《Devil Husband》7
Advertisement
" ဟုတ်တယ် ကိုလက်ရုံး အဲ့ဒီရပ်ကွက်ထဲမှာသူ့ဦးလေးမိသားစုနဲ့သူ့ရဲ့ေအာက်ပိုင်းေသေနတဲ့အဖေရယ်နဲ့တူတူနေကြတာ သူ့ဦးလေးကတော့တက္ကစီသမားပဲ သူ့ဦးလေးမိန်းမကတော့
ဖဲဂျိုးကြီး ဖဲပဲနေ့မအားညမနားရိုက်နေတာ သူ့ဦးလေးရဲ့တက္ကစီဆွဲတဲ့နှစ်ပဲတစ်ပြားငွေလေးနဲ့ဘယ်ကာမိပါ့မလဲ အကြွေးတွေလည်ပင်းနစ်နေတာပဲ "
" ဟုတ်ပြီ ဆက်ပြောဆက်ပြော "
စိတ်လူပ်ရှားမူအပြည့်နဲ့ကြယ်တွေလိုတလက်လက်တောက်နေတဲ့မျက်လုံးတွေနဲ့ထိုလူပြောသမျှကိုအာရုံစိုက်နားထောင်နေမိသည်။
" ပြီးတော့ စိမ်းမြခြယ်ကတော့ For Preciousဆိုတဲ့လက်ဆောင်ပစ္စည်းရောင်းတဲ့ဆိုင်မှာအလုပ်လုပ်တယ်။အဲ့တခုထဲတော့မဟုတ်ဘူး 24နာရီဆိုင်တွေမှာနာရီပိုင်းအရောင်းစာရေး၊Deliverပို့ ၊Barမှာစားပွဲထိုးတယ်အချိန်ပိုင်းအလုပ်တွေရရင်ရသလောက်လုပ်တယ် သမာအာဇီဝအလုပ်တွေပဲလုပ်တာပါ 24နာရီမှာသူက 23နာရီလောက်ကိုအလုပ်လုပ်ချင်တာ သူ့အဖေဆေးဖိုးကလဲမနည်းဘူးကို"
* ညဉ့်နက်သန်းခေါင်ယံမှအိမ်ပြန်လာတဲ့မင်းကိုမကောင်းတဲ့မိန်းကလေးလို့ပြောခဲ့မိတယ် မင်းဘယ်လိုရုန်းကန်နေရလဲဆိုတာကိုယ်မသိခဲ့ဘူး *
" သူကကျောင်းမတက်ဘူးလား "
" ရန်ကုန်တက္ကသိုလ်က Geology အဝေးသင် တတိယနှစ်ပါ သူကစာတော်ပါတယ်ကြိုးလဲကြိုးစားတယ် ဆယ်တန်းကိုဂုဏ်ထူး3ခုနဲ့အောင်တာတဲ့ သူ့သူငယ်ချင်းတွေကdayတက်နေတဲ့အချိန်မှာသူကအိမ်အခြေနေကြောင့်အလုပ်ပေါင်းစုံလိုက်လုပ်နေရလို့ စရိတ်စကမတတ်နိုင်တာလဲပါတာပေါ့ အဝေးသင်ပဲယူလိုက်ရတာပါ "
" သူ့အသက်ဘယ်လောက်လဲ "
" 21ကျော်ကျော်22ထဲဝင်တော့မှာပေါ့ "
" နောက်ထပ်ဘာသိသေးလဲ အိမ်ထောင်ရှိလား ရည်းစားဘာညာရောရှိလား "
" ရည်းစားတောင်တခါမှမထားဖူးသေးတဲ့အင်နိုးစန့်လေးပါ ယင်ဖိုတောင်မသန်းဖူးသေးဘူး ကိုလက်ရုံးရယ် ဘယ်ကသာအိမ်ထောင်ရှိရမလဲ"
" ခင်ဗျားသေချာတယ်နော် "
" အသေအချာပါ သူ့ရပ်ကွက်ထဲကလူေတွဆီကစုံစမ်းရလာတာ သူကအဲ့ဒီရပ်ကွက်မှာပဲကြီးလာတာဆိုတော့ သူတို့မသိပဲမနေဘူးကိုလက်ရုံး "
" ကျွန်တော်သိချင်တာရပြီ ခင်ဗျားတော်တယ် တာဝန်ကျေတယ် သူ့ကိုဆက်စောင့်ကြည့်ပေးထား ဒါကခင်ဗျားအတွက် "
ကုတ်အကျီထဲကစာအိတ်ကိုထုတ်ယူကာစားပွဲပေါ်ကနေဟို့လူဆီတွန်းပေးလိုက်သည်။
စာအိတ်ထဲကပမာဏကိုကြည့်ကာဟိုလူမျက်လုံးတွေအရောင်တောက်သွားသည်။
" ကျေးဇူးပါ ကိုလက်ရုံး တခုခုထူးခြားတာနဲ့သတင်းပို့ပါ့မယ် နောက်လဲခိုင်းစရာရှိတိုင်းကျွန်တော့်ကိုသတိရပေးပါ "
ထိုလူ့စကားကိုဆတ်ခနဲခေါင်းငြိမ့်ပြလိုက်ပြီး
" ခင်ဗျားပြန်လို့ရပြီ "
