Advertisement
"ဒါဆိုရင် ဒီလိုလုပ်လေ...နင်တို့ပစ္စည်းတေကို... ငါတို့အိမ်မှာထားခဲ့လိုက်...နင်တို့ကပြန်..နောက်တစ်ခေါက်နင်တို့ပြန်လာရင် ဒါတေအကုန်နဲ့ ကွက်တိပဲလေ"
တစ်ညလုံး ကားထဲဖြစ်သလို နှစ်ပါးသွားခဲ့ရပြီး မိုးလင်းတော့ ရွာလူကြီးဆိုတဲ့လူက အကျိုးအကြောင်းမေးပြီး သူ့အိမ်ကို လိုက်ခဲ့ဖို့ခေါ်သည်။သူ့အိမ်ရောက်တော့ မနက်စာပြင်ကျွေးပြီး ဘယ်ဘနေ လာရောင်းတာလဲ အသွားအပြန်ဘယ်လောက်ကြာတာလဲ စသဖြင့် မေးနေတော့ မောင်က ပြန်ဖြေနေတယ်။ကျနော်ကတော့ မျက်စိရှေ့က ထမင်းကို ပြောင်းဖူးပြုတ်နဲ့ နယ်ပြီး သုပ်ပေးထားတဲ့ ထမင်းပန်းကန်ကိုပဲ စိတ်ရောက်နေတာမို့ စကားပြန်မပြောအားပဲရှိနေတယ်။ရေနွေးကြမ်းလေး ငှဲ့သောက်လိုက် ထမင်းလေး ဇွန်းနဲ့ ခပ်စားလိုက်နှင့် ။
"အာ...အားတော့နာပေမယ့်လေ...အဲ့လိုပဲလုပ်လိုက်ချင်တယ်ဗျ...ဘာလို့လဲဆိုတော့ နောက်တစ်ခေါက်တက်ခဲ့တာနှင့် ဒီကပစ္စည်းတေလဲ ကုန်တာနှင့် အဆင်ပြေသွားအောင်လို့လေ"
"ရပါတယ်ရှင်...အားနာစရာမလိုပါဘူး...အစ်ကို့ပစ္စည်းတေကိုလည်း စိတ်ချ...အလေအလွင့်မဖြစ်စေရဘူး..."
"ဟုတ်ကဲ့...အဲ့လိုဆိုရင် ပိုအဆင်ပြေတာပေါ့"
"စိတ်ချ စိတ်ချ...ဒါနဲ့ နောက်တစ်ခေါက်ပြန်လာရောင်းမှာသေချာတယ်မလားဟင်"
"ဗျာ"
ရွာလူကြီး ဦးမုန်ရဲ့ တူမဆိုသူကပါ ဝင်ပြောတယ်။
"ဟို..ညီမ..ညီမတို့အဲ့လိုမလုပ်ပေးလည်းရပါတယ်...ပြန်ရင်းနဲ့လမ်းမှာကုန်မယ့်ဟာတေပဲ...ပြန်ပဲသယ်သွားလိုက်ပါ့မယ်"
အားနာသမှုနဲ့ ငြင်းရတယ်။ကိုယ့်နယ်ဘက်က လာတဲ့သူအချင်းချင်းမို့ ကူညီပေးတာသိပေမယ့် အားနာရတာပေါ့။
"ဒီလိုဆို အမြတ်ကကျန်ပါ့မလားငါ့တူ...တကယ်လို့ မရောင်းရရင် အလကားဖြစ်သွားမှာလေ..ငါ့တူတို့ဘက်က ဒါတေပေါတော့ ဘယ်သူကဝယ်စားမလဲ"
"အာ..အဲ့ဒါလည်းဟုတ်တာပဲ"
ဈေးဝယ်လောဘကြီးသွားတဲ့ အဖြစ်ကတော့ဒါပဲ။ကုန်မယ်ထင်ပြီး အပြည့်အနှက် တင်ချလာတာ။မကုန်ဘဲ ကျန်ရော။
ရွာလူကြီးဆိုတဲ့သူက ဗမာလူမျိုးတဲ့။တောင်ပေါ်မှာ အလုပ်လုပ်လာရင်း ဒီကအမျိုးသမီးနဲ့တွေ့ပြီး အိမ်ထောင်ကျလို့ ဒီမှာပဲ နေပြီး တောင်ယာလုပ်ငန်းလုပ်နေတာတဲ့။မနေ့ကရောင်းမကုန်လိုက်တဲ့ ပစ္စည်းတေကို သူတို့အိမ်မှာထားခဲ့ပြီး ကျနော်တို့ကို ပြန်ဖို့ပြောတယ်။ကျန်နေတဲ့ဟာတေကို သူတို့ရောင်းပေးထားနှင့်မယ်။အဲ့ဒါတေလည်း ကုန်ရော နောက်တစ်ခေါက်တက်လာတာနှင့် အံကိုက်ပဲမို့ အဆင်ကပြေတယ်။
"အားနာစရာမလိုပါဘူးနော်...ကိုယ့်မွေးရပ်မြေကလူအချင်းချင်းမို့လို့ ကူညီတာပါ...ရောင်းခလည်းပေးစရာမလိုပါဘူးနော်"
"အာ...အဲ့လိုမျိုးပေးရမှာစိုးလို့ မဟုတ်ပါဘူးဗျ..."
