Advertisement
မနက်လင်းတော့ ထမင်းရယ် ဟင်းရယ်က မောင်ချက်တယ်။သူပဲ ချက်ရမှာပေါ့။ကိုယ့်ကို စောစောမထနိုင်အောင်လုပ်ထားတာကိုး။အိပ်ယာနိုးနိုးချင်းမှာပဲ ဆယ်နာရီလောက်ဖြစ်နေပြီ။ဒါတောင် အိပ်ချင်စိတ်ကမပြေဘူး။အိပ်ယာထဲမှာ ပူနေလို့ ဆက်အိပ်မရတော့တာ။
စားပွဲခုံပေါ် အုပ်ဆောင်းကို လှန်လိုက်တော့ ဖရုံးသီးချက် ဝင်းဝင်းလေး။မနေ့က ဘေးအိမ်က ဖရုံသီးတစ်လုံးပေးထားလို့ ဒီနေ့အတွက်ဟင်းက ဖရုံသီး။မနေ့က ထောင်းထားတဲ့ စပ်သီးထောင်းခွက်လည်း ရှိနေတယ်။မနေ့ညက နှစ်ယောက်စလုံး ညစာမစားတော့ ထမင်းတေ ဝက်စာထဲထည့်ရပြီ။အပိုအလျှံဖြစ်သွားတဲ့ ထမင်းဆို သိပ်နှမြောတယ်။
'ဘယ်များသွားပါလိမ့်...ဆိုင်ကယ်လည်း မရှိဘူးဆိုတော့...မြို့ထဲတေဘာတေများသွားလား'
ဆာနေတဲ့ ဗိုက်ကို ဖြည့်တင်းဖို့ ထမင်းခူးပြီး စားပွဲမှာ စားဖို့လုပ်တုန်း တစ်ယောက်တည်းရေရွတ်မိတယ်။မောင်က ပြန်ရောက်ရင် မြို့ထဲတေ သွားတတ်တယ်လေ။သူ့ရဲ့ နောက်တစ်ယောက်က မှာလို့ ဝယ်ဝယ်ပေးနေရတယ်ထင်ပါတယ်။သိချင်ပေမယ့် မမေးပါဘူး။မမေးမိအောင်ကို နေတယ်။အတတ်နိုင်ဆုံး မကြည့်မိအောင်ကို နေတယ်။မမြင်ရတော့ စိတ်သက်သာတယ်။
တစ်ခေါက်သွားတိုင်း တကူးတကဝယ်ဝယ်သွားရတဲ့ တစ်ခုမဟုတ် တစ်ခုပါပါသွားတာကို သိတယ်။ဒါပေမယ့် မသိချင် မမြင်ချင်ယောင်ဆောင်နေတယ်။ဒီကိစ္စနဲ့ ပတ်သက်ပြီး မောင်ဖြေရှင်းဖို့ ခက်နေမှာစိုးလို့။
ခြောက်ကပ်ကပ် ဖရုံသီးဟင်းနဲ့ စပ်သီးထောင်းက ထမင်းမြိန်စေဖို့ အဆင်မပြေဘူးထင်ရဲ့။မမြိန်တဲ့အပြင် ခြောက်ကပ်ကပ်မို့ထင် မြိုရတာတောင် ခက်သလိုလို။စားမကောင်းတဲ့ ထမင်းကို ကြိတ်မှိတ်ကုန်အောင်စားပြီး ပန်းကန်ဆေးထားလိုက်တယ်။မောင်ကတော့ မပြန်ခဲ့သေးဘူး။ဘယ်အချိန်တည်းက ထွက်သွားသလဲမသိဘူး။ထမင်းဟင်းချက်ထားခဲ့သေးတာဆိုတော့ အနည်းဆုံး ရှစ်နာရီလောက်မှ ထွက်လို့ရမှာ။အိပ်ပျော်သွားလိုက်တာလည်း ဆယ်နာရီလောက်ထိ။တော်ပါသေး ဒီနေ့တနင်္ဂနွေနေ့မို့ ကျောင်းသားတွေ ပိတ်ထားလို့။
'ရေချိုးထားလိုက်တာ အေးပါတယ်'
တစ်ယောက်တည်းပဲ ရေရွတ်ပြီး ရေချိုးဖို့ ရေငင်နေလိုက်တယ်။အရင်ကလို ရေငင်ပေးဖို့လည်း မောင့်ကို မခိုင်းချင်တော့ဘူး။မလုပ်ချင်ဘဲ လုပ်ပေးနေရလိမ့်မယ်လေ။အခုလည်း ဘယ်အချိန်မှ ပြန်လာမလဲ မသိပါ။ပျော်အောင်များ မထားမိလို့လားမောင်ရယ်။စိတ်ညစ်စရာရယ်လို့များ ပေးမိလို့လား။
♥♥♥
"ဟ...ဟယ်လို"
"ဟယ်လို...အမိန့်ရှိပါရှင်...ရွှေရွက်ဝါ လုပ်ငန်းစုက ဒေါ်ကေသီနွယ်ပြောနေပါတယ်"
"အင့်...."
