Advertisement
Zawgyi
ခွပ်
ခွပ်
"မင်း ခွေးဇာတ်ခင်းနေတာကွ သိရဲ့လား...မင်း မလုပ်သင့်တဲ့ ဟာကို လုပ်လိုက်တာ"
"မင်းသားလုပ်ပုံတေဘယ်လိုဆိုတာ မင်းလည်းသိနေတာပဲကွ...တောက်ခ်..ငါကွာ"
"ထွဋ်ခေါင်...ဟျောင့်..ငါ့ကိုကူညီပါဦးကွာ..နော်..ကိုကို့ကို ကူရှာပေးစမ်းပါ"
"မင်းကလေ...အောက် တန်း စား"
"ဒေါ်လေးတို့ကိုတော့ အားနာပါတယ်..ဒါပေမယ့် ဒီကောင်က အစ်ကိုနဲ့ မတန်ဘူးဗျ"
ခွပ်
အေး.။တွေ့မယ်။
ခွပ်
တီ~~တီ~~
အား....။ကိုကို။
ဘုန်း
ဘုန်း
သေစမ်း။
"သားငယ်...အမေ့ကို သနားပါဦး သားငယ်ရယ်...အီး"
နဖူးပေါ် စီးကျလာတဲ့ ခပ်ပျစ်ပျစ် အရည်တေက သွေးတေ ထင်ရဲ့။
"ကျက်သရေတုံးအောင် ငိုမနေစမ်းပါနဲ့...အဲ့လိုဖြစ်အောင်မင်းပဲ လုပ်တာ"
ကိုကို ဒီလိုထွက်သွားမှာမဟုတ်ဘူး။ဒီလို ငါ့ကို ထားခဲ့မှာမဟုတ်ဘူး။
♥♥♥
သာယာနေလိုက်တာ...။
Advertisement
"ကိုကိုလား...ဟင်"
"ကိုကို...ဟင်"
ပျောက်သွားပြန်ပြီ။ကိုကို့ကို လွမ်းလို့ ဖက်တာကို ဘယ်ရောက်သွားပြန်တာလဲ။
အား......။
နာလိုက်တာ ကိုကိုရယ်....ရင်တေနာလိုက်တာ။
♥♥♥
1.11.21
♥♥♥♥♥♥♥♥♥♥♥♥♥♥
Unicode
ခွပ်
"ထိုးပါ ဖေဖေ...ထိုးပါ...ဒီက အမိုက်အမဲကြီးကို သတ်လိုက်ကြစမ်းပါ"
ခွပ်
"မင်း ခွေးဇာတ်ခင်းနေတာကွ သိရဲ့လား...မင်း မလုပ်သင့်တဲ့ ဟာကို လုပ္လိုက္တာ"
"ကိုမောင်ထွန်း ကိုမောင်ထွန်း...တော်ပါတော့ရှင်...သားမျက်နှာကိုလည်းကြည့်ပါဦး"
"မင်းသားလုပ်ပုံတေဘယ်လိုဆိုတာ မင်းလည်းသိနေတာပဲကွ...တောက်ခ်..ငါကြာ"
လုပ်ပါ။လုပ်ကြပါ။ဒီက ငမိုက်သားကြီးက သေဖို့ပဲ ထိုက်တန်တော့တဲ့သူပါ။လုပ်ခဲ့သမျှ အပြစ်တေက ခွင့်လွှတ်ဖို့ မတန်တော့လို့ သတ်ပြစ်လိုက်ကြပါတော့ဗျာ။
"လုပ်ပါ ဖေဖေ...ပြီးရင်တော့လေ...ပြီးရင် ကိုကို့ကို ရှာပေးကြပါနော်..နော်လို့ဖေဖေ...ကျနော်သေလိမ့်မယ်ဗျ"
"သေလိုက်...မင်းအဲ့မှာလဲသေလိုက်"
ထွဋ်ခေါင်။ဒေါနဲ့မောနဲ့ ပြောရင်း ရောက်လာတဲ့ ထွဋ်ခေါင်။
"ထွဋ်ခေါင်...ဟျောင့်..ငါ့ကိုကူညီပါဦးကြာ..နော်..ကိုကို့ကို ကူရှာပေးစမ်းပါ"
မြင်ကွင်းကတော့ သိပ္ကို အကျည်းတန်တယ်။အိမ်ရှေ့မှာတင် ပက်ပက်စက်စက် အထိုးခံနေရတဲ့သူက မြေပြင်ပေါ်မှာ ဒူးထောက်လျက်သား။ပါးစောင်ထဲက သွေးတွေစီးကျလာသည့်တိုင် မသုတ်အား။တောင်းပန်နေရတယ်။ကိုကို့ကို ကူရှာပေးဖို့ တောင်းပန်နေရတယ်။
ထွဋ်ခေါင်ကိုလည်း အကူအညီတောင်းရမှာ။သူသိချင်သိမှာ။ကိုကိုဘယ်မှာလဲဆိုတာ သူသိချင်သိနေမှာ။
"ဟမ်လို့..မင်းသိတယ်မလား.."
