《Devil Husband》20
Advertisement
"ချစ်တယ် ကိုယ်မင်းကိုချစ်တယ်မြခြယ်"
"ဟမ်းး ရှင်ဘာပြောလိုက်တာ"
"ပြောပြီးပြီလေ"
ခြယ်မယုံကြည်နိုင်စွာနားထဲကိုလက်နိူက်ပြီးပြောသည်။သူနားကြားများလွဲသွားတာလား။
ဟိုလူကလဲနှစ်ကြိမ်လေးတောင်ပြောမပေးနိုင်ဘူးလား။ဒီစကားေလးကိုနှစ်ကြိမ်ေလးေပြာ
ပေးဖို့တောင်မာနကကြီးနေသေးတယ်။သူကြားလိုက်တာမှန်ရဲ့လား။
လက်ရုံးကသူ့ကိုချစ်တယ်လို့ပြောလိုက်တာလား။
"ရှင်ချစ်တယ်လို့ပြောလိုက်တာလား"
"အင်း"
လက်ရုံးရဲ့ဖွေးဖွေးဥဥပါးလေးနှစ်ဖက်ရဲတွတ်နေပြီး ခြယ့်ကိုလဲမျက်လုံးချင်းဆိုင်မကြည့်ပဲ ခေါင်းကြီးငုံ့ထားပြီး ရှက်ရှက်နှင့်ဆံပင်တွေကိုဆွဲဖွနေသည်။လက်ရုံးရှက်လွန်းလို့ထိုေနရာမှအငွေ့ပျံချင်စိတ်တောင်ပေါ်နေသည်။
"ချစ်တယ်ပေါ့ အင့်ဟင့်ဟင့် လူယုတ်မာ ဘာလို့အစောကြီးထဲကမပြောရတာလဲ လူယုတ်မာကြီး
ဟင့်ဟင့် မကောင်းဘူး"
ကောက်ကာငင်ကာထငိုသောခြယ့်ကြောင့်လက်ရုံးလန့်သွားသည်။
သူဘာမှလဲမလုပ်မိပဲ ဘာလို့ငိုသွားမှန်းမသိ။
လူကိုထူးထူးဆန်းဆန်းတွေလျှောက်မေးပြီး အခုလဲနေရင်းထိုင်ရင်းထငိုသည်။သရဲတဘက်များစီးနေတာလား။
အငိုတိတ်စေချင်သော်လဲဘယ်လိုချော့ရမလဲသူမသိ။သူမချော့တတ်လို့အခက်တွေ့နေသည်။
မချော့တတ်ချော့တတ်နှင့်ပင်
"ဘာငိုစရာပါလို့ငိုတာလဲ မျက်ရည်မဖြုန်းနဲ့ တိတ်တိတ်"
ခြယ်ငိုတာခဏရပ်လိုက်သည်။
"ဘာလို့အစောထဲကချစ်တယ်လို့မပြောတာလဲလက်ရုံးရယ်"
"မင်းပဲငါ့ကိုသေလောက်အောင်မုန်းတယ်ဆို ငါ့ကိုအရမ်းရွံတယ်ဆို မင်းပဲမုန်းတယ်မုန်းတယ်တဖွဖွပြောနေမှတော့ ဘယ်လိုလုပ် ချစ်တယ်လို့ပြောလို့ရပါ့မလဲ ရှက်စရာကြီးဟာကို"
လက်ရုံးကြမ်းပြင်ကိုသာစိုက်ကြည့်ပြီးဆံပင်တွေကိုလက်နဲ့အသားကုန်ဖွပြီးပြောသည်။
"အဲ့တာကအရင်တုန်းကလေ အခုချစ်တယ်လေ"
"ဗျာ...."
"ရှင်ကတကယ့်လူယုတ်မာ ကိုယ်ချစ်တဲ့လူစိတ်ဆင်းရဲအောင်ကို တမင်တောင်ကြံဖန်ပြီးလုပ်တဲ့လူ မကောင်းတဲ့လူ ရှင့်ကြောင့်ကျွန်မဘယ်လောက်တောင်စိတ်ဒုက္ခရောက်ခဲ့ရလဲသိလား ကျွန်မတို့ရဲ့မင်္ဂလာဦးညမှာတောင်တခြားမိန်းမကိုအိမ်ခေါ်လာရဲတယ် အင့်ဟင့်ဟင့် တခြားမိန်းကလေးတွေနဲ့ရှင့်ကိုတွဲမြင်ရရင်ဝမ်းနည်းလွန်းလို့သေတော့မယ် ဟင့် "
"ရိုက်လေ ရိုက် စိတ်ရှိလက်ရှိရိုက်ပလိုက် ဒီသုံးစားမရတဲ့ကောင်ကို"
"...."
