《Devil Husband》22
Advertisement
"ဗျာ..."
နှလုံးသားအတွင်းနာနာကျင်ကျင်စူးနစ်ဝင်သွားသည်။ရင်ခွင်တစ်ခုလံုးကိုဆွဲဖြဲချလိုက်သလိုနာကျင်မူ။
"မင်းဇနီးထွက်ဆိုခဲ့တာအမှန်လား လက်ရုံး သူကမင်းကိုကိုယ်ထိလက်ေရာက်အကြမ်းဖက်မူနဲ့တရားစွဲချင်တယ်တဲ့"
"မြခြယ်ကလား..."
"အင်း.."
ပုဒ်မတွေတသီကြီးတပ်ခံထားရသည့် ဒီအခြေအနေမှာတောင်မမေ့မလျော့တိုင်ချက်ဖွင့်ခဲ့သေးသည်။လက်နက်မူ၊နိုင်ငံတော်ပုန်ကန်မူ၊မူးယစ်ဆေးဝါးအမူအပြင် အကြမ်းဖက်သမားဆိုသည့်မရေမတွက်နိုင်သည့်စွဲချက်တွေနှင့် အိမ်တွင်းအကြမ်းဖက်မူတစ်မူပါထပ်တိုးရုံပေါ့။ဒီလိုအခြေအနေကြီးမှာ ပျော်ပျော်ကြီးဆွဲချသွားပေးသည့်အချစ်ဆုံးကိုသူ့မှာအပြစ်မတင်ရက်။
*ကိုယ့်ကိုအဆုံးထိကိုဆွဲချသွားပေးတာပဲနော်
မြခြယ်*
"မင်းကျူးလွန်ခဲ့တာဝန်ခံလား မင်းသူ့ကိုကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့ဖူးလား"
ရဲအရာရှိကြီးတောင်ဂရုဏာသက်နေသည့်လေသံဖြင့် လက်ရုံးဆီကဖြောင့်ချက်တောင်းနေသည်။ရုတ်တရပ်သူဘာပြန်ဖြေရမလဲမသိ။
တဖြေးဖြေးချင်းမှ လေးပင်စွာနှင့်ပင်ခေါင်းငြိမ့်ပြလိုက်သည်။
"ကျွန်တော်ကျူးလွန်ခဲ့ပါတယ်"
"ကျွတ် ကျွတ်"
စစ်မေးနေသောရဲအရာရှိသည်လက်ရုံးအားသနားစဖွယ်သတ္တဝါတစ်ကောင်လို စက်ဆုပ်သည့်အကြည့်များဖြင့် ကျွတ်သပ်သည်။
ထိုရဲ၏အကြည့်ကိုလက်ရုံးတစ်စက်မှသဘောမကျ။
"ကျုပ်ကိုအဲ့သလိုလာမကြည့်နဲ့ ခင်ဗျားကျုပ်ကိုအဲ့လိုကြည့်စရာမလိုဘူး ကျုပ်ကိုဘာစောက်ကြောင်းနဲ့မှသနားစရာမရှိဘူး"
"ကောင်လေး မင်းအခြေအနေမင်းမသိသေးဘူးလား"
"ကျုပ်မိန်းမကိုကျုပ်လက်ပါခဲ့မိပေမယ့် နိုင်ငံတော်ပုန်ကန်တာဘာညာကျုပ်နဲ့ဘာမှမဆိုင်ဘူး ကျုပ်အပြစ်လွတ်တယ်ဗျ"
လက်ရုံးစိတ်မကြည်တော့မှန်း ထိုရဲအရာရှိသဘောပေါက်ပေမယ့် စစ်မေးစရာရှိတာဆက်စစ်မေးရသည်။အိမ်တွင်းအကြမ်းဖက်ခဲ့သည်လို့ဝန်ခံလိုက်ပြီမလား။လိုအပ်သည့်ဖြောင့်ချက်တွေရအောင်စစ်မေးရမည်။
လက်ရုံး ဒီတခေါက်တော့ဘာတစ်ခုမှကိုငြင်းဆိုခြင်းမရှိ။သူ့ဇနီးကို ဘယ်လိုဘယ်ပုံရိုက်နှက်ကျူးလွန်ခဲ့သည်ကအစ အသေးစိတ်ဝန်ခံသည်။ရဲအရာရှိအတ်ောအံ့ဩနေမိသည်။အမူစစ်လာသည့်ကာလတစ်လျှောက် ဒီလို ကိုယ်ကျူးလွန်ခဲ့သည့်အပြစ်ကို ကျူးလွန်ခဲ့ကြောင်းအစဆုံးဝန်ခံသည့်တရားခံမတွေ့ဖူး၍ဖြစ်သည်။
"ဘယ်လိုတုန်း လက်ရုံးသုခရဲ့"
"ဘာကိုလဲ စကားကိုလူနားလည်အောင်ပြော"
"အရှေ့ကစစ်မေးလာသမျှအမူတွေကိုတော့ တွင်တွင်ငြင်းပြီးတော့ ဒီတစ်ခေါက်တော့တန်းဝန်ခံတာပဲလားကွ"
လက်ရုံး ပါးချိုင့်ေလးေတွေပါ်တဲ့အထိဟင်းခနဲတစ်ချက်ရယ်ပြလိုက်ပြီး မျက်ခုံးများတွန့်ချိုးသွားသည်။
"ကျုပ်ကယောကျာ်း လုပ်ရဲရင်ခံရဲတယ် ကျုပ်လုပ်ခဲ့တာအတွက်ကျုပ်ပျော်ပျော်ကြီးအပြစ်ဒဏ်ခံရဲတယ် ကျုပ်မလုပ်ခဲ့တဲ့အပြစ်
တွေအတွက်ေတာ့ကျုပ်ဝန်ခံစရာအကြောင်းလဲမရှိဘူး အသေပဲခံလိုက်မယ်"
လက်ရုံးစကားကို အမူစစ်အရာရှိသဘောကျစွာပြုံးသည်။
"မင်းမိန်းမကမင်းကိုကွာရှင်းခွင့်တောင်းထားတယ်"
"...."
