《Devil Husband》16
Advertisement
"ဟင့်အင်း ဟင့်အင်း ခြယ်လက်မထပ်ချင်ဘူး ခြယ်သူ့ကိုအရမ်းမုန်းတယ် ခြယ်သူ့ကိုတစက်မှမချစ်ဘူး သူနဲ့ကွာရှင်းခွင့်ပေးပါ မင်္ဂလာမဆောင်နိုင်ဘူး"
ဧည့်ခန်းထဲမှာရှိနေတဲ့လူတိုင်းရဲ့မျက်နှာတွေအပြံုးေပျာ်ေတွေပျာက်ဆံုးကာပြိုတော့မယ့်မိုးအသွင်ဖြစ်သွားကြသည်။
လက်ရုံးကတော့အဆိုးဆုံး၊ပါးချိုင့်လေးနှစ်ဖက်ခွက်နေအောင်ပြုံးပျော်နေရာမှချက်ချင်းမျက်နှာလေးညိုးကျသွားပြီးခြယ့်ကိုသာတွေတွေကြီးစိုက်ကြည့်နေသည်။သူဘာစကားတစ်ခွန်းမှထွက်မလာ။
"လုံးဝလက်မထပ်နိုင်ဘူး ကွာရှင်းခွင့်ပေးပါ"
"သားရုံး သူဘာတွေပြောနေတာလဲ သူ သူက.."
"မဟုတ်ဘူး မာမီ ပြီးမှကျွန်တော်အကုန်ရှင်းပြပါ့မယ် မြခြယ်ကိုယ်နဲ့ခဏလိုက်ခဲ့"
သူ့မာမီအံ့ဩသွားဟန်နှင့်မေးသည့်စကားကိုလက်ရုံးရှင်းပြဖို့စကားလံုးရှာမရ။ခြယ့်လက်ကိုဆွဲပြီးအပေါ်ထပ်ရှိသူ့အခန်းရှိရာသို့လက်ဆွဲခေါ်ချသွားသည်။
"မင်းကငါ့မိဘတွေရှေ့မှာတောင်ငါ့ကိုအရှက်ခွဲမှဖြစ်မှာလား ငါတို့အဆင်ပြေသွားပြီလို့ထင်ခဲ့တာ ငါတို့နားလည်မူရသွားပြီမဟုတ်ဘူးလား"
"ဘာကိုနားလည်မူလဲ ရှင့်ဆန္ဒအတိုင်းအတူ ကျစ်..ပြောရင်လဲရိုင်းကုန်တော့မယ် အဲ့လိုsexလုပ်လိုက်တာနဲ့နားလည်မူရရောလား"
"ငါ့နဲ့မင်္ဂလာဆောင်မလား မဟုတ်ဘူး ဆောင်ကိုဆောင်ရမယ်"
လက်ရုံးမျက်ခုံးနှစ်ဖက်ကွေးညွှတ်နေပြီးဒေါသရောဝမ်းနည်းမူကြောင့်ရောနူတ်ခမ်းသားကတဆတ်ဆတ်တုန်နေသည်။
ဟိန်းထွက်လာသောဒေါသနှင့်အော်သံကအသံလုံခန်းထဲမှာဖြစ်နေလို့တော်သေးသည်။
သူတို့နှစ်ဦးမှအပဘယ်သူမှမကြား။
"ဘာဖြစ်လို့လဲ ဘာဖြစ်လို့လဲ လက်ရုံးသုခရယ်
ဘာလို့ကျွန်မကိုမှရှင့်အနားခေါ်ထားပြီးစိတ်ဒုက္ခပေးချင်နေရတာလဲ ကျွန်မကိုလွတ်လပ်ခွင့်ပေးပါတော့ ဘာလို့လဲ ပြော"
လက်ရုံးဘာမှပြန်မဖြေ နူတ်ဆိတ်နေသည်။
ခြယ့်အသံလဲဒေါသကြောင့်ကျယ်လာသည်။
"..."
