Advertisement
မနက် ဆယ်နာရီ။စာသင်တာတေ စနေပြီကြောင့်မလို့ ကေလး ဆယ်ယောက်လောက်ရှိနေတယ်။နွေကျောင်းပိတ်တုန်း စာကြိုသင်ထားတယ်ဆိုတာလည်း သချၤာနဲ့ အင်္ဂလိပ်စာနှစ်ဘာသာပဲ သင်ပေးရတာ။တစ်ပတ်မှာ ခြောက်ရက်ခေါ်ပြီး သုံးရက်ကိုတစ်ဘာသာစီရက်ခွဲပြီး သင်ပေးလိုက်တယ်။တနင်္ဂနွေတစ်ရက်တော့ နား။အစက နှစ်ချိန်ခေါ်ပြီး အတန်းနှစ်ခုသင်မလို့စဉ်းစားပေမယ့် မနက်ရော ညေနေရာဆို အသံတေနာပြီး မောမှာစိုးလို့ဆိုတဲ့ ဆရာကြီးရဲ့စကားကိုနားထောင်သောအားဖြင့် လေးတန်းတစ်တန်းတည်းကိုပဲ သင်လိုက်တော့တာ။
ပထမေတာ့ တစ်ယောက်နှစ်ယောက်လောက်နဲ့ပဲ စခန်းသွားရမှာလို့ ထင်ပေမယ့် လာအပ်ကြတာ ဆယ်ယောက်တောင်ကျော်သွားသေးတယ်။တစ်ယောက်ငါးထောင်လောက်ပဲ တောင်းရင်တောင် တစ္လကို ငါးသောင်းလောက်ကပုံမှန်ရနေတော့ ဈေးသည်ကြီးရဲ့ဝင်ငွေကို ထိစရာမလိုဘဲ စုထားလိုက်ရုံပေါ့။
"ခပ်သွက်သွက်လေး တွက်ကြမယ်ဟေ့... ဒါပြီးရင် လာပြ...မှန်တဲ့သူပြန်ခိုင်းမယ်"
"ဟုတ်ကဲ့ ပြီးတော့မှာကိုကြီးသုတ...အရက်ဆုံးပြီးတဲ့သူဘာပေးမှာလဲဗျ"
လာပြီ။ဒီအသံထွက်လာရင် ဘယ်တော့မှ သူများရှေ့ကမရောက်တဲ့ ရန်ရန် ဆိုတဲ့ကေလး။
"ဒီမွာဗ်ာ...ဒီခဲဖျက်လေးပေးမှာပါဗျာ...စကားမမ်ားဘဲ မြန်မြန်သာတွက်စမ်းပါ"
"ဟဟ...တစ်ပုဒ်ပဲကျန်တော့တာ... ကျနော်ပထမဆုံးပြီးစေရမယ်...ကြည့်ထားလိုက်ကိုကြီးသုတ"
အဲ့တစ်ပုဒ်ပဲကျန်တော့တယ်ဆိုတာ ပြောမနေဘဲ တွက်လိုက်ရင် အစောဆုံးပြီးနိုင်တယ်ဆိုတာတော့ ထည့်မပြောတော့။ဒီကောင် အဲ့လိုခံရပေါင်းများလည်း မွတ္ကိုမမွတ္ဘူး။
"သမီးပြီးပြီကိုကြီးသုတ...လာပြရမှာမလား"
"အေ...လာခဲ့"
ဘယ့်နှယ့်ရှိစ မောင်လေပေါရေ။
ငါမပြောဘူးလားဆိုတဲ့ အကြည့်နဲ့ မောင်လေပေါကိုကြည့်လိုက်တော့ ယူကြုံးမရဖြစ်နေတဲ့ပုံနဲ့။လူပုံစံက ဝတုတ်တုတ်နဲ့။သူ့ထက်အရင်ပြီးတဲ့သူတေလိုက်ပြီးမျက်စောင်းထိုးရအောင်လည်း ပြီးနေကြတာ တစ်ယောက်တည်းလည်းမဟုတ်တော့ပဲလေ။ကလေးတေဆိုတော့လည်း တန်ဖိုးကြီးကြီးမကြီးကြီး ဆုချတာဟေ့ ဆိုရင် ရချင်တဲ့သူချည်း။တစ်ခါတစ်လေဆို ဘောပင်လှလှလေးဖြစ်ဖြစ် ပုံဆွဲတဲ့စာအုပ်လေးတေပဲဖြစ်ဖြစ် ပေးဖို့ ဝယ်ထားရတယ်။
"ကဲ တွက်နော်...နှောက်ချီးပြာကျမှ ပြန်ချင်တာလား"
