《Devil Husband》8
Advertisement
" လက်ရုံး ဘာဖြစ်နေတာလဲ ဂျိုး သူဒီတလောအခန်းအောင်းနေတာများတယ် ခါတိုင်းဆိုအိမ်မှာကိုမနေတဲ့ကောင်က မျက်နှာလဲသိပ်မရွှင်ဘူး"
" ဆရာ အဲ့တာက ကျွန်တော်မသိဘူး "
" ဘာကွ 24hrမှာ23hrကမင်းသူ့နောက်ကလိုက်နေရတာလေ ဒါကိုမင်းကသူဘာဖြစ်နေမှန်းမသိဘူးပေါ့ မင်းကိုငါကဘာအတွက်ပိုက်ဆံပေးထားတာလဲ မင်းကဘာလုပ်နေတာလဲ ဟမ်းး စောက်သုံးကိုမကျဘူး "
မျက်မှောင်များကျုံ့ကွေးနေပြီးနူတ်ခမ်းတင်းတင်းစေ့ထားပြီးဆရာမြတ်ဒီလိုဒေါသထွက်ပြီးထအော်တဲ့အချိန်ဆိုသူသိပ်ကြောက်တာ။
" ဂျိုး "
" ဗျာ "
ဘာမှဆက်မပြောပဲသူ့အကျင့်အတိုင်းမျက်နှာသေကြီးနဲ့စိုက်ကြည့်နေတာမလို့ ဘာလုပ်လို့ဘာကိုင်ရမှန်းကမသိတော့။
ဒီလိုအချိန်ဆိုကြောက်ပြီးပိုအယောင်ယောင်အမှားမှားတွေလုပ်ကာပိုတလွဲလုပ်တတ်သည်။
" သွားတော့ မင်းသွားမှရတော့မယ် မင်းဒီမှာဆက်ရှိနေရင်ငါစိတ်မထိန်းနိုင်ရင် လက်ပါမိလိမ့်မယ် "
" ဟုတ်ကဲ့ သွားပါ့မယ် "
သွားမယ်ဆိုတာကိုခြေထောက်ကတုပ်တုပ်မှမရွေ့ ဒူးတဆတ်ဆတ်တုန်နေကာ ယောင်ပြီးဆရာမြတ်ကိုပြုံးပြပြီးကြည့်နေမိသည်။
" သွားတော့လို့ငါပြောနေတယ်လေ တောက် "
ဒီအော်သံကြားမှစိတ်ပြန်လည်လာသွားသည်။
လောလောဆယ်ထိုနေရာမှ အဝေးဆုံးကိုပြေးကိုပြေးရမယ် ။
" ဒေါက် ဒေါက် "
" ..."
" သားရုံး ဘာဖြစ်နေတာလဲ "
ပုခုံးပေါ်ကိုကျလာသည့်လက်တစ်စုံ။
" သားရုံး "တဲ့ ဒယ်ဒီရဲ့တခါတရံမှခေါ်တတ်တဲ့ဒီအဖိုးတန်နာမ်စား။
အောက်နူတ်ခမ်းထော်ပြကာခေါင်းသာတွင်တွင်ခါရမ်းပြလိုက်သည်။
" ဘာစိတ်ညစ်စရာရှိလို့လဲ ဒယ်ဒီ့ကိုပြော "
" ဒီတိုင်းပါပဲ ပျင်းနေလို့ "
" ဒယ်ဒီကမင်းဒယ်ဒီပါအကုန်သိတယ်ကွ မင်းအခန်းထဲအောင်းနေတာသုံးလေးရက်ရှိနေပြီ အပြုံးရယ်လဲနည်းနေတယ် ဒယ်ဒီကမင်းရဲ့ပါးချိုင့်လေးနှစ်ဖက်ကိုလွမ်းလို့ကွ "
ပါးနှစ်ဖက်ကိုလက်ညိုးေတွနဲ့တို့ထိပြပြီးပြောသည်။
" ဘာရယ်မဟုတ်ပျင်းလို့ပါဒယ်ဒီရာ "
ပျင်းလို့ဆိုတော့လဲပျင်းလို့ပေါ့ ဒီကောင်လေးပုံမှန်မဟုတ်တာတော့ကျိန်းသေတယ်။
ဪ လူငယ်သဘာဝ စိတ်အတက်ကျဖြစ်နေတာနေမှာပေါ့လေ ထားလိုက်ပါ ။
မြတ်သုခသားကမြတ်သုခလိုပဲစိတ်မာတယ်၊အကြောတင်းတယ် ရတယ် ဘယ်လိုကိစ္စဖြစ်ဖြစ်ငါ့သားသူ့ဟာသူနိုင်အောင်ဖြေရှင်းနိုင်တယ်။
