Advertisement
မနက်လင်းတော့ ထမင်းရယ် ဟင်းရယ်က မောင်ချက်တယ်။သူပဲ ချက်ရမှာပေါ့။ကိုယ့်ကို စောစောမထနိုင်အောင်လုပ်ထားတာကိုး။အိပ်ယာနိုးနိုးချင်းမှာပဲ ဆယ်နာရီလောက်ဖြစ်နေပြီ။ဒါတောင် အိပ်ချင်စိတ်ကမပြေဘူး။အိပ်ယာထဲမှာ ပူနေလို့ ဆက်အိပ်မရတော့တာ။
စားပွဲခုံပေါ် အုပ်ဆောင်းကို လှန်လိုက်တော့ ဖရုံးသီးချက် ဝင်းဝင်းလေး။မနေ့က ဘေးအိမ်က ဖရုံသီးတစ်လုံးပေးထားလို့ ဒီနေ့အတွက်ဟင်းက ဖရုံသီး။မနေ့က ထောင်းထားတဲ့ စပ်သီးထောင်းခွက်လည်း ရှိနေတယ်။မနေ့ညက နှစ်ယောက်စလုံး ညစာမစားတော့ ထမင်းတေ ဝက်စာထဲထည့်ရပြီ။အပိုအလျှံဖြစ်သွားတဲ့ ထမင်းဆို သိပ်နှမြောတယ်။
'ဘယ်များသွားပါလိမ့်...ဆိုင်ကယ်လည်း မရှိဘူးဆိုတော့...မြို့ထဲတေဘာတေများသွားလား'
ဆာနေတဲ့ ဗိုက္ကို ဖြည့်တင်းဖို့ ထမင်းခူးပြီး စားပြဲမွာ စားဖို့လုပ်တုန်း တစ်ယောက်တည်းရေရွတ်မိတယ်။မောင်က ပြန်ရောက်ရင် မြို့ထဲတေ သွားတတ်တယ်လေ။သူ့ရဲ့ နောက်တစ်ယောက်က မှာလို့ ဝယ်ဝယ်ပေးနေရတယ်ထင်ပါတယ်။သိချင်ပေမယ့် မမေးပါဘူး။မမေးမိအောင်ကို နေတယ်။အတတ်နိုင်ဆုံး မကြည့်မိအောင်ကို နေတယ်။မမြင်ရတော့ စိတ်သက်သာတယ်။
တစ်ခေါက်သွားတိုင်း တကူးတကဝယ်ဝယ်သွားရတဲ့ တစ်ခုမဟုတ် တစ္ခုပါပါသြားတာကို သိတယ်။ဒါပေမယ့် မသိချင် မမြင်ချင်ယောင်ဆောင်နေတယ်။ဒီကိစ္စနဲ့ ပတ်သက်ပြီး မောင်ဖြေရှင်းဖို့ ခက်နေမှာစိုးလို့။
ခြောက်ကပ်ကပ် ဖရုံသီးဟင်းနဲ့ စပ်သီးထောင်းက ထမင်းမြိန်စေဖို့ အဆင်မပြေဘူးထင်ရဲ့။မမြိန်တဲ့အပြင် ခြောက်ကပ်ကပ်မို့ထင် မြိုရတာတောင် ခက်သလိုလို။စားမကောင်းတဲ့ ထမင်းကို ကြိတ်မှိတ်ကုန်အောင်စားပြီး ပန်းကန်ဆေးထားလိုက်တယ်။မောင်ကတော့ မပြန်ခဲ့သေးဘူး။ဘယ်အချိန်တည်းက ထွက်သွားသလဲမသိဘူး။ထမင်းဟင်းချက်ထားခဲ့သေးတာဆိုတော့ အနည်းဆုံး ရှစ်နာရီလောက်မှ ထွက်လို့ရမှာ။အိပ်ပျော်သွားလိုက်တာလည်း ဆယ်နာရီလောက်ထိ။တော်ပါသေး ဒီနေ့တနင်္ဂနွေနေ့မို့ ကျောင်းသားတွေ ပိတ်ထားလို့။
'ရေချိုးထားလိုက်တာ အေးပါတယ်'
တစ်ယောက်တည်းပဲ ရေရွတ်ပြီး ရေချိုးဖို့ ရေငင်နေလိုက်တယ်။အရင်ကလို ရေငင်ပေးဖို့လည်း မောင့်ကို မခိုင်းချင်တော့ဘူး။မလုပ်ချင်ဘဲ လုပ်ပေးနေရလိမ့်မယ်လေ။အခုလည်း ဘယ်အချိန်မှ ပြန်လာမလဲ မသိပါ။ပျော်အောင်များ မထားမိလို့လားမောင်ရယ်။စိတ်ညစ်စရာရယ်လို့များ ပေးမိလို့လား။
♥♥♥
"ဟ...ဟယ္လို"
"ဟယ္လို...အမိန့်ရှိပါရှင်...ရွှေရွက်ဝါ လုပ်ငန်းစုက ဒေါ်ကေသီနွယ်ပြောနေပါတယ်"
"အင့်...."