စိတ်တစ်ခုလုံးထောင်းထောင်းကြေသွား၍ဘာတုံ့ပြန်မူမှထွက်မလာတော့။ဒီအပြစ်သားကိုသေဒဏ်ချမှတ်လိုက်မယ်ဆိုရင်တောင် ဒီလောက်တုန်လူပ်လိမ့်မည်မဟုတ်။
"ကဲ ဒီနေ့စစ်မေးတာပြီးပြီ နောက်မှထပ်တွေ့ကြတာပေါ့ နောက်တခေါက်မှဆက်မယ်"
လက်ရုံးေယာင်ရမ်းပြီးလက်ဆွဲနူတ်ဆက်ဖို့ဟန်ပြင်လိုက်မိပေမယ့် မိမိကတရားခံတစ်ဦးဖြစ်ကြောင်းပြန်သတိရသွားပြီး လက်ကိုပြန်ရုပ်လိုက်သည်။စစ်ဆေးမေးမြန်းနေသည့်ကာလတစ်လျှောက်လုံး အခန်းဝမှာရပ်စောင့်နေသည့်ရဲသားက အခန်းထဲဝင်လာပြီး လက်ရုံးကိုလက်ထိပ်ခတ်ပြီး လက်မောင်းမှချုပ်ကာ အချုပ်ခန်းဆီပြန်ခေါ်သွားသည်။
"လူချောလေး ဘယ်လိုတုန်းကွ"
အချုပ်ခန်းတံခါးကိုရဲသားကဖွင့်ပေးနေတုန်း အချုပ်ခန်းထဲမှ အချုပ်သားတစ်ယောက်စနှစ်ယောက်စကမေးငေါ့ပြီးလှမ်းမေးသည်။
အချုပ်ထဲရောက်တာနှစ်ပတ်တိတိရှိပြီဖြစ်၍ အချုပ်ခန်းထဲကတစ်ချို့တစ်လေနှင့်လဲ လက်ရုံးရင်းနှီးနေပြီဖြစ်သည်။လက်ရံုးကမာနခဲဆတ်ဆတ်ထိမခံဖြစ်၍ ထိုအတန်းအစားတွေကိုမပက်သက်ချင်သော်လဲ ထိုဟာတွေကအတင်းကိုလိုက်ရောကြသည်။
မင်းသားလေးလို ဖြူဖြူချောချောလေးဖြစ်နေတာကြောင့် လူချောလေး လူချောလေးနဲ့အချုပ်သားတွေကလက်ရုံးကိုခေါ်ကြသည်။
မချစ်သော်လဲအောင့်ကာနမ်းဆိုသည့်အတိုင်း ထိုအတန်းစားတွေနှင့်ပြဿနာတစ်စုံတစ်ရာမဖြစ်ချင်၍ လိုက်လျောညီထွေနေပေးရသည်။
လက်ရုံး လက်မကိုအောက်စိုက်ပြလိုက်သည်။
"အားမငယ်ပါနဲ့ကွာ ငါတို့ရှိပါတယ်"
လက်ရုံး မဲ့ပြုံးပြုံးပြလိုက်သည်။ဘယ်သူကဒီအချိန်မှာဟန်ဆောင်ပြုံးပြနေနိုင်အုန်းမှာလဲ။သူ့နှလုံးသားအတွင်း မြခြယ်ချန်ထားခဲ့သည့်ဒဏ်ရာဒဏ်ချက်တို့ကတဆစ်ဆစ်ကိုက်ခဲနေသည်။လက်ရုံး အချုပ်ခန်းအတွင်းလေးလံသောခြေလှမ်းများဖြင့်တစ်လှမ်းချင်းလှမ်းဝင်လာသည်။ခွေယိုင်ကျမသွားအောင်အားတင်းလျှောက်နေရသည်။
ထို့နောက်အချုပ်ခန်းနံရံမှာကျောမှီထိုင်ချလိုက်သည်။
"မင်းသဘောပါ အချစ်ရယ် ကိုယ်မင်းကိုလွှတ်ပေးလိုက်တော့မယ်"
ခပ်ဖွဖွစကားတို့ကိုနူတ်ဖျားမှတိုးတိုးလေးရေရွတ်သည်။သူတကယ့်ပဲ မြခြယ်ကိုစွန့်လွှတ်ရတော့မှာလား မြခြယ်သာမရှိရင်သူအသက်ရှင်နိုင်ပါ့မလား။မြခြယ်ကထာဝရသူ့အပိုင်ဖြစ်မယ်လို့သူထင်ခဲ့တာလေ။သူဖွင့်ချမပြခဲ့ဖူးပေမယ့် သူမြခြယ်ကိုသေမတတ်ကိုချစ်တာသူ့ကိုသူအသိဆုံး။လက်ရုံး စိတ်ဓာတ်တေွဟိုအောက်ဆုံးအထိပြိုလဲကျနေပြီ။ဒီလိုအခြေနေကြီးထဲမှာမှသူ့ကို မြခြယ်ကစွန့်ခွာသွားမှာလား။
