Advertisement
ဒီနေ့တော့ သရက်သီးစိမ်းတေကောက်ပြီး စပ်သီးခြောက်ထုပ်ဝယ်၊ဆား ၊အချိုမှုန့် ငပိကိုရှယ်နယ်ချပြီးတော့ ဇလုံခပ်ကြီးကြီးတစ်ခုထဲကိုထည့်ပြီး ကလေးတွေကို ချပေးလိုက်တယ်။အိမ်တိုင်းလိုလို သရက်သီးစိမ်းဆိုတာ အခုအချိန်အပေါဆုံး။အချိန်မရွေး အိမ်မရွေး ကောက်စားလို့ရတယ်။ခုလိုလူအများကြီးနဲ့ ဝိုင်းပြီးစားရတော့ ပိုကောင်းတာပေါ့ဗျာ။ညနေကျ တစ်ဖြတ်သုပ်ပေးဖို့လည်း အဆင်သင့်ကောက်ထားပြီးသား။မီးဖိုထဲမှာ အဆင်သင့်။
"ရေအေးတေ သင့်ရုံသောက်နော်...အီးပန်းနေမယ်"
"ဟာဗျာ...ကိုကြီးက တအားအကျင့်ပုတ်တာပဲ..သူများစားနေတာကို"
တမင်စလိုက်တာဖြစ်သည်။ပြောတာလည်း ရန်ရန်ပါပဲ။ရွံတတ်လိုက်တာလည်း လွန်ရော။
"စားပါ စားပါ...မင်းတို့အတွက် ရှယ်သုပ်ပေးထားတာ"
"ကောင်းတယ်ကောင်းတယ်... ဂွတ်ဒ်ပဲ...ရှယ်ပဲ"
ရှူးရှူးရှဲရှဲနဲ့ ရေသောက်လိုက် စားလိုက်။
ထိုစဉ် ခြံထဲဝင်လာတဲ့ ကားလေး။မဆိုးပါဘူး။ကိုးနာရီလောက်အိမ်ရောက်တယ်ဆိုတော့ မနက်အစောထပြန်ခဲ့သားပဲ။
"ဟိတ် စားပြီးတဲ့ပန်းကန် ဆေးနော်...ရေတွင်းမှာ ဆပ်ပြာရော သပွတ်အူရောရှိတယ်"
"Yes sir"
"အေးအေးလုပ်နေ...မပြောင်ရင်တော့ ခေါင်းခေါက်မယ်နော်"
"ကြိုက်သလောက်ခေါက် ရတယ်"
"အေးပါအေးပါ...ပြီးရင် စာပြန်စဖို့လုပ်ကြနော်...ကိုကြီးခန အိမ်ပေါ်သွားဦးမယ်"
"ဟုတ် ဟုတ်"
အခုမှ ကားထဲကထွက်လာသူကို လှေကားတက်ရင်းနဲ့ပဲ စောင့်နေလိုက်တယ်။သွားတော့ ကြိုမနေတော့ဘူး။
အခန်းထဲလှမ်းနေတဲ့ ခြေလှမ်းတေနောက်က ကပ်ပါလာတဲ့ သူကလည်း တပ်ကြပ်မခွာ။
"နားဦးလေ...ရေသောက်ချင်သောက်ချေဦး"
"ရပါတယ်...ကိုကို ဘာလို့ချက်ချင်းကြီးပြန်ခေါ်တာလဲဆိုတာသာပြော"
"မရဘူးလား ခေါ်လို့"
"အဲ့..အဲ့လိုတော့မဟုတ်ပါဘူး"
"ထားပါ"
ခတ်ထားတဲ့သော့ကိုယူပြီး သေတ္တာကိုဖွင့်နေရင်း ပြောလိုက်တယ်။သူကတော့ နောက်နားမှာ မတ်တပ်ရပ်လို့။
"ထိုင်ပါဦးမောင်ရဲ့"
မတ်တပ်ကြီး တောင့်တောင့်ကြီးရပ်နေရတာ မသက်မသာရှိလိုက်တာ မောင်ရယ်။
ဘာမှပြန်မပြောဘူး။ဘေးကိုတော့ ကပ်ထိုင်လာတယ်။ဒါနဲ့ မောင်စိတ်တေလှုပ်ရှားနေသလို။မျက်ဆံတေက ဂနာမငြိမ်ဘူး။
ပိုက်ဆံထည့်ထားတဲ့ အိတ်ကို မောင့်ရှေ့ချပြီး ပြလိုက်တယ်။
"ဒီပိုက်ဆံတွေ...နှစ်သိန်းလျော့သွားတယ်...ပြီးတော့ အရင်တစ်ခေါက်မောင်ပြန်လာတာ ငါ့ကို ပိုက်ဆံမအပ်ဘူး"
"ဟမ်..."
