《ကြၽန္ေတာ့ေယာက္်ား ေရႊညာသား (Completed) ကျွန်တော့ယောက်ျား ရွှေညာသား (Completed)》36 ( Z + U )
Advertisement
Zawgyi
ဒီေန႔ေတာ့ အသုဘ ေျမခ်ရမယ့္ေန႔။ကိုးနာရီ ထိုးရင္ သုႆာန္ကို သြားၾကမွာ။အသုဘခ်လိုက္မယ့္ လူတစ္ခ်ိဳ႕က ျပင္ဆင္ေပးထားတဲ့ အမိုးေအာက္က စားပြဲဝိုင္းေတြမွာ ေစာင့္ေနၾကၿပီ။
ကိုကို႔ အေမရယ္ ၊ ညီမေလးရယ္ ၊ ကိုကိုရယ္က အိမ္ေ႐ွ႕ခန္းက ဦးျမတ္ေက်ာ္စြာ ရဲ႕ အေလာင္းထားတဲ့ ေနရာနားမွာ ဝိုင္းထိုင္ေနၾကတယ္။ေခါင္းရင္းစာ တင္ထားတဲ့ ပန္းကန္ေလးလည္း ရိွတယ္။ညီမေလးကေတာ့ တရံႈ့ရံႈ့နဲ႔ ငိုေနတုန္း။အေမကလည္း မ်က္ရည္တစမ္းစမ္း။ကိုကိုကေတာ့ မငိုဘူး။အေမနဲ႔ ညီမေ႐ွ႕မွာ ကုိယ္က သန္မာျပရမယ္ဆိုၿပီး ေနေနတာ။သိတာေပါ့ ။
"ကိုိကုိ...ညီမေလး...ကန္ေတာ့လိုက္ၾကေတာ့ေလ...ဟိုမွာ ေစာင့္ေနၾကၿပီ"
အေခါင္းထဲ ေရႊ႔ထည့္ဖို႔ လူႀကီး ေလးေယာက္ေလာက္က ေစာင့္ေနၾကေတာ့ ကိုယ္က ေဘးက ေျပာေပးရတယ္။
ေျပာလိုက္ခါက်မွ ကန္ေတာ့ၾကတယ္။ကိုးနာရီထိုးေတာ့မယ္ဆိုတာ ေမ့ေနၾကပံုရတယ္။
"ရၿပီ...ထည့္လိုက္ၾကေတာ့"
ဖခင္ အေလာင္းကို အေခါင္းထဲ ထည့္ဖို႔ မွာခဲ့ၿပီး အျပင္ထြက္သြားေလတယ္။မၾကာ ေၾကးစည္တီးသံ စၾကားရၿပီ။အသုဘ ခ်ေတာ့မည္။ကားတစ္စီးေပၚက ထြက္ေပၚလာတဲ့ ဓမၼစၾကာၤရြတ္သံ။ရင္ထဲမွာ လိႈက္ခနဲ။
ထိုအခ်ိန္မွာပဲ အေမနဲ႔ ညီမေလးက တစ္ေယာက္နဲ႔ တစ္ေယာက္တြဲရင္း အိမ္ျပင္ကိုသြားၾကၿပီ။
"အစ္ကို အဆင္ေျပတယ္မလား..."
"ရတယ္ ညီေလး...ေ႐ွ႕ကိုသာသြား"
"ဟုတ္ကဲ့"
တန္းစီတဲ့သူက တန္းစီ ၿပီး စုေနၾကတဲ့ လူၾကားထဲ ေဝ့ဝဲ႐ွာမိေတာ့ ကိုကိုက အေဖ့အေခါင္းတင္တဲ့ ကားနားမွာရပ္ေနတယ္။ေဘးမွာ အေမေရာ ညီမေလးေရာ။
"ကိုိကုိတို႔...ဒီကားေပၚက လိုက္မွာလား"
"အင္း..."
