《Devil Husband》19
Advertisement
အချိန်ကည1နာရီခွဲ။မီးပိတ်ထား၍မှောင်မဲနေသောကွန်ဒိုထဲသို့ယိုင်တိုင်တိုင်ဝင်လာသည့်ခန္ဓာကိုယ်တစ်ခု။ထိုခန္ဓာကိုယ်ကမီးဖိုခန်းသို့တရွေ့ရွေ့ဆက်သွားပြန်ပြီး ရေခဲသေတ္တာထဲက
ရမ်ပုလင်းကိုဆွဲထုတ်ယူသည်။
ရုတ်တရပ်မီးဖိုခန်းမီးခလုတ်ဖွင့်သံနှင့်အတူမီးဖိုချောင်အတွင်းလင်းထိန်သွားသည်။
လက်ရုံးသေးသေးလေးတောင်ဂရုမစိုက်ေနာက်လှည့်ကြည့်မေနပဲ
ထို ရမ်ပုလင်းထဲကအရည်ေတွကိုကိုပုလင်းလိုက်မော့ချလိုက်သည်။
"လက်ရုံးသုခ"
"ဟမ်း လက်ရုံးသုခ လက်ရုံးသုခနဲ့မမောဘူးလား လက်ရုံးလို့ခေါ်လဲမင်းလင်ပါပဲ"
"ကျစ် ရှင်လုပ်နေတာတွေမဟုတ်သေးဘူးနော်"
လက်ရုံးမဲ့ပြုံးပြုံးပြီးယိုင်တိုင်တိုင်နှင့်အနောက်သို့လှည့်ကြည့်လာသည်။
မျက်လုံးကိုဝေ့ကြည့်မျက်နှာကိုမဲ့ရွဲ့ပြပြီး ဟင်းခနဲတစ်ချက်ငေါ့ရယ်ကာ
"ဘာကိုလဲ ငါကဘာဖြစ်နေလို့လဲ"
"ရှင်လုပ်နေပုံတွေမဟုတ်လို့ပြောနေတာ ရှင်ဒီလိုမူးရူးေပျာ်ပါးပြီးညကြီးသန်းခေါင်မှအိမ်ပြန်လာ တာ ကျစ် မပြောချင်ပေမယ့်လဲ ရှင်ကလက်ထပ်ပြီးသားအိမ်ေထာင်သည်အမျိုးသားဒီလိုတွေ့ကရာမိန်းမေတွနဲ့ဟိုတယ်တကာပတ်အိပ်နေတာကဒုသနေသာပဲ"
လက်ရုံး မီးဖိုချောင်အဝင်ဝမှာရပ်ေနသည့်ခြယ့်အနားကိုတစ်လှမ်းချင်းလှမ်းလျှောက်လာကာ ခြေနှစ်လှမ်းလောက်သာကွာေတာ့တဲ့နေရာရောက်မှရပ်လိုက်သည်။
"အဲ့တာမင်းနဲ့ဘာဆိုင်လဲ ငါ့ဟာငါဘာကံကျူးလွန်လွန် ငရဲအိုးထဲဇောက်ထိုးကျလဲငါ့ထိုက်နဲ့ငါ့ကံပဲလေငါဟာ့ငါခံမယ် မင်းကစိတ်ပူပေးနေတာလား"
*လုပ်ပါ တခါလောက်ပဲစိတ်ပူတယ်လို့ပဲပြောလိုက်စမ်းပါမြခြယ် လုပ်ပါဒီတခါလေးပါ မင်းသာမကြိုက်ဘူးလို့တစ်ခွန်းထဲပြောလိုက်ရုံနဲ့မကောင်းတာမှန်သမျှစွန့်လွှတ်မယ့်ကောင်စားမျိုးပါ တစ်ခါလောက်လေးကိုယ့်ကိုသနားပါ*
"စိတ်ပူစရာလား ရှင့်ဟာရှင်ဘာဖြစ်ဖြစ်လေကျွန်မနဲ့လားလားမှကိုမဆိုင်တာ ဟိုဟာ
ဟိုဟာလေ ကျွန်မကရှင့်မိဘတွေသူတို့သား ဖောက်ပြန်နေတာသိရင်စိတ်ဆင်းရဲမှာစိုးလို့ကျွန်မကပြောပေးတာ ရှင့်ဟာရှင်ဆိုဖြစ်ချင်တာဖြစ်စိတ်ကိုမဝင်စားတာ"
"တောက်"
လက်ရုံးလက်ထဲကပုလင်းကိုကြမ်းပေါ်ပစ်ပေါက်ခွဲလိုက်သည်။
ခလွမ်းဆိုသည့်ကျကွဲသံကြီးေကြာင့်ခြယ့်ခန္ဓာကိုယ်လေးတုန်ရင်သွားပြီးနားနှစ်ဖက်ကိုလက်နဲ့ပိတ်လိုက်သည်။
လက်သန်းအရွယ်စားထက်အနည်းငယ်သေးသည့်ဖန်ကွဲစတစ်စကလဲခြယ့်လက်မောင်းမှာလာစိုက်သည်။
ခြယ်အင့်ခနဲငြီးသံနှင့်အတူ စိုက်ဝင်သွားသောဖန်ပုလင်းအကွဲစကိုဆွဲနူတ်ယူလိုက်ပြီးလက်မောင်းကိုသာဆုပ်ကိုင်ထားလိုက်သည်။