သူ့ဟာသူတစ်ယောက်ထဲနေရအောင်အခန်းထဲကထွက်လာပေးလိုက်သည် တစ်ယောက်ထဲနေချင်တယ်တဲ့။
" လက်ရုံး "
" ဘာလဲ Xီးလား Xီးဖြစ်လို့ခေါ်တာလား"
" ဘယ်သွားမလို့လဲ ငါလိုက်ပို့ပေးမယ် "
" Xီးတောင်မပို့နဲ့ Xီးတောင်မင်းစောက်ခွက်မကြည့်ချင်ဘူး Xီးသက်တော်စောင့်ငါXိုးမသား "
" ငါကိုဆရာမြတ်ဆူလိမ့်မယ် "
" အသေသတ်လဲခံလိုက်လေ ငါ့ဒယ်ဒီဆီမှာမင်းခန္ဓာကိုယ်ကိုအပိုင်းပိုင်းခုတ်ထစ်ပြီး ငါးမန်းစာကျွေးပေးဖို့ပူဆာလိုက်အုံးမယ် "
အနည်းငယ်လန့်သွားသော်လဲ
" သားကြီးကလဲကွာ ငါ့ကိုလာနောက်မနေပါနဲ့ ငါလိုက်ခဲ့ပါရစေ မင်းနောက်ကိုလိုက်နေရမှာငါ့အလုပ်လေ "
" လိုက်ရဲလိုက်လာကြည့်လေ မင်းစောက်ခွက်ကိုXီးနဲ့တည်ထိုးမှာ မင်းကိုငါကXီးပဲ
ဟျောင့် $ကျေးဇူးမသိတတ်တဲ့ကောင် "
ဟိုနေ့ကသူ့ကိုကာကွယ်ရမယ့်သူကမကာကွယ်တဲ့အပြင်သူ့ကိုလက်ပါလိုက်တာရော ဟိုမိန်းကလေးကသူ့ပါးကိုရိုက်နေတာကိုမြင်ရဲ့သားနဲ့ဘာမှမလုပ်ပဲရပ်ကြည့်နေတယ်ဆိုပြီး
နောက်နေ့လဲကျရော လူကို ကျေးဇူးမသိတတ်တဲ့ကောင် ထမင်းကျွေးတဲ့လက်ကိုပြန်ကိုက်တဲ့ခွေး ေအာက်တန်းစားေကာင်ဘာညာ သူ့ထမင်းစားပြီးအရိပ်နေနေအခက်ချိုးချိုးလုပ်တဲ့ကောင်ဆိုပြီးလူကိုပိုးစိုးပက်စက်ပြောဆိုပြီးသုံးလေးရက်လောက်မျက်နှာတောင်မကြည့်။
အခုလဲဆောင့်အောင်ပြောဆိုပြီးလက်ခလယ်ထောင်ပြပြီးကားတံခါးဆွဲဖွင့်ပြီးသူ့ဟာသူမောင်းချသွားသည်။
ကားလဲကျွမ်းကျွမ်းကျင်ကျင်မောင်းတတ်တာလဲမဟုတ်ဒုက္ခပါပဲ။
..
" အယ် "
အိမ်ရှေ့မှာရပ်ထားတဲ့ပြိုင်ကားအနီရောင်လေးကိုကြည့်ပြီးအံ့ဩတာရောထိတ်လန့်တာရောရောထွေးသွားသည်။
ဒီကားကဒီနေရာမှာဘာလို့ရှိနေရတာလဲ ။
ရှိနေစရာအကြောင်းမှမရှိတာ။
အဲ့ဒီကျက်သရေတုန်းနဲ့တခုခုဆက်စပ်မိရင်မကောင်းတာတွေပဲဖြစ်တတ်လို့အထိတ်တလန့်အိမ်ထဲအမြန်ဝင်လာလိုက်မိသည်။
" အဲ့လိုတော့မလုပ်ကြပါနဲ့ရှင် ကျွန်မတို့ကိုအချိန်လေးတော့ပေးကြပါ အီးဟင့်ဟင့် "
အိမ်ထဲဝင်လိုက်တာနဲ့ငိုယိုနေတဲ့ဒေါ်လေးနဲ့ဦးလေးကလဲမျက်ရည်တွေစီးကျလို့ကလေးတွေကလဲငို။အဖေဆိုတာကလဲမျက်နှာဇီးရွက်လောက်နဲ့။
" မမခြယ် ပြန်လာပြီ ဟင့်ဟင့် "
" ဒါကဘာတွေဖြစ်နေကြတာလဲ "
ဧည့်ခန်းထဲမှာမမြင်ချင်မှအဆုံးထိုကျက်သရေတုံးကောင်ကေခြချိတ်ပြီးမိန့်မိန့်ကြီးထိုင်ေနတယ်။