"ဟုတ်ပါတယ်ဗျ"
'ဟေ' 'ရှင်'
"အဲ...မဟုတ်ပါဘူးဗျ...သူ သူပြောသလို ရောင်းခပေးရမှာစိုးလို့မဟုတ်ဘူးဆိုတာ ကို ဟုတ်ပါတယ်လို့ပြောတာပါ..ဟီး"
မောင့်ကိုကြည့်လိုက်တော့ မောင်ကလည်း သူတို့ပြောသလိုပဲ လုပ်ချင်နေပုံရတယ်။ပိုက်ဆံက ဘယ်လောက်ရပြီလဲဆိုတော့ အရင်းလောက်တော့ရပြီမို့လို့ စိတ်မပူနဲ့တဲ့။သူများကို မယုံကြည်တာတော့မဟုတ်ပေမယ့် ဒီလိုမျိုး ကိုယ့်ပစ္စည်းတေကို မျက်နှာလွှဲခဲပစ် ကြီးထားခဲ့ရမှာကျတော့ အားနာစရာကြီးဖြစ်မနေဘူးလား။အိမ်ရှင်တေ ဘယ်လောက်ပဲ သဘောကောင်းတယ်ဆိုဆို အခုမှ တွေ့ဖူးကြုံဖူးတဲ့သူတေမလား။
"မောင့်..ကောင်းပါ့မလား...အဲ့လိုကြီးလုပ်လို့"
"ဒါဆို ကိုကို ကဘယ်လိုလုပ်ချင်တာလဲ...ပြောကြည့်လေ...ဒါကုန်အောင်ရောင်းနေမယ်ဆိုရင်..နောက်တစ်ရက်လောက်ထပ်နေရဦးမှာနော်"
အဲ့ဒါလည်း ဟုတ်တာပဲ။ဟိုလိုပြောလည်းဟုတ်နေတာပဲ။ဒီလိုပြောလည်း ဟုတ်နေတာပဲ။ငါအားနာတာလည်း ဟုတ်တာပဲ။
"ဒါဆိုမောင်က ထားခဲ့မှာလား"
"မောင့်သဘောကတော့ထားခဲ့ချင်တယ်...ပြီးတော့ ဒီဘက်တေမှာရတဲ့ ဆတ်သားခြောက်တို့ ဘာတို့လည်း ပြန်သယ်သွားချင်သေးတယ်...ကျနော်တို့ဆီမှာက လာရောင်းတာတေရှိပေမယ့် ဆတ်သားစစ်စစ်တေက ရှားတယ်"
အင်းလေ။ဟုတ်တာပဲ။ပြန်သယ်နေရင်လည်း ဒုက္ခများတာပဲရှိမယ်။ကုန်မကုန်ကမသေချာဘူး။ဒီမှာထားခဲ့တော့ မကုန်မှာ မပူရဘူး။
"အင်းပါ...မောင်ထားခဲ့ချင်လည်း ထားခဲ့ပေါ့"
"ထားခဲ့ ထားခဲ့ ငါ့တူ...ရွာထဲကလူတေလည်း လိုတာရှိရင် လာဝယ်လို့ရတော့ နှစ်ဦးနှစ်ဖက်အဆင်ပြေပါတယ်ကွ"