"ဒါဆို...အေမနဲ႔ ညီမေလးက အရင္တက္ႏွင့္လိုက္ေလ"
အေမတို႔ တက္သြားၿပီးေတာ့မွ
"တက္ေတာ့"
ေနာက္ဆံုးနားမွာ ဝင္ထိုင္ေပးလိုက္တယ္။ကားေနာက္က အေခါင္းတင္ထားတဲ့ ေဘးမွာ တန္းစီထိုင္ေနၾကတဲ့ အေနအထား။ကားေပၚမွာလည္း တျခားသူေတြေရာပါတယ္။
ကိုကို႔ကို ၾကည့္လိုက္ေတာ့ မ်က္ေထာင့္ေတြက နီေနတာ။ငိုလိုက္ပါ့လား။ေဘးမွာ ကြၽန္ေတာ္ရိွေနရဲ႕သားနဲ႔။
တျဖည္းျဖည္းနဲ႔ စထြက္ေတာ့ ညီမေလးက အေမ့ရင္ခြင္ထဲ ဝင္လို႔ငို႐ွာၿပီ။အေမကလည္း သမီးျဖစ္သူကို ေဖးမရင္း သူကလည္း ငိုေန႐ွာေလတယ္။ကိုကိုကေတာ့ မငိုဘူး။မ်က္ေထာင့္ေတြ နီေနၿပီး အံေတြႀကိတ္ထားတာ။
သုႆာန္ကိုေရာက္လာေတာ့ ဇရပ္ေပၚမွာ ေရစက္ခ်တရားနာတယ္။သကၤန္းကပ္တယ္။ေရစက္ခြက္က ေလးခြက္ခ်ထားတာမို႔လို႔ တစ္ခြက္ကို ယူထားမိတယ္။
တရားနာၿပီးသြားေတာ့ လိုက္ပါလာတဲ့ လူေတြက ျပန္ၾကၿပီ။မိသားစုဝင္ေတြနဲ႔ ခင္တဲ့သူတစ္ခ်ိဳ႕ပဲ က်န္တယ္။သၿဂိဳလ္စက္ရိွရာဆီ အေခါင္းကို သယ္သြားတယ္။
အေခါင္းထဲက ထုတ္ၿပီး သၿဂိဳလ္စက္ထဲ ထည့္ေတာ့မည္။သၿဂိဳလ္ မည့္သူေတြက စီစဥ္ေနၾကၿပီ။
"ေဖေဖ...ေဖေဖလို႔..."
"သမီးငယ္...စိတ္ထိန္းေလလို႔...သမီး..."
"ကိုစစ္ႏိုင္...အေမတို႔ကို ေခၚသြားလိုက္ပါေတာ့လား..."
"ေအ...ငါေခၚသြားလိုက္ေတာ့မယ္...မင္းတို႔က ေနာက္မွ လိုက္ခဲ့ေတာ့"
"အင္း..."
ေျဖာင္းဖ်ေခ်ာ့ေမာ့ၿပီး ေခၚသြားေတာ့ မီးခိုေခါင္းတိုင္ကေတာင္ မီးခိုးထြက္ေနၿပီ။စၿပီး ေလာင္ကြၽမ္းေနၿပီဆိုတဲ့ သေဘာ။
"ကိုကို...ျပန္ရေအာင္ေနာ္"
"ခဏ...ခဏေလးပါ"
"ကိုကို ငိုခ်င္ရင္ ငိုခ်လိုက္ပါလားဗ်ာ...ဟင္"
ျပန္မေျပာေတာ့ဘဲ မ်က္ရည္ေတြ စီးက်လာၿပီ။လြမ္းလြမ္းေဆြးေဆြး ၾကည့္ေနရင္း မ်က္ရည္ေတြ သုတ္ေနတယ္။ခံစားမိပါတယ္။
"သားငယ္...သားႀကီးကို ေခၚၿပီးျပန္ေတာ့ေလကြယ္...ၾကာရင္ ေနပူလာေတာ့မယ္"
"ဟင္...အေမ လိုက္လာတာလား အေဖကေရာ"
"မင္းအေဖက ဟိုနားမွာ ေစာင့္ေနတယ္...ပို႔တဲ့ကားနဲ႔ပဲ ျပန္လိုက္မွာ အေမတို႔က... သားႀကီးကိုသာ ေခၚခဲ့ေတာ့"
"အင္း... "
အေမတို႔လည္း လိုက္လာတယ္။မေန႔ညကတည္းက အိမ္မျပန္ျဖစ္လို႔ အေမတို႔လိုက္လာတာကို မျမင္မိဘူး။လမ္းကျဖတ္လိုက္တာေတာ့ မဟုတ္ႏိုင္ဘူး။အိမ္မွာတုန္းက မျမင္ခဲ့ဘူး။
"ကိုကို...ျပန္ရေအာင္ေနာ္...ၾကာေနၿပီ ကိုကို ဘာမွမစားရေသးဘူးမလား...လာပါ ျပန္ရေအာင္"
"အင္းပါ...ခုနက အေမတို႔ကို အိမ္ေခၚရဦးမွာကို"
