《Devil Husband》10
Advertisement
" ပေးလို့ ငါ့ကိုပေးစမ်း ပေးလို့ "
ဆောင့်အော်ချလိုက်သောဒေါသသံကြားမှာ ဟန်ကိုယ်ဖို့ထားသော်လဲအသားတဆတ်ဆတ်တုန်အောင်ကြောက်နေမိသည်။
လက်ထဲကဖုန်းေလးကိုသူ့လက်ထဲတုန်တုန်ရင်ရင်နဲ့ထည့်ေပးလိုက်သည်။
" မင်းကိုငါ ဖုန်းမသုံးရဘူးလို့ပြောထားတယ်မလား ဟမ်းး ငါမပြောထားဘူးလားလို့ ဘာယူလုပ်တာလဲပြောစမ်း "
" ဟို ဟိုဟာ အဖေ့နေကောင်းလားသိချင်လို့အိမ်ကိုဖုန်းလေးဆက်မလို့ပါ "
" မင်း အဖေမသေသေးဘူးစိတ်ချ ငါကသိမ်းထားတာကိုတောင်မင်းကဘယ်လိုသတ္တိနဲ့ယူရဲရတာလဲ ကဲကွာ "
ဖုန်းကိုကြမ်းပေါ်ကိုကောက်ပေါက်ချလိုက်ပြီးခြေထောက်နဲ့အချက်ပေါင်းများစွာတက်နင်းချပစ်သောကြောင့်ဖုန်းလေးအစိတ်အမွှာမွှာဖြစ်သွားပါပြီ။
ကွဲကြေသွားသောသူ့ဖုန်းလေးအားနှမြောတသဖြစ်စွာကြည့်နေတဲ့ခြယ့်ကို
" မပြီးသေးဘူး မင်းကိုငါအပြစ်ပေးရမယ် "
ခါးသိမ်သိမ်လေးကိုဆွဲဖက်ပြီးရင်ခွင်ထဲဆွဲသွင်းလိုက်ကာပါးနှစ်ဖက်အားဆွဲညှစ်၍ဆူထွက်လာသောနူတ်ခမ်းတစ်စုံအားမက်မောစွာစုပ်ယူပြီး
နမ်းရိူက်လိုက်သည်။
ခံတွင်းထဲသို့လျှာကိုထိုးထည့်ပြီး အတင်းစုပ်ယူပါတော့သည်။
ရင်ဘက်ကိုတဘုန်းဘုန်းထုရိုက်နေတဲ့လက်သီးစုပ်တွေကိုမမူဘဲရုန်းကန်နေတဲ့ခန္ဓာကိုယ်လေးကိုအတင်းကြပ်ဖက်ထားလိုက်သည်။
အနမ်းကြမ်းများကြားထားမှာ အသက်ပင်မရှူနိုင်တော့ဘဲအတင်းရုန်းကန်ထုရိုက်နေသော်ငြားလဲထိုလူကပိုတိုး၍ဖက်ထားသဖြင့်လွတ်လမ်းမရှိတော့။
ထိုလူရဲ့လက်ဝါးသန်သန်များကြားထဲတွင်ဘယ်လိုမှရုန်းထွက်နိုင်ခြင်းမရှိပဲဂဟေဆက်နေတဲ့နူတ်ခမ်းနှစ်ခုကြားမှာ လူကအောက်စီဂျင်ပြတ်လပ်နေပြီ။
အသက်ရှူမဝ၍မျက်နှာတခုလုံးရဲတက်လာမှအောက်နူတ်ခမ်းကိုဖိကိုက်ထားတာမှလွှတ်ပေးလိုက်သည်။
ပါးစပ်ဟပြီးလေကိုပြန်ရှူသွင်းလိုက် မျက်နှာမှာလဲချွေးစို့နေကာ အတော်အားလျော့သွားပြီးပျော့ခွေ့လဲတော့မယ်ပုံပေါက်နေေသာသူ့ကိုလှောင်ရယ်ရယ်လိုက်သည်။
" အဟက် "
ဘာမှပြန်မပြောနိုင်ဘဲလေကိုသာတဝရှူသွင်းနေသည်။
