Advertisement
5 နာရီတောင်ထိုးတော့မယ် မောင်ကမပြန်ခဲ့သေးဘူး။မနက်က သူတို့အမူအယာတေပြန်စဉ်းစားကြည့်တော့ ဘာလုပ်ဖို့သွားမယ်ဆိုတာ သိလိုက်တယ်။ပြီးတော့ပြောသွားတယ် ကြွက်ရထားတယ်တဲ့။ဒါ ထန်းရည်နဲ့ ကြွက်ကြော်နဲ့ စပါယ်ရှယ်ဆော်ကြမယ်ဆိုတဲ့သဘော။ထန်းရည်မက ဘာသောက်သောက် ဘာမှမဖြစ်ပေမယ့် အခုတော့ ထမင်းလည်းပြန်မစား မနက်ကတည်းကထွက်သွားတာ အခုထိ ပြူတစ်တောင် မထိုးလာ။ထမင်းမေ့ဟင်းမေ့ ဖြစ်ပျက်နေရအောင် သူတို့ကိုယ်သူတို့ ကိုးရီးယားဇာတ်ကားထဲက မင်းသားတေများထင်နေကြတာလား။စိတ်ပေါက်ပေါက်နဲ့ သူ့နောက်လိုက်ခေါ်မယ်ဆိုတော့လည်း မကောင်း။သူငယ်ချင်းတွေနဲ့ လွတ်လွတ်လပ်လပ်သာ နေစေချင်တယ်။
တီ~~တီ
မီးဖိုချောင်ဘက်က လှေကားထစ်ပေါ်မှာ ထိုင်နေရင်း ဆိုင်ကယ်ဟွန်းသံကြားရတယ်။အိမ်ရှေ့ဘက်မှာ လှေကားတစ်ခုနဲ့ မီးဖိုချောင်ဘက်မှာလည်း လှေကားထစ်လး သုံးဆင့်လောက် လုပ်ထားသေးတယ်။အိမ်ကသိပ်မကြီးပေမယ့် လှေကားက ရှေ့တစ်ခုနောက်တစ်ခုလုပ်ထားတာ။အိမ်ပေါ်ထက် တစ်ဆက့်နိမ့်ထားတဲ့ မီးဖိုချောင်လေးကနေ အပြင်ကိုစွယ်ချသလိုမျိုး လုပ်ထားပြီး သုံးဖို့ရေပုံးနှစ်ပုံးလောက် ခပ်တင်ထားပြီး ပန်းကန်ဆေး ဆန်ဆေး လက်ဆေးဘာညာ အိမ်အောက်ထိ ဆင်းနေစရာမလို။ထမင်းဟင်းချက်တော့မယ်ဆို ရေနှစ်ပုံးအပြည့်ခပ်ထားလိုက်ရင် လောက်တယ်။
ဟွန်းသံကြာင့် မောင့်ကို လာပို့တာလားအပြေးသွားကြည့်လိုက်ပေမယ့် မောင်မဟုတ်။
"သြော်..သား...ဈေးဖိုးလာပေးတာ"
"ဟုတ်ကဲ့ အန်တီ...ဘယ်လောက်ရလဲ..ဟီး"
"ကန်စွန်းရွက်က 4000 ၊နံနံပင်က 2000 ဆိုတော့ 6000 ငါက 1000 ယူမယ်နော်"
"ဟုတ် ဟုတ်"
"ဟဲ့...နင့်ယောက်ျားက ဘယ်သွားတုန်း"
"သူ့သူငယ်ချင်းတေနဲ့ အပြင်ထွက်သွားတာဗျ...မပြန်ခဲ့သေးဘူးရယ်"
"သြော်...သွားပြီ သွားပြီ.."
