Advertisement
"မနေ့က သားငယ်...လမ်းတောင်ကောင်းကောင်းမလျှောက်နိုင်ဘူးဆို"
"ဟုတ်တယ်အမေ့...မနက်ကတည်းက သူ့သူငယ်ချင်း ထွဋ်ခေါင်နဲ့သွားကြတာ ညမှောင်မှ ပြန်ရောက်တာ"
"ဒီကလေးတေကတော့လေ...ညကျ သူ့အဖေကို လွှတ်လိုက်ဦးမယ်...အဲ့မှာ ဆူပလေ့စေ"
"အာ...ဟုတ်ကဲ့...ရပါတယ် သူက အမြဲတမ်းကြီး သွားနေတာမဟုတ်ပါဘူး"
မုန်ညင်းဖူးကိုပေါင်းထားတယ် လာယူဆိုလို့ ခွက်တစ်ခွက်ယူပြီးရောက်လာတော့ မနေ့ကသတင်းက မွှေးနှင့်ပြီ။တကူးတကကြီး လာဆူမယ်ဆိုတော့လည်း မဆူစေချင်ပါ။မောင်က တအားကြီးဆိုးနေတာမျိုးမှမဟုတ်တာ။
"သားကြီးလည်း အလိုလိုက်မနေနဲ့....အလိုလိုက်လို့ ကောင်းတဲ့ကောင်မဟုတ်ဘူး...ဒါနဲ့ လက်သမားကလိုက်ဦးမှာလားမေးလိုက်ဦး... လက်သမားအဖွဲ့ထဲမလိုက်တော့ဘဲ အလုပ်ပြောင်းချင်သလိုလို ကြားတယ်"
"ဟုတ်ကဲ့...မေးကြည့်လိုက်ဦးမယ်...အခုတော့ ပြန်လိုက်ဦးမယ်နော အေမ့"
"အေးအေး..သွားသွား"
ပြောရင်းနဲ့ အငွေ့တထောင်းထောင်းထနေတဲ့ မုန်ညင်းဖူးပေါင်းခွက်ကို ကမ်းပေးသည်။မောင့်အမေကတော့ သူ့သားထက်ကြီးလို့ ကျနော့်ကို သားကြီးလို့ခေါ်တယ်။မောင့်ကိုတော့ သားငယ်။သားကြီး သားငယ်ခေါ်ပြီး ဟုတ်လို့။သားလေးတစ်ယောက်တည်းရှိလို့ ချွေးမလေးလိုချင်ခဲ့ပေမယ့် သမက်ရတော့လည်း သားနှစ်ယောက်ရသလိုပါပဲ လို့ အမြဲပြောတယ်။မောင့်အဖေကတော့ နဂိုထဲက ခပ်အေးအေးမို့ထင်သည်။လိုတာထက်ပိုမပြော။
ဘာပဲပြောပြော။မောင့်မိသားစုထဲ ဝင်ခွင့်ရတာ ကံကောင်းမှုတစ်ခုပါလေ။အစကတည်းက သဘောမတူတာမျိုး ကန့်ကွက်တာမျိုး မရှိခဲ့ဘူး။ကျနော့် မိဘတေကသာ ခါးခါးသီးသီးမို့ အခုလို အကုန်လုံး အဆက်အသွယ်ဖြတ်ပြီး မောင့်နောက်လိုက်ခဲ့လိုက်တာ။ဒါတောင် မောင့်မိဘတေက လိုက်ပြီးတောင်းရမ်းပေးမယ်ပြောသေးတာ။ကျနော်က လက်မခံခဲ့တာ။အဲ့အချိန်မှာများ သူတို့မျက်စိရှေ့ ကျနော်ရောက်သွားခဲ့ရင် မောင့်ဆီကို ပြန်ပါလာခဲ့မှာမဟုတ်ဘူး။ဒါကြောင့်မို့လို့ ဒီမှာပဲ ဘုန်းကြီးကျောင်းမှာဆွမ်းကျွေးလေးလုပ်ပြီး လက်မှတ်ထိုး လက်ထပ်လိုက်တာ။မင်္ဂလာမဆောင်တော့ ဘာဖြစ်သလဲ။အိမ်ကသဘောမတူလို့ ချစ်သူနောက် လိုက်ခဲ့ပြီး ယူလိုက်တာ ဘာဖြစ်သလဲလေ။