"မသိဘူး...သိလည်း မပြောနိုင်ဘူး...ထစမ်း..ဟျောင့်"
အကုန်လုံးရဲ့ရှေ့မှာ ဒူးထောက်နေတဲ့ သူ။ရင်ဘတ်နားက အကျႌစကို ကိုင်ဆွဲပြီး ထူတယ်။ငါ့မှာ မတ်တပ်ရပ်ဖို့တောင် အားအင်တေမရှိဘူးကွ။
"မင်းကလေ...အောက် တန်း စား"
မျက်လုံးတည့်တည့်ကို စိုက်ကြည့်ပြီး တစ်လုံးချင်းပြောလိုက်တာက အောက်တန်းစားတဲ့။
"ပြော...မင်းကြိုက်သလိုပြော...ဟုတ်တယ်..ငါက အောက်တန်းစားကောင်..."
နာတယ်။ရင်ဘတ်ထဲကနာတယ်။သေမတတ်နာတယ်။ပြင်ပ ဒဏ်ရာတွေထက် ရင်ဘတ်ထဲကပိုနာတယ်။ရုတ်တရက်ကြီး ကိုယ့်ဘဝထဲက သူထွက်သွားပြီဆိုတဲ့အသိက ငါ့ကို မသေသေအောင်နှိပ်စက်နေတာ မင်းသိလား။ခနပဲ ခွဲအိပ်မယ်ထင်ခဲ့လို့ လွှတ်ပေးလိုက်တာက ဒီလို ထွက်သွားဖို့ မဟုတ္ဘူးဆိုတာ ပြောလိုက်စမ်းပါ သူ့ကို။
"ဘာလဲ ဟျောင့်..ခံပြင်းတာလား...ခံပြင်းရင် မင်း လဲသေလိုက်ဟျောင့်"
"သားရယ်...တော်ပါတော့နော်...သားစိုင်း ကိုလည်း ရှာရဦးမယ်လေ..နော်"
"ဒေါ်လေးတို့ကိုတော့ အားနာပါတယ်..ဒါပေမယ့် ဒီကောင်က အစ်ကိုနဲ့ မတန္ဘူးဗ်"
"ထွဋ်ခေါင်!. ..မပြောနဲ့..မတန်ဘူးလို့မပြောနဲ့...ငါသူ့ကို ဘယ်လောက်ချစ်တယ်ဆိုတာ မင်းမသိဘူး"
"ဟား..ဟား...မင်းရဲ့ ချစ်တတ်ပုံကြီးကိုတော့ လေးစားပါတယ်ကွာ...မင်းချစ်ပြလိုက်တာက..သူအဲ့လိုထွက်သွားဖို့လား! "
ခွပ်
"ထိုးစမ်း..ထိုးလိုက်စမ်း...မင်းမကျေနပ်သေးဘူးမလား...ဆက်ထိုးဟျောင့်...ထိုး"
အေး.။တွေ့မယ်။
ခွပ်
"တော်ပါတော့ သားရဲ့ တော်ကြပါတော့...ဟီး..အီး...တော်ကြပါတော့"
"တောက်ခ်...ဒေါ်လေးရှိနေလို့နော်ဟျောင့်...ခွေးကောင်"
နားမလည်ဘူး။နားမလည်ကြဘူး။ငါ့အခက်အခဲကို ဘယ်သူမှနားမလည်ကြဘူး။နားလည်အောင် ရှင်းပြရင်ရော။ရှင်းပြရင်ရော ငါ့ကိုခွင့်လွှတ်ကြမှာတဲ့လား။မရည်ရွယ်ဘဲမှားခဲ့တဲ့ အမွားတစ္ခုကိုပဲ ငါတာဝန်ယူနေရတာ အကုန်လုံးမသိကြဘူး။