ဒီငါးထောင်ကိုတော့ မသိမ်းလိုက်တော့ဘူး။သုံးစရာရှိတာလေးသုံးရအောင် လွယ်လွယ်ပဲ ထားလိုက်တယ်။ဖုန်းဘေလ်ဖိုးတို့ ဘာတို့က ခြံထဲက ဟင်းသီးဟင်းရွက်တေ ဈေးထဲရောင်းတာနဲ့ လောက်ငှတယ်။
ကြာရင်မှောင်တော့မယ် မပြန်ခဲ့သေးဘူး။မောင်ဟာလေ။ပြန်များမပြန်နိုင်လို့ လဲများနေသလား။လဲနေရင်လည်း သူ့သူငယ်ချင်းတေက ပို့ပေးကြမှာပါ။မူးမူးနဲ့ ပြဿနာတေများ တက်နေကြသလား။ရန်တေဘာတေဖြစ်ရင် မောင်ကမူးနေတော့ နိုင်မှာမဟုတ်ဘူး။ဒဏ်ရာတေဘာတေရလို့များ မပြန်နိုင်တာလား။စိတ်ဆိုးတာကနေ တဖြည်းဖြည်းနဲ့ စိတ်ပူလာပြီ။မျှော်ရတဲ့သူရင်မောအောင် မောင်သိပ်လုပ်တာပဲ။
"အဓိပတိလမ်းမပေါ်မှာ...လျှောက်ဖူး..ခဲ့ပါသည်
ဇီးပင်အောက်ကခုံတေမှာ...ထိုင်ဖူးခဲ့ပါသည် အေ့...ကံ့ကော်ပင်အောက်မှာ..မထိုင်ဖူးဘူး..ဇီးပင်အောက်မှာပဲ ထိုင်ဖူးတာ..အဟီး..ဂစ်"
ဘုရား ဘုရား။မောင့်အသံ။ဒါ မောင့်အသံစစ်စစ်။အိမ်ပေါ်မှာ မှောင်နေပြီမလို့ ဘက်ထရီသွားချိတ်တုန်း တော်တော်ကြီးကို နားဝင်ဆိုးလှတဲ့ အရက်သမား အသံက နားထဲကို ဝင်လာတယ်။ခြေလျင်ကြီး ပြန်ခဲ့တာလား။မပို့ပေးလိုက်ကြဘူးလား။
"အဟီး...မောင့်ယောက်ျားလေး..အချစ်လေး..ဟီဟီ..ဂေ့လ်"
အိမ်အောက်မြန်မြန်ပြေးဆင်းကြည့်တော့ မောင်ရယ်လေ ခြံဝန်းအပေါက်မှာ စိုကိထားတဲ့တိုင်ကြီးကြီးကို မှီပြီး ကျွတ်နေတဲ့ ပုဆိုးကို လက်နှစ်ဖက်နဲ့ ကိုင်ထားတာ။တအေ့အေ့ တဂေ့လ်ဂေ့လ်နဲ့ မြင်းများလို တဟီဟီရယ်ပြနေတယ်။အပြစ်လုပ်ထားလို့ မျက်နှာချိုသွေးနေတာ။ဒီကတော့ အတွေးများပြီး စိတ်ကပူရသေးတယ်။သူကတော့ သာသာယာယာ။
မှီထားတာကနေ အရှေ့ဟပ်ထိုးလဲတော့မယ့် မောင့်ကို အမြန်ပြေးထိန်းရသေးတယ်။ပြေးထိန်းလိုက်တော့မှ ခန္ဓာကိုယ်ကြီးတစ်ခုလုံး မှီကျလာတော့တာပဲ။လက်တစ်ဖက်ကို ပုခုံးပေါ်တင်လိုက်တော့ ပုဆိုးကိုင်ထားတဲ့လက်က တစ်ဖက်လွတ်သွားလေတယ်။လျော့ရဲသွားတဲ့ ပုဆိုးကို စုပြီးမှ လက်တစ်ဖက်ထဲ သေချာစုထည့်ပေးလိုက်တယ်။တော်ကြာ ကွင်းလုံးကျွတ်နေမှ မမြင်သင့်တာတေ မြင်နေရဦးမယ်။
"တွေ့မယ် တွေ့မယ်...မနက်ရောက်မှတွေ့မယ်...အခုပြောရင်လည်း ဘာမှမှတ်မိမှာမဟုတ်ဘူး...မျက်လုံးလေးဖွင့်လျှောက်စမ်းဦး"
"ရား...ငါကဆေးသမား..အေ့..ရှင်း ရှင်းပြောရင် အေ့..ငါက ဘိန်းစား..ရား..အေ့လ်"
"မောင် *. .ဘာတေဆိုနေတာလဲ...မူးမူးရူးရူးနဲ့"
"ဟမ်..ဟမ်..ကိုကို ဘာဖြစ်တာလဲ...ဘာဖြစ်တာလဲ"