ကိုကျော်ဘုန်းပြည့်ဆိုတဲ့အကိုရယ်ဦးလေးကြီးတယောက်ရယ် တိုက်ပုံအနက်နဲ့ရှေ့နေလဲရှိနေသည်။
" ရှင် ဘာပြောလိုက်တယ် "
ခွေယိုင်လဲကျမတတ်ဖြစ်သွားသောခန္ဓာကိုယ်ကိုအနီးရှိတိုင်ကိုလှမ်းကိုင်ပြီးအားပြုရပ်နေရသည်။
တစ်ကိုယ်လုံးမှာရှိတဲ့သွေးတွေဆောင့်တက်သွားသလားချက်ချင်းမူးမိုက်တတ်လာသည်။
" ခြယ်တို့ကိုနည်းနည်းတော့အချိန်ပေးပါ ခြယ့်အဖေကလဲဒုက္ခိတတယောက်ပါ ခြယ်တို့မှာတခြားသွားစရာလဲဘာမှမရှိလို့လမ်းဘေးပဲနေရပါလိမ့်မယ် ဦးကျော်သူရရယ် သနားပါနော် "
" မင်းတို့အိမ်အပေါင်ဆုံးပြီ အခုချက်ချင်းအိမ်ပေါ်ကဆင်းပေးပါ အကယ်၍မဆင်းပေးနိုင်ရင်မနက်ဖြန်တအိမ်လံုးကိုဘူဒိုဇာနဲ့ထိုးပြီးြဖိုချပစ်မယ် ဒါ့အပြင်ဟိုးအရင်ထဲကငါလျေှာ်ပေးလာတဲ့အတိုးတွေအရင်းတွေပါအပါ ငါ့ပိုက်ဆံအကုန်တွေပြန်လိုချင်တယ် မဟုတ်ရင်မင်းဦးလေးထောင်ထဲသွားရလိမ့်မယ်"
တစ်ပူပေါ်နှစ်ပူဆင့်သွားရပြန်သည် ။ဒီအိမ်အပေါင်သက်တမ်းဆံုးလို့နှင်ချရုံသာမက ဟိုးအရင်ထဲကချေးထားတဲ့အတိုးရောအရင်းရောပါပြန်လိုချင်တယ်ဆိုတော့ အတိုးကအရင်းထက်တောင်များနေပြီ။
ဒီတစ်သက်ဘယ်လိုမှအကြေဆပ်နိုင်မယ့်ပုံမမြင်တော့။
ငါ့ကိုသာလာသတ်သွားလိုက်ကြပါတော့လားဟာ။
ဦးကျော်သူရဆိုတဲ့လူကတကယ့်စိတ်ထားကောင်းပြီးသူများကိုသနားတတ်တဲ့လူကောင်းတယောက်ပါ။
ဒေါ်လေးတို့ပိုက်ဆံပြန်မဆပ်တဲ့အပြင်အတိုးတောင်သွားမပေးတာကိုဘာမှမပြော။
တခြားလူသာဆိုရုံးရောက်ဂတ်ရောက်ဖြစ်နေပြီ။
အခုကျမှဘယ်လိုဖြစ်ပြီးများသူမဟုတ်တဲ့အတိုင်းအတိုးတွေအရင်းတွေသူ့ပိုက်ဆံတွေပြန်တောင်းရတာလဲ ။
ဒါဟိုမကောင်းတဲ့အကောင်ရဲ့စနက်ပါကိုပါတယ် တောက်။
အခုမှဘာလို့လာပြီးတော့လဲကွာ။
သူတို့ချေးငှားထားသမျှကိုလိုက်ဆပ်ပေးနေရင်းလူလဲနွားလုံးလုံးဖြစ်နေတာ။
ဒီတခါတော့ဘာမှမတတ်နိုင်တော့ ကိုယ်လဲဒီငွေပမာဏဘယ်လိုမှရှာမပေးနိုင်တော့ လမ်းဘေးရောက်မယ့်အပြင်ထောင်ထမင်းစားရအုန်းမယ်။
" ခြယ်ခြယ် တခုခုလုပ်အုန်းလေ ဒီမှာနင့်ဦးလေးငါ့ယောကျာ်းထောင်ထဲသွားရတော့မှာဟဲ့
အမလေး ဟင့်ဟင့် "
" ခြယ်လဲ ဘာတတ်နိုင်မှာလဲဒီငွေပမာဏကြီးခြယ် ချက်ချင်းဘယ်ကသွားရှာရမာလဲ ဒေါ်လေးတို့ဟာနေဒေါ်လေးတို့သူများပစ္စည်းဥစ္စာလိုက်ချေးငှားပြီး သုံးဖြုန်းပြီးအခုမှလာပြီးတခုခုလုပ်ဆိုတော့ဘာလုပ်ရမှာလဲ "