"ရိုက်လို့ရိုက်လိုက်လေ မရိုက်ပဲဘာလုပ်နေတာလဲ ရိုက်လို့"
"တော်ပြီလို့"
ခြယ်အကဲဆတ်စွာအော်မိသွားသည်။
"မနက်2နာရီထိုးနေပြီ မင်းအိပ်သင့်နေပြီအိပ်ရေးပျက်မယ်"
"ရှင်ကဘယ်တုန်းကဂရုစိုက်ဖူးလို့လဲ ရှင့်ဟာမလေးတွေကိုပဲစိတ်ပူတတ်တာမဟုတ်လား ဘယ်တုန်းကကျွန်မအတွက်တွေးပေးဖူးလို့လဲ ကျွန်မသေသွားလဲရှင်နဲ့မဆိုင်ဘူးမဟုတ်လား ဘာလို့အခုမှလာစိတ်ပူပြနေတာလဲ ကျွန်မကိုဒုက္ခတွေပဲပေးချင်တာမလား"
လက်ရုံးသက်ပြင်းရှည်ကြီးချလိုက်မိပြီး ခေါင်းခါပြသည်။
ခြယ့်ခေါင်းလေးကို သူ့ရင်ခွင်ကျယ်ကြီးထဲဆွဲသွင်းလိုက်ပြီး ခေါင်းလေးကိုဖွဖွလေးပွတ်သပ်ပေးသည်။
နူတ်ဖျားကနေလဲ တိုးညှင်းစွာရေရွတ်သည်။သို့ပေမယ့် သူနဲ့အနီးဆုံးမှာပူးကပ်နေသည့် ခြယ်ကတော့ရှင်းရှင်းလင်းလင်းအကုန်လုံးကိုကြားလိုက်ရသည်။
"မှားခဲ့ပါတယ် အမှားတွေလုပ်ခဲ့မိပါတယ် တောင်းပန်ပါတယ် အမှားတွေကိုပြင်ဆင်ခွင့်ပေးပါ ကိုယ်ကဘယ်သူကိုမှမချစ်ခဲ့ဖူးတာမလို့ချစ်တယ်လို့လဲထုတ်မပြောတတ်ဘူး...
"လူလိမ်..."
"မလိမ်ရပါဘူးဗျာ"
ခြယ် လက်ရုံးရင်ဘက်ကိုတွန်းထုတ်ပြီး နီးကပ်နေသည့်လက်ရုံးမျက်နှာကိုပါတွန်းဖယ်ပစ်လိုက်သည်။
"မချစ်ပဲလာလိမ်မနေနဲ့ ပြောတော့မုန်းလွန်းလို့ဒုက္ခပေးချင်လွန်းလို့ရအောင်လက်ထပ်ထားတာဆို အဲ့ဒါကြောင့်ပဲရှင်ကျွန်မစိတ်ဆင်းရဲရအောင်အမျိုးမျိုးလုပ်နေတာလေ"
"ငတုံးမလေး မုန်းတဲ့လူကိုဘယ်သူကလက်ထပ်ပါ့မလဲ ချစ်လွန်းလို့အနားမှာအမြဲရှိစေချင်လို့ တသက်လုံးတူတူနေသွားချင်လို့ လက်ထပ်ထားတာပေါ့ကလေးမရယ် မင်းကတကယ့်ငတုံးမလေး မင်းကိုချစ်လွန်းလို့မရရေအာင်ယူထားရတာေလကွာ မင်းလင်ပြောသမျှကိုယုံမနေနဲ့ ကိုယ့်ပါးစပ်က၁၀ခွန်းထွက်ရင်၈ခွန်းကလိမ်နေတာကွ"
"ဟမ်းးအဲ့တာဆိုချစ်တယ်ဆိုတာကလိမ်နေတာပေါ့လေ ဟုတ်မာပေါ့ ရှင်ကမယားငယ်လေးတွေကိုပဲချစ်တာလေ"