မ်က္ရည္ေတြသုတ္ကာ ေျပာလာတဲ့ ကုိကိုက ခုနက ျပန္မေျပာလိုက္ႏိုင္လို႔ထင္တယ္။
♥♥♥
"ကြၽန္ေတာ္ အိမ္ခဏ ျပန္လိုက္ဦးမယ္ေနာ္"
"အင္း...ပင္ပန္းရင္ ျပန္မလာခ်င္မလာနဲ႔ေတာ့ေလ...နားဦး"
"ရပါတယ္...ဒါဆို သြားၿပီ"
ေရမိုးခ်ိဳး ခဏေတာ့ အိမ္ျပန္ရဦးမယ္။အေမတို႔လည္း ရိွေနေသးတာ။
ျဖစ္ႏိုင္ရင္ ကိုကို႔ကိုပါ အိမ္တစ္ခါတည္း ျပန္ေခၚလိုက္ခ်င္တယ္။ဒီမွာဆိုရင္ အိပ္ႏိုင္မွာမဟုတ္ဘူး။လူကမ်ားတာႏွင့္။ေခၚလို႔ကလည္း မျဖစ္ေသးဘူးထင္တယ္။ခ်က္ခ်င္းႀကီးဆိုေတာ့။
အခုေတာင္ ထမင္းကို ေခ်ာ့ေမာ့ေကြၽးခဲ့ရတာ။ဒါေတာင္ ထည့္ထားသေလာက္ မကုန္။ညကလည္း တစ္ညလံုး လိုလို အိပ္မေပ်ာ္ဘူး။
အိမ္ေရာက္ေတာ့လည္း ခဏနားၿပီးမွ ေရခ်ိဳးၿပီး ျပန္ထြက္လာခဲ့ရတယ္။ပင္ပန္းတယ္။ကိုယ္ေတာင္အဲ့ေလာက္ စိတ္ပင္ပန္း လူပင္ပန္းဆိုရင္ ကုိကုိက ပိုဆိုးမယ္။
♥♥♥
"သားက ဆံုးျဖတ္ခ်က္ကို မျပင္ေတာ့ဘူးလား"
"မျပင္ေတာ့ဘူး..."
"အေမတစ္ေယာက္တည္းေနရမွာေနာ္ သား...မနက္ျဖန္လည္း သမီးငယ္ကို ျပန္ပို႔ေတာ့မွာ"
"သိပါတယ္..."
အလုပ္ေတြ လည္း ကိုစစ္ႏိုင္ကို လႊဲေပးထားခဲ့မယ္ဆိုတာ မေျပာျဖစ္။အခုခ်ိန္ေျပာလိုက္လို႔မွ မျဖစ္ေသးတာ။ကိုစစ္ႏိုင္ကိုေရာ ေျပာထားၿပီးၿပီ။သူကလည္း လက္ခံတယ္။အေမ လက္မခံရင္ေတာ့ သူလည္း ျပန္ေပးမယ္တဲ့။အခုေလာေလာဆယ္ေတာ့ အေမက အိမ္ျပန္လာဖို႔ ေခၚေနတာ။ဒီတစ္ခါေတာ့ တစ္ေယာက္တည္းကို ေခၚတာမဟုတ္လို႔ အံျသရေသးတယ္။ႏွစ္ေယာက္စလံုး အိမ္မွာ လာေနတဲ့ေလ။တစ္ေယာက္တည္းဆို ဘယ္ေတာ့မွ ျပန္မေနဘူးဆိုတာသိလို႔ပဲလား၊တစ္ထစ္ေလ်ွာ့ၿပီး ေမာင့္ကို လက္ခံေပးခ်င္တာလား ပဲေတာ့ မသိ။ဒါေပမယ့္လည္း ဘယ္လိုလုပ္မလဲ။ဒီမွာေနရင္ ေမာင့္မိဘေတြက ႏွစ္ေယာက္တည္း က်န္ခဲ့မွာေပါ့။ေမာင္က တျခားေမာင္ႏွမေတြလည္း ရိွတာမဟုတ္ဘူး။ဒီမွာက ဘာပဲျဖစ္ျဖစ္ မီးငယ္ရိွေသးတယ္။ကိုယ္မရိွရင္ေတာင္ မီးငယ္က အေမ့နားမွာေနဖို႔ က်န္ခဲ့ေသးတယ္ေလ။
Advertisement
ထုတ္ေတာ့ မေျပာျဖစ္ေသးဘူး။ေျပာလို႔ေကာင္းတဲ့ အခ်ိန္လည္း မဟုတ္ေသးဘူး။
ကားရပ္သံၾကားၿပီး မၾကာ အိမ္ထဲ လွမ္းဝင္လာတဲ့ေမာင္။
"ထိုင္ဦး"
အေမက ထိုင္ဖို႔ ေျပာေတာ့ ေမာင္က လွမ္းၾကည့္လာေသးတယ္။အသာ ေခါင္းညိတ္ျပလုိက္မွသာ ဝင္ထိုင္လာတယ္။
"မင္းတို႔ႏွစ္ေယာက္လံုး ဒီမွာ လာေနၾကဖို႔ ေခၚေနတာ...မင္းသေဘာက"
"ဗ်ာ..."
