Advertisement
Zawgyi
"ကိုကို့..."
"သား!"
"ကိုကို့..."
"ငါ...ငါ.."
"စဉ်းစားနော် သား...အဖေဆိုတာ အစားထိုးလို့ရတဲ့ သူမဟုတ်ဘူး...သားအဖေကလည်း သားကို သတိရနေတာပါကွယ်"
တစ်ဖက်က အဖေ။တစ်ဖက်က အိမ်ထောင်ဖက်။
"ကိုကို လိုက်သွားပါ..."
"ဟမ်..."
"ဒီလိုလုပ်လေ ကိုကိုရဲ့...ကျွန်တော်လည်း လိုက်ခဲ့မယ်...ဟိုမှာ ကျွန်တော်က အိမ်ငှါးနေလိုက်မယ်လေ ကိုကို အားတဲ့ အချိန်ဆို ကျွန်တော်ဆီလာလည်လေ...နော်"
"မင်းကရော...."
"ဟင့်အင်း...ငါ"
"လိုက်သွားလိုက်ပါ...ကျွန်တော်က ညနေ ရတဲ့ကားနဲ့ လိုက်ခဲ့မယ်...မရရင် မနက်ဖြန်ကျလိုက်ခဲ့မယ်...နော်..ကျွန်တော်တို့ကို ဘယ်လိုနည်းနဲ့မှ မခွဲနိုင်အောင် နေကြတာပေါ့.."
Advertisement
"မောင့်...."
"စိတ်ချပါ ကိုကိုရဲ့...နော် တကယ်လိုက်ခဲ့မှာ...ကိုကိုနဲ့ မခွဲနိုင်တာ ကိုကိုလည်း သိတာပဲ"
"အင်းပါ...အမေ.. သူ့ကို ကားနဲ့ တစ်ခါတည်း ခေါ်ခဲ့ပေးပါ...မခေါ်ရင် ကျွန်တော်လည်း သူနဲ့မှ အတူလာမှာ"
"အမေ.."
"အင်းပါ ....စောင့်ပေးစေချင်ပါတယ် ကျွန်တော့မိဘတွေကို သွားပြောရဦးမှာမို့လို့"
"လာ...လိုက်ခဲ့ကိုကို..."
♥♥♥
"သွားခါနီး လာခါနီး စိတ်မကောင်းအောင် လုပ်မနေနဲ့...သားမက်ကလေးက အဖေ့ကို သေချာပြုစု...သားကလည်း အနှောင့်အယှက်မဖြစ်စေနဲ့...နှစ်ယောက်အတူသွားပြီး နှစ်ယောက်အတူပြန်ခဲ့ကြ"
"ဟုတ်ကဲ့..."
"သားတို့ ဂရုစိုက်နော်...သား...သားကြီး တို့ အိမ်မှာမနေဘူးဆိုတော့ ပိုက်ဆံတို့ ဘာတို့လိုရင် အချိန်မရွေးပြောနော်...သားကြီးရော အဖေ့ကို သေချာဂရုစိုက်ပါကွယ်"
"ဟုတ်ကဲ့ပါ အမေ...ပြင်းစရာရှိတာ ပြင်ရဦးမယ်ဆိုတော့ ကျွန်တော်တို့ သွားတော့မယ်"
"ငါ့သား...ကိုယ်ချစ်တဲ့သူကို ဘယ်လိုကြောင့်နဲ့မှ လက်မလွှတ်ပေးရဘူး...ဒါမှ ယောက်ျားကောင်း...လိုအပ်ရင် အဖေတို့ကိုပြော..."
စိတ်ချပါ အဖေ။
♥♥♥
8.11.21
ဖတ်ရတာ အဆင်ပြေရဲ့လား။
♥♥♥♥♥♥♥♥♥♥♥♥♥
Unicode
"ကိုကို့..."
