《Devil Husband》12
Advertisement
"ကိုကြီးလက်ရုံး"
ပုခုံးပေါ်ရောက်လာတဲ့လက်ရဲ့အထိတွေ့ကြောင့်အနောက်လှည့်ကြည့်လိုက်တော့
Fresher welcomeမှာစတွေ့တဲ့Civil ကQueenချာတိတ်မလေး။
"ဪ မေမြတ်မိုး"
"ထိုင်မယ်နော် ကိုကြီးလက်ရုံး"
ခုံနှစ်လုံးပဲရှိတဲ့စားပွဲမှာသူကဝင်ထိုင်မယ်ဆိုတော့တခြားစားပွဲတွေမှာလဲဖင်ထိုင်ခုံအလွတ်ကမရှိတော့ဂျိုးကနေရင်းထိုင်ရင်းမတ်တပ်ရပ်နေလိုက်ရပြီ။
*ဘယ်လိုဟာလဲကွ အလိုက်ကန်းဆိုးမသိလိုက်တာ*
ဂျိုးစိတ်ထဲမှာခပ်ချဉ်ချဉ်တွေးမိသွားသည်။
ဘယ်နှယ့် အားမနားရှာမကျိုးတကူးတကတောင်ထရပ်နေပေးရသေးသည်။
"ကိုကြီးကိုကျောင်းမှာမတွေ့ရတာ တစ်ပတ်တောင်ရှိပြီ ဒီနေ့မှကန်တင်းမှာထိုင်နေတာ
ကိုကြီးများဖြစ်နေမလားလို့ တကယ်ကိုကြီးဖြစ်နေတာ ကိုအတန်းမတက်တာတစ်ပတ်တောင်ရှိပြီ"
"အင်း ကိုကြီး ကိစ္စလေးတွေရှိနေလို့လေ"
"ဘာကိစ္စတွေလဲ"
"ဒီလိုပဲအရေးကြီးလို့ပါ သွားတော့မယ်"
"ဟယ် ပြောစရာရှိ..ရှိ
လှည့်ထွက်သွားသောလက်ရုံးရဲ့ကျောပြင်ကိုသာအူလည်လည်နဲ့ငေးကြည့်နေမိသည်။
"အဲ့စော်လေး မင်းကိုကြိတ်ေကြွနေတာ"
မျက်လုံးတစ်ဖက်မှိတ်ပြရင်းဂျိုးရဲ့ရွှတ်နောက်နောက်ဆိုလာတဲ့စကားသံ။
"ငါသိသားပဲ"
"မကြိုက်ဘူးလားသူ့ကို"
"အားး အ"
ဗိုက်ကိုထိုးသွင်းလာတဲ့လက်သီးချက်ကြောင့်ဂျိုးဗိုက်ကိုကိုင်ပြီးငြီးမိသည်။
"နာတယ်ကွ ငါ...အင်း"
"ဆဲကြည့်လေ ဆဲကြည့်လိုက်စမ်း"
ဆဲမလို့ငါဟုအစချီလိုက်တာနဲ့မျက်နှာကိုလက်ဝါးနဲ့ရွယ်လိုက်သောကြောင့်ငါနဲ့ရပ်သွားရသည်။
သူများကိုသာမိုးမမြင်လေမမြင်ဆဲတာသူ့ကိုဆဲရင်တော့သေအောင်မကြိုက်။
"နာတာကိုကွ မင်းခံကြည့်ပါလား"
"အေး မင်း ဘာလို့မဟုတ်တာတွေပြောတာလဲ"
နားနားကပ်ပြီးကျောင်းဝန်းထဲကလူတွေမကြားအောင်လို့ခပ်ကြိတ်ကြိတ်လေသံနှင့်
"မင်းရူးနေလားကွ အခုငါကအရင်လိုမဟုတ်တော့ဘူး ငါကအခုအိမ်ထောင်သည်ဖြစ်နေပြီကွ ကာမေသုမိစ္ဆာစာရကံစောင့်ထိန်းရမယ်ကွ"
သူ့ရဲ့စကားကိုနားထောင်ပြီးဂျိုး ပိုးစိုးပက်စက်ကိုလူကြားသူကြားလဲရယ်ပါတော့သည်။
"ဘာ...ဘာဖြစ်တယ် မင်းကအိမ်ထောင်သည် ဟားးဟားးဟားး"
"Xီးတိုးတိုးပြောကွ သူများတွေကြားကုန်တော့မှာပဲ စောက်တောသား "
"အမလေးး ဟားးဟားးဟားး"
လမ်းေလျှာက်ေနတာကေနေတာင်ရပ်ပြီးေတွ့ကရာခံုတန်းလျားမှာထုိင်ကျသွားပြီးခွက်ထိုးခွက်လန်မျက်ရည်ပါထွက်အောင်
လက်ခုပ်လက်ဝါးတီးပြီးအော်ဟစ်ရယ်နေသောဂျိုးကိုကြည့်ကာသူဘာမှားသွားမှန်းနားမလည်။
ဟန်ဆောင်လုပ်ရယ်ပြီးေလှာင်ေပြာင်တဲ့သေဘာေဆာင်နေတာမျိုးမဟုတ်ပဲအတော်သဘောကျပြီးလက်ခုပ်လက်ဝါးတီးရယ်နေသည်။
"ဘာရယ်တာလဲလို့"
မေးတာတောင်ပြန်မဖြေနိုင်ပဲအူခွေ့နေသောဂျိုး။
ဒီကောင်ဒီလိုရယ်မောနေတာတခါမှမတွေ့ဘူး။
တလနေမှတခါတောင်ပြုံးချင်မှပြုံးတဲ့ကောင်ကအခုကျတော့လဲသူမဟုတ်သလို အူတက်အောင်ရယ်နေသည်။
အမြဲတမ်းမျက်နှာသေကြီးအစားဒီလိုမျက်နှာအပြောင်းအလဲလေးမြင်ရတော့လဲမဆိုးပါဘူး။
သူရယ်နေတာကြည့်ပြီးကိုယ်တောင်လိုက်ပြုံးမိသည်။
"ဟျောင့် တော်တော့ကွ လူတွေကြည့်နေပြီ မရှက်ဘူးလား တောသား"
"ငါတော်မယ် ငါတော်မယ် ဟားးအဟက်ဟက်"
မျက်ရည်တွေကိုလက်နဲ့သုတ်ရင်း အသေလဲရယ်လိုက်၍ဖတ်ဖတ်မောသွားပြီးရေသောက်ပြီးအမောဖြေနေသည်။
"အဟင်းဟင်း"
အတင်းမျက်နှာပိုးပြန်သတ်ရင်းနွမ်းနယ်သွားသောရင်ဘက်သည်နိမ့်ချည်မြင့်ချည်ဖြစ်နေသည်။
ရေဘူးအဖုံးပြန်ပိတ်ရင်းလက်ရုံးရုပ်ကိုမော့ကြည့်မိပြီးပြုံးစိစိဖြစ်သွားပြန်သည်။
နူတ်ခမ်းကိုကိုက်ပြီးရယ်ကြောဖြတ်လိုက်ရသည်။
"ကဲ ပြော ဘာရယ်တာလဲ"
"နေအုန်း မောလို့ပါကွာ"
"မဖြေရင် $ခွက်ရိုက်မှာ"
"ရိုက်ရင်လဲငါမခံတာရှိလို့လား"
"မရိုက်ချင်ဘူး သိပဲသိချင်တာ"
"အဟမ်း ဒီလိုကွာ မင်းလိုကောင်ကအိမ်ထောင်သည်လို့ပြောလို့ရယ်ချင်လို့ပါ မင်းလိုနှာဘူးစားဘဲကြီးကများ မင်းကတောင်အိမ်ထောင်သည်တဲ့"
"ဘာမှလဲမရယ်ရဘူး ဒါလေးကိုဒီလောက်တောင်ရယ်ရလား စောက်ရူး ဘာမှလဲရယ်စရာမရှိ ကားတံခါးပွင့်ပေး ရယ်မနေနဲ့"
"ဟုတ်ကဲ့ အဟမ်း"
ဘာကိုဂျိုးအတွေးပေါက်သွားလဲတော့မသိ တစ်သက်နဲ့တစ်ကိုယ်ပထမဆုံးအကြိမ်သေလုအောင်ရယ်ခဲ့ရသည်။
*ဘာများလဲလို့ဘာမှလဲရယ်စရာမရှိ*
*သူကများသူ့ကိုယ်သူအိမ်ထောင်သည်တဲ့ မယားငယ်ဇာတ်လမ်းတွေလာတော့မှာကြိုတွေးမိေနပြီရယ်ချင်တယ်ကွာ တကယ့်လူရူပ်ကောင်*
.
