《ကြၽန္ေတာ့ေယာက္်ား ေရႊညာသား (Completed) ကျွန်တော့ယောက်ျား ရွှေညာသား (Completed)》21 (Z + U)
Advertisement
"ငါေတာင္းပန္တယ္ကြာ ေနာ္...ဒီလို ဒီလိုရိွခိုးၿပီးေတာင္းပန္တယ္...မင္းသိရင္ေျပာျပပါကြာ..ေနာ္"
"ငါမသိဘူး"
"လုပ္ပါကြာ...ေနာ္"
"ငါမသိဘူးလို႔ ေျပာေနတယ္ေလကြာ...မင္းနားကန္းေနလို႔လား"
နားကန္းတာမဟုတ္ပါဘူး။မင္းမ်ားသိရင္ ေျပာမလားလို႔ အသနားခံေနမိတာပါ။
"ေအးပါကြာ...မင္းမသိဘူးဆိုလည္း ဘယ္တတ္ႏိုင္ပါ့မလဲ"
ဒီေန႔လည္း ေတြ႔ေအာင္မ႐ွာႏိုင္ျပန္ပါဘူး ကိုကိုရယ္။တစ္ရက္ၿပီး တစ္ရက္သာ ကုန္သြားတာ ကိုကို႔အရိပ္အေယာင္ေတာင္ မေတြ႔ခဲ့ရဘူး။ထြဋ္ေခါင္ကိုလည္း ကိုကိုရိွတဲ့ေနရာသိမလားလို့ ေမးမိတိုင္း သူကလည္း ျငင္းစျမဲပါပဲ။ကိုကို႔မိဘေတရိွတဲ့ ၿမိဳ႕ကိုလည္း က်ေနာ္ေရာက္ခဲ့ၿပီးၿပီ။ကိုကိုက မိဘအိမ္လည္း မျပန္ခဲ့ဘူး။အပုန္းေကာင္းေနလိုက္တာဗ်ာ။
ကိုကုိတစ္ေနရာရာမွာေတာ့ အဆင္ေျပေျပရိွေနတယ္မလား။လူခ်စ္လူခင္ေပါတဲ့ ကိုကိုက ေရာက္တဲ့ေနရာမွာ အဆင္ေျပေအာင္ ေနေနတယ္မလား။အားနာတတ္တဲ့ ကိုကို႔ကို ခ်နင္းသြားၾကမွာစိုးတယ္။ပိုက္ဆံေတလည္း မယူသြားဘူး။ဘယ္လိုမ်ား ေနေနသလဲ ကိုကိုရယ္။ကိုကို ေပ်ာ္ေနမလား။က်ေနာ္ နဲ႔ ေဝးေဝးမွာေလ။က်ေနာ္နဲ႔ ေဝးရာအရပ္မွာ ကိုကိုေပ်ာ္ေနရဲ႕လား။က်ေနာ့္ကို သတိေရာရရဲ႕လား။
Ring~~Ring
"ဟုတ္ကဲ့ အေမ"
"သား...ဟင္းလာယူဦး...မခ်က္ထားဘူးမလား...လာယူဦး"
"စားျဖစ္မယ္မထင္ပါဘူး အေမရာ"
"ဟဲ့...မစားလို႔ ဘယ္ျဖစ္မွာလဲ...အခုအိမ္မွာပဲလား ငါလာပို႔မယ္"
"က်ေနာ္ပဲ လာယူလိုက္မယ္"
"ေအေအး"
ထမင္း ေတခ်က္ရတာလဲ စိတ္မပါေတာ့ဘူး။ကိုကိုမရိွေတာ့တဲ့ ေန႔ကစလို႔ စားရတာေတလည္း အရသာမရိွဘူး။
ေမေမကေတာ့ အိမ္မွာျပန္ေနလို႔ေျပာတယ္။မေနခ်င္ပါဘူး။ကိုကို႔အေငြ႔အသက္ေလးေတ က်န္ေနတဲ့ ဒီအိမ္မွာပဲ ေနမွာေပါ့။တျခား သြားေနစရာလား။ဒီအိမ္ေလးမွာ ကိုကိုနဲ႔ အမွတ္တရေတ အမ်ားႀကီးပဲ။အဝတ္အစားေတလည္း မယူသြားဘူး။က်ေနာ္နဲ႔ ပတ္သက္တဲ့ အရာမွန္သမ်ွ ျဖတ္ခ်ထားခဲ့တာပဲ။ကိုကို သိပ္ျပတ္သားတယ္။
♥♥♥
အား.....။
"ကိုကိုေရး...က်ေနာ္လြမ္းတယ္ဗ်...ဟင့္..."