*မင်းကိုချစ်လွန်းလို့ပေါ့ ငတုံးမလေးရယ်*
"ဖြေလေ ဖြေလေ ဖြေလို့ ဘာလို့ကျွန်မကိုမှရှင်မိန်းမလုပ်စေချင်နေတာလဲလို့ ကျွန်မကိုဒီလောက်မုန်းရင်လဲတခြားနည်းနဲ့ ဒုက္ခပေးပါလားလူယုတ်မာရဲ့"
"ဟုတ်တယ် မင်းကို မုန်းလို့ မင်းကိုအင်မတန်မုန်းလွန်းလို့ ငါ ငါ့လိုကောင်ရဲ့ဒဏ်တွေကိုတသက်လုံးခံစေချင်လို့ ဟုတ်ပြီလား တသက်လုံးမင်းသေလောက်အောင်မုန်းတဲ့ငါနဲ့နေပြီး ငါပေးတဲ့စိတ်ဒုက္ခတွေစေချင်လို့ ငါပေးမယ့်ဒုက္ခတွေခံဖို့အသင့်ပြင်ထားလိုက်"
"ကျွန်မရှင်နဲ့အတူနေမယ့်အစားသေပစ်လိုက်မှာ"
လက်ရုံးဟင်းခနဲတစ်ချက်ရယ်ကာ ကုတင်ပေါ်တွင်ေခြချိတ်ထိုင်ချလိုက်သည်။
"တယောက်ထဲမသေခိုင်းဘူးနော် နိုး နိုး
ဟော့ဒီကောင်ရဲ့ချစ်ဇနီးလေး တမလွန်မှာေဖေဖ့ေကျးဇူးဆပ်နိုင်ဖုိ့အတွက် ယောက္ခမကြီးကိုပါအဖော်ထည့်ပေးလိုက်ပါ့မယ်ဗျားးဟောဒီကရွှေသမက်ငွေသမက်လေးက"
"ရှင် ရှင် ကျွန်မအဖေကိုဘာလုပ်မလို့လဲ လုပ်ရဲလုပ်ကြည့်လိုက်စမ်း ရှင်ဘာလုပ်မလို့လဲ ရှင့်ကိုကျွန်မသတ်မာ"
"ကဲ...ဘယ်လိုလဲဆိုတော့က မင်းကိုငါဖမ်းချုပ်ထားတဲ့တကာလလုံးမင်းအဖေရဲ့ဆေးကုသမူဘာညာသရကာကိုဘယ်သူတာဝန်ယူပေးထားတယ်ထင်နေလဲ မင်းလင်လေ မင်းလင်ငါ"
ခြယ်ဇောချွေးပါပြန်ပြီးလက်ဖျားတွေတောင်တုန်ရင်သွားသည်။
ကိုယ့်ကိုဘယ်လိုလုပ်လုပ်သည်းခံပေးခဲ့တာပဲလေ ဘယ်လိုဖြစ်လို့အဖေအထိတောင်လဲ။
"မင်းအဖေကိုငါ တကယ့်ဝါရင့်သမာရင့်ဒေါက်တာကြီးနဲ့တောင်ဆေးကုပေးနေတာနော် ကျေးဇူးကန်းချင်တာလား"
"ကျွန်မကိုရှင်လုပ်ချင်တာလုပ်ပါ တောင်းပန်ပါတယ် အဖေ့ကိုတော့မထိပါနဲ့ ကျွန်မကိုကြိုက်တာလုပ်"
"အခုထိတော့ဘာမှမလုပ်ရသေးပါဘူး အကယ်၍များ မင်းငါနဲ့မင်္ဂလာမဆောင်ရင် အဲ့ဒေါက်တာကိုငါတချက်အမိန့်ပေးရံုနဲ့ မင်းအဖေကို ကျစ်..မင်းလိုနလပိန်းတုံးနားလည်လွယ်အောင်ပြောရရင်သေဆေးထိုးခိုင်းလိုက်မှာဟေ့ အကြောတွေဆိုင်းပြီးသုံးမိနစ်အတွင်းဦးနှောက်လူပ်ရှားမူရပ်သွားအောင်လုပ်မာ တခါထဲအနိစ္စသဘောနဲ့ကိစ္စချောသွားအောင်"
ခြယ်တွေဝေနေသည်။သူ့လိုလူကအဖေ့ကိုဘာကြောင့်ဆေးကုပေးရမှာလဲ။သူလိမ်နေတာလား။သူ့နောက်ဆုံးဖဲချပ်ကအဖေ့ကိုခုထုံးလုပ်ပြီးအကြပ်ကိုင်ဖို့ကိုး။အဖေ့ကိုဘယ်နည်းနဲ့မှအဆုံးရူံးမခံနိုင်။လက်ရုံးသုခယုတ်မာတယ်ဆိုတာသူသိပေမယ့် လူသတ်ဖို့ခိုင်းစေရဲမယ့်အထိလို့တော့မထင်ခဲ့။
"ကျွန်မအဖေကဘယ်မှာလဲအဲ့တာဆို ရှင်ဖမ်းထားတာလား ဆေးရုံမှာလား အင့်ဟင့် လူယုတ်မာအောက်တန်းကျလိုက်တာ အဖေဘယ်မှာလဲ"
"သူ့အိမ်မှာသူရှိတယ်လို့ "
"ကျွန်မအဖေကိုထိရဲထိကြည့် အားး ဟင့်ဟင့်"
လက်ရုံးပြုံးပြီးလက်ညိုးကလက်စွပ်ကိုလှည့်ဆော့ရင်း
"အေး ငါနဲ့မင်္ဂလာမဆောင်ရင်တော့တကယ်ငါပြောသလိုလုပ်မှာ ငါဘယ်လောက်ယုတ်မာလဲဆိုတာမင်းလင်အကြောင်းမင်းသိမှာပါ ပြောတဲ့အတိုင်းမလုပ်ရင်လက်ရုံးသုခမဟုတ်ဘူး"
"ဆောင်မယ် ဆောင်မယ် ဟုတ်ပြီလား
ဖေXိုးမသားကြီးရဲ့ ငါXိုးမသားကြီး အောက်တန်းစားကောင်"
"အောက်တန်းစားကမင်းကွ ငါ့အောက်ကေနပဲငြီးနေရတာလေ အဟက်"
*ဟုတ်တယ် ယုတ်မာတယ် မင်းငါ့အနားကထွက်မသွားနိုင်ဖို့ငါအကုန်လုပ်မှာ ငါကမင်းထင်ထားတာထက်ပိုယုတ်မာတယ်လို့ပဲသိထားလိုက်ပါတော့ မြခြယ်*
.