"အေး မင်းနဲ့မဆိုင်ရင်မပြောနဲ့လေ ငါ့ကိုမင်းယောကျာ်းလို့တောင်အသိမှတ်မပြုပဲ ချွေးမကောင်းပုံစံတော့ဖမ်းချင်သေးတယ်ပေါ့ ငါ့ဟာငါဖြစ်ချင်တာဖြစ်ပါလိမ့်စေငါသေသေရှင်ရှင်မင်းနဲ့မဆိုင်ဘူး မင်းလဲလုပ်ချင်တာလုပ်ငါလဲလုပ်ချင်တာလုပ်မယ်"
"လုပ် ကြိုက်တာလုပ် မတားဘူး ရှင်သေလဲကျွန်မနဲ့မဆိုင်ဘူး"
"လုပ်အုန်းမှာ လုပ်ကိုလုပ်မှာ စောင့်ကြည့်နေ"
လက်ရုံးဖန်ပုလင်းကွဲတွေကိုကျော်ခွပြီးမီးခိုချောင်အဝင်ဝမှာရပ်နေသည့်ခြယ့်ကိုယ့်ကို
တမင်ပင်တွန်းတိုက်ပြီးအပြင်ထွက်ရန်လှမ်းလိုက်သည်။
သူ့ပုခုံးအားနဲ့တွန်းတိုက်သောအရှိန်ကြောင့်ခြယ့်ခန္ဓာကိုယ်အေရှ့ကိုယိုင်ကျသွားပြီးအရှိန်မထိန်းနိုင်ပဲကြမ်းေပါ်ကဖန်ကွဲစတွေပေါ်ကိုလက်ထောက်ကျသွားသည်။
"အား"
ခြယ့်အော်သံကြောင့် မီးဖိုချောင်အပြင်ဘက်သို့လှမ်းနေသည့်လက်ရုံးခြေလှမ်းတွေရပ်တန့်သွားသည်။
ငါးစက္ကန့်လောက်ခတ္တရပ်တန့်သွားပြီးအနောက်လှည့်ပင်မကြည့်ပဲသူ့လမ်းသူဆက်သွားသည်။
ခြယ်သူ့လက်သူပြန်ကြည့်လိုက်တော့လက်ဝါးမှာမှန်ကွဲရှရှာနှင့်အတူသွေးတွေလဲမနည်းမနောပင်။
ကြမ်းပေါ်ဒူးထောက်ကျသွားသည့်နေရာမှာဖန်ကွဲအမူန်စလေးတွေရှိနေ၍ဒူးနှစ်ဖက်လုံးလဲစပ်ဖျဉ်းဖျဉ်းဖြစ်နေသည်။
"အားးးစပ်လိုက်တာ ကျစ်"
ခြယ်အံကိုကြိတ်ပြီး ဖန်ကွဲစစိုက်ဝင်သွားသည့်လက်မောင်းနေရာနှင့်လက်ဝါးကိုအရက်ပြန်လောင်းသည်။
ဒဏ်ရာကအနည်းငယ်တော့နက်သည်။
တစ်ချက်ကလေးတောင်လှည့်မကြည့်ပဲ ကျောခိုင်းသွားသည့်သူ့နောက်ကျောကိုေတွးမိရံုနဲ့ ရင်မှာဆူးနဲ့ဆောင့်သွင်းလိုက်သလိုနာတဲ့ရင်ထဲကဒဏ်ရာလောက်တော့ပြင်ပကဒဏ်ရာတွေကဘယ်နာပါ့မလဲ။
ခြယ်လက်ဝါးကိုအရက်ပြန်များများေလာင်းပြီးပတ်တီးနဲ့ချည်လိုက်သည်။
ဒူးမှာစိုက်နေသည့်ဖန်ကွဲစပေါက်စနသေးသေးလေးတွေကိုလဲဖယ်ပစ်ပြီးဆေးထည့်ရသေးသည်။
"အားးဟင့်ဟင့်"
နေရင်းထိုင်ရင်းဝမ်းနည်းပက်လက်ဖြင့် ရိူက်
ရိူက်ပြီးငိုချလိုက်မိသည်။
ဒဏ်ရာဆေးထည့်တာစပ်လို့ငိုတာပဲလား အနောက်ကိုတစ်ချက်လေးတောင်လှည့်မကြည့်ပဲဘာဖြစ်သွားေသးလဲလို့မေးတောင်မသေးသည့် သစ်စိမ်းချိုးချိုးနိုင်လွန်းသည့်လက်ရုံးကြောင့်ပဲငိုတာလားခြယ်ကိုယ်တိုင်လဲမသဲကွဲ။
ဒူးပေါ်မျက်နှာအပ်ပြီး ရိူက်ကာရိူက်ကာခြယ်ငိုကြွေးသည်။ရင်ထဲမှာစို့နင့်တက်နေသည်။
"ကျွန်မရှင့်ကိုမုန်းလိုက်တာ လက်ရုံးသုခရယ် ရှင့်ကိုမုန်းလိုက်တာ အင့်ဟင့်ဟင့် ဟင့် အရမ်းမုန်းတာပဲ"
.
