Advertisement
"ဝါး...လှလိုက်တာ..အိမ်ပုံစံလေးတွေရော ချစ်စရာလေးတေ"
"အိုး...ဟိုမှာဟိုမှာချယ်ရီပန်းတေ"
ဘေးနားကနေ တတွက်တွက်နဲ့ အသံပေါင်းစုံထွက်နေတာကတော့ ကျနော့်ကိုကိုပါလေ။ကျောင်းတက်တုန်းကလည်း ကျောင်းနဲ့အိမ် အိမ်နဲ့ကျောင်းဆိုတော့ ဘယ်မှ ခရီးသွားတာတို့ ဘာတို့က မရှိခဲ့ဘူးထင်ပါ့။ ပညာကို သူများထက်တော်စေတတ်စေချင်ပြီး လူကြီးပြောသမျှ ခေါင်းငုံ့ခံမှ လိမ္မာတယ်ထင်တဲ့ ရှေးရိုးစွဲမိသားစုကြီးကြောင့်လည်း ပါတယ်။အခုချိန်ထိ သူ့ကိုအိမ်နဲ့ဆက်သွယ်ဖို့ မတိုက်တွန်းတာကလည်း ကျနော်ကိုယ်တိုင်က သူ့ကို ဒီမိသားစု အသိုင်းအဝိုင်းကြားထဲက ဆွဲထုတ်လာခဲ့တာလေ။ကိုကို ကိုယ်တိုင်ကလည်း ထွက်ချင်နေခဲ့တာ။တစ်ယောက်တည်း ပြင်ဆင်နေတာကြာပေမယ့် ပညာလည်းမစုံသေးလို့ မထွက်ရဲသေးတဲ့အချိန် ကျနော်နဲ့တွေ့ပြီး သူက ပြတ်ပြတ်သားသားကို လုပ်ခဲ့လိုက်တာ။အခုချိန်ထိ တစက်ကလေးမှအဆက်အသွယ်မလုပ်ဘူး။
"ကိုကို"
"ဗျာ့"
OMG , ဘယ်လိုတောင်ထူးလိုက်ရတာလဲ။ဒီလိုမျိုးတစ်ခါမှ မထူးဖူးဘူး။ပြီးတော့အသံလေး။ဘယ်လို ဘယ္လို ဘယ်လိုပြောရမလဲ။သံရှည်လေးဆွဲပီးတော့ကွာ...ကျစ်...
ကာယကံရှင်ကတော့ သတိထားမိပုံမပေါ်ဘူး၊ကားပြတင်းပေါက်ကို လက်နှစ်ဖက်လုံးတင်ပြီး အပြင်ကိုပြုံးပြုံးလေးကြည့်နေတာ။အေးရကောင်းမှန်းလည်း သိပုံမရပါ။သိုးမွှေးဦးထုပ်လေးဆောင်းပြီး တပ်ခိုင်းထားတဲ့ mask ကိုပါချွတ်ထားသေးတယ်။ပြန်တပ်ခိုင်းလို့လည်း မရဘူး။ပါးစပ်ထဲက အငွေ့တေထွက်တာ သဘောကျလို့တဲ့လေ။ဆင်တူဝယ်ထားတဲ့ မာဖလာ အဖြူနဲ့ အနက်အကွက်လေးက လည်ပင်းမှာ တစ်ပတ်ပတ်ပြီး အစနှစ်ဖက်ကို ရင်ဘတ်ပေါ်ချထားတယ်။တဖြည်းဖြည်းနဲ့ အပူပိုင်းရောက်လာပေမယ့် တောင်ပေါ်ဒေသတေကတော့ အေးနေတုန်း။
"ကိုကို"
"ဟင်...ဘာလဲ"
"အာ..မဟုတ်ဘူး..ခုနကလိုလေး ပြန်ထူး"
"ဟမ်..ဘယ်လိုထူးလိုက်လို့လဲ"
မပြောဘူးလား။သူထူးလိုက်တာ သူမသိပါဘူးဆို။ဒီကကောင်ကြီးကသာ အသည်းတေရော အူတေရော ယားသြားတာ။
"ဗျာ...တဲ့..ဗျာလို့ထူးတာ"
"သြော်..သတိတောင်မထားမိလိုက်ဘူး..ဟီး"
မနေနိုင်မထိုင် လက်ယားလွန်းစွာဖြင့်ပင် သွားလေးစိပြနေသူကို ခေါင်းလေးပွတ်လိုက်မိသေးသည်။ကိုယ့်ထက်အကြီးဆိုပေမယ့် ချစ်ဖို့ကောင်းနေတာကိုး။