သိပ်အိုက်နေသလားမောင်။ချွေးတေထွက်နေတယ်။
"ပြောပါဦးငါ့ကို...အဲ့လောက်အများကြီးမောင်ဘယ်နေရာမှာသုံးလိုက်တာလဲလို့...ဟင်"
လေသံမာမာနှင့်မဟုတ်ဘူး။မသိလို့မေးသလိုပဲ မေးလိုက်တာ။မောင်ကတော့ သူခိုးလူမိသလိုဖြစ်နေရှာပြီ။မရည်ရွယ်ဘူး မောင်ရဲ့။
"ဒီလိုပါပဲ ကိုကိုကလည်း...တစ်ခါတစ်လေတော့ အပေါင်းအသင်းတေနဲ့ သုံးကြတာပေါ့"
"ဟုတ်လို့လား"
ရှေ့တည့်တည့်က မောင့်မျက်လုံးတေထဲ စိုက်ကြည့်ပြီးမှ ပြောလိုက်တော့ အကြည့်တေကို ရှောင်သွားတဲ့မောင်။ရှောင်သွားပြီးဘယ်လောက်မှမကြာဘူး။ပြန်ကြည့်လာတယ်။တစ်ဆိတ်။ပြန်ကြည့်လာတဲ့ အကြည့်မျိုး မောင်တစ်ခါမှ မကြည့်ဖူးသေးဘူး။
"ဒီမှာ ကိုကို...ဒါတေက ကျနော်ရှာထားတာတေမဟုတ်ဘူးလား"
"ဟုတ်တယ်လေ"
"ကျနော်ရှာထားတာ ကျနော်ကြိုက်တဲ့နေရာမှာသုံးတယ်ဗျာ...အရင်တုန်းကလည်း အဲ့လိုသုံးခဲ့တာပဲ...ဖေဖေတို့ မေမေတို့တောင် စစ်လားမေးလား မလုပ်ဘူး"
"မောင့်....မောင်ငါ့ကို အော်နေတာလား...ဟမ်"
သိပ်အံသြတယ်မောင်။ကြည့်နေရင်းပင် မောင့်ကို သေချာမမြင်ရပြန်ဘူး။ဝါးတားတား ဖြစ်ပြန်ပြီ။ကျစ်..ဒီမျက်လုံးကဖြစ်ပြန်ပြီ။မျက်ရည်တေ ထွက်ကျလာပြန်ပြီ။
"အော်တာမဟုတ်ဘူး...ပြောပြတာ...အော်တယ်ထင်နေရင်လည်း မတတ်နိုင်ဘူးဗျာ"
"မောင့်! ..မင်းငါ့ကိုမအော်နဲ့...အခုကိစ္စက မင်းမှားနေတာ"
"မှားတာ..ဘယ်ဟာကမှားတာလဲ ဟမ်...ကိုယ်ရှာထားတဲ့ငွေကိုယ်သုံးတာလေ...ဘယ်နေရာမှားတာလဲ"
"မှားတယ် မောင်...အကြီးကြီးမှားနေတာ"
"အဟက်...ငိုမနေစမ်းပါနဲ့ ဆရာကြီးရဲ့...ပြောစမ်းပါဦး လုပ်စမ်းပါဦး ဆရာကြီး"
မထင်ထားဘူး။တကယ်အဲ့လောက်ကြီးလို့...