ေအ့လ္
တက္လာတဲ့ ေလခ်ဥ္ေတက အနံစူးစူး။ေမ့မလားလို႔ ေသာက္ေနမိတာ မေမ့ဘူးဗ်။မေသာက္တာၾကာလို႔ထင္တယ္။ရင္ဘတ္ထဲကို ပူေနတာပဲ။
ငိုခ်င္တယ္။ဒီအရက္ကိုေသာက္လိုက္မွ ပိုငိုခ်င္လာလို႔ ငိုေနမိတာ။
ဒုန္း ဒုန္း
'အား.....က်ေနာ္ခံစားရခက္လိုက္တာဗ်ာ'
ဘယ္သူမ်ား ၾကားႏိုင္ၾကပါ့မလဲ။ဘယ္သူကမ်ား သနားၾကပါ့မလဲ။
'ကိုကိုလို႔...က်ေနာ္ေခၚေနတယ္ေလဗ်ာ...အီး..'
ျဖန္း
ဒီေကာင္ ေခြးဇာတ္ခင္းခဲ့လို႔
ျဖန္း ျဖန္း
ကိုကို႔ကို ေတြ႔ရင္ ေျပာေပးၾကပါဗ်ာ။က်ေနာ့္ဆီျပန္လာေပးပါလို႔။ဒီတိုင္း အိပ္ေပ်ာ္သြားရင္ေကာင္းမယ္။အိပ္ေပ်ာ္ေနရင္ အနည္းဆံုးေတာ့ ခဏတာ ေမ့သြားဦးမွာ။
မ်က္လံုးေတမိွတ္ခ်လိုက္ေတာ့ ကိုကို႔မ်က္ႏွာေလးက ေပၚလာျပန္တယ္။ဘယ္လိုေနရေတာ့မလဲ။မ်က္လံုးမိွတ္ရင္လည္း မိွတ္လို႔၊ဖြင့္ရင္လည္းဖြင့္လို႔။အိပ္ေပ်ာ္သြားရင္ ေကာင္းမယ္။
♥♥♥
အဟက္
သိပ္ကုိလွပတဲ့ ျမင္ကြင္းပဲ။ခံစားစမ္း။မင္းအဲ့မွာ အ႐ူးတစ္ပိုင္းျဖစ္ေနေအာင္ ခံစားေနလိုက္။
အရက္နဲ႔ အေဖာ္ျပဳေနသတဲ့လား။အရက္ေသာက္လိုက္လို႔ ေမ့သြားမတဲ့လား။
အရက္ပုလင္းေတၾကားထဲ ေခါင္းငိုက္စိုက္က်လို႔ ကိုယ့္ပါးကိုယ္တျဖန္းျဖန္း႐ိုက္ေနတဲ့ေကာင္။႐ိုက္စမ္း။
မီးေရာင္မိွန္မိွန္ေအာက္က သိပ္ကိုလွပေနတဲ့ ျမင္ကြင္းကို ထြဋ္ေခါင္ ရပ္ၾကည့္ေနမိတယ္။ဒီေကာင္ အခုထိေတာ့ ဇြဲမေလ်ွာ့ေသးဘူး။အစ္ကို႔ကို သူလိုက္႐ွာေနတုန္း။ကိုယ့္ဆီလည္း ဖုန္းနဲ႔ေရာ လူကိုယ္တိုင္ေရာ ေမးတာ အခါခါ။ေမးတိုင္းလည္း တစ္ခါမွ ေကာင္းေကာင္းမေျဖခဲ့ဘူး။ဒါလည္း လာလာေမးေနတာပဲ။သူ႔စိတ္ထဲမွာ အစ္ကို စိုင္း ရိွတဲ့ေနရာကို ကိုယ္သိတယ္လို႔ ထင္ေနပံု။
ငိုေနတာ။အားရပါးရကိုငိုေနတာ။အစကေတာ့ သူ႔ေ႐ွ႕ေရာက္ေအာင္သြားဦးမလို႔ပဲ။ေနာက္ေတာ့ သူ႔ပါးသူ ျပန္႐ိုက္လိုက္၊သူ႔ေခါင္သူထုလိုက္နဲ႔ မလို႔ ကိုယ္ေရာက္သြားရင္ ထုေနတာေတ ႐ိုက္ေနတာေတ ပ်က္သြားမွာစိုးလို႔ မသြားေတာ့တာ။ထုပါေစေလ ႐ိုက္ပါေစေလ။မွတ္ေလာက္သားေလာက္ ေအာင္ကို ထားရဦးမွာ။
အင့္
ထို ႐ိုွက္လိုက္တဲ့ အသံက ထြဋ္ေခါင္ဆီကလည္း မဟုတ္ခဲ့သလို ငိုေနတဲ့ တစ္ေယာက္ေသာသူဆီကလည္း မဟုတ္ခဲ့ျပန္ဘူး။ဒီျမင္ကြင္းကို ၾကည့္ၿပီး ငိုေနတဲ့ တစ္စံုတစ္ေယာက္မ်ား ထပ္ရိွေနခဲ့သလား။
♥♥♥
"ေဟ်ာင့္...ထစမ္း ေဟ့"
"ဟမ္..ဘာလဲ...ဘာကိစၥလဲ"
အလန္႔တၾကား ထလာတဲ့ စုတ္ဖြားဖြား ဆံပင္နဲ႔ မ်က္ႏွာအူအူက တစ္စက္မွကို က်က္သေရမရိွ။ညက ဒီေပၚမွာအတိုင္း အိပ္ေပ်ာ္သြားတာေနမွာ။ေခါင္းအံုးမပါ ဘာမပါနဲ႔ ေသာက္က်ိဳးနည္းေနဦးမယ္။
"ဒီမွာ ဒီကိစၥဘယ္လို႐ွင္းမွာလဲ..."