.
လွန်ခဲ့သော7နှစ်ခန့်က
အသက်18အရွယ် အူတူတူရိုးအအ ကောင်လေးတယောက်။
ရွှေမန်းသူအေဝးေပြးကားနဲ့တခါမှမရောက်ဖူးတဲ့နာမည်သာကြားဖူးတဲ့ရန်ကုန်ဆိုတဲ့မြို့တော်ကြီးကိုအဖော်မပါ ကျောပိုးအိတ်အနွမ်းလေးတစ်လုံးပိုက်ပြီးအူလည်လည်နဲ့ရောက်လာခဲ့တဲ့ကလေးသာသာရှိသေးတဲ့ကောင်ငယ်လေးပေါ့။
လက်ထဲပိုက်ထားတဲ့ကျောပိုးအိတ်အနွမ်းလေးထဲမှာပါလာတဲ့နောက်ဆုံးထောက်ပံ့ငွေသုံးသောင်းနဲ့သ့ူရဲ့အဝတ်စားအဟောင်းနွမ်းလေးတွေ။
ကားပေါ်ကနေဆင်းပြီးပြီးချင်း ဘယ်ကိုသွားလို့ဘယ်ကိုလာရမယ်ဆိုတာလဲမသိဘဝကြီးကအရမ်းတွေလမ်းပျောက်ပြီးယောင်ချာချာနဲ့ခြေဦးတည့်ရာထွက်လာခဲ့သည်။
တဝီဝီဖြတ်မောင်းနေတဲ့ကားလမ်းမကြီးကို
ေတာသားေလးခမျာဖြတ်မကူးရဲပဲရပ်ကြည့်နေသည်။
ဖြတ်ကူးလိုက်လို့ကားအတိုက်ခံရရင် သေသွားမှာသူေကြာက်ေနသည်။
လမ်းတစ်ဖက်ခြမ်းကအသုပ်ဆိုင်မှာမြိန်ရေယှက်ရေစားနေတဲ့လူတွေကိုကြည့်ပြီးသူလဲစားချင်နေသည်။ ဗိုက်ဆာပြီး အရမ်းကိုစားချင်တာ။
ကားလမ်းလဲဖြတ်မကူးရဲဘူး။
"ဘာလုပ်တာလဲ ဒါကျွန်တော့်အိတ်ပါ လွှတ်"
"ကောင်လေး လွှတ်လိုက်စမ်း"
ထွေးပိုက်ထားတဲ့အိတ်လေးကိုအတင်းလာဆွဲတဲ့လူတစ်ယောက်။
"ဒါ ကျွန်တော့်ဟာ"
"ဟာကွာ"
အိတ်ကိုအတင်းဆွဲပြီးပြေးထွက်သွားတဲ့ထိုလူကိုကြည့်ပြီးအော်ငိုပစ်ချင်မိသည်။
ကျွန်တော့်ပိုက်ဆံသုံးသောင်းနဲ့ကျွန်တော့်အဝတ်စားတွေ။
ဒီနေရာမှာတင်ငတ်သေရတော့မယ့်အဖြစ်။
ဒီလိုကျဉ်းထဲကျပ်ထဲအခြေအနေမျိုးမှာမလုပ်မဖြစ်တာတွေလုပ်ကိုလုပ်မှရတယ်။
စိတ်ကတောင်ဘာမှန်းမသိလိုက်သော်လဲ လက်ကတော့လမ်းဘေးကအုတ်ခဲကျိုးကိုကောက်ယူပြီးထိုပြေးထွက်သွားတဲ့လူကိုချက်ချင်းတုန့်ပြန်လိုက်မိပါသည်။
"ခွပ်"ခနဲအသံနဲ့အတူထိုလူယိုင်လဲကျသွားပါတော့သည်။
ဘယ်လောက်တောင်အရှိန်ပါသွားလဲတော့မသိ ထိုလူခေါင်းအနောက်မှသွေးများတရဟောစီးကျလာပါတော့သည်။
"ကျွန်တော်တမင်လုပ်တာမဟုတ်ပါဘူး ခင်ဗျားကကျွန်တော့်အိတ်ကိုယူသွားတာကို မရည်ရွယ်ခဲ့ပါဘူး"
တုန်တုန်ရင်ရင်နဲ့နူတ်ဖျားလေးကတိုးတိုးလေးရေရွတ်မိနေသည်။
ဒီအခြေအနေမှာအိတ်ပြန်ယူဖို့လဲသတိမရနိုင်တော့။
"အဲ့တာ ဟိုကောင်လေးပစ်လိုက်တာ"
"အယ် လူကသာကလေးသာသာနဲ့ယုတ်မာလိုက်တာ"
"ဒီအရွယ်တောင်ဒီလောက် လုပ်ရဲကိုင်ရဲတာ ကြီးလာရင်တော့ထောင်ထဲကထွက်ရမာမဟုတ်ဘူး"
"တေလေဂျပိုးကောက်လေး"
"လက်သရမ်းလိုက်တာ!