လက်ရုံးသူဝတ်ထားသည့်အကျီအဖြူမှရင်ဘက်ရှိကြယ်သီးတို့ကိုဆွဲဖြုတ်ပစ်လိုက်သည်။မွန်းကြပ်လွန်းသည်။ယောက်ျားလေးတန်မဲ့နူးညံ့အိစက်နေသောဆံသားတွေထဲသို့ လက်ချောင်းရှည်တွေကိုထိုးထည့်ပြီး လက်ရုံးစိတ်ရှိလက်ရှိတစ်ခေါင်းလုံးကိုဆွဲဖွလိုက်သည်။
ဘယ်လိုမှ စိတ်တင်းမထားနိုင်တော့ပဲ အသံ
တိတ်ရိူက်ပြီး လက်ရုံးဝမ်းနည်းပက်လက်ငိုကြွေးမိတော့သည်။ခေါင်းငိုက်စိုက်ထားပြီး မျက်နှာကိုလက်နဲ့အုပ်ကာ ပုခုံးနှစ်ဖက်တုန်ခါကာ အသံတိတ် ရိူက်ကာရိူက်ကာငိုကြွေးသည်။ ရိူက်ကြီးတငင်ငိုကြွေးနေသော လက်ရုံးအနားသို့အချုပ်သားတစ်စုဝိုင်းအုံလာကြသည်။
"ဟိုကောင်ချောလေး ဘာဖြစ်တာတုန်းကွ စစရောက်ထဲကမျက်နှာကြောတင်းတင်းနဲ့ အကြောတင်းလေးက"
"အေးကွာ သနားပါတယ် ရိူက်ရိူက်ပြီးကိုငိုနေတာကွ ယောကျာ်းတန်မဲ့ဒီလောက်ဝမ်းနည်းပက်လက်ငိုနေတာဘာဖြစ်တာလဲမသိဘူး"
အချုပ်သားအချင်းချင်းတီးတိုးတီးတိုးပြောနေခြင်းမဟုတ်။ပုံမှန်စကားပြောသည့်လေသံနှင့်ပင်ပြောဆိုနေကြခြင်းဖြစ်သည်။သူတို့ပြောနေတဲ့စကားတွေကိုလဲလက်ရုံးအာရုံမစိုက်နိုင်တော့ချေ။သူ့စိတ်အစဉ်တွင် မြခြယ်ကိုသူလက်လွှတ်လိုက်ရတော့မည်ကိုသာတွေးရင်းစိုးထိတ်နေမိသည်။
"ဟေ့ လူချောလေး ဘာလို့ငိုနေတာတုန်းကွ ဦးလေးကိုပြောပြလေ"
နှစ်ပတ်တာကာလအတွင်း လက်ရုံးနှင့်အတော်အတန်ရင်းနှီးနေသည့် ဦးမင်းထွန်းဆိုသည့် လက်ရုံး အရင်လူရိုက်မူနှင့်အချုပ်ထဲရောက်နေသည့်ထိုလူကြီးကလက်ရုံးနားသို့ကပ်ထိုင်ပြီးမေးသည်။စစရောက်ခါစက လက်ရုံး ဦးမင်းထွန်းလက်တစ်လျှောက်ရှိ ယားနာလိုလိုအနာကြီးတွေကြောင့်အော့အန်ချင်လွန်း၍အနားကပ်မခံခဲ့။ထိုလူကြီးက ရပ်ကွက်ထဲကလူမိုက်လိုလိုကောင်ကိုခေါင်းလေးချက်ရိုက်ခွဲလာပြီးအချုပ်ထဲရောက်လာသူဖြစ်သည်။
လက်ရုံး အစကတော့ဒီလိုေအာက်ေခြသိမ်းလူတန်းစားမျိုးကိုမသီတီသလိုရှိပေမယ့် ကိုယ့်ကိုဒီအချုပ်ခန်းအတွင်းဘယ်လိုနေရထိုင်ရမည်ဖြစ်ကြောင်းသင်ပြေပးပြီးလိုအပ်တာရှိရင်လဲကူညီပေး၍ အလိုက်ထိုက်ပြန်ဆက်ဆံပေးလိုက်သည်။
"ကဲ ဘာဖြစ်လဲငါ့တို့ကိုပြောပြ"
"ကျွန်တော်သူ့ကိုအရမ်းချစ်တာဗျ ဟင့်ဟင့် ဟက်"
