့ကြောင့် ကိုယ်လည်းလယ်ထဲပြန်ဆင်းပြီး အလုပ်လုပ်ဖို့ စတင်ရသည်။တံဇဉ်ကိုကောက်ကိုင်လိုက်စဉ်
"အား..အေမ့...မောင်ရေ.. မျှော့ မျှော့သားပေါက်လေး...မောင်ရေ...လာပါဦး"
ပြာပြာသလဲအော်ခေါ်နေတာကြောင့် အမြန်ပြေးရသည်။မျှော့ တဲ့။ဒီအချိန်က ရေလည်းမရှိပါဘူး မျှော့ထွက်ရအောင်။
"ဘယ်မှာလည်း ပြ...ပြ..ဘယ်မှာလည်း".
"မင်းဖအေက ဒီမွာ"
သူပြတဲ့နေရာက ပုဆိုးကို ဒူးအပေါ်ထိလှန်ထားပြီး ပြနေတာ။သေသေချာချာ ကြည့်လိုက်တော့မှ ခြေသလုံပေါ်မှာ သွားနေတဲ့ ကျွတ်။လက်နှင့် အတော်ဆွဲခွာရတာ တွယ်ပြီိဆိုရင်။တွယ်ထားတဲ့နေရာက သွေးနည်းနည်း ထွက်နေပြီ။
"အဲ့ဒါ မျှော့မဟုတ်ဘူး ကိုကိုရဲ့..ကျွတ်.လူသွေးစုပ်တဲ့ကျွတ်"
"ယားလာလို့ ကြည့်လိုက်တာ... မသိရင် အပေါ်ဆက်တက်ဦးမယ်ထင်တယ်နော်"
"နောက်နေ့ ဘောင်းဘီရှည်ပဲ ဝတ်..ကြားလား"
"အင်းပါ"
ခြေသလုံးပေါ်မှာတင်မသိဘဲနေရင် ပေါင်ထိ ဆက်တက်လောက်တယ်။ပေါင်ထိတက်ပြီးရင် အိုး..ခိုင်...မော့
ဒီလိုနဲ့ပဲ တစ်သက်နဲ့တစ်ကိုယ် ကြော့ကြော့လေးနေလာရတဲ့ အမောင် စိုင်းသုတ တို့ ယောက်ကျားနောက်လိုက်လာရာမှ ပထမဆုံး တောထဲရောက်ပြီး ွကျွတ်တွယ်ခံခဲ့ရလေသည်။
14.10.21
ဖတ်ကြမလားဗျာ။
>>>>>>>>>>>>>>
Advertisement
- In Serial19 Chapters
Sent to another world because my coupon didn't scan
Subi is struggling to make ends meet. Heck he can't even afford to eat anything but Ramen. However, after an incident with Truck-kun he is given a chance at a new life in a new world, and runs into a poor orphaned girl named Rem who wants to change the world for the better. What is he to do, but to try his best to help her. [participant in the Royal Road Writathon challenge] Full Image
8 171 - In Serial11 Chapters
Appreciate Human.
José believes humans are weak creatures. Some of us may die valiantly fighting for what we believe in, but many die due to simple things. Lives can be ended because you slept in the wrong position or you tripped down the stairs. What can a weak creature like José do when paired up against beings with abilities stronger than ever seen before? He'll have to embrace his human elements. José must learn to appreciate humans.
8 210 - In Serial9 Chapters
Point-Blank Purpose
Sixteen year-old Touma and his little sister Sana Tanaka have been forced from from their happy lives and dropped into a situation not befitting of children. Nobody knows anything as to why things are the way they are; not the police, not Touma, not anyone. However, Touma is determined to learn the reason for his and his sister's situation. Little does he know, a long path filled with hardships stands between him and the answers he seeks, and he will learn that this path cannot be traveled alone.
8 167 - In Serial18 Chapters
By Myself
The diurnal monsters worship the day, while the nocturnal creatures rule over the night. But nothing opposes two folks more than living on the same land at the same time. Humanity prospered until it reached a pre-industrial age where the largest cities observed the first long chimneys made in brick whereas the smaller villages still had to cut the forest's logs with their axe. But to get to this flourishing era, something had to be sacrificed.
8 197 - In Serial23 Chapters
Robert Morningstar
this is the adventure of a Nephilim who reached the top using his abilities
8 198 - In Serial3 Chapters
Thai BL Novel
BL Novels that I've stored in my collection + finished reading
8 201