" နောက်မှတွေ့ကြမယ် "
ထိုလူစားပွဲကထသွားပြီးဆိုင်ထဲကထွက်သွားတော့ကိုယ်လဲထွက်လာမိသည်။
ဆိုင်ထဲမှာကဆေးလိပ်မသောက်ရဆိုတာ
ကြောင့်ခန္ဓာကတောင့်တနေတဲ့ဒီအရာကိုနူတ်ခမ်းမှာတေ့ရင်းမီးငြှိလိုက်သည်။
အခုမှနေသာထိုင်သာရှိသွားသလို။
ဒီအရသာပဲကိုး မူတ်ထုတ်လိုက်တဲ့ဆေးလိပ်ငွေ့တွေကိုကြည့်ရင်း
မင်းကလဲဒီဆေးလိပ်တွေလိုပဲ မသုံးရမနေနိုင်
အောင်လူကိုဆွဲဆောင်လွန်းသည်။
" ကြွပါခင်ဗျာ ကြွပါခင်ဗျာ ကိုလက်ရုံး လာမယ်ဆိုလို့ ကျွန်တော်တို့VVIPအခန်းတွေတောင်အသင့်ပြင်ပေးထားပါတယ် ပျော်အောင်သာနေပါ "
" ကျွန်တော်မှာထားတာရမှာလားပဲပြော "
" ရကိုရစေရပါမယ်လို့ ကျွန်တော်အာမခံပါတယ်"
မန်နေဂျာဆီကထိုစကားကြားတော့လက်ရုံးပါးချိုင့်တွေခွက်ဝင်သွားတဲ့အထိလူယုတ်မာပြုံးပြုံးလိုက်သည်။
" တော်တယ် အရမ်းတော်တယ် "ဆိုကာလူယုတ်မှာရယ်သံနဲ့ဘားမန်နေဂျာကိုလက်မတထောင်ထောင်လုပ်ပြနေသေးသည်။
" ရေကန်အသင့်ကြာအသင့်ပါပဲ "ဆိုကာအခန်းထဲကိုမျက်စပစ်ပြသည်။
" ကိုလက်ရုံးလိုချင်တာလွှတ်လိုက်ပါမယ် အခုတော့ပျော်ပျော်နေပါ "
" ခင်ဗျားသွားလို့ရပြီ "
အခန်းထဲတွင်ယမကာအမြည်းဝိုင်းနဲ့မိန်းကလေး၄ယောက်ကအသင့်ထိုင်စောင့်နေကြသည်။
မီးရောင်စုံတွေအောက်မှာမလုံတလုံအဝတ်စားတွေကသေလုအောင်ဆွဲဆောင်နိုင်လွန်းသည်။
ဆိုဖာပစ်လှဲထိုင်ချလိုက်ပြီးအနားကကောင်မလေးကိုပေါင်ပုတ်ပြကာ
" လာပါကွာ ကိုယ့်ပေါင်ပေါ်မှာလာထိုင် ဒီဘက်ကဘေဘီလေးက ကိုယ့်ကိုအမြည်းခွံ့ကျွေးပါ ပြီးတော့ ဒီအချောလှလေးကအရက်ငှဲ့ပေး ဟို ဟိုဟာ ဟိုဘက်ကတယောက်ကဂျိုးဆီသွားလိုက်နော် "
ထိုတယောက်ကနည်းနည်းအသက်ကြီးနေကာအနည်းငယ်ဝ၍ဂျိုးအနားသွားခိုင်းလိုက်သည်။
" ဂျိုး သူ့ကိုမင်းယူလိုက် "
" အား ရတယ် ကျွန်တော့်ဆီမလာလဲရတယ် ရတယ် "
" အိုး မင်းကချစ်ဖို့ကောင်းလိုက်တာကွာ "
ပေါင်ပေါ်ကကောင်မလေးရဲ့ရင်သားမှာမျက်နှာအပ်ပြီးလက်မငြိမ်ခြေမငြိမ်နဲ့တင်သားကိုလဲညှစ်ဆော့နေသေးသည်။
" Daddy တစ်ခွက်လောက်သောက်ပါအုန်း "
" ငါ့ကိုdaddyလို့လာမခေါ်နဲ့ ငါအခုမှအသက်22ပဲရှိသေးတာ "
ငှဲ့ပေးသမျှတစ်ခွက်ပြီးတစ်ခွက်သောက်နေ၍လက်ရုံးအတော်ရေချိန်ကိုက်နေပါသည်။
" အား ပါးစပ်အကျယ်ကြီးဟ "
ဘဲကင်ကိုတူနဲ့ညှပ်ပြီးပါးစပ်ထဲကိုတယောက်ကခွံ့ပေးပြန်သည်။
" အရသာရှိလိုက်တာ ဘေဘီတို့ရေ "
ထိုညဉ့်ငှက်မလေးတွေနဲ့အဖော်ပြုရင်းအထူးပစ္စည်းလေးကိုလဲမျှော်နေမိသည်။
လွှတ်လိုက်မယ်ဆိုပြီးပေါ်မလာနိုင်သေး။
" လက်ရုံး လျှော့သောက်နော် မူးလာရင်လူမှန်းသူမှန်းသိတော့တာမဟုတ်မှန်းကိုယ့်အကြောင်းကိုယ်သိတယ်မလား "