"ဘာကိစၥလဲ"
"ဘာကိစၥရမွာလဲ...ဒီမွာမျမင္ဘူးလား"
ဟုတ္သားပဲ။ ေနာက္ဆံုးတစ္ခါ ၿပီးကတည္းက ဒီဟာေတကို အဆက္အသြယ္ျဖတ္ထားခဲ့တာ။႐ွင္းရဦးမွာေပါ့။သူေမ့ေနခဲ့တာ ။ကိုကို႔ကို ႐ွာဖို႔ ကိစၥေတပဲ ေခါင္းထဲရိွေနခဲ့တာ။
"ငါ့ဘာငါ ႐ွင္းမယ္"
"မင္း႐ွင္းရမွာပါ...ေမ့ေနမွာစိုးလို႔ သတိေပးတာ"
"ဟုတ္တယ္...ေမ့ေနခဲ့တာ...ေက်းဇူးပဲေဟ်ာင့္ ငါဒီေန႔ထြက္မယ္"
"ႂကြ...ႂကြ...မင္းရဲ႕ အေျမႇာင္မယားဆီို ျမန္ျမန္ႂကြ...တစ္သက္လံုးျပန္မလာနဲ႔"
"မဟုတ္ပါဘူးကြာ...ငါရစရာရိွတဲ့အေႂကြးေလးလည္း ေတာင္းရင္း ႐ွင္းစရာကိစၥေတလည္း ရိွေသးလို႔ သြားရမွာပါ...အခ်ိန္လည္း မဆြဲခ်င္လို႔"
"ေအး...အဲ့ ေစာက္သိေလး ဝင္တာကိုပဲ ေက်းဇူးတင္တယ္"
"မင္းကလည္းကြာ...ငါလည္း ငါ့အမွားေတသိေနၿပီပဲ..."
"က်က္သေရကိုတံုးတယ္"
ဟုတ္တာေပါ့။ အိမ္ေထာက္ရိွရက္နဲ႔ ေဖာက္ျပန္ခဲ့တဲ့ ေယာက္်ားတစ္ေယာက္က ဘယ္နားကမ်ား က်က္သေရရိွလိမ့္မလဲ။
ကိုကိုထြက္သြားၿပီးကတည္းက အဆိုးအေကာင္း အက်ိဳးအေၾကာင္း ေတာင္ မေျပာေတာ့တဲ့ အေဖရယ္၊မလႊဲသာမွသာ ေျပာၿပီး 'မင္းက ရြံစရာေကာင္းတဲ့ေကာင္၊ က်က္သေရ မရိွတဲ့ေကာင္' လို႔ ေျပာေျပာေနတဲ့ ထြဋ္ေခါင္၊ တိုးတိုး တစ္မ်ိဳး က်ယ္က်ယ္တစ္မ်ိဳးနဲ႔ 'အဲ့ေကာင္က အဲ့လို အဲ့လိုေလ' ဆိုတဲ့ မၾကားတၾကားေျပာသံေတြ ၊ အစပိုင္းတုန္းကေတာ့ ဝမ္းနည္းတာ တစ္မ်ိဳး ေဒါသထြက္တာ တစ္မ်ိဳးႏွင့္။ေနာက္ေတာ့လည္း မထူးဆန္းေတာ့ပါဘူး။ဒါေတက အမွန္ေတမလား။ခံျပင္းေနရေအာင္ ကိုယ္က မတရားစြပ္စြဲခံရတာမွ မဟုတ္ဘဲ။
ေခါင္း ေတကိုက္ေနေပမယ့္ အရင္လို သံပရာရည္ေဖ်ာ္ေပးမယ့္ ကိုကိုက အနားမွာမရိွေတာ့ဘူး။ဆူေငါက္တတ္တဲ့ ကိုကိုလည္း အနားမွာမဟုတ္ေတာ့ဘူး။
Advertisement
"ေရာ့ ေရာ့ သံပရာသီး...ကိုယ့္ကို သြားေဖ်ာ္ ေသာက္...ျမင္ပ်င္းစရာ"
ဒါပါပဲ။သူငယ္ခ်င္းဆိုတာ ဒါေပါ့။ေဆာင့္ေဆာင့္ဆဲဆဲနဲ႔ပဲ လက္ထဲေရာက္လာတဲ့ သံပရာသီး ေလး သံုးလံုး။ပါးစပ္ကသာ မ်ိဳးစံုေျပာထြက္ေနေပမယ့္ ပစ္ေတာ့မထားေသးဘူးေလ။
