Advertisement
"မင်းလုပ်နေတာတေ စောက်ပုံကိုမလာဘူးနော် ဟျောင့်"
"ဘာလုပ်နေလို့လဲ"
"ဟ...ဘာလုပ်နေတာမှန်းပါ မသိရအောင်...မင်းဦးနှောက်ကိုခွေးကျွေးပစ်လိုက်လိုလား"
"ဘာမှမလုပ်ဘူး အကောင်းအတိုင်းရှိတယ်...အခုတော့မအားသေးဘူး...ok"
"နေ..."
တီ
ဟာ ဒီမအေ-ိုးတော့ ပြောလို့မပြီးသေးဘူး ဖုန်းကိုချသွားပြန်ပြီ။
တစ်နေ့တစ်နေ့ မင်းသူငယ်ချင်းကြီးကို ဘယ်မှာတွေ့ခဲ့ပါတယ်၊ဘယ်သူနဲ့ ဘယ်နားမှာ ဘာလုပ်နေကြပါတယ်ဆိုတဲ့ သတင်းတေ မကြားချင်မှအဆုံး။ဒီခြေလှမ်းကို စလှမ်းကတည်းက လူချင်းတွေ့ပြီးလည်း သတိပေးထားရဲ့နဲ့ ဒီကောင် သိပ်ဇောင်းထနေတာ။သူဈေးရောင်းသွားတဲ့ ရွာနီးခြောက်စပ် သူတစ်ယောက်တည်းရှိတယ်များထင်နေလို့ ထင်တိုင်းကြဲနေတာလား။
အဲ့ရွာကကောင်မလေး တစ်ယောက်နဲ့ အဲ့ရွာဘက်ပိုင်းမှာ ခဏခဏ တွဲသွားတွဲလာ တွေ့တွေ့နေတယ်လို့ ဦးဌေးနိုင်က ပြောပြောနေတာ တစ်ခါနှစ်ခါလည်း မကတော့ဘူး။ဦးဌေးနိုင်ဆိုတာ သူ့လိုပဲ တောင်ပေါ်ဈေးရောင်းနေတဲ့သူ။ရွာတော့မတူဘူး။ကြားထဲမှာ နှစ်ရွာလောက်ခြားတယ်။နှစ်ရွာလောက်ခြားတဲ့ဆီကတောင် တွေ့နေရရင် ဒင်းတို့ ဘယ်လောက်တောင်များ ကမြင်းကျော ထနေကြလို့လဲ။
ပြီးတော့ ဒါတေကိုရော သူ့ယောက်ျားဖြစ်တဲ့သူ မသိဘူးလို့များ ထင်နေသလား။အစ်ကိုစိုင်းဆိုတာလည်း နုံနုံအအလူမျိုးမှမဟုတ်တာ။အရင်က တစ်ပါတ်ကို နှစ်ခါလောက်ရအောင် အိမ်အမအရ ပြန်တဲ့သူက အခုဆို တစ်ပါတ်မှ တစ်ခါပဲထွက်ပြီး အိမ်မှာဆို တစ်ရက်ပဲ။တစ်ခါတစ်လေမှာ နှစ်ရက်။အိမ်ရောက်နေတဲ့ တစ်ရက်နှစ်ရက်အတွင်း အေးအေးနေလားဆို မနေသေးဘူး။ဖုန်းကပြောခင်အောင်ပြောသေးတာ။သူ့ပြောလိုက်ရင် ပစ္စည်းမှာတာ အလုပ်ကိစ္စ ဘာညာကွိက နှင့် ဆင်ခြေပေါင်းသောင်းခြောက်ထောင်။ဒါတေကို အတိအကျမသိတောင် မရိပ်မိဘဲတော့နေပါ့မလား။ဘေးကလူတောင် ဒီလောက်သိသာနေရင် တစ်အိမ်တည်းနေတဲ့သူက ပိုသိမှာပေါ့။ဒါပေမယ့် အစ်ကိုစိုင်းက သူ့ကိုလည်း တစ်ခွန်းမှ မမေးဘူးထင်တယ်။ဒါကြောင့်ဒီကောင်ဒီလောက်ဂျိုထွက်နေတာ။
ဂျိုထွက်နေတယ်ဆိုတဲ့ အကြောင်းအရင်းက သူနဲ့ ရှုပ်ရှုပ်ယှက်ယှက်ဖြစ်နေတဲ့ ကောင်မလေးက သူ့လို ဘဲကြီးတေနှင့် လှည့်ပတ်တွဲနေတဲ့ မိန်းမလည်လေး။ဒါကို ဒင်းက မသိဘူး။ရုပ်ကိုပဲ မက်နေတာ။
တွေ့မယ်။ခဏပဲ စိတ်ယိုင်တာမကလို့ စိတ်ပဲယိုင်ချင်ချင်ဖြစ်နေနေ ငါနဲ့ကိုတွေ့မယ်။
♥♥♥
အချိန်အားဖြင့် ညနေလေးနာရီ။