" နောက် မင်းလင်ငါကမလုပ်နဲ့ဆိုမလုပ်နဲ့ မဟုတ်ရင်ဒီထက်ဆိုးတဲ့အပြစ်ပေးနည်းတွေလာလိမ့်မယ် "
" လက်..လက်ရုံးသုခ လူယုတ်မာ ရှင့်ကိုမုန်းလိုက်တာ "
" မင်းကိုရောငါကငါ့ကိုချစ်ပါလို့တခွန်းပြောမိလား မင်းလင်တော်ထားရတာမင်းသိပ်မုန်းတဲ့ငါဆိုတာမမေ့နဲ့ "
သနားလို့အသက်ရှူခွင့်ပေးလိုက်တာတောင်ချက်ချင်းနူတ်ကထွက်လာတဲ့စကားကမုန်းလိုက်တာတဲ့။စိတ်ရှိလက်ရှိသာဆိုရင် ခြေနှစ်ချောင်းကကိုင်ပြီးကြမ်းနဲ့ရိုက်ပြီးသတ်ပစ်မိမှာ။
သူခေါ်လာခဲ့တုန်းကအဝတ်တထည်ကိုယ်တစ်ခုနဲ့ဖုန်းနဲ့ပိုက်ဆံအိတ်သာပါလာခဲ့သည်။
ထိုပါလာတဲ့ဖုန်းကိုလဲမကိုင်ရဘူးဆိုပြီးသူကပဲဗီရိုထဲသော့ခတ်သိမ်းထားသည်။သူ့အလစ်မှာအိမ်ကိုဖုန်းတချက်လောက်ခေါ်ဖို့လုပ်မိတာကို
ဖုန်းကိုလဲတစစီလုပ်ပစ်ပြီး အကြမ်းပတမ်းအနမ်းလဲခံရသေးသည်။
.
.
" လက်ရုံးသုခ "
" ဘာလဲ ဒီနာမည်ကိုပါးစပ်ဖျားကကိုမချနိုင်ဘူး မင်းလင်ငါ့ကိုအဲ့လောက်မချစ်နဲ့ "
" ငါအိမ်ခဏပြန်ချင်တယ် "
" ဘာ..ငါ ဟုတ်လား "
" ဟုတ်တယ် နင်နဲ့ငါနဲ့ရွယ်တူပဲ ကျွန်မတွေဘာတွေမလိုဘူး "
" မင်းထက်6လကြီးတယ်ကွ ငါကမင်းအိမ်ဦးနတ်နော် မရိုင်းနဲ့ "
" လူယုတ်မာကိုလေးစား အု..
" ပြွတ် "
" လူယုတ်မာကောင်..
" ပြွတ် "
နူတ်ခမ်းလေးအားနောက်တကြိမ်ဆွဲယူနမ်းလိုက်ပြန်သည်။
" အဟက် မင်းငါ့ကိုလူယုတ်မာလို့ေခါ်တိုင်းငါမင်းကိုတခါနမ်းမယ် "
ဒီလိုပြောလိုက်မှအထွန့်မတက်ရဲတော့ဘဲပါးစပ်ပိတ်သွားတော့သည်။နောက်မှဆက်ပြီး
" ကျွန်မစကားအကောင်းပြောမလို့ပါ "
" ဘာလဲပြော ခင်ဗျားလင်ကျုပ်နားထောင်နေတယ် "
* ကျစ် စကားပြောရင် မင်းလင်ငါတို့ ခင်ဗျားလင်ကျုပ်တို့ကလူနားကြားပြင်းကပ်အောင်တမင်ထည့်ထည့်ပြောနေတယ် *
မင်းလင်ငါဆိုတဲ့စကားကိုရောက်တိုင်းတမင်အသံကိုပိုဖိပြောပြီးသူနေမထိထိုင်မသာဖြစ်အောင်လုပ်တတ်သည်။
" အိမ်လေးခဏလောက်ပြန်လို့ရမလား အဖေ့ကိုသတိရလို့ပါ "
" မရဘူး "
တစ်ချက်လွတ်အမိန့်ထုတ်လိုက်သည်။
" ရှင်နဲ့တူတူသွား...