ပြောရင်း ဦးမုန်က ပြောင်းဖူးဖက်လိုမျိုး အရွက်ခြောက်ထဲ ဘာတေလဲမသိဘူး ထည့်ပြီး အခေါင်းပေါက် တစ်ဖက်ပိတ်လေးဖြစ်အောင်လိပ်ပြီး မီးခြစ်သွားယူဖို့ဆိုပြီး ထသွားတယ်။
ဦးမုန်ထသွားပြီးတော့ ဦးမုန်တူမလေး မီနိုင်း ဆိုတဲ့ကောင်မလေးက လက်ဖက်ရည်ကြမ်းထည့်ပေးပြီး တိုးပေးလာတယ်။
"ဟို ဒါနဲ့လေ...အစ်ကို့နာမည်က ဘယ်လိုခေါ်လဲဟင်...ဟိုအစ်ကိုက မောင် လို့ခေါ်တော့ နာမည်ကမောင်လား...ပြီးတော့ ညီအစ်ကိုတေလားဟင်"
မျက်လုံးဝိုင်းဝိုင်းတောက်တောင်လေးတေနဲ့ မေးနေတဲ့ ကလေးမလေး။အသက်က ဆယ့်ရှစ် ဆယ့်ကိုးလောက်ပဲရှိဦးမယ်။ဆံပင်တေကို အပြာင်သိမ်းပြီး နောက်နားမှာခွေလိပ်ပြီး အလုံးလေးတေပါတဲ့ ဆံထိုးလေးထိုးထားတာက မျက်နှာပြည့်ပြည့်ဖောင်းဖောင်းလေးကို ပိုပေါ်စေတယ်။သနပ်ခါးတော့မလိမ်းထား။နှုတ်ခမ်းကိုတော့ အရောင်တင်ထားပုံရတယ်။ဘာမှလိမ်းမထားတဲ့ မျက်နှာလေးက ကြည်ကြည်လင်လင်ရှိလို့နေတယ်။အပြောက်သေးသေးလေးတေ အောက်ဘက်နားမှာပါတဲ့ ထဘီလေးကို သိုးမွှေးအင်္ကျီကိုယ်ကျပ်လေးနှင့်ကျော့ကျော့မော့မော့။အိမ်ကညီမလေးလည်း သူ့လိုပြည့်ပြည့်ဖောင်းဖောင်းလေး။ သူကတော့ စတွေ့ကတည်းက မောင့်ကိုပဲရေစက်ရှိနေတယ်ထင်တယ်။နာမည်တောင် မောင့်တစ်ယောက်တည်းကိုပဲမေးတယ်။
"သူ့နာမည်က ယံဖြိုးမောင်ပါ...အစ်ကို့နာမည်က စိုင်းသုတ..ပြီးတော့ ညီမ ထင်သလို ညီအစ်ကိုတေမဟုတ်ပါဘူး...အစ်ကိုတို့က လက်ထပ်ထားတာပါ"
"ရှင်..ဘယ်လို..လက်ထပ်...လက်ထပ်လို့ရလို့လား..ယောက်ျားလေးနှစ်ယောက်က"
"ရလို့ပဲ လက်ထပ်ထားပြီးပြီလေ ညီမလေးရဲ့..."
မောင်က ပါပြောတော့ တယ်။မောင်ကလည်း ပြုံးပြီးကြည့်နေတာပဲ။
"သြော်..."