"အေမ..."
ကိုကိုက ဟန္႔သလိုတားတယ္။ဘာေတြလဲ။ႏွစ္ေယာက္လံုးကို ဒီမွာ လာေနဖို႔ ေခၚေနတာလား။ႏွစ္ေယာက္လံုးကိုလား။
"ဟုတ္တယ္...ငါတို႔ႏွစ္ေယာက္လံုးကို ေခၚေနတာ"
ဒါဆို လာေနမွာလား။ကုိကုိက လာေနခ်င္သြားၿပီလား။ကြၽန္ေတာ္မွ မေနခ်င္တာ။ရြာမွာလညိး အေဖနဲ႔ အေမကို ပစ္ထားခဲ့ရမွာလား။မျဖစ္ႏိုင္တာ။
"ဟို...ကိုကိုက ဘယ္မွာ ေနခ်င္တာလဲ"
ဒီမွာေနမွာလို႔ မေျပာလိုက္နဲ႔ေနာ္။ဒီတစ္ခါေတာ့ လိုက္ေလ်ာမေပးႏိုင္ဘူး။အတၱႀကီးတယ္ပဲ ဆိုဆို ဒီမွာေတာ့ မေနခ်င္ဘူး။
"ငါက ဒီမွာ မေနဘူးလို႔ ေျပာထားတယ္..."
"ေျသာ္..."
"မင္းတို႔က ဘာလဲ...ဒီမွာ မေနဘဲနဲ႔ အလုပ္ေတြကို ဘယ္လိုလုပ္မွာလဲ"
"ဒါက ကြၽန္ေတာ္စီစဥ္မွာပါ"
"ေအး...ဒါဆိုလည္း မင္းစီစဥ္လိုက္...ငါမေျပာေတာ့ဘူး...ငါ့အတြက္က ငါ့သမီးတစ္ေယာက္က်န္ေသးတာပဲ ရပါတယ္"
စကားနာေတြနဲ႔ ေျပာေနတာ။ဒီတစ္ခါလည္း ကိုကိုတို႔ သားအမိကို ေသြးခြဲ သလို ျဖစ္ျပန္ၿပီလား။
♥♥♥
13.11.21
♥♥♥♥♥♥♥♥♥♥♥♥♥♥
Unicode
ဒီနေ့တော့ အသုဘ မြေချရမယ့်နေ့။ကိုးနာရီ ထိုးရင် သုဿာန်ကို သွားကြမှာ။အသုဘချလိုက်မယ့် လူတစ်ချို့က ပြင်ဆင်ပေးထားတဲ့ အမိုးအောက်က စားပွဲဝိုင်းတွေမှာ စောင့်နေကြပြီ။
ကိုကို့ အမေရယ် ၊ ညီမလေးရယ် ၊ ကိုကိုရယ္က အိမ်ရှေ့ခန်းက ဦးမြတ်ကျော်စွာ ရဲ့ အလောင်းထားတဲ့ နေရာနားမှာ ဝိုင်းထိုင်နေကြတယ်။ခေါင်းရင်းစာ တင်ထားတဲ့ ပန်းကန်လေးလည်း ရှိတယ်။ညီမလေးကတော့ တရံှု့ရံှု့နဲ့ ငိုနေတုန်း။အမေကလည်း မျက်ရည်တစမ်းစမ်း။ကိုကိုကတော့ မငိုဘူး။အမေနဲ့ ညီမရှေ့မှာ ကိုယ်က သန်မာပြရမယ်ဆိုပြီး နေနေတာ။သိတာပေါ့ ။
"ကိိုကို...ညီမေလး...ကန်တော့လိုက်ကြတော့လေ...ဟိုမွာ စောင့်နေကြပြီ"
အခေါင်းထဲ ရွှေ့ထည့်ဖို့ လူကြီး လေးယောက်လောက်က စောင့်နေကြတော့ ကိုယ္က ဘေးက ပြောပေးရတယ်။
ပြောလိုက်ခါကျမှ ကန်တော့ကြတယ်။ကိုးနာရီထိုးတော့မယ်ဆိုတာ မေ့နေကြပုံရတယ်။