" ငါကမရဘူးဆို မရဘူးပဲ "
" ရှင်ကလူယုတ်မာပဲ ကျွန်မမှာဒီအဖေ
တယောက်ထဲရှိတော့တာ ရှင့်လိုမိစုံဖစုံမဟုတ်ဘူး ပြီးတော့အဖေကလူမမာ အဖေ့ကိုကောင်းကောင်းစောင့်ရှောက်ရဲ့လားနေကောင်းရဲ့လားကျွန်မသိချင်တာပေါ့ "
" အေး မင်းလင်ငါကလူယုတ်မာမှန်းမင်းသိရဲ့သားနဲ့ လူယုတ်မာကိုလူယုတ်မာဆိုတော့ငါဘယ်လိုပြောရမလဲ "
" တောက် ရှင်ကတကယ့်လူယုတ်မာပဲ "သူ့ဟာသူအဲ့လိုအော်ဟစ်ပြီးအခန်းထဲပြေးဝင်သွားတော့သည်။
* ဪ လူယုတ်မာပါဆိုနေမှပဲ *
( မင်းကိုအပြင်ခေါ်ထုတ်သွားလာလို့ရသေးတဲ့အခြေနေမဟုတ်သေးဘူး အချိန်တခုရောက်ရင်မင်းကိုလူကြားထဲခေါ်ထုတ်ပြီးမင်းကငါ့မိန်းမပါဆိုတာတစ်လောကလုံးကိုကြော်ငြာမောင်းခတ်ပြမယ်)
"...."
" ဟုတ်ကဲ့ ဒယ်ဒီ ကျွန်တော်ဒီနေ့ပြန်လာခဲ့ပါ့မယ်
ဒယ်ဒီ ဒါပဲနော် "
ဖုန်းချလိုက်ပြီးတာနဲ့မူတ်ထုတ်လိုက်တဲ့သက်ပြင်းရှည်ကြီးတွေ။
ဝရံတာလက်ရန်းကိုလက်ထောက်ရင်းအုံ့မိူင်း
မိူင်းဖြစ်နေသောကောင်းကင်ကိုကြည့်ပြီးနောက်ထပ်သက်ပြင်းရှည်ကြီးတချက်။
သူနဲ့ဒီကွန်ဒိုမှာနေနေတာ ၁ပတ်ရှိပြီ။
အိမ်ကိုတစ်ပတ်တိတိပြန်မလာလို့ မာမီကဒေါပွနေလို့ ဦးမိန်းမမျက်နှာတစ်ကမ္ဘာက ပြာပြာသလဲနှင့်ဖုန်းဆက်ပြီးအိမ်ကိုချက်ချင်းပြန်လာခဲ့တော့တဲ့။
သူတို့သားကသူတို့မသိအောင်လက်ထပ်ပြီးသွားပြီဆိုတာသာသိရင်ဘယ်လောက်တောင်လန့်ဖျန့်သွားကြမလဲ။
အိမ်ကိုပြန်ရင်အိမ်ပြန်မလာရတဲ့အကြောင်းပြစရာဆင်ခြေမျိုးစုံကိုခေါင်းကအဆက်မပြတ်တွေးပေးနေရသည်။
" ငါအိမ်ခဏပြန်မှရမယ် မင်းကဒီမှာနေခဲ့ပြီးသူ့ကိုစောင့်ကြည့်ပေးပါ လွတ်မသွားစေနဲ့ "
" ဟင့်အင်း ငါပါလိုက်ခဲ့မယ် မိန်းကလေးနဲ့ယောကျာ်းလေးဘယ်လိုမှမသင့်တော်ပါဘူး"
" ငါမင်းကိုယုံတယ် ဂျိုး မင်းကငါ့အကိုပဲလေ "
လက်ရုံးနူတ်မှထွက်လာသောစကားကြောင့်ရင်ထဲမှလိူက်လိူက်လှဲလှဲထွက်ပေါ်လာတဲ့ကြည်နူးခြင်း။
နူတ်ခမ်းတွေကွေးတက်သွားပြီး ပြောစရာစကားလုံးတွေအများကြီးရှိသော်လဲဘာမှထွက်မလာ။
ကိုယ့်ရဲ့သစ္စာတရားနဲ့ညီအကိုသံယောစဉ်ကိုအပြည့်ဝယုံကြည်ပေးလို့ တကယ့်ကိုပြောမပြတတ်တဲ့နွေးထွေးမူ။
" သူ့ကိုဂရုစိုက်ပေးပါကွာ ငါဒီမှာပဲလာနေတော့မယ်လို့ရအောင်ပြောမယ်ကွာ ငါ၁ရက်၂ရက်တော့အိမ်ပြန်နေရမယ်နဲ့တူပါတယ် "
" သွားပါ စိတ်ချလက်ချသွားပါ မင်းမိန်းမကိုမလွတ်စေရဘူး ဟုတ်ပြီလား "
" ဟုတ်ပြီ သားကြီး "
ဘာလို့လဲမသိသူကကိုယ့်ကိုမမြင်ရရင်ပိုပျော်မယ်ဆိုတာသိပေမယ့်လဲသူ့ကိုနူတ်ဆက်သွားချင်မိသည်။
ပြတင်းပေါက်ကနေလမ်းေပါ်ကကားအသွားအလာကိုထိုင်ငေးကြည့်နေတဲ့သူ့နောက်မှာရပ်လိုက်ပြီးချောင်းတချက်ဟန့်လိုက်သည်။
" အဟမ်း "
လှည့်မကြည့်လာ။
" ငါ...