ရီဝေဝေအသံဖြင့် ဂျိုးရှိရာကိုလက်ညိုးထိုးပြကာခေါင်းတဆတ်ဆတ်ငြိမ့်ပြီး
" အဲ့ဘေးနားကအန်တီရယ် အဲ့ကောင်ကိုပါးစပ်ပိတ်အောင်လုပ်ပေးပါလား "
သူ့စကားကြားတော့ဂျိုးနဲ့ခပ်လှမ်းလှမ်းမှာထိုင်နေတဲ့အသက်ခပ်ကြီးကြီးအမျိုးသမီးကထလာကပါးစပ်ထဲမုန့်တွေအတင်းခွံ့ကျွေးပါတော့သည်။
" စိမ်းမြချယ် နင်VIPအခန်းကိုစားပွဲသွားထိုးပေးရမယ် သူတို့ကိုလုံးဝစိတ်မကွက်စေနဲ့ တစ်ခုခုအမှားယွင်းဖြစ်ရင်နင်လဲသွားပြီပဲ" အမိန့်ပေးလာသည့်မန်နေဂျာရဲ့စကားသံကိုခေါင်းသာငြိမ့်ပြလိုက်သည်။
ဘီယာနဲ့အမြည်းဗန်းကိုသယ်ပြီးVIPခန်းဆီသာလာခဲ့သည်။
အခန်းထဲမဝင်ခင်တံခါးရှေ့မှာရပ်နေပြီးအနည်းငယ်စိုးထိတ်နေမိသည်။
ဟုတ်တယ် ကြောက်တယ် ရိုင်းစိုင်းတဲ့တချို့ဖောက်သည်တွေရဲ့အသားယူတာတွေ ကုတင်ပေါ်တက်စေချင်တဲ့စကားတွေပြောလာတိုင်းအရမ်းကြောက်တယ်။
ဟူး မလွယ်ပါလား ။
အဆင်ပြေသွားမှာပါဆိုတဲ့စိတ်လေးနဲ့ပဲVIPအခန်းထဲဝင်လာခဲ့လိုက်တော့သည်။
အခန်းထဲမှာက မိန်းကလေးတယောက်ကိုပေါင်ပေါ်တင်ထားပြီးမိန်းကေလးေတွဝန်းရံပြီးခန့်ခန့်ကြီးထိုင်နေတဲ့လူတစ်ယောက်ရယ်ခပ်ခွာခွာမှာတယောက်ထဲနေနေတဲ့လူတယောက်ရယ်။
သူတို့မျက်နှာတွေကိုလဲကြည့်မနေတော့ဘူး။ဖြစ်နိုင်ရင်ဒီလိုလူတွေနဲ့မျက်လုံးချင်းကိုမဆုံချင်တာ ခေါင်းကိုသာတွင်တွင်ငုံ့ထားပြီးမျက်နှာကွယ်ထားလိုက်သည်။
စားပွဲပေါ်မှာဘီယာနဲ့အမြည်းပန်ကန်တွေချပြီးဒီအခန်းနဲ့အဝေးဆုံးကပြေးဖို့မတ်တပ်ရပ်လိုက်ပြီးေကျာေပးလိုက်တော့အနောက်ကလူရဲ့
ရီဝေဝေလေသံနှင့်။
" ဟေ့ ခဏနေအုန်း "
" ငါ့ဘေးမှာလာထိုင်ပြီး ငါ့ကိုအရက်တခွက်လောက်ငှဲ့ပေးစမ်း"
မန်နေဂျာကြီးမှာလိုက်သည့်အတိုင်းVIPဧည့်သည်တွေမလို့စိတ်မကွက်သွားစေရရန်အရက်ငှဲ့ပေးရုံမျှသာဖြစ်သဖြင့်သဘောတူလိုက်သည်။
" မင်းတို့ခဏဖယ်ပေး "ဆိုကာအနားမှာထိုင်နေတဲ့မိန်းမတွေကိုလက်ခါပြသည်။
ထိုလူထိုင်နေတဲ့ဆိုဖာမှာခပ်ခွာခွာဝင်ထိုင်လိုက်ကာအရက်တခွက်ငှဲ့ပေးပြီးမော့မကြည့်ဘဲကမ်းပေးလိုက်သည်။
" မျက်နှာမော့ကြည့်မှပေါ့ "
ခေါင်းငုံ့ထားရာမှအပေါ်ပြန်မော့ကြည့်သည်။
* ဪ ရှင်ပဲကိုး *
ထိုလူကမချိပြုံးပြပြီးအရက်ခွက်ကိုယူပြီးတစ်ကျိုက်ထဲမော့သောက်ရင်း
" ခွံ့ပေးပါ " အမြည်းဗန်းကိုသူကမျက်စပစ်ပြသည်။
ပန်းကန်ထဲကငါးမုန့်ကြော်တစ်ချပ်ကိုဖဲ့ခြွေကာပါးစပ်ထဲထည့်ပေးတော့တကြွပ်ကြွပ်ဝါးပြီး
နှာဘူးအကြည့်နဲ့ကိုယ့်ကိုကြည့်နေသည်။
* အယ် *
ခုနကဝင်လာတဲ့မိန်းကလေးမျက်နှာကို ရူပ်ယှက်ခက်နေတဲ့မီးရောင်တွေကြောင့်သေချာမမြင်လိုက်ရတာ။