တီ~~တီ~~
လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ~~~~~~~~~~
အား....။ကိုကို။
တောင်းပန်ပါတယ်ဗျာ။တစ်လောကလုံးကို တောင်းပန်ပါတယ်။ရှိခိုးပြီးတော့ကို တောင်းပန်ပါတယ်။ကိုကို့ကို ပြန်ပို့ပေးကြပါ။ဘာလို့ ခဏလောက်ပဲ သည်းခံမစောင့်ရတာလဲ ကိုကိုရာ။ဘာလို့ မနက်ရောက်အောင်တောင် မစောင့်ရတာလဲ။ဒီမှာ ရင်တေကွဲမတတ်ပဲဗျ။
ညက ကိုကို ထြက္သြားတာကိုသိခဲ့သားပဲ။တစ္ညပဲ အပြင်ထွက်အိပ်မယ်ထင်လို့ လွှတ်ပေးလိုက်တာ။တကယ်တော့ ကိုကိုက တစ်ညတာတည်း မဟုတ်ဘူး။ကျနော့် ဘဝထဲကပါ ထွက်သွားခဲ့တာ။ဒီမှာတော့ ရူးတော့မယ်ဗျ။
နာတယ်။ကိုကိုပြောခဲ့တဲ့ ရိုက်တာထက် နာတယ္ဆိုတာ ဒါမျိုးနေမှာ။အရင်ကလို အိမ်ရောက်ရင် ကိုကိုအဆင့်သင့်စောင့်နေမှာမဟုတ်တော့ဘူး။ကိုယ်ပိုင်တဲ့ အရာမို့ တန္ဖိုးမထားခဲ့မိတဲ့ ကျနော့်ရဲ့ အမွားပါဗ်ာ။ ကျနော့်ရဲ့ ပြင်မရတဲ့ အမှားကြီးပါ။
လူတကာခွင့်မလွှတ်နိုင်တဲ့ ကိစ္စကြီးကို ကျူးလွန်ခဲ့တာပါ။
ဘုန်း
သေစမ်း။သေစမ်း။လူလို့တောင်မခေါ်ထိုက်တော့တဲ့ ငါ။
ဘုန်း
သေစမ်း။
"သားငယ်...အေမ့ကို သနားပါဦး သားငယ်ရယ်...အီး"
"မေမေ...ကိုကိုက ပြန်လာမှာမဟုတ်တော့ဘူးဗျ...သူပြောသွားတယ်..ထွက်သွားပြီးရင် ပြန်မလာတော့ဘူးတဲ့"
နဖူးပေါ် စီးက်လာတဲ့ ခပ်ပျစ်ပျစ် အရည်တေက သွေးတေ ထင်ရဲ့။
"ကျက်သရေတုံးအောင် ငိုမနေစမ်းပါနဲ့...အဲ့လိုဖြစ်အောင်မင်းပဲ လုပ္တာ"
ဟုတ်တယ်။အကုန်လုံးကို လုပ်ခဲ့တဲ့ တရားခံက ဟောဒီ့က ကောင်ကြီးပါဗျာ။ဒီကောင်ကြီးပါ။
အဲ့နေ့ကသာ...။အဲ့နေ့ကသာ စိတ်အလိုမလိုက်ခဲ့ဘူးဆိုရင်။
အဲ့နေ့ကသာ ငါ မွှန်မနေခဲ့ဘူးဆိုရင်။
အဲ့နေ့ကသာ လူမဆန်တဲ့ လုပ်ရပ်ကြီးကို ငါမလုပ်မိခဲ့ရင်...