တချက်စောင်းငဲ့ကြည့်လာသည်။
" ငါအိမ်ပြန်မလို့ ဒီရက်ပိုင်းငါဒီမှာရှိမှာမဟုတ်ဘူး "
" ရှင့်ဟာရှင်ဘယ်သွားသွားလေ ဘာလို့လာပြောပြနေတာလဲ "
" သိသင့်တယ်ထင်လို့ "
" ကောင်းတယ် သွားသွား ဂန့်ပြီးတသက်လုံးပြန်မလာရင်ပိုကောင်းတယ် အဲ့လိုဖြစ်ပါစေ"
" အော် အေးပါ "
ရွဲ့ပြီးခေါင်းတဆတ်ဆတ်ငြိမ့်ပြလိုက်သည်။
*မင်းရဲ့ဘာရယ်မဟုတ်ပြောတဲ့စကားတွေကရင်ကိုမြှားတစ်စင်းလိုအရှိန်နဲ့စူးနစ်ဆိုတာမင်းသိရဲ့လား မုန်းပါ သေလောက်အောင်မုန်းပါ ရိုးတွင်းခြင်စီထဲစိမ့်နေအောင်မုန်းမုန်း ငါကချစ်နေရင်အဆင်ပြေတာမလို့ *
ကားပါကင်ကကားကိုထုတ်ပြီးအိမ်ကိုမောင်းထွက်လာခဲ့သည်။
လမ်းတလျှောက်လုံးသူပြောလိုက်တဲ့စကားရဲ့အတိမ်အနက်ကိုတွေးမိနေမိတယ်။
သွားခါးနီးလာခါနီးမှာတောင်မင်းနမိတ်မရှိနမာမရှိစကားကိုပြောထွက်တယ်ဆိုတော့ မင်းငါ့ကိုဘယ်လောက်တောင်မုန်းလဲပိုသိလိုက်ရသလိုပဲ။
.
.
တံခါးအဝရှေ့ကဆိုဖာမှာထိုင်ကာမဂ္ဂဇင်းဖတ်နေသောဂျိုးရဲ့အပြုံးအရယ်ကင်းမဲ့နေသောမျက်နှာထားကိုနံရံကွယ်ကချောင်းကြည့်ကာအနည်းငယ်စိုးထိတ်နေမိသည်။
ကိုယ်တိုင်လဲကြွေကျခဲ့ဖူးတဲ့အပြုံးချိုချိုတွေနဲ့နူးညံ့တဲ့မျက်နှာထားကသူ့ဆီကလုံးဝကွယ်ပျောက်သွားသလိုပင်။
သူမဟုတ်တဲ့တခြားတယောက်ဖြစ်သွားသလို။
" အကို "
စာဖတ်နေရာမှမျက်လုံးလှန်ကြည့်လိုက်သည်။
အရှေ့မှာမဝံ့မရဲနှင့် ခေါင်းငုံ့ကာလက်ဖဝါးနှစ်ဖက်ကိုပွတ်သပ်နေတဲ့သူမ။
" ဘာလဲ ပြော "
" ခြယ့်ကိုကူညီပေးလို့မရဘူးလား ခြယ် ဟိုလူ့ကိုမုန်းတယ် သူနဲ့တူတူနေနေရတာငရဲကျနေရသလိုပဲ စိတ်ဆင်းရဲတယ် ခြယ့်ကိုလွှတ်ပေးပါ"
"...."