ခြောက်တန်းကလေးတေကိုပါ ညနေပိုင်းခေါ်သင်နေတာမလို့ ညနေငါးနာရီလောက်အထိ ကလေးတေနှင့် ဆူညံနေတတ်တယ်။မနက်ပိုင်း တစ်တန်းတည်းခေါ်သင်တော့လည်း အလုပ်မရှိဘာမရှိနဲ့ တစ်နေ့လည်လုံး တစ်ညလုံး တစ်ယောက်တည်း ၊ကြာလာတော့ ပျင်းတာနှင့်ပဲ ခြောက်တန်းကလေးတေပါ ခေါ်ပြီး သင်ပေးလိုက်တယ်။ဘာလိုလိုနှင့် နောက်လဆို ကျောင်းတေတောင်ဖွင့်တော့မှာပဲ။
"ကိုကြီးသုတ ဒါက ဘယ်လိုဆက်တွက်ရတော့မှာလဲ"
"ဟမ်...ဘယ်နားလဲ...ပြ"
"ဒီနား"
"သြော်...ဒါကဒီလိုလေ..ဒါနဲ့ ဒါနဲ့က အပေါင်းဆိုတော့ ပထမဆုံးရှင်းရမှာ...ပြီးမှ သူနဲ့သွားမြှောက်ရမှာ"
"ဟုတ်...ဟုတ်"
"သွား...တွက်ချေ...မရရင် ပြန်လာပြော"
"ဟုတ်"
အင်း။ကလေးတေကို စာသင်ပေးနေရတာလည်း နားရတာ မနားရတာဘေးချိတ်၊အလုပ်ရှိတော့ အလုပ်ထဲ စိတ်ပါနေလို့ ကျန်တာမတွေးဖြစ်ဘူး။အထူးသဖြင့် စိတ်ဆင်းရဲစရာတေ။တစ်ယောက်တည်းဆို ဖုန်းသုံးရင်သုံး မဟုတ်ရင် အိပ်နေဖို့ပဲရှိတယ်။အိပ်ဖို့ဆိုတာကလည်း ပူတော့ ဘယ်လိုမှမအိပ်နိုင်။ခြံထဲ အလုပ်လုပ်နေရအောင်ကလည်း ဆယ်နာရီလောက်ဆို ပူနေပြီမလို့ ပေါင်းလည်းမရှင်းနိုင်ဘူး။ငြိမ်ငြိမ်နေတောင် ပူနေတဲ့ ရာသီကိုး။
မောင်.....။
မောင်ကတော့ အရင်ကလို တစ်ယောက်တည်းပျင်းနေမှာစိုးလို့ဆိုပြီး မြန်မြန်မပြန်ခဲ့တော့ဘူး။အေးဆေးပဲနေခဲ့တော့တယ်။အရင်က နှစ်ခေါက်ပြန်လို့ နှစ်ခေါက်စာ ရတယ်။အခုနောက်ပိုင်းက တစ်ခေါက်စာပဲရတော့တယ်။ထားပါ။နှစ်ယောက်တည်းနေတဲ့ အိမ်က အသုံးစရိတ် ဘယ်လောက်ကုန်မှာမို့လို့လဲ။
မောင်....။အရင်လိုမဟုတ်တော့ဘူး။တစ်ခေါက်တစ်ခေါက် အိမ်ပြန်ခဲ့ရင် မောင့်မှာ များလိုက်တဲ့အလုပ်တွေ။သတင်းတေတော့ကြားပေမယ့် မကြားချင်ယောင်ဆောင်ထားတယ်မောင်။မောင်က အဲ့လိုမျိုး ဘယ်တော့မှ လုပ်မှာမဟုတ်ဘူးလို့ ငါယုံထားလို့လေ။မောင့်သူငယ်ချင်း ထွဋ်ခေါင်ကတော့ ပြောတယ်။မောင့်ကို ဒီတိုင်းလွှတ်မထားနဲ့တဲ့။ငါဘာမှပြန်မပြောလိုက်ဘူး။ကိုယ်ပိုင်တဲ့ အရာကို လွတ်သွားမှာစိုးလို့ ဆွဲထားရမယ့်အလုပ်မျိုး ငါဘယ်တော့မှလုပ်မှာမဟုတ်လို့။လွှတ်ပေးလိုက်မှာမောင်။လွှတ်ပေးလိုက်မှာ။ငါဘယ်လောက်ထိ ပြတ်သားနိုင်သလဲဆိုတာ မောင်က အကုန်မသိသေးဘူး။
အား.....။မဟုတ်ကဟုတ်ကတေ ဘယ်လိုများခေါင်းထဲရောက်လာရသလဲ။
ခေါင်းကို ခပ်ကြမ်းကြမ်းခါပစ်လိုက်တယ်။မကောင်းတဲ့ အတွေးတွေ ထွက်သွားအောင်လို့။
