Advertisement
မနက် ဆယ်နာရီ။စာသင်တာတေ စနေပြီကြောင့်မလို့ ကလေး ဆယ်ယောက်လောက်ရှိနေတယ်။နွေကျောင်းပိတ်တုန်း စာကြိုသင်ထားတယ်ဆိုတာလည်း သင်္ချာနဲ့ အင်္ဂလိပ်စာနှစ်ဘာသာပဲ သင်ပေးရတာ။တစ်ပတ်မှာ ခြောက်ရက်ခေါ်ပြီး သုံးရက်ကိုတစ်ဘာသာစီရက်ခွဲပြီး သင်ပေးလိုက်တယ်။တနင်္ဂနွေတစ်ရက်တော့ နား။အစက နှစ်ချိန်ခေါ်ပြီး အတန်းနှစ်ခုသင်မလို့စဉ်းစားပေမယ့် မနက်ရော ညနေရောဆို အသံတေနာပြီး မောမှာစိုးလို့ဆိုတဲ့ ဆရာကြီးရဲ့စကားကိုနားထောင်သောအားဖြင့် လေးတန်းတစ်တန်းတည်းကိုပဲ သင်လိုက်တော့တာ။
ပထမတော့ တစ်ယောက်နှစ်ယောက်လောက်နဲ့ပဲ စခန်းသွားရမှာလို့ ထင်ပေမယ့် လာအပ်ကြတာ ဆယ်ယောက်တောင်ကျော်သွားသေးတယ်။တစ်ယောက်ငါးထောင်လောက်ပဲ တောင်းရင်တောင် တစ်လကို ငါးသောင်းလောက်ကပုံမှန်ရနေတော့ ဈေးသည်ကြီးရဲ့ဝင်ငွေကို ထိစရာမလိုဘဲ စုထားလိုက်ရုံပေါ့။
"ခပ်သွက်သွက်လေး တွက်ကြမယ်ဟေ့... ဒါပြီးရင် လာပြ...မှန်တဲ့သူပြန်ခိုင်းမယ်"
"ဟုတ်ကဲ့ ပြီးတော့မှာကိုကြီးသုတ...အရက်ဆုံးပြီးတဲ့သူဘာပေးမှာလဲဗျ"
လာပြီ။ဒီအသံထွက်လာရင် ဘယ်တော့မှ သူများရှေ့ကမရောက်တဲ့ ရန်ရန် ဆိုတဲ့ကလေး။
"ဒီမှာဗျာ...ဒီခဲဖျက်လေးပေးမှာပါဗျာ...စကားမများဘဲ မြန်မြန်သာတွက်စမ်းပါ"
"ဟဟ...တစ်ပုဒ်ပဲကျန်တော့တာ... ကျနော်ပထမဆုံးပြီးစေရမယ်...ကြည့်ထားလိုက်ကိုကြီးသုတ"
အဲ့တစ်ပုဒ်ပဲကျန်တော့တယ်ဆိုတာ ပြောမနေဘဲ တွက်လိုက်ရင် အစောဆုံးပြီးနိုင်တယ်ဆိုတာတော့ ထည့်မပြောတော့။ဒီကောင် အဲ့လိုခံရပေါင်းများလည်း မှတ်ကိုမမှတ်ဘူး။
"သမီးပြီးပြီကိုကြီးသုတ...လာပြရမှာမလား"
"အေ...လာခဲ့"
ဘယ့်နှယ့်ရှိစ မောင်လေပေါရေ။
ငါမပြောဘူးလားဆိုတဲ့ အကြည့်နဲ့ မောင်လေပေါကိုကြည့်လိုက်တော့ ယူကြုံးမရဖြစ်နေတဲ့ပုံနဲ့။လူပုံစံက ဝတုတ်တုတ်နဲ့။သူ့ထက်အရင်ပြီးတဲ့သူတေလိုက်ပြီးမျက်စောင်းထိုးရအောင်လည်း ပြီးနေကြတာ တစ်ယောက်တည်းလည်းမဟုတ်တော့ပဲလေ။ကလေးတေဆိုတော့လည်း တန်ဖိုးကြီးကြီးမကြီးကြီး ဆုချတာဟေ့ ဆိုရင် ရချင်တဲ့သူချည်း။တစ်ခါတစ်လေဆို ဘောပင်လှလှလေးဖြစ်ဖြစ် ပုံဆွဲတဲ့စာအုပ်လေးတေပဲဖြစ်ဖြစ် ပေးဖို့ ဝယ်ထားရတယ်။