လက်ရုံးမျက်လုံးအဝိုင်းသားဖြစ်သွားရပြန်သည်။သူစခဲ့တဲ့ဂယက်ကအတော်ထန်တာကြောင့်သူဘာပြောပြောမယုံကြည်တာလဲတစ်ခြားသူအပြစ်မဟုတ်။
သူကိုယ်တိုင်ကိုကမကောင်းခဲ့တာမလို့ ခြယ့်ကိုအပြစ်တင်လို့မရ။
ခြယ့်ရှေ့မှာမိန်းကလေးပေါင်းများစွာနှင့် ပလူးပလဲ လက်လွန်ကြက်သွန်ဖြစ်ပြီး ကုတင်ပေါ်အကြိမ်ကြိမ်တက်ပြပြီး ခြယ်နာကျင်အောင်အခေါက်ခေါက်အခါခါလုပ်ခဲ့တာမလို့ သူ့ကိုမယုံကြည်တာသူ့အပြစ်တွေကြီးပင်။
"မဟုတ်ဘူး အဲ့တာကတော့အတည်ပြောတာ အဲ့တာကအမှန်တရား ကိုယ်မှားခဲ့ပါတယ်လို့ဝန်ခံပြီးပြီလေ ကိုယ့်အမှားတွေကိုပြင်ဆင်သွားမလို့တစ်ခါလောက်ယုံကြည်ပေးပါ"
ခြယ်မျက်လုံးအဝိုင်းသားနှင့်လက်ရုံးကိုစိမ့်စိမ့်ကြည့်သည်။
သူတို့ကြားကအခြေအနေတွေကညှိနိူင်းလို့ရနိုင်သေးတာလား။
ဒီလူဘာခိုင်းခိုင်းမငြင်းနိုင်တဲ့ကိုယ်တိုင်ကိုကအပြစ်တစ်ခုပင်။ဘယ်လောက်ဖောက်ပြန်ပြန် ဘယ်လောက်နာကျင်အောင်လုပ်လုပ် ဒီလူ့ကိုသာရွေးချယ်သွားမှာ။
"အင်း"
လက်ရုံးခြယ့်လက်ဖမိုးလေးကိုဆုပ်ကိုင်ပြီးနမ်းသည်။
"ကိုယ်အများကြီးမှားခဲ့ပါတယ် ဘယ်တော့မှမင်းကိုလက်မပါတော့ပါဘူး ဘယ်တော့မှလဲမဖောက်ပြန်တော့ဘူး ကိုယ်တို့ဒီအိမ်ထောင်ရေးကိုတည်မြဲဖို့တူတူကြိုးစားကြမယ်နော် ကိုယ်တို့မပွင့်လင်းခဲ့ကြလို့အချင်းချင်းနာကျင်အောင်အကြိမ်ကြိမ်လုပ်ခဲ့ကြပြီးပြီ ကိုယ်တို့အများကြီးပွင့်လင်းကြမယ်နော်"
သူတို့နှစ်ယောက်လုံးနာကျင်ခဲ့ကြရတဲ့ တရားခံကမပွင့်လင်းခဲ့ကြလို့။
"ကျွန်မအိပ်ချင်နေပြီ မနက်ရောက်မှဆက်ပြောမယ်"
"အင်း"
လက်ရုံးကတော့တကယ့်အေးစက်စက်လူသား။
ထို အေးတိအေးစက် အင်း ဆိုသည့်တုန့်ပြန်သံကိုကြားတော့ခြယ်ခေါင်းခါမိသည်။
ဒီလူ့ကိုသူအများကြီးနွေးထွေးလာအောင်ပြုပြင်ပေးရအုန်းမှာပါလား။
ချစ်တယ်ဆိုတာကိုတောင်ထုတ်မပြောချင်တဲ့ တကယ့်လူ။မာနကလဲကြီးလိုက်တာလွန်ရော။
.
.