ငိုချင်စိတ်က အမေ့အသံကြားမှ ပိုဆိုးတယ်။ဘာစကားမှမပြောနိုင်သေးခင် ရိုက်သံက အရင်ထွက်လို့လာတယ်။
"သား...သားကြီးလား...ဟင်...သားကြီးရယ်...နေနိုင်လိုက်တာကွယ်"
"အင့်...အမေ...ဟင့်"
"သားကြီး...မေမေ့သားကြီး"
နေ့လည် တစ်နေ့လည်လုံး မောင့်ကို စောင့်နေတာ ပြန်မလာဘူး။ဒီနေ့မှ ဘာဖြစ်နေမှန်းလဲ မသိဘူး။မောင်နဲ့ အတူရှိချင်နေတာ။မနေ့ညက မောင့်ပြောစကားအတိုင်းပဲ။မောင်ပိုယ်တိုင်ချက်ကျွေးမယ်ဆိုပြီး ဒီနေ့မနက်တော့ ထမင်းနဲ့ ဟင်းနဲ့ ချက်ပေးခဲ့သားပဲ။ဒါပေမယ့်..... ဒါပေမယ့်လေ
"သားကြီး..မငိုနဲ့တော့....ဘာဖြစ်တာလဲ..မေမေ့ကိုပြော...ဟင်..ဘာဖြစ်တာလဲ...သားကရော..အခုဘယ်မှာလဲ...သားအဖေရော မေမေရော..သားညီမလေးရော အကုန်လုံး သားကိုမျှော်နေကြတာကွယ်"
"အင့်..."
တီ
ဘာစကားမှ မပြောနိုင်တော့ဘူး။အသံကြားလေ ပိုဝမ်းနည်းလေ ဖြစ်လာတယ်။အိမ်မှာနေတုန်းက ပုံစံခွက်ထဲ နေနေရတာမို့ ထွက်ချင်နေတော့တာပဲသိတာ။အိမ်က အဖေ ပုံသွင်းနေတဲ့ ဘဝကြီးမှာ မနေချင်တော့တာပဲ သိတာ။မောင်ကလည်း အဲ့အချိန်တုန်းက သူများတေအားကျရလောက်အောင် ချစ်ပေးခဲ့တာ။
Ring~~
နောက်တစ်ဖန်မြည်လာတဲ့ဖုန်းလေးကို မကိုင်တော့ဘဲ တစ်ခါတည်း စက်ပိတ်ချပစ်လိုက်တယ်။လက်ထဲမှာကိုင်ထားတဲ့ ဖုန်းမျက်နှာပြင်ပေါ်ကို မျက်ရည်တစ်စက်က ပေါက်ခနဲ။
သိပါတယ်။အမေတို့တေ စိတ်ပူနေကြမယ်ဆိုတာသိပါတယ်။တစ်အိမ်လုံးက လွမ်းနေကြမယ်ဆိုတာ သိပါတယ်။ဒါပေမယ့် ဒီက သားမိုက်ကြီးကတော့ အမေတို့ဆီ ပြန်လာဖို့ စိတ်ကူးတောင်မကူးမိသေးဘူး။ဟော့ဒီက သားမိုက်ကြီးက အမေတို့ထက် ယောက်ျားဖြစ်တဲ့သူကို ပိုအားကိုးမိနေတုန်း။အားကိုးနေတဲ့ အရိပ်ကြီးက ဖျော့တော့လာတာတောင်မှပဲ ဒီက သားမိုက်ကြီးက အပြည့်အဝ အားကိုးချင်မိတုန်း။သားမိုက်ကြီးပါ အမေရယ်။သားမိုက်ကြီးပါ။