"ကဲ တွက်နော်...နှောက်ချီးပြာကျမှ ပြန်ချင်တာလား"
"ကျနော်အတွက်ကို သူဦးသွားတာလေ"
"မင်းကလေပေါနေတာကို...ဘယ်သူက မင်းလိုလေပေါနေလို့လဲ ကိုယ့်ဘာသာတွက်နေကြလို့ပြီးနေကြပြီလေ...ကြည့်စမ်း မပြီးသေးတာ ဘယ်နှစ်ယောက်ကျန်လဲလို့"
ပြောလိုက်မှ ပြာပြာသလဲ ကုန်းတွက်နေတယ်။အစောဆုံးပြီးမယ်ထင်လို့ လေလှိုင်းနေတုန်း ကျန်တဲ့သူတေက တွက်လို့ပြီးနေကြပြီ။မပြီးသေးတာဆိုလို့ သူအပါအဝင် သုံးယောက်တည်း။ကျန်တဲ့ကိုးယောက်က စာပြဖို့ တန်းစီနေပြီ။တကယ့်ကောင်။
"ကဲဗျာ...ပြီးသွားတဲ့သူက စာအုပ်လေးတေသိမ်းပြီး ပြန်လို့ရပါပြီ"
ရေး
"ဟိုသုံးကောင် မှားရင် ပြန်တွက်ရမယ်နော်...ပျာပျာပျာပျာနဲ့ မတွက်ခဲ့နဲ့"
"ဟုတ်"
ပြန်ကိုမဖြေနိုင်ဘူး။ကုန်းတွက်နေရှာတာ။ရယ်လည်းရယ်ရသား ကလေးတေနဲ့ နေရတာ။
ပြီးချင်ဇောနဲ့ တွက်လိုက်လို့မှားနေရင် ပြန်တွက်နေရတာနှင့် ပိုကြာနေမယ်။တစ်ယောက်ပြီးတစ်ယောက်စစ်ပေးနေတာ တန်းစီနေတဲ့သူတေအကုန်ပြီးသွားတော့ ကျန်တဲ့သုံးယောက်လည်း ပြီးသွားကြရှာပါတယ်။
"သံချောင်းနဲ့ လုံးလုံးကတော့ နဂိုထဲကနှေးလို့ ထားပါ...မင်းကလေ မြန်ရဲ့သားနဲ့...လေပေါလို့ကို ဘိတ်ချီးမှပြီးတာသိလား"
"နောက်ခါ ပထမဆုံးပြီးစေရမယ်...ကြည့်ထား..ဟွန့်"
အံမယ် အံမယ်။ကြည့်ရသေးတာပေါ့။မောင်လေပေါတို့ စကားမပေါမယ့်နေ့ အနောက်ဘက်က နေထွက်မယ့်နေ့ပဲ။
♥♥♥
"အား....ညောင်းလိုက်တာ ဘာလိုလိုနဲ့"
အကုန်ပြန်သွားကြပြီးတော့ ဆယ်နာရီတောင်ခွဲနေပြီ။ထိုင်ပြီးငုံ့နေရတာကြာသွားတော့ ကျောတေခါးတေအောင့်ပြီး ဂုတ်တေခိုင်ချင်တယ်။ခါးတေဘာတေလှည့်ပစ်ပြီး ဂုတ်တေကိုပါ တဗြုတ်ဗြုတ်မြည်အောင် လှည့်ပစ်ရတယ်။ရေမိုးချိုးပြီး ထမင်းစားပြီး အိပ်လိုက်ဦးမည်။ဘာအလုပ်မှလည်းမရှိ။ခြံထဲ ခူးစရာတေလည်း ကုန်ပြီ။
"ညနေကျရင် မောင်များပြန်ရောက်လာမလား"
ကိုယ့်ကိုကိုယ်တစ်ယောက်တည်းရေရွတ်နေရင်း ရေချိုးဖို့ ရေငင်နေလိုက်တယ်။မောင်က အခုနောက်ပိုင်းကျတော့ အရင်လို တစ်ပတ်ကို နှစ်ခါသွားတာ မဟုတ်တော့ဘူး။အရင်ကထက်ပိုသယ်ပြီး မကုန်မချင်းရောင်းခဲ့တာလို့တော့ပြောတာပဲ။တစ်ခါတစ်လေဆို ငါးရက်လောက်နေမှ ပြန်ခဲ့တတ်တယ်။ဈေးရောင်းမကောင်းတဲ့အခါတော့လည်း ကြာမှာကိုး။