"သားကြီး ဟိုမှာမင်းဘဲကြီး"
သူညွှန်ပြရာကိုလှမ်းကြည့်လိုက်တော့ မြက်ခင်းပြင်ပေါ်မှာအခန့်သားထိုင်ပြီး ရေဘူးကုဒ်ဘူးတွေနဲ့ဟိုလူ။သူ့ကိုကြည့်နေတော့အရှက်မရှိသွားသုံးဆယ့်နှစ်ချောင်းဖြဲပြီးတာ့တာလှမ်းပြသည်။
လင်းလဲ့လဲ့လွင်စိတ်ထဲမှာဒီဘဲနာကြီးဘာလာရူပ်ပြန်တာလဲလို့စိတ်ကထွက်သွားရပြန်သည်။
"လင်းလဲ့လဲ့လွင် လင်းလဲ့လဲ့လွင် ဖြောင်း ဖြောင်း"
"ဂိုး လင်းလဲ့လဲ့လွင်ကွ ဒါမှကိုယ့်ကောင်မလေး ရွှီး"
ဂျိုးလက်ခေါက်မူတ်ပြီး လက်ခုပ်လက်ဝါးတွေအသားကုန်တီးတော့ လဲ့လွင်ရှက်ရှက်နဲ့ခေါင်းကုပ်နေမိသည်။
တစ်ဖက်အသင်းက ကစားသမားတွေရော ကိုယ့်အသင်းကလူတွေပါပြုံးစိစိနဲ့လဲ့လွင်ကိုကြည့်နေကြသည်။
လဲ့လွင်ရှက်လွန်း၍မျက်နှာတစ်ခုလုံးရဲဗလောင်းထနေသည်။
*ဒီဘဲကြီးကိုငါပြေးထိုးချင်လှပြီ စိတ်ထိန်း စိတ်ထိန်း သူကငါ့ထက်လူကောင်အများကြီးကြီးတယ် ဟိုကပြန်တီးရင်ငါဂွိမှာ သည်းခံသည်းခံ*
"အားးး"
တစ်ဖက်ကစားသမားကခြေထိုးခံလိုက်သောကြောင့်လဲ့လွင်မြက်ခင်းပေါ်မှောက်ကျသွားသည်။ရင်ဘက်အောင့်သွားပြီး လက်ထောက်လိုက်မိ၍လက်လဲအတော်နာသွားသည်။
ဂျိုးထိုပြေးဆင်းချလာကာ မှောက်ရက်ကျနေသောလဲ့လွင်ကိုဆွဲထူသည်။
"ဟမ်းး မင်းဘယ်လိုလုပ်လိုက်တာလဲကွ လူချရလား မင်းသေချင်နေတာလား"
တစ်ဖက်အသင်းကခြေထိုးခံလိုက်သောကစားသမားကိုအတင်းရန်ရှာပြန်သည်။
လဲ့လွင် ဂျိုးလက်မောင်းကိုပိတ်ထိုးလိုက်မိသည်။
"ဘာဖြစ်လို့လဲ ကလေး"
"တော်ပါတော့ ရှက်စရာတွေသိပ်မလုပ်ပါနဲ့တော့ဘဲစုတ်ကြီးရယ် ကျွန်တော်လဲသိပ်ထိသွားတာမဟုတ်ပါဘူး"
ထိုအခါမှဂျိုးတစ်ဖက်ကောင်လေးကိုရန်တွေ့နေတာရပ်သွားသည်။
"သားကြီး နာသွားရင်ဆက်မကန်နဲ့တော့နားလိုက်တော့"
လဲ့လွင်တို့အသင်းခေါင်းဆောင်စကားကိုဂျိုးအပြတ်သတ်ထောက်ခံသည်။
"နော် ကလေးလေး နားလိုက်တော့"
"အင်းအင်း"
လဲ့လွင်ရဲ့စိတ်မရှည်လက်မရှည်အင်းအင်းလို့ဖြေသံကိုကြားတော့ ဂျိုး လဲ့လွင်ရဲ့လူကောင်သေးသေးလေးကိုစွေ့ကနဲ့ပွေ့ချီလိုက်သည်။
အားလုံးရဲ့တစ်ပြိုင်နက် ဝိုး ဆိုတဲ့စစနောက်နောက်အသံလဲတညီတညွှတ်ထဲထွက်ပေါ်လာသည်။
"ဟေ့လူ ကျုပ်ထိတာလက်ဗျ လမ်းကောင်းကောင်းလျှောက်နိုင်တယ် အခုချက်ချင်းချပေးစမ်း ဟေ့လူ ခင်ဗျားဗျာ"