"ရပြီ...ထည့်လိုက်ကြတော့"
ဖခင် အလောင်းကို အခေါင်းထဲ ထည့်ဖို့ မှာခဲ့ပြီး အပြင်ထွက်သွားလေတယ်။မကြာ ကြေးစည်တီးသံ စကြားရပြီ။အသုဘ ချတော့မည်။ကားတစ်စီးပေါ်က ထွက်ပေါ်လာတဲ့ ဓမ္မစကြာၤရွတ်သံ။ရင်ထဲမှာ လှိုက်ခနဲ။
ထိုအချိန်မှာပဲ အမေနဲ့ ညီမေလးက တစ်ယောက်နဲ့ တစ်ယောက်တွဲရင်း အိမ်ပြင်ကိုသွားကြပြီ။
"အစ္ကို အဆင်ပြေတယ်မလား..."
"ရတယ် ညီလေး...ရှေ့ကိုသာသွား"
"ဟုတ်ကဲ့"
တန်းစီတဲ့သူက တန်းစီ ပြီး စုနေကြတဲ့ လူကြားထဲ ဝေ့ဝဲရှာမိတော့ ကိုကိုက အဖေ့အခေါင်းတင်တဲ့ ကားနားမှာရပ်နေတယ်။ဘေးမှာ အေမေရာ ညီမလေးရော။
"ကိိုကိုတို့...ဒီကားပေါ်က လိုက်မှာလား"
"အင်း..."
"ဒါဆို...အမေနဲ့ ညီမေလးက အရင်တက်နှင့်လိုက်လေ"
အမေတို့ တက်သွားပြီးတော့မှ
"တက်တော့"
နောက်ဆုံးနားမှာ ဝင်ထိုင်ပေးလိုက်တယ်။ကားနောက်က အခေါင်းတင်ထားတဲ့ ဘေးမှာ တန်းစီထိုင်နေကြတဲ့ အနေအထား။ကားပေါ်မှာလည်း တခြားသူတွေရောပါတယ်။
ကိုကို့ကို ကြည့်လိုက်တော့ မျက်ထောင့်တွေက နီနေတာ။ငိုလိုက်ပါ့လား။ဘေးမှာ ကျွန်တော်ရှိနေရဲ့သားနဲ့။
တဖြည်းဖြည်းနဲ့ စထွက်တော့ ညီမေလးက အမေ့ရင်ခွင်ထဲ ဝင်လို့ငိုရှာပြီ။အမေကလည်း သမီးဖြစ်သူကို ဖေးမရင်း သူကလည်း ငိုနေရှာလေတယ်။ကိုကိုကတော့ မငိုဘူး။မျက်ထောင့်တွေ နီနေပြီး အံတွေကြိတ်ထားတာ။
သုဿာန်ကိုရောက်လာတော့ ဇရပ်ပေါ်မှာ ရေစက်ချတရားနာတယ်။သင်္ကန်းကပ်တယ်။ရေစက်ခွက်က လေးခွက်ချထားတာမို့လို့ တစ္ခြက္ကို ယူထားမိတယ်။
တရားနာပြီးသွားတော့ လိုက်ပါလာတဲ့ လူတွေက ပြန်ကြပြီ။မိသားစုဝင်တွေနဲ့ ခင်တဲ့သူတစ်ချို့ပဲ ကျန်တယ်။သဂြိုလ်စက်ရှိရာဆီ အခေါင်းကို သယ်သွားတယ်။
အခေါင်းထဲက ထုတ်ပြီး သဂြိုလ်စက်ထဲ ထည့်တော့မည်။သဂြိုလ် မည့်သူတွေက စီစဉ်နေကြပြီ။
"ဖေဖေ...ဖေဖေလို့..."
"သမီးငယ်...စိတ်ထိန်းလေလို့...သမီး..."
"ကိုစစ်နိုင်...အမေတို့ကို ခေါ်သွားလိုက်ပါတော့လား..."