ရိူက်သံကြီးဖြင့် တုန်ရီအက်ကွဲစွာထွက်လာသည့်လက်ရုံး၏အဖြေကြောင့် အခြေနေအရပ်ရပ်ကိုအလုံးစုံမသိပေမယ့်လဲ တစ်ပိုင်းတစ်စခန့်လောက်နားလည်သွား၍ ဦးမင်းထွန်းဘာမှဆက်မမေးဖြစ်တော့။လက်ရုံး ပုခုံးကိုခပ်ဖွဖွပုတ်သည်။
"အချစ်ကြောင့်နာကျင်နေရတာကို ငိုချပလိုက် အဆင်ပြေသွားမှာပါလူချောလေးရာ"
လက်ရုံး ငယ်ငယ်လေးထဲကအရှက်သိက္ခာကြီး၍တခါမှလူရှေ့သူရှေ့ဒီလိုမျိုးမငိုချခဲ့ဘူး။အခုေတာ့ဟန်ပင်မဆောင်နိုင်ပဲ သူစိမ်းတွေအလယ်မှာ နာနာကျင်ကျင်ကိုငိုချနေမိသည်။သူစိမ်းအချို့ပေးသောနွေးထွေးသည့် နှစ်သိမ့်မူကြားမှာသူပိုတိုး၍ပင်ဝမ်းနည်းမိသည်။
လက်ရုံး အခိုက်အတန့်တစ်ခုအထိငိုကြွေးပြီးနောက် စိတ်ပြန်တည်ငြိမ်သွားပြီး ငြိမ်သက်တိတ်ဆိတ်နေသည်။ထိုနေရာတွင်ပဲ ငူငူငိုင်ငိုင်ကြီးထိုင်နေသည်မှာနှစ်နာရီမကတော့။
အချုပ်ခန်းတံခါးအား ရဲသားတစ်ဦးလာသော့ဖွင့်သည်။
"လက်ရုံးသုခ ဧည့်သည်လာတယ်"
"...."
ဖြူဖွေးနုဖတ်နေသည့် အသားရေပေါ်မှာနီရဲဖုပိန့်နေသည့် ခြင်ကိုက်ရာဂျပိုးကိုက်ရာတွေကမြင်လို့တွေ့လို့မကောင်း။မြတ် လက်ရုံးပါးပေါ်ရှိခြင်ကိုက်ဗုကိုလက်နဲ့ထိကြည့်ပြီးစိတ်မကောင်းစွာကြည့်သည်။
"သားရုံးရယ် တောင်းပန်ပါတယ် ဟင့်ဟင့်"
"မာမီ ငိုစရာမလိုဘူးလေ မာမီမငိုပါနဲ့ ကျွန်တော်ကယောကျာ်းပါ အဆင်ပြေတယ်နော်မာမီ"
သူဖြစ်ပျက်နေပုံကိုကြည့်ကာ စိတ်မခိုင်သောမိခင်ဖြစ်သူကမျက်ရည်ကျသည်ကိုသူမကြည့်ရက်ပေ။
"နောက်ဆို ဒယ်ဒီကျွန်တော့်ကိုလာတွေ့ရင်မာမီ့ကိုခေါ်မလာပါနဲ့တော့"
အမေဖြစ်သူ စိတ်ဆင်းရဲမှာကိုသူမမြင်မတွေ့ချင်၍စကားလုံးများဖြင့်ပိတ်ပင်ဟန့်လိုက်သည်။
"အေးပါကွာ ဒယ်ဒီတို့အခုလာတာအရေးကြီးတယ် မင်းအမူအကြောင်းပြောစရာရှိလို့ ဒယ်ဒီ့ဆီဖုန်းဆက်ပြောတယ် မင်းဇနီးအပေါ်ကိုယ်ထိလက်ေရာက်ကျူးလွန်ခဲ့ေကြာင်းဝန်ခံလိုက်တယ်ဆို သားရုံးရယ်"
"ဟုတ်တယ်"
"မိုက်လိုက်တာလက်ရုံးရယ် အမူတစ်မူကနေရင်းထိုင်ရင်းထပ်တိုးရပြီ ကျစ် သူ့ဆီမှာဘာမှသက်သေသကာရ မပြနိုင်တဲ့ နူတ်ထွက်ဆိုချက်လေးမှာငြင်းခဲ့ရင်လွတ်တာပဲကိုကွာ ကျစ်"
ဝန်ကြီးချုပ်နှင့်အတူပါလာသည့် ရှေ့နေလဲဖြစ်လက်ရုံး၏ဦးလေးအရင်းလိုရင်းနှီးသည့် ဦးကျော်သူရကအားမလိုအားမရဝင်ပြောသည်။လက်ရုံး၏ ရှေ့နေတယောက်အနေနဲ့ကိုယ့်အမူသည်ကို ဘယ်လိုအကြောင်းရင်းရှိရှိ ကျွန်တော်လုပ်ခဲ့ပါတယ်လို့ မပြောပါနဲ့လို့အတန်တန်မှာထားပါရက်နှင့် လုပ်ချလိုက်သည်ကတလွဲ။