သူဘယ်လောက်ရုန်းကန်ရုန်းကန် ဂျိုးကတော့လွှတ်ချမပေးပဲ ပိုပြီးတောင်တင်းြကပ်နေအောင်ဆွဲကပ်လိုက်တာမလို့ လဲ့လွင် ဂျိုးရင်ခွင်ထဲသို့မျက်နှာအပ်သွားရသည်။
ပေါက်ထွက်မတတ်တဒိန်းဒိန်းခုန်နေတဲ့နှလုံးခုန်သံကြောင့်လဲ့လွင်ကိုယ့်ကိုကိုယ်ပြန်လန့်မိသွားသည်။
သူဒီလူကြီးရင်ခုန်နေတာလား။
မိန်းကလေးတယောက်မဟုတ်ပဲယောက်ျားကြီးကိုလား။
"ကြည့်ပါကွာ ဒီမျက်နှာချောချောလေးကကလေးလေးအပိုင်ပါ"
ရင်ခွင်ထဲကနေ ဂျိုးမျက်နှာကိုပေါက်ထွက်မတတ်ငေးကြည့်နေသည့် လဲ့လွင်ကိုဂျိုးမထိတထိစလိုက်သည်။
သူခိုးလေးကလူမိသွားတော့ရှူးရှူးဒိုင်းဒိုင်းဖြင့်ပင်သူမကြည့်သလိုလိုနဲ့
" X ီးကြည့်ရမာလားဗျ ပြီးတော့အဲ့ကလေးလေး ကလေးလေးလို့မခေါ်နဲ့လို့ဘယ်နှခါပြောရမလဲ ဟမ်းးး?
"အဲ့လိုမခေါ်ရဘူးဆိုတော့ ဒီလိုလေးခေါ်ရမှာလားလို့ ကိုယ့်လဲ့လွင်လေးလို့လေ"
ကိုယ့်လဲ့လွင်လေးဆိုတဲ့နေရာမှာတမင်ပိုပိုသာသာဖိပြီးကြာကူလီလေသံနှင့်လူယုတ်မာမျက်နှာပေးနှင့်ပြောလိုက်သည်။
လဲ့လွင်လက်ခလယ်ထောင်ပြတော့ဂျိုးဟက်ဟက်ပက်ပက်ရယ်မောသည်။
ဂျိုးလဲ့လွင်ကိုယ်လေးကိုကွင်းထောင့်ကမြက်ခင်းပြင်နေရာလေးမှာအသာယာချပေးလိုက်ပြီး သူဝယ်လာသည့်ကုဒ်ဘူးကိုကမ်းပေးသည်။
"မောနေတယ်မလား ရော့"
"ပေး"
ဇိုးဇိုးဇတ်ဇတ်လက်ထဲကနေ သူ့လုပ်စာစားနေတဲ့အလားလုယူသွားသညလက်ရဲဇက်ရဲဟာလေးကိုဂျိုးပြုံးတုံ့တုံ့ကြည့်သည်။
"ခင်ဗျားလဲအရှက်မရှိဘူးနော် ဒီဘော်ဒါချင်းချင်းလူစုကန်တဲ့ပွဲလေးကိုမသိရင် နိုင်ငံ့့ပွဲစဉ်ကြီးကျနေတာပဲ အော်ဟစ်အားပေးနေတဲ့ပုံကခင်ဗျားလဲပေါတောတောဖြစ်နေပြီ"
"ဟားဟား ကိုယ်ကိုယ်တိုင်တောင်မသိတော့ပါဘူးကွာ ဟုတ်တယ် ကိုယ်ပြောင်းလဲလာတယ်မင်းကြောင့်ပေါ့ ကိုယ်အများကြီးပျော်ရွှင်လာရတယ် မင်းကကိုယ်အမြဲတမ်းထိန်းသိမ်းထားခြင်းမိတဲ့ပျော်ရွှင်မူလေး
ကိုယ်ရဲ့ပျော်ရွှင်မူတွေကမင်းကြောင့်ပဲဖြစ်ပေါ်လာရတာ"
လဲ့လွင် ထိုစကားတွေကိုရန်ဖြင့်မတုံ့ပြန်နေတော့ပဲသူ့စကားတွေကိုငြိမ်ပြီးသာနားထောင်နေလိုက်သည်။ညနေစောင်း ကောင်းကင်ရီဖျော့ဖျော့အောက်မှာ ထိုလူရဲ့စကားတွေဟာသူ့မျက်လုံးတွေလိုပဲစိတ်ထက်သန်နေသည်။
.
.