"ကျနော်အတွက်ကို သူဦးသွားတာလေ"
"မင်းကလေပေါနေတာကို...ဘယ္သူက မင်းလိုလေပေါနေလို့လဲ ကိုယ့်ဘာသာတွက်နေကြလို့ပြီးနေကြပြီလေ...ကြည့်စမ်း မပြီးသေးတာ ဘယ်နှစ်ယောက်ကျန်လဲလို့"
ပြောလိုက်မှ ပြာပြာသလဲ ကုန်းတွက်နေတယ်။အစောဆုံးပြီးမယ်ထင်လို့ လေလှိုင်းနေတုန်း ကျန်တဲ့သူတေက တွက်လို့ပြီးနေကြပြီ။မပြီးသေးတာဆိုလို့ သူအပါအဝင် သုံးယောက်တည်း။ကျန်တဲ့ကိုးယောက်က စာပြဖို့ တန်းစီနေပြီ။တကယ့်ကောင်။
"ကဲဗ်ာ...ပြီးသွားတဲ့သူက စာအုပ်လေးတေသိမ်းပြီး ပြန်လို့ရပါပြီ"
ရေး
"ဟိုသုံးကောင် မှားရင် ပြန်တွက်ရမယ်နော်...ပျာပျာပျာပျာနဲ့ မတွက်ခဲ့နဲ့"
"ဟုတ်"
ပြန်ကိုမဖြေနိုင်ဘူး။ကုန်းတွက်နေရှာတာ။ရယ်လည်းရယ်ရသား ကလေးတေနဲ့ နေရတာ။
ပြီးချင်ဇောနဲ့ တွက်လိုက်လို့မှားနေရင် ပြန်တွက်နေရတာနှင့် ပိုကြာနေမယ်။တစ်ယောက်ပြီးတစ်ယောက်စစ်ပေးနေတာ တန်းစီနေတဲ့သူတေအကုန်ပြီးသွားတော့ ကျန်တဲ့သုံးယောက်လည်း ပြီးသွားကြရှာပါတယ်။
"သံချောင်းနဲ့ လုံးလုံးကတော့ နဂိုထဲကနှေးလို့ ထားပါ...မင်းကလေ မြန်ရဲ့သားနဲ့...လေပေါလို့ကို ဘိတ်ချီးမှပြီးတာသိလား"
"နောက်ခါ ပထမဆုံးပြီးစေရမယ်...ကြည့်ထား..ဟွန့်"
အံမယ် အံမယ်။ကြည့်ရသေးတာပေါ့။မောင်လေပေါတို့ စကားမပေါမယ့်နေ့ အေနာက္ဘက္က နေထွက်မယ့်နေ့ပဲ။
♥♥♥
"အား....ညောင်းလိုက်တာ ဘာလိုလိုနဲ့"
အကုန်ပြန်သွားကြပြီးတော့ ဆယ်နာရီတောင်ခွဲနေပြီ။ထိုင်ပြီးငုံ့နေရတာကြာသွားတော့ ကျောတေခါးတေအောင့်ပြီး ဂုတ်တေခိုင်ချင်တယ်။ခါးတေဘာတေလှည့်ပစ်ပြီး ဂုတ်တေကိုပါ တဗြုတ်ဗြုတ်မြည်အောင် လှည့်ပစ်ရတယ်။ရေမိုးချိုးပြီး ထမင်းစားပြီး အိပ်လိုက်ဦးမည်။ဘာအလုပ်မှလည်းမရှိ။ခြံထဲ ခူးစရာတေလည်း ကုန်ပြီ။
"ညနေကျရင် မောင်များပြန်ရောက်လာမလား"
ကိုယ့်ကိုကိုယ်တစ်ယောက်တည်းရေရွတ်နေရင်း ရေချိုးဖို့ ရေငင်နေလိုက်တယ်။မောင်က အခုနောက်ပိုင်းကျတော့ အရင်လို တစ္ပတ္ကို နှစ်ခါသွားတာ မဟုတ်တော့ဘူး။အရင်ကထက်ပိုသယ်ပြီး မကုန်မချင်းရောင်းခဲ့တာလို့တော့ပြောတာပဲ။တစ်ခါတစ်လေဆို ငါးရက်လောက်နေမှ ပြန်ခဲ့တတ်တယ်။ဈေးရောင်းမကောင်းတဲ့အခါတော့လည်း ကြာမှာကိုး။
*ဖုန်းခေါ်လိုက်ရင် ကောင်းမလား
*လမ်းမှာရောက်နေရင် ခက်ပါတယ်လေ