ကိုကို ဒီလိုထြက္သြားမွာမဟုတ္ဘူး။ဒီလို ငါ့ကို ထားခဲ့မွာမဟုတ္ဘူး။
"သေသင့်တဲ့ကောင်ကြီးပါဗျာ...ကျနော်က သေသင့်တဲ့ကောင်ကြီးပါ"
"မဆိုးပါဘူး...မင်းကိုယ်မင်းတော့ သိသေးသားပဲ"
ယောက်ျား ရင့်မာကြီးတစ်ယောက် မျက်ရည်တေ ဖြိုင်ဖြိုင်ကျနေရတယ်။ဒီက လူမဟုတ်တဲ့ ကောင်ကြီးရဲ့ ဇာတ်သိမ်းခန်းများဖြစ်နေမလား။
ကိုကိုရေ...ပြန်မလာချင်နေ...မတွေ့အောင်တော့ ရှောင်ပုန်းမနေပါနဲ့လား။ကိုကို့ကို ရှာတွေ့တဲ့နေ့ကျရင် ကိုကိုပေးမယ့် ပြစ်ဒဏ်တေကို ကျနော် ကျေကျေနပ်နပ်ကြီး ခံယူပါ့မယ်ဗျာ။အရှက်မရှိစွာ တောင်းပန်ဦးမှာမို့ ကိုကို ကျေးဇူးပြုပြီးဗျာ။အရှက်မဲ့စွာ ကိုကို့ကို ရှာဦးမှာမို့ ကျေးဇူးပြုပြီး ကျနော်ကို ရှောင်ပုန်းမနေပါနဲ့ဗျာ။ရွံစရာကောင်းတဲ့ ဒီကောင်ကြီးက တောင်းပန်ပါတယ်ဗျ။ကျေးဇူးပြုပြီး ဒီအပြစ်ကြွေးတွေကို တတ်နိုင်သလောက် ဆေးကြောချင်သေးတယ်။
♥♥♥
သာယာနေလိုက်တာ...။
ဒီနေ့က လပြည့်နေ့များလား ကြယ်တေရောစုံလို့။
အိုး....။ပုစဉ်းရင်ကွဲတွေ အော်နေတာ ဆူညံနေတာပဲ။သူများတကာတေ အေးဆေးကို မေနရဘူး။
"သူတို့တေ ဒီလောက်အာပြဲအောင်အော်နေတာ...ကိုယ့်ဒုက္ခကိုယ်ရှာတဲ့ဟာတေနော်"
အောက်ကနေစရေရင် ဒုတိယမြောက်အဆင့် လှေကားထစ်ပေါ်မှာ ထိုင်ပြီး သာယာနေတဲ့ ကောင်းကင်ကြီးကို ကြည့်နေတုန်း ပုစဉ်းတေအော်သံ ဆူညံနေလို့ တွေးမိကာရှိသေး ဘေးကို ဝင်ထိုင်လာပြီး ပြောလိုက်တဲ့ အသံလေး။ဒီအသံ...ကိုကို
"ကိုကိုလား...ဟင်"
ပြုံးနေတယ်။ကိုကိုပြုံးနေတယ်။ရှာလို့မတွေ့ခဲ့တဲ့ ကိုကိုက အခုတော့ ဘေးမှာပါလား။တစ်လလုံးလုံး ဘယ်မှာများ ပုန်းနေခဲ့လို့ မတွေ့ခဲ့ရတာလဲ။အိမ်ထဲမှာပဲ ကိုကိုရှိနေခဲ့တာမလား။ကိုကို အိမ်ထဲမှာပဲ ပုန်းနေခဲ့တာမလား။
"ကိုကို...ဟင်"
ပျောက်သွားပြန်ပြီ။ကိုကို့ကို လွမ်းလို့ ဖက္တာကို ဘယ်ရောက်သွားပြန်တာလဲ။
အား......။
အသိနဲ့ သတိ ပေါင်းစပ်မိတဲ့အချိန် ဘေးမှာ ဘယ္သူမွ ရှိမနေခဲဘူး။ခွေးလေးတစ်ကောင်တောင် ရှိမနေခဲ့ဘူး။ပိုးစုန်းကြူးလေး တစ်ကောင်လောက်တောင် မြင်မနေရဘူး။သက်ရှိရယ်လို့ ဘယ်ဆီဘယ်နေရာက အော်နေမှန်းမသိတဲ့ ပုစဉ်းရင်ကွဲတွေပဲရှိမယ်ထင်တယ်။
နာလိုက္တာ ကိုကိုရယ်....ရင်တေနာလိုက်တာ။
တစ်လရှိပြီ ကိုကို။တစ်လတောင်ရှိသွားပြီ။ကျနော် ကိုကို့ကို တွေ့အောင်မရှာနိုင်သေးဘူး။ကျနော် ဒီနေရာမှာလည်း ညံ့ျပန္တာပါပဲ။
တစ်လလုံးလုံး ကိုကို့ကို တစ်ရက်မှမနားဘူး ရှာနေခဲ့တာ။တပ်ဆင်ထားခြင်း မရှိလို့ အော်နေတဲ့ ကိုကို့ဖုန်းနံပါတ်ကိုလည်း ကျနော် ဖုန်းတေခေါ်နေတာ ။ တစ်နေ့နေ့များ ကိုကို ကြည့်လာမလားလို့။စာတေလည်း ပို့ထားသေးတယ်ကိုကို။ကိုကို ကြည့်မလားလို့။
မျက်ရည်တွေနဲ့မို့ မှုန်ဝါးဝါး မြင်နေရတဲ့ ထိန်ထိန်သာနေတဲ့လ။မနာလိုလိုက်တာ ကိုကိုရယ်။သူကျတော့ သူ့ဘေးမှာ ကြယ်တေအများကြီးပဲ။ကျနော်ကတော့ တစ်ယောက်တည်း။ကိုကိုမရှိတော့ ကျနော် တစ်ယောက်တည်း။
'မင်းတို့တေက ကောင်းကင်ပေါ်မှာနေတာပဲ..... ကိုကိုရှိတဲ့ နေရာကို ကူရှာပေးကြစမ်းပါလားကွာ'
တစ်ယောက်တည်းပဲ ရေရွတ်လိုက်မိတယ်။ထွဋ်ခေါင်ကတော့ ပြောတယ်။ အရူး တဲ့။
♥♥♥
1.11.21
Advertisement
- In Serial7 Chapters
The Oak; or, Between What Was and What Will Be
Two thousand years ago, a young woman is given a task by a goddess, known to her people as the Divine. The task is simple, to travel, see, and learn. The Divine bestows upon the woman gifts and a new name, Wander, so she never forgets her task. Bearing these gifts and her new name, she is sent off to see. In 2015, Patrick Oak is plagued by visions of a man on fire. Setting off to find this man will permanently change Patrick's life in ways he could never have known and set him into conflict with an ancient evil. Patrick, a mage with a rare connection to nature, must gather together a band of diverse mages to prevent this evil from undoing the work of the Divine and Wander, all the while keeping magic hidden from the world at large.