မထင်ထားတာ တကယ်ပါ မောင်ရယ်။
"မင်း..မင်း..ဖောက်ပြန်တာက စမှားတာပဲ"
ရင်ဘတ်နားက အင်္ကျီစကို ဆုပ်ကိုင်လို့အံကို ကြိတ်ပြီးတစ်ခွန်းချင်းပြောမိတယ်။နာစမ်း မောင်။နာလိုက်စမ်း။ဒီစကားကို ပြောထွက်ဖို့၊မောင် ဘယ်လိုလူစားလည်းဆိုတာ ဒီပါးစပ်က ပြောထွက်ဖို့ကိုလည်း လွယ်တယ်မထင်လိုက်နဲ့မောင်။ငါလည်း ရင်နာနာနဲ့ ပြောထွက်ရတာ။
"ဘာ..."
"မဘာနဲ့...မင်းက အိမ်ထောင်ရှိတဲ့ယောက်ျားတစ်ယောက် မင်းရဲ့ယောက်ျားက ဟောဒီ့က မင်းရှေ့တည့်တည့်ကငါ"
"သိတယ်လေ...ကျနော်တင်သိတာမဟုတ်ဘူး တစ်လောကလုံးသိနေတဲ့ ကိစ္စ အဲ့ဒါ"
"အေး...သိသိရက်နဲ့ ဖောက်ပြန်နေတာ မင်း"
ဘယ်သူကြားကြား ကြားကြပါစေ။ဒါအမှန်တရားတေမို့ တိတ်ဆိတ်ပြီး မနေချင်တော့ဘူး။မောင်က မှားနေရက်နဲ့ ။မှားနေရက်နဲ့ ကို မောင်က ။
"အဲ့တော့ ဘာလုပ်ချင်တာလဲ"
"ငါလုပ်ချင်တဲ့အတိုင်း မင်းကလုပ်ပေးမှာလား"
တိမ်ဝင်သွားတဲ့အသံအရ ငါ့ဝမ်းနည်းခြင်းတေကို မောင်မြင်နိုင်ပါစေ ငါဆုတောင်းတယ်။
ဘာလုပ်ချင်သလဲတဲ့လား။မောင့်ကိုမောင် မှားတယ်လို့ကို မမြင်နိုင်သေးတာလားကွာ။ငါဘာလုပ်လုပ် မင်းကတော့ နောက်မဆုတ်ဘူးဆိုတဲ့သဘောပေါ့။ရှေ့ဆက်တိုးမယ်ဆိုတဲ့ သဘောပေါ့။
"မင်းလုပ်နေတာတွေက ဘယ်လိုသဘောသက်ရောက်တယ်ဆိုတာရော...မောင်သိရဲ့လား..ဟမ်"
"ဟ...ယောက်ျားလေးပဲဗျာ...အပျော်ရှာတာဆန်းသလား"
"ဆန်းတယ် မောင်...ဆန်းတယ်...မင်းက အိမ်ထောင်သည်ဖြစ်နေလို့ကို ဆန်းနေတာ"
"ကျစ်စ်...ကျနော် ကိုကို့ကို ပင်ပင်ပန်းပန်းတေမလုပ်စေချင်လို့ ကျနော်အလုပ်လုပ်နေတာလေ...အဲ့ဒါကို အိမ်ကနေ အဲ့လောက်ထိ လိုက်ခံစားနေမှ ဖြစ်မှာလား...ဟမ်"
"ဘယ်လို..မင်းဘယ်လိုတောင်ပြောလိုက်တာလဲ"
အဲ့လောက်ထိလိုက်ခံစားနေမှာလားတဲ့လား။အဲ့လောက်ထိ ဖြစ်အောင်လုပ်တဲ့မောင်ကရော။
ကိုယ်ချစ်လို့ယူထားတဲ့ ယောက်ျားတစ်ယောက်က ဖောက်ပြန်နေတာကို မခံစားရတဲ့သူရယ်လို့ ရှိလို့လား။ရှိရင် လည်း ပြကြပါဦး။
"ကျစ်...ကြားတဲ့အတိုင်းပဲ ကိုကိုရာ...ကျနော်ကိုကို့ကို ပစ်ပြီးလည်း သူ့ကို ယူသွားတာမှမဟုတ်တာကို"
"ဒါဆို...ဒါဆို မင်းကငါတစ်ယောက်တည်းနဲ့ မတင်းတိမ်နိုင်လို့လား..ဟမ်..ပြောစမ်း ပြောစမ်းပါ"
"ကိုကို အသံကိုလျှော့ရင်ကောင်းမယ်နော်...အောက်မှာ ကိုကို့ကျောင်းသားတေရှိတယ်...ကြားရင်မကောင်းဘူး"
"ကြားပါစေ...မင်းတောင်မရှက်လို့လုပ်သေးတာပဲ"
"ဟား..."