"ဘာမဖြစ်ဘူး... လှေကားတက်တော့မှာ...ကိုယ့်ကိုထိန်းဦး"
အော်လိုက်တဲ့ အသံက နည်းနည်းတော့ထိရောက်တယ်ထင်တယ်။အမူးသမားက ပြူးပြူးပြဲပြဲနှင့် ဘာဖြစ်တာလဲ ထမေးနေတယ်။ဖြစ်နေရင်တောင် သူက ဘာလုပ်နိုင်မှာကျလို့။
"ရား...ငါက"
"မရားနဲ့...တိတ်တိတ်နေ...ပါးစပ်ပိတ်ထား"
သူ့လက်တစ်ဖက်ကို ခေါင်းပေါ်ကနေကျော်ပြီး တစ်ဖက်ကကိုင်ထား နောက်လက်တစ်ဖက်က သူ့ခါးကို ဖက်ထားပြီးမှ လှေကားထစ်ကို တစ်ဆင့်ပြီးတစ်ဆင့် အမောတကောတက်ရတယ်။
ဘုန်း
အာ့...အေ့
ခြံဝကနေ တွဲလျှောက်လာရတာ အိမ်ပေါ်ရောက်တော့လူကမောနေပြီ။အိမ်ပေါ်ရောက်ရောက်ချင်း တွဲထားတာကို လွှတ်ချလိုက်တော့ ဒူးကြီးထောက်ပြီး လေးဘက်ကုန်းကြီး။လေးဘက်ကုန်းကြီးကနေမှ မထိန်းနိုင်လို့ တစ်ခါပြန်လဲကျပြီး ပက်လက်ကြီးဖြစ်သွားပြန်ပြီ။
အေးလို့ထင် ဘေးနားကို တစမ်းစမ်းလုပ်နေတယ်။ပါးစပ်ကလည်း ဘာတေပြောမှန်းမသိဘူး။ဆေးသမား သီချင်းကိုများ ဆက်ဆိုနေသလားနေမှာ။
နောက်ဆုံးတော့ စောင်ရှာမတွေ့လို့ ပုဆိုးဆွဲခြုံပြီး ကွေးပြီ။ပါးစပ်ကလည်း တဖူးဖူးနဲ့။အမူးသမားကို စိတ်ပျက်လက်ပျက်နဲ့ပဲ ခါးပေါ်လက်ထောက်ပြီး ကြည့်နေလိုက်တယ်။ဘယ်လောက်တောင် လူမှန်းသူမှန်းမသိလည်းဆို လှေကားထိပ်မှာတင် ချပေးလိုက်တာ ချပေးတဲ့နေရာမှာတင် ပုဆိုးဆွဲခြုံပြီး ကွေးနေသတဲ့။တစ်ညလုံး ဒီတိုင်းထားရင်တောင် ဘာမှသိမယ့်ပုံမပေါ်ပေမယ့် မထားနိုင်တဲ့သူကပဲ လုပ်ပေးရတယ်။
ဗီဒိုထဲက အိပ်ယာခင်းတဲ့ စောင်အနွေးကို ထုတ်ပြီး အိမ်ခန်းအပြင်ဘက်မှာ ကပ်ပြီးခင်းထားလိုက်တယ်။ခင်းထားတဲ့စောင်ပေါ် ဘယ်လိုတင်ရမလဲ စဉ်းစားလိုက်တော့ ဦးနှောက်တေပြားချင်သွားရပြန်တယ်။
ိမောင်က အရက် ဆေးလိပ် ကွမ်း လောင်းကစား ကင်းစင်နေတဲ့သူမဟုတ်။ယောက်ျားလေးသဘာဝ အကုန်စုံအောင်လုပ်တယ်။ကွမ်းလည်းတစ်ခါတစ်လေ ဝယ်စားတယ်။အရက်သောက်တတ်ပေမယ့် လက်ထပ်ပြီးကတည်းက အခုလိုထိ မူးနေအောင် မသောက်ဘူး။ဒီနေ့မှသာ။ဖဲလည်း ရိုက်တတ်သလို လောင်းလည်းလောင်းတယ်။တစ်ခါတစ်လေဆို သူများကြက်နဲ့ ကြက်ပါတိုက်သေးတာ။ ဝင်ငွေလည်း ကောင်းကောင်းရှာနိုင်သလို အသောက်အစား အပျော်အပါးလည်း အကုန်လုပ်တဲ့မောင်။မိန်းမကိစ္စမရှုပ်တာတော့ မောင်ကတော်တယ်။သူများပစ္စည်းလည်းမခိုးဘူး။သူများကိုလည်းမတရား အနိုင်မကျင့်ဘူး။မောင်က လူကောင်းလေးတစ်ယောက်ပါ။
အိုက်ယား....