" မယ်ေကြွတို့ညဉ်းတို့မိုက်လို့ဖြစ်ရတာ တယ်မိုက်ကြသာပဲ ငါ့သမီးကိုအပြစ်မပြောကြနဲ့လူမိုက်တွေ "
" အခုတော့ တစ်အိမ်လုံးလမ်းဘေးရောက်ပြီပေါ့ ဦးလေးလဲအချုပ်ထမင်းစား အဟက် ပျော်စရာကြီးဘဝကြီးက ဖဲထပ်ရိုက်ပါအုန်းဒေါ်လေးရဲ့ "
" အဟက် "
ဒီလောက်သူများမိသားစုပူလောင်နေရတာကိုထိုလူက အောင်နိုင်သူအပြုံးမျိုးနဲ့ပြုံးပျော်ရွှင်နေပြီး သူများငိုနေတာကိုကြည့်ပြီးသူကပြုံးရယ်နေသည်။
လှောင်ရယ်သံတောင်ဟန်ပြုပြီးရယ်မောနိုင်သေးသည် တကယ်သွေးအေးတဲ့လူ ကိုယ်ချင်းစာတရားဆိုတာဘာမှန်းသိမယ့်ပုံမပေါ်။ တကယ့်လူယုတ်မာ။
သူများပူဆွေးနေတာကိုအရသာခံနေတယ်။
" တခုတော့ရှိတယ် "
အသံဩဇာရှိတဲ့သူ့ရဲ့ဩရှရှကရုတ်တရက်ထွက်ပေါ်လာ၍အိမ်ထဲကလူတွေရဲ့အသံေတွတိတ်သွားသည်။
" ကဲ ကျုပ်ပြောမယ် "
" ခင်ဗျားတို့ကျုပ်ဦးလေးဆီမှာတင်နေတဲ့အကြွေးအတိုးရင်းပေါင်းသိန်း200အပြင်ခင်ဗျားတို့ရဲ့အိမ်ဂရံကိုပါကျုပ်ပြန်ပေးမယ် ဘယ်သူမှလဲအိမ်ကဆင်းသွားစရာမလိုဘူး အကြွေးတွေလဲတပြားမှပြန်မယူဘူး "
" ဟမ်း တကယ်လားငါ့တူကြီး "
" ကျန်းမာချမ်းသာပါစေကောင်လေးရယ် "
သူကတစ်ချက်မဲ့ပြုံးပြုံးပြီးဦးလေးနဲ့ဒေါ်လေးကိုတကယ့့်သနားစရာသတ္တဝါငတုံးနှစ်ကောင်ကိုကြည့်သလို ဂရုဏာသက်တဲ့မျက်လုံးများဖြင့်ကြည့်သည်။
" နေကြပါအုန်း နေကြပါအုန်း ကျေးဇူးတင်မစောကြပါနဲ့ ကျွန်တော်ကအဲ့လောက်သဘောကောင်းတဲ့လူမဟုတ်ဘူး ကျွန်တော်ကလူယုတ်မာပါ "
ထိုကွျန်ေတာ်လူယုတ်မာပါဆိုတဲ့စကားကိုတော့အသံဖိပြီးပြောပြီးပြောနေစဉ်အတွင်းခြယ့်ကိုမျက်ခုံးမျက်လုံးတွေပင့်ပြသည် ။
" တခုတော့ရှိတာပေါ့လေ ကျွန်တော်သူ့ကိုလိုချင်တယ် "
တိုင်နားမှာကပ်ရပ်နေတဲ့ခြယ့်ကိုလက်ညိုးထိုးပြသည်။
" ဟမ်း ဘယ်လို "
" ဘာဖြစ်တယ် "ဦးလေးနဲ့ဒေါ်လေးရဲ့သံပြိုင်
အာမေဋိတ်။
" ဟုတ်တယ် "
ရှေ့နေဘက်သို့မျက်နှာရိပ်ပြတော့စာရွက်တခုကမ်းပေးသည်။စာရွက်ကိုလူပ်ယမ်းပြပြီးဟင့်ခနဲတစ်ချက်ရယ်ကာ
" ဒီစာချုပ်ပေါ်လက်မှတ်ထိုးရုံပါ "
ခြယ်ထိုလူ့လက်ထဲကစာရွက်ကိုအမြန်ပြေးဆွဲယူလိုက်ပြီးကြည့်သည်။
" Relax Relax လုနေစရာမလိုပါဘူး ဒီစာချုပ်ကမင်းအတွက်ပဲဟာကို "
Advertisement
" ရူးနေလား လဲလဲပြီးသေလိုက် ကျွန်မရှင့်ကိုလက်ထပ်စရာအကြောင်းမရှိဘူး "