"ဒါဆို မင်းအိမ်မှာပဲနေလိုက်...ငါယောက်ျား မင်းနဲ့ငါ မငတ်အောင် ငါအလုပ်လုပ်နိုင်တယ်...ပြင်ကို ငါအလုပ်ထွက်လုပ်မယ်"
"ဟ ယောက်ျားယူထားပြီးခိုင်းစားနေတာလို့ ထင်စေချင်တာလား"
"မဟုတ်ဘူး...မောင် မင်းလုပ်နေတာတေ မဟုတ်လို့ ပြောနေတာ"
"ကျနော်လုပ်နေတာတေ မဟုတ်ရအောင်...ကျနော်အခုချိန်ထိ ကိုကို့ကို ကိုယ်ထိလက်ရောက် အနိုင်ကျင့်ဖူးလား..ဆဲဆိုဖူးလား...ကိုကို့ကို ခိုင်းစားဖူးသလား..ဟမ်"
"နာတယ်...နာတယ်..ရိုက်ခံရတာထက်နာတယ် အလုပ်လုပ်နေရလို့ပင်ပန်းတာထက် အဆတစ်ရာပိုပင်ပန်းတယ် အသားနာတာထက်လေ..ဒီမှာ ဒီရင်ဘတ်ကြီးတစ်ခုလုံးနာတာ..မင်းသိလား"
ဆို့နင့်နေတဲ့ ရင်ဘတ်ကို ထုပြီးပြောမိတယ်။အပိုတေပြောတာမဟုတ်ဘူးမောင်။တကယ်နာတာ။တင်းကျပ်ဆို့နင့်ပြီးကိုနာတာ။
သက်သာလိုသက်သာငြား ကိုယ့်ရင်ဘတ်ကို ပြန်ထုနေမိတော့လည်း မသက်သာသွားဘူး။အံကြိတ်ထားရတာကြာတော့ ပါးရိုးထဲတေ နားထင်ထဲတေကတောင် နာလာတယ်။အလကားပါ။နာပေမယ့် မျက်ရည်မကျအောင်လည်း မထိန်းနိုင်ဘူး။
"တော်တော့ နာနေမယ်"
လက်တေကို ဖမ်းဆွဲလာတဲ့မောင်။နာနေမှာစိုးလို့တဲ့။ငါမရယ် နိုင်သေးဘူး မောင်။
ခွပ် ခွပ်
အမြတ်တနိုးရှိလှတဲ့ မောင့်မျက်နှာ။ချစ်မဝတဲ့ မောင့်မျက်နှာ၊အခုတော့
"ထိုးလိုက်...ကျေနပ်အောင်ထိုးလိုက်...ပြီးရင်တော့ မေ့လိုက်တော့"
မေ့လိုက်တော့တဲ့လား။
ခွပ်
မင်းအခုထိ မလုပ်တော့ပါဘူး တစ်ခွန်းမပြောဘူး။
ခွပ်
မင်းမှားတာကို အခုထိ အသိတရားမရသေးဘူး။
ခွပ်
မင်း ငါ့ကို အခုထိ ကိုယ်ချင်းမစာသေးဘူး။
ဘုန်း ဘုန်း ဘုန်း
"အင့်...အီးဟီး...မင်း..မင်းကကိုယ် ချင်း စာတရား နည်းနည်း..အင့်.. လေးမှမရှိတဲ့အကောင်..အီးဟီး"
ဖြန်း ဖြန်း
ဘယ်တစ်ပြန် ညာတစ်ပြန်ရိုက်တဲ့ ရိုက်ချက်တေ။လည်ထွက်နေတဲ့ မောင့်မျက်နှာ။နာစမ်း။
"ထုစမ်း...ရိုက်စမ်း..ထိုးဦး...လုပ်စမ်း"
"လုပ်မှာ...အင့်...အခုမင်းကိုသေအောင်သတ်ပြစ်ချင်နေတာ..သတ်ပြစ်ချင်နေတာ..မင်းသိလား"
"သတ်လိုက်လေ...ကျနော်သေမှ ကျေနပ်မှာဆို သတ်လိုက်..လုပ်"
ခွပြီးထိုးနေမိတာတေရော။ရင်ဘတ်တေကို ထုရိုက်နေတာတေရော၊ မောင့်ပါးပြင်တေရော ရိုက်ချနေမိတယ်။ရင်ဘတ်က အင်္ကျီစကို ကိုင်ပြီး ဆွဲဆောင့်နေမိတာတေရော။နာစမ်း... မောင်။နာအောင်လုပ်နေတဲ့ ငါကိုယ်တိုင်က မျက်ရည်စက်လက်နဲ့။ငါကိုယ်တိုင်လည်း ပြောမပြတတ်အောင် နာကျင်နေတာ။
ခွပ် ဘုန်း ဘုန်း
"မသတ်ရက်ဘူး..လူဆိုးကောင်ရဲ့..သတ်ပလိုက်ချင်ပေမယ့် မသတ်ရက်ဘူးလို့...အီးဟီး.."
အခုချိန်မှာ မောင့်ကိုတကယ်သတ်ပစ်ချင်နေတာ သိရဲ့လား။အခုလို မောင် အသားနာအောင်လုပ်တယ်ဆိုတာ ရင်ထဲ အသည်းထဲကနာတဲ့အနာကို မမှီသေးဘူးမောင်ရဲ့။ငါကမောင့်လို မရက်စက်နိုင်ဘူး။
အဲ့နေ့က အိမ်အောက်မှာ ကလေးတေရှိတယ်ဆိုတာလည်း မေ့သွားခဲ့တယ်။မေ့သွားလောက်အောင်ထိကို မောင့်ကို စိတ်တိုသွားခဲ့တယ်။စိတ်ရှိတိုင်း လုပ်နေမိတာတောင် ငါစိတ်ဆိုးမပြေသေးဘူး။
♥♥♥
31.10.21
ဒီအပိုင်းက သပ်သပ်ကြီးများ ချော်ထွက်နေသလိုဖြစ်နေလားဟင်။ဖတ်ရတာ အဆင်မပြေခဲ့ရင် ကျမရဲ့ညံဖျင်းမှုပါ။
ု
Advertisement
- In Serial18 Chapters
Random Road