"ဒီနေ့တော့ ကိုကြီးနေသိပ်မကောင်းလို့ အချိန်ပြည့်အောင်မသင်နိုင်တော့ဘူး...မနက်ဖြန် တစ်ရက်ပိတ်တာ...အိမ်စာပေးလိုက်မယ်နော်...သင်္ချနေ့ရောက်ရင် စစ်မယ်...အခုစာမျက်နှာ 56 ကိုလှန်လိုက်"
"တွေ့ပြီလား...အဲ့မှာ ဒီနေ့သင်တာနဲ့ ပုံစံတူ လေးပုဒ်ပါတယ်...ကြည့်ကြည့်...တွေ့လား"
"ဟုတ်"
"တွက်မယ်နော် အဲ့ဒါ...ဒီနေ့တော့ ဒီလောက်ပဲနော်.."
"ဟုတ်..ကိုကြီး"
"အေးအေး...ကောင်းကောင်းပြန်ကြ"
ကလေးတွေပြန်ထွက်သွားကြပြီးတောလည်း ဘာရယ်မဟုတ် အိပ်ယာထဲပဲ လှဲအိပ်နေမိပြန်တယ်။ကျောင်းတုန်းကလည်းကျောင်းတုန်းကမို့ ကျောင်းနဲ့အိမ် အိမ်နဲ့ကျောင်းပဲကူးနေခဲ့ရလို့ စာကလွဲ ဘာမှတောင် စိတ်မဝင်စားခဲ့ဘူး။တက္ကသိုလ်တက်တော့လည်း မဟာတန်းပါအောင်ကြိုးစားနေခဲ့ရတယ်။ကျောင်းပြီးခါနီးနှစ်နှစ်လောက်အလိုမှာပဲ မောင်နဲ့တွေ့တယ်ပေါ့လေ။
ချစ်သူဘဝမှာ သူများတေ အားကျရလောက်အောင် ချစ်ပေးတဲ့ မောင်ရယ်လေ။အဲ့လိုချစ်ပေးခဲ့လို့ပဲ မောင်နဲ့ လက်ထပ်ဖို့ သတ္တိတေ ရှိခဲ့တာပေါ့။တစ်အိမ်လုံးနဲ့ ဆန်ကျင်ပြီးမှ မောင့်နောက်လိုက်ခဲ့တာပေါ့။မောင့်ကို ယုံလို့လေ။
အခုရော။အခုလည်း မောင့်ကိုယုံထားတယ်။
ပွမ်
ကားဟွန်းသံ။မောင်ပြန်လာတာ။ဒီနေ့တော့ မောင့်ကို ထွက်မကြိုချင်ဘူး။
လှေကားခုံပေါ်ကနေ ဖိနပ်ချွတ်လိုက်သံကြားပြီး လှေကားပေါ်တစ်ဆင့်ပြီးတစ်ဆင့်တက်ခဲ့တာကို သိသာနေတယ်။တဖြည်းဖြည်းနဲ့ ခြေလှမ်းတေက အိမ်ခန်းထဲကို ဝင်ခဲ့တယ်။
"ဟင်...ကိုကို နေမကောင်းဘူးလား...ထွက်လည်းမလာဘူး"
"ကောင်းပါတယ်...နေရတာသိပ်လန်းလန်းဆန်းဆန်းမရှိလို့"
"နေမကောင်းဖြစ်ချင်နေလို့များလား...ဆေးခန်းလိုက်ပို့မယ်လေ..သွားရအောင်"
အဝတ်တေ တစ်ထည်ချင်းချွတ်ချပြီး ပုဆိုးတစ်ထည်ကို ပုခုံးပေါ်တင်လို့ ရေချိုးဖို့ပြင်နေတဲ့ မောင်။အပြင်က ပြန်ရောက်ရောက်ချင်းကြီးကို။
"ခနနားဦးလေ...ချက်ချင်းကြီး ချိုးတော့မလို့လား"
"နားဦးမှာလေ...ချက်ချင်းကြီးမချိုးပါဘူး"
"အင်း"
ဒီလောက်ပဲ။အရင်တုန်းတေကလို မောင့်ကို စကားအများကြီးပြောချင်စိတ်မရှိဘူး။
တစ်ဖက်လှည့်ပြီးပဲ အိပ်နေလိုက်တော့မလို့ မျက်လုံးမှိတ်ထားတော့ နဖူးပေါ်ရောက်လာတဲ့ မောင့်လက်ဝါးနွေးနွေးတွေ။အရင်အခေါက်တေကထက် စကားနည်းနေလို့ နေမကောင်းဘူးထင်နေတာနေမယ်။မောင်ကဂရုစိုက်တာပဲ။
"ငါနေကောင်းတယ်...မင်းသာလုပ်စရာရှိတာသွားလုပ်...ထမင်းကအိုးထဲမှာ ဟင်းတေက အုပ်ဆောင်းအောက်မှာ..."