အနားမှာရှိနေတဲ့ သုံးယောက်လုံး အံ့အားသင့်သွားဖို့လုံလောက်တဲ့ အကြောင်းတရားမှာတော့
"အင့်...ကျွန်တော်..ကျွန်တော့်ကိုခွင့်မလွှတ်ပါနဲ့.. အင့်"
ဒေါ်ကေသီနွယ် ရှေ့မှာ မြေပြင်ပေါ်ဒူးထောက်ပြီး လက်အုပ်ချီလိုက်တဲ့ ကိုကို။ရိုှက်သံတွေတောင်ထွက်အောင် ငိုနေပြီ။မျက်ရည်တွေက ကျလာနေတုန်း။နဖူးနဲ့ လက်အုပ်ချီထားတဲ့ လက်နှစ်ဖက်ရဲ့ လက်မတွေနဲ့ ထိထားပြီး တောင်းပန်နေတဲ့ကိိုကို။
"သား!"
"ကျွန်တော်တောင်းပန်ပါတယ်...အင့်...ကျွန်တော်ပြန်မလိုက်နိုင်ဘူး..အီး..ဟီး"
"ကိုကို့..."
ကိုကို့ကို သားမိုက်ဖြစ်အောင် လုပ်လိုက်မိပြီလား။ကျဉ်းထဲကပ်ထဲ ရောက်နေတဲ့ ကိုကို့ကို အတင်း ဆွဲထားမိသလိုဖြစ်သွားတာလား။အခုလိုဖြစ်နေတဲ့ ကိိုကု့ိပုံစံကို မကြည့်ချင်ဘူး။မကြည့်နိုင်ဘူး။ပြန်ထည့်လိုက်ရမှာလား။ဒါလုံးဝ မဖြစ်နိုင်တဲ့ ကိစ္စ။ကိုကိုကရော ပြန်လိုက်ချင်ရဲ့သားနဲ့.... ။
"ကိုကိုကြည့်ဦး...ကျွန်တော်ကိုကြည့်"
လက်နှစ်ဖက်ကို အတင်းဖယ်ချပြီး မျက်နှာကို မော့စေရတယ်။မျက်ရည်ကျရတာတွေ များနေပြီ။
"ကိုကို...ပြန်လိုက်သွားချင်လား"
ဖြေလိုက်စမ်းပါ။မလိုက်သွားချင်ဘူးလို့။ကိုကို ဖြေစမ်းပါ။
"ငါ...ငါ.."
"ကိုကို လိုက်ချင်တာလား"
"မင်း မလိုတာကိုလည်း ငါမလုပ်ချင်ဘူး...အင့်"
အခုထိ ဒူးထောက်လျက်သား ကိိုကု့ိကို တင်းတင်းကျပ်ကျပ် ဆွဲဖက်လိုက်မိတယ်။ကိုကိုမသိတာလား။ကိုကို့အိမ်ပြန်ရောက်သွားရင် ကျွန်တော်တို့နှစ်ယောက် ဘယ်လိုဖြစ်သွားမလဲ ဆိုတာ။
နားလည်ပါတယ် ကိုကိုရဲ့။ကို့ကို့မိဘမို့လို့ ကိုကိုခ်စ္တယ္ဆိုတာ သိတယ်။ဒါပေမယ့့် ဒါပေမယ့်လေ ကိုကိုရဲ့။ကျွန်တော်လည်း ကိုကို့ကို ကိုကို့မိဘတွေထက်မလျော့အောက် ချစ်တယ်လေ။ဝေးရမှာစိုးလို့ ထည့်မပေးလိုက်ချင်တာ ကျွန်တော့ အတ္တပါ။တစ်ထစ်လျှော့ပေးလိုက်လို့ တစ်သက်လုံးဝေးသွားရမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ပထမတစ်ခါ သူတို့လောင်းရိပ်အောက်က ဆွဲထုတ်ခဲ့တဲ့ ကျွန်တော့်ကို ကြည်ဖြူမပေးနိုင်တာက ဖြစ်သင့်တဲ့ ကိစ္စ။
"ကျွန်တော်လည်း ထည့်မပေးလိုက်နိုင်ဘူးဗျ..."