"ေက်းဇူးပါကြ...ငါေခါင္းေတကိုက္ေနတာ"
"ေစာက္ပိုေတ...မင္းေက်းဇူးတင္ရမွာ ငါမဟုတ္ဘူး"
"ဘယ္သူလဲ ေျပာ အာ့ဆို"
"ဘယ္သူမွမဟုတ္ဘူး...ငါ့အေမကို ေက်းဇူးတင္လို႔ ေျပာတာ...မင္းကိုငါေစတနာရိွေနတာမဟုတ္ဘူး"
"ဘာပဲျဖစ္ျဖစ္ပါဗ်ား...မင္းလည္း ယူခဲ့ေပးေသးတာပဲ..မဟုတ္ဘူးလား"
"မင္းေလ႐ွည္ေနမွာလား...မေသာက္ရင္ ျပန္ေပး...ေပး"
"ေပးစရာလား..."
ပစ္မထားၾကတဲ့ သူေတကိုပဲ ေက်းဇူးတင္ရပါတယ္။ အေမ သိရင္ေတာ့ လည္း လုပ္ေပးမွာမွန္ေပမယ့္ သြားေျပာလို႔လည္း ေကာင္းတဲ့ အရာကမဟုတ္။အေဖက လည္း မၾကည္ဘူးမလား။အခုလိုကိုယ္တိုင္ေဖ်ာ္မေပးေပမယ့္ ယူလာေပးတယ္မလား။ေက်းဇူးပါ သူငယ္ခ်င္းရာ။ေက်းဇူးပါ။
က်စ္
သၾကားကဘယ္မွာလဲ။ဒီတိုင္းေဖ်ာ္ေသာက္ရင္ေတာ့ ႐ွယ္ၿပီ။
"အဆူးဆူးဗ်ာ"
"ဘာျဖစ္ေနတာလဲ ႐ုပ္က..."
"သၾကားမေတြ႔ခဲ့ဘူး...အမေလးဗ်ာ ခ်ဥ္ထွာ"
ဒီသံပုရာသီးကို လာေပးခိုင္းတဲ့သူျမင္ရင္ ရင္နာေနဦးမယ္။သၾကားေတာင္ ေတြ႔ေအာင္မ႐ွာႏိုင္တဲ့ ေကာင္ကို ထိပ္စပ္ပဲ ေတြ႔တဲ့ေက်ာက္ခဲနဲ႔ ေကာက္ထုလိုက္ရမလားလဲ စဥ္းစားမိေသးတယ္။
သံပရာသီးကို ေရထဲ ဒီတိုင္းညစ္ထည့္ၿပီး သၾကားမထည့္ ဆားမထည့္ခဲ့တဲ့ အရည္ကို တစ္မ်က္ခြက္လံုး ရံႈ့တြေနေအာင္ ေသာက္ေနတယ္။ငါ -ိုးကြာ။ျမင္ရတာ ကန္႔လန္႔။ဘယ္လိုစိတ္နဲ႔မ်ား ဒီပံုစံကို ဒီေလာက္ခ်စ္ေနၾကရတာလဲ။
♥♥♥
2.11.21
အဆင္ေျပလား။
♥♥♥♥♥♥♥♥♥♥♥♥♥♥
Unicode
"ငါတောင်းပန်တယ်ကွာ နော်...ဒီလို ဒီလိုရှိခိုးပြီးတောင်းပန်တယ်...မင်းသိရင်ပြောပြပါကွာ..နော်"
"ငါမသိဘူး"
"လုပ်ပါကွာ...နော်"
"ငါမသိဘူးလို့ ပြောနေတယ်လေကွာ...မင်းနားကန်းနေလို့လား"
နားကန်းတာမဟုတ်ပါဘူး။မင်းများသိရင် ပြောမလားလို့ အသနားခံနေမိတာပါ။
"အေးပါကွာ...မင်းမသိဘူးဆိုလည်း ဘယ်တတ်နိုင်ပါ့မလဲ"