"အေ...ငါခေါ်သွားလိုက်တော့မယ်...မင်းတို့က နောက်မှ လိုက်ခဲ့တော့"
"အင်း..."
ဖြောင်းဖျချော့မော့ပြီး ခေါ်သွားတော့ မီးခိုခေါင်းတိုင်ကတောင် မီးခိုးထွက်နေပြီ။စပြီး လောင်ကျွမ်းနေပြီဆိုတဲ့ သေဘာ။
"ကိုကို...ပြန်ရအောင်နော်"
"ခဏ...ခဏေလးပါ"
"ကိုကို ငိုချင်ရင် ငိုချလိုက်ပါလားဗျာ...ဟင်"
ပြန်မပြောတော့ဘဲ မျက်ရည်တွေ စီးကျလာပြီ။လွမ်းလွမ်းဆွေးဆွေး ကြည့်နေရင်း မျက်ရည်တွေ သုတ်နေတယ်။ခံစားမိပါတယ်။
"သားငယ်...သားကြီးကို ခေါ်ပြီးပြန်တော့လေကွယ်...ကြာရင် နေပူလာတော့မယ်"
"ဟင်...အေမ လိုက္လာတာလား အေဖကေရာ"
"မင်းအဖေက ဟိုနားမွာ စောင့်နေတယ်...ပို့တဲ့ကားနဲ့ပဲ ပြန်လိုက်မှာ အမေတို့က... သားကြီးကိုသာ ခေါ်ခဲ့တော့"
"အင်း... "
အမေတို့လည်း လိုက်လာတယ်။မနေ့ညကတည်းက အိမ်မပြန်ဖြစ်လို့ အမေတို့လိုက်လာတာကို မမြင်မိဘူး။လမ်းကဖြတ်လိုက်တာတော့ မဟုတ်နိုင်ဘူး။အိမ်မှာတုန်းက မမြင်ခဲ့ဘူး။
"ကိုကို...ပြန်ရအောင်နော်...ကြာနေပြီ ကိုကို ဘာမွမစားရေသးဘူးမလား...လာပါ ပြန်ရအောင်"
"အင်းပါ...ခုနက အမေတို့ကို အိမ်ခေါ်ရဦးမှာကို"
မျက်ရည်တွေသုတ်ကာ ပြောလာတဲ့ ကိုကိုက ခုနက ပြန်မပြောလိုက်နိုင်လို့ထင်တယ်။
♥♥♥
"ကျွန်တော် အိမ္ခဏ ပြန်လိုက်ဦးမယ်နော်"
"အင်း...ပင်ပန်းရင် ပြန်မလာချင်မလာနဲ့တော့လေ...နားဦး"
"ရပါတယ်...ဒါဆို သွားပြီ"
ရေမိုးချိုး ခဏေတာ့ အိမ်ပြန်ရဦးမယ်။အမေတို့လည်း ရှိနေသေးတာ။
ဖြစ်နိုင်ရင် ကိုကို့ကိုပါ အိမ်တစ်ခါတည်း ပြန်ခေါ်လိုက်ချင်တယ်။ဒီမှာဆိုရင် အိပ်နိုင်မှာမဟုတ်ဘူး။လူကများတာနှင့်။ခေါ်လို့ကလည်း မဖြစ်သေးဘူးထင်တယ်။ချက်ချင်းကြီးဆိုတော့။
အခုတောင် ထမင်းကို ချော့မော့ကျွေးခဲ့ရတာ။ဒါတောင် ထည့်ထားသလောက် မကုန်။ညကလည်း တစ်ညလုံး လိုလို အိပ္မေပ်ာ္ဘူး။
အိမ်ရောက်တော့လည်း ခဏနားပြီးမှ ရေချိုးပြီး ပြန်ထွက်လာခဲ့ရတယ်။ပင်ပန်းတယ်။ကိုယ်တောင်အဲ့လောက် စိတ်ပင်ပန်း လူပင်ပန်းဆိုရင် ကိုကိုက ပိုဆိုးမယ်။
♥♥♥
"သားက ဆုံးဖြတ်ချက်ကို မပြင်တော့ဘူးလား"
"မပြင်တော့ဘူး..."
"အမေတစ်ယောက်တည်းနေရမှာနော် သား...မနက်ဖြန်လည်း သမီးငယ္ကို ပြန်ပို့တော့မှာ"
"သိပါတယ်..."