*မပြန်ခဲ့သေးဘူးဆိုရင်လည်း ချန်ထားခဲ့ပြီး ပြန်ခဲ့တော့လို့ပြောရမလား
*မဖြစ်သေးပါဘူး
အခုတော့ သိပ်မပျင်းရတော့ဘူး။အရင်ကတော့ အိမ်မှာ တစ်ယောက်တည်းကျန်ကျန်နေခဲ့တော့ ပျင်းတယ်။မောင်ကလည်း ခရီးပန်းတယ်ဆိုပြီး မခေါ်ဘူးလေ။အခုတော့ ကလေးတေလည်း စာသင်ပေးရင်းနဲ့ သူတို့ပဲ အဖော်လုပ်နေတော့ နည်းနည်းအဆင်ပြေတယ်။
ရေမိုးချိုး ထမင်းစားပြီးတော့ ဆယ့်နှစ်နာရီထိုးသွားပြီ။အိပ်ယာထဲ လှဲပြီး ဖုန်းသုံးနေလိုက်တယ်။လိုင်းဖွင့်လိုက်တာနဲ့ ချက်ချင်း စာကဝင်လာတယ်။မောင့်သူငယ်ချင်း ထွဋ်ခေါင်ဆီက။
ဟိုကောင်ပြန်ရောက်ပြီလား အစ္ကို
မရောက်သေးဘူး ညီလေးရေ...ဒီနေ့ညနေတော့ ရောက်မလားလို့
အာ့ဆို ညေနက် ကျနော်လာခဲ့ဦးမယ်ဗျ...သူပြန်ရောက်မယ့်အချိန်လောက်ကို
လာခဲ့လေ ရောက်မယ်ဆိုရင်တော့ သုံးခွဲလေးနာရီလောက်ဆိုရောက်တယ်
ok
ပြန်ရောက်လာရင်တော့ ကောင်းမှာပဲ။လွမ်းလာပြီ။မောင်ဟာ တအားဆိုးတာပဲ။တစ်ယောက်တည်းကျန်ခဲ့ရင် လွမ်းနေမှာမှန်းသိရဲ့သားနဲ့ အကြာကြီးတေပဲ နေခဲ့တယ်။မောင်ပြန်ရောက်ရင်တော့ ဒီတစ်ခါ အကြာကြီးနေအောင် ကပ်နေပစ်လိုက်ဦးမယ်။
♥♥♥
ပွမ် ပွမ် ပွမ်
တရေးတမောအိပ်လိုက်တာပေမယ့် နိုးလိုက်အိပ်လိုက်နဲ့ နှစ်ရေးသုံးရေးလောက်ရပြီး အိပ်လို့ကောင်းနေတုန်း ကားဟွန်းသံလိုလိုကြားလိုက်ရတော့ လူက ဖျတ်ခနဲ။ဂျောင်းဂျောင်းဂျောင်းမြည်အောင် ဆင်းခဲ့ပြီး မောင့်ဆီ အပြေးသွားကာ ဖက်ထားပစ်လိုက်သည်။ဟုတ်တယ်။မောင်က လွမ်းရအောင် သိပ္လုပ္တာကို။
ရွှတ်
"ဖယ်ဦးလေ ရေချိုးရဦးမယ် ကိုကိုရဲ့"
"ခနေလးပဲကို မောင်ကလည်း"
"ကဲပါဗ်ာ...ဖယ်ပါဦး"
ဖက်ထားတာကိုတောင် အတင်းဆွဲခွာပြီး အိမ်ပေါ်တက်သွားပြီ။ဒီမှာလွမ်းနေလို့ပါဆို။မောင်ဟာ ဆိုးဆိုးလာတယ်။နေပေါ့။နေနိုင်အောင် နေလိုက်ရုံပေါ့။
♥♥♥
လေးနာရီခွဲလောက်ကျတော့ ထွဋ်ခေါင်ရောက်လာတယ်။အခုထိသူနဲ့ မျက်နှာချင်းမဆိုင်ဖြစ်သေးဘူး။တမင်မဆိုင်ဘဲနေတယ်ဆိုတာ သတိရောထားမိရဲ့လားမသိဘူး။ရေချိုးပြီးကတည်းက လှေကားထစ်မှာထိုင်ပြီး ဖုန်းသုံးနေတာ စပ်ဖြီးဖြီးနဲ့။အဲ့မျက်နှာကြီး ပြေးကုတ်လိုက်ရင်ကောင်းမလား တွေးမိပေမယ့် အလုပ်ကအပြန်ပင်ပန်းလာတဲ့ မျက်နှာကိုထောက်ပြီး အောင့်ထားလိုက်ရတယ်။ဒီမှာ ဖြစ်ပျက်နေတာကို သတိတောင်ခါးမိပုံကိုမရဘူး။