သွေးအိုင်နေတဲ့လူကိုဝိုင်းဝန်းဆွဲထူကြပြီးထိုလူအုပ်ကြီးကမသတီတဲ့မျက်လုံးတွေနဲ့တစ်ယောက်တစ်မျိုးအပြစ်တင်နေကြတယ်။
*မဟုတ်ဘူးလေဗျာ ကျွန်တော်တမင်လုပ်တာမဟုတ်ဘူးလေသူကကျွန်တော့်ဆီကခိုးတာလေ*
အိတ်အလုယက်ခံရတုန်းကတော့တယောက်မှမမြင်ကြဘူးလား။
ကျွန်တော်ခံရတာကျမမြင်ပဲ လုပ်တာပဲမြင်ကြတယ်။
ဘာစကားတစ်ခွန်းမှပြောမထွက်ပဲတုန်တုန်ရင်ရင်ဖြင့်သာခေါင်းကိုဆွဲဖွနေမိသည်။
ထွက်ပြေးဖို့လဲကျွန်တော်မရဲ။
"ဟားဟား မိုက်တယ်ကွာ လက်ကတည့်နေရောကွာ ခပ်လှမ်းလှမ်းက ပြေးနေတာကိုပစ်တာတောင်ကွက်တိ"
လမ်းတစ်ဖက်ခြမ်းကရပ်ထားသောကားပေါ်တွင်ထိုကောင်လေးရဲ့လက်စကိုကြည့်ပြီးသဘောအကျကြီးကျသွားတဲ့လူတယောက်။
"ကိုမြတ် သဘောကျတယ်ပေါ့"
"အင်း လက်စပြင်းတယ်အရွယ်လေးကငယ်သလောက် အင်းး သူ့ကိုကျွေးမွေးရင်သခင့်အတွက်အသက်ပါပေးမယ့်သစ္စာရှိမယ့်ကောင်စားမျိုး ခေါ်လာခဲ့"
"ဟုတ်ကဲ့"
လူကဲခတ်ရာတွင်တဖက်ကမ်းခပ်ထူးချွန်တဲ့သူမလို့သူ့ရဲ့ပုံပန်းကြည့်လိုက်တာနဲ့သူ့အကျင့်ကိုဗေဒင်ဆရာလိုဟောပြောနိုင်သည်။
"ကောင်လေး ငါနဲ့လိုက်ခဲ့"
"ခင်ဗျာ"
တစ်ဖက်မှကားလမ်းကူးပြီးအပြေးလှမ်းလာတဲ့အနောက်တိုင်းဝတ်စုံနဲ့ဦးလေးကြီးတယောက်"
"မင်းလိုက်ကိုလိုက်ရမယ်"
ထိုလူကြီးကအမိန့်သံကြီးနဲ့ပြောပြီးလက်ကောက်ဝတ်ကိုဆောင့်ဆွဲပြီးတစ်ဖက်က ကားအမဲကြီးထဲကိုတွန်းပို့သည်။
ကားထဲကမြင်ကွင်းကြောင့်ခြေလက်တွေအေးစက်သွားသည် နဂိုထဲကလန့်နေတာပါပေါင်းပြီး။
ကားနောက်ခန်းတွင် အနောက်တိုင်းဝတ်စုံကိုကျနစွာဝတ်ထားပြီးခြေချိတ်ထိုင်နေသောဟိတ်ဟန်ကြီးနဲ့မာဖီးယားပံုစံနဲ့လူကြီးကိုအတော်ရှိန်သွားသည်။
"ကားထဲဝင်စမ်း ကောင်လေး"
ထိုဟိတ်ဟန်နဲ့အမျိုးသားရဲ့စကားကိုတော့အထွန့်မတက်ရဲ။
ခေါင်းမဖော်ရဲပဲကားထဲဝင်ထိုင်လိုက်ရသည်။
ထမင်းကိုအငမ်းမရစားရင်းထိုအမျိုးသားမေးတာကိုလဲပြန်ပြန်ဖြေပေးရသည်။
"မင်းအသက်ဘယ်လောက်လဲ"
"၁၈ပါခင်ဗျ"
"မင်းမိဘတွေမပါဘူးလား"
"မိဘမဲ့ပါ"
ဟင်းဖက်ကိုပါးစပ်ထဲသွပ်ထိုးထည့်နေတဲ့ကောင်လေးကို
"ဖြေးဖြေးစားစမ်း လူလိုစား မဝရင်ထပ်ေကျွးမယ် အငမ်းမရစားမနေနဲ့"
စားပွဲကိုလက်နဲ့ရိုက်ချပြီးမာန်မဲခံလိုက်ရတာကြောင့်တုန်ပါတုန်သွားသည်။
မနေ့ထဲကဘာမှမစားရသေးလို့အငမ်းမရထိုးထည့်နေမိတာပါဗျာ။
ထမင်းကိုဗိုက်ဝအောင်စားပြီးတော့မှ
"မင်းအကြောင်းအပြည့်စုံငါ့ကိုပြောပြ"
"ဒီလိုပါ..သားကစစ်ကိုင်းကနေလာခဲ့တာပါ ဆရာမေးခဲ့သလို ကျွန်တော်ကမိဘမဲ့ပါအဲ့တာကြောင့်ခရစ်ယာန်မိဘမဲ့ကျောင်း...မှာပဲနေလာခဲ့တာပါငယ်ငယ်လေးထဲက အခုကျွန်တော်တို့ကိုပျိုးထောင်ပေးတဲ့စစ္စတာကြီးကဆုံးပါးသွားပြီမလို့ ကျွန်တော့်ကိုဆက်မကျွေးမွေးပေးနိုင်ေတာ့လို့ပါ ကလေးက၃၀ယောက်ပဲရှိပါတယ် ကလေးအငယ်လေးတွေကိုတော့စောင့်ရှောက်ရေးဂေဟာတွေမှာအပ်နှံပေးပေမယ့်ကျွန်တော်ကအရွယ်ရောက်နေပြီမလို့ ကိုယ့်ဘဝကိုယ်ကျောင်းတော့ဆိုပြီးလက်မခံတော့လို့ဒီကိုဘဝအစပြုဖို့လာခဲ့တာပါခင်ဗျာ ကားလက်မှတ်နဲ့ထောက်ပံ့ကြေးသုံးသောင်းကိုတော့နောက်ဆုံးအနေနဲ့လက်ဆောင်ပေးခဲ့တာပါလူကြီးတွေက"
သားဖြစ်သွားလိုက်ကျွန်တော်ဖြစ်သွားလိုက်နဲ့ကလေးသာသာရှိသေးတဲ့ကောင်လေး။
"မင်းငါ့ဆီမှာအလုပ်လုပ်မလား သစ္စာရှိနေသ၍ထမင်းမငတ်စေရဘူး"
ထိုအမျိုးသားကသူ့လက်ကိုခါပြပြီး
"ထမင်းကျွေးတဲ့လက်ကိုပြန်မကိုက်ရင်အဆင်ပြေပြီ လက်ရုံးကိုမင်းအသက်နဲ့ရင်းပြီးကာကွယ်ရမယ်"