.
"ဟယ် ခြယ် ဟိုမှာကြည့်စမ်း"
"ဘာကြီးလဲ"
"ဟိုမှာနင့်ယောကျာ်း"
သူထိုးပြတဲ့နေရာကိုလှမ်းကြည့်တော့ထောင့်စွန်းဝိုင်းကခုံမှာ ကောင်မလေးတစ်ယောက်နှင့်လက်ရုံး။
ထိုကောင်မလေးကလက်ရုံးပုခုံးပေါ်မျက်နှာအပ်ထားပြီး လက်ရုံးကသူ့ဆံပင်တွေနားမျက်နှာကပ်ထားကာခေါင်းကိုပွတ်သပ်ပေးနေပြီး နဖူးကိုနမ်းနေတာလားတော့မသိ။
ထိုကောင်မလေးကလဲသူတို့ကျောင်းကပဲလားတော့မသိလွယ်အိတ်ေတွနှစ်ယောက်စလုံးစီမှာပါတာတွေ့ရသည်။
"လာပါမေနခြည်ရယ် ခြယ်တို့ကိုမြင်သွားပါ့အုန်းမယ်"
"ဟယ် စိမ်းမြခြယ် တုံးအလိုက်တာ သူတို့ကမှနင်မြင်မှာကြောက်ရမှာ နင်ကဘာကြောက်နေတာတုန်း သွားရှင်းမယ် အခုချက်ချင်း လာ"
ခြယ် မနေခြည်လက်ကိုအတင်းဆွဲထားသည်
"မလုပ်ပါနဲ့ မမရယ်ရှက်ဖို့ကောင်းလွန်းလို့ပါ ခြယ်ရှက်တယ်"
"နင်တုံးအလှချည်လား သူတို့နှစ်ယောက်လူမြင်ကွင်းမှာတောင်ဒီလောက်ဖြစ်နေကြတာနောက်ကွယ်မှာဘယ်လောက်ဖြစ်နေမလဲ စဉ်းစားကြည့် ပြီးတော့ဒါကဟိုတယ်နော် အဲ့ကောင်မကိုသူများလင်ကိုစနိူက်ချင်တဲ့မယားငယ်မဆိုပြီး ဆံပင်ဆွဲပါးသွားချလိုက်စမ်းပါဟယ်"
"ဟင့်အင်း ခြယ်မလုပ်ချင်ဘူး လာပါမခြည်ရယ်သွားရအောင်နော် မြင်နေတွေ့နေရတာကျက်သရေမရှိဘူး"
ထိုအမကမျက်လုံးအဝိုင်းသားနှင့်ခြယ့်ကိုပြူးကြည့်ပြီး ရုတ်တရပ်လက်ကိုဆွဲရုန်းလိုက်သည်။
"နင်တို့ယူထားတာသုံးလမပြည့်သေးဘူးနင့်လင်ကမယားငယ်နဲ့ စောက်ရှက်ကိုမရှိကြဘူး"
မနေခြည်ပြောပြောဆိုဆိုနှင့်သူတို့ဝိုင်းဘက်ကိုတည့်တည့်လျှောက်သွားသည်။
ခြယ်လဲဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့။
မခြည်ကိုပဲထိန်းဖို့အနောက်ကအတင်းလိုက်ဆွဲနေမိတော့သည်။
"မင်း ဒီနေရာမှာဘာလုပ်နေတာလဲ"
လက်ရုံးကလဲသူတို့ဝိုင်းဆီကိုလျှောက်လာသည့်အမျိုးသမီးလက်မောင်းရင်းကိုကိုင်ပြီးအတင်းဆွဲခေါ်နေသည့်ခြယ့်ကိုတန်းတွေ့သွားသည်။
လက်ရုံးပုံစံကထိတ်လန့်သွားခြင်းလဲမရှိစိုးရိမ်ကြောက်ရွံ့သွားခြင်းလဲမရှိ နဂိုမူမပျက်ပင်အေးဆေးစွာနှင့်ပင်။
မိန်းကလေးကလဲအနည်းငယ်ရန်လိုနေဟန်ရှိသောမခြည်ကိုမြင်တော့ လက်ရုံးရင်ခွင်ထဲကိုပိုတိုးဝင်သွားပြီးဟိုကလဲရင်ခွင်ထဲမှာပိုတိုး၍ဖက်ထားသည်။
ခြယ့်ကိုစိတ်မထင်ရင်မထင်သလိုလက်ပါတတ်သည့်လက်ရံုးနှင့်ဘာမှမဆိုင်။
တခြားမိန်းမတွေနဲ့ဆိုအမြဲနူးညံ့ချိုသာနေပြီး
ခြယ့်ကိုဆက်ဆံသည့်ပုံနှင့်ဘာမှကိုမဆိုင်။
သူဒီလိုကြင်ကြင်နာနာမျိုး ခြယ့်ကိုတစ်ခါလေးပင်မဆက်ဆံဖူး။
"ကဲ"
စားပွဲပေါ်ကကော်ဖီအေးဗူးနှင့်လက်ရုံးမျက်နှာကို မခြည်ကောက်ပက်ပစ်လိုက်သည်။
လက်ရုံးမျက်နှာတစ်ခုလုံးကော်ဖီအေးတွေရွှဲသွားပြီး ဝတ်ထားသည့်အကျီအပြာမှာလဲကော်ဖီတွေစိုရွှဲကုန်သည်။
လက်ရုံးရင်ခွင်ထဲ၌ခေါင်းအပ်ထားသည့် မိန်းကလေးကတော့လက်ရုံမျက်နှာပေါ်ကစီးကျလာသည့်အရည်တွေသူ့ခေါင်းပေါ်မှာရွှဲပေါ့။