ငိုချင်စိတ်က အမေ့အသံကြားမှ ပိုဆိုးတယ်။ဘာစကားမှမပြောနိုင်သေးခင် ရိုက်သံက အရင်ထွက်လို့လာတယ်။
"သား...သားကြီးလား...ဟင်...သားကြီးရယ်...နေနိုင်လိုက်တာကွယ်"
"အင့်...အေမ...ဟင့်"
"သားကြီး...မေမေ့သားကြီး"
နေ့လည် တစ်နေ့လည်လုံး မောင့်ကို စောင့်နေတာ ပြန်မလာဘူး။ဒီနေ့မှ ဘာဖြစ်နေမှန်းလဲ မသိဘူး။မောင်နဲ့ အတူရှိချင်နေတာ။မနေ့ညက မောင့်ပြောစကားအတိုင်းပဲ။မောင်ပိုယ်တိုင်ချက်ကျွေးမယ်ဆိုပြီး ဒီနေ့မနက်တော့ ထမင်းနဲ့ ဟင်းနဲ့ ချက်ပေးခဲ့သားပဲ။ဒါပေမယ့်..... ဒါပေမယ့်လေ
"သားကြီး..မငိုနဲ့တော့....ဘာဖြစ်တာလဲ..မေမေ့ကိုပြော...ဟင်..ဘာဖြစ်တာလဲ...သားကေရာ..အခုဘယ်မှာလဲ...သားအေဖေရာ မေမေရော..သားညီမလေးရော အကုန်လုံး သားကိုမျှော်နေကြတာကွယ်"
"အင့်..."
တီ
ဘာစကားမွ မပြောနိုင်တော့ဘူး။အသံကြားလေ ပိုဝမ်းနည်းလေ ဖြစ်လာတယ်။အိမ်မှာနေတုန်းက ပုံစံခွက်ထဲ နေနေရတာမို့ ထွက်ချင်နေတော့တာပဲသိတာ။အိမ်က အေဖ ပုံသွင်းနေတဲ့ ဘဝကြီးမှာ မနေချင်တော့တာပဲ သိတာ။မောင်ကလည်း အဲ့အချိန်တုန်းက သူများတေအားကျရလောက်အောင် ချစ်ပေးခဲ့တာ။
Ring~~
နောက်တစ်ဖန်မြည်လာတဲ့ဖုန်းလေးကို မကိုင်တော့ဘဲ တစ်ခါတည်း စက်ပိတ်ချပစ်လိုက်တယ်။လက်ထဲမှာကိုင်ထားတဲ့ ဖုန်းမျက်နှာပြင်ပေါ်ကို မျက်ရည်တစ်စက်က ပေါက်ခနဲ။
သိပါတယ်။အမေတို့တေ စိတ်ပူနေကြမယ်ဆိုတာသိပါတယ်။တစ်အိမ်လုံးက လွမ်းနေကြမယ်ဆိုတာ သိပါတယ်။ဒါပေမယ့် ဒီက သားမိုက်ကြီးကတော့ အမေတို့ဆီ ပြန်လာဖို့ စိတ်ကူးတောင်မကူးမိသေးဘူး။ဟော့ဒီက သားမိုက်ကြီးက အမေတို့ထက် ယောက်ျားဖြစ်တဲ့သူကို ပိုအားကိုးမိနေတုန်း။အားကိုးနေတဲ့ အရိပ်ကြီးက ဖျော့တော့လာတာတောင်မှပဲ ဒီက သားမိုက်ကြီးက အပြည့်အဝ အားကိုးချင်မိတုန်း။သားမိုက်ကြီးပါ အမေရယ်။သားမိုက်ကြီးပါ။