"ဦးလေး ကျွန်တ်ောတစ်ကြိမ်တစ်ခါလောက်တော့ ယောကျာ်းပီသကြည့်ချင်တယ် ကျွန်တော်လုပ်ခဲ့တာမလို့ အပြစ်ဒဏ်ခံရလဲကျွန်တော်အဆင်ပြေတယ် မဆိုင်တဲ့အမူတွေကနေသာကျွန်တော်လွတ်အောင်ကြိုးစားပေးပါ"
"ဒယ်ဒီမင်းအတွက်ဂုဏ်ယူတယ် သားရုံး ယောကျာ်းဆိုတာကိုယ်လုပ်ရဲရင်ခံရဲရတယ်ကွ အဲ့လိုဖြစ်နေရမယ် တခြားအမူတွေကနေသားလွတ်အောင်ဒယ်ဒီလုပ်ပေးမယ် သား မဖြစ်ဖြစ်အောင်လုပ်မယ်"
"လက်ရုံး မင်းမိန်းမကကွာရှင်းခွင့်တောင်းထားတယ်"
ဦးကျော်သူရဆီကစကားကိုလက်ရုံးသိထားနှင့်နေပြီးဖြစ်၍ အေးစက်စက်သာဟန်ေဆာင်ပြုံးပြလိုက်သည်။
သူ့အရှေ့မှာမာမီရှိနေသည်မဟုတ်လား။ဘယ်လိုမှ သူ့၏ပြိုလဲကျနေသည့်ပုံရိပ်အား မာမီ့ကိုထုတ်မပြချင်။အတင်းဖျစ်ညှစ်ပြီးအားတင်းပြီးပြုံးပြလိုက်သည်။
"ကွာရှင်းပေးလိုက်ပါ့မယ်ဗျာ သူ့သဘောပေါ့ သေဒဏ်ကျနိုင်တဲ့အကျဉ်းသားကိုဘယ်သူကလင်ဆက်တော်ချင်ပါ့မလဲ စောစီးမုဆိုးမဖြစ်သွားမှာပေါ့ ဟားဟား ဟား"
"အဟက် ကောင်စုတ်လေး သားရုံးရယ် ဒီအချိန်မှာတောင်စနောက်နိုင်သေးတယ် လူဆိုးကောင်လေး"
"ဟဲဟဲ မာမီသားကစူပါပါဝါနဲ့လေ ကျွန်တော်ကဟီးရိုးပါဆိုနေ"
သူရဲ့ စနောက်နောက်စကားလေးကြောင့်မာမီပြုံးရယ်သွားသည်မဟုတ်လား။သူလိုချင်တာလဲမာမီစိတ်ချမ်းသာနေတာလေးပါ။မိမနိုင်ဖမနိုင်ဆိုးသွမ်းသည်လို့ မသိတဲ့လူအတော်များများဆိုကြပေမယ့် အဖြစ်မှန်က လက်ရုံးကသူ့မာမီစကားဆိုတစ်ခွန်းထဲနှင့်နားထောင်ပါသည်။အရမ်းလိမ္မာသည့်သားလိမ္မာလေးမဖြစ်ခဲ့ပေမယ့်လဲ သူ့မာမီကိုတော့တုန်နေအောင်ချစ်သည်။
အလိုလိုက်သာတွေသာနည်းနည်းလျှော့ပေါ့ခဲ့ရင်လက်ရုံးသုခကတကယ့်လူတော်လူကောင်းလေးဖြစ်ခဲ့မှာ။အခုေတာ့ ပြည်သူ့ချဉ်ဖတ် နာမည်ကျော်လူရမ်းကားလေးဖြစ်လာခဲ့ရသည်။
"အော် ဒယ်ဒီ ဂျိုးကဘယ်ရဲစခန်းမှာလဲ ကျွန်တော့်ကိုလဲသူရှိတဲ့အချုပ်ခန်းကိုရွှေ့ပေးလို့ရလား"
လက်ရုံး အားနာသွားသည့်မျက်နှာလေးနှင့်တိုးဖွဖွစကားလေးတစ်ခွန်းဆိုသည်။
"ဒီလောက်လေးတောင်မဖြစ်နိုင်ဘူးလားဟင်"
"ကျစ် မင်းအဖေကဒီလောက်တော့တတ်နိုင်ပါသေးတယ်ကွ သားရုံး အဲ့ဒီကိုရွှေ့ချင်ရင်မနက်ဖြန်ချက်ချင်းရွှေ့ပေးမယ် ဟုတ်ပြီလား"
.
