Advertisement
"အိုကေ အိုကေ...ဒီနေ့တော့မလာနိုင်သေးဘူးနော်...မနက်ဖြန်မှထွက်ခဲ့တော့မယ်ကွာ..နော်"
". ............"
"စိတ္ခ်ကြာ...နော်..."
". ..........."
ညကအရှိန်ကြောင့် မနက်စောစော မထနိုင်တဲ့မောင်။ဖုန်းသံကြားမှ နိုးလာပေမယ့် ကြည်ကြည်လင်လင်ရှိနေလိုက်တာ။အခန်းထဲက အိပ်ယာထဲကဘမထွက်ရသေးဘူး သူ့ရဲ့နောက်တစ်ယောက်က ဖုန်းဆက်နေပြီ။
မီးဖိုချောင်ထဲကနေဆိုတော့ အတိုင်းသားကြားနေရတယ်။
ဂလွမ် လွမ်
မကြားချင်ဘူးမောင်ရယ်။အဲ့အသံတေကြားရတာထက် အိုးခွက်ကျသံတေကြားရတာကပဲ တော်သေးတယ်။ခူးလက်စ ထမင်းအိုးဖုံးကို လွှတ်ချလိုက်တာက ခနေတာ့ ဆူညံသွားစေတယ်မလား။
"ဘာတေလွတ်ကျနေရတာလဲကိုကို...ဟင်"
"ဖယ်ပါမောင်ရယ်...မျက်နှာသွားသစ်ချေတော့...ထမင်းခူးထားတယ်...ငါကစားနှင့်တော့မယ်"
နောက်ကနေ ခါးဆီလက်လျှိုသွင်းပြီး ပုခုံးပေါ်မေးတင်လာတဲ့မောင်။လည်ပင်းနားမှာ တရံှု့ရံှု့နှင့်။
"မစောင့်တော့ဘူးလား..."
"အင်း...ငါဗိုက်ဆာနေပြီမလို့...သြားပါ...ခေါင်းကိုက်နေတယ်မလား..မျက်နှာသစ်တော့"
"အင်း....."
ဘယ်လိုလုပ်မလဲ။ဘယ်လိုလုပ်ရမလဲ။မောင်က ဒီလောက်ချစ်စရာကောင်းနေတာကို။မလုပ်သင့်တဲ့ကိစ္စကိုမှ လုပ်ရတယ်လို့။မောင်က ဆိုးပြီးရင်းကို ဆိုးနေတော့တာပဲ။
"မြန်မြန်မျက်နှာသစ်ပြီးထမင်းစားတော့..."
ထမင်းစားပွဲကို ဝင်ထိုင်လိုက်တော့မှ ဆင်းသွားတယ်။ငါ့ကို ပြောစရာဘာမှမရှိဘူးလား မောင်။ဖြေရှင်းစရာတေ ပြောစရာတေ မောင့်မှာ ဆိတ်သုဉ်းနေသလား။ဒါမှမဟုတ်...မလိုဘူးလို့များ မွတ္ထားသလား။
"ဘာဟင်းတေ ခ်က္ထားသလဲဗ်ာ"
"ထိုင်"
မျက်နှာသစ်ပြီး ပုဆိုးစနှင့်ပဲ မျက်နှာသုတ်ပြီး ဝင်ထိုင်လာတယ်။ဟင်းက ဘာမွမွ ချက်ချင်စိတ်မရှိတာ။
"အစုံသုပ်တစ်မယ်ပဲရှိတယ်"
"တစ်မယ်တည်းဆိုလဲ...စားကောင်းမှာသေချာတယ်...ကိုကို့လက်ရာကိုယုံပြီးသား"
အပြောကောင်းလိုက်တာ။
"အင်း...ငါဝပြီ...မကုန်သေးရင် နေ့လည်စာချန်ခဲ့လိုက်"
"ဟောဗျာ...မစောင့်ပေးတော့ဘူးလား"
ငါလည်း ဘယ်လိုတေဖြစ်နေသလဲ မသိပါဘူးမောင်ရာ။ အရင်တုန်းကလိုလည်း မောင်ထမင်းစားနေတဲ့ဘေးမှာ မစောင့်ချင်တော့ဘူး။အခုလည်း အစုံသုပ်ထဲ ထည့်ထားတဲ့ ငရုပ်သီးနင်သွားလို့ထင်တယ်။ရင်ဘတ်ထဲမှာပူနေလို့ ရေအမြန်သောက်မှဖြစ်မှာ။
"အင်း....ငါမနေချင်တော့ဘူး"
"ဘာ.."