Welcome to the Random Road! To walk the Random Road is to leave all common sense behind. Here, physics breaks down into bits as your form and perceptions are warped by every encounter. One moment you are an ant, travelling down the length of a leaf into the arms of an awaiting spider; the next, you are soaring through the sky on wings of wax into the eye of the sun. For many, the temptation to walk the road is overwhelming, even while knowing nothing of the prize awaiting at the end. Surely, for such a phantasmagorical thing, only the grandest of rewards should be at the summit, right? Take up the challenge of the Random Road to find out... If you dare. [participant in the Royal Road Writathon challenge]
8 125 - In Serial9 Chapters
The Three Pillars
New Chapter Every Monday, 18h00 GMT It all began with a priestess and two brothers hunt to return her to the arms of her fiance. Things are never that simple in ancient Rome. Danger lurks in every shadow and it's a monster that a human cannot fight. The brother gets captured by these monsters but the worst is yet to come. They will face and survive many difficult challeges. The journey for freedom will leave them forever changed. Monsters themselves... Disclaimer I have done various amounts of research for this book and it is meant to be a series but please, if you see any discrepancies feel free to reach out. I am trying to be as accurate as possible but keep in mind, this is a fictional world based on ancient roman times. This book contains violence, gore and eroticism so please take this as a trigger warning. This is also an lgbtq+ themed book. This book contains vampires. Cover credit: gej302 (my deepest gratitude)
8 123 - In Serial19 Chapters
Eternal Eclipse Of Destiny
" I can't change what is the order of the heavens" "I can't give you what I don't have.." ".. but that doesn't mean I won't keep trying" " I can't bring light into your world so I will walk with you through the darkness" SheJin transmigrated into a cultivation novel before he finished reading it. He knows that there is a lot of bad endings in the novel. That shouldn't be a problem as long as he stays in the sidelines he will be out of this place. However he keeps feeling inclined to help this one character.. The more he intervenes, he knows that the storyline could change but for some reason it feels like that matters less. As long as he can give them happiness, even death feels like a privilege. Irregardless of the price to be paid, he will do what it takes.