လက်ရုံးမျက်နှာပေါ်ကကော်ဖီတွေကိုသပ်ချပြီး အကျီထဲဝင်သွားသည့်ရေခဲတုံးတွေကိုနိူက်ထုတ်ပြီး ကြမ်းကြမ်းရမ်းရမ်းတော့မတုံ့ပြန်။
လေသံအေးအေးဖြင့်ပင်
"ကျွန်တော်အကုန်ရွှဲကုန်ပြီနော်အမ အေးဆေးရှင်းရအောင်ကျွန်တော်လူကြားထဲအကျယ်အကျယ်မဖြစ်ချင်ဘူး"
"တစ်ခေါင်းလုံးလဲကော်ဖီတွေနဲ့စီးကပ်ကုန်ပြီ ကိုကိုး"
ထိုမိန်းကလေးကပါဘေးကနေတိုင်သလိုတောသလိုနှင့်ငိုမဲ့မဲ့ပြောသည်။
ကိုကိုး ဆိုတဲ့နေရာမှာတမင်တကာအချွဲပိုပြီးဖိခေါ်သည့်လေသံကြောင့် ခြယ့်မျက်နှာလေးညိုးကျသွားပြီးခေါင်းငိုက်စိုက်ကျသွားတာကိုလက်ရုံးတန်းသတိထားမိတော့ ထိုမိန်းမပြောတာကိုမကြားဟန်ပြုထားလိုက်သည်။
သူ ခြယ့်ကိုစိတ်မကောင်းဖြစ်စေချင်လို့တမင်တကာအရွဲ့တိုက်ပြီး ကြာကူလီဘွဲ့တံဆိပ်အနှိပ်ခံထားပေမယ့်လဲ ဒီလိုမျက်စိရှေ့မှာခြယ့်မျက်နှာလေးညိုးကျသွားတာလေးကိုတောင်သူခံနိုင်ရည်မရှိပေ။
"အေး အဲ့ဒီေစးကပ်သွားတဲ့ဆံပင်တွေကိုငါတစ်မွှေးချင်းဆွဲနူတ်ပေးမယ် ကဲဟယ် ကဲဟယ်"
မခြည်ကထိုမိန်းကလေးဆံပင်တွေကိုအားရပါးရဆောင့်ဆွဲသည်။
"အားး အားး ကိုကိုး ကိုကိုးကယ်ပါ"
" *ပ့ကို ကိုကိုးကယ်ရမှာလား သူများလင်စနိူက်ချင်တဲ့ဟာမ"
ကာယကံရှင်ဖြစ်သည့်ခြယ်ကဘာတစ်ခွန်းမှမပြောပဲ ကြားကမနေနိုင်သည့်မခြည် သူငယ်ချင်းသံယောစဉ်ကြောင့်ဗီလိန်လုပ်နေရသည်။
အနားမှာရှိသမျှလူတွေကလဲဝိုင်းမဆွဲကြပဲ ဗီဒီယိုသာဝိုင်းရိုက်နေ၍ခြယ်ရှက်လွန်း၍အသားတွေတောင်တုန်သည်။
လက်ရုံးကအတင်းဆွဲလွှတ်ခိုင်းသော်လဲမခြည်မလွှတ်သေး။
"မခြည်ရယ် တော်ပါတော့ သူ့ကိုလွှတ်လိုက်ပါတော့ ခြယ်ရှက်လို့သေတော့မယ်"
စားပွဲထိုးနှစ်ယောက်လာဝိုင်းဆွဲမှသာေဆာင့်ဆွဲထားေသာဆံပင်များကိုလွှတ်ရတော့သည်။
"ကိုကိုးး အင့်ဟင့်ဟင့်"
"ကောင်မ မပြီးသေးဘူးနော် နောက်တခါငါ့မျက်စိရှေ့ပေါ်လာရင်နင်အသေပဲ"
"မခြည် တော်ပါတော့ပြန်ကြမယ်နော် လာပါ လာပါ"
လက်ရုံးခုနကဘာတစ်ခွန်းမှဝင်မပြောပေမယ့်လဲ အခုမှမခြည်ဘက်သို့လှည့်ပြီး
"တော်ပါတော့ အမပြန်လိုက်ပါတော့ လူတွေလဲဝိုင်းကြည့်ကုန်ကြပြီ ဗီဒီယိုဝိုင်းရိုက်ခံနေရတာရှက်ဖို့ကောင်းပါတယ် တောင်းဆိုပါတယ် ပြန်ပါတော့"
လက်ရုံးတောင်းပန်တိုးလျိူးသောလေသံဖြင့်
ခပ်ဖွဖွပြောသည်။
"ကြည့်ပါစေပေါ့ ဝိုင်းကြည့်ကြပါစေ နင့်အခွက်အင်တာနက်မှာပျံ့သွားပစေ ခြံခုန်တဲ့ကောင်ဆိုပြီးနင်ဘာကောင်မှန်းသိသွားတာပေါ့ အခုမှရှက်တတ်သေးတာလား စောက်ရှက်ရှိသေးတယ်ပေါ့"
"ကျွန်တော်ကအဆင်ပြေတယ် ကျွန်တော့်အခွက်အင်တာနက်မကလို့ တစ်ကမ္ဘာလုံးပျံ့သွားလဲရတယ် ကျွန်တော်အရှက်ကွဲခံနိုင်တယ် ကွျန်ေတာ့်လိုေကာင်ကဘာတစ်ခုမှဂရုမစိုက်ဘူး မြခြယ်ကိုတော့..ဒီအရူပ်ထဲမပါေစချင်ဘူး..