ဟုတ်တယ်မောင်။ငါမင်းအနားမှာ မနေချင်တော့ဘူး။မနေချင်ပေမယ့်လည်း မခွဲနိုင်ပြန်ဘူး။မင်းမရှိဘဲလည်း ငါမနေနိုင်ဘူး။မင်းနဲ့လည်း ငါမနေချင်တော့ဘူး။ဘယ်လိုတေ လုပ်ရတော့မလဲမောင်။ဟင်။
"အာ...ငါစပ်သီးစားမိလိုက်လို့ရေသောက်မလို့"
လှေကားကနေ အပေါ်ကို တက်တက်ချင်း အဝင်ဝမှာ ရေအိုးစဉ်လေး တင်ထားလို့ မောင့် ရှေ့ကနေ ထွက်ခဲ့ဖို့ အခွင့်အရေးရတယ်။ရေအိုးကပါ မီးဖိုထဲမှာမဟုတ်လို့တော်သေးတယ်။
♥♥♥
"ငါရူးတော့မယ်ထင်တယ်...ဘယ်လိုလုပ်ရမှန်းမသိလို့ရူးသွားတော့မလားမသိဘူး"
တစ်ခါမှမလာစဖူး အိမ္ကို ရောက်လာလို့ ထူးထူးဆန်းဆန်းအလည်လာသလားအောက်မေ့နေတာ။အလည်သက်သက်ချည်း မဟုတ်ခဲ့ဘူး။တရားခံကဘယ်သူရှိရမလဲ။
"အစ္ကို အိပ်ရောအိပ်ရဲ့လား..."
ညိုချင်နေတဲ့ မျက်ကွင်းတွေက အိပ္လားမအိပ္လား အသိသာကြီး။ဒီလိုတေ မအိပ်ဘဲနေလို့ ဘယ်ဖြစ်ပါ့မလဲဗျာ။
"ဘယ်လိုများအိပ်ပျော်ပါ့မလဲ...ညက..ညကေလ"
"ဘာဖြစ်တာလဲ...ဟိုကောင်ဘာလုပ်တာလဲ"
မတွေးအပ်တဲ့ အရာပေမယ့် ဘယ်အရာမဆို ဖြစ်နိုင်ချေရှိတယ်မလား။သူတို့နှစ်ယောက်ဆိုတာ တရားဝင်လက်ထပ်ထားတဲ့သူတေပဲ။
"သူ့ဖုန်းထဲကို စာတေအများကြီးဝင်လာတယ်"
"ဘာလဲ...ဟိုတစ်ယောက်ဆီကလား"
"အင်းပေါ့...သူ့ရဲ့ နောက်တစ်ယောက်ဆီက"
တောက်ခ်...ငါကြာ။
နားလည်တယ်။အိမ်ထောင်ရေးဖောက်ပြန်တယ်ဆိုရင် သက်ဆိုင်သူဘယ်လိုတေခံစားရမလဲဆိုတာ။ချစ်လှပါချည်ရဲ့ ဆိုတဲ့ ယောက်ျားဖြစ်သူက ကိုယ့်နောက်ကွယ်မှာ တခြားတစ်ယောက်ရှိတယ်ဆိုတဲ့ ခံစားချက်။အကုန်လုံးကို သိနေပါရက်နဲ့ မသိချင် မမြင်ချင်ယောင်ဆောင်နေရတဲ့ ခံစားချက်။အစ်ကိုမို့လို့သာ မြိုသိပ်နေနိုင်တာ။အဲ့နေရာမှာ ကိုယ္သာဆို ဝုန်းဒိုင်းကြဲပြီး ပေါက်ကွဲနေမိမှာ။
တစ္ခုခုဆို ဝုန်းဒိုင်းပေါက်ကွဲပစ်လိုက်တာထက် မြိုသိပ်ခံစားနေတတ်တဲ့သူတေက ပိုခံစားရခက်မှာ။
"အစ္ကို သူ့ကို ဘာမှမမေးတော့ဘူးလား...မငိုနဲ့ အစ္ကို...အစ္ကိုက ငိုနေရမယ့်သူမဟုတ်ဘူး"
"ငါမငိုပါဘူး...သူ့အလိုလို က်လာတာ...အင့်"
ငဖြိုးရာ...။မင်းကို အဲ့လောက်ထိ ခွေးစိတ်ပေါက်လိမ့်မယ်လို့ကို ငါမထင်မိတာ။သွေးမတော်သားမစပ်တဲ့ ငါက သူငယ်ချင်းဆိုတဲ့ပတ်သက်မှုတေကြောင့် မင်းလမ်းမမှားအောင် ငါတားခဲ့သေးသားပဲ။လူချင်းတွေ့ပြီးလဲပြောတယ်။ဖုန်းနဲ့လည်းပြောတယ်။ပြောတော့ မင်းကငါ့ကိုပါ ရှောင်လာတယ်။မင်း ဘာတေလုပ်နေတာလဲကွာ...။
"အစ္ကို...အစ္ကို အဲ့လိုကြီး မြိုသိပ်မနေပါနဲ့ဗျာ...အဲ့ကောင်ကို တစ်ခုခုတော့ ပြတ်ပြတ်သားသား လုပ်ပစ်စမ်းပါ"
အစ္ကိုက တအားမြိုသိပ်လွန်းတယ်။သည်းခံလွန်းတယ်။အဲ့ကိစ္စနဲ့ ပတ်သက်ပြီး တစ်ခွန်းမှကို ဟပုံမကျဘူး။တစ်ယောက်တည်း ကြိတ်ခံစားနေတော့ ပိုခံစားရခက်တယ်လေ။ဘေးကသိနေတဲ့ ကိုယ္က အားမလိုအားမရ။အခုလည်း တွေတွေကြီးမျက်ရည်တေသာ ကျနေတယ်။ကိုယ့်ရှေ့မှာမလို့ဒါတောင်။ဟိုကောင်ရှေ့ဆို ဘယ်လောက်ထိတောင်များ ဟန်ဆောင်နေဦးမလဲ။
"မဖြစ်ချင်ဘူး...ကိုယ့်အိမ်ထောင်ဘက်ကို ကိုယ့်ဆီမှာမနေချင်တော့လို့ ဆွဲထားရတယ်ဆိုတာမျိုး မဖြစ်ချင်လို့"
"အစ္ကိုရာ...ဒီလိုဆိုတိုင်းလည်း ဒီတိုင်းပဲ နေတော့မှာလား...တစ်ခုခုတော့လုပ်ပါဗျ...ဟမ်...ဘေးကမြင်နေရတာကို စိတ်မသက်သာလို့ပါ"
"ကိုယ္က အဓိကသက်ဆိုင်တဲ့သူပါ...ကိုယ်ကပိုပြီးတောင်ခံစားရတယ်...မောင့်ကိုလိမ္မာစေချင်တယ်...ဒါမယ့်...ကိုယ်အဲ့လိုတေလုပ်လိုက်ရင်...မောင်က..မောင်က စိတ်လိုက်မာန်ပါတေလုပ်သွားလိမ့်မယ်..အင့်"