.
"နူတ်ဆက်တယ် လူချောလေးရယ် ငါတို့ကိုလဲသတိရပေးပေါ့ကွာ ကံမကုန်ရင်ပြန်ဆုံတာပေါ့ အချုပ်ကနေလဲအမြန်လွတ်ပါစေကွာ"
"ပေးတဲ့ဆုနဲ့ပြည့်ပါစေ ကျွန်တော့်အပေါ်ကောင်းပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ် ကျွန်တော်လဲမမေ့ပါဘူး နူတ်ဆက်တယ်ဗျာ နောက်မှထပ်တွေ့ကြမယ်"
လက်ရုံး ပစ္စည်းတွေသိမ်းပြီးနောက် အချုပ်ခန်းစောင့်ရဲနှစ်ဦးကလက်မောင်းကချုပ်ကိုင်ပြီး လက်ထိပ်ခတ်လျက်ခေါ်ထုတ်လာကြသည်။
ကြက်သွေးရောင်ချည်ပုဆိုးကို မဝတ်တတ်ဝတ်တတ်နှင့် မြေကြီးတိုက်အောင်ဝတ်ဆင်ထားပြီး အကျီအဖြူလက်တိုကိုဆင်မြန်းထား၍ လက်ရုံး၏ဖြူဥနေသည့်လက်မောင်းသားတို့ကအတိုင်းသားပေါ်နေသည်။maskတပ်ထားပြီး ဆံသားတချို့ကနဖူးပေါ်ရစ်ဝဲတင်ကျန်နေသည်။နှစ်ပတ်လောက် အမွှေးမျှင်တို့ကိုမရိတ်ဖြစ်၍ ပါးသိုင်းမွှေးတို့ကလဲအနည်းငယ်ထင်းနေပြီဖြစ်သည်။
"ကိုလက်ရုံးသုခ တကယ်ပဲနိုင်ငံတော်ပုန်ကန်ဖို့ကြံစည်ခဲ့တာလား နောက်ကွယ်မှာဒီကိစ္စနဲ့ပက်သက်နေတဲ့လူကြီးပိုင်းတွေမနည်းမနောဆိုတာဟုတ်ပါသလား"
"ဇနီးသည်ကိုလဲရက်ရက်စက်စက်ရိုက်နှက်ခဲ့တာအမှန်လား ဇနီးသည်ကိုကွာရှင်းခွင့်ပေးသွားမှာလား"
"ဝန်ကြီးချုပ်နဲ့ေရာဆက်စပ်မူရှိပါသလား"
"သက်တော်စောင့်ဖြစ်သူကရော$&$&
"#_+)&_###__"
လက်ရုံး ရဲစခန်းအပြင်ဘက်ခြေချလိုက်သည်နှင့် တယောက်တပေါက်မေးခွန်းပေါင်းများစွာနှင့် သတင်းထောက် ဂျာနယ်လစ်တို့က အတင်းကြပ်လုယက်တွန်းတိုက်မေးကြတော့သည်။သတင်းထောက်အုပ်လိုက်ကြီးကြောင့်လက်ရုံးခဏတန့်သွားမိသည်။သူရှိရာကိုအတင်းပြေးကပ်လာကြပြီး တရစပ်မေးခွန်းများမေးကြသည်။
"ဖယ်ကြ ဖယ်ကြ"
ရဲသားနှစ်ဦးက လက်ရုံးအနားသို့သတင်းထောက်များကပ်မလာနိုင်စေရန် တွန်းဖယ်ပစ်သည်။ကင်မရာမှမီးတဖျပ်ဖျပ်ကြောင့်လဲလက်ရုံးမျက်လုံးများကျိန်းစပ်နေသည်။
"ဖယ်ကြမယ် ဖယ်ကြ"
သတင်းထောက်အုပ်ကြီးကိုတိုးဝှေ့၍ ရဲသားနှစ်ဦးကလက်ရုံးအားကာကွယ်ပေးရင်းအချုပ်ကားရှိရာလျှောက်သွားကြသည်။သတင်းထောက်များဆီကတရစပ်တစ်ယောက်တစ်ပေါက်မေးမြန်းနေကြသည်မှာလဲကျွတ်ကျွတ်ကိုညံနေသည်။
"လက်ရုံးသုခ တစ်ခုလောက်တော့ပြန်ဖြေပေးပါ"
"ကိုလက်ရုံး တစ်ခုခုပြန်ပြောပေးပါ"
"တစ်ခုလောက်ဖြေပေးပါ"
"ဟေ့ ပုန်ကန်ကောင် တခုခုပြန်ပြောအုန်းလေ"