" ကိစ္စမရှိပါဘူး ငါ့ကိုလက်မထပ်ချင်ရင်လဲမင်းတို့တစ်အိမ်လုံးလမ်းဘေးဆင်းရပြီး မင်းဦးလေးထောင်ထဲသွားရုံပါ "
ရင်တခုလုံးဘလောင်ဆူနေတဲ့လောင်မြိုက်နေတဲ့မီး။
" ခြယ် လက်ခံလိုက်ပါ နင့်ကိုကျွေးမွေးစောင့်ရှောက်လာတဲ့ကျေးဇူးကိုမထောက်တော့ဘူးလား "
" ဟင့်အင်း နင်တို့မွှေးတဲ့မီးနင်တို့ဟာနင်တို့ရှင်း ငါ့သမီးနဲ့ဘာမှမဆိုင်ဘူး ငါလက်မခံဘူး သမီးလေးလက်မခံနဲ့ "
ဝှီးချဲပေါ်မှအောက်ပိုင်းသေနေတဲ့လူမမာကြီးကအတင်းကန့်ကွက်အော်ဟစ်ပါသည်။
" အကိုပြောကောင်းတယ်ဟုတ်လား အကို့ရဲ့ဆေးကုစရိတ်တွေကျွန်မယောကျာ်းဘယ်ကရှာလာရလဲသိလား အဲ့ကပဲချေးငှားလားရတာ ဒီအကြွေးကအကိုနဲ့လဲဆိုင်တယ် ကိုယ်လွတ်မရုန်းနဲ့ "
" ဟုတ်တယ် အကို ကျွန်တော်အကို့ကိုဒီပိုက်ဆံတွေနဲ့အသက်ဆက်လာပေးတာ ကျေးဇူးမကန်းနဲ့ "
ထိုမိသားစုအိမ်တွင်းရေးပြဿနာကိုကြက်ပွဲကြည့်သလိုလက်ရုံးသုခကမျက်လုံးဝေ့ကြည့်ပြီးစိတ်ဝင်တစားကြည့်နေသည်။
" ခြယ် အခုချက်ချင်း လက်မှတ်ထိုးစမ်း "
ဘောပင်နဲ့စားပွဲပေါ်မှာချထားတဲ့လက်ထပ်စာချုပ်မှာသူ့ဦးေလးမိန်းမကအတင်းကြပ်လက်မှတ်ထိုးခိုင်းေတာ့သည်။
" အိုး ပွဲကတော့လှပီ ဟားဟား "
လက်ခုပ်လက်ဝါးတီးပြီးအူမြူးနေတဲ့လက်ရုံးကိုဂျိုးမျက်စိစွေကြည့်မိပြီးအတော်စိတ်ပျက်မိသွားတယ်။ဒီကောင်ဒီလောက်ယုတ်မာမယ်လို့တခါမှမတွေးခဲ့ဖူးဘူး။
ခုဟာကကိုလိုနီခေတ်ကလိုမိန်းကလေးကိုအကြွေးနဲ့သိမ်းနေတာ ။
မတ်တပ်ရပ်နေရာမှခါးကိုကွေးညွှတ်လိုက်ပြီး
လက်ရုံးနားနားကပ်ပြီးတိုးတိုးပြောလိုက်သည်။
" လက်ရုံးရေ ဒါတော့မဟုတ်သေးဘူးနော် မင်းအဖေကိုဘယ်လိုပြောမှာလဲ သူကမင်းမိန်းမဖြစ်သွားမှာနော် ဒါပေါ့သေးသေးကိစ္စမဟုတ်ဘူးနော် ဒါလူကိုအကြွေးနဲ့သိမ်းနေတာ "
" မင်း$ပါးစပ်ကိုပိတ်ထားလိုက် ကိုးတန်းထိပဲကျောင်းနေခဲ့ဖူးတဲ့ကောင်က လက်ရုံးသုခကိုဆရာလာလုပ်နေတယ် အေး မင်းအဆင့်မင်းသိလိုက်နော် မင်းအလုပ်ကဘာလဲငါ့ကိုစောင့်ရှောက်ဖို့နဲ့ငါခိုင်းတာလုပ်ဖို့ ခွေးကလေးအရောဝင်ပါးလျက်နားလျက်လာမလုပ်နဲ့ ငါလုပ်နေတဲ့အလုပ်ကိုမစွက်ဖက်နဲ့ "
အနောက်ကိုလှည့်ကာခပ်ကြိတ်ကြိတ်ပြန်ပြောတဲ့လက်ရံုးရဲ့စကားသံတွေ။
အရင်တုန်းကဆိုအဲ့သလိုစကားမျိုးတွေတခါမှမထွက်တဲ့လက်ရုံးကဒီနောက်ပိုင်းကိုယ့်ကိုမကြည်မလင်ဖြစ်၍ပျစ်ပျစ်နှစ်နှစ်ကိုပြောသည်။