သူ့ကိုအရှက်မရစေချင်ဘူး ပြန်လိုက်ကြပါတော့နော်"
"လာပါမခြည် ပြန်ကြမယ်နော်"
မခြည်အနည်းငယ်ခေါင်းရူပ်သွားဟန်ရှိပေမယ့် ခြယ်ဆွဲခေါ်ရာအသာတကြည်လိုက်ပါလာတော့သည်။
ဒီလောက်အရှက်တကွဲဖြစ်နေတဲ့အချိန်မျိုးမှာ လက်ရုံးသုခကသူဖောက်ပြန်တာလူသိရှင်ကြားဖြစ်မှာမစိုးရိမ်ပဲ ခြယ်အရှက်ရသွားမှာကိုစိတ်ပူပေးနေနိုင်သေးတယ်တဲ့။
ဒီလိုပုံစံဆို သူခြယ့်ကိုချစ်တာလုံးဝအသိသာကြီး။ဘာလို့များအဲ့တာကိုတစ်ခြားမိန်းမတွေနဲ့ပတ်ရူပ်နေရသေးတာလဲ လက်ရုံးရယ်။
မိန်းမကိုမချစ်တာလဲမဟုတ်ပဲနဲ့များ။
သို့သော်ခြယ်ေရာမခြည်ေရာကားပေါ်ရောက်သည်နှင့်ဘာစကားတစ်ခွန်းမှမဟဖြစ်တော့။
အတော်ကြီးကြာမှ မခြည်ကားေမာင်းေနရင်း
ခြယ့်ဘက်လှည့်လာ၍
"ခြယ်ခြယ်"
"ပြော မခြည်"
"လက်ရုံးကိုမေးကြည့်ပါလား နင့်ကိုချစ်လားလို့"
ခြယ်စိတ်ရူပ်နေသည့်ကြားမှဟက်ခနဲတစ်ချက်ရယ်သည်။
"မေးစရာလိုလို့လား မခြည်ရယ် အရှင်းကြီးကိုသူကျွန်မကိုဒီလောက်မုန်းတာ"
"နင်မေးကြည့်ဖူးလို့လား"
ခြယ်ခေါင်းကိုအသားကုန်ခါရမ်းပြလိုက်သည်။
"မေးစရာလား အရှက်ကွဲမှာပေါ့ မမရယ် အဖြေကိုသိနေရဲ့သားကြီးနဲ့"
"လုပ်ပါ တခါလောက်ဖြစ်ဖြစ်သူ့ကိုမေးကြည့်ပါ ပွင့်ပွင့်လင်းလင်းမေးကြည့်လိုက်ပါ"
"ဒါပေမယ့် သူမှချစ်တယ်လို့တခါမှမပြောဖူးတာမေးရအောင်ကလဲ"
ခြယ်စိတ်ရောကိုယ်ရောနွမ်းလျနေပြီ။
ထိုမိန်းကလေးကိုလက်ရုံးကြင်ကြင်နာနာပြုမူသည့်ပုံကိုကြည့်ပြီးသူအတော်ကြေကွဲရသည်။
ဘယ်လိုပဲဖြစ်ဖြစ် အရင်တုန်းကလက်ရုံးကတောင် သူ့ကိုဟိုဟာမလုပ်နဲ့ဒီဟာမလုပ်နဲ့ ချုပ်ချယ်၊သူမကြိုက်တဲ့ဟာတွေကိုအတင်းကြပ်ခိုင်းနှိပ်စက်တတ်လို့ အရမ်းစိတ်ရူပ်ခဲ့စိတ်ကျဥ်းကျပ်ခဲ့ရပေမယ့်လဲ အခုလက်ရုံးက ခြယ့်ကိုရှိသည်လို့ကိုမထင်တော့ ခြယ်သွားချင်ရာသွား လုပ်ချင်ရာလုပ် အရင်လိုလဲချုပ်နှောင်ထားခြင်းမရှိ တစ်ချက်ကလေးတောင်လှည့်မကြည့်တော့ပေ။
သူလဲလုပ်ချင်ရာလုပ်ပြီး ခြယ့်ကိုလဲလုပ်ချင်တာလုပ်မျက်နှာလွှဲထားတော့သည်။
ဘာတစ်ခုမှပိတ်ပင်တားဆီးခြင်းမရှိတော့။
ကွန်ဒိုကိုလဲသူစိတ်ကူးပေါက်သည့်အချိန်မှပြန်လာတတ်သည် ကျန်တဲ့အချိန် ေကျာင်းမှာနဲ့အပြင်မှာလုပ်ချင်ရာလုပ်နေတတ်သည်။
အစပိုင်းတုန်းကတော့ ခြယ် အရာရာလိုက်ပိတ်ပင်တားဆီးမယ့်လူမရှိတော့လို့တအားပျော်ခဲ့သည်။