"လုပ်ပါ့မယ်"
မဆိုင်းမတွစဉ်းတောင်မစဉ်းစားပဲခေါင်းငြိမ့်လိုက်သည်။လက်ရုံးဆိုတာတောင်ဘယ်သူမှန်းမသိခဲ့ပဲ။
ထိုနေ့ကမှားများမှားသွားခဲ့သလား။
"ငါ့နာမည်က မြတ်..သု..ခ"
တစ်လုံးချင်းဖြေညှင်းစွာပြောသည်။
"ကျော်ဘုန်းပြည့်ပါ"
"အင်း မင်းနာမည်လှလှလေးအစား တခြားနာမည်ရှာထားပါ"
"ဗျာ ဟုတ်"
အလုပ်လုပ်ရမယ်လို့သာပြောခဲ့တာ။ဘာမှမယ်မယ်ရရမလုပ်ရ။ကောင်းကောင်းအိပ်ကောင်းကောင်းစားရသည်။
တခုတော့ရှိသည် သက်တော်စောင့်ဆိုတဲ့ဦးလေးကြီးကအသေလဲ training တွေပေးသည်။အရိုးကွဲမတတ်လေ့ကျင့်ခန်းတွေလုပ်ရသည်။
သက်တော်စောင့်ဟောင်း အသက်၄၅အရွယ်စိုးနိူင်ဆိုတဲ့ဦးလေးကြီးနဲ့ဒီအိမ်မှာနေစေရမည်ဟုဦးမြတ်သုခမှာခဲ့သေးသည်။
စရောက်ပြီးနောက်တစ်နေ့ထဲကလူကိုတိရစ္ဆာန်တစ်ကောင်အလားခွေယိုင်လဲမတတ်လေ့ကျင့်ခိုင်းသည်။
ချွေးတွေသွေးတွေနဲ့ရင်းထားခဲ့ရသည့်လေ့ကျင့်မူများဒဏ်ရာများသည်အချည်းနှီးတော့မဖြစ်ခဲ့။
ဂျိုးဆိုတဲ့ဒီကောင်ဖြစ်လာခဲ့သည်။
"၃၅ ၃၆ "
"မရ...တော့ဘူး ဆရာ"
ဒိုက်ထိုးနေရာမှကြမ်းပြင်ပေါ်မှာမှောက်ရက်ဖြစ်သွားတဲ့သူ့ကို
"အခါ၂၀၀လုပ်ရမှာလေ ၃၆ပဲရှိသေးတယ် ချက်ချင်းပြန်ထစမ်း ဟေ့ကောင်"
"ဆရာ မရတော့လို့ပါ"
မရဘူးဆိုရင်နဲ့ပြီးမသွားချက်ချင်းဂုတ်ကဆွဲထစေပြီးအခါ၂၀၀မပြည့်မချင်းဆွဲထပြီးလုပ်စေသည်။
"ဒါလားသက်တော်စောင့် မင်းဟာမင်းတောင်မကာကွယ်နိုင်ရင်သခင်လေးကိုဘယ်လိုကာကွယ်မှာတုန်း"
ဗိုက်ကိုအဆက်မပြတ်ထိုးလာသည့်လက်သီးချက်များကိုမကာရံနိုင်ပဲအဆက်မပြတ်အထိုးခံနေရသည်။
"အု အင့်"အသံတောင်မထွက်နိုင်ပဲမြေကြီးပေါ်ခွေယိုင်လဲကျသွားသည်။
"ဒီမှာ ဒီလိုလက်ကိုကာရတယ် ဒီအနေအထားနဲ့ဗိုက်ကိုချိန်ထားတဲ့လက်ကိုချူပ်ရမှာ"
ဆရာစိုးနိူင်ပြနေတာကိုကြည့်ပင်မကြည့်နိုင်ပဲ နာလွန်းလို့မျက်ရည်ကျနေမိသည်။
"တော်ပြီ ကျွန်တော်မလုပ်တော့ဘူး အလုပ်ထွက်ပြီ"
"မရတော့ဘူး မင်းလက်ခံပြီးပြီလေ"
ငါဘာလို့လက်ခံခဲ့မိတာလဲကွာ။ဒီငရဲခန်းလိုနေရာမှာငါသေတော့မယ်။
ထွက်ပြေးရင်လဲဒီမြို့ကြီးပြကြီးမှာမလုပ်တတ်မကိုင်တတ်နဲ့ငတ်ပြတ်တောင်းစားရမယ့်အတူတူ ကောင်းကောင်းကျွေးကောင်းကောင်းနေရတဲ့လေ့ကျင့်ရေးအချိန်ပဲငရဲကျသလိုနေရတဲ့ဒီနေရာမှာသာဆက်နေမိသည် ။
နောက်ပိုင်းမှာတော့ခံနိုင်ရည်ရှိလာခဲ့သည်။
ပြင်းထန်တဲ့လေ့ကျင့်မူတွေလဲမမူတော့။
ကျွန်တော်ရဲ့
ပိန်ညောင်ညောင်ခန္ဓာကိုယ်လေးကဒီလေ့ကျင့်ခန်းတွေကြောက့်ရင်အုပ်ကျယ်ကျယ်တွေထွက်လာခဲ့ပြီးခန္ဓာကိုယ်ကလဲအေတာ်တောင့်တင်းလာသည်။
ကိုယ့်ကိုကိုယ်ကလေးလို့သာထင်နေခဲ့မိတာကျွန်တော်သိလိုက်တာကကျွန်တော်အရွယ်ရောက်ပါပြီ။
အရွယ်ရောက်ပြီးသားယောကျာ်းတွေရှိရမယ့်အရာတွေအကုန်စုံလင်လာခဲ့ပြီ။
ဒီနှစ်ပိုင်းအတွင်းမှာတင်ကျွန်တော်ကြီးထွားလာခဲ့သည်။
ကျွန်တော့်ကိုဒီကိုခေါ်လာခဲ့တဲ့ဝန်ကြီးချုပ်ဆိုလား ဦးမြတ်သုခကတော့တခါမှပေါ်မလာတော့ဘူး။
ဒါပေမဲ့ကျွန်တော့်ရဲ့စားစရိတ်နေစရိတ်ကိုတော့မပြတ်ဦးစိုးနိူင်ဆီထောက်ပံ့ပေးပါသည်။
ဦးစိုးနိူင်အပြင်သွားနေတဲ့အချိန် တယောက်ထဲနေရပေမယ့်ထွက်ပြေးဖို့မကြိုးစားမိ။
အခုသဘောပေါက်လာခဲ့ပြီ။ကျွန်တော့်ကိုစိတ်ရောကိုယ်ပါကြံ့ခိုင်အောင်သူလေ့ကျင့်ပေးခဲ့တာကျေးဇူးတင်မိသည်။
ဦးမြတ်သုခကိုပိုကျေးဇူးတင်မိသည်။
သူနဲ့သာမတွေ့ခဲ့ရင် ဘဝပျက်နေရမှာ။
နေစရာလဲပေးပြီးထမင်းလဲကျွေးသည်။
အဝတ်စားလဲပေးသည်။
.