လူအုပ်ကြားထဲမှထင်းခနဲထွက်လာသည့်အော်သံကိုလက်ရုံးကြားဖြစ်အောင်ကြားလိုက်သေးသည်။ထိုလှမ်းအော်သော ကင်မရာသမားကို လှမ်းကြည့်ပြီး
"မင်းဘာပြောလိုက်တာလဲ ပြန်ပြောစမ်း"
"ပုန်ကန်ကောင်လို့ခေါ်လိုက်တာလေ"
"တောက်"
လက်ထိပ်တန်းလန်းနှင့် ရဲနှစ်ယောက်ချုပ်နှောင်ထားသည့်ကြားမှ လူအုပ်ကြားအတင်းရုန်းပြီး ထိုကင်မရာသမားကိုကန်မယ်ကျောက်မယ်လုပ်သည်။
"သေချင်လို့လားဟေ့ကောင် ဟမ်းးပြန်ခေါ်ကြည့်စမ်း"
"တော်တော့ တော်တော့ ကားပေါ်တက်မယ်"
"ငါလက်ထိပ်မပါရင်မင်းမလွယ်ဘူး"
ဆွဲခေါ်သွားသည့်ကြားကလှမ်းအော်ဖြစ်အောင်ကအော်သွားသေးသည်။
"ကိုလက်ရုံး ဘာလို့အချုပ်ခန်းပြောင်းရွှေ့တာလဲ ဘာပြဿနာရှိလို့လဲ"
လက်ရုံးအနားကပ်နေသည့် သတင်းထောက်မကစွာကျယ်ကျယ်အသံနှင့်ပြောသည်။
" Xီးဖြစ်လို့"
"ဟ"
အချုပ်ကားပေါ်လှမ်းအတက် သူ့ဆီချိန်ရွယ်ထားသည့်ကင်မရာတွေဆီကို လက်ရုံးလက်ခလယ်လှမ်းထောင်ပြသည်။
"အထဲဝင် အထဲဝင်"
အထဲဝင်နေသည့်ကြားက လူကိုအတင်းအထဲထိုးထည့်နေသည့်ရဲ။
"ဝင်နေတာခင်ဗျားစောက်လုံးကန်းနေလား စိတ်ကတိုလာပြီ"
လက်ရုံး လေသံမာမာဖြင့်အော်ချထည့်လိုက်မှ ထိုရဲလေသံလျှော့သွားသည်။
အချုပ်ကားထွက်သွားတော့ နေပူကြဲတဲကြားတွင်သတင်းထောက်အစုအဝေးကြီးပြတ်ကျန်နေခဲ့သည်။နေပူကြဲတဲကြားတွင် ကင်မရာမီးထိုးသည့်အရှိန် လူစုလူဝေးကြောင့် လက်ရုံးအသက်ရှူပင်ကြပ်သည်။ချွေးစေးပြန်နေသည့်နဖူးကိုလက်ဖြင့်သပ်ရင်း သက်ပြင်းတစ်ချက်
မူတ်ထုပ်လိုက်သည်။
"ဟူး မလွယ်ပါလား"
#ParadiseKhin
နောက်ဆိုကိုယ်updateဒီထက်မြန်ပါ့မယ်။ကိုယ်အလုပ်ေတွကိုပဲပိုအာရံုစိုက်ေတာ့မယ်။အကယ်၍ Chibi artတို့ Fan artတို့ဆွဲတတ်တဲ့သူတွေရှိရင် ခင့်ဆီခဏလောက်လာခဲ့ပေးပါလားဟင်။မေးစရာလေးရှိလို့ပါ။
ဒါကကိုယ်ဆွဲထားတဲ့ လင်းလဲ့လဲ့လွင်ရဲ့chibi artလေးပါ။ဆေးကျောင်းသူvibeလေးခံစားမိလားတော့မသိဘူး။သားရုံးပုံဆွဲတာသားရုံးကနှာခေါင်းမပါလို့ ရယ်လိုက်ရတာအူတောင်နာတယ် ဟီးဟီး။ကိုယ့်သားလေးကိုလှလှပပလေးမြင်ချင်နေတာ😔သားရုံးပုံတော့မပြတော့ဘူး။
Zawgyi
"ဗ်ာ..."
ႏွလုံးသားအတြင္းနာနာက်င္က်င္စူးနစ္ဝင္သြားသည္။ရင္ခြင္တစ္ခုလံဳးကိုဆြဲၿဖဲခ်လိုက္သလိုနာက်င္မူ။
"မင္းဇနီးထြက္ဆိုခဲ့တာအမွန္လား လက္႐ုံး သူကမင္းကိုကိုယ္ထိလက္ေရာက္အၾကမ္းဖက္မူနဲ႔တရားစြဲခ်င္တယ္တဲ့"
"ျမျခယ္ကလား..."