*ဖုန်းခေါ်လိုက်ရင် ကောင်းမလား
*လမ်းမှာရောက်နေရင် ခက်ပါတယ်လေ
*မပြန်ခဲ့သေးဘူးဆိုရင်လည်း ချန်ထားခဲ့ပြီး ပြန်ခဲ့တော့လို့ပြောရမလား
*မဖြစ်သေးပါဘူး
အခုတော့ သိပ်မပျင်းရတော့ဘူး။အရင်ကတော့ အိမ်မှာ တစ်ယောက်တည်းကျန်ကျန်နေခဲ့တော့ ပျင်းတယ်။မောင်ကလည်း ခရီးပန်းတယ်ဆိုပြီး မခေါ်ဘူးလေ။အခုတော့ ကလေးတေလည်း စာသင်ပေးရင်းနဲ့ သူတို့ပဲ အဖော်လုပ်နေတော့ နည်းနည်းအဆင်ပြေတယ်။
ရေမိုးချိုး ထမင်းစားပြီးတော့ ဆယ့်နှစ်နာရီထိုးသွားပြီ။အိပ်ယာထဲ လှဲပြီး ဖုန်းသုံးနေလိုက်တယ်။လိုင်းဖွင့်လိုက်တာနဲ့ ချက်ချင်း စာကဝင်လာတယ်။မောင့်သူငယ်ချင်း ထွဋ်ခေါင်ဆီက။
💌 ဟိုကောင်ပြန်ရောက်ပြီလား အစ်ကို 💌
💌 မရောက်သေးဘူး ညီလေးရေ...ဒီနေ့ညနေတော့ ရောက်မလားလို့ 💌
💌 အာ့ဆို ညနေကျ ကျနော်လာခဲ့ဦးမယ်ဗျ...သူပြန်ရောက်မယ့်အချိန်လောက်ကို 💌
💌 လာခဲ့လေ ရောက်မယ်ဆိုရင်တော့ သုံးခွဲလေးနာရီလောက်ဆိုရောက်တယ် 💌
💌 ok 💌
ပြန်ရောက်လာရင်တော့ ကောင်းမှာပဲ။လွမ်းလာပြီ။မောင်ဟာ တအားဆိုးတာပဲ။တစ်ယောက်တည်းကျန်ခဲ့ရင် လွမ်းနေမှာမှန်းသိရဲ့သားနဲ့ အကြာကြီးတေပဲ နေခဲ့တယ်။မောင်ပြန်ရောက်ရင်တော့ ဒီတစ်ခါ အကြာကြီးနေအောင် ကပ်နေပစ်လိုက်ဦးမယ်။
♥♥♥
ပွမ် ပွမ် ပွမ်
တရေးတမောအိပ်လိုက်တာပေမယ့် နိုးလိုက်အိပ်လိုက်နဲ့ နှစ်ရေးသုံးရေးလောက်ရပြီး အိပ်လို့ကောင်းနေတုန်း ကားဟွန်းသံလိုလိုကြားလိုက်ရတော့ လူက ဖျတ်ခနဲ။ဂျောင်းဂျောင်းဂျောင်းမြည်အောင် ဆင်းခဲ့ပြီး မောင့်ဆီ အပြေးသွားကာ ဖက်ထားပစ်လိုက်သည်။ဟုတ်တယ်။မောင်က လွမ်းရအောင် သိပ်လုပ်တာကို။
ရွှတ်
"ဖယ်ဦးလေ ရေချိုးရဦးမယ် ကိုကိုရဲ့"
"ခနလေးပဲကို မောင်ကလည်း"
"ကဲပါဗျာ...ဖယ်ပါဦး"
ဖက်ထားတာကိုတောင် အတင်းဆွဲခွာပြီး အိမ်ပေါ်တက်သွားပြီ။ဒီမှာလွမ်းနေလို့ပါဆို။မောင်ဟာ ဆိုးဆိုးလာတယ်။နေပေါ့။နေနိုင်အောင် နေလိုက်ရုံပေါ့။
♥♥♥