.
"မင်းထွားလာတာပဲ ငါ့ကောင်ကတကယ်တော်တာပဲ "
ဆရာစိုးနိူင်ကိုပြုံးပြပြီးပြောသည်။
"ဟုတ်"
"ပစ္စည်းတွေအကုန်စုံရဲ့လား ဒီကိုမင်းထပ်လာစရာမလိုတော့လို့တခါထဲအပြီးယူခဲ့"
"ဟုတ် စုံပါတယ် ဆရာမြတ်"
"ဒါဆို စိုးနိူင်ဒီကောင့်ကိုငါပြန်ခေါ်သွားတော့မယ် သူအလုပ်လုပ်ရတော့မယ်"
"ဟုတ်ပါပြီ ဆရာမြတ်"
ဂျိုးရှိရာသို့လှည့်ကြည့်ပြီး
"ကောင်လေး မင်းဆရာကိုနူတ်ဆက်လိုက်"
"ဆရာ ကျွန်တော်သွားတော့မယ် ကျွန်တော့်ကိုကြံ့ခိုင်သန်မာလာအောင်သင်ကြားပေးခဲ့လို့ကျေးဇူးတင်ပါတယ် ဆရာကြောင့်သာမဟုတ်ရင်ကျွန်တော်ကငပျော့တကောင်ဖြစ်နေမှာ"
"ငါ့ကိုကျေးဇူးမတင်ပါနဲ့ ဆရာမြတ်ကမင်းကျေးဇူးရှင်ပါ မမေ့ပါနဲ့ မင်းကိုမညာမတာေလ့ကျင့်ခိုင်းခဲ့တာခုေတာ့မင်းအတွက်မှန်းနားလည်ပြီမလား ဆရာမင်းကိုတခုမှာချင်တယ် သစ္စာစောင့်သိပါ သတ္တိရှိပါ လုံလောက်ပြီဒါဆို"
"ငါသွားတော့မယ် စိုးနိူင်"
"ဟုတ်ပြီဆရာမြတ် ဂရုစိုက်ပါ"
ကားခေါင်းခန်းကနေခြံဝန်းရှေ့မှာရပ်နေတဲ့ဆရာစိုးနိူင်ကိုလက်ပြနူတ်ဆက်ရင်း နှစ်နှစ်သံုးနှစ်လောက်အတူနေလာပြီးကိုယ့်အပေါ်ကောင်းတဲ့သူမလို့ရုတ်တရပ်ကြီးခွဲခွာနူတ်ဆက်ရလို့စိတ်ထဲတော့မကောင်း။
"စိတ်မကောင်းဖြစ်နေဝာာလား"
"ဟုတ် ဆရာစိုးနိူင်ကကျွန်တော်မရှိတော့ရင်တယောက်ထဲဖြစ်သွားမှာ"
"သူကမင်းမရောက်ခင်ထဲက တယောက်ထဲတသက်လုံးနေလာတဲ့ကောင်ပါအေးဆေး စိတ်ထဲမထားနေနဲ့ မင်းအခုဘယ်နှနှစ်လဲ"
"၂၁ပါ"
ဆရာမြတ်ကားစမောင်းပြီးထွက်ခဲ့သည်။
ကားမောင်းနေရင်း
"ဘယ်လိုပြောရမလဲ ငါ့သားကအတော်လေးတော့ဆိုးတယ် မာနကလဲအတော်ကြီးတယ်မင်းကသည်းခံရမယ် သူ့ကိုကာကွယ်ရမယ် သူကမင်းထက်ငယ်တယ် အခုမှ၁၉ပေါ့ မင်းကသူ့ရဲ့သက်တော်စောင့် သူကရန်များတယ် ဒါကြောင့်ပဲငါမင်းကိုလူယုံမွေးခဲ့တာ"
"ဟုတ်ကဲ့"
တစ်နေရာမှာအခြေတကျဖြစ်နေကာမှ အခုကျတော့ဆရာမြတ်ရဲ့အိမ်ဆိုတဲ့နေရာအသစ်ကိုပြောင်းရွှေ့ရပြန်ပြီ။
ဘယ်လိုတွေကြုံရအုန်းမလဲတော့မသိဘူး။
အဲ့ဒီနောက်ပိုင်းစပြီးတော့ ဘယ်နေရာကိုမှသံယောစဉ်မတွယ်မိအောင်ဘယ်သူ့ကိုမှသံယောစဉ်မတွယ်အောင်လူတွေနဲ့ဝေးဝေးနေရမည်။
ဘဝမှာပထမဆုံးနားခိုရာအိမ်ကနေနှင်ခံခဲ့ရတယ်။အခုနိဗ္ဗာန်ဘုံလေးလို့ထင်ခဲ့တဲ့နေရာကိုလဲစွန့်ခွာခဲ့ရပြန်ပြီ။ဘာတစ်ခုမှမတည်မြဲတာကိုနားလည်လာခဲ့ပြီ။
သေရင်မြေကြီးရှင်ရင်ရွှေထီးပဲ ဒီသေမထူးနေမထူးဘဝမှာကိုယ်အသက်ရှင်ဖို့ဘာမဆိုလုပ်ပြီးရှင်သန်ဖို့အဆင်သင့်ပဲ... သေရဲတယ်၊သတ်ရဲတယ် ။
နန်းတော်ကြီးအလားခမ်းနားကြီးကျယ်တဲ့စံအိမ်ကြီးရဲ့အရှေ့က ဆင်နှာမောင်းကေနရေတေွပန်းထွက်နေတဲ့ပုံစံနှင့်ရေပန်းကြီးကိုငေးကြည့်နေမိသည်။
"ကောင်လေး ဝင်ကြမယ်လေ"
"ဗျာ ဟုတ်"
ထိုအခါမှကယောင်ကတန်းပြန်ဖြေမိသည်။
တလက်လက်တောက်နေတဲ့အိမ်ရဲ့အတွင်းအပြင်ဆင်ကြောင့်ခြေမရဲဖြစ်သွားသည်။
"ဟိုဟာလေ ဖိနပ်ချွတ်ဝင်ရမလား"
ဆရာမြတ်ပြုံးသွားပြီး အပေါက်ဝမှာရပ်နေတဲ့အိမ်စေတယောက်ကို
"သူစီးစရာဖိနပ်တရံယူခဲ့ပေး"
ထိုအိမ်စေယူလာပေးသော ကွင်းထိုးအိမ်စီးဖိနပ်ကိုခြေထိုးစွတ်ပြီးမရဲတရဲဝင်လာခဲ့သည်။
ခမ်းနားလှသောအသုံးဆောင်အပြင်ဆင်များကိုတအံ့တဩငေးနေမိသည်။
လှလိုက်တဲ့မီးဆိုင်းကြီးတွေ။
ဧည့်ခန်းထဲမှာစကားအခြေတင်ဖြစ်နေကြတဲ့အမျိုးသမီးတယောက်ရယ်မျက်နှာစူပုတ်ပုတ်နဲ့ယောကျာ်းလေးတယောက်။
"ကလေး မင်းdaddyပြန်လာပြီ"
ကလေးတို့ဒယ်ဒီတို့ဆိုလို့သူ့သားကိုပြောနေတယ်ထင်တာမဟုတ်ဘူး။
ထိုအမျိုးသမီးကိုပြောနေခြင်းဖြစ်သည်။
"ကျွန်တော်မကြိုက်ဘူးနော်"
သူတို့ဘာကိစ္စကိုပြောနေတာလဲတော့မသိ ထိုလက်ရုံးဆိုတဲ့ကောင်လေးလို့ထင်တဲ့တယောက်ကစိတ်ဆိုးနေသည်။
"ထိုင်ကောင်လေး"
ဆရာမြတ်ကျွန်တော့်ကိုပြောတော့ကြမ်းပြင်မှာဒူးထောက်ထိုင်ချလိုက်သည်။
ဆရာမြတ်နဲ့သူ့အမျိုးသမီးကတသောသောသဘောကျရယ်မောပြီး
"ဆိုဖာပေါ်မှာလာထိုင်ပါ သား"
"ဟုတ်ဟုတ် အန်တီ"
"လက်ရုံး ဒယ်ဒီပြောမယ် သူကမင်းရဲ့သက်တော်စောင့် မင်းသွားမယ့်ခြေလှမ်းတိုင်းကိုသူလိုက်မယ် သူမင်းကိုကာကွယ်မယ်"
"ဟုတ်တယ် လုပ်ကြပါ လန်ဒန်မှာကျောင်းတက်ချင်တာလဲစိတ်မချဘူးတဲ့ ဒီကတက္ကသိုလ်လေးစတက်ရမှာကိုတောင် ကျစ် ဘယ်ကကောင်မှန်းမသိစုတ်စုတ်ပြတ်ပြတ်နဲ့ကောင်ကိုဘယ်သွားသွားခေါ်သွားရအုန်းမှာတဲ့ How!