ဆို့တက်လာတဲ့ ရင်ဘတ်ကို သက္သာလို သက်သာငြား လက်သီးဆုပ်နဲ့ ထုရိုက်နေမိတယ်။မျက်လုံးထဲက မျက်ရည်တွေ စီးကျလာတာကိုတော့ မတားနိုင်ဘူး။
အေဖ...။အေမ...။
မိဘရင်ကို ခြေစုံကန်ပြီး ထွက်လာခဲ့လို့များလားကွယ်။
ထိုနေ့က တစ်ယောက်တည်း သည်းသည်းထန်ထန်ငိုနေရှာတဲ့ ကောင်လေးတစ်ယောက် အဖော်မဲ့စွာ ရှိနေလေရဲ့။
♥♥♥
Ti~~Ti~~Ti
"Hello"
သုံးခါလောက် ဖုန်းဝင်သွားပြီးမှ တစ်ဖက်ကကိုင်တယ်။
"Hello. ..ထွဋ်ခေါင်လား"
"ဟုတ်တယ်လေ အစ္ကို...ဘာပြောဖို့လဲ"
"ဟို...မင်းသူငယ်ချင်းလေ..အဲ့ဒါ မင်းဆီမှာများရှိလားလို့"
"ဘာ...ကျစ်စ်...ဒီကောင်တော့"
ဒီအသံမျိုးကြားရတယ်ဆိုတော့ သူ့ဆီမှာမရှိလို့ပေါ့။
"ဟို...အားတော့နာပေမယ့်လေ...ညီလေးတို့ သူငယ်ချင်းတွေဆီမေးပေးပါဦးနော်...ရှိရင် ပြန်လွှတ်ဖို့ရော...ပြောပေးပါဦး"
"ဟုတ်ဟုတ် အစ္ကို...ဒါနဲ့ အစ္ကို ကျနော် အဖော်လာလုပ်ပေးရမလား"
"ရပါတယ်...မင်းသူငယ်ချင်းကိုသာ..ရှိရင် မြန်မြန်လွှတ်ပေးပါနော်"
"ဟုတ်ကဲ့ အစ္ကို... ကျနော်မေးကြည့်လိုက်ဦးမယ်နော်"
"ကျေးဇူးပါ"
ထွဋ်ခေါင်ဆီဖုန်းဆက်မေးတော့လည်း မရှိဘူးတဲ့။မောင့်သူငယ်ချင်းတေဆိုလို့လည်း ထွဋ်ခေါင်ဖုန်းနံပါတ်ပဲရှိလို့ သူ့ကိုပဲတစ်ဆင့်မေးခိုင်းရတယ်။ဘယ်များသွားနေသလဲမောင်။မနက်ကတည်းက ပျောက်နေတာ အခုထိ။မှောင်တောင်မှောင်တော့မယ်။
ကျွီ ဒုန်း
ဂွတ်
"အား...အမေလး..မင်းငါ့ကိုသေကြောင်းကြံနေတာလား"
"ဟ..ကြံစရာလား..ကြာ...ငါ့ချစ်သူငယ်ချင်းကြီးကို အေ့လ်"
"သွားပြီ...ငါတော့အိမ်ရောက်ပြီ...အေ့လ်...တာ့တာ...မင်းပြန်တော့"
မောင်။နှစ်ယောက်စလုံးမူးပြဲလာလိုက်တာ ဆိုင်ကယ်တောင်ဖြောင့်အောင်မမောင်းနိုင်ပါလား။အိမ်အောက်ထိုးမှ အရှိန်မထိန်းနိုင်လို့ ရှေ့က တန်းလျားကို သွားတိုက်နေတယ်။လမ်းမှာများ ဘယ်လိုများမောင်းလာခဲ့ကြသလဲ အိမ်ရောက်အောင်။
"ပါးမို့မို့လေးထက်က...အေ့လ်...စံပါယ်တင်မှဲ့ကလေးရယ်..ဂွမ်..ဂွမ်...အေ့လ်"
"မောင့်!"