"အင္း.."
ပုဒ္မေတြတသီႀကီးတပ္ခံထားရသည့္ ဒီအေျခအေနမွာေတာင္မေမ့မေလ်ာ့တိုင္ခ်က္ဖြင့္ခဲ့ေသးသည္။လက္နက္မူ၊ႏိုင္ငံေတာ္ပုန္ကန္မူ၊မူးယစ္ေဆးဝါးအမူအျပင္ အၾကမ္းဖက္သမားဆိုသည့္မေရမတြက္ႏိုင္သည့္စြဲခ်က္ေတြႏွင့္ အိမ္တြင္းအၾကမ္းဖက္မူတစ္မူပါထပ္တိုး႐ုံေပါ့။ဒီလိုအေျခအေနႀကီးမွာ ေပ်ာ္ေပ်ာ္ႀကီးဆြဲခ်သြားေပးသည့္အခ်စ္ဆုံးကိုသူ႕မွာအျပစ္မတင္ရက္။
*ကိုယ့္ကိုအဆုံးထိကိုဆြဲခ်သြားေပးတာပဲေနာ္
ျမျခယ္*
"မင္းက်ဴးလြန္ခဲ့တာဝန္ခံလား မင္းသူ႕ကိုကိုယ္ထိလက္ေရာက္က်ဴးလြန္ခဲ့ဖူးလား"
ရဲအရာ႐ွိႀကီးေတာင္ဂ႐ုဏာသက္ေနသည့္ေလသံျဖင့္ လက္႐ုံးဆီကေျဖာင့္ခ်က္ေတာင္းေနသည္။႐ုတ္တရပ္သူဘာျပန္ေျဖရမလဲမသိ။
တေျဖးေျဖးခ်င္းမွ ေလးပင္စြာႏွင့္ပင္ေခါင္းၿငိမ့္ျပလိုက္သည္။
"ကြၽန္ေတာ္က်ဴးလြန္ခဲ့ပါတယ္"
"ကြၽတ္ ကြၽတ္"
စစ္ေမးေနေသာရဲအရာ႐ွိသည္လက္႐ုံးအားသနားစဖြယ္သတၱဝါတစ္ေကာင္လို စက္ဆုပ္သည့္အၾကည့္မ်ားျဖင့္ ကြၽတ္သပ္သည္။
ထိုရဲ၏အၾကည့္ကိုလက္႐ုံးတစ္စက္မွသေဘာမက်။
"က်ဳပ္ကိုအဲ့သလိုလာမၾကည့္နဲ႔ ခင္ဗ်ားက်ဳပ္ကိုအဲ့လိုၾကည့္စရာမလိုဘူး က်ဳပ္ကိုဘာေစာက္ေၾကာင္းနဲ႔မွသနားစရာမ႐ွိဘူး"
"ေကာင္ေလး မင္းအေျခအေနမင္းမသိေသးဘူးလား"
"က်ဳပ္မိန္းမကိုက်ဳပ္လက္ပါခဲ့မိေပမယ့္ ႏိုင္ငံေတာ္ပုန္ကန္တာဘာညာက်ဳပ္နဲ႔ဘာမွမဆိုင္ဘူး က်ဳပ္အျပစ္လြတ္တယ္ဗ်"
လက္႐ုံးစိတ္မၾကည္ေတာ့မွန္း ထိုရဲအရာ႐ွိသေဘာေပါက္ေပမယ့္ စစ္ေမးစရာ႐ွိတာဆက္စစ္ေမးရသည္။အိမ္တြင္းအၾကမ္းဖက္ခဲ့သည္လို႔ဝန္ခံလိုက္ၿပီမလား။လိုအပ္သည့္ေျဖာင့္ခ်က္ေတြရေအာင္စစ္ေမးရမည္။
လက္႐ုံး ဒီတေခါက္ေတာ့ဘာတစ္ခုမွကိုျငင္းဆိုျခင္းမ႐ွိ။သူ႕ဇနီးကို ဘယ္လိုဘယ္ပုံ႐ိုက္ႏွက္က်ဴးလြန္ခဲ့သည္ကအစ အေသးစိတ္ဝန္ခံသည္။ရဲအရာ႐ွိအေတ္ာအံ့ဩေနမိသည္။အမူစစ္လာသည့္ကာလတစ္ေလွ်ာက္ ဒီလို ကိုယ္က်ဴးလြန္ခဲ့သည့္အျပစ္ကို က်ဴးလြန္ခဲ့ေၾကာင္းအစဆုံးဝန္ခံသည့္တရားခံမေတြ႕ဖူး၍ျဖစ္သည္။
"ဘယ္လိုတုန္း လက္႐ုံးသုခရဲ႕"
"ဘာကိုလဲ စကားကိုလူနားလည္ေအာင္ေျပာ"
"အေ႐ွ႕ကစစ္