အလုပ်တွေ လည်း ကိုစစ်နိုင်ကို လွှဲပေးထားခဲ့မယ်ဆိုတာ မပြောဖြစ်။အခုချိန်ပြောလိုက်လို့မှ မဖြစ်သေးတာ။ကိုစစ်နိုင်ကိုရော ပြောထားပြီးပြီ။သူကလည်း လက်ခံတယ်။အမေ လက်မခံရင်တော့ သူလည်း ပြန်ပေးမယ်တဲ့။အခုလောလောဆယ်တော့ အေမက အိမ်ပြန်လာဖို့ ခေါ်နေတာ။ဒီတစ်ခါတော့ တစ်ယောက်တည်းကို ခေါ်တာမဟုတ်လို့ အံသြရသေးတယ်။နှစ်ယောက်စလုံး အိမ်မှာ လာနေတဲ့လေ။တစ်ယောက်တည်းဆို ဘယ်တော့မှ ပြန်မနေဘူးဆိုတာသိလို့ပဲလား၊တစ်ထစ်လျှော့ပြီး မောင့်ကို လက်ခံပေးချင်တာလား ပဲတော့ မသိ။ဒါပေမယ့်လည်း ဘယ်လိုလုပ်မလဲ။ဒီမှာနေရင် မောင့်မိဘတွေက နှစ်ယောက်တည်း ကျန်ခဲ့မှာပေါ့။မောင်က တခြားမောင်နှမတွေလည်း ရှိတာမဟုတ်ဘူး။ဒီမှာက ဘာပဲဖြစ်ဖြစ် မီးငယ်ရှိသေးတယ်။ကိုယ်မရှိရင်တောင် မီးငယ္က အမေ့နားမှာနေဖို့ ကျန်ခဲ့သေးတယ်လေ။
ထုတ်တော့ မပြောဖြစ်သေးဘူး။ပြောလို့ကောင်းတဲ့ အချိန်လည်း မဟုတ်သေးဘူး။
ကားရပ်သံကြားပြီး မကြာ အိမ်ထဲ လှမ်းဝင်လာတဲ့မောင်။
"ထိုင်ဦး"
အေမက ထိုင်ဖို့ ပြောတော့ မောင်က လှမ်းကြည့်လာသေးတယ်။အသာ ခေါင်းညိတ်ပြလိုက်မှသာ ဝင်ထိုင်လာတယ်။
"မင်းတို့နှစ်ယောက်လုံး ဒီမွာ လာနေကြဖို့ ခေါ်နေတာ...မင်းသဘောက"
"ဗ်ာ..."
"အေမ..."
ကိုကိုက ဟန့်သလိုတားတယ်။ဘာတွေလဲ။နှစ်ယောက်လုံးကို ဒီမွာ လာနေဖို့ ခေါ်နေတာလား။နှစ်ယောက်လုံးကိုလား။
"ဟုတ်တယ်...ငါတို့နှစ်ယောက်လုံးကို ခေါ်နေတာ"
ဒါဆို လာနေမှာလား။ကိုကိုက လာနေချင်သွားပြီလား။ကျွန်တော်မှ မနေချင်တာ။ရွာမှာလညိး အဖေနဲ့ အေမကို ပစ်ထားခဲ့ရမှာလား။မဖြစ်နိုင်တာ။
"ဟို...ကိုကိုက ဘယ်မှာ နေချင်တာလဲ"
ဒီမှာနေမှာလို့ မပြောလိုက်နဲ့နော်။ဒီတစ်ခါတော့ လိုက်လျောမပေးနိုင်ဘူး။အတ္တကြီးတယ်ပဲ ဆိုဆို ဒီမှာတော့ မနေချင်ဘူး။
"ငါက ဒီမွာ မနေဘူးလို့ ပြောထားတယ်..."
"သြော်..."