ငါမင်းကိုမကူညီနိုင်တော့ဘူး ခြယ်။
ငါ့မှာဘာတားပိုင်စွမ်းမှမရှိလို့တောင်းပန်ပါတယ်။
တကယ်တောင်းပန်ပါတယ် ကိုယ်ဘာမှမတတ်နိုင်ဘူး ဒီဘာမှမဟုတ်တဲ့ကောင်ကဘာမှမလုပ်ပေးနိုင်ဘူး။
ငါလိုချင်တာမှန်သမျှမင်းမှာအရာအားလုံးပြည့်စုံနေပြီးသားလေ လက်ရုံးရာ ၊မင်းကအခုငါေတာင့်တတဲ့တစ်ခုတည်းေသာခြယ့်ကိုပါအရယူသွားတာလား ငါ့လိုကောင်ပိုင်ဆိုင်ချင်တဲ့တစ်ခုတည်းသောအရာထိတောင်လား ။
ငါမင်းကိုအားကျလိုက်တာကွာ ငါမင်းကိုမနာလိုလိုက်တာ။
ဂျိုးဆိုတဲ့ဘာမဟုတ်တဲ့ကောင်အနေနဲ့မွေးဖွားမလာဘဲလက်ရုံးဆိုတဲ့မင်းအနေနဲ့မွေးဖွားခဲ့ချင်တယ်။
မျက်ရည်မကျအောင်တင်းခံထားပေမယ့် မျက်ရည်တွေကလိမ့်စီးနေတဲ့ခြယ့်မျက်နှာလေးကိုမြင်နေရတာ သွေးတွေပြောင်းပြန်စီးသွားသလိုပဲ အင်မတန်ပူလောင်လွန်းတယ်ကွာ။
" အိုကေ မထိုးချင်လဲရတယ်ကွာ အိမ်ပေါ်ကဆင်း အိမ်ကဖြိုရမယ့်တူတူတော့ "
ဆိုကာလက်ရုံးထရပ်လိုက်ပြီး အိမ်နံရံတွေကိုခြေနဲ့ပိတ်ကန်ပစ်ကာ နံရံမှာချိတ်ထားတဲ့ဓာတ်ပုံတွေ ပန်းအိုးတွေကိုပစ်ခွဲချနေသည်။
" ဒုန်း ဒုန်း ဒုန်း "
" ခလွမ်း ခွမ်း "
" မေမေကြောက်တယ် အဲ့လူကြီးကသားတို့အိမ်ကိုဖျက်ဆီးနေတယ် မေမေဟင့်ဟင့် "
" ခြယ်လက်မှတ်ထိုးပါ့မယ် "
နောက်ကျောဘက်ကအသံကြောင့်တစ်ချက်ကြိတ်ပြုံးလိုက်သည်။
" အဲ့လိုလိမ္မာမှပေါ့ ကဲ ထိုးပါဗျာ ဒီမှာရှိနေတဲ့လူအကုန်လံုးကအသိသက်သေတွေပဲနော် "
ခြယ်ဘောပင်ကိုကောက်ကိုင်လိုက်ကာလက်ထပ်စာချုပ်တွင်လက်မှတ်ထိုးလိုက်သည်။
လက်ရုံး အားရပါးရပြုံးကာ
" ဂုဏ်ယူပါတယ် မင်းအခု ငါ့မိန်းမဖြစ်သွားပြီ ငါနဲ့လိုက်ခဲ့ရမယ် လာခဲ့စမ်း "
" ကျွန်မမလိုက်ပါရစေနဲ့ ဖေဖေနဲ့ပဲနေချင်တယ် "
" ခြယ်ခြယ် အဖေ့သမီးလေး "
* ဒီဒုက္ခိတကလဲဘာဖြစ်ပြန်ပြီလဲ*
" သွားမယ် ထစမ်း "
လက်မောင်းကကိုင်ကာဆောင့်ဆွဲခေါ်လာသည်။
" အဖေ့ကိုကန်တော့ခဲ့ပါရစေ တောင်းပန်ပါတယ် လုပ်ပါ "
" သေလမ်းသွားမှာဆိုတော့ကန်တော့ကန်တော့ "
မဲ့ရွဲ့ပြောလိုက်မိသည်။
ထိုဒုက္ခိတလူကြီးမှာလဲမျက်ရည်စက်လက်နဲ့သမီးဖြစ်သူကိုဆုတောင်းပေးရှာသည်။
" ဖေဖေ့သမီးလေး ကိုယ်နဲ့မဆိုင်တာတွေကြောင့် မတရားသိမ်းပိုက်ခံလိုက်ရတယ် သမီးလေးရယ် "
" အလွမ်းသယ်မနေနဲ့ သွားမယ် လာ "
" ကျွန်မအဝတ်တွေ...