မျက်နှာလေးမော့လိုက်တော့မှ မင်းကိုး။
အရုပ်ကလေးရယ် ဒီလိုနေရာမျိုးမှာဘယ်လိုလုပ်ရှိနေရတာလဲ ပြီးတော့ဒီလိုကောင်မျိုးရဲ့ဘေးနားမှာထိုင်ပြီးအမြည်းခွံ့ကျွေးနေရတယ်လို့ကွာ အန္တရာယ်များလိုက်တာ။
စိတ်မပူနဲ့သူမင်းကိုလက်ဖျားနဲ့တောင်မထိစေရဘူး မှဲ့တပေါက်မစွန်းအောင်ကိုယ်ကာကွယ်မယ်။
" အ အား "
ခွံ့ကျွေးတာကိုမြိန်ရေရှက်ရေဝါးစားနေပြီးခြယ့်ခန္ဓာကိုယ်ကိုဝါးစားမတတ်မျက်လုံးတွေနဲ့ကြည့်နေသည်။
" ခြယ် ပြန်ရတော့မယ် မန်နေဂျာကြီးဆူလိမ့်မယ် " ဆိုကာထိုင်ရာမှကောက်ထလိုက်တော့
" ဘယ်မှမသွားရဘူး "
လက်ကိုဆောင့်ဆွဲချလိုက်၍ဆိုဖာပေါ်ဖင်ထိုင်ရက်ကျသွားသည်။
" ဘယ်ကိုသွားမှာလဲ ငါ့အနားမှာပဲနေ "
သူ့ခန္ဓာကိုယ်လေးကိုဆွဲဖက်လိုက်သည်။
စားပွဲထိုးဝတ်စုံအကျီအဖြူနဲ့စကပ်အမဲကျပ်ကျပ်လေးနဲ့ဖြစ်ေနေတာ့တင်သားလုံးလုံးကတင်းထွက်နေသည်။ထိုဟာကိုကြည့်ကာအောက်ကကောင်ကလဲတင်းမာလှပြီ။
" လွှတ်ပါ လွှတ်ပါ ကျွန်မကအဲ့လိုမိန်းကလေးမဟုတ်ပါဘူး လွှတ်ပေးပါ "
" ဟင့်အင်း မင်းကငါ့အပိုင်ေသေတာင်မလွှတ်နိုင်ဘူး အကုန်လုံးထွက်သွားကြ ငါတို့အချစ်ဇာတ်ကားရိုက်မလို့ "
" လက်ရုံး သူ့ကိုလွှတ်လိုက်စမ်း "
" သူကစားပွဲထိုးပါ ကျွန်မတို့လိုမဟုတ်ပါဘူးသူ့ကိုလွှတ်ပေးလိုက်ပါ "
" ဟင့်အင်း ငါမရတော့ဘူး စိတ်တွေထကြွနေပြီ"ဆိုကာခြယ့်အကျီကြယ်သီးကိုဆွဲဖြဲသည်။
အပျော်မယ်လေးတွေကခြယ်ကအဲ့လိုအလုပ်လုပ်တဲ့မိန်းကလေးမဟုတ်၍တားကြသည်။
" ဟာကွာ "
Advertisement
ပြောမရသည့်အဆုံး ဒီလောက်လူစိတ်ပျောက်နေတဲ့ကောင်ကိုနားရင်းကိုသံုးေလးချက်ဖြတ်ရိုက်လိုက်တော့မှအတင်းဖက်ထားတဲ့လက်တို့ပြေသွားသည်။
" ဖျန်း ဖျန်း ဖျန်း ဖျန်း "
ပါးကိုဘယ်ပြန်ညာပြန်လေးချက်အရိုက်ခံလိုက်ရ၍အမူးတောင်ပြေသွားသလိုလို။
" လူယုတ်မာ ကျွန်မရှင့်ကိုအရမ်းမုန်းတယ် ကျွန်မကအဲ့လိုမိန်းမစားမဟုတ်ဘူး လူယုတ်မာကောင် မိန်းမတကာနဲ့ထိတွေ့ထားတဲ့လက်တွေနဲ့ကျွန်မကိုလာမထိနဲ့ရွံတယ် "
လက်ရုံးငြိမ်ကျသွားကာဘာစကားမှပြန်မပြော။
နားရင်းကိုအရိုက်ခံလိုက်တာရောပါးကိုအရိုက်ခံလိုက်ရတာရောကြောင့်ထူပူပြီးအမူးပြေသွားပြီးသတိလည်သွားဟန်နှင့်တူသည်။
" သူမူးနေလို့ပါ အကိုကပဲတောင်းပန်ပါတယ် သူကအဲ့လိုမရည်ရွယ်ပါဘူး မူးနေလို့ပါ "
" .... "
ဘာမှပြန်မပြောတော့ဘဲသူ့ရဲ့ကြယ်သီးပြုတ်သွားလို့ဟလှစ်သွားတဲ့ရင်ဘက်ကိုလက်နဲ့ကာပြီးထွက်ပြေးသွားသည်။
" လက်ရုံး ငါ ငါတောင်းပန်ပါတယ် "
ဖြူဥနေတဲ့ဂုတ်ပေါ်မှာလက်ဝါးနဲ့အားနဲ့လွှဲရိုက်ချလိုက်တဲ့အရှိန်ကြောင့်နီရဲတွတ်နေပြီ။