"ကိုကို"
"ဗျာ ဗျ....ဟီဟီ..တစ်မျိုးကြီး"
အား...အသည်းယားလို့ ဘယ်လိုလုပ်လိုက်ရမည်လဲ။ကားကရပ်လိုက်ရင်လည်း နောက်ပြန်ဆုတ်ပြီး ချောက်ထဲ ပိုးလိုးပက်လက်လန်နိုင်ချေရှိတယ်။ကိုကိုက ကျနော့ထက် သုံးနှစ်ကျော်ကျော်လောက်ကြီးပေမယ့် နုနုလေး။ဖြူဖြူဖွေးဖွေးလေးနှင့်။ဆံပင်တေက ကျနော်တို့လို အဖြောင့်မဟုတ်ဘူး ခပ်ကောက်ကောက်တေ။တခြားယောက်ျားလေးတေ ဆံပင်ကောက်ရင် ဘယ်လိုနေလဲ မသိဘူး။ကိုကို့ရဲ့ အညိုရောင်ဆံပင်တေ ဖြောင့်မနေတာက တအားကြည့်လို့ကောင်းတယ်။မျက်ခုံးထူထူလေးနဲ့ မျက်အိမ်ကခပ်ကြီးကြီး။နှာတံကတော့ မြင့်ပြီး အဖ်ားမွာ လုံးလုံးလေး ဖြစ်သွားတာ။နှုတ်ခမ်းပြည့်ပြည့်က ခပ်သေးသေး။သေးပေမယ့် ပြည့်ပြည့်လေး။အဟမ်း..နမ်းလိုက်ရင် တအားချိုတယ်။
♥♥♥
ညနေသုံးနာရီလောက်ကျတော့ ညွှန်လိုက်တဲ့ရွာကို ရောက်ပြီ။ဒီရွာနားတစ်ဝိုက်က ဈေးရောင်းကောင်းတယ်လို့ ရောင်းဖူးတဲ့သူတေက ပြောကြလို့ ဒီရွာလေးကို ရောက်လာရတယ်။ကားကြီးနဲ့ ရွာထဲဈေးအပြည့်နဲ့ ဝင်လာတဲ့ လူအသစ်တေကြောင့် လူတေက ကွက်ကြည့်ကွက်ကြည့်။
ကားပေါ်ကဆင်းပြီး လက်တေခြေတေဆန့်ရတယ်။ထိုင်လိုက်ရတာလည်း ပင်ပန်းတာပဲ။
"ဗိုက်ဆာလားကိုကို...ဆာရင် လမ်းကဝယ်ခဲ့တဲ့ ထမင်းတေဖွင့်စားလိုက်နော်...ကားခေါင်းထဲမှာသွားစားချေ"
"ဟင့်အင်း...မင်းနဲ့မှ အတူတူစားမယ်"
"ဟုတ်ပါပြီဗျာ"
ပြောပြီး ကားနောက်ခန်းက ထည့်ခဲ့တဲ့ တစ္ခုခုကို သွားယူနေတယ်။ကားအနောက်ဘက်က ဟင်းသီးဟင်းရွက်တေ ရောင်းစရာတေချည်း အပြည့်တင်ချလာတာလေ။မောင်က ဘာတေသွားယူ။
လက်ထဲပါလာတဲ့ ပစ္စည်းကိုမြင်ရချိန်မှာတော့ ပါးစပ်အဟောင်းသားပင်ဖြစ်သွားရကာ မောင့်ကို အသံတိတ်ချီးကျူးလိုက်မိသည်။
လော်။
မောင်ယူခဲ့တာ လော်အသေးစားလေး။မဟုတ်မှ...မောင် ဒါကြီးနဲ့ အော်ရောင်းမှာတော့ မဟုတ်ပါဘူးနော်။
ပါတဲ့ကြိုးကို လက်တစ်ဖက်ရယ် ခေါင်းရယ်လျှိုဝင်ပြီး ဓာတ်ခဲလေးထည့် ဟိုနှိပ်သည်နှိပ်လုပ်နေတယ်။
အဟမ်း..အဟမ်း..ဟမ်း
"အဟမ်း...ကဲ.ကဲ...လာပြီဗျာ...လူကြီးမင်းတို့ဆီကို အရောက်လာခဲ့ပါပြီဗျာ...မရှိမဖြစ်လိုအပ်တဲ့ ဖွယ်ဖွယ်ရာရာဟင်းမျိုးစုံချက်ပြုတ်ဖို့အတွက်... ကျနော်တို့ဆီမှာလိုချင်တာ ရနိုင်ပါပြီဗျာ..."