♥♥♥
"ဟာ...ဟေ့ ဟေ့..ကျွီ"
ဟင်းခွက်ကို အိပ်နဲ့ထည့်ပြီး မှောက်မှာစိုးလို့ အသာရယ်ထိန်းစီးနေရချိန် ဆိုင်ကယ်ရှေ့ အေးအေးဆေးဆေး ဖြေးဖြေးပင် ဖြတ်သွားတဲ့ ခွေးတစ်အုပ်။အဲ့နားတင် ဆင်းပြီး ကျောက်ခဲနဲ့ ပေါက်လိုက်ချင်ပေမယ့်
ဂီး
အစွယ်ငေါငေါနဲ့ ဖြဲပြလာတဲ့ ထိပ်ဆုံးက အကောင်ကြီး။ခြောက်ကောင်လောက်ရှိတဲ့ ခွေးအုပ်ကြီးက လည်း လှည့်ကြည့်လာကြပြီ။
အောင်မာ ဒင်းတို့ကများ..ငါ့ကို
ဝေါင်း...ဝေါင်း...ဝေါင်း
အောက်က ကျောက်ခဲကို ကုန်းကောက်လိုက်စဉ်မှာပဲ ထွက်လာတဲ့ အသံတေ။တွေ့မယ် တွေ့မယ်
လေးငါးလုံးလောက် လက်ထဲဆန့်သမျှ ကောက်ပြီး ထုထည့်လိုက်တော့ ဟောင်သံတေက ပိုကျယ်လာတယ်။အခြေအနေ မဟန်တော့ဘူးထင်တယ်။ခွေးပိုင်ရှင် ခွေးပိုင်ရှင်တေဘယ်ရောက်နေကြလဲ။
ခွပ်
ရှေ့ကဟောင်နေတဲ့ ခွေးကို အာရုံစိုက်နေတုန်း နောက်ကအကောင်က ခြေသလုံးကို လာဟပ်မလိုလုပ်နေသည်မလို့ နောက်လှည့်ပြီး ခြေထောက်ကို ဝှေ့ယမ်းကာ ကန်ပစ်လိုက်သည်။ခွေးခေါင်းကြီးကို ခွပ်ခနဲ။
ကိန်..ကိန်..ကိန်
တကိန်ကိန်အော်ရင်း ပြေးသွားလေပြီ။သူတို့အပေါင်းအပါတစ်ကောင်က အော်ပြေးသွားတော့ ပိုမာန်ဖီလာပြီ။တဂီးဂီးနဲ့။တကယ်လို့သာ သူတို့ဝိုင်းကိုက်လိုက်ကြရင် နိုင်မှာမဟုတ်။အခုတော့ ဘေးပတ်ပတ်လည် မျက်စိလျင်လျင်ထားနေရတယ်။ထိုစဉ် ရှေ့တိုးလာတဲ့ တစ်ကောင်ကို ခြေထောက်မွှေ့ယမ်းပြလိုက်သည်။နောက်ဆုတ်သွားတယ်။အဆင်ပြေတယ် မဆိုးဘူး။
ဗြစ်
"အား...အမလေး...ကယ်ကြပါဦး...မောင်ရေ...အား..သွား...သွား..သွားနော်...အားဟား..ကယ်ကြပါဦး"
"ဟေး တောက်ခ် သွား...သွားကြ"
ဦးလေးကြီးတစ်ယောက် လေးခွနဲ့ လှမ်းပစ်ပြီးခြောက်မှ ပြေးထွက်သွားကြတယ်။နောက်ကနေ ခြေထောက်ကို လှမ်းဟပ်တာ ပုဆိုးစပဲ ပါးစပ်ထဲပါသွားပြီး သုံးထောင့်ချွန်းကြီးပြဲထွက်သွားပြီး ကျွတ်သွားမှာစိုးလို့ ပုဆိုးကိုကိုင်ပြီး ငုတ်တုတ်ထိုင်ချကာ အော်နေလိုက်ရတော့သည်။ဝိုင်းကိုက်ရင် လူကြားမကောင်း ဖြစ်နေတော့မယ်။