သက်တော်စောင့်လက်ဆိုတော့လက်စကပြောမနေပါနဲ့တော့ ။
သူလဲရုတ်တရက်အရိုက်ခံလိုက်ရ၍လန့်သွားပြီးကြောင်တောင်တောင်ဖြစ်သွားသည်။
ပါးပေါ်မှာလဲလက်ဝါးရာတွေကအထင်းသား
" ငါ တောင်းပန်ပါတယ်ကွာ တောင်းပန်ပါတယ် တမင်ရိုက်တာမဟုတ်ပါဘူး "
" ငါ့ကိုလာမထိနဲ့ "ပုခုံးပေါ်မှာတင်ထားတဲ့လက်ကိုပုတ်ထုတ်ပြီးပြောသည်။
လက်ရုံးရှက်ရွံ့စိတ်ေကြာင့်မျက်ရည်မကျအောင်ထိန်းထားရသည်။
" ငါ့ကိုအိမ်ပြန်ပို့ပေး မင်းနဲ့ကိစ္စနောက်မှရှင်းမယ်
မင်း မင်း "
အခန်းထဲကအသားတဆတ်ဆတ်တုန်နေအောင်ဒေါသတကြီးနဲ့သူထွက်သွားသည်။
ကားပေါ်မှာလဲလက်ရုံးဘာစကားတစ်ခွန်းမှမပြော။လက်သီးနှစ်ဖက်စုပ်ထားပြီးအရှေ့ကိုသာေတွတွေကြီးစိုက်ကြည့်နေသည် ။
ဒေါသရောရှက်ရွံ့မူကြောင့်ရောမျက်လုံးကခက်ထန်နေပြီးနူတ်ခမ်းကတင်းတင်းစေ့ထားသည်။
မိန်းကလေးတွေအမြတ်တနိုးနမ်းလာတဲ့ပါးကိုသူကဘာမလို့ရိုက်ရတာလဲ ငါမင်းကိုဒဏ်ခတ်မှာမင်းတော့အမှားကြီးမှားပြီမိန်းကလေး...!
#ParadiseKhin
အလုပ်တွေများလို့upနောက်ကျသွားပါတယ်😙
Zawgyi
" ဟုတ်တယ် ကိုလက်ရုံး အဲ့ဒီရပ်ကွက်ထဲမှာသူ့ဦးလေးမိသားစုနဲ့သူ့ရဲ့အောက်ပိုင်းသေနေတဲ့အဖေရယ်နဲ့တူတူနေကြတာ သူ့ဦးလေးကတော့တက္ကစီသမားပဲ သူ့ဦးလေးမိန်းမကတော့
" ရန်ကုန်တက္ကသိုလ်က Geology အဝေးသင် တတိယနှစ်ပါ သူကစာတော်ပါတယ်ကြိုးလဲကြိုးစားတယ် ဆယ်တန်းကိုဂုဏ်ထူ3းခုနဲ့အောင်တာတဲ့ သူ့သူငယ်ချင်းတွေကdayတက်နေတဲ့အချိန်မှာသူကအိမ်အခြေနေကြောင့်အလုပ်ပေါင်းစုံလိုက်လုပ်နေရလို့ စရိတ်စကမတတ်နိုင်တာလဲပါတာပေါ့ အဝေးသင်ပဲယူလိုက်ရတာပါ "
" သူ့အသက်ဘယ်လောက်လဲ "
" ခင်ဗျားသေချာတယ်နော် "
" အသေအချာပါ သူ့ရပ်ကွက်ထဲကလူတွေဆီကစုံစမ်းရလာတာ သူကအဲ့ဒီရပ်ကွက်မှာပဲကြီးလာတာဆိုတော့ သူတို့မသိပဲမနေဘူးကိုလက်ရုံး "
" ခင်ဗျားပြန်လို့ရပြီ "
" နောက်မှတွေ့ကြမယ် "
" ခင်ဗျားသွားလို့ရပြီ "
အခန်းထဲတွင်ယမကာအမြည်းဝိုင်းနဲ့မိန်းကလေး၎ယောက်ကအသင့်ထိုင်စောင့်နေကြသည်။
" အား ပါးစပ်အကျယ်ကြီးဟ "
ဟူး မလွယ်ပါလား ။
အခန်းထဲမှာက မိန်းကလေးတယောက်ကိုပေါင်ပေါ်တင်ထားပြီးမိန်းကလေးတွေဝန်းရံပြီးခန့်ခန့်ကြီးထိုင်နေတဲ့လူတစ်ယောက်ရယ်ခပ်ခွာခွာမှာတယောက်ထဲနေနေတဲ့လူတယောက်ရယ်။
စားပွဲပေါ်မှာဘီယာနဲ့အမြည်းပန်ကန်တွေချပြီးဒီအခန်းနဲ့အဝေးဆုံးကပြေးဖို့မတ်တပ်ရပ်လိုက်ပြီးကျောပေးလိုက်တော့အနောက်ကလူရဲ့
ရီဝေဝေလေသံနှင့်။
" ဟေ့ ခဏနေအုန်း "
* ဪ ရှင်ပဲကိုး *
* အယ် *
" အ အား "
" ဘယ်မှမသွားရဘူး "