"လက်နှေးနေမယ်ဆိုရင်တော့...သူများဦးသွားမှာ အသေအချာပါပဲခင်ဗျာ..အပိုလက်ဆောင်လေးများလည်းပေးဦးမှာမို့ လက်တော့မနှေးစေချင်ပါဗျား"
"လူကြီးမင်းတို့ ညစာချက်ဖို့အချိန်မှီ... အပြေးလေး လာဝယ်ကြပါဦးဗျာ..."
တစ်ယောက်စနှစ်ယောက်စ ခြံထဲတေကနေ ထွက်ခဲ့ကြတာတော့ တွေ့ပြီ။ဈေးသည် အသစ်ရဲ့ တုတ်ထိုးအိုးပေါက် အော်သံတေကြောင့် စိတ်ဝင်စားလာကြတယ်ထင်။ချင်းတိုင်းရင်းသား တေဆိုဦးတော့ ဗမာစကား ရေလည်ကြတာမို့ အခက်အခဲကမရှိ။
"ဒါက ဘယ်လို..ဘယ်လောက်ရောင်းတာလဲ"
"အာ အဲ့ပဲသီးတေက တစ်စည်း တစ်ရာပါ"
"ဟိုအရွက်တေကရော"
"တစ်ထောင်ဖိုး 4 စည်းပါဗျ"
"ဟိတ်ကောင်လေး...ဒါကရောဘယ်လောက်ရောင်းလဲ"
"ဒါအကုန်ယူရင် ဘယ်လောက်ကျတာလဲ"
"ဟိုဟာလေးက ဘယ်လိုရောင်းလဲ"
"ဒါလေးကရော"
တစ်စတစ်စနှင့် ဈေးဝယ်လာသူက များလာပြီ။အိမ်တိုင်းလိုလိုက ထွက်ဝယ်ကြတယ်ထင်။တဖြည်းဖြည်းနဲ့ အပြည့်ပါလာတဲ့ ရောင်းစရာတေက တစ်ဝက်ကျိုးပြီ။ညနေလည်း စောင်းနေပြီ။ဈေးဝယ်သူ များတုန်းကတော့ ထည့်ပေးရ ထုပ်ပေးရနှင့် ပိုက်ဆံလေးအမ်းလိုက် ယူထားလိုက်နှင့် အချိန်ကုန်လို့ကုန်သွားမှန်းတောင်မသိ။နှစ်နာရီလောက် ကြာပြီးတော့ လူလည်းပြတ်သွားပြီ။တစ်ယောက်စီ ပဲ ဝယ်လာတဲ့သူရှိတယ်။
"မောင်..ဗိုက်ဆာပြီ...ထမင်းစားရအောင်"
"ဟုတ်ပြီ ဟုတ်ပြီ မောင့်စိုင်းလေး ဗိုက်ဆာနေပြီ..."
"မောင်နော်..."