8 262 - In Serial11 Chapters
The Earth after the Reset.
The one who can afford to board the Colony ships and go to space for interstellar travel already left the earth. The one who cannot afford it, are left behind to die with this world. The end of the world is near, but we stayed here to continue the research to preserve the remaining human life who is currently living with us inside the bunker located in the center of the Amazon Forest. Natural Disaster is continuously occurring such as a strong earthquake, The non-stopping rainfall, Tornados, even possibility of a tsunami. The earth's temperature reached the point that human can die because of the heat. We want to finish it before the world ends. The successful cold-sleep technology that can preserve human life even billions of years pass. We love this planet, our home, it's the one and only place for us and we want to see what will happen to this planet after everything calmed down.
8 633 - In Serial50 Chapters
Love and Despair || Human! Monokuma x Fem! Reader
||Ongoing || (Y/n) (L/n), Ultimate Actress. Monokuma instantly seemed to take a liking to the girl. The other students were rather suspicious of Monokuma's strange behavior. Why did he even like her in the first place?----Started: 08/18/20Ended: ??/??/??WARNING: This story will contain content such as murder, violence, abuse, and manipulation as well as spoilers for Danganronpa: Trigger Happy Havoc. Continue with caution if any of this may bother you.Disclaimer: Some of the chapters are written in present tense while others are written in past tense. This may be edited in the future.I do not own the rights to Danganronpa or any pictures that I use in this story unless said otherwise. I do not own the images used for the cover of this story.Please do not re-upload any of my work or use it in anyway without my permission.This story is written by @strawberryxmilk14 on Wattpad. If you are reading this story on any other platform other than Wattpad you are very likely to be at risk of a malware attack. If you wish to read this story in it's original, safe, form, please go to https://my.w.tt/COTlUUl9qcb. Thank you.----♕ ʙᴇꜱᴛ ʀᴀɴᴋɪɴɢꜱ ♕#1 ɪɴ ᴋɪʟʟɪɴɢɢᴀᴍᴇ ᴏᴜᴛ ᴏꜰ 1.28k ꜱᴛᴏʀɪᴇꜱ#2 ɪɴ ᴅᴀɴɢᴀɴʀᴏɴᴘᴀ ᴏᴜᴛ ᴏꜰ 45.6ᴋ ꜱᴛᴏʀɪᴇꜱ#1 ɪɴ ᴍᴏɴᴏᴋᴜᴍᴀ ᴏᴜᴛ ᴏꜰ 3k ꜱᴛᴏʀɪᴇꜱ#1 ɪɴ ᴅᴇꜱᴘᴀɪʀ ᴏᴜᴛ ᴏꜰ 8.27ᴋ ꜱᴛᴏʀɪᴇꜱ#11 ɪɴ ꜰᴀɴꜰɪᴄᴛɪᴏɴ ᴏᴜᴛ ᴏꜰ 1.44ᴍ#1 ɪɴ ꜰᴇᴍʀᴇᴀᴅᴇʀ ᴏᴜᴛ ᴏꜰ 4.7ᴋ ꜱᴛᴏʀɪᴇꜱ#1 ɪɴ ᴊᴜɴᴋᴏᴇɴᴏꜱʜɪᴍᴀ ᴏᴜᴛ ᴏꜰ 1.36ᴋ ꜱᴛᴏʀɪᴇꜱ#8 ɪɴ xʀᴇᴀᴅᴇʀ ᴏᴜᴛ ᴏꜰ 185ᴋ ꜱᴛᴏʀɪᴇꜱ
8 221 - In Serial3 Chapters
What is your reason? (Various x reader)
A:n- I don't own anything, naruto and boruto belongs to original authorities and this a fanfic please bear with it.(Yandere) Naruto various x Magi reader x boruto various.Discontinued
8 119