ပုခုံးသားပေါ် စိုစွတ်နေတာတွေက ကိုကို့မျက်ရည်တွေ။
"စဉ်းစားပါဦး ငါ့သားရယ်...သားအဖေရဲ့ နောက်ဆုံးအချိန်မှာတောင် ငါ့သားက အဖေနားမှာမနေချင်ဘူးလား..ဟင်"
အလကား။အလကားတွေ။အတူရှိနေကြချိန်တုန်းကရော သားတစ်ယောက်ဆိုတာထက် သူတို့ ဂုဏ်သိက္ခာ အတွက်ပဲ အကောင်းဆုံး ဂုဏ်အရှိဆုံး ဆိုတာတွေပဲ မလုပ်ချင်ချင် လုပ်ချင်ချင် လုပ်ခိုင်းချင်ကြတာ မဟုတ်ဘူးလား။သားတစ်ယောက်ဆိုတာထက် စက်ရုပ်တစ်ရုပ်လို သဘောထားကြတယ်ဆိုတာ ဘေးကကြည့်တဲ့သူတောင်သိတယ်။
အခုလည်း ကြည့်။သူတို့နောက်ပါစေချင်လို့ မငြင်းနို်င်အောင်လုပ်နေကြတာ။သူတို့ဆီရောက်သွားပြီးရင် သူတို့သဘော လုပ်ကြမှာ။
အဖေ။အဖေတစ်ယောက် ဒီလောက်ုဖြစ်နေချိန်မှာတောင် ကိုယ့်ပယောဂကြောင့် သွားမတွေ့နိုင်ဘဲ ကိုကိုက နောင်တတွေနဲ့ ကျန်နေခဲ့ရင်ရော။ဘယ်လိုလုပ်ရမှာလဲ။သားမိုက် တစ်ယောက်လို့ အများကမြင်သွားအောင် ဘယ်လိုအင်အားတွေနဲ့ရော လုပ်ရမှာလဲ။
အား.....။အခုမွေလ။အခုမွ ပျော်ရမယ့်အချိန်လေ။ဒီအချိန်မှာမှ ဆိုက်ဆိုက်မြိုက်မြိုက်ကြီးကို တွေ့ပေးရသလား။
"စဉ်းစားနော် သား...အေဖဆိုတာ အစားထိုးလို့ရတဲ့ သူမဟုတ္ဘူး...သားအဖေကလည်း သားကို သတိရနေတာပါကွယ်"
"ခနလောက် တိတ်တိတ်လေး နေပေးလို့မရဘူးလား"
တွေဝေစေမယ့်စကားတွေကို နားယောင်အောင် ပြောနေတဲ့သူ။မိဘတွေဖြစ်ပြီး လျှော့မပေးနိုင်တဲ့သူတွေ။
"ကိုကိုသိလား...ကိုကို့အိမ်က ကျွန်တော့်ကို ခါးခါးသီးသီးဖြစ်နေတယ်ဆိုတာ"
ခေါင်းညိတ်ပြလာတဲ့ ကိုကို။
"ကိုကိုလိုက်သွားရင် သူတို့ဘယ်လိုလုပ်မလဲဆိုတာ ကိုကိုစဉ်းစားမိလား"
ခေါင်းညိတ်ပြပြန်ပြီ။သိရဲ့သားနဲ့များကိုကိုရာ။
တစ္ဖက္က အေဖ။တစ္ဖက္က အိမ်ထောင်ဖက်။
အဖေတစ်ယောက်ရဲ့ နောက်ဆုံးအချိန်နဲ့ သက်ဆိုင်နေတာမို့လို့ ကိုကိုဒီလို ဖြစ်နေတယ်ဆိုတာ သိပါတယ်။လွှတ်ပေးလိုက်ရတော့မှာလား။
"ကိုကို လိုက္သြားပါ..."