"ကဲကဲ...လာ ထမင်းစားမယ်ဆို"
အနည်းငယ်နေရာလွတ်သွားတဲ့ နေရာမှာ နှစ်ယောက်သား မျက်နှာချင်းဆိုင်ထိုင်ရင်း ဝယ္လာတဲ့ ထမင်းဘူးကို ဖွင့်စားရတယ်။ထမင်းစားနေရင်းနှင့် မောင်က ကားပတ်ပတ်လည် ရှာပြန်တယ်။ဘာတေရှာနေတာလဲတော့မသိ။
ဗြုတ်
ငါးသေးသေးလေးတေနဲ့ စပ်သီးနဲ့ ရောကြော်ပြီး ထုပ္ထားတဲ့ အထုပ်သေးသေးတစ်ထုပ်ကို ဖြုတ်ပြီး ကြိုးနဲ့ တွဲချည်ထားတဲ့ ကတ်ကြီးနဲ့ ညှပ်ချလိုက်တယ်။
ဝယ်လာတဲ့ ထမင်းက အသားဟင်းနဲ့ အချဉ်တစ်မျိုးနဲ့မို့လို့ အငန်ရော အစပ်ရော ပါတဲ့ ဟာကို ဖြုတ်စားလိုက်သည်ပေါ့။ဘေးပတ်ဝန်းကျင် ကြည့်လိုက်တော့ မှောင်စပြုနေပြီ။
"ဟို...ဒီကားပေါ်မှာပဲ အိပ်ရမှာလားဟင်"
"ဟုတ်တယ်လေ...စောင်ပါတယ်"
ရေဘူးအဖုံးကိုလှည့်ဖွင့်နေရင်း မေးတာကိုဖြေနေတယ်။ပြီးမှ ရေဘူးကိုလှမ်းပေးလို့ ယူသောက်လိုက်တယ်။ဒါပြီးမှ မောင်က ယူပြီး ပြန်သောက်တယ်။မောင်ကတော့ မထူးဆန်းသလို ပြောနေတာပဲ။ဒါပေမယ့်လည်း ညကြီးကို ကားထဲမွာ အိပ်ရမှာက တစ်မျိုးဖြစ်မနေဘူးလား။တစ္ဆေ သရဲ မကောင်းဆိုးဝါးဆိုတာ မြင်ရတာမဟုတ်ဘူး။ဒါပေမယ့်လည်း တခြားအိပ်စရာနေရာမှမရှိတာ။
"အရှေ့ခန်းထဲ အိပ်မလား...ထိုင်ခုံပေါ်ဒီတိုင်းအိပ်ရမှာဆိုတော့ ကျပ်တော့ကျပ်တယ်...ဒီနေရာမှာက နည်းနည်း အနံ့ထွက်နေမလားလို့လေ"
"ဒီနားမွာပဲ အိပ်မယ်...အရှေ့မှာဆို တစ်ယောက်ပဲဆန်မှ့ာမဟုတ်လား"
"အဟား...ကြောက်တတ်လိုက်တာဗျာ"
အိပ်လည်းမအိပ်ချင်သေးတာနဲ့ ဖုန်းသုံးဖို့ ကြံရင်း အိတ်ထဲထည့်ထားတဲ့ဖုန်းကို နှိုက်ယူလိုက်သည်။
ဟင်
လိုင်းကတစ်တိုင်လောက်သာ။ဒီပုံစံမျိုးနဲ့က လိုင်းသုံးလို့ ရမှာမဟုတ်ဘူး။ဆိုတော့ ဖုန်းကလည်း ဒီနေရာမှာ အခေါ်အပြောလောက်သာ အသုံးဝင်တယ်ထင်တယ်။မောင့်ကို ကြည့်လိုက်တော့ အိတ်ထဲဒီအတိုင်းထည့်ထားတဲ့ ပိုက်ဆံတေကို စီစီလေးဖြစ်အောင် ထပ်နေတယ်။ပျင်းပျင်းရှိတာနဲ့ မောင့်ပေါင်ပေါ်ကို ခေါင်းအုံးအိပ်ပြီး အောက်ကနေ မြင်နေရတဲ့ မောင့်မျက်နှာကိုပဲ ငေးကြည့်နေလိုက်တယ်။ဒါဆို မပျင်းရတော့ဘူး။ခဏလောက်လည်းကြာရော
"မောင်...ရှူးပေါက်ချင်လို့ လိုက်ပို့ဦး"
အိမ်မှာတောင် တစ်ယောက်တည်းမသွားရဲတာ ဒီလိုနေရာမျိုးမှာတော့ ဝေးစွ။ပိုက်ဆံကို အပြီးသတ်ကောက်စီပြီး ရင်ဘတ်ကနေသိုင်းလွယ်ထားတဲ့ အိတ်ထဲထည့်တယ်။
"ကဲ လာ..သွားမယ်"
ကားပေါ်ကနေဆင်းပြီး ဟိုဘက်သည်ဘက်လှမ်းကြည့်လိုက်တော့ လမ်းဘက်တေမှာ မီးမရှိဘူး။သူ့အိမ်ကိုယ့်အိမ် တော့ ဆိုလာမီးတွေထွန်းထားကြတယ်။7 နာရဆိုတာ စောသေးပေမယ့် ရွာထဲမှာ လူခြေတိတ်နေပြီ။
"လာကိုကို...ဟိုနားလေးသွားရအောင်"
ကားရပ္တာက ရွာလည်ခေါင်မဟုတ်လို့တော်သေးတယ်။နို့မို့ဆို အပေါ့အပါးသွားစရာခက်နေမှာ။
♥♥♥
"မောင်နော်...သူများနယ်ကြီး ကားပေါ်ကြီးမှာနော်"
"အာ့ဆို ဒီဘက်လှည့်...ဘာလို့ဟိုဘက်လှည့်အိပ်နေတာလဲ"
သူ့ဘက် ကျောပေးပြီးအိပ်မိပါတယ်။အိပ်မရအောင်ကလုပ်ပြီ။
အင်္ကျီထဲလက်လျိုဝင်ပြီး ဗိုက်တေ ရင်ဘတ်တေကို ပွတ်သပ်လာတာကြောင့် ဒီ့ထက်လွန်မလာခင် ဟန့်ရတယ်။ပိုက်ဖျာခင်းထားတဲ့ပေါ်မှာပဲ စောင်တစ်ထည်တည်းကို နှစ်ယောက်သားပူးကပ်ခြုံနေရတယ်။လေကသာသေးတာ။မဖြစ်ပါဘူး။နောက်အခေါက်တေဆို မောင်တစ်ယောက်တည်း။တစ်ခုခုစီစဉ်ခိုင်းရဦးမယ်။