"မင်းက အဲ့မှာဘာလုပ်နေတာလဲ"
"မျက်စိမပါလို့လား"
"ပါတယ်...ကန့်လန့်ဖြစ်နေလို့ပြောတာ"
"ဟျောင့်ဟျောင့်...ဒီမှာလာထိုင်...မင်းကို လှေကားထစ်မှာမထားဘူး စိတ္ခ်"
အိမ်ပေါ်ကိုမခေါ်တော့ဘဲ အိမ်အောက်မှာဘဲ ရိုက်ထားတဲ့ စားပွဲတန်းလျားကို ခေါ်တယ်။ဒင်းအိမ်ပေါ်ခေါ်တော့ ဘာဖြစ်မှာမို့လို့လဲ။
"ဟျောင့်...မင်း အခုတလောဘာတေလုပ်နေတာလဲ"
"ဟမ်...ငါဘာလုပ်လို့လဲ"
ပြန်ဖြေတာ ဖုန်းကြည့်ပြီး စာရိုက်မပျက်ဘူး။
"အဲ့ဖုန်းကို ခနလေးတောင်ချထားလို့မရဘူးလား...အဲ့လောက်တောင်အရေးကြီးနေပြီလား"
မျက်လုံးတည့်တည့်ကို အဓိပ္ပါယ်ပါပါ ကြည့်ပေးလိုက်တယ်။မင်းနားလည်မှာပါ။ပါးစပ်က ပြောစရာမလိုဘဲ ဒီအကြည့်တေနဲ့တင် မင်းနားလည်သွားရင် ပိုကောင်းလိမ့်မယ်။
ပြောလိုက်မှ ဖုန်းကိုလက်ကချတယ်။
"မင်း ဘာပြောချင်တာလဲ"
"ငါပြောချင်တာ မင်းသိပါတယ်...မင်းလုပ်နေတာတေက နားတေ မျက်လုံးတေကြားထဲမှာဆိုတာတော့ မင်းဦးနှောက်က သိသေးတယ်မလား"
"ပြောချင်တာကို ပွင့်ပွင့်လင်းလင်းပြော ဟျောင့်....ကွေ့ဝိုက်မနေနဲ့"
လှေကားခုံကိုကြည့်လိုက်တော့ ချွတ်ထားတဲ့ ဖိနပ်တစ်ရံ။
"အပေါ်မှာ အစ်ကိုရှိ်တယ်မလား"
"ရှိတယ်...ဘာဖြစ်လို့လဲ"
"သူကြားချင်ကြား...ငါပြောလိုက်လို့ရလား"
"မရ...မရဘူး...ငါတို့ ရွာထိပ်က လက်ဘက်ရည်ဆိုင် သွားရအောင်"
*အဟက်...ယောက်ျားမပီသတဲ့ကောင်
မွတ္ထား သူငယ်ချင်း။မဟုတ်တာ မမှန်တာလုပ်ရင် ဘယ်တော့မှ စိတ်အေးလက်အေး လိပ်ပြာသန့်သန့်နဲ့ နေလို့ရမှာမဟုတ်ဘူး။ဒီကိစ္စမှာတော့ သေချာပေါက် ငါဝင်ပါမှာ။လူစစ်စစ်ကနေ ဂျိုပေါက်မလာခင် ဆုံးမသင့်ဆုံးမရဦးမှာပဲ။
♥♥♥
27.10.21
ဖတ်ရတာ အဆင်ရောပြေကြရဲ့လား။အဆက်အစပ်မရှိကြီးများ ဖြစ်နေကြပြီလား။
Advertisement
- In Serial131 Chapters
A Rational Zombie (Complete)
An existentialist zombie seeks the meaning of life one mouthful at a time.---Written by Virlyce. Available on Amazon: https://www.royalroad.com/amazon/B085KZ8PD8 Cover art by Mateusz Dąbrowski
8 199 - In Serial24 Chapters
Humanity's F.A.T.E.