8 63 - In Serial17 Chapters
Children of Day Zero
Children of day Zero updates every Monday and Friday. Her world changed when Day Zero put an end to her ordinary life. A life she later realized how much she loved and wanted back. But the atrocity cannot be reversed. Some people died, others woke up with powers and she hated and loved her power, in the same way in which she hated and loved herself. Enemies are everywhere, friends are hard to find and what you want most is always out of reach. …and life is even harder when you’re a firebrand. Note: This story has been published before, up until chapter 19. I have taken the decision of re-writing it, which is why it will be posted from the start.
8 124 - In Serial40 Chapters
Transition and Restart, book two: The Billion Dollar Empress
The billion dollar empress is back in town. Without her empire, and most definitely without a billion dollars. After her transition and arrival in a world where she was never born fifty years earlier, Christina Agerman has started to rebuild her life as a high school student in Japan. She has found friends and love, and now it's time to restart the fashion empire she never created. But it comes at a cost. How strong are those ties of friendship and love when she starts out on a road she has to walk alone?
8 172 - In Serial14 Chapters
Burning Moths
Tala is a libertarian agnostic.Rick is an ultra-conservative traditional Catholic.Only their hidden attraction burns brighter than their superficial hatred. When Tala abandons her Catholic faith, resulting in the end of their engagement, both their friendship and their relationship seem doomed.Can they learn to compromise, or will pain and loneliness embitter them both?___I set a challenge for myself to write a series of narrative poems. It tells the story of two university students, drawn to one another despite the fact that they disagree with each other's politics and--more recently--one another's religion. ___#20 in poetry ¦ July 12, 2022#15 in poetry | August 14, 2022#90 in spiritual ¦ July 23, 2002
8 169 - In Serial61 Chapters
The undead who yearned for life
The best surgeon ever existed in the world failed in the surgery of the daughter of an important CEO, and for this they ruined his reputation took all his possessions; what's more, his only remaining relative (his little sister) died in a car accident only two weeks after.However is it everything how it seems? Why Jack is now standing in front of the Goddess of Fate? How did he arrive here? and where is she going to send him?This is my first fiction, my language is not english, but I'll try my best, this is a story of reincarnation with gamelike menu, but the prologue will be a bit long.For new readers: I'm not going to correct the previous chapters until the update is complete as every time my corrections get deleted/changed again.
8 135 - In Serial25 Chapters
PSYCHO [COMPLETED]
"Did you forget me? Did you forget what you did to me.. for a stranger you don't even know?" The rough voice gives chills down Wendy's spine."I know. And I will keep protecting him."
8 101