"ဟေ့ကောင်လေး..ရလား..ထနိုင်လား"
"ဗျာ...ဟုတ်ဟုတ်..ထနိုင်တယ်ဗျ"
တုန်တော့တုန်နေတယ်။ပုဆိုးက သုံးထောင့်ချွန်းပုံစံ အပြဲကြီးနဲ့ ခနက ထိုင်ချထားတော့ ဖုန်တေ သဲတေက ခြေထောက်တေမှာရော ဖင်တေရော ပေသလူးလို့။ဒီအရွယ်ကြီးရောက်မှ ခွေးဆွဲခံရတယ်လို့။တော်သေးတယ် အသားပါအောင် မကိုက်ခံရတာ။
"အဲ့ ခွေးတေက ဆိုးတယ်ကွ....အုပ်လိုက်ကြီးဆိုတော့ ပို့လို့ပါ့"
"ဟုတ်တယ် ဟုတ်တယ်...ဆိုင်ကယ်ရှေ့ဖြတ်ပြီး တမင်လာဟောင်တာကနေ စတာ"
ကျက်သတုံး ခွေးတွေ။ဒူးတေတုန်နေတာတော့ မပျောက်။ဒီပုံစံနဲ့တော့ အိမ်ရောက်အောင် မြန်မြန်ပြန်ရတော့မည်။
♥♥♥
"ဟင်...ကိုကို..ဘာဖြစ်လာတာလဲ...ပုဆိုးတေလည်း ပြဲလို့..ဖုန်တေရောပေလို့"
"လမ်းမှာ မင်းလင်တေနဲ့ တွေ့ခဲ့တာ"
ကုလားမနိုင် ရခိုင်မဲလို့ဆိုလည်း မတတ်နိုင်။အော်မိသည်။
"ဟင်...ကိုကို...ကျနော့်လင်က ကိုကို တစ်ယောက်တည်းလေ"
"ငါကွာ...ခွေးလိုက်ဆွဲခံရတာ...ဟုတ်ပြီလား..ရေငင်ပေး..ရေချိုးရတော့မှာ ဖုန်တေပေနေပြီ"
"အင်းအင်း ငင်ပေးမယ်...သွားသွား မြန်မြန်ချိုး"
ခွေးလိုက်ဆွဲခံရတာတဲ့။ပုဆိုးတေတောင်ပြဲခဲ့တာ။ကြည့်ရတာ မညိုမြ တို့ အိမ်နားက ခွေးတစ်အုပ်ပဲနေမယ်။အဲ့ခွေးတေက လူလိုက်ဆွဲတာ ခဏခဏ။ဘယ်လိုကိုးရို့ကားယား လုပ်ပြလိုက်လို့များလဲ။ကိုကိုကတော့လေ။ငါ့ကိုကိုကို သွေးထွက်အောင် မကိုက်လိုက်လို့ပေါ့။ကိုက်များကိုက်ရင် နောက်နေ့ လေးခွနှင့်သွားပစ်ပြီးဆုံးမပလိုက်မယ်။
♥♥♥
ကိုးနာရီလောက်ကျတော့ အိပ်ယာဝင်ကြပြီ။အိပ်ယာဝင်ပြီဆို ဖုန်းသုံးရင်သုံး မသုံးရင် မောင့်ရင်ခွင်ကျယ်ကြီးထဲဝင်ပြီး စကားဖောင်ဖွဲ့ရတာ ကြိုက်တယ်။လူကောင်က ကွာတော့ မောင့်ရင်ခွင်က သက်သောင့်သက်သာဖြစ်စေတယ်။
"မောင့်"
"ဗျ...ပြောပါဗျ"
"ဗျမနေနဲ့...မနေ့ကကိစ္စကို ကျေနပ်နေတာမဟုတ်ဘူး"
"ကိုကိုကလည်း...တစ်ခါတစ်လေလေးကို"
ပြောရင်းနှင့် လည်ပင်းနားတေကို တိုးဝှေ့လာတယ်။
"မေးစရာရှိတယ်လို့..."