" ယူမနေနဲ့ ပိုးတွေမွှားတွေနဲ့ငါရွံတတ်တယ် "
" အော် ဒါနဲ့ကျုပ်ပြောမယ် ကျုပ်လုပ်ခဲ့တာက ရှေ့နေကအစပါတယ်နော် အကုန်တရားဝင်တယ်နော် ဘာမှတိုင်မယ်တောမယ်မလုပ်နဲ့ ကျုပ်ဒယ်ဒီကဥပဒေကိုပါးရိုက်လာတဲ့လူ ရှင်းတယ်နော် ကျွန်တော်နဲ့လာမငြိချင်ကြနဲ့ အကျိုးဆက်ကတော့မလွယ်ဘူး "
သူတို့ကိုသတိေပးသလိုနဲ့ခြိမ်းေခြာက်ခဲ့ပြီးဟိုမိန်းမကိုလက်မောင်းရင်းကနေဆောင့်ဆွဲကာ ကားထဲတွန်းထည့်လိုက်သည် ။
" ကျေးဇူးပါ ဦးလေး "
" မလိုဘူး ဟေ့ကောင်မင်းအေဖကျေးဇူးတွေအများကြီးငါ့အပေါ်ရှိတယ် သွား အခုလိုချင်တာရပြီကျေနပ်တယ်မလား "
ဦးကျော်သူရနဲ့လက်ဆွဲနူတ်ဆက်ကာပုခုံးချင်းတိုက်ပွေ့ဖတ်ပြီးေကျးဇူးဘယ်ေလာက်တင်မှန်းေပြာပြေနမိသည်။
" အခုတော့ ဒယ်ဒီ့ကိုလျို့ဝှက်ထားပေးပါ အထူးသဖြင့်မာမီကိုမသိစေပါနဲ့ ဦးလေး "
စစ်ပွဲတစ်ရာနိုင်လာတဲ့သူရဲကောင်းအသွင်ဖြင့်ကားထဲဝင်လာခဲ့သည်။
" ကွန်ဒိုကိုမောင်း "
ကွန်ဒိုသွားနေတဲ့လမ်းတလျှောက်ဘေးနားကမျက်ရည်တွေနဲ့ပူပင်သောကရောက်နေတဲ့ခြယ့်ကိုမှအားမနာထိုကောင်ကပြတင်းပေါက်မှန်မှာခေါင်းမှီပြီးသီချင်းတောင်ညဉ်းနေသည် ။
🎶 I found a woman stronger than anyone I know ....
ကားမောင်းရင်းရှေ့မှန်မှာမြင်နေရတဲ့ခြယ့်ပုံရိပ်လေးကိုငေးမိကာ
" အရုပ်လေးရေ ကိုယ်တို့ကရေစက်မပါဘူးနဲ့တူပါတယ်ကွာ "
#ParadiseKhin
နောက်ပိုင်းမှာရိုင်းစိုင်းတဲ့အသုံးနူန်းတွေနှိပ်စက်တဲ့အခန်းတွေ ရိုင်းတာတွေပါမှာမလို့ကြိုပြီးwarningပေးတယ်နော်....!
Zawgyi
" ဂျိုး "
" ဗျာ "
" ဟုတ်ကဲ့ သွားပါ့မယ် "
" ဒေါက် ဒေါက် "
" ..."
" သားရုံး ဘာဖြစ်နေတာလဲ "
ပါးနှစ်ဖက်ကိုလက်ညိုးတွေနဲ့တို့ထိပြပြီးပြောသည်။
" လက်ရုံး "
နောက်နေ့လဲကျရော လူကို ကျေးဇူးမသိတတ်တဲ့ကောင် ထမင်းကျွေးတဲ့လက်ကိုပြန်ကိုက်တဲ့ခွေး အောက်တန်းစားကောင်ဘာညာ သူ့ထမင်းစားပြီးအရိပ်နေနေအခက်ချိုးချိုးလုပ်တဲ့ကောင်ဆိုပြီးလူကိုပိုးစိုးပက်စက်ပြောဆိုပြီးသုံးလေးရက်လောက်မျက်နှာတောင်မကြည့်။
..