ပုဆိုးခြုံကွေးနေသူကို ခြေထောက်တစ်ဖက်ကနေ ဆွဲပီး ဖြန့်ထားတဲ့စောင်ပေါ်တင်ရတယ်။မတတ်နိုင်။ဒီလိုမှမသယ်ရင် သူ့ခန္ဓာကိုယ်ကြီးကို မနိုင်။အိပ်ယာပေါ်ရောက်ပြီဆိုမှ အခန်းထဲက သူခြုံတဲ့ စောင်ကြီးကို ထပ်ခြုံပေးရတယ်။
ဖူး...ဖူး
လေတေတောင်မှုတ်ထုတ်ပြီး အိပ်နေလိုက်တာများ။ဆင်တက်နင်းသွားတောင် သိလိုက်မယ့်ပုံမရှိဘူး။ချဉ်စုတ်ဖတ်စော်နံနေတဲ့ အမူးသမားကိုတော့ အခန်းထဲ မသိပ်နိုင်။တော်ကြာ အန်နေမှ ဒုက္ခရောက်ကုန်မယ်။
ဖတ်
ပက်လက်အိပ်နေသူရဲ့ နဖူးပြောင်ပြောင်ကို လက်ဝါးနဲ့ ခပ်ဆတ်ဆတ်တစ်ချက်ရိုက်လိုက်တယ်။မျက်ခုံးလေး ကျုံ့သွားတယ်။
ပြွတ်စ်
ခနကရိုက်ထားတဲ့ နဖူးနေရာကိုပဲ နာသွားမှာစိုးလို့ ဥုံဖွလုပ်ပေးလိုက်တာလေ။
♥♥♥
အောက် အီး အီး အွတ်
ချမ်းနေလည်း ကြက်တေကတော့ အချိန်မှန်ပဲ။မချမ်းတတ်ကြဘူးလား မသိပါ။လူကသာ ချမ်းလို့ အိပ်ယာထဲကမထွက်ချင်သေးပေမယ့် မိုးကတော့လင်းနေပြီ။အိမ်ခေါင်မိုးပေါ် ကျနေတဲ့ နှင်းစက်သံတို့က တဖြောက်ဖြောက်။အပြင်ကလူကတော့ တော်တော်မှ အိပ်ကောင်းရဲ့လားမသိပါ။
ဝှါး
ခြေတေလက်တေ အညောင်းဆန့်ပြီးမှ စောင်ထဲကထွက် စောင်ကိုခေါက်ပြီး ထွက်ခဲ့လိုက်သည်။စောင်ထဲမှာကွေးကွေးလေး မျက်နှာတစ်ဝက်လောက်ပဲဖော်ပြီး အိပ်နေတဲ့ သူကြောင့် တစ်ချက်ပြုံးလိုက်မိတယ်။နိုးလာရင် မနေ့ကဒဏ်တေ ပျော်ပျော်ကြီး ခံလိုက်ပေဦးပေါ့။ပစ်ထားလိုက်ဦးမယ်။
♥♥♥
ဝေါ့ အဟွတ် အဟွတ်..ဖွီး
"ကိုကိုရေး"
မပြောဘူးလား။မြေကြီးနဲ့ လက်နဲ့ ပုတ်တောင်လွဲချင်လွဲဦးမှာ။
"ကိုကိုလို့"
"ဟမ်...ဘာလဲ...ပြောလေ"
အိမ်နောက်ဖေးမှာ အသည်းအသန် လေတေချည်း အန်ပြီး ရေနွေးအိုးတည်နေတဲ့ ဆီလာပြီး အိမ်အောက်ကနေ အပေါ်ကို သနားကမားလှမ်းကြည့်ပြီးခေါ်နေတာ။ဆံပင်က စုတ်ဖွားဖွားနဲ့ မျက်နှာက အူလို့။မျက်နှာက မသက်မသာပုံစံနှင့်။ရယ်ချင်တာကို မနည်းထိန်းပြီးပြောလိုက်ရတယ်။
"ဘာမဟုတ်တော့ပါဘူး...ကိုကို လုပ်စရာရှိတာလုပ်ပါ"
ပြောပြီး ငိုင်တိုင်တိုင်နဲ့ ရေတွင်းရှိရာဆီ လျှောက်သွားတယ်။သူထွက်သွါးပြီးမှ အသံမထွက်အေါင် ကြိတ်ရယ်လိုက်မိပြီ။တစ်ခုခု လုပ်ပေးစေချင်ပေမယ့် မပြောရဲလို့ မပြောသွားရှာဘူး။နေပေါ့လေ။နေနိုင်မလား ကြည့်ရသေးတာပေါ့။
♥♥♥
18.10.21
Advertisement
- In Serial13 Chapters
A Fractured Soul
A man that's trying to get rid of his worst self, against a world which demands it for his survival. Vali struggles to better himself, but every step he takes forward is two steps back. On his last day on Earth, his temper costs him his last friend. On his first day in the new world, it earns him a friend. Will the new world humanity has to live in, and the new normal it brings create a place for him to fit? Or will he still be his own worst enemy, even amidst monsters and humans alike ready to kill him at the first opportunity? - On a break indefinitely. I want to finish some other projects first before this. Here's the Discord server.
8 192 - In Serial6 Chapters
The Demon King Shall Save The World