" ဟင့်အင်း မင်းကငါ့အပိုင်သေတောင်မလွှတ်နိုင်ဘူး အကုန်လုံးထွက်သွားကြ ငါတို့အချစ်ဇာတ်ကားရိုက်မလို့ "
" ဟာကွာ "
ပြောမရသည့်အဆုံး ဒီလောက်လူစိတ်ပျောက်နေတဲ့ကောင်ကိုနားရင်းကိုသုံးလေးချက်ဖြတ်ရိုက်လိုက်တော့မှအတင်းဖက်ထားတဲ့လက်တို့ပြေသွားသည်။
" .... "
လက်ရုံးရှက်ရွံ့စိတ်ကြောင့်မျက်ရည်မကျအောင်ထိန်းထားရသည်။
မင်း မင်း "
#ParadiseKhin
Advertisement
- In Serial11 Chapters
Noble Evil
The world government, represented and lead by the King of All, rules over almost every territory in the world. Anyone who does not abide by the rules imposed by the world government are known as "Evil." Tero Tazakani, the King's grandson, experiences the world changing around him as the forces of good and evil clash and his family is torn apart. He must venture out to save his friends, legacy, and most importantly, himself.
8 147 - In Serial29 Chapters
the hero, the villain,and the profiteer
...*ahem*.... I have been on the site for a while and I have wanted to make my own piece of literature for this site so I'm going to do it here is what I will be making as my first one. Honestly the thought just popped into my head yesterday I rather enjoy several different kinds of stories on the site, so I found a way to do a little bit of each. I myself am a high-functioning autistic but that's only shows in my writing for the most part they look will be the occasional grammar mistake and missing apostrophes and periods I'm also using a speech to text feature on my computer that will occasionally slip up. Now for the synopsis of the story: your standard reincarnation seventh hero type deal but there is a little..... Slip up: parts of the person fractals creating several people;; A great-hearted hero, a savvy traveling merchant, and a sadist curious dungeon Lord. Critiques and people reading this is appreciated, I mostly just doing this for fun. And because this is somewhat important for some reason the cover art is not made by me I just got it from search engine. It also may change over time. im mostly following the dl becouse...i don't know.