"ဟမ်..."
"ဟုတ်တယ် ကိုကိုရဲ့...လိုက်သွားလိုက်နော်...ကိုကိုလည်း ကိုကို့မိဘတွေဆီ ပြန်ချင်နေတယ်မလား"
နာတယ် ကိုကိုရဲ့။နာတယ်။ဟန်လုပ်ပြုံးပြီး ပြောနေရပေမယ့် ဘယ်လောက်တောင် ပူလောင် နေလဲဆိုတာ ကိုယ့်ကိုကိုယ်အသိဆုံး။
"ဟင့်အင်း...ငါမရွေးနိုင်တော့ဘူး...ငါမဆုံးဖြတ်တတ်တော့ဘူး မောင်ရဲ့"
"ဒီလိုလုပ်လေ ကိုကိုရဲ့...ကျွန်တော်လည်း လိုက်ခဲ့မယ်...ဟိုမွာ ကျွန်တော်က အိမ်ငှါးနေလိုက်မယ်လေ ကိုကို အားတဲ့ အချိန်ဆို ကျွန်တော်ဆီလာလည်လေ...နော်"
မလုပ်ချင်ဘူး။မနေချင်ဘူး အဲ့လိုမျိုးတွေ။ဒါပေမယ့် ကိုကို့ဂုဏ်သိက္ခာအတွက် ၊ ပတ်ဝန်းကျင်မှာ ဒါမျိုးသားပါလားဆိုပြီး အပြောမခံရဖို့အတွက် ၊ ကိုကို့မှာ နောင်တတွေနဲ့ မကျန်ခဲ့စေဖို့အတွက် ဆိုရင် ဒီလမ်းကို ရွေးချယ်မှ ဖြစ်မှာလေ။ကိုယ်ကရော။ကိုယ်က သူနဲ့ အနီးဆုံးမှာနေပေးပြီး ကြိုးစားရမှာပေါ့။အရင်လို ပြန်နေရအောင်လေ။အဆက်အသွယ်မပြတ်ရှိနေတော့ သူတို့လုပ်ချင်သလိုတော့ လုပ်လို့ရမယ် မထင်ဘူး။
"နော်..ကိုကိုလိုက်သွားလိုက်..ကိုကို့အဖေနားမှာ နေပေးလိုက်..."
"မင်းကရော...."
"ပြောပြီးပြီလေဗျာ..ကျွန်တော်ရော လိုက်ခဲ့ပြီး အိမ်ငှါးဖြစ်ဖြစ် နေမှာလို့ ယောက်ျားလေးပဲဗျာ ထောင်ကျကျ ပြားကျကျ နေနိုင်ပါတယ်"
"ဟင့်အင်း...ငါ"
"လုပ်လိုက်ပါ...အဖြစ်သင့်ဆုံး လမ်းကို ရွေးလိုက်တာမို့လို့..."