ပြွတ်...ပြွတ်စ်
ပါးနှစ်ဖက်ကို အုပ်ကိုင်ပြီး နမ်းလာတဲ့မောင်။
အစပိုင်းမှာ ညင်သာပေမယ့် တဖြည်းဖြည်း ကြမ်းတမ်းလာတဲ့ သူ့အနမ်းတေ။မေးဖျားတွေ လည်ပင်းတွေ ရောက်လာချိန်မှာတော့ မဖြစ်တော့။
"တော်...တော်တော့ မောင်...ဟင်း"
"အင်း...ခနေလး"
"ဘာ...ဘာကို..မရ.အင်း..မရဘူးနော် မောင်"
"နမ်းရုံလေးပဲ...မလုပ္ဘူး"
မောင့်ရဲ့နမ်းရုံလေးက ကြာရင် တစ်ကိုယ်လုံးနံှ့တော့မယ်။လက်တေကလည်း အငြိမ်မနေဘူး။အင်္ကျီထဲဝင်ပြီး ပွတ်နေပြန်သေးတာ။
မောင့်မျက်နှာကို ဖမ်းဆွဲ အင်္ကျီထဲရောက်နေတဲ့ မောင့်လက်ကို အတင်းဆွဲထုတ်ပြီးမှ မောင့်ခါးကိုဖက်ပြီး လက်မောင်းပေါ်ခေါင်းအုံးလို့ သူ့ခါးကို တင်းနေအောင်ဖက်ထားလိုက်ရသည်။ဒါမှ မလုပ်နိုင်တော့မှာ။ဒါတောင် အမြင်ကတ်စရာရယ်သံကို ခေါင်းပေါ်ကနေ ကြားလိုက်ရသေးတယ်။
♥♥♥
19.10.21
ပျင်းစရာကြီးမလား။မပျင်းနဲ့နော်။ဒရမ်မာ ခပ်ပြင်းပြင်းလေးလည်း ပါဦးမှာ။
Advertisement
- In Serial267 Chapters
Dragon Knight Prophecy
A hero, a dragon, and a love that breaks all bounds. A fantasy story of a man trying to save his homeland from a terrible war by completing a prophecy nobody fully understands. To complete his mission he needs a dragon but the road to the dragon’s lair goes horribly wrong, and when he finally faces the beast he stands alone. A deeply emotional story that deals with pain, regret, betrayal, and failure. Despite it all somehow our heroes discover they need each other and slowly come together. With the help of some dedicated friends they realize their love is special, and go on to forge a new world befitting their unusual union. If you like dragons, romance, a little magic and a lot of war this might be for you. This story eventually evolves into a very loving harem, where the women rely on and love one another just as much as they love our hero. Please note: I am an amateur writer who started this story as a form of therapy while my wife was teetering on the brink of death. Thankfully she survived but by that point I was so committed to telling this story I couldn’t stop. I learned a great deal about writing over time but I am afraid my early chapters were very rough. I have since gone back and begun to edit them, applying the lessons learned and cleaning them up. I hope you will still enjoy the story, as I love sharing it and I can’t imagine a better use of my time. Sexual content.. In seven books I have written two sex scenes, but one of them will be highly edited once I reach them with my rewrite. Overall I imply our characters are sharing their love but don't go into any great detail as to how. So if sexual content bothers you, it is only lightly touched on twice. Feel free to join the discord server!