8 209 - In Serial11 Chapters
A Crone's Trade
Latgalay lusts for beauty, power. When her tribe’s raid is repulsed, and when a wizard counter attacks, Latgalay seizes power. But there is a cost: her soul. Setting is in an alternate reality during the Roman incursion of Britania. Latgalay is from an embellished tribe of Picts, there are Spirits, Magic, and some pretty dark shit. I wrote this one back in 2015, when I was in a completely different headspace. Like, seriously. Dark. I've gone through and edited some of the worst of it out, but the tone is still there.
8 142 - In Serial101 Chapters
[Spanish] La Llave del Destino
[Spanish version of The Key of Destiny] [Join my Guilded to enhance your writing!] Armado con su ingenio y su (no) sentido común, Finnian es un Signo, el único que se interpone entre los malévolos planes del Señor de la Calamidad para controlar el mágico mundo de Elthea. Obligado a asumir un destino que podría ser fatal, Finnian se une con sus compañeros elthean, criaturas con diferentes poderes, con el fin de unir fuerzas y derrotar a esta amenaza. Juntos atravesarán bosques espeluznantes, serán perseguidos, casi devorados y lucharán para salvar sus vidas, aprendiendo que lo correcto y lo fácil no es siempre lo mismo. Porque esta historia no es solo donde un héroe nace, sino donde un villano también se alza.
8 113 - In Serial14 Chapters
口れ工ち爪- K.爪工K丹モㄥち口れ
In which Stiles Stilinski's sister moves to New Orleans but it's not what she expected.KLAUS MIKAELSON X OC
8 152 - In Serial14 Chapters
A tale of two Night Fury's: Toothless and Shadow
This the story of Shadow and Toothless. Please go check out my other stories for more information on them by clicking on my profile or looking up: Love in the Time of Dragon Riders. Hope you enjoy:DLoveToothlessLover777
8 206