ဒီနေ့လည်း တွေ့အောင်မရှာနိုင်ပြန်ပါဘူး ကိုကိုရယ်။တစ်ရက်ပြီး တစ်ရက်သာ ကုန္သြားတာ ကိုကို့အရိပ်အယောင်တောင် မတွေ့ခဲ့ရဘူး။ထွဋ်ခေါင်ကိုလည်း ကိုကိုရှိတဲ့နေရာသိမလားလို့ မေးမိတိုင်း သူကလည်း ငြင်းစမြဲပါပဲ။ကိုကို့မိဘတေရှိတဲ့ မြို့ကိုလည်း ကျနော်ရောက်ခဲ့ပြီးပြီ။ကိုကိုက မိဘအိမ်လည်း မပြန်ခဲ့ဘူး။အပုန်းကောင်းနေလိုက်တာဗျာ။
ကိုကိုတစ်နေရာရာမှာတော့ အဆင်ပြေပြေရှိနေတယ်မလား။လူချစ်လူခင်ပေါတဲ့ ကိုကိုက ရောက်တဲ့နေရာမှာ အဆင်ပြေအောင် နေနေတယ်မလား။အားနာတတ်တဲ့ ကိုကို့ကို ချနင်းသွားကြမှာစိုးတယ်။ပိုက်ဆံတေလည်း မယူသြားဘူး။ဘယ္လိုမ်ား နေနေသလဲ ကိုကိုရယ်။ကိုကို ပျော်နေမလား။ကျနော် နဲ့ ဝေးဝေးမှာလေ။ကျနော်နဲ့ ဝေးရာအရပ်မှာ ကိုကိုပျော်နေရဲ့လား။ကျနော့်ကို သတိရောရရဲ့လား။
Ring~~Ring
"ဟုတ်ကဲ့ အေမ"
"သား...ဟင်းလာယူဦး...မခ်က္ထားဘူးမလား...လာယူဦး"
"စားဖြစ်မယ်မထင်ပါဘူး အေမရာ"
"ဟဲ့...မစားလို့ ဘယ်ဖြစ်မှာလဲ...အခုအိမ်မှာပဲလား ငါလာပို့မယ်"
"ကျနော်ပဲ လာယူလိုက်မယ်"
"အေအေး"
ထမင်း တေချက်ရတာလဲ စိတ်မပါတော့ဘူး။ကိုကိုမရှိတော့တဲ့ နေ့ကစလို့ စားရတာတေလည်း အရသာမရှိဘူး။
မေမေကတော့ အိမ်မှာပြန်နေလို့ပြောတယ်။မနေချင်ပါဘူး။ကိုကို့အငွေ့အသက်လေးတေ ကျန်နေတဲ့ ဒီအိမ်မှာပဲ နေမှာပေါ့။တခြား သွားနေစရာလား။ဒီအိမ်လေးမှာ ကိုကိုနဲ့ အမွတ္တရေတ အများကြီးပဲ။အဝတ်အစားတေလည်း မယူသွားဘူး။ကျနော်နဲ့ ပတ်သက်တဲ့ အရာမွန္သမ်ွ ဖြတ်ချထားခဲ့တာပဲ။ကိုကို သိပ်ပြတ်သားတယ်။
♥♥♥
အား.....။
"ကိုကိုရေး...ကျနော်လွမ်းတယ်ဗျ...ဟင့်..."
အေ့လ်
တက္လာတဲ့ လေချဉ်တေက အနံစူးစူး။မေ့မလားလို့ သောက်နေမိတာ မမေ့ဘူးဗျ။မသောက်တာကြာလို့ထင်တယ်။ရင်ဘတ်ထဲကို ပူနေတာပဲ။
ငိုချင်တယ်။ဒီအရက်ကိုသောက်လိုက်မှ ပိုငိုချင်လာလို့ ငိုနေမိတာ။
ဒုန်း ဒုန်း
'အား.....ကျနော်ခံစားရခက်လိုက်တာဗျာ'
ဘယ္သူမ်ား ကြားနိုင်ကြပါ့မလဲ။ဘယ်သူကများ သနားကြပါ့မလဲ။
'ကိုကိုလို့...ကျနော်ခေါ်နေတယ်လေဗျာ...အီး..'