မျက်လုံးကိုလက်နဲ့ပွတ်သပ်ရင်းတွေဝေနေမိသည်။ချုပ်နှောက်ခံထားရတဲ့ငှက်ကလေးကို လှောင်အိမ်ထဲကနေလွှတ်ပေးချင်မိသည်။
အခန်းတံခါးကအတွင်းအပြင်လျှို့ဝှက်နံပါတ်နဲ့ဖွင့်မှရတဲ့တံခါးဖြစ်နေလို့လွတ်လမ်းကသိပ်မရှိ။
သူတို့ဖွင့်ရင်မသိအောင်ချောင်းကြည့်လဲနံပါတ်ရိုက်နေတုန်း ကိုယ်ကြီးတွေနဲ့ကွယ်ထားကြသည် လူညစ်တွေ။
အတင်းအကျဉ်းချခံထားရတဲ့အဖြစ်ကိုဘယ်သူကပျော်မွေ့နိုင်ပါ့မလဲ ။
"ကူညီပေးမယ်မလားဟင်"
"ဟင့်အင်း မကူညီနိုင်ဘူး"
"ဘာလို့လဲ"
"ငါကသစ္စာဖောက်မဟုတ်လို့"
"အဲ့လိုလူမျိုးကိုသစ္စာစောင့်သိနေတော့ရော ဘာအကျိုးရှိလို့လဲ ငွေကြောင့်မလား"
"ဟေ့ မင်းငါ့ကိုမစော်ကားနဲ့"
"အကိုကကျွန်မသိရသလောက်ကသဘောကောင်းတဲ့လူပါ ဖော်ရွေတဲ့အပြုံးတွေအများကြီးပြုံးတယ် နေကြာပန်းစည်းလဲလက်ဆောင်ပေးခဲ့တယ်"
Advertisement
" မင်းတော်စမ်း ဒီအကြောင်းတွေကိုလက်ရုံးရှေ့မှာယောင်လို့တောင်မဟမိစေနဲ့ ငါတို့ကြားမှာတခုခုရှိခဲ့တဲ့ပုံပြောမနေနဲ့ အဲ့တုန်းကဟုတ်တယ် စောက်ရမ်းအားယားနေလို့ စောချောချောေလးဆိုေတာ့ကြောင်ချင်လို့ပန်းစည်းေပးတာ
ဘာတွေဖီးနာလဲ မင်းကိုကြိုက်တယ်ထင်နာလား အဟက် "
အနုနည်းနဲ့မရရအောင်သူ့ဘက်ပါလာအောင်ချုပ်ပြီးလိုချင်တာရဖို့အရင်ကအကြောင်းတွေပါထုတ်ေပြာလာ၍ရပ်ပစ်ခိုင်းလိုက်ရသည်။
" ရှင်လဲလက်ရုံးသုခနဲ့အတူတူပဲ ပုလင်းတူဘူးစို့လူယုတ်မာတွေ ရှင့်ကိုသူနဲ့မတူပဲကြင်နာတတ်တဲ့စိတ်ရှိမယ်လို့ထင်ခဲ့တာကျွန်မအမှားပဲ အလကားလူတွေ"
" မင်းကိုရောငါကငါကိုယ့်ငါ အရမ်းကြင်နာတတ်တဲ့သူပါ တအားသဘောကောင်းတာပါလို့ပြောပြခဲ့မိလို့လားအမိ ငါထုတ်ပြဖူးတဲ့ငါ့ရဲ့ပုံစံတစိတ်တပိုင်းလောက်ကိုမင်းဟာမင်းလိုသလိုဆွဲတွေးခဲ့တာလေ ငါ့ရဲ့ပုံစံအလုံးစုံကိုငါထုတ်မပြရင်မင်းတို့မမြင်နိုင်လို့ တခါလောက်ကောင်းပြဖူးရုံနဲ့လူကောင်းစာရင်းလာမသွင်းစမ်းပါနဲ့ $ဇယားတွေရူပ်လို့ ဟုတ်တယ် ငါကမင်းထင်ထားတာထက်ပိုဆိုး ပိုယုတ်မာလို့ငါ့ကိုလာမဆွနဲ့ ငါ့ကိုလာအာရုံမနောက်နဲ့ ထွက်သွားး"