"အင်း...မေးလေ"
လည်ပင်းနားကို တိုးဝင်နမ်းရိုက်နေတာကို မပျက်စေဘဲ ပြန်ပြောတယ်။ပြောစကား နားမထောင်တဲ့ မောင့်မျက်နှာကို ဆွဲကိုင်ပြီးနေရာမှန်ပြန်ထားပေးလိုက်တော့ မောင်ကရယ်ပြန်တယ်။မောင့်ရင်ဘတ်ကို တစ်ချက်ရိုက်ပြီး ညာဘက်ပါးနဲ့ မောင့်ဘယ်ဘက်ရင်ဘတ်နဲ့ ကပ်ထားလိုက်သည်။မောင့်ရဲ့ ကိုယ်သင်းနံလေးကိုလဲ သိပ်ကြိုက်တယ်။
"မောင်ဘာလုပ်မှာလဲ"
"ကိုကိုနဲ့ ချစ်မယ်လေ...အာ့"
"စကားအကောင်းပြောနေတာနော်....သေချာဖြေစမ်းပါမောင်ရာ"
မထော်မနန်းတေပြောတော့မယ့် မောင့်ရင်ဘတ်ကြီးကို ဆွဲဆိတ်လိုက်ရသည်။ဒီလိုနဲ့ လိုရင်းကိုရောက်မှာမဟုတ်ဘူး။
"အင်း...ဟိုတလောက ကိုဖိုးသားလေ သိတယ်မလား...သူနဲ့စကားပြောဖြစ်သေးတယ်"
"အင်း..အဲ့တော့ မောင်က သူ့လိုဈေးရောင်းလိုက်ချင်တာလား"
"အင်း သူ့နောက်လိုက်ချင်တာတော့မဟုတ်ဘူး...ဒီကနေ တောင်ပေါ်ဈေးသယ်ရောင်းရင် တစ်ခေါက်ပြန် သိန်းဂဏန်းမြတ်တယ်တဲ့"
"တောင်ပေါ်..တောင်ပေါ်ဆိုတော့ ဘယ်လိုရောင်းရမှာလဲ"
"ဒီလိုလေ...မီးခွက်ဈေးကဈေးတေကို ဒီကနေသယ်သွားရမှာ...များများတော့ သယ်နိုင်ရမှာပေါ့ခရီးဝေးသွားရတာဆိုတော့..အဲ့ဘက်သွားတဲ့သူတေက ကားနဲ့ဖြစ်ဖြစ် သုံးဘီးနဲ့ဖြစ်ဖြစ် သွားကြတယ်"
"အင်း...တစ်ခေါက်ဆို ဘယ်နှရက်ကြာမှာလဲ"
"ဒီနေ့လိုမနက်စောစော ဈေးဝယ်ပြီးထွက်ရင်...နောက်နှစ်ရက်မြောက်နေ့ ညနေလောက်ဆိုရင် ရောက်တယ်...အဲ့ခါကျတော့ တစ်ရက်လောက်နားပြီး ပြန်ထွက်ပေါ့...တစ်ခေါက်ပြန်ရင် သုံးသိန်လောက်တောင် မြတ်တယ်လို့ပြောတယ်"
"မြတ်တာတော့ မြတ်တာပေါ့ မောင်ရယ်...စိတ်မချပါဘူး...အဲ့လောက်အဝေးကြီးကို"
"ဟောဗျာ...ဘာစိတ်မချစရာရှိလို့တုန်း ကိုကို့ယောက်ျားက ဆိုင်ကယ်စီးလည်းကျွမ်းသလို ကားလည်းမောင်းတတ်ပါတယ်ဗျ"
တောင်ပေါ်က ချင်းတိုင်းရင်းသူလှလှလေးတွေလည်း ရှိမှာ။ပြီးတော့ ညအိပ်ညနေတေသွားရတာ။မဖြစ်ဘူး။မဖြစ်ပါဘူး။
"မဖြစ်ပါဘူး...စိတ်မချပါဘူး..."