ဖြန်း
ဒီကောင် ခွေးဇာတ်ခင်းခဲ့လို့
ဖြန်း ဖြန်း
ကိုကို့ကို တွေ့ရင် ပြောပေးကြပါဗျာ။ကျနော့်ဆီပြန်လာပေးပါလို့။ဒီတိုင်း အိပ်ပျော်သွားရင်ကောင်းမယ်။အိပ်ပျော်နေရင် အနည်းဆုံးတော့ ခဏတာ မေ့သွားဦးမှာ။
မျက်လုံးတေမှိတ်ချလိုက်တော့ ကိုကို့မျက်နှာလေးက ပေါ်လာပြန်တယ်။ဘယ်လိုနေရတော့မလဲ။မျက်လုံးမှိတ်ရင်လည်း မှိတ်လို့၊ဖွင့်ရင်လည်းဖွင့်လို့။အိပ်ပျော်သွားရင် ကောင်းမယ်။
♥♥♥
အဟက်
သိပ်ကိုလှပတဲ့ မြင်ကွင်းပဲ။ခံစားစမ်း။မင်းအဲ့မှာ အရူးတစ်ပိုင်းဖြစ်နေအောင် ခံစားနေလိုက်။
အရက်နဲ့ အဖော်ပြုနေသတဲ့လား။အရက်သောက်လိုက်လို့ မေ့သွားမတဲ့လား။
အရက်ပုလင်းတေကြားထဲ ခေါင်းငိုက်စိုက်ကျလို့ ကိုယ့်ပါးကိုယ်တဖြန်းဖြန်းရိုက်နေတဲ့ကောင်။ရိုက်စမ်း။
မီးရောင်မှိန်မှိန်အောက်က သိပ္ကိုလွပေနတဲ့ မြင်ကွင်းကို ထွဋ်ခေါင် ရပ်ကြည့်နေမိတယ်။ဒီကောင် အခုထိတော့ ဇွဲမလျှော့သေးဘူး။အစ်ကို့ကို သူလိုက်ရှာနေတုန်း။ကိုယ့်ဆီလည်း ဖုန်းနဲ့ရော လူကိုယ်တိုင်ရော မေးတာ အခါခါ။မေးတိုင်းလည်း တစ်ခါမှ ကောင်းကောင်းမဖြေခဲ့ဘူး။ဒါလည်း လာလာမေးနေတာပဲ။သူ့စိတ်ထဲမှာ အစ္ကို စိုင်း ရှိတဲ့နေရာကို ကိုယ်သိတယ်လို့ ထင်နေပုံ။
ငိုနေတာ။အားရပါးရကိုငိုနေတာ။အစကတော့ သူ့ရှေ့ရောက်အောင်သွားဦးမလို့ပဲ။နောက်တော့ သူ့ပါးသူ ပြန်ရိုက်လိုက်၊သူ့ခေါင်သူထုလိုက်နဲ့ မလို့ ကိုယ်ရောက်သွားရင် ထုနေတာတေ ရိုက်နေတာတေ ပျက်သွားမှာစိုးလို့ မသွားတော့တာ။ထုပါစေလေ ရိုက်ပါစေလေ။မှတ်လောက်သားလောက် အောင်ကို ထားရဦးမွာ။
အင့်
ထို ရိုှက်လိုက်တဲ့ အသံက ထွဋ်ခေါင်ဆီကလည်း မဟုတ်ခဲ့သလို ငိုနေတဲ့ တစ်ယောက်သောသူဆီကလည်း မဟုတ်ခဲ့ပြန်ဘူး။ဒီမြင်ကွင်းကို ကြည့်ပြီး ငိုနေတဲ့ တစ်စုံတစ်ယောက်များ ထပ်ရှိနေခဲ့သလား။
♥♥♥
"ဟျောင့်...ထစမ်း ဟေ့"
"ဟမ်..ဘာလဲ...ဘာကိစ္စလဲ"
အလန့်တကြား ထလာတဲ့ စုတ္ဖြားဖြား ဆံပင်နဲ့ မျက်နှာအူအူက တစ်စက်မှကို ကျက်သရေမရှိ။ညက ဒီပေါ်မှာအတိုင်း အိပ်ပျော်သွားတာနေမှာ။ခေါင်းအုံးမပါ ဘာမပါနဲ့ သောက်ကျိုးနည်းနေဦးမယ်။
"ဒီမွာ ဒီကိစ္စဘယ်လိုရှင်းမှာလဲ..."
"ဘာကိစ္စလဲ"
"ဘာကိစ္စရမှာလဲ...ဒီမှာမမြင်ဘူးလား"
ဟုတ္သားပဲ။ နောက်ဆုံးတစ်ခါ ပြီးကတည်းက ဒီဟာတေကို အဆက်အသွယ်ဖြတ်ထားခဲ့တာ။ရှင်းရဦးမှာပေါ့။သူမေ့နေခဲ့တာ ။ကိုကို့ကို ရှာဖို့ ကိစ္စတေပဲ ခေါင်းထဲရှိနေခဲ့တာ။
"ငါ့ဘာငါ ရှင်းမယ်"
"မင်းရှင်းရမှာပါ...မေ့နေမှာစိုးလို့ သတိပေးတာ"
"ဟုတ်တယ်...မေ့နေခဲ့တာ...ကျေးဇူးပဲဟျောင့် ငါဒီနေ့ထွက်မယ်"
"ကြွ...ကြွ...မင်းရဲ့ အမြှောင်မယားဆီို မြန်မြန်ကြွ...တစ်သက်လုံးပြန်မလာနဲ့"
"မဟုတ်ပါဘူးကွာ...ငါရစရာရှိတဲ့အကြွေးလေးလည်း တောင်းရင်း ရှင်းစရာကိစ္စတေလည်း ရှိသေးလို့ သြားရမွာပါ...အချိန်လည်း မဆွဲချင်လို့"
"အေး...အဲ့ စောက်သိလေး ဝင်တာကိုပဲ ကျေးဇူးတင်တယ်"
"မင်းကလည်းကွာ...ငါလည်း ငါ့အမှားတေသိနေပြီပဲ..."