" တောက် မုန်းလိုက်တာ "
ပြင်းရှသောတောက်ခေါက်သံတချက်နဲ့အေးစက်စက်အကြည့်တို့ကခြောက်ကပ်အေးခဲလွန်းသည်။
* အေးဟုတ်တယ် လက်ရုံးဆီကအမုန်းတွေငါ့ဆီကူးပြောင်းပေးလိုက်စမ်းပါ။ ငါ့ကိုနှင့်နေအောင်မုန်းလိုက်လဲရတယ် လက်ရုံးကိုတော့သူတောင့်တတဲ့ချစ်
ခြင်းတရားတွေပေးကမ်းလိုက်ပါ မင်းသေလောက်အောင်မုန်းလဲ ဒီဘယ်သူ့ဆီကမှအချစ်မခံခဲ့ရဖူးတဲ့ကောင်ငါကဘယ်လိုမှမနေဘူး*
" ဒုတ် ဒုတ် ဒုတ် "
ခုတ်ထစ်ပိုင်းနေတဲ့အသံများကြောင့်မီးဖိုခန်းထဲဝင်လိုက်သည်။
စဉ်းတီတုံးနဲ့ဓားကိုစည်းချက်ကျကျအသုံးပြုနေတဲ့ပုံကတကယ့် boyfriend materialပဲ။
ဘယ်မိန်းကလေးမဆိုရူးလောက်အောင်ကြိုက်မယ့်typeမျိုးကြီး။
တီရှပ်အပြာရောင်ခပ်ပွပွကိုပေါင်ထိသာရှည်တဲ့ဘောင်းဘီတိုလေးနဲ့တွဲဖက်ဝတ်ဆင်ထား၍ ဂျိုးရဲ့ပုံစံကတကယ့် မိသားစုအတွက်ချက်ပြုတ်ပြင်ဆင်နေတဲ့ခင်ပွန်းသည်နှင့်တူသည်။
ကြက်သားတွေကိုအတုံးတုံးလေးတွေခုတ်ထုတ်ပြီးလက်ကိုင်panထဲထည့်ကာဆီပူပူနဲ့ကြော်ပါတော့သည်။
ကြက်သားတစ်ဖက်ခြမ်းကကျက်သလောက်ရှိနေလို့တခြားတစ်ဖက်ခြမ်းကိုမိုးပေါ်မြှောက်ပြီးကွက်တိပြန်ဖမ်းပြီးတစ်ဖက်လှည့်လိုက်ပုံကကျွမ်းကျင်လွန်းသည်။
ထမင်းဟင်းခူးခပ်ပြင်ဆင်ပြီးစားပွဲမှာအဆင်သင့်ခင်းကျင်းပြီးတာတောင်ဟိုတယောက်ကဝင်မလား မီးဖိုရှေ့ကသာရပ်ကြည့်နေတော့
" လာမစားပဲဘာရပ်ကြည့်နေတာလဲ"
"..."ခြယ်သူ့ခေါင်းကိုငုံ့ပြီးညှိမ့်ြပသည်။
ညနေကပြောမိလိုက်တာကိုစိတ်ထဲရှိနေသေးတဲ့ပုံစံနဲ့ရှက်ကိုးရှက်ကန်းဖြစ်နေသည်။
ဂျိုးဆံပင်တွေကိုလှန်တင်ရင်းစိတ်ရူပ်နေတဲ့ပုံစံနှင့်မူန်ကုပ်ကုပ်ဖြစ်နေသည်။
"ကျွန်မညနေကပြောလိုက်မိတာလွန်သွားတယ်ဆောရီးပါ"
"အင်းငါလဲလွန်သွားတယ် အခုစားစရာရှိတာရှိတာစားတော့"
"ရှင်ကမစားဘူးလား"
လှည့်ထွက်သွားလို့ဟန့်လိုက်သည်။
"မင်းစားပြီးရင်လာစားမယ်"
"တူတူစားလဲဖြစ်ပါတယ်"
"ဟင့်အင်း"
ချာကနဲလှည့်ထွက်သွားသည်။
* ကျွန်မကိုဘာလို့ရှောင်ဖယ်နေရတာလဲ ကျွန်မဝမ်းနည်းတယ်*