ကြာလာတော့သူ့ရဲ့ပစ်ပစ်ခါခါဥေပက္ခာေတွကိုမလိုချင်မိေတာ့။
သူ့ရဲ့ဥပေက္ခာတွေတပွေ့တပိုက်အခြေအနေမှာ အရင်တုန်းကလိုတစ်ချိန်လုံးသူ့ဆီကအာရုံစိုက်ခံရပြီးသူနှိပ်စက်တာကိုတောင်ပြန်ခံချင်မိသည်။
*လွမ်းတယ် လက်ရုံးသုခရယ် အရင်လိုကျွန်မကိုပြန်နှိပ်စက်လို့မရဘူးလား ဒီလိုဥပေက္ခာပြုထားမယ့်အစားနှိပ်စက်တာပဲခံလိုက်ချင်တယ် အဲ့လိုကြီးကျောခိုင်းမထားပါနဲ့လား လက်ရုံးရယ် ပစ်မထားပါနဲ့လား*
.
.
"လက်ရုံး"
"ခင်ဗျာ"
သူ့ဆီကတစ်ခါမှလက်ရုံးလို့ခေါ်တာမကြားခဲ့ဖူး၍ ယောင်ယောင်မှားမှားေတွပါထူးမိသည်။
အမြဲတမ်း လက်ရုံးသုခ လက်ရုံးသုခနှင့်သူစိမ်းဆန်ဆန်ခေါ်တတ်သည့် သူ့ဆီကလက်ရုံးလို့အခေါ်ခံလိုက်ရ၍အံ့ဩသွားသည်။
အိမ်အဝင်ခန်းကဆိုဖာပေါ်မှာထိုင်နေသည့်အေးစက်စက်မျက်နှာနှင့်ခြယ့်ကိုမြင်တော့သူစိတ်ထဲတော့မကောင်း။
ဒီအချိန်ထိမအိပ်သေးပဲလက်ရုံးအပြန်လာတာကိုထိုင်စောင့်နေသည့်ပုံပေါ်သည်။
"မင်းမအိပ်သေးဘူးလား ငါ့ကိုစောင့်နေတာလား"
"ဟုတ်တယ် ကျွန်မတို့စကားပြောဖို့လိုနေပြီ"
"ဘာပြောမလို့လဲ"
ခြယ်ဆိုဖာမှာထိုင်နေရာမှမတ်တပ်ထရပ်လိုက်သည်။ညအိပ်ဝတ်စုံအဖြူရောင်ခပ်ပါးပါးလျလျလေးကိုဝတ်ဆင်ထားသည့်သူ့မျက်နှာလေးက ပင်ပန်းနွမ်းနယ်နေသည့်ပုံပေါက်သည်။
"ကျွန်မတို့ကွာရှင်းကြရအောင်လား ဒီအိမ်ထောင်ရေးကနှစ်ယောက်စလုံးအတွက်လဲအရေးမှမပါတာ ကျွန်မကိုလွတ်လပ်ခွင့်ပေးလိုက်ပါတော့လား လက်ရုံးရယ် ကျွန်မကိုအချုပ်အနှောင်ထဲကလွှတ်ပေးပါ ရှင်လဲပျော်ရွှင်ဖို့ဆုတောင်းပေးပါ့မယ်"
"ဘာ... သေတောင်ကွာရှင်းမပေးဘူး မင်းကသေတဲ့အထိငါ့မိန်းမပဲ ငါသေမှမင်းကိုလွှတ်ပေးမှာ"
လက်ရုံးဆီကထိုစကားကြားတော့ခြယ့်ရင်ထဲမှာအတိုင်းမသိပျော်ရွှင်သွားသည်။
တုပ်နှောင်ထားပါ စိတ်ကြိုက် ဘယ်လိုကြိုးမျိုးနဲ့ချည်ချည် ရုန်းထွက်မှာမဟုတ်လို့။
နဖားကြိုးရှည်ရှည်နဲ့သာ နဖားကြိုးထားလိုက်စမ်းပါ ဒီနွားမကြီးကို။
"လက်ရုံး"
ခြယ် စိုးထိတ်နေသည့်လေသံနှင့်တိုးလျလျခေါ်သည်။
"ပြောလေ"
"ကျွန်မကိုချစ်လား"
လက်ရုံး မျက်လုံးအဝိုင်းသားနှင့်ခြယ့်ကိုစိုက်ကြည့်သည်။ရုတ်တရပ်မလို့သူလဲလန့်သွားဟန်ရှိသည်။ဘာမှပြန်မဖြေသည့်လက်ရုံးကြောင့်ခြယ်စိတ်ဓာတ်ကျသွားသည်။