"ကျက်သရေကိုတုံးတယ်"
ဟုတ်တာပေါ့။ အိမ်ထောက်ရှိရက်နဲ့ ဖောက်ပြန်ခဲ့တဲ့ ယောက်ျားတစ်ယောက်က ဘယ္နားကမ်ား ကျက်သရေရှိလိမ့်မလဲ။
ကိုကိုထွက်သွားပြီးကတည်းက အဆိုးအကောင်း အကျိုးအကြောင်း တောင် မပြောတော့တဲ့ အဖေရယ်၊မလွှဲသာမှသာ ပြောပြီး 'မင်းက ရွံစရာကောင်းတဲ့ကောင်၊ က်က္သေရ မရှိတဲ့ကောင်' လို့ ပြောပြောနေတဲ့ ထွဋ်ခေါင်၊ တိုးတိုး တစ်မျိုး ကျယ်ကျယ်တစ်မျိုးနဲ့ 'အဲ့ကောင်က အဲ့လို အဲ့လိုလေ' ဆိုတဲ့ မကြားတကြားပြောသံတွေ ၊ အစပိုင်းတုန်းကတော့ ဝမ်းနည်းတာ တစ်မျိုး ဒေါသထွက်တာ တစ်မျိုးနှင့်။နောက်တော့လည်း မထူးဆန်းတော့ပါဘူး။ဒါတေက အမှန်တေမလား။ခံပြင်းနေရအောင် ကိုယ္က မတရားစြပ္စြဲခံရတာမွ မဟုတ်ဘဲ။
ခေါင်း တေကိုက်နေပေမယ့် အရင်လို သံပရာရည်ဖျော်ပေးမယ့် ကိုကိုက အနားမှာမရှိတော့ဘူး။ဆူငေါက်တတ်တဲ့ ကိုကိုလည်း အနားမှာမဟုတ်တော့ဘူး။
"ရော့ ရော့ သံပရာသီး...ကိုယ့်ကို သွားဖျော် သောက်...မြင်ပျင်းစရာ"
ဒါပါပဲ။သူငယ်ချင်းဆိုတာ ဒါပေါ့။ဆောင့်ဆောင့်ဆဲဆဲနဲ့ပဲ လက်ထဲရောက်လာတဲ့ သံပရာသီး လေး သုံးလုံး။ပါးစပ်ကသာ မျိုးစုံပြောထွက်နေပေမယ့် ပစ်တော့မထားသေးဘူးလေ။
"ကျေးဇူးပါကွ...ငါခေါင်းတေကိုက်နေတာ"
"စောက်ပိုတေ...မင်းကျေးဇူးတင်ရမှာ ငါမဟုတ္ဘူး"
"ဘယ္သူလဲ ပြော အာ့ဆို"
"ဘယ္သူမွမဟုတ္ဘူး...ငါ့အေမကို ကျေးဇူးတင်လို့ ပြောတာ...မင်းကိုငါစေတနာရှိနေတာမဟုတ်ဘူး"
"ဘာပဲဖြစ်ဖြစ်ပါဗျား...မင်းလည်း ယူခဲ့ပေးသေးတာပဲ..မဟုတ္ဘူးလား"
"မင်းလေရှည်နေမှာလား...မသောက်ရင် ပြန်ပေး...ပေး"
"ပေးစရာလား..."
ပစ်မထားကြတဲ့ သူတေကိုပဲ ကျေးဇူးတင်ရပါတယ်။ အေမ သိရင်တော့ လည်း လုပ်ပေးမှာမှန်ပေမယ့် သွားပြောလို့လည်း ကောင်းတဲ့ အရာကမဟုတ်။အဖေက လည်း မကြည်ဘူးမလား။အခုလိုကိုယ်တိုင်ဖျော်မပေးပေမယ့် ယူလာပေးတယ်မလား။ကျေးဇူးပါ သူငယ်ချင်းရာ။ကျေးဇူးပါ။
ကျစ်
သကြားကဘယ်မှာလဲ။ဒီတိုင်းဖျော်သောက်ရင်တော့ ရှယ်ပြီ။
"အဆူးဆူးဗ်ာ"
"ဘာဖြစ်နေတာလဲ ရုပ်က..."