.
လှေကားပေါ်မှာတယောက်လက်တယောက်တွဲပြီးရယ်ရွှင်မြူးပြီးဆင်းလာကြတဲ့အချစ်ငှက်နှစ်ကောင်။
မိန်းကလေးကလဲခုနကအသည်းအသန်ငြင်းကန်တာကသူမဟုတ်တော့သလို။
ချစ်ကြည်နူးတစ်တီတူးကာတပြုံးပြုံးနှင့်။
သူတို့နှစ်ယောက်လူကြီးတွေထိုင်နေတဲ့ဆိုဖာရှေ့မှာဝင်ထိုင်လိုက်ပြီး
"သားရုံး ခုနကဟာက
"ဒယ်ဒီကလဲအတည်တွေးမနေပါနဲ့ဗျာ ခုနကသူပြောလိုက်တာက ဟာဗျာ ပြောရမှာလဲရှက်ပါတယ် ဒယ်ဒီအခန်းထဲမှာမြင်သွားတဲ့ဟာကိုသူကကျွန်တော့်ကြောင့်ဆိုပြီးဆူေနတာ သူရှက်သွားလို့ ဒယ်ဒီတို့ကိုမျက်နှာချင်းထပ်မဆိုင်ချင်လို့ရှက်ရှက်နဲ့ပြောမိတာတဲ့ ဒယ်ဒီသိပါတယ်ဗျာ အဲ့တာလေ"
"ဪ ဟုတ်လား"
မြတ်ပြုံးရုံသာပြုံးပြလိုက်သည်။ကိုယ်မွေးထားတဲ့သားပဲကိုယ့်ကိုပတ်လို့ရမလား။မိန်းကလေးကသူ့ကိုမချစ်ပဲအကြွေးနဲ့သိမ်းထားတယ်ဆိုတာကြားပြီးသား။စကားအသွားလာနားေထာင်ရံုနဲ့သူလိမ်ေနမှန်းသိသည်။သို့ပေမယ့် သားဖြစ်သူထိုမိန်းကလေးကိုပိုင်ဆိုင်ချင်လို့လုပ်မိလုပ်ရာလုပ်တာဆိုတဲ့သားရဲ့စိတ်ရင်းကိုမြင်တာမလို့ ကိုယ့်သားဖြစ်နေလို့ကို မိန်းကလေးဘက်ကို
မငဲ့ဘဲမြတ်မသိချင်ယောင်ဆောင်ပေးလိုက်ပြီး အတ္တကြီးလိုက်သည်။
ဘေးနားကလေးငယ်လေးလိုဖြူစင်လွန်းသောဇနီးနဲ့ကွဲပြားစွာသားအဖနှစ်ယောက်လုံးက လူယုတ်မာတွေဆိုတော့အချင်းချင်း မြွေမြွေချင်းခြေမြင်ကြသည်။
"အဲ့ဒါဆို...