8 359 - In Serial81 Chapters
Quicksword Bob
In a world where Marines, Pirates and the Rebel Army clash against each other, one soul was given an extraordinary ability. Which faction would he choose to join? How will it affect the world of One Piece?Disclaimer - I do not own One Piece nor any of the character in it. This is merely a fan-fiction for my own enjoyment.I also do not own the image used for the cover.
8 215 - In Serial9 Chapters
Game, Set, Match
You all know the story. The world changes, people get told by mysterious floating menus that earth is no longer the safe haven many first world countries assume it is. People gain magnificent powers. Mages are awesome. Humanity, Fuck Yeah, and all that. I've read the webnovels, seen the tropes. Nothing prepared me for reality. If this works as it should, then you'll be reading this sometime before everything changed. I hope this gives you a chance once it does. As someone on the other side of time, you cannot stop it, but you can fight it. If the world knows whats coming, and people indeed listen, this is game, set, and match.
8 186 - In Serial11 Chapters
When the throne calls
A newly graduated teacher begins his career while trying to overcome certain things from his past.His mysterious semblance shall attract lots of people, but he shall not care. Well, things are about to change!
8 187 - In Serial35 Chapters
Quest
After a tragic accident, Nyema Quest is left deaf and fatherless. Unknowingly catching the eye of two Alphas, Nyema is thrown into a world she never knew existed and one she's all to familiar with.
8 144 - In Serial6 Chapters
English Stories - Creative Writing
All of my English mocks and practise tests are written down here.Chapter 1 - 21st September Chapter 2 - 12th OctoberChapter 3 - 13th OctoberChapter 4 - 14th October Chapter 5 - 19th OctoberChapter 6 - 23rd FebruaryEDIT: Yikes I finished my gcses not too long ago and I havent updated this. if I find my stories then yeah ill put them in but otherwise sorry no more because im done with English HA!EDIT: lmao 19.6k reads is a lot, I only got a 6 on my gcse eng lang as well
8 95