This apocalypse was vastly different from what Darnell and his friends saw in the movies. A virus outbreak has caused most of the world to become flesh eating monsters with inhuman strength, speed and stamina. All seems hopeless against the hordes of infected superhumans... until the friends realize they've gained superpowers themselves? What!? What are the secrets behind this phenomenon and this strange new world? I try to update every Friday!
8 131 - In Serial6 Chapters
Absolute Power of the Imagination
(Hello this is a story that I'm making and is basically just my fantasy of what it would be like to be a human with god-like powers and the MC is going to have my personality so you are reading some of my desires.) Everyone has at least once thought what it would it would be like to be GOD but only so many people have actually thought about it deeply and this story is going to be through my thoughts as what it would be like to be a god-like being that was once human (because it would be no fun to read or write what it would be like to be GOD since there are no obstacles as the definition of GOD.) (I'm writing this because my new favorite novel "Michael Ammers: My OP leisure life" has been dropped or is on a really long hiatus.
8 95 - In Serial22 Chapters
The Rare KInd
Katherine Sage , a normal high school girl with a tragic past . but one day suddenly she is attacked out of nowhere she was protected by her freind Alex Walker , who wasnt as powerful as her. She must now fight with her friend to find out whats he hiding while her tragic past is trying to catch up with her .
8 177 - In Serial25 Chapters
Crow
Awakens starting appearing when beasts start pouring out of cracks that appear in the space other than in dungeons. When these cracks appear which now called dimensional crack countless people died and cities were destroyed. After fighting these monsters for 20 years first human awaken appear and change the fate of humans that was on the brink of extinction and again human become leading specie. Awakened people wield power that was beyond human capacity. Some awaken has the power to destroy boulders with bare hand, some were able to produce fire from thin air and so on. After some researched human know this power came from a formless energy inside the human body that convert itself in these abilities. This formless energy was named as Aura. After approximately 1000 years after first awaken appear. Human stopped producing aura in their body. After the initial panic, one of the researchers found that Aura also found in nature named as Aura particles. So, they started researching and found a way to absorb Aura from nature. Now there are techniques to absorb Aura from nature. And also help to expand capacity to store Aura in the human body. The human body starts absorbing Aura only after they become 15 years old. If younger than this try to use any technique to absorb Aura from nature they will die painfully. There are some cases where human body starts producing Aura naturally regardless of age and they can tame beasts this ability is only these people have. Now everyone who practices aura particle absorption techniques can be awakened. This story take place after 3000 years of first awakened. It’s a story about a boy name Ethan who was ordinary in all aspect but because of this world cruelty he has to become powerful to protect people that are important to him. See him overcoming many hardships only by desire to protect others. P.S this novel is also on webnovel https://www.webnovel.com/book/11195721705294205/Crow
8 169 - In Serial26 Chapters
guilty (reapertale sans fan-fiction)
(Quick A/n)My worst nightmare are doing summaries so you guys can just find out in the story slow updates but 1000 - 2000 + words and this is not edited so please guys no hate And also this is my first story it is not a lemon so no dirty thoughts OK guys I'm too young and innocent and I can't do punctuation properly OKBut there will be swearing in this story you have been warnedYup that's it OK you guys can read now
8 78