"ဟုတ်တယ်မာမီ သူကကျွန်တော်နဲ့လက်ထပ်မှာပေါ့ နော် ကိုယ့်မြခြယ်လေး"
"ဟုတ် အန်တီနဲ့ဦးလေး ခြယ်တို့လက်ထပ်ကြမှာပါခုနကပြောမှားဆိုမှားရှိခဲ့ရင်လဲဟီးဟီး ကန်တော့ပါရှင့်"
မာမီခေါင်းကိုတဆတ်ဆတ်ငြိမ့်ပြတာကိုကြည့်ပြီးလက်ရုံးပြုံးလိုက်မိသည်။
ဘယ်လိုပဲဖြစ်ဖြစ်နောက်ဆုံးတော့ခြယ့်ကိုသူ့အပိုင်လို့အတိလင်းကြေညာနိုင်တော့မှာပေါ့။
လက်ရုံးသုခကသူ့အပိုင်လို့သတ်မှတ်ထားတဲ့ပစ္စည်းကိုသူ့ဟာသူရိုက်ခွဲခွဲဖျက်ဆီးဆီး လုပ်ချင်ရာလုပ်တတ်ပေမယ့် တစ်ပါးသူကမျက်လုံးလေးစွေကြည့်တာတောင်မကြိုက်တဲ့ကောင်။
"မင်းမဆိုးဘူး အော်စကာရနိုင်တယ်"
နှစ်ယောက်ထဲရှိတဲ့အချိန်ကျမှသူ့ဇာတ်လမ်းအတိုင်းပီပီပြင်ပြင်သရုပ်ဆောင်သွားသည့်ခြယ့်ကိုလက်ရုံးလှောင်သလိုလိုပြောင်သလိုလိုနဲ့ငေါ့သည်။
"ရှင်နဲ့တွေ့မှလူကတကယ်မျက်နှာဖုံးခြုံတပ်ပြီ ရှင်ကတကယ့်မကောင်းတဲ့လူပဲလက်ရုံးသုခရဲ့ အတော့်ကိုမကောင်းတာ"
စက်စုပ်ရွံရွှာနေသောအကြည့်အပြောတို့ဖြင့်ခြေဖျားလက်ဖျားခါပြီးဆိုလာသည့်ခြယ့်စကားကိုလက်ရုံးအရေးမလုပ်စွာ စီးကရက်ကိုမီးညှိပြီးပါးစပ်မှာတေ့လိုက်သည်။
*ဟုတ်တယ် ရှင်ကျွန်မကိုလုပ်ချင်ရာလုပ်တသက်လုံးယူပြီးနှိပ်စက်ထားလဲရတယ် အဓိကကအဖေပဲ အဖေကကျွန်မဘဝမှာအချစ်ဆုံးလူ*
အဖေ့အသက်ကိုငဲ့ကွက်ကာ ထိုအောက်တန်းကျလွန်းတဲ့လူယုတ်မာလူစိတ်မရှိတဲ့လူနဲ့မင်္ဂလာဆောင်ဖို့ခြယ်ခေါင်းငြိမ့်လိုက်ရသည်။
သူနောင်တမရဘူးလို့ဆုံးဖြတ်ထားသည်။သူ့ဘဝမှာအဖေသာအရေးကြီးဆုံး။
အလိမ်အညာတွေနှင့်ပင်မလိုချင်ခဲ့သောအိမ်ထောင်သည်ဘဝကိုသူတို့နှစ်ယောက်အစပြုရတော့မည်။
.
.
နန်းကြာဖြူပိုးထည်တိုက်အတွင်း၌ခရမ်းရောင်ပိုးထည်မြန်မာတိုက်ပုံနှင့်ပုဆိုးကိုဝတ်ဆင်ကြည့်နေသည့့်ဇနီးမောင်နှံလောင်း။
ဆိုင်ကအမျိုးသမီးက ပုဆိုးကိုခါးမှာချည်ဝတ်ပေးသည်။
"ကျွန်တော်ကပုဆိုးကမဝတ်ဖြစ်တော့ ဒီအရွယ်ရောက်နေပြီပုဆိုးမဝတ်တတ်သေးဘူးဗျ ပွဲထဲရောက်မှပုဆိုးကျွတ်ကျမှ"
လက်ရုံးစကားကြောင့်ဆိုင်ထဲရှိလူအများပွဲကျသွားသည်။
မြန်မာဝတ်စုံကိုပွဲသွားပွဲလာရှိရင်တောင်ဝတ်ခဲသည့် လက်ရုံးကပုဆိုးမဝတ်တတ်သောကြောင့် ဆိုင်ကအမျိုးသမီးဝန်ထမ်းကပဲပုဆိုးဝတ်ပေးရသေးသည်။
မှန်ထဲတွင်ကိုယ့်ကိုကိုယ်တပတ်လှည့်ပြီးကြည့်နေသောလက်ရုံးကို
"သတိုးသားလေးနဲ့တအားလိုက်တာပဲ အသားလေးကဖွေးဥနေတော့ခရမ်းရောင်လေးနဲ့ထင်းနေရော"
ထိုစကားကိုလက်ရုံးပြုံး၍နားထောင်ပြီး မျက်နှာသေနှင့်စိတ်မပါလက်မပါသတို့သမီးဝတ်စုံကိုစိတ်ရူပ်သလိုဟိုဆွဲချဒီဆွဲချလုပ်နေသော ခြယ့်ကိုငေးကြည့်နေမိသည်။