လိုက်သွားရမှာလား။မောင် ပြောသလို မောင်နဲ့ ငါနဲ့ကို မရမက ခွဲလိုက်ရင်ရော။မောင်နဲ့ ခွဲပစ်ရင် ငါသေလောက်တယ် မောင်ရဲ့။
အေဖ....။ငယ်ငယ်ကတည်းက ကျွေးမွေး လာတဲ့ အဖေ။ကိုယ့်ကို ဒီအရွယ်ရောက်အောင် မတောင့်မတ မကြောင့်မကြနေနိုင်အောင် ထားပေးခဲ့တဲ့ အဖေ။အဖေဆိုတာနဲ့ တင် ပစ်မထားဖို့ လုံလောက်နေသားပဲ။အဖေတို့ အတ္တကြီးတာကြောင့်ဆိုတဲ့ အကြောင်းပြချက်နဲ့လည်း လှည့်မကြည့်ဘဲနေနိုင်ဖို့က မဖြစ်နိုင်ဘူး။
အခုတော့ မောင်က ငါ့ကြောင့် အခက်တွေ့နေရပြီ။မိသားစုကို မျပတ္သားတဲ့ စိတ်ကြောင့် မောင်က နေရခက်နေရပြီ။
"လိုက်သွားလိုက်ပါ...ကျွန်တော်က ညေန ရတဲ့ကားနဲ့ လိုက်ခဲ့မယ်...မရရင် မနက်ဖြန်ကျလိုက်ခဲ့မယ်...နော်..ကျွန်တော်တို့ကို ဘယ်လိုနည်းနဲ့မှ မခွဲနိုင်အောင် နေကြတာပေါ့.."
"မောင့်...."
"စိတ္ခ်ပါ ကိုကိုရဲ့...နော် တကယ်လိုက်ခဲ့မှာ...ကိုကိုနဲ့ မခွဲနိုင်တာ ကိုကိုလည်း သိတာပဲ"
"အင်းပါ...အေမ.. သူ့ကို ကားနဲ့ တစ်ခါတည်း ခေါ်ခဲ့ပေးပါ...မခေါ်ရင် ကျွန်တော်လည်း သူနဲ့မှ အတူလာမွာ"
"ခေါ်မှာပါ...အဲ့လောက်သဘောထားဆိုးတဲ့သူတေ မဟုတ်ပါဘူး...သဘောမတူနိုင်တာကတော့ မတူနိုင်တာပေါ့"
"အေမ.."
အမေဟာလေ။အခုချိန်ထိကို ဒီစကားတွေကပြောတုန်း။
"မောင် လိုက်ခဲ့လိုက်နော်...မငြင်းပါနဲ့မောင်ရယ်...နော်"
ငြင်းတော့မယ့် အရိပ်အယောင်ပြနေတဲ့ မောင့်ကို ရှေ့ကကြိုပြိီးပြောရတယ်။မောင့်ကို မယုံကြည်တာမဟုတ်ပေမယ့် တစ်ခါတည်းပါမှ စိတ်ချနိုင်မှာမို့လို့ပါ။
"အင်းပါ ....စောင့်ပေးစေချင်ပါတယ် ကျွန်တော့မိဘတွေကို သွားပြောရဦးမှာမို့ိလု့်ိ"
"လာ...လိုက်ခဲ့ကိုကို..."
နောက်မှာကျန်ခဲ့တဲ့ လူတွေ ဘယ်လိုကျန်ခဲ့မယ်မသိဘူး။ကိုကို့ကို ခေါ်ပြီး ဆိုင်ကယ်နဲ့ အမေတို့ အိမ္ကို ထွက်လာခဲ့လိုက်တော့တယ်။
♥♥♥
"ငါ့သားလေး နှစ်ယောက်... သွားလေရာ လာလေရာ ခလုတ်မထိ ဆူးမညိပါစေနဲ့ကွယ်..."
"သြားခါနီး လာခါနီး စိတ်မကောင်းအောင် လုပ်မနေနဲ့...သားမက္ကေလးက အေဖ့ကို သေချာပြုစု...သားကလည်း အနှောင့်အယှက်မဖြစ်စေနဲ့...နှစ်ယောက်အတူသွားပြီး နှစ်ယောက်အတူပြန်ခဲ့ကြ"
"ဟုတ်ကဲ့..."