လက်ရုံးရှိနေရင်ခြယ့်ကိုပဲချက်ပြုတ်ခိုင်း
ပေမယ့်ဂျိုးကတော့ကိုယ်တိုင်အပင်ပန်းခံပြီးသူပဲချက်ပြုတ်ပေးလိုက်သည်။
" ပန်းကန်ငါ့ကိုပေး ငါဆေးမယ်"
"ကျွန်မဆေးနို်င်ပါတယ်"
"ကျစ် ငါဆေးမယ်လို့ ဒါငါ့အလုပ် "
*မင်းပင်ပန်းတာငါမမြင်ချင်ဘူး မိန်းကလေး*
စားသောက်ပြီးပန်းကန်ခွက်ယောက်လောက်ကတော့ကိုယ့်ဟာကိုဆေးတတ်သော်လဲမဆေးခိုင်း။ဟိုလူယုတ်မာသာရှိနေရင် ခြယ့်ကိုမရှိရှိတဲ့အလုပ်ရှာကြံခိုင်းနေတာ သူရှိမနေတော့အကုသိုလ်ကင်းလိုက်တာ...!
ဒုက္ခပေးတဲ့နတ်ဆိုးနဲ့အတူမရှိနေရတာတကယ့်ကိုလွတ်လပ်တယ်။
#ParadiseKhin
တညလုံးtypeထားရတာ voteလေးအမောပြေမပေးချင်ကြဘူးလား🙈
ဇာတ်ရှိန်တက်နေတုန်းဆက်မဖတ်ရရင်ဘယ်လိုခံစားရမှန်းနားလည်လို့ အတတ်နိုင်ဆုံးအမြန်ဆုံးupပေးဖို့ကြိုးစားပါ့မယ်နော်။
အခုတလောစိတ်ဓာတ်တွေလဲကျနေလို့ပါ😞
Zawgyi
လက်ထဲကဖုန်းလေးကိုသူ့လက်ထဲတုန်တုန်ရင်ရင်နဲ့ထည့်ပေးလိုက်သည်။
နမ်းရိုက်လိုက်သည်။
ပါးစပ်ဟပြီးလေကိုပြန်ရှူသွင်းလိုက် မျက်နှာမှာလဲချွေးစို့နေကာ အတော်အားလျော့သွားပြီးပျော့ခွေ့လဲတော့မယ်ပုံပေါက်နေသောသူ့ကိုလှောင်ရယ်ရယ်လိုက်သည်။
" အဟက် "
.
.
" လက်ရုံးသုခ "
" ငါအိမ်ခဏပြန်ချင်တယ် "
" ဘာ..ငါ ဟုတ်လား "
" လူယုတ်မာကိုလေးစား အု..
" ပြွတ် "
" လူယုတ်မာကောင်..
" ပြွတ် "
" အဟက် မင်းငါ့ကိုလူယုတ်မာလို့ခေါ်တိုင်းငါမင်းကိုတခါနမ်းမယ် "
" မရဘူး "
" ရှင်နဲ့တူတူသွား...
" ငါကမရဘူးဆို မရဘူးပဲ "
"...."
ဒယ်ဒီ ဒါပဲနော် "
ဝရံတာလက်ရန်းကိုလက်ထောက်ရင်းအုံ့မိုင်း
မိုင်းဖြစ်နေသောကောင်းကင်ကိုကြည့်ပြီးနောက်ထပ်သက်ပြင်းရှည်ကြီးတချက်။
လက်ရုံးနူတ်မှထွက်လာသောစကားကြောင့်ရင်ထဲမှလိုက်လိုက်လှဲလှဲထွက်ပေါ်လာတဲ့ကြည်နူးခြင်း။
" ဟုတ်ပြီ သားကြီး "
ပြတင်းပေါက်ကနေလမ်းပေါ်ကကားအသွားအလာကိုထိုင်ငေးကြည့်နေတဲ့သူ့နောက်မှာရပ်လိုက်ပြီးချောင်းတချက်ဟန့်လိုက်သည်။
" အဟမ်း "
လှည့်မကြည့်လာ။
" ငါ...