"မင်းတို့က ဘာလဲ...ဒီမွာ မနေဘဲနဲ့ အလုပ်တွေကို ဘယ်လိုလုပ်မှာလဲ"
"ဒါက ကျွန်တော်စီစဉ်မှာပါ"
"အေး...ဒါဆိုလည်း မင်းစီစဉ်လိုက်...ငါမပြောတော့ဘူး...ငါ့အတြက္က ငါ့သမီးတစ်ယောက်ကျန်သေးတာပဲ ရပါတယ်"
စကားနာတွေနဲ့ ပြောနေတာ။ဒီတစ်ခါလည်း ကိုကိုတို့ သားအမိကို သွေးခွဲ သလို ဖြစ်ပြန်ပြီလား။
♥♥♥
13.11.21
Advertisement
- In Serial50 Chapters
BABY GOJŌ {jujutsu kaisen}
▃▃▃▃▃ ❝𝘴'𝘬𝘶𝘯𝘢, 𝘴'𝘬𝘶𝘯𝘢! 𝘤𝘰𝘮𝘦 𝘰𝘶𝘵 𝘢𝘯𝘥 𝘱𝘭𝘢𝘺 𝘸𝘪𝘵𝘩 𝘮𝘦!!❞ ⤷ 𝙩𝙝𝙚 𝙩𝙧𝙤𝙪𝙗𝙡𝙚𝙨𝙤𝙢𝙚 𝙡𝙞𝙛𝙚 𝙤𝙛 𝙗𝙚𝙞𝙣𝙜 𝙜𝙤𝙟𝙤 𝙨𝙖𝙩𝙤𝙧𝙪'𝙨 𝙬𝙤𝙣𝙙𝙚𝙧𝙛𝙪𝙡 𝙙𝙖𝙪𝙜𝙝𝙩𝙚𝙧▃▃▃▃▃𝙬𝙖𝙧𝙣𝙞𝙣𝙜𝙨▃▃▃▃▃⤷ 𝘤𝘶𝘳𝘴𝘪𝘯𝘨⤷ 𝘤𝘳𝘢𝘤𝘬 + 𝘧𝘭𝘶𝘧𝘧⤷ 𝘸𝘪𝘭𝘭 𝘕𝘖𝘛 𝘧𝘰𝘭𝘭𝘰𝘸 𝘱𝘭𝘰𝘵▃▃▃▃▃⤷𝐬𝐭𝐚𝐫𝐭𝐞𝐝: 𝟐/𝟐𝟎/𝟐𝟎𝟐𝟏⤷𝐞𝐧𝐝𝐞𝐝: 𝟑/𝟏𝟒/𝟐𝟎𝟐𝟏
8 128 - In Serial103 Chapters
Shatter
'There are only two kinds of people in this world. A selfless idiot or a selfish fool.' - Unknown Zachariel, an ignorant young boy whose childhood has been full of both happiness and pretenses. Conflicted about what should he become, and what should be done, join him as he ventures out into the world of Pandragea, searching for the answer to his questions, the truth of his identity, and the mysterious artifact within his body. His adventure, filled with twists and turns as he gets plunged into a revolution against an empire, an uprising against an old legacy, a war against the divine demon beasts, and the revelation of the truth behind the mystery within him. As time marches on and running out, will he be able to find the answer to his questions, or will his enemies impede him from doing so?
8 226 - In Serial21 Chapters
Spider's Odyssey
This story is bigger than what you might think. Jacob is a regular guy but due to some unfortunate circumstances is now in a different universe with powers of a certain webhead. His journey has an end, but the end is bigger than himself. Will he be willing to face it, Alone or Otherwise? I don't own anything besides my Main Character's Soul, and other OC's
8 183 - In Serial29 Chapters
Pied Piper | {K.NJ}
Everything was normal. You are a normal student, living a normal life. You live with your brother, who had been raising you his entire life as your parents had passed away in your early childhood days. Studying, hanging out with friends, going on a date with your Boyfriend and sometimes helping your brother with housework. Normal things everyone do.That was until someone moved into your neighbourhood. Right across the corner of your street. Since then, you have been hearing the sound of the flute every single night. It was sweet and lovely to listen to.You became attracted to that sound. You became curious as to who was playing the flute. So, you followed the sound.And you met him.••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••Author's Note: This ff is inspired by BTS - Pied Piper
8 129 - In Serial21 Chapters
lemons (god forgive us for our sins)
just smut. pure plain indescribable smut i hope u enjoy
8 126 - In Serial52 Chapters
Teen Parents || j.jk ✔️
[ Completed ]Jungkook and Y/n was In a Relationship For 3 Year now..In they're School They Are one of The Hottest and Famous Students.. Every Boy Wants Y/n But Luckily Jungkook Got her.. Along with Jungkook.. They Both Love Each other..But What If Jungkook Got her Pregnant...What Do You Think Will happen to them?⚠️ WARNING⚠️-Smut 21+ & 18+- Bad Languages- Bad Things- Sad and MoreA/n : Plss If you Dont like Mature Things I'm Gonna warn You not to Read this Just read Something else and Also Please Don't Copy My Work Without my Permission thank you 😊💗
8 170