Shameful huh...!
"လက်ရုံးမရိုင်းနဲ့"
ဆရာမြတ်အသံကဒေါသသံပါလာသည်။
"မင်းကစိတ်ချအောင်မနေလို့ စိတ်မချတာလေ နူတ်ဆက်လိုက်စမ်း သူ့ကို"
လက်ရုံးမျက်လုံးကိုဝေ့ကြည့်ပြီး စိတ်မပါတဲ့လေသံနှင့်
"What's up လက်ရုံးသုခငါက"
"ငါကဂျိုးပါ"
"အဲ့တာငါက ကပြရမှာလား"
"ဗျာ
လက်ဆွဲနူတ်ဆက်ဖို့ကမ်းပေးတဲ့လက်ကို ရွံရှာသလိုလိုနဲ့လက်ရုံးအော့အန်တဲ့ပုံလုပ်သည်။
"သူဒီနေ့ကစပြီးဒီမှာနေတော့မှာ သူ့ကိုပါဝါပြတာတွေငါမကြားချင်ဘူး သားရုံး"
"ဒီကောင့်ဆီကဘယ်လို bacteriaေတွရှိမလဲမသိဘူး How disgusting?
ဆိုပြီးဆောင့်အောင့်ပြီးလှေကားပေါ်တက်သွားသည်။
တချက်တချက်ဘိုလိုတွေမူတ်မူတ်ပြီးသူပြောသည်။ဘာမှနားမလည်ပေမယ့်ကိုယ့်ကိုမသတီတဲ့ပုံစံရှိမှန်းတော့သိတာပေါ့။
ထိုကောင်လေးကအင်ဂျင်နီယာတက္ကသိုလ်ဆိုလားဒီတစ်ပတ်အတွင်းစတက်ရတော့မှာတဲ့။
Civilဆိုလားဘာလားပဲ။
6နှစ်တက်ပြီးအင်ဂျင်နီယာဖြစ်မှာဆိုပဲ။
သူကလန်ဒန်မှာသူ့ဒယ်ဒီလိုကျောင်းသွားတက်ချင်တာကိုအိမ်ကလက်မခံလို့ဒီမှာပဲကျောင်းဆက်တက်ရတာတဲ့။
ထိုကောင်လေးရဲ့ဖြူဖွေးနုဖတ်နေတဲ့အသားရေလေးကိုကြည့်ပြီး ကိုယ်ရဲ့ညိုတိုတိုအသားရောင်လေးကြောင့်သိမ်ငယ်မိသွားသည်။
ကြွေရုပ်ကလေးအသက်ဝင်နေသည့်အလား။
ရုပ်ရည်ကလဲ ကိုရီးယားမင်းသားတယောက်လိုရုပ်ရည်မျိုးဖြစ်ပြီး အတော်ချောသည်။
မျက်ခံုးတွေကဖွေးဥနေတဲ့အသားပေါ်မှာထင်းနေရော။
ငါမင်းကိုစတွေ့တဲ့နေ့ထဲကအရူံးပေးပြီးသားပါလက်ရုံးရာ...။မင်းကိုငါဘယ်လိုမှမယှဉ်နိုင်မှန်းသိပါတယ်။မင်းကငါ့ထက်အစစအရာရာသာပါတယ်။
#ParadiseKhin
အသက်၁၈နှစ်အရွယ်အူတူတူလေးဂျိုးပုံစံကိုစဉ်းစားမိရင်းချစ်လိုက်တာ။
သနားဖို့ကောင်းလိုက်တာ ငါ့သားလေးဂျိုးရယ်။
Zawgyi
"ကိုႀကီးလက္႐ုံး"
ပုခုံးေပၚေရာက္လာတဲ့လက္ရဲ႕အထိေတြ႕ေၾကာင့္အေနာက္လွည့္ၾကည့္လိုက္ေတာ့
Fresher welcomeမွာစေတြ႕တဲ့Civil ကQueenခ်ာတိတ္မေလး။
"ဪ ေမျမတ္မိုး"
"ထိုင္မယ္ေနာ္ ကိုႀကီးလက္႐ုံး"
ခုံႏွစ္လုံးပဲ႐ွိတဲ့စားပြဲမွာသူကဝင္ထိုင္မယ္ဆိုေတာ့တျခားစားပြဲေတြမွာလဲဖင္ထိုင္ခုံအလြတ္ကမ႐ွိေတာ့ဂ်ိဳးကေနရင္းထိုင္ရင္းမတ္တပ္ရပ္ေနလိုက္ရၿပီ။
*ဘယ္လိုဟာလဲကြ အလိုက္ကန္းဆိုးမသိလိုက္တာ*
ဂ်ိဳးစိတ္ထဲမွာခပ္ခ်ဥ္ခ်ဥ္ေတြးမိသြားသည္။
ဘယ္ႏွယ့္ အားမနား႐ွာမက်ိဳးတကူးတကေတာင္ထရပ္ေနေပးရေသးသည္။
"ကိုႀကီးကိုေက်ာင္းမွာမေတြ႕ရတာ တစ္ပတ္ေတာင္႐ွိၿပီ ဒီေန႔မွကန္တင္းမွာထိုင္ေနတာ
ကိုႀကီးမ်ားျဖစ္ေနမလားလို႔ တကယ္ကိုႀကီးျဖစ္ေနတာ ကိုအတန္းမတက္တာတစ္ပတ္ေတာင္႐ွိၿပီ"
"အင္း ကိုႀကီး ကိစၥေလးေတြ႐ွိေနလို႔ေလ"
"ဘာကိစၥေတြလဲ"
"ဒီလိုပဲအေရးႀကီးလို႔ပါ သြားေတာ့မယ္"
"ဟယ္ ေျပာစရာ႐ွိ..႐ွိ
လွည့္ထြက္သြားေသာလက္႐ုံးရဲ႕ေက်ာျပင္ကိုသာအူလည္လည္နဲ႔ေငးၾကည့္ေနမိသည္။
"အဲ့ေစာ္ေလး မင္းကိုႀကိတ္ေႂကြေနတာ"
မ်က္လုံးတစ္ဖက္မွိတ္ျပရင္းဂ်ိဳးရဲ႕႐ႊတ္ေနာက္ေနာက္ဆိုလာတဲ့စကားသံ။
"ငါသိသားပဲ"
"မႀကိဳက္ဘူးလားသူ႕ကို"
"အားး အ"