ဆို့တက်လာတဲ့ ရင်ဘတ်ကို သက်သာလို သက်သာငြား လက်သီးဆုပ်နဲ့ ထုရိုက်နေမိတယ်။မျက်လုံးထဲက မျက်ရည်တွေ စီးကျလာတာကိုတော့ မတားနိုင်ဘူး။
အဖေ...။အမေ...။
မိဘရင်ကို ခြေစုံကန်ပြီး ထွက်လာခဲ့လို့များလားကွယ်။
ထိုနေ့က တစ်ယောက်တည်း သည်းသည်းထန်ထန်ငိုနေရှာတဲ့ ကောင်လေးတစ်ယောက် အဖော်မဲ့စွာ ရှိနေလေရဲ့။
♥♥♥
Ti~~Ti~~Ti
"Hello"
သုံးခါလောက် ဖုန်းဝင်သွားပြီးမှ တစ်ဖက်ကကိုင်တယ်။
"Hello. ..ထွဋ်ခေါင်လား"
"ဟုတ်တယ်လေ အစ်ကို...ဘာပြောဖို့လဲ"
"ဟို...မင်းသူငယ်ချင်းလေ..အဲ့ဒါ မင်းဆီမှာများရှိလားလို့"
"ဘာ...ကျစ်စ်...ဒီကောင်တော့"
ဒီအသံမျိုးကြားရတယ်ဆိုတော့ သူ့ဆီမှာမရှိလို့ပေါ့။
"ဟို...အားတော့နာပေမယ့်လေ...ညီလေးတို့ သူငယ်ချင်းတွေဆီမေးပေးပါဦးနော်...ရှိရင် ပြန်လွှတ်ဖို့ရော...ပြောပေးပါဦး"
"ဟုတ်ဟုတ် အစ်ကို...ဒါနဲ့ အစ်ကို ကျနော် အဖော်လာလုပ်ပေးရမလား"
"ရပါတယ်...မင်းသူငယ်ချင်းကိုသာ..ရှိရင် မြန်မြန်လွှတ်ပေးပါနော်"
"ဟုတ်ကဲ့ အစ်ကို... ကျနော်မေးကြည့်လိုက်ဦးမယ်နော်"
"ကျေးဇူးပါ"
ထွဋ်ခေါင်ဆီဖုန်းဆက်မေးတော့လည်း မရှိဘူးတဲ့။မောင့်သူငယ်ချင်းတေဆိုလို့လည်း ထွဋ်ခေါင်ဖုန်းနံပါတ်ပဲရှိလို့ သူ့ကိုပဲတစ်ဆင့်မေးခိုင်းရတယ်။ဘယ်များသွားနေသလဲမောင်။မနက်ကတည်းက ပျောက်နေတာ အခုထိ။မှောင်တောင်မှောင်တော့မယ်။
ကျွီ ဒုန်း
ဂွတ်
"အား...အမလေး..မင်းငါ့ကိုသေကြောင်းကြံနေတာလား"
"ဟ..ကြံစရာလား..ကွာ...ငါ့ချစ်သူငယ်ချင်းကြီးကို အေ့လ်"
"သွားပြီ...ငါတော့အိမ်ရောက်ပြီ...အေ့လ်...တာ့တာ...မင်းပြန်တော့"
မောင်။နှစ်ယောက်စလုံးမူးပြဲလာလိုက်တာ ဆိုင်ကယ်တောင်ဖြောင့်အောင်မမောင်းနိုင်ပါလား။အိမ်အောက်ထိုးမှ အရှိန်မထိန်းနိုင်လို့ ရှေ့က တန်းလျားကို သွားတိုက်နေတယ်။လမ်းမှာများ ဘယ်လိုများမောင်းလာခဲ့ကြသလဲ အိမ်ရောက်အောင်။
"ပါးမို့မို့လေးထက်က...အေ့လ်...စံပါယ်တင်မှဲ့ကလေးရယ်..ဂွမ်..ဂွမ်...အေ့လ်"
"မောင့်!"