အသားညိုစိမ့်စိမ့်လေးနဲ့ခရမ်းရောင်လေးနဲ့သူမသိပ်ကိုလှနေသည်။
ထိုအမျိုးသမီးလေးကတသက်လုံးသူ့အပိုင်ဖြစ်လာတော့မှာတဲ့။
"ကျေးဇူးပါဗျ ကျွန်တော်အကြိုက်ဆုံးအရောင်ဗျခရမ်းရောင်က ကျွန်တော့်မင်္ဂလာဝတ်စုံကိုတကယ်စိတ်တိုင်းကျတယ်အမ"
"ခဏ မောင်လေး"
ပြောပြောဆိုဆိုနှင့်တွန့်နေတဲ့လည်ကတုံးကော်လံကို ထိုအမျိုးသမီးဝန်ထမ်းကတည့်မတ်ပေးရန်ဟန်ပြင်လိုက်စဉ် အရပ်အမြင့်ကြီးနှင့်လက်ရုံးအရပ်ကိုမမှီ၍ခြေဖျားထောက်ပြီးရင်ခွင်ထဲတိုးဝင်သွားသလိုပူးကပ်သွားကြသည်။ထိုမြင်ကွင်းကိုခြယ်လဲမြင်သွားတော့ လက်ရုံးသဘောကျစွာ ပါးချိုင့်လေးတွေပေါ်အောင်ပြုံးပြလိုက်သည်။
ခြယ့်ရဲ့သတိုးသမီးအကျီကအနည်းငယ်ချောင်ကျနေ၍ သီစာပြင်ပေးနေသည့်စောင့်နေရသည့်အချိန်တွင်းလက်ရုံး ခြယ်ထိုင်နေသည့် ဆိုဖာမှာအတင်းပူးကပ်ထိုင်လိုက်ပြီး
"မင်းသဝန်တိုနေတာလား"
ခြယ်စိတ်မရှည်စွာမျက်လုံးကိုဝေ့ကြည့်ပြီး
"ဘာကိုလဲ ရှင်ဟိုအမနဲ့အတူရှိနေတာကိုလား
ဆုတောင်းလေ လဲလဲပြီးသေလိုက်"
"ဒါဆိုသဝန်မတိုဘူးပေါ့"
"ရှင့်ဟာရှင် ဘယ်မိန်းမနဲ့ပူးကပ်နေရုံမကလို့
ကုတင်ပေါ်ရောက်နေလဲကျွန်မစိတ်မဝင်စားဘူး ရှင့်ဟာရှင်ဘာဖြစ်ဖြစ် ကျွန်မအပူမပါဘူး"
လက်ရုံးခြယ့်မေးဖျားကိုလက်နဲ့ကိုင်ပြီးမျက်လုံးချင်းတည့်တည့်စိုက်ကြည့်ကာ
"နောက်တကြိမ်အခွင့်ရေးပေးမယ် မင်းသေချာလား သေချာလား စကားကိုလက်လွတ်စပယ်မပြောနဲ့"
လက်ရုံးဆိုးဝါးတာတခုခုမလုပ်ခင်တိုင်းအမြဲတမ်းသူမကိုအခွင့်ရေးနောက်တကြိမ်ပေးတယ်ဆိုပြီးမေးခွန်းနှစ်ခါပြန်မေးတတ်သည်။သူပေးတဲ့အခွင့်ရေးကိုပေါ့ပျက်ပျက်ပြန်ဖြေရင်သူဆိုးဆိုးဝါးဝါးလုပ်တတ်မှန်းခြယ်သတိထားမိ၍ဖြေရမှာနည်းနည်းတော့တွန့်သွားပေမယ့် သူ့ကိုစိတ်တိုအောင်လုပ်ချင်တဲ့ဆန္ဒကလွှမ်းမိုးနေတော့လဲ
"ဟုတ်တယ် ရှင့်ဟာရှင်ဘယ်မိန်းမနဲ့ကုတင်ပေါ်တက်တက်လဲကျွန်မအပူမဟုတ်ဘူး သဝန်တိုအောင်လုပ်ချင်ရင်ဆုတောင်းလိုက် လက်ရုံးသုခ"
"ကောင်းပြီ"
လက်ရုံးပြတ်ပြတ်သားသားနှင့်အေးစက်ခြောက်ကပ်ပြီးတိမ်ဝင်သွားသောလေသံနှင့်ဘာမှဆက်မပြောတော့။
ဆူဆောင့်အောင့်ပြီး အပေါ်ထပ်တိုက်ပုံကိုဆွဲလုံးချေချွတ်ပစ်ပြီးဆိုဖာပေါ်ပစ်ချပြီး ဆိုင်ပြင်ထွက်သွားသည်။
"မောင်လေးလက်ရုံး ဘာဖြစ်သွားတာလဲညီမလေး"
ကြေမွသွားသောတိုက်ပုံကိုပြန်ခေါက်ရင်းခုနကဝန်ထမ်းအမကလာမေးသည်။
"သိချင်သူ့ကိုသွားမေးလေသူဘာဖြစ်သွားလဲ"
ခြယ်ကပါဘုဆတ်ဆတ်ပြန်ဖြေလိုက်၍လင်မယားပြဿနာမှန်းတန်းသိလိုက်သည်။
.