အော်ပစ်လိုက်မိပါသည်။မူးနေတာ လူမှန်းတောင်မသိဘူး။ဆိုနေတဲ့ သီချင်းက....သီချင်းက ။
"ဘယ်သူ့ကိုတမ်းတပြီးဆိုနေတာလဲ...ဟမ်...မင်းဘယ်သူ့ကိုတမ်းတပြီး ဆိုနေတာလဲလို့"
မောင့်လည်ပင်းက အကျႌစကိုစုကိုင်လို့ အော်ဟစ်မိတယ်။မရှက်နိုင်တော့ဘူး။ဒီလောက်ထိတောင်လား မောင်။မူးနေတဲ့လူကို တုပြီး အထအနကောက်နေတယ်ပဲဆိုဆို ။
"ဟမ်...ဟက်ဟက်...ကိိုကို...ကိုကို့ကိုဆိုတာပေါ့...အေ့လ်"
"မပြောနဲ့...မင်းမပြောနဲ့...အဲ့ပါးစပ်ကြီးက ငါ့ကိုလို့မပြောနဲ့...အင့်"
အကျႌစကို ဆွဲကိုင်လှုပ်ရမ်းလို့ ပြောတော့ မောင်က မျက်လုံးတောင် ကျယ်ကျယ်မပွင့်။အား.....။ကာယကံရှင်က ဘာမှမသိတော့ဘူး။ဘယ်သူ့ကို ပြောရမှာလဲ။ဘယ်သူ့ကို ပြောရမှာလဲလို့။
အေ့လ် အေ့လ်
ငိုရပြန်ပြီ။ယောက်ျားလေးလည်း နှလုံးသားရှိတာမို့လို့ ငိုချင်တယ်။ဘယ်သူ့ရှေ့ ဖွင့်ချပြီး ငိုလိုက်ရမှာလဲ။ဘာလို့လို့ ပြောလိုက်ရမှာလဲ။မျက်ရည်တေသာ စီးကျလို့ ကြိတ်ငိုနေရတယ်။
"ကိုင်ထား...အင့်...ဒီတိုင်းလည်း ပစ်မထားနိုင်ဘူး...မောင်နော်...မောင်...မောင်မို့လို့..အင့်"
ရှိုက်နေရင်းပဲ တစ်ယောက်တည်း ပြောပြီး မနိုင်မနင်းကိုယ်ကြီးကို အိမ်ပေါ်ရောက်အောင် တွဲတင်ရတယ်။အိမ်ခန်းထဲရောက်မှ စောင်ကို ရင်ဘတ်ပေါ်တင်ပေးလိုက်တယ်။အိပ်ပျော်နေလိုက်တာများ။
နဖူးပေါ်ကျနေတဲ့ ဆံစေတကို သပ်တင်လို့ မောင့်နဖူးပြင်ကို နမ်းရိုှက်မိတာ အမြတ်တနိုး။အရက်ရှိန်ကြောင့် မျက်နှာက ခပ်ရဲရဲ။လိမ္မာပါ့လား မောင်ရယ်။ပြောမှသိ ထိမှနာဆိုတဲ့ပုံစံမျိုး မောင့်ကို မဖြစ်စေချင်ဘူး။လိမ္မာပါ မောင်ရယ်။
ဒီညလည်း မျက်ရည်ကျရပြန်တာပါပဲ။
♥♥♥
29.10.21
Advertisement
- In Serial18 Chapters
Gaming The System
Jack desperately wants someone to believe him. He is seeing blue boxes that seem to know everything about him. He reveals himself to his family and neighbors, only to learn that some things are better kept quiet. At least he isn't alone. His childhood best friend seems to have powers too. How far down does this rabbit hole go? This is my first attempt at writing. Expect the genre to wander. Currently on Hiatius.
8 120 - In Serial26 Chapters
The Lord of the Stars
John is a simple farmboy on the planet of Bremman, gazing at the stars on the night sky and dreaming big. His only chance of getting away from his simple life is to participate in a combat tournament that will allow him to join the military. Yet an encounter with a young sorceress upends his entire life and plunges him in a conflict that will change the galaxy's fate.… Genre: Sci-Fi/Fantasy story, with some elements from Xianxia and Cyberpunk. POV: Third-person omniscient. Update Schedule: Once every week - average update can range from 3000 to 8000 words. Cover: From Pixabay, website for sharing copyright free images. Design: From Canva. Calligraphy: From fontmeme and Clipart Library.
8 174 - In Serial15 Chapters
Terra Nostra
His life wasn't pleasant. He keep trying but it wasn't enough. Nobody was there to rely on. He give up. A God give him another chance. A test for himself to try seeing what he really worth. Would he shine? Would he find his way? In a world where there's no hope, where injustice lay in every corner, he will make a place for those in despair. Join the journey of our MC, in a world of magic and swords.
8 69 - In Serial22 Chapters
Annabelle
A serial killer descends into madness. His life is spiraling out of control - and there might be an alien hunting him! Annabelle is a dark, twisted, and funny science fiction / horror story.
8 186 - In Serial99 Chapters
The New World Rising : How to Build a Dungeon Kingdom
He found himself in the middle of an unnamed forest. Now he has to survive! Join Echo in his adventures of building anew civilization of fantastic creatures and exploring this magical world! He was summoned to this magical world, and started to develop his small tribe with his new friends. But, soon, it all ended with a mystical mist, leaking from behind a mysterious gate. Now reborn as a dungeon master, Echo strives to build the first kingdom of the underworld. Join him in his adventures of building the biggest dungeon and the only underground city of the world, thriving! MC is building a dungeon kingdom in a world with RPG-like features
8 156 - In Serial40 Chapters
The Calamity Girls (Book 1)
Trapped in the world of Amphibia, former BFF's, Anne Boonchuy, and Rowena Warbler have crazy adventures with the Plantar's as they try to help the girls return home.I DON'T OWN AMPHIBIA!
8 226