" သိသင့်တယ်ထင်လို့ "
" အော် အေးပါ "
.
.
" အကို "
" ဘာလဲ ပြော "
"...."
"ကူညီပေးမယ်မလားဟင်"
"ဘာလို့လဲ"
" မင်းတော်စမ်း ဒီအကြောင်းတွေကိုလက်ရုံးရှေ့မှာယောင်လို့တောင်မဟမိစေနဲ့ ငါတို့ကြားမှာတခုခုရှိခဲ့တဲ့ပုံပြောမနေနဲ့ အဲ့တုန်းကဟုတ်တယ် စောက်ရမ်းအားယားနေလို့ စောချောချောလေးဆိုတော့ကြောင်ချင်လို့ပန်းစည်းပေးတာ
အနုနည်းနဲ့မရရအောင်သူ့ဘက်ပါလာအောင်ချုပ်ပြီးလိုချင်တာရဖို့အရင်ကအကြောင်းတွေပါထုတ်ပြောလာ၍ရပ်ပစ်ခိုင်းလိုက်ရသည်။
" တောက် မုန်းလိုက်တာ "
" ဒုတ် ဒုတ် ဒုတ် "
Advertisement
- In Serial548 Chapters
Purple Dawn Till Dusk : Dearest Through The Time
Cancel your engagement with my stepsister and marry me Senja said brazenly.
8 337 - In Serial188 Chapters
The Red Lands
The Red Lands Starting alone from the bottom can be such a pain. A story of being transferred to a new world. If you are looking for a shocking OP character, this is not him. If you are looking for a young master with abundant wealth this is certainly not it. Maybe a poor slum child with a hidden past and bloodline. Poor yes, dirt poor. Full stop. Incredible knowledge. Aside from some skills in business, nothing. This is just a tale of an average individual trying to make the best of what he has. An average human salary-man was transmigrated into the body of a boy from the slums. What made it worse was that it was a completely different world. Armed with only basic knowledge from his past life and nearly nothing from his present, he strives to survive. Curiosity can become a deadly driving force for any human being. It all depends on who is wielding it. Author Blog Link The Red Lands
8 180 - In Serial15 Chapters
Destiny's Forge (Rewrite)
The next evolution of gaming has arrived...... A lonely old soldier, a mourning father and son, a bored middle-aged music teacher, and hundreds of millions of others leave behind their normal lives for existence in the first truly virtual world. Destiny's Forge will challenge their notions of freedom, friendship, right and wrong, and even love. Those with the right mixture of dedication, wit, charm, and ruthlessness will find a way to forge a new destiny for themselves.
8 72 - In Serial29 Chapters
duodécima luna. [a stiles fanfic]
The first time Stiles saw her, he broke a vending machine. soulmate au.//highest rankings: no.1 #stilesxoc, no.1 #stilesimagine, no.1 #stilesfanfic, no.1 #stilesstilinskifanfic© MNKBYB 2020 ©
8 111 - In Serial25 Chapters
OUTSIDERS || MAKI ZENIN.
"The names' Maki." He blinks at the girl with the glasses before stifling a small laugh. An eyebrow arch from her features, already annoyed by the boy."What's so funny?" "I'm sorry, it's just.." He regains himself and looks at her with a smile, "Your name is literally just mine without the Ta at the beginning."Maki Zenin x male oc! Short story ! Will include prequel spoilers, violence and more 18+ content I don't own jujutsu kaisen
8 213 - In Serial36 Chapters
The silver sharingan warrior
The world of remnant is full of monsters that seek only death and destruction yes these creatures of darkness are called Grimm and at the time humans were always at the mercy of the Grimm that was until the silver eyed warriors were born with the ability to freeze Grimm into stone with just a stare as well as the branwen tribe and there sharingan which gave them amazing abilities and skill but at a terrible cost with both of them being the most powerful clans in remnants history what happens when a child is born of a silver eyes and a branwen. lets find out shall we#1 in tyrian as of 8/1/22
8 125