.
"ဟာ လမ်းပေါ်တက်ပြီးများ အားးး ရှီ"
လမ်းထောင့်ချိုးအေကွ့မှာလမ်းပေါ်တက်ပြီးစကိတ်စီးနေတဲ့လူကိုမမြင်လိုက်မိ။စတီယာရင်ကိုအတင်းဆွဲလှည့်လိုက်သော်လဲလူကိုထိသွားသေးသည်နှင့်တူသည်။မြေပြင်မှာဖင်ထိုင်ကျနေ၍ကားပေါ်ကဆင်းလာကြည့်လိုက်သည်။
"ဘာဖြစ်သွားသေးလဲ ချာတိတ်"
ယောကျာ်းလေးလို့ထင်နေတာအနီးကပ်ကြည့်လိုက်မှအသက်၁၇ ၁၈အရွယ်ကောင်မလေး။
ဆံပင်ကအုန်းမုတ်ခွက်ကေတိုတိုလေးနှင့် အနီရောင်ကိုHightlightဖောက်ထားပြီးဝတ်ထားစားထားတာကယောကျာ်းလေးဒီဇိုင်းဆိုတော့မသိရင်တကယ့်ယောကျာ်းလေးအတိုင်း။
"ခင်ဗျား မျက်လုံးမပါဘူးလားဗျ ကားကိုဘယ်လိုမောင်းနေတာလဲလူတယောက်လုံး မမြင်ဘူးလား"
ဟာ အလာကြီးပါလား။သူ့ကလဲမှားသေးတယ်။
"ဟေ့ ဒါကစကိတ်စီးစရာေနရာလား ငါကအကွေ့ကနေမင်းကိုလှမ်းမြင်ရအောင်နတ်မျက်စိလားကွ"
ထိုအချိန်၁၇ ၁၈အရွယ်ကောင်လေးလေးငါးယောက်ဝိုင်းလာကြပြီးတွန်းလားထိုးလားနဲ့
"ဟေ့လူကြီး ဘာဖြစ်ချင်တာလဲ ဟမ်း ကျုပ်တို့
လလေးလုံးကိုခင်ဗျားဘာလုပ်လိုက်တာလဲ ဟမ်း"
"ခင်ဗျားကြီးလက်သီးစာမိပြီပဲ"
ဂျိုးဘာပြောရမှန်းမသိတော့။ဒီကလေးတွေနဲ့ရန်ဖက်ဖြစ်ရအောင်ကလေးကလားမဟုတ်။
ဒီကလေးတွေနဲ့ချလဲမနိုင်စရာအကြောင်းမရှိပေမယ့်ပြဿနာမဖြစ်ချင်၍
"ကလေးတို့ အေးဆေး အေးဆေး ကိုယ်ကမင်းတို့လဒကိုလိုအပ်ရင်ဆေးခန်းပို့ပေးမလို့ပါ"
ထိုဖင်ထိုင်လဲကျနေသည့်မိန်းမမဟုတ်ယောကျာ်းမဟုတ်ကောင်မလေးက
"ဟေ့လူကြီး လီးကိုလဒလားကွ
လလေးလုံး ကျွန်တော့်နာမည် မသေမချင်းမှတ်ထား
လင်းလဲ့လဲ့လွင်တဲ့"
"ဘာ ဘာကြီးလွင်"
"လင်းလဲ့လဲ့လွင်"
"နာမည်ကလလေးလုံးဆိုတော့ရောသွားတာ ဟဲ ဘယ်နားထိသွားသေးလဲ ထနိုင်လား"
ဂျိုးထိုကောင်မလေးကိုလမ်းပေါ်မှတွဲထူလိုက်ပြီးကားဆီတွဲလျှောက်လာသည့်အချိန် ထိုမိန်းကလေးကပုခုံးကိုဖက်ထား၍စိတ်ထဲမရိုးမရွ။သူကတော့သူ့ကိုယ်သူယောကျာ်းလေးလိုပဲမှတ်နေပေမယ့် ဒီက ယင်မတောင်မသန်းရသေးတဲ့လူပျိုနုနုထွတ်ထွတ်လေးက ရင်ထဲမှာတလှပ်လှပ်။ကားထဲဝင်ပြီး ထိုကလေးမက
သူ့ဘော်ဒါတွေကို
"သားကြီးတို့နောက်မှတွေ့မယ်ကွာ"
"လလေးလုံး ဒီလူကြီးမင်းကိုတခုခုလုပ်ရင်ပြောသားကြီး ငါတို့သတ်ပစ်မှာ"
အံမယ် ကလေးတွေကများ။