စီးက်လာတဲ့ မျက်ရည်စီးကြောင်းတေကို လက်နဲ့ပွတ်သုတ်တယ်။ပြန်ကျလာတယ်။တစ်ပေါက်ပြီးတစ်ပေါက်။ဘေးနားကနေတောင် ခံစားနေရလို့ ဘယ်လိုလုပ်ပေးရမလဲ။
သူအဲ့လိုမျိုး လုပ်ပစ်လိုက်ရင် ဟိုကောင်က သူ့ကိုစိတ်ပျက်သွားပြီးဟိုတစ်ယောက်ဆီ ပါသွားမယ်လို့ တွေးနေတာနေမယ်။ကိုယ်ချစ်လို့ယူထားတဲ့ ယောက်ျားကို ဘယ်သူ့လက်ထဲ အပါခံနိုင်ပါ့မလဲ။
မျက်ရည်တေသုတ်နေတဲ့ အစ်ကို့လက်ကို ဆွဲကိုင်ထားလိုက်တယ်။ပြီးမှ သူ့ကိုယ်စား မျက်ရည်သုတ်ပေးလိုက်တော့ ပိုလို့တောင်ဆိုးလာသလို။ချော့ခံရတဲ့ကလေး ပိုငိုတယ်တဲ့။စိတ်ချပါ။စိတ်ချလိုက်ပါ။ဒီနေ့ကစပြီး အစ်ကိုခံစားနေရတာတေ ကို သက်သာအောင်လုပ်ပေးမယ်။
♥♥♥
'သူမြင်သွားတာလား'
သေချာတယ်။သူမြင်တယ်။messages ထဲဝင်ကြည့်လိုက်တော့ ဖွင့်ကြည့်ထားပြီးသားစာတေ။ပို့ထားတာတေကညက။ညက မူးနေလို့ စာဝင်လို့ဝင်မှန်းတောင်မသိဘူး။ဖွင့်ကြည့်ထားတာ သူ့အပြင် ဘယ်သူရှိမလဲ။ဒီအိမ်မှာ သူရယ် ကိုယ်ရယ်ပဲရှိတာကို။ဖုံးကွယ်ထားတာ မဟုတ်ဘူးဆိုပေမယ့် ဒီလိုစာတေ သူမြင်ရင်တော့ တစ်ခုခုပြောလာမယ်ထင်ထားတာ။ကိုကိုက သည်းခံတတ်တဲ့သူပဲ။ပြီးတော့ သူ့ယောက်ျားပဲ။သူ့ကိုပစ်ပြီး နောက်တစ်ယောက်ကို မယူဘူးဆိုတာ သူသိမှာပဲ။သူလည်း ယောက်ျားတစ်ယောက်ပဲ။မိန်းမတွေလိုတော့ လိုက်ပြီးခံစားနေမှာ မဟုတ်ပါဘူး။ကိုကို ခွင့်လွှတ်မှာပါ။ကိုကိုက ငါ့ကိုချစ်တာပဲ။ချစ်လို့ပဲ ဒီအချိန်ထိ ဘာမှမပြောတာပေါ့။
ဒီအချိန်ဆို ညကစာမပြန်လို့ စိတ်ကောက်နေမယ့် ပါးဖောင်းဖောင်းနဲ့ ကောင်မလေးတစ်ယောက်အကြောင်းတွေးမိပြန်တော့ အပြေးပဲသွားတွေ့လိုက်ချင်သလို။စိတ်ကောက်တတ်တဲ့ သူ့အမူအရာလေးကို ဒီလူက အသည်းယားလို့မဆုံးဘူး။တစ်ခုမဟုတ် တစ္ခု ပူဆာတတ်တဲ့ အကျင့်လေးကိုလည်း ချစ်စရာလို့မြင်မိပြန်ရော။
ဖုန်းထဲမှာ သူ့ဘာသာယူရိုက်ထားတတ်တဲ့ပုံလေးတေ ရှိတော့ အလွမ်းတော့ပြေပါတယ်လေ။ဖုန်းစခရင်ထဲကနေ ပြုံးပြနေတဲ့ ကောင်မလေးက ဖောင်းဖောင်းတုတ်တုတ်လေးနဲ့ ခ်စ္စရာအတိ။
♥♥♥
30.10.21
Advertisement
- In Serial538 Chapters
The Unnamed God. I’m Really Not A God You Guys !
Have you ever heard of The Unnamed God Sect?
8 1081 - In Serial234 Chapters
Son of the Spirit Beast
Rainbow Island, one of the several islands in this world governed by martial artists, is the stage of an incredible event. A newborn infant, Hei, is saved from a tragic ending and raised by a spirit beast spider. Under these unusual circumstances, Hei ends growing up with the body of a human but the mind of a spirit beast. However, this world is filled with conflicts, and his vision about spirit beast differs by the rest of the world. So, in order to protect his family, he decides to become a martial artist, beginning a journey that would bring him toward the peak of martial artist society while discovering the concealed story of the world.
8 202 - In Serial61 Chapters
Heir of Wilberforce