" အယ် "
ဧည့်ခန်းထဲမှာမမြင်ချင်မှအဆုံးထိုကျက်သရေတုံးကောင်ကခြေချိတ်ပြီးမိန့်မိန့်ကြီးထိုင်နေတယ်။
" ရှင် ဘာပြောလိုက်တယ် "
" မင်းတို့အိမ်အပေါင်ဆုံးပြီ အခုချက်ချင်းအိမ်ပေါ်ကဆင်းပေးပါ အကယ်၍မဆင်းပေးနိုင်ရင်မနက်ဖြန်တအိမ်လုံးကိုဘူဒိုဇာနဲ့ထိုးပြီးဖြိုချပစ်မယ် ဒါ့အပြင်ဟိုးအရင်ထဲကငါလျှော်ပေးလာတဲ့အတိုးတွေအရင်းတွေပါအပါ ငါ့ပိုက်ဆံအကုန်တွေပြန်လိုချင်တယ် မဟုတ်ရင်မင်းဦးလေးထောင်ထဲသွားရလိမ့်မယ်"
အမလေး ဟင့်ဟင့် "
" မယ်ကြွေတို့ညဉ်းတို့မိုက်လို့ဖြစ်ရတာ တယ်မိုက်ကြသာပဲ ငါ့သမီးကိုအပြစ်မပြောကြနဲ့လူမိုက်တွေ "
" အဟက် "
" တခုတော့ရှိတယ် "
အသံဩဇာရှိတဲ့သူ့ရဲ့ဩရှရှကရုတ်တရက်ထွက်ပေါ်လာ၍အိမ်ထဲကလူတွေရဲ့အသံတွေတိတ်သွားသည်။
" ကဲ ကျုပ်ပြောမယ် "
သူကတစ်ချက်မဲ့ပြုံးပြုံးပြီးဦးလေးနဲ့ဒေါ်လေးကိုတကယ့်သနားစရာသတ္တဝါငတုံးနှစ်ကောင်ကိုကြည့်သလို ဂရုဏာသက်တဲ့မျက်လုံးများဖြင့်ကြည့်သည်။
ထိုကျွန်တော်လူယုတ်မာပါဆိုတဲ့စကားကိုတော့အသံဖိပြီးပြောပြီးပြောနေစဉ်အတွင်းခြယ့်ကိုမျက်ခုံးမျက်လုံးတွေပင့်ပြသည် ။
" ဟမ်း ဘယ်လို "
အာမေဋိတ်။
" ဟုတ်တယ် "
Advertisement
- In Serial30 Chapters
The Unbreakable Sword God is a Doting Mom?! Cultivation of the Strongest Bond Between a Mother and Son!
Yi Zen has a problem, his mother is too powerful! In a world where martial strength rules, and everyone is born with their own unique “Skill,” his overbearing and overprotective mother has the strongest Skill and is the world’s greatest hero! Yi Zen, who’s Skill is Zero, can’t escape his mother’s gigantic shadow, and he is constantly made fun of for his lack of power by other students. Forcefully enrolled in the hero academy as everyone expected him to be as strong as his mom, he just wants to relax and live a normal life. The awkward comedy of a boy trying to have a normal teenage life but his mom won’t leave him alone in a wuxia world begins!
8 253 - In Serial276 Chapters
Whimsical Invitations
This is a short story compilation that I will occasionally add to.
8 127 - In Serial185 Chapters
Hedonia the Arcane Utopia (LitRPG)
LitRPG Progression Fantasy (action-packed with some slice of life). This world isn't heaven, James wasn't good enough for heaven. This was as close as he could get - a world infested by the Darkness. Despite the Darkness already taking over a huge part of the world, there is a place called Hedonia that is still striving towards its goal to create a utopia by fully understanding every field of magic there is. Which might not be as impossible a goal as it seems, now that James is here. Or will the Darkness destroy the world before that happens? Things aren't as black and white as they seem though. The Darkness is dangerous, but using it is also an essential part of building a utopia. Out of the countless worlds James could've reincarnated in, he chose to come here though. His goals perfectly align with Hedonia's. He'll gain power at any cost in order to ensure that the Darkness won't destroy his new, cozy home. -- Schedule: Monday, Tuesday, Wednesday, Thursday.
8 159 - In Serial12 Chapters
unexpected ; romeo beckham
love;an intense feeling of deep emotions-"I'm used to being alone, but now I'm more alone than ever."
8 244 - In Serial13 Chapters
Zach twin sister *inquisitormaster*
y/n is Zach Twin sister the boys always confess their felling for y/n because she knows they after her money Zach and y/n are the only heartbreaker in school and they are very smart in the school she has 3 best friends name Ashley, Angelica and Alex. you and Zach share a dormStart: 1/12/20Complete:2/1/21Thx for 4k + reads
8 209 - In Serial23 Chapters
Teddy Bear | WinRina
WinRina/Jiminjeong AU [COMPLETED]Katrina's life was boring, but that was until she brought home a teddy bear, unknown to her that it's no ordinary bear. Disclaimer: This is only an alternate universe /alternative reality. The following story is purely fictional and the plot is not to be associated with actual historical records. This is a work of fiction. Any names, characters, places, events and incidents are products of the author's imagination only.Highest ranking:#winrina - 1st#jiminjeong - 1st© This is an adaptation, story is not mine. Credit goes to the brilliant author.
8 95