"ထားလိုက်ပါ မဟုတ်တာတွေလျှောက်မေးမိလိုက်တာပါ မေးမိတာပြန်ရုတ်သိမ်းတယ်"
ခြယ်ရှက်ရှက်နှင့်မျက်နှာရဲတက်နေပြီး အတော်နေရခက်သွားသည်။
ကိုယ့်ကိုမချစ်တဲ့လူကိုချစ်လားလို့မေးမိတာ ဘယ်လောက်ရှက်စရာကောင်းလဲ။
ပြီးတော့ဟိုကအားနာပါးနာတောင်ချစ်တယ်လို့ပြန်မဖြေ။
"ချစ်တယ် ကိုယ်မင်းကိုချစ်တယ် မြခြယ်"
#ParadiseKhin
ဒီအပိုင်းမှာစနိူက်တဲ့အခန်းသေးသေးလေးပါသွားတယ် အားနာပါတယ်။
နောက်အပိုင်းတွေကျရင် မရိူ့တော့ပါဘူးနော်။
Upကြာသွားတယ် လက်ရုံးဇာတ်ကောင်ကိုမကောင်းပြောကြဆဲကြတော့စိတ်ဓာတ်တွေလဲကျသွားတယ်။
Unတောင်ပစ်မိတော့မလို့ပါ။
Zawgyi
လက်ရုံးသေးသေးလေးတောင်ဂရုမစိုက်နောက်လှည့်ကြည့်မနေပဲ
ထို ရမ်ပုလင်းထဲကအရည်တွေကိုကိုပုလင်းလိုက်မော့ချလိုက်သည်။
"လက်ရုံးသုခ"
"ရှင်လုပ်နေပုံတွေမဟုတ်လို့ပြောနေတာ ရှင်ဒီလိုမူးရူးပျော်ပါးပြီးညကြီးသန်းခေါင်မှအိမ်ပြန်လာ တာ ကျစ် မပြောချင်ပေမယ့်လဲ ရှင်ကလက်ထပ်ပြီးသားအိမ်ထောင်သည်အမျိုးသားဒီလိုတွေ့ကရာမိန်းမတွေနဲ့ဟိုတယ်တကာပတ်အိပ်နေတာကဒုသနသောပဲ"
လက်ရုံး မီးဖိုချောင်အဝင်ဝမှာရပ်နေသည့်ခြယ့်အနားကိုတစ်လှမ်းချင်းလှမ်းလျှောက်လာကာ ခြေနှစ်လှမ်းလောက်သာကွာတော့တဲ့နေရာရောက်မှရပ်လိုက်သည်။
"တောက်"
ခလွမ်းဆိုသည့်ကျကွဲသံကြီးကြောင့်ခြယ့်ခန္ဓာကိုယ်လေးတုန်ရင်သွားပြီးနားနှစ်ဖက်ကိုလက်နဲ့ပိတ်လိုက်သည်။
သူ့ပုခုံးအားနဲ့တွန်းတိုက်သောအရှိန်ကြောင့်ခြယ့်ခန္ဓာကိုယ်အရှေ့ကိုယိုင်ကျသွားပြီးအရှိန်မထိန်းနိုင်ပဲကြမ်းပေါ်ကဖန်ကွဲစတွေပေါ်ကိုလက်ထောက်ကျသွားသည်။
"အား"
"အားးးစပ်လိုက်တာ ကျစ်"
တစ်ချက်ကလေးတောင်လှည့်မကြည့်ပဲ ကျောခိုင်းသွားသည့်သူ့နောက်ကျောကိုတွေးမိရုံနဲ့ ရင်မှာဆူးနဲ့ဆောင့်သွင်းလိုက်သလိုနာတဲ့ရင်ထဲကဒဏ်ရာလောက်တော့ပြင်ပကဒဏ်ရာတွေကဘယ်နာပါ့မလဲ။
ခြယ်လက်ဝါးကိုအရက်ပြန်များများလောင်းပြီးပတ်တီးနဲ့ချည်လိုက်သည်။
"အားးဟင့်ဟင့်"
နေရင်းထိုင်ရင်းဝမ်းနည်းပက်လက်ဖြင့် ရိုက်
ရိုက်ပြီးငိုချလိုက်မိသည်။
ဒဏ်ရာဆေးထည့်တာစပ်လို့ငိုတာပဲလား အနောက်ကိုတစ်ချက်လေးတောင်လှည့်မကြည့်ပဲဘာဖြစ်သွားသေးလဲလို့မေးတောင်မသေးသည့် သစ်စိမ်းချိုးချိုးနိုင်လွန်းသည့်လက်ရုံးကြောင့်ပဲငိုတာလားခြယ်ကိုယ်တိုင်လဲမသဲကွဲ။
.