ကောင်မလေးက အံသြသွားသလိုဖြစ်သွားပြီးမှ သြော် လို့ပြောလာတယ်။မျက်နှာအမူအရာက နည်းနည်းတော့ တစ်မျိုးဖြစ်သွားတယ်။ အံ့သြသွားလို့ ထင်ပါတယ်။
♥♥♥
ဒီလိုနဲ့ပဲ 9 နာရီလောက်ကျတော့ ပြန်ခဲ့ကြတယ်။ဆတ်သားဆိုလား ဆိတ်သားဆိုလား အဲ့ဒါတေရော နည်းနည်းပါးပါး ဝယ်ခဲ့ကြသေးတယ်။ကြော်စားရင် စားလို့ ကောင်းတယ်လို့ မောင်ကပြောတယ်။ရောင်းကြည့်ဦးမယ် ရောင်းလို့ ကြိုက်ကြတယ်ဆိုရင် နောက်ခါနောက်ခါတေလည်း ပြန်ရင် သယ်ခဲ့ပြီး ပြန်ရောင်းဦးမယ်ထင်တယ်။
"မောင့်... အရင်းလောက်ပဲ ရသေးတာဆို...ဆီဖိုးနဲ့ ဘာနဲ့ ဟုတ်ပါ့မလား"
"သြော်..ကိုကိုရယ်..ဘယ်ကပါ့မလဲ...အတိအကျ တစ်သိန်းနဲ့ ကိုးထောင်မြတ်နေပြီ"
"ဝါး...သူများရှေ့မှာမို့လို့ အမြတ်ဘယ်လောက်ရှိပြီဆိုတာ မပြောခဲ့တာပေါ့လေ...မောင်က အကျင့်ပုတ်ကြီး"
"ကိုယ့်ရပ်ကိုယ့်နယ်လည်းမဟုတ်...နယ်လည်းမကျွမ်း...လမ်းခရီးကလည်းရှည်တယ်လေ ကိုကိုရယ်...ကျနော်တို့မှာ ပိုက်ဆံဘယ်လောက်ပါတယ်ဆိုတာ သိရင် ဟုတ်သော်ရှိမဟုတ်သော်ရှိ ကျနော်တို့အတွက် မကောင်းဘူးလေဗျာ"
"အဲ့ဒါလည်း ဟုတ်သား...မောင်တော်တယ်..ရွှတ်"
အသည်းယားစရာ မောင့်ပါးပြင်ကြီးကို ရွှတ်ခနဲနမ်းပစ်လိုက်တယ်။အသည်းယားလို့။
"အခုတော့ ကိုကို့အလှည့်...အိမ်ရောက်ရင်တော့ ကျနော့အလှည့်..အာ့"
ဗိုက်ကိုလိမ်ဆွဲရင် အနွေးထည်တေဝတ်ထားတာကြောင့် မပါမှာစိုးလို့ ပေါင်ကို လိမ်ဆွဲပစ်လိုက်တယ်အေးရော။ရွှတ်နောက်နောက်တေ ပြောချင်ဦး။မောင်ဟာလေ လူဆိုးလေး။
♥♥♥
20.10.21
အမောင်စိုင်းတို့ကတော့ လူဆိုးလေးတေရော တော်တယ်တေရော လိမ္မာတယ်တေရော စုံနေတာပဲနော်။
Advertisement
- In Serial369 Chapters
Blood Shaper
Kay didn't have the best life. Most of it was fairly standard, but his past was marred by a tragedy that changed his entire world. Years later he had managed to mostly rebuild his life, and had started making something of himself. And then he woke up in a different world. A world of fantasy and [Classes], a world much more dangerous than the one he'd been born in. The new world he's been dumped into doesn't hold anyone's hand. Even with the bonuses that being an Outworlder brings won't keep him perfectly safe. One mistake could kill him in an instant. But maybe, with a little bit of help, he could start over once more, and start to make something of himself again. And maybe, just maybe, that something he makes himself into could be amazing. And bloody. [participant in the Royal Road Writathon challenge] (We'll see how I do) ****** As I'm leaning right now there probably will be sexual content later on, but I might change my mind later. There definitely will be death, gore, violence, and blood. Lots and lots of blood.
8 559 - In Serial41 Chapters
Once More
"Trouble is brewing, the world of Karridor is hurtling toward an inevitable doom, and no matter how long I ignore it nobody else seems willing to fix it!" Follow the lazy and capricious "Goddess" Alexandria as she struggles to find someone who can solve the big problems so she doesn't have to. After all Alexandria knows involving herself with the affairs of the outside world is a losing proposition that always ends in heartbreak, it's a lesson she's learned again and again, but maybe it's time to learn it once more? ===== a/n: project mostly dead, sorry folks *cover commisioned from Juan Miguel - thanks so much!
8 209 - In Serial20 Chapters
Strongest Sorcerer
Tens of years, thousands... even millions! Deaths, rebirths... none shall hinder me. To find you... to see you... to hold you in my arms! Nothing shall block my path even if I go against the "will" of the heavens again! -The Strongest Sorcerer- This story is about a mysterious mage named Gin, in his journey through the vast realms of the Myriad worlds in search for the reincarnated soul of his beloved. From betrayals to conspiracies that involve the heavens and the hells, enslaving ancient dragons, killing gods and facing the first fallen.
8 214 - In Serial58 Chapters
My thoughts on IE Orion no kokuin
When there isn't anyone to talk about Inazuma with irl.. Here's your place!Lots of memes..
8 216 - In Serial22 Chapters
The Unknown
Not good with descriptions so please read it's really good thank you
8 101 - In Serial26 Chapters
Bloody Heart 3
Третья часть моей серии книг "Bloody Heart")))По вашим просьбам :3
8 146