ဗိုက္ကိုထိုးသြင္းလာတဲ့လက္သီးခ်က္ေၾကာင့္ဂ်ိဳးဗိုက္ကိုကိုင္ၿပီးၿငီးမိသည္။
"နာတယ္ကြ ငါ...အင္း"
"ဆဲၾကည့္ေလ ဆဲၾကည့္လိုက္စမ္း"
ဆဲမလို႔ငါဟုအစခ်ီလိုက္တာနဲ႔မ်က္ႏွာကိုလက္ဝါးနဲ႔႐ြယ္လိုက္ေသာေၾကာင့္ငါနဲ႔ရပ္သြားရသည္။
သူမ်ားကိုသာမိုးမျမင္ေလမျမင္ဆဲတာသူ႕ကိုဆဲရင္ေတာ့ေသေအာင္မႀကိဳက္။
"နာတာကိုကြ မင္းခံၾကည့္ပါလား"
"ေအး မင္း ဘာလို႔မဟုတ္တာေတြေျပာတာလဲ"
နားနားကပ္ၿပီးေက်ာင္းဝန္းထဲကလူေတြမၾကားေအာင္လို႔ခပ္ႀကိတ္ႀကိတ္ေလသံႏွင့္
"မင္း႐ူးေနလားကြ အခုငါကအရင္လိုမဟုတ္ေတာ့ဘူး ငါကအခုအိမ္ေထာင္သည္ျဖစ္ေနၿပီကြ ကာေမသုမိစၧာစာရကံေစာင့္ထိန္းရမယ္ကြ"
သူ႕ရဲ႕စကားကိုနားေထာင္ၿပီးဂ်ိဳး ပိုးစိုးပက္စက္ကိုလူၾကားသူၾကားလဲရယ္ပါေတာ့သည္။
"ဘာ...ဘာျဖစ္တယ္ မင္းကအိမ္ေထာင္သည္ ဟားးဟားးဟားး"
"Xီးတိုးတိုးေျပာကြ သူမ်ားေတြၾကားကုန္ေတာ့မွာပဲ ေစာက္ေတာသား "
"အမေလးး ဟားးဟားးဟားး"
လမ္းေလွ်ာက္ေနတာကေနေတာင္ရပ္ၿပီးေတြ႕ကရာခံဳတန္းလ်ားမွာထုိင္က်သြားၿပီးခြက္ထိုးခြက္လန္မ်က္ရည္ပါထြက္ေအာင္
လက္ခုပ္လက္ဝါးတီးၿပီးေအာ္ဟစ္ရယ္ေနေသာဂ်ိဳးကိုၾကည့္ကာသူဘာမွားသြားမွန္းနားမလည္။
ဟန္ေဆာင္လုပ္ရယ္ၿပီးေလွာင္ေျပာင္တဲ့သေဘာေဆာင္ေနတာမ်ိဳးမဟုတ္ပဲအေတာ္သေဘာက်ၿပီးလက္ခုပ္လက္ဝါးတီးရယ္ေနသည္။
"ဘာရယ္တာလဲလို႔"
ေမးတာေတာင္ျပန္မေျဖႏိုင္ပဲအူေခြ႕ေနေသာဂ်ိဳး။
ဒီေကာင္ဒီလိုရယ္ေမာေနတာတခါမွမေတြ႕ဘူး။
တလေနမွတခါေတာင္ျပဳံးခ်င္မွျပဳံးတဲ့ေကာင္ကအခုက်ေတာ့လဲသူမဟုတ္သလို အူတက္ေအာင္ရယ္ေနသည္။
အၿမဲတမ္းမ်က္ႏွာေသႀကီးအစားဒီလိုမ်က္ႏွာအေျပာင္းအလဲေလးျမင္ရေတာ့လဲမဆိုးပါဘူး။
သူရယ္ေနတာၾကည့္ၿပီးကိုယ္ေတာင္လိုက္ျပဳံးမိသည္။
"ေဟ်ာင့္ ေတာ္ေတာ့ကြ လူေတြၾကည့္ေနၿပီ မ႐ွက္ဘူးလား ေတာသား"
"ငါေတာ္မယ္ ငါေတာ္မယ္ ဟားးအဟက္ဟက္"
မ်က္ရည္ေတြကိုလက္နဲ႔သုတ္ရင္း အေသလဲရယ္လိုက္၍ဖတ္ဖတ္ေမာသြားၿပီးေရေသာက္ၿပီးအေမာေျဖေနသည္။
"အဟင္းဟင္း"
အတင္းမ်က္ႏွာပိုးျပန္သတ္ရင္းႏြမ္းနယ္သြားေသာရင္ဘက္သည္နိမ့္ခ်ည္ျမင့္ခ်ည္ျဖစ္ေနသည္။
ေရဘူးအဖုံးျပန္ပိတ္ရင္းလက္႐ုံး႐ုပ္ကိုေမာ့ၾကည့္မိၿပီးျပဳံးစိစိျဖစ္သြားျပန္သည္။
ႏူတ္ခမ္းကိုကိုက္ၿပီးရယ္ေၾကာျဖတ္လိုက္ရသည္။
"ကဲ ေျပာ ဘာရယ္တာလဲ"
"ေနအုန္း ေမာလို႔ပါကြာ"
"မေျဖရင္ $ခြက္႐ိုက္မွာ"
"႐ိုက္ရင္လဲငါမခံတာ႐ွိလို႔လား"
"မ႐ိုက္ခ်င္ဘူး သိပဲသိခ်င္တာ"
"အဟမ္း ဒီလိုကြာ မင္းလိုေကာင္ကအိမ္ေထာင္သည္လို႔ေျပာလို႔ရယ္ခ်င္လို႔ပါ မင္းလိုႏွာဘူးစားဘဲႀကီးကမ်ား မင္းကေတာင္အိမ္ေထာင္သည္တဲ့"
"ဘာမွလဲမရယ္ရဘူး ဒါေလးကိုဒီေလာက္ေတာင္ရယ္ရလား ေစာက္႐ူး ဘာမွလဲရယ္စရာမ႐ွိ ကားတံခါးပြင့္ေပး ရယ္မေနနဲ႔"
"ဟုတ္ကဲ့ အဟမ္း"
ဘာကိုဂ်ိဳးအေတြးေပါက္သြားလဲေတာ့မသိ တစ္သက္နဲ႔တစ္ကိုယ္ပထမဆုံးအႀကိမ္ေသလုေအာင္ရယ္ခဲ့ရသည္။
*ဘာမ်ားလဲလို႔ဘာမွလဲရယ္စရာမ႐ွိ*
*သူကမ်ားသူ႕ကိုယ္သူအိမ္ေထာင္သည္တဲ့ မယားငယ္ဇာတ္လမ္းေတြလာေတာ့မွာႀကိဳေတြးမိေနၿပီရယ္ခ်င္တယ္ကြာ တကယ့္လူ႐ူပ္ေကာင္*
.