"လဲ့လွင် ကိုယ်ရောက်ပြီလေ"
အနောက်ကနေမပြောမဆိုပုခုံးကိုပိုင်စိုးပိုင်နင်းဖက်လိုက်သောဂျိုးကြောင့် လဲ့လွင်ရောလဲ့လွင်ဘေးကကောင်မလေးပါအံ့ဩသွားသည်။
"ဟမ်းး နင်ကtomမဟုတ်ဘူးလား ဘယ်ကလူကြီးလဲအဲ့ဒါက"
"ကိုယ်လား ကိုယ်ကလဲ့လွင်ချစ်သူလေ ကိုယ့်ကောင်မလေးနားမှာရူပ်ရူပ်ယှက်ယှက်မမြင်ချင်ဘူး မင်းဒိုးလိုက်လိုက်ပါမိန်းကလေး"
လဲ့လွင်ထက်အသက်နှစ်နှစ်သုံးနှစ်လောက်ကြီးမယ်ထင်ရသောမိန်းကလေးဂျိုးစကားကြောင့်လှည့်ထွက်သွားသည်။
"မမ မမ ကျွန်တော်ပြောပြမယ် မမ နေအုန်း"
"လာပါကလေးရယ် ကိုယ်မု့န်တွေဝယ်ခဲ့တယ်"
"အဲ့တော့Xီးလုပ်ရမှာလားဗျ ဟိုမှာကျုပ်မမသွားပြီ သူကျွန်တော့်ကိုအဖြေပေးတော့မှာဗျ ခင်ဗျားXီး Xီးလားလားတွေလုပ်လို့ တောက် ဗျာ ခင်ဗျားဘာလို့ ကျုပ်ကိုလိုက်နှောင့်ယှက်နေရတာလဲ ပြောစမ်း"
လဲ့လွင် ဂျိုးကုတ်အကျီကော်လံစကိုဆွဲကိုင်ပြီးရန်လိုစွာပြောသည်။လဲ့လွင်ဒေါသကြောင့်မျက်နှာတစ်ခုလုံးလဲနီရဲနေသည်။
"မင်းကိုချစ်လို့လေ ကလေးရဲ့"
"Xီးကိုချစ်တာလား ကဲဗျာ ကဲဗျာ"
လဲ့လွင် ဂျိုးမျက်နှာကိုနှစ်ချက်ဆင့်ထိုးလိုက်သည်။ဂျိုးကတော့ဒီလက်သီးသေးသေးလေးဒဏ်ကိုဖြုံတောင်မဖြုံပေမယ့် လဲ့လွင်လက်တော့နာသွားဟန်ရှိသည်။
ဆေး ၁တစ်ဝန်းလုံးကကျောင်းသားတွေကလဲသူတို့ကိုစူးစိုက်ကြည့်နေကြသည်။
Advertisement
လဲ့လွင် ဂျိုးလက်ထဲက သူ့အတွက်ဝယ်လာသည့် ရေခဲမုန့်ဘူးလေးနှစ်ဘူးကိုပါဆွဲလွှတ်ပစ်လိုက်သည်။
"နောက်ကျုပ်ကိုဘယ်တော့မှလာမနှောင့်ယှက်နဲ့ ထွက်သွားဗျာ ခင်ဗျားမျက်နှာမမြင်ချင်ဘူး"
"ကောင်းပြီ ကိုယ်သွားပါ့မယ်"
ဂျိုး လှည့်ထွက်လာခဲ့ပြီးဆေးကျောင်းဝန်းထဲမှကားမောင်းထွက်လာခဲ့သည်။
ခေါင်းငိုက်စိုက်ကျကာ ကျောခိုင်းလှည့်ထွက်သွားသောကျောပြင်နွမ်းနွမ်းကိုကြည့်ကာလဲ့လွင်စိတ်ထဲတော့မကောင်း။
#ParadiseKhin
ကိုယ်တော့အိုမီခရွန်ထိပြီး အတော်နေမကောင်းဖြစ်သွားတယ်။အားလုံးပဲကျန်းမာရေးဂရုစိုက်ကြပါ။နောက်ဆိုသုံးလေးရက်တစ်ခါပဲအပိုင်းသစ်တင်ပါ့မယ်။1.5အမြန်နူန်းနဲ့ပဲကိုယ်သွားပါ့မယ် အရင်လိုပြန်ကျန်းမာဖို့ကပိုအရေးကြီးနေလို့ပါ။
တိုသွားမှန်းသိတယ်ကိုယ်ခေါင်းမူးနေလို့ပါ။
Zawgyi
"ပြောပြီးပြီလေ"
"အင်း"
ဟင့်ဟင့် မကောင်းဘူး"
"ဗျာ...."