လေးနာရီခွဲလောက်ကျတော့ ထွဋ်ခေါင်ရောက်လာတယ်။အခုထိသူနဲ့ မျက်နှာချင်းမဆိုင်ဖြစ်သေးဘူး။တမင်မဆိုင်ဘဲနေတယ်ဆိုတာ သတိရောထားမိရဲ့လားမသိဘူး။ရေချိုးပြီးကတည်းက လှေကားထစ်မှာထိုင်ပြီး ဖုန်းသုံးနေတာ စပ်ဖြီးဖြီးနဲ့။အဲ့မျက်နှာကြီး ပြေးကုတ်လိုက်ရင်ကောင်းမလား တွေးမိပေမယ့် အလုပ်ကအပြန်ပင်ပန်းလာတဲ့ မျက်နှာကိုထောက်ပြီး အောင့်ထားလိုက်ရတယ်။ဒီမှာ ဖြစ်ပျက်နေတာကို သတိတောင်ခါးမိပုံကိုမရဘူး။
"မင်းက အဲ့မှာဘာလုပ်နေတာလဲ"
"မျက်စိမပါလို့လား"
"ပါတယ်...ကန့်လန့်ဖြစ်နေလို့ပြောတာ"
"ဟျောင့်ဟျောင့်...ဒီမှာလာထိုင်...မင်းကို လှေကားထစ်မှာမထားဘူး စိတ်ချ"
အိမ်ပေါ်ကိုမခေါ်တော့ဘဲ အိမ်အောက်မှာဘဲ ရိုက်ထားတဲ့ စားပွဲတန်းလျားကို ခေါ်တယ်။ဒင်းအိမ်ပေါ်ခေါ်တော့ ဘာဖြစ်မှာမို့လို့လဲ။
"ဟျောင့်...မင်း အခုတလောဘာတေလုပ်နေတာလဲ"
"ဟမ်...ငါဘာလုပ်လို့လဲ"
ပြန်ဖြေတာ ဖုန်းကြည့်ပြီး စာရိုက်မပျက်ဘူး။
"အဲ့ဖုန်းကို ခနလေးတောင်ချထားလို့မရဘူးလား...အဲ့လောက်တောင်အရေးကြီးနေပြီလား"
မျက်လုံးတည့်တည့်ကို အဓိပ္ပါယ်ပါပါ ကြည့်ပေးလိုက်တယ်။မင်းနားလည်မှာပါ။ပါးစပ်က ပြောစရာမလိုဘဲ ဒီအကြည့်တေနဲ့တင် မင်းနားလည်သွားရင် ပိုကောင်းလိမ့်မယ်။
ပြောလိုက်မှ ဖုန်းကိုလက်ကချတယ်။
"မင်း ဘာပြောချင်တာလဲ"
"ငါပြောချင်တာ မင်းသိပါတယ်...မင်းလုပ်နေတာတေက နားတေ မျက်လုံးတေကြားထဲမှာဆိုတာတော့ မင်းဦးနှောက်က သိသေးတယ်မလား"
"ပြောချင်တာကို ပွင့်ပွင့်လင်းလင်းပြော ဟျောင့်....ကွေ့ဝိုက်မနေနဲ့"
လှေကားခုံကိုကြည့်လိုက်တော့ ချွတ်ထားတဲ့ ဖိနပ်တစ်ရံ။
"အပေါ်မှာ အစ်ကိုရှိတယ်မလား"
"ရှိတယ်...ဘာဖြစ်လို့လဲ"
"သူကြားချင်ကြား...ငါပြောလိုက်လို့ရလား"
"မရ...မရဘူး...ငါတို့ ရွာထိပ်က လက်ဘက်ရည်ဆိုင် သွားရအောင်"
*အဟက်...ယောက်ျားမပီသတဲ့ကောင်
မှတ်ထား သူငယ်ချင်း။မဟုတ်တာ မမှန်တာလုပ်ရင် ဘယ်တော့မှ စိတ်အေးလက်အေး လိပ်ပြာသန့်သန့်နဲ့ နေလို့ရမှာမဟုတ်ဘူး။ဒီကိစ္စမှာတော့ သေချာပေါက် ငါဝင်ပါမှာ။လူစစ်စစ်ကနေ ဂျိုပေါက်မလာခင် ဆုံးမသင့်ဆုံးမရဦးမှာပဲ။
♥♥♥
27.10.21
ဖတ်ရတာ အဆင်ရောပြေကြရဲ့လား။အဆက်အစပ်မရှိကြီးများ ဖြစ်နေကြပြီလား။
Advertisement
- In Serial185 Chapters
Blood Evolution System
There is a war going on between the dimensions of the living and the Hell Dimension!