"ကဲ ကိုယ်အိမ်လိုက်ပို့ပေးရမလား ဆေးခန်းပြချင်သဘောဆိုလဲကိုယ်တာဝန်ယူတယ်"
"ကျွန်တော့်အိမ်ကိုပဲပြန်မယ် ဦးလေးကြီး ဒါနဲ့ဦးလေးကြီး ဟိုဟာလေးကဘာလေးလဲဟင် စားချင်လို့"
ကားဒက်ရှ်ဘုတ်ပေါ်ကလက်ရုံးဝယ်လာခိုင်းသည့် မိုချီမုန့်လေးတွေကိုအသနားခံသောမျက်လုံးလေးတွေနှင့်တောင်းနေခြင်းဖြစ်သည်။
ဘယ်လိုလေးလဲကွ ကလေးဆိုတော့လဲငတ်တာပေါ့။
"ကဲ ကဲ ရော့စားပါဗျာ လင်းလဲ့လဲ့လွင်"
"ဟီး ကျေးဇူးပါ ဦးလေးကြီး"
မိုချီလုံးလေးကိုပလုတ်ပလောင်းစားနေတော့ပါးလေးနှစ်ဖက်ကဖောင်းကစ်သွားပြီး ပါးဖောင်းဖောင်းလေးဖြစ်သွားသည့်ယောကျာ်းေလးမကျမိန်းကလေးမကျကောင်မလေး။ရှည်လျားနေသောမျက်တောင်မွှေးတွေကမျက်တောင်တချက်ခပ်လိုက်တိုင်းယပ်တောင်ရှည်တစ်ချောင်းလိုပင်။လေတိုက်တိုင်းဆံမြိတ်လေးလွင့်ပျံသွားပြီး အုန်းမုတ်ခွက်ကေအောက်ကနဖူးလေး။
#ParadiseKhin
February 1 အရေးတော်ပုံအောင်ရမည်။
Zawgyi
ဧည့်ခန်းထဲမှာရှိနေတဲ့လူတိုင်းရဲ့မျက်နှာတွေအပြုံးပျော်တွေပျောက်ဆုံးကာပြိုတော့မယ့်မိုးအသွင်ဖြစ်သွားကြသည်။
"..."
လက်ရုံးဟင်းခနဲတစ်ချက်ရယ်ကာ ကုတင်ပေါ်တွင်ခြေချိတ်ထိုင်ချလိုက်သည်။
ဟော့ဒီကောင်ရဲ့ချစ်ဇနီးလေး တမလွန်မှာဖေဖေ့ကျေးဇူးဆပ်နိုင်ဖို့အတွက် ယောက္ခမကြီးကိုပါအဖော်ထည့်ပေးလိုက်ပါ့မယ်ဗျားးဟောဒီကရွှေသမက်ငွေသမက်လေးက"
"အခုထိတော့ဘာမှမလုပ်ရသေးပါဘူး အကယ်၍များ မင်းငါနဲ့မင်္ဂလာမဆောင်ရင် အဲ့ဒေါက်တာကိုငါတချက်အမိန့်ပေးရုံနဲ့ မင်းအဖေကို ကျစ်..မင်းလိုနလပိန်းတုံးနားလည်လွယ်အောင်ပြောရရင်သေဆေးထိုးခိုင်းလိုက်မှာဟေ့ အကြောတွေဆိုင်းပြီးသုံးမိနစ်အတွင်းဦးနှောက်လူပ်ရှားမူရပ်သွားအောင်လုပ်မာ တခါထဲအနိစ္စသဘောနဲ့ကိစ္စချောသွားအောင်"
"အောက်တန်းစားကမင်းကွ ငါ့အောက်ကနေပဲငြီးနေရတာလေ အဟက်"
.
.
"သားရုံး ခုနကဟာက
"ဒယ်ဒီကလဲအတည်တွေးမနေပါနဲ့ဗျာ ခုနကသူပြောလိုက်တာက ဟာဗျာ ပြောရမှာလဲရှက်ပါတယ် ဒယ်ဒီအခန်းထဲမှာမြင်သွားတဲ့ဟာကိုသူကကျွန်တော့်ကြောင့်ဆိုပြီးဆူနေတာ သူရှက်သွားလို့ ဒယ်ဒီတို့ကိုမျက်နှာချင်းထပ်မဆိုင်ချင်လို့ရှက်ရှက်နဲ့ပြောမိတာတဲ့ ဒယ်ဒီသိပါတယ်ဗျာ အဲ့တာလေ"
"ဪ ဟုတ်လား"
"အဲ့ဒါဆို...