"ဘာကိုစိတ်မချတာလဲ..ပြောပါဦး...ဟင်"
"တစ်ခုခုဖြစ်မှာစိုးလို့ပေါ့...ဘာကိုစိတ်မချရမှာလဲ"
"ဟုတ်လို့လား....အဟွန်း...သိပါတယ်ဗျာ ကိုကိုစိတ်မချတာကို"
အ..အဟမ်း
.ချောင်းတေဘာတေတောင်ဟန့်မိသွားတယ်။
"ဒါဆိုရင် ကိုကိုရောလိုက်ခဲ့လေ...ကားနဲ့ဆိုရင် ကိုကိုလည်းလိုက်ခဲ့လို့ရတာပဲကို...ဟင်...ပင်တော့ပင်ပန်းမှာနော်...ဘယ်လိုပဲကားနဲ့သွားရတယ်ဆိုဆို ထိုင်နေရတာလည်း ပင်ပန်းတာပဲ"
"တခြားအလုပ်ရော မလုပ်ချင်ဘူးလားဟင်...မောင်လည်းဆယ်တန်းအောင်ထားတာပဲ...အလုပ်မရှားပါဘူး...ဟင်"
"မောင်က သူများလက်အောက်မှာ မလုပ်ချင်ဘူးကိုကိုရဲ့...ပြီးတော့ လုပ်ချင်တာဆို ရအောင်လုပ်တတ်တဲ့ ကျနော်အကြောင်းကို ကိုကိုလည်းသိရဲ့သားနဲ့"
"အင်းပါ...လုပ်ချင်တယ်ဆိုလည်းလုပ်ပါ..မတားတော့ပါဘူး"
"ကိုကို့ကို အဲ့ဒါတေ သဘောကျတာသိလား... ရွှတ်"
ဘယ်ပြောလို့ရမလဲလေ။မောင်က လောဘအိုးကို။အင်္ကျီအောက်ထဲ လျှိုဝင်လာတဲ့မောင့်လက်တွေကိုလည်း မတားမိတော့သလို ခပ်ကြမ်းကြမ်းနမ်းလာတဲ့ မောင့်အနမ်းတေကိုလည်း လိုလိုချင်ချင်ပဲ တုံ့ပြန်လိုက်မိတယ်။
နာကျင်မှုတေကို သည်းခံရင်း သာယာမှုတေဆီကို မမောနိုင်မပန်းနိုင် အကြိမ်ကြိမ်ရောက်အောင်သွားခဲ့ကြတယ်။ထိန်နေအောင်သာတဲ့ လရောင်အောက် အိမ်လေးအတွင်း အပြာရောင်အချစ်ညလေး ဖန်တီးနေကြတဲ့ အချစ်ငှက်နှစ်ကောင်လည်း ရှိနေလေရဲ့။
♥♥♥
18.10.21
Advertisement
- In Serial134 Chapters
The Merchant Prince Book 1: Returning Home
Enter a world of deceit and assassins. Augustus DeCastellian is a member of a wealthy merchant family, with ports all over the known world. He is sent on a voyage to new lands to open trade routes, but when he returns he will need to fight, using his tools of manipulation and cunning, for what he is owed.Author's note: This story is somewhat slow-paced, especially in comparison to the norm on Royal Road. The first three chapters act almost as a prologue, to give you a feel for what the rest of the story will be like. So, I suggest new readers try to get to the end of chapter 3 before deciding if this story is for them.A few of my reviews have said that this story is abnormal for Royal Road. I agree with that sentiment, at least based on what I've read on the site. It was just an idea that was in my head, that I began trying to write once my hobbies were cancelled due to the virus. I found Royal Road after I started writing it. Honestly, it's probably not even tailored for the web-novel format. But it's the story I wanted to tell. Discord: https://discord.gg/sk63gep
8 324 - In Serial8 Chapters
Ishbula-na' (I've joined the family of the lord of the 7th ring of the Abyss, help!)
While staying overnight at his best friend's place, he unknowingly entered Ishbula-na's residence at the seventh ring of the abyss. Now this big fat floating eye is calling him his son and his best friend is teaching him how to hunt many strange lifeforms in this strange void, while he tries to maintain his regular life at the same time. AN (Posted Nov. 4th): on about 3 weeks from now I have two exams which will define where I am in a year after, so updates will come at a slower pace until the 26th. I will still try to get things out, but there won't be as many chapters/week as there have been so far.
8 190 - In Serial6 Chapters
Inter Dimensional Time Travelers
A troubled youth find himself dragged into an adventure not bounded by time or space.
8 130 - In Serial30 Chapters
The Cursebreaker
A mysterious and supernatural sickness has been inflicted upon a member of the royal family of the Ostermanian Empire. The only hope lies in Nordfell, a land on the empire's frontier occupied solely by the descendants of criminals and defeated rebels, where a dark and malignant entity possesses the only known cure. Two travelers must travel to this unforgiving land and confront it.
8 92 - In Serial44 Chapters
Crystal Blue Disguise (Avenged Sevenfold)
Becca starts her new job and meets the love of her life. Problem is, he's already with someone. Will things work out for Becca or will her entire love life crumble right before her eyes?
8 179 - In Serial37 Chapters
Sour Candy
Our love story is like sour candy. This is because of you, Darling!Tell me, I should hate you, shouldn't I? Do you like Drama?Vkook
8 235