"...."
"တော်ပြီလို့"
"လူလိမ်..."
"မလိမ်ရပါဘူးဗျာ"
"ငတုံးမလေး မုန်းတဲ့လူကိုဘယ်သူကလက်ထပ်ပါ့မလဲ ချစ်လွန်းလို့အနားမှာအမြဲရှိစေချင်လို့ တသက်လုံးတူတူနေသွားချင်လို့ လက်ထပ်ထားတာပေါ့ကလေးမရယ် မင်းကတကယ့်ငတုံးမလေး မင်းကိုချစ်လွန်းလို့မရရအောင်ယူထားရတာလေကွာ မင်းလင်ပြောသမျှကိုယုံမနေနဲ့ ကိုယ့်ပါးစပ်က၁၀ခွန်းထွက်ရင်၈ခွန်းကလိမ်နေတာကွ"
သူတို့ကြားကအခြေအနေတွေကညှိနိုင်းလို့ရနိုင်သေးတာလား။
"အင်း"
"အင်း"
.
.
"အားးး"
"ဘာဖြစ်လို့လဲ ကလေး"
"အင်းအင်း"
သူဘယ်လောက်ရုန်းကန်ရုန်းကန် ဂျိုးကတော့လွှတ်ချမပေးပဲ ပိုပြီးတောင်တင်းကြပ်နေအောင်ဆွဲကပ်လိုက်တာမလို့ လဲ့လွင် ဂျိုးရင်ခွင်ထဲသို့မျက်နှာအပ်သွားရသည်။
"မောနေတယ်မလား ရော့"
"ပေး"
"ခင်ဗျားလဲအရှက်မရှိဘူးနော် ဒီဘော်ဒါချင်းချင်းလူစုကန်တဲ့ပွဲလေးကိုမသိရင် နိုင်ငံ့ပွဲစဉ်ကြီးကျနေတာပဲ အော်ဟစ်အားပေးနေတဲ့ပုံကခင်ဗျားလဲပေါတောတောဖြစ်နေပြီ"
.
.
#ParadiseKhin
Advertisement
- In Serial20 Chapters
Overgrowth
I never thought I'd be killed by butterflies. But here I am... Edmon Valli was a smuggler, before a freak storm threw him off course and stranded him on a desert island smack in the middle of an uncharted monster zone. Trying his best to survive, or possibly even escape, he stumbles across the find of a lifetime: an unclaimed dungeon crystal. This is a dungeon-ish story, but without reincarnation or transmigration. I started it as a whim for NaNoWriMo so I may drop it any time after that... or I might not. My current plan is to write until I can reach some sort of conclusion and call it 'volume one'. I hope someone enjoys reading it for now! All comments, corrections, and criticism welcome.
8 203 - In Serial13 Chapters
A Demon's Requiem
In a world where everyone has Magic, what would you be, if you had none at all? In a world of incredible powers, one's place in society is determined by the arcane abilities one is born with. He was the lowest of the low, one born with no Magic at all: a Flawed. Yet, he will rise.
8 192 - In Serial10 Chapters
The Legend Of The Strongest Vampire!
From the day he was born, Richard Vice always exceeded expectations. Because of this, success followed him. He had everything everyone wished for: friends, health, a wife, a child, his own company, and he was happy.But everything changed when the first VRMMORPG came out.
8 150 - In Serial36 Chapters
Malcolm and the Toe Goblins
Like everyone, Malcolm always thought Toe Goblins were a myth. A legend. A tale to scare children. However, when Sven and Toe Goblins burst through Malcolm’s door and accuse him of murder, he has no choice but to acknowledge their existence. When Malcolm accepts Sven’s ultimatum, he embarks on the greatest adventures of his life; sans his ten little toes! Completed
8 246 - In Serial14 Chapters
I Love You Since 1892 (Lines)
I Love You Since 1892 famous character lines... This is not the part 2 of the story. I just list down the famous and my favourite character lines on I love you Since 1892Date posted: August 30, 2020
8 147 - In Serial11 Chapters
Mr. Kim | [A Jinayeon Story]
Where Im Nayeon, a college student, falls for a college lecturer, Kim Seokjin.
8 60