.
.
နန်းကြာဖြူပိုးထည်တိုက်အတွင်း၌ခရမ်းရောင်ပိုးထည်မြန်မာတိုက်ပုံနှင့်ပုဆိုးကိုဝတ်ဆင်ကြည့်နေသည့်ဇနီးမောင်နှံလောင်း။
ဆိုက်ကအမျိုးသမီးက ပုဆိုးကိုခါးမှာချည်ဝတ်ပေးသည်။
ထိုစကားကိုလက်ရုံးပြုံး၍နားထောင်ပြီး မျက်နှာသေနှင့်စိတ်မပါလက်မပါသတို့သမီးဝတ်စုံကိုစိတ်ရူပ်သလိုဟိုဆွဲချဒီဆွဲချလုပ်နေတော့ ခြယ့်ကိုငေးကြည့်နေမိသည်။
"ကျေးဇူးပါဗျ ကျွန်တော်အကြိုက်ဆုံးအရောင်ဗျခရမ်းရောင်က ကျွန်တော့်မင်္ဂလညဝတ်စုံကိုတကယ်စိတ်တိုင်းကျတယ်အမ"
"ခဏ မောင်လေး"
"မင်းသဝန်တိုနေတာလား"
Advertisement
- In Serial31 Chapters
Hero High
Humanity has ascended. On the first day of the new millennium, every human being above the age of 13 gained superpowers. Needless to say, this changed everything. Twenty years later, Emmett Shaw is one of thousands who seek to enrol in Aegis Academy so he can learn how to become a superhero in one of the most prestigious programs in the entire world. There's just one problem standing in his way: His power's Level 0. Inspired by Worm, My Hero Academia, and, of course, Marvel/DC.
8 172 - In Serial37 Chapters
Ruins A.G.A. 2nd Novel in the Ruinsaga series
Lily has saved some of her family and friends in the zombie apocalypse, but has lost others. She and her sister are finally reuinted with her brother. She has discovered there might be worse things than zombies in this new world. She must find new ways to keep her family and friends safe. Copyright 2020. All rights reserved. Names, characters, events and incidents are a product of the author's imagination. Any resemblance to actual persons or events is purely coincidental.
8 147 - In Serial6 Chapters
God Chef Rordon Gamsay
Rordon Gamsay is your typical, swearing, mean chef. Of course, that's all just an act, he has a wife and loving children. But one day, he is killed and sent to another world! This is the world of Beauchorus, where many great nations are located. After meeting with the main god, he gets special powers, in this world created by the cooperation of many other gods! This novel chronicles his adventures as a reincarnated individual. (Keep in mind, this is a comedy novel. I don't have scheduled releases, but once a week is a good guess. Have fun!)
8 136 - In Serial7 Chapters
Bloody Angel
Death awaits everyone at some point. However, a young boy who almost met it was not saved by a divine messenger nor a hero of lore. No, he was saved by the filthy hands of destruction, a demon. Now equipped with knowledge and power only a demon would familiar with, Akiael Fanlus, survivor of a massacre, will purge the world of its filth using the power of myths and creatures passed down generation from generation. His victims are not the demented monsters that torment mankind. But against threats against the percieved order and balance within the world. Man, God, Demon, Monster, Beastman, good, or evil? It does not matter. If he can prevail over his enemies, then means are of no concern. A world of sinners awaits him and many adversaries who are willing to serve his head on a platter.
8 165 - In Serial22 Chapters
No, I am from the Void
Hewin is a slave in the only adronatium mine in Faer Zavelin. As a lynx-man, he is able to see and work in the depths enveloping the fallen star. Hewin is used to staring into the darkness while swinging his pickaxe. But then, an entirely new kind of darkness invites him...entirely new, but, at the same time, inexplicably familiar.
8 201 - In Serial12 Chapters
A Journey towards Her.. [COMPLETED]
Dr. Dev Dixit, a 26 year old renowned Neurosurgeon of the country and the most eligible bachelor of the town. To the world, he seems to have everything. But only he knows the missing part of his life. The girl, whom he met years ago accidentally, the girl who made him see the colors of his life, the girl who made him live his life when he was dying inside. Will he be able to meet her again? Will she be waiting for him? Who is she? Will Dev find her after 7 long years? What happens when he meets her at the most unexpected time? Let's travel with him in his Journey towards her..Highest rank - #24 in Short story
8 190