အော်ပစ်လိုက်မိပါသည်။မူးနေတာ လူမှန်းတောင်မသိဘူး။ဆိုနေတဲ့ သီချင်းက....သီချင်းက ။
"ဘယ်သူ့ကိုတမ်းတပြီးဆိုနေတာလဲ...ဟမ်...မင်းဘယ်သူ့ကိုတမ်းတပြီး ဆိုနေတာလဲလို့"
မောင့်လည်ပင်းက အင်္ကျီစကိုစုကိုင်လို့ အော်ဟစ်မိတယ်။မရှက်နိုင်တော့ဘူး။ဒီလောက်ထိတောင်လား မောင်။မူးနေတဲ့လူကို တုပြီး အထအနကောက်နေတယ်ပဲဆိုဆို ။
"ဟမ်...ဟက်ဟက်...ကိုကို...ကိုကို့ကိုဆိုတာပေါ့...အေ့လ်"
"မပြောနဲ့...မင်းမပြောနဲ့...အဲ့ပါးစပ်ကြီးက ငါ့ကိုလို့မပြောနဲ့...အင့်"
အင်္ကျီစကို ဆွဲကိုင်လှုပ်ရမ်းလို့ ပြောတော့ မောင်က မျက်လုံးတောင် ကျယ်ကျယ်မပွင့်။အား.....။ကာယကံရှင်က ဘာမှမသိတော့ဘူး။ဘယ်သူ့ကို ပြောရမှာလဲ။ဘယ်သူ့ကို ပြောရမှာလဲလို့။
အေ့လ် အေ့လ်
ငိုရပြန်ပြီ။ယောက်ျားလေးလည်း နှလုံးသားရှိတာမို့လို့ ငိုချင်တယ်။ဘယ်သူ့ရှေ့ ဖွင့်ချပြီး ငိုလိုက်ရမှာလဲ။ဘာလို့လို့ ပြောလိုက်ရမှာလဲ။မျက်ရည်တေသာ စီးကျလို့ ကြိတ်ငိုနေရတယ်။
"ကိုင်ထား...အင့်...ဒီတိုင်းလည်း ပစ်မထားနိုင်ဘူး...မောင်နော်...မောင်...မောင်မို့လို့..အင့်"
ရှိုက်နေရင်းပဲ တစ်ယောက်တည်း ပြောပြီး မနိုင်မနင်းကိုယ်ကြီးကို အိမ်ပေါ်ရောက်အောင် တွဲတင်ရတယ်။အိမ်ခန်းထဲရောက်မှ စောင်ကို ရင်ဘတ်ပေါ်တင်ပေးလိုက်တယ်။အိပ်ပျော်နေလိုက်တာများ။
နဖူးပေါ်ကျနေတဲ့ ဆံစတေကို သပ်တင်လို့ မောင့်နဖူးပြင်ကို နမ်းရှိုက်မိတာ အမြတ်တနိုး။အရက်ရှိန်ကြောင့် မျက်နှာက ခပ်ရဲရဲ။လိမ္မာပါ့လား မောင်ရယ်။ပြောမှသိ ထိမှနာဆိုတဲ့ပုံစံမျိုး မောင့်ကို မဖြစ်စေချင်ဘူး။လိမ္မာပါ မောင်ရယ်။
ဒီညလည်း မျက်ရည်ကျရပြန်တာပါပဲ။
♥♥♥
29.10.21
Advertisement
- In Serial13 Chapters
The Afterlife, And How To Survive It (Barely)
Larry Foulery's monotonous, directionless life changed drastically, when he got shot in the face. Reincarnated into a new world, where he has nothing to lose and everything to gain, and with the honor and dedication of an part-time fast food cashier, he is ready to face this adventure. Kinda. The story takes place in the cynical world of Afterlife, where status screens and are considered normal, and the rule of physics cry in a corner, because nobody cares about them, and they are alone and lonely, and their family hasn't called them in years. Anyways, have fun. BTW don't stare too long into the story cover. I get the feeling it stares back. I'm trying to improve my writing, so feel free to bombard me with criticism.
8 145 - In Serial10 Chapters
Musica
Chun Mo our little protagonist a simple newly graduated student from the conservatory was suddenly transported to another world where music is none existent. Join him on his journey on spreading the wonder of music.
8 86 - In Serial19 Chapters
The Most OP Protagonist In History
In modern society, the believers of the supernatural are not many and our protagonist was one of them until one day. That day, he realized that he had somehow gained some superpowers which the science cannot explain. He realized that he can control things, people, object, destiny, life-and-death, and even the world with just his mere words. And this was not the limit of his powers. Time, gravity, celestial bodies....and maybe the heavens itself. Who knows? But, soon he realized that he was not the only one with superpowers in this world. There were others too but, Saksham realized that for some reasons, their powers were not as overpowered as his, or to say, their powers were too sh*t compared to his. Follow Saksham in his journey as he finds out the mystery behind his powers and eventually becomes a God-like existence and who would also come to be known as "The Most OP Protagonist In History".
8 151 - In Serial26 Chapters
Persephone
"I am only my own-half blooming creation,half blazing hellfire."Some romances are legendary. >
8 284 - In Serial41 Chapters
You're Not My Boss // Jaehyun Mafia FF
She was tough, but he was a completely different story...
8 219 - In Serial27 Chapters
D3 The Mighty Ducks (LUIS MENDOZA)
Having achieved a modicum of fame from their earlier adventures, all the members of the Mighty Ducks hockey team are awarded scholarships to a prestigious prep school. But they must now play in the school's uniforms and renounce their freewheeling style for the more disciplined approach of their new coach, Ted Orion. After star player Charlie quits the team, their old coach, Gordon Bombay , must return to reinvigorate the Ducks' spirit.
8 105