"ကိုကိုကလည်း...နေကောင်းတယ်ဆိုလည်း လန်းလန်းဆန်းဆန်းလေးနေပါဗျာ...ဒီလိုကြီးနေတော့ မှိုင်တိုင်တိုင်နဲ့"
"အင်း...သွားသွား..ရေချိုးတော့"
"ရွှတ်...ချိုးပါပြီဗျာ...ချိုးပါပြီ"
အမြန်သာရေချိုးလိုက်ပါတော့ မောင်ရယ်။ငါရချင်တာ မောင့်ကိုယ်က ချွေးနံ့ပဲ။ကျန်တဲ့ အနံတေ နည်းနည်းမှမကြိုက်ဘူး။အထူးသဖြင့် အခုလို အမွှေးနံသင်းသင်းတေ။ကျန်တဲ့နေရာမှဆို သင်းနေတဲ့ အနံကို မွှေးတယ်ထင်မိမှာပေမယ့် မောင့်ကိုယ်မှာစွဲလာတဲ့ အနံ့ကိုတော့ မွှေးတယ်မထင်မိဘူး။ရေချိုးလိုက်တော့မောင်။
♥♥♥
29.10.21
Advertisement
- In Serial120 Chapters
Shrewd Wife Of Lin Brothers
Su Wan – a thirty years old divorced woman who was cheated on by her husband and step sister , spends a night drinking alcohol all the while watching how her ex husband and step sister makes a joke of themselves .
8 4914 - In Serial247 Chapters
Reborn as a DRAGON
My name is Tim, or it was until I died. There was no light at the end of the tunnel, no white room to choose any cheats from, nor was there any meeting with God. I didn’t die heroically while saving someone, and I certainly didn’t get hit by a truck. My death was rather stupid and anticlimactic, I had apparently bumped my head while sleeping and passed away... That should have been the end of the road for me, but like many self-proclaimed main characters, I joined the army of multi-dimensional travelers and was reincarnated. Being an avid light novel and manga reader, I would have been excited about the opportunity, if not for my new siblings, who tried to kill me as soon as I was born, or for my mother, who seemed to have a thing for throwing me off cliffs. And let’s not forget my murderous father, who forced me to flatten a small country as my Rite of passage. Oh, did I mention I was reborn as a Dragon? PS: Earlier releases on patreon: Patreon Discord server PPS: The cover is made by Instagram: Simplegray_owo
8 764 - In Serial76 Chapters
Natural Slave
Those who are as different from other men as the soul from the body or man from beast are slaves by nature. For them it is better to be ruled in accordance with this sort of rule, if such is the case for the other things mentioned. It is not advantageous for one to be held in slavery who is not a natural slave, for such a condition is sustained solely by force and results in enmity. Not all slaves are in chains. Not all slaves even realize that they are slaves. What is the truth of this world? The Logos are the Words of God. Time waits for man.
8 208 - In Serial14 Chapters
Strongest Young Master
Born in a position of ultimate power and privilege, as the son of the man who owns the golden halo, he forges his own path through (not so) bitter cultivation. Primarily focused on world building.
8 159 - In Serial14 Chapters
SHAKKA, a Goblina's Pet Werewolf
Bought off the market by a bubbly goblina, a young werewolf launches into an epic quest to save monsterkind from a mysterious order’s genocidal plans. [participant in the Royal Road Writathon challenge]
8 261 - In Serial77 Chapters
No Strings Attached
Brogen Arte chose to leave everything behind him, but when he woke up to find himself in an unfamiliar world, he realized that he was given another chance. So he took it. Brogen resolved to amend his past mistakes and leave no chance for regrets. But will he truly be able to leave the painful past behind with no strings attached? Updates on Sundays and Mondays.
8 83