He left a promise broken... Before his death the one known as the Demon King left a promise broken, in the end he'd failed. Failed to create a place of peace for those persecuted as monsters, failed to do right by the memory she left, failed to save those that had supported him through his war against man, elves, dwarves and the gods themselves. His only solace; that he would meet his old friends once more in death. But it seemed the gods would refuse to grant him even that... By unknown means he is forced into the body of his four-year-old self and burdened with the task to fulfill the promises he'd broken. To find a path to peace when about him all called for war, gather friends and allies not just monster, not just human, his goal to turn the very order of the world upon its head while forces far greater than he imagined moved against him. With this new life he must put right what he had made wrong, No matter how steep the road ahead.
8 141 - In Serial7 Chapters
Some heroes become evil so as to remain hero
There are some lives that are stained with darkness but they manage to remain good. Such is the case with a young boy named Xeron, who has a secret attached to him that will remain with him as long as he is alive. In a fantasy world where power is everything and the evil people can make use of the law, he stands against them.
8 142 - In Serial10 Chapters
An Otherworldly Tale: The Girl
A journey through a young girls broken mind. It may be a bit over the top sometimes.
8 151 - In Serial178 Chapters
The Fragile Monster Lord
A Story About a guy who choose to leave his world by accident and gained the ability to control monster will he survive with his fragile body ?!(I am no good with descriptions comment down bellow and tell me good description please)I edited the previous chapters on this site ! https://kakemonoko.wordpress.com/
8 678 - In Serial20 Chapters
19 reasons Everyone Should Want To Be A Hufflepuff
Book #1 of the Hufflepuff reason series Why would you want to be a show-off Gryffindor or a snobby Ravenclaw when you could be a super chill Hufflepuff and a decent human being? Every Potter fan knows that Hufflepuffs get a bad rep.If you're a Hufflepuff, you have to put up with a lot of haters.And disappointments.So I'm gonna let you see the facts why you would want to be a Hufflepuff!And who is the one that will know this the best? Hufflepuff house ghost of course!!Cover by @LadybirdCookie
8 164