.
"ဘာကြီးလဲ"
"ဟိုမှာနင့်ယောကျာ်း"
ထိုကောင်မလေးကလဲသူတို့ကျောင်းကပဲလားတော့မသိလွယ်အိတ်တွေနှစ်ယောက်စလုံးစီမှာပါတာတွေ့ရသည်။
"လာပါမနေခြည်ရယ် ခြယ်တို့ကိုမြင်သွားပါ့အုန်းမယ်"
"နင်တုံးအလှချည်လား သူတို့နှစ်ယောက်လူမြင်ကွင်းမှာတောင်ဒီလောက်ဖြစ်နေကြတာနောက်ကွယ်မှာဘယ်လောက်ဖြစ်နေမလဲ စဉ်းစားကြည့် ပြီးတော့ဒါကဟိုတယ်နော် အဲ့ကောင်မကိုသူများလင်ကိုစနိုက်ချင်တဲ့မယားငယ်မဆိုပြီး ဆံပင်ဆွဲပါးသွားချလိုက်စမ်းပါဟယ်"
ခြယ့်ကိုစိတ်မထင်ရင်မထင်သလိုလက်ပါတတ်သည့်လက်ရုံးနှင့်ဘာမှမဆိုင်။
"ကဲ"
လက်ရုံးမျက်နှာပေါ်ကကော်ဖီတွေကိုသပ်ချပြီး အကျီထဲဝင်သွားသည့်ရေခဲတုံးတွေကိုနိုက်ထုတ်ပြီး ကြမ်းကြမ်းရမ်းရမ်းတော့မတုံ့ပြန်။
လေသံအေးအေးဖြင့်ပင်
"အေး အဲ့ဒီစေးကပ်သွားတဲ့ဆံပင်တွေကိုငါတစ်မွှေးချင်းဆွဲနူတ်ပေးမယ် ကဲဟယ် ကဲဟယ်"
" *ပ့ကို ကိုကိုးကယ်ရမှာလား သူများလင်စနိုက်ချင်တဲ့ဟာမ"
Advertisement
- In Serial14 Chapters
Whatever End
The fight is over, the enemy destroyed, the world is saved… technically. “Stand Fast!” The general called over the din of battle. “We will hold this line! The future depends on us! To whatever end!” Richard believed him, and that’s why he had bound his soul to the Arcstone, in hopes of containing the rift forever. If only he had learned more before making that final sacrafice. When the battle is done, and the world is ‘saved’ what happens to those left behind? And.. what should he do, now that it’s over? Cover art by gej302
8 189 - In Serial7 Chapters
A Knight And Her Lord
Lily, the Chosen Undead turned Ashen One, chose to give the Firekeeper the First Flame. Not to usher in the Dark, but to give the Flame a chance to grow and become powerful once more. So that it may return and burn the Dark away. As the world was consumed, Lily found herself in a world not her own. Along with the man she idolizes, Lord Gwyn.
8 177 - In Serial32 Chapters
The Magical Craftsman
"Holy shit! This world has Minecraft mechanics!" Jack Slater is dead. Lucky for him, he is given another chance in life by being reincarnated into another world. It is a fantasy world where dragons want to eat him, demons want to kill him, and hot elf women want to sleep with him. Okay, so maybe that last part isn't entirely true. But hey, at least he is given a unique ability to magically craft whatever tools or items he can think of. With his power, skills, and wits, Jack will navigate this treacherous world, making lots of friends and even more enemies along the way. Not wanting to squander this second chance, he vows to live a fulfilling life in this world, no matter the obstacles he might face. Let's hope he survives long enough for that to happen.
8 400 - In Serial12 Chapters
Strategy's Mistress
A young seven year old girl enters an academy for strategists where only one in a thousand students has a shot at becoming a rank ten strategist! The path to the top is hard, hellish and unforgiving. Blood will flow like rivers, she will have to walk over heads and she will have to prove time and time again that she is the wisest, the smarters, the most brutal, the most decisive, the most sly and the cruelest. Even though the odds are low, she must persist and grasp her one chance. If not for herself then she has to do it for her late parents. Link to my blog
8 52 - In Serial29 Chapters
Bingge's Story-Shifting System (SVSSS Bingge x Shizun)
Luo Binghe, thinking that Shen Qingqiu died from suppressing Xin Mo, killed himself. Shen Qingqui was heartbroken. Meanwhile, the original Luo Binghe, the stallion novel protagonist, was slowly getting bored of his harem. To fix the bug caused by Bingmei's self-destruction, the system shifted Bingge to the modified story.Can the blackened, harem protagonist change his view when he meets the kinder Shizun? Or will resentment overcome him and lead to the current Shen Qingqiu's death?
8 143 - In Serial57 Chapters
Blasé
I won't stop until that boy is mine©All Rights reserved. Danny Knight
8 186