အေမကေတာ့ မျက်ရည်လေး စမ်းတမ်းစမ်းတမ်းဖြစ်နေရှာတယ်။အခုလည်း ရုတ်တရက်ကြီး ဖြစ်သွားတာ။
"သားတို့ ဂရုစိုက်နော်...သား...သားကြီး တို့ အိမ်မှာမနေဘူးဆိုတော့ ပိုက်ဆံတို့ ဘာတို့လိုရင် အချိန်မရွေးပြောနော်...သားကြီးရော အေဖ့ကို သေချာဂရုစိုက်ပါကွယ်"
"ဟုတ်ကဲ့ပါ အေမ...ပြင်းစရာရှိတာ ပြင်ရဦးမယ်ဆိုတော့ ကျွန်တော်တို့ သွားတော့မယ်"
"အေးအေး ကောင်းကောင်းသွားကြနော်.."
"ငါ့သား...ကိုယ်ချစ်တဲ့သူကို ဘယ်လိုကြောင့်နဲ့မှ လက်မလွှတ်ပေးရဘူး...ဒါမွ ယောက်ျားကောင်း...လိုအပ်ရင် အဖေတို့ကိုပြော..."
"ဟုတ်ကဲ့ပါ... ဒါဆို သွားပြီ"
စိတ္ခ်ပါ အေဖ။
♥♥♥
8.11.21
ဖတ်ရတာ အဆင်ပြေရဲ့လား။
Advertisement
- In Serial26 Chapters
I awoke as the hero of Oakvale
This is a fanfiction about the Fable 1 games hero. What if you the one playing the game for years woke up as the protagonist one year before Oakvale's destruction. Awakening with few memories of his previous life Arn realizes he is living as the protagonist of his previously favorite game. Remembering nothing else but his gameplay and a few skills gained while growing up he seeks to change events. After all, what kind of hero could turn his back knowingly on his new loving family?
8 117 - In Serial14 Chapters
Midas Touch
There is no such thing as time travel, i know that, you know that, we all know that. However if you were to find yourself at the exact point that caused you to lose your everything you owned and everything you aspired to achieve, what would you do. Foloow us as we follow the journey of Simon Emerson who finds himself in the past but is certain it is merely in his head as he attempts to undo his failures in life and achieve his lifelong dream.
8 190 - In Serial32 Chapters
All Poems (DDLC)
This is a story of all The poetry presented in the game Doki Doki Literature Club. (Spoilers and Trigger Warning)
8 77 - In Serial6 Chapters
Conquest Of Mortem
*NOTE* This novel is a war of attrition. To say anything less is a disservice to its demand. While comparable to other such works as Ulysses or Moby Dick, each sentence in Conquest is an enemy to be tackled. Not in the ways of difficulty but in absurd density that wishes nothing more than to destroy what patience you may have. Do not tackle chapters as you would ordinary chapters in an ordinary book. Tackle each chapter as a book unto itself. A foe to be vanquished, a period of life to leave behind. Seek to be master of this work. Seek to overcome. For in its design is the willpower, and the perseverance, and the strength of someone who sought meaning in struggle. As I discovered these in times of ultimate desperation, so I hope for you to discover these things. This novel is a love letter to your trials. May you overcome them. May you master them. May you become conquerer.- SeedSagaA literary epic for logophiles, philosophers, and poets alike. A journey into zeitgeist, the impact of media on culture, and the endurance of morality against an onslaught of hatred. These vague descriptions do little to compact Conquest's density into a bite-size summary. They do however relate the basest themes found within. A plot, if such can be surmised, is strung thinly across multiple perspectives, weaving together these concepts into a seemingly distorted tapestry of indecipherable events. Inspired by early 20th century modernism, Conquest will challenge the reader, and provide critique on the medium upon which all great stories are derived. Further interpretation is up to you now; an explorer among a sea of words. Venture on and discover what lies ahead, in...CONQUEST OF MORTEM
8 172 - In Serial18 Chapters
The girl trapped in mystic falls
A new twist to the originals and most fanfics. Tvd fanfiction. I do not own tvd or To the only rights I have are to my plot and characters I create.
8 188 - In Serial3 Chapters
Drews Mountain Dew
A short poem of Drews Mountain Dew
8 111