8 124 - In Serial21 Chapters
Ashes of Eternity
An ancient conqueror awakens to find his galactic empire in ashes. A street rat discovers a core that changes everything. A noble woman must fight for her place in her family and for her very survival. Vengeance. Artifex spent hundreds of years, forging an empire that could protect humanity from the endless hunger of the Unity. Now he finds himself in the ruins of all he built, and the people who betrayed him have made a deal with the Unity… Power. The brutal sands and endless struggle for survival is all Safira has ever known. But a lucky find gives her the chance to be so much more than a scavenger. But opportunity and danger go hand in hand, and escaping with her life just got that much harder. Ruthlessness. Elinor North has spent her entire life struggling to prove herself. As the head of a cadet branch of the powerful Montclair family, she must fight against enemies from both within and without, for her rivals are not just outsiders - they are her own kin. All of them are light years apart, but inexorably tied to the ulterior motives of those around them and a shared destiny that will shake civilization to its foundations. [participant in the Royal Road Writathon challenge]
8 298 - In Serial7 Chapters
Halloween Specials
Short stories of ghosts, supernatural, and other sorts of scary and exciting things.This segment will only be open till Oct.-Nov. 20, 2015you can message me to tell your stories and I'll post it here but make it 1000 words long so that I don't have to make it longer.And also it doesn't need to be scary as long as it's supernatural or exciting you can send it.It doesn't need to be real as long as it's a STORY you createdWarning:All stories you send to me must be created by yourself don't crib it someone else's work it might have some similarities it will be ok as long as you didn't stole someone else's work If you will post someone else's work dedicate it to them or seek their permission to post it here.Some of the stories here might endanger you so please don't follow the instruction if there is one. Playing with the unknown might get you in to a bad situation.It was just posted here for the sake of satisfying your curiosity and as they say curiosity kills the catThanks google for the cover, the cover was well I'll let it to your Imagination hope you sleep well seeing it.Yours truly your Idiot Cat,BakaNeko
8 133 - In Serial6 Chapters
I'm the Trash-Tier Villainess!
Alt Name: Reincarnated as The Villain I Hate The Most! Kasuga Mai lived the most normal and plain life of being a highschool student. Born with "just fine" looks, she never got any special attention but was not bullied either. Yes, average she was. Until she entered the world of 𝗬𝗨𝗡𝗡𝗜𝗘. YUNNIE is a social link where everyone can be readers of popular novels. One of the most trending novels in her era was the Isekai Novel- Death Over You. In the social link called, 𝗬𝗨𝗡𝗡𝗜𝗘, she was known as: Unknown Shoujo-san. She was very popular reader and friend of almost everyone on the community. . Unknown Shoujo-san was known for being the #1 Hater of the Kusanagi Eru- the villainess of the novel Death Over You. In that community, no one hated Eru more than Unknown Shoujo-san. However, no one loathed her for hating Eru. In fact, everyone agreed with Unknown Shoujo-san's fair bashing as it only attacks the character with fair judgement and never the author. But what happens when, "𝗛𝗨𝗛?! 𝗜'𝗩𝗘 𝗕𝗘𝗘𝗡 𝗥𝗘𝗜𝗡𝗖𝗔𝗥𝗡𝗔𝗧𝗘𝗗 𝗔𝗦 𝗘𝗥𝗨?!" Mai, in the body of Eru, screamed unbelieving of her own words. This is the tale of the irony; the girl who's been reincarnated in the world of Death Over You as her most hated Villainess.
8 186 - In Serial26 Chapters
REJECTION
Have you ever fallen in love? I understand what rejection means yet forgetting how my heart uncontrollably beats... how a smile erases reason... how I wished for even one moment of acceptance...Have you ever fallen in love? I did. Still do.
8 167 - In Serial59 Chapters
The Bodyguard ✔
#1 in TEEN 9/10/2018#1 in LOVE 15/06/2020#15 in ROMANCE 4/06/2021#14 in ACTION 6/10/2018"That's Frank by the way, he's going to look after you when I'm gone." I look across my dad's shoulder, watching Frank nod slowly and barely noticeable, firmly holding eye contact. I'm not sure if he's challenging me, but just in case, I'm not looking away first. I have a hard time believing he's going to look after me while my dad's gone. Up to now, he lets me feel nothing but hostility.
8 84