"သကြားမတွေ့ခဲ့ဘူး...အမေလးဗ်ာ ချဉ်ထှာ"
ဒီသံပုရာသီးကို လာပေးခိုင်းတဲ့သူမြင်ရင် ရင်နာနေဦးမယ်။သကြားတောင် တွေ့အောင်မရှာနိုင်တဲ့ ကောင်ကို ထိပ်စပ်ပဲ တွေ့တဲ့ကျောက်ခဲနဲ့ ကောက်ထုလိုက်ရမလားလဲ စဉ်းစားမိသေးတယ်။
သံပရာသီးကို ရေထဲ ဒီတိုင်းညစ်ထည့်ပြီး သကြားမထည့် ဆားမထည့်ခဲ့တဲ့ အရည်ကို တစ်မျက်ခွက်လုံး ရံှု့တွနေအောင် သောက်နေတယ်။ငါ -ိုးကွာ။မြင်ရတာ ကန့်လန့်။ဘယ်လိုစိတ်နဲ့များ ဒီပုံစံကို ဒီလောက်ချစ်နေကြရတာလဲ။
♥♥♥
2.11.21
အဆင်ပြေလား။
Advertisement
- In Serial1063 Chapters
Edge Cases (Book 1 Complete!)
Rare classes and powerful skills are helpful. Too bad the system doesn't seem built to handle them. What even are all these errors? Our team of outcasts and adventurers will have to rely on their trust - and the bane of all stories, healthy communication - just to survive, let alone understand what the system is doing. Because they're quickly realizing that it's doing something; to people, to monsters, and maybe even to the gods themselves. And their goal isn't just to survive; it's to make things better. It's a good thing they're not doing it alone. --- Edge Cases is an attempt to take the LitRPG genre and the overpowered MCs trope and write a story where numbers aren't everything. Sometimes it takes trust, support, and just a touch of being very, very clever. Expect a mix of action, slice-of-life, friendship, and ominous worldbuilding. Updates M-W-F at 6pm EST. Cover art by Alovck of Artstation, and typesetting by jessessey right here on RoyalRoad.
8 243 - In Serial28 Chapters
Core Chronicles
Core Chronicles is a series of interrelated stories, including in-depth major story arcs and shorter side stories about Cores and those affected by them through direct and indirect means. The first arc is planned to be Dungeon Core with City Building elements in an Urban Fantasy setting. It will mainly follow one main character's point of view, but on occasion, the POV may shift to side characters to give more information about what is happening in the wider world. The stories will also examine how the world changes with the introduction of magic and its various purposes. The System will be between soft and crunchy, with discrete levels and stats for characteristics and skills. But, for example, the health statistic will be a less clear indicator rather than a distinct stat.
8 199 - In Serial20 Chapters
The Divine Works
The world was prophesied to end at 2012, on December 12th. It did, in a way, just not the way people thought. On December 12th, when the clocks read 12 all the way across, a new God appeared and demanded the world submit to him. Many years later, the world has changed into what he designed it, with people who are loyal to him and live in the peace he has created. His children and grandchildren create the pantheon.However, none is more feared that his Grandson Aleksandor, the God of Madness. Who's task given to him upon reaching adulthood was to punish the sinners in hopes they may repent and one day be reborn so they may try again for a better life. All his divine life, Aleksandor has known the bitter cold of hate and fear. No mortal prays to him, the evil God. They all, no matter the person, completely shun him. Until Alyson is born. Her life has not been an easy one. Not many know that her birthday coincides on that of the ""Evil"" Gods. Not may know that he has blessed her with a gift. Her parents have done everything they can to make her forsake this God, but nothing has worked. As her marriage day draws near, and the insanity that is her family gets worse, she turns to the one God she knows can hear her prayers, and will answer. But her wish comes with a price. Will it be able to save not only her, but the ""Evil"" God as well, or will they all down spiral into madness?
8 173 - In Serial6 Chapters
Fun in Other Worlds
Tain, have been sick all this life till the day he die and get his personal heaven where he get to go to his favorit anime. cover picture not mine. First story ever, sorry if there bad grammar. I dont own anything in the story.
8 139 - In Serial13 Chapters
The Young Hokage
On the night of his birth Naruto is forced to house the nine tails. But what if he also had a sister and was to be made Hokage upon his fathers orders. A stronger and wiser Naruto.
8 163 - In Serial10 Chapters
Chapters of Pain [Anthology]
A collection of extremely short stories (and just ramblings sometimes) that focus on themes like emotional and mental pain. You can start with, or skip to whatever chapter you want.
8 121