A prisoner of war escapes. To find him, the creators of the world turns the six lower worlds into a labyrinthine ticking bomb. They didn’t hide it, and yet, none of the five million mages living on the lower worlds noticed. Armad has to find the escaper to save his mom. But just as he sets out to look for him, his soul is accidentally broken, and a part is sent out of the labyrinth. *** Disclaimer: cover picture is not mine. My target is a daily release one chapter up to the end of the first book.
8 235 - In Serial8 Chapters
Tessellate: Stains Of Time
Sunlight has not been seen for generations, even the name of the planet has been lost. Now it’s known as the labyrinth, a dark and chaotic network of tunnels and caves where isolated tribes have adapted to survive.Follow Lyner, a mysterious hunter from the lower levels, and Add, a curious youth with their home collapsed from under their feet, as they traverse the Labyrinth and uncover its secrets and grow closer to each other. Warning for descriptions of injury, violence, and malnutrition. Nothing graphic, but still. Includes the use of a sign language that is part of a made up language for the setting that corresponds more or less one to one with the spoken language. This is not representative of any specific IRL sign language or trying to represent a specific community. With that clarified let’s climb down into the labyrinth.
8 147 - In Serial13 Chapters
Chronos Ascending
Meena has always been running. Why? She had the capability to be the strongest person in the world. Which made her the biggest TARGET in the world. Chronos Corp created a serum that brings out a person's innate super abilities. They're not as strong as those born with powers, but people like that were few and far between. Either way, they were now the most powerful company in the world, catering to everyone from the general pubic to the armies of entire countries. But what happens when you introduce powers into society? Crime goes up, suddenly the entire police force need powers just to stop petty crimes. Wars break out and the terrorism is beyond escapable. What can Meena do against this unstoppable corruption?
8 84 - In Serial20 Chapters
Gaea : A World of Miracles
Gaea. A world where magic, system, classes, levels, and skills are common sense. A world of unlimited possibilities. A world of monsters and magic. Now meet Arthur, an orphan from Earth who lived a hard life. As he was about to die, he was summoned to Gaea. What would he do in this magical world? Would he spend his second life trying to enjoy the idyllic life he couldn't get in the first one? Or Would he be more adventurous and explore this brand new world? Let's find out.
8 195