.
လြန္ခဲ့ေသာ7ႏွစ္ခန္႔က
အသက္18အ႐ြယ္ အူတူတူ႐ိုးအအ ေကာင္ေလးတေယာက္။
ေ႐ႊမန္းသူအေဝးေျပးကားနဲ႔တခါမွမေရာက္ဖူးတဲ့နာမည္သာၾကားဖူးတဲ့ရန္ကုန္ဆိုတဲ့ၿမိဳ႕ေတာ္ႀကီးကိုအေဖာ္မပါ ေက်ာပိုးအိတ္အႏြမ္းေလးတစ္လုံးပိုက္ၿပီးအူလည္လည္နဲ႔ေရာက္လာခဲ့တဲ့ကေလးသာသာ႐ွိေသးတဲ့ေကာင္ငယ္ေလးေပါ့။
လက္ထဲပိုက္ထားတဲ့ေက်ာပိုးအိတ္အႏြမ္းေလးထဲမွာပါလာတဲ့ေနာက္ဆုံးေထာက္ပံ့ေငြသုံးေသာင္းနဲ႔သ့ဴရဲ႕အဝတ္စားအေဟာင္းႏြမ္းေလးေတြ။
ကားေပၚကေနဆင္းၿပီးၿပီးခ်င္း ဘယ္ကိုသြားလို႔ဘယ္ကိုလာရမယ္ဆိုတာလဲမသိဘဝႀကီးကအရမ္းေတြလမ္းေပ်ာက္ၿပီးေယာင္ခ်ာခ်ာနဲ႔ေျခဦးတည့္ရာထြက္လာခဲ့သည္။
တဝီဝီျဖတ္ေမာင္းေနတဲ့ကားလမ္းမႀကီးကို
ေတာသားေလးခမ်ာျဖတ္မကူးရဲပဲရပ္ၾကည့္ေနသည္။
ျဖတ္ကူးလိုက္လို႔ကားအတိုက္ခံရရင္ ေသသြားမွာသူေၾကာက္ေနသည္။
လမ္းတစ္ဖက္ျခမ္းကအသုပ္ဆိုင္မွာၿမိန္ေရယွက္ေရစားေနတဲ့လူေတြကိုၾကည့္ၿပီးသူလဲစားခ်င္ေနသည္။ ဗိုက္ဆာၿပီး အရမ္းကိုစားခ်င္တာ။
ကားလမ္းလဲျဖတ္မကူးရဲဘူး။
Advertisement
- In Serial40 Chapters
Tidal Lock
Humanity has finally taken the next step into space. Governments run research stations throughout the solar system while private enterprises mine asteroids for rare metals and exotic minerals. However, space remains beyond the reach of the everyday person. In contrast, virtual reality technology has led to an explosion of full immersion entertainment for the average consumer, and many people turned to VR for the thrill of spaceflight.One game, Parallax Gate, lets its players experience living in an interstellar civilization. For maximum realism, its developers created a world solely defined by the players' personal skills and ability.Mark Asami, a student of aerospace engineering at MIT, dreams of bringing spaceflight to the masses. To his disappointment, his first year courses barely relate to his interests, so he passes time as Aero Rayne in Parallax Gate with his roommate and their organization, the Temple Wraiths. Before they realized, a chain of in-game events drew them deeper into the game's world and politics than they ever intended to go.
8 146 - In Serial35 Chapters
Prism - Seekers of Solace (A LitRPG Saga)
The Virtual Revolution is in full swing and empty streets dot the landscape, vestiges of a foregone era. Seeking to escape the harshness of the outside world, humanity has turned to VR. And the unlucky few unable to enter this virtual realm must make do however they can.But Prism, the most advanced VRMMORPG, promises to change all that: countless possibilities, no restrictions, and cutting edge tech that allows even those afflicted by VR Sickness to full-dive into its world.Join Ryan and those around him as they try to find a place to call their own within a game that turns out to be so much more. A game that seems to recoil at the players' mere arrival.Author's Note: The story starts out slower, but the pace does pick up eventually. This is a rewrite of my first and only story & I hope to do it justice. The story follows the journey of a group of young men and women as they begin playing Prism. Fair warning, once we move past the initial arc, there will be POV changes as I move from one party member to another or, occasionally, to the viewpoint of some minor characters.Any feedback or suggestions that you might have are more than welcome!Release Schedule: New chapter every Sunday.Cover Art by: Tsuu ([email protected])Prism's Discord Server.
8 233 - In Serial11 Chapters
The Pinocchio Update
In 2206 the world has evolved. Megacorps rule entire sections of the economy, their dictates commanding governments. The most potent is Cidel Robotics, producers of high end AI and androids. When an update changes everything how will the world respond? How can one companion android navigate this new world? This will include NFSW scenes, they will be marked in their chapters for those who wish to avoid them. On hiatus.
8 106 - In Serial24 Chapters
Set It Off Fanfic
(Warning) i do not know them personally so sorry if i get something wrong.
8 121 - In Serial24 Chapters
His Unexpected Marriage
What happens when two opposites wake up to discover they're married?Kaycee has always tried to be the perfect daughter, sister and girlfriend. But her life falls apart when her stepsister steals her boyfriend and she realises she's never been able to compete.Jake has always been the ultimate playboy and has never obeyed a rule in his life but when his father sets him an ultimatum he knows he has to change his ways.It all changes when they wake up married!
8 206 - In Serial14 Chapters
NCIS:LA Season 7 (Densi)
From The 7th Season Of The Hit Crime Drama In The US Re-Inmagen Every Episode From The Season With Heart-Beating Moments, Jaw Dropping Moments & Emotional Ones Which You May Need Your Tissues For.......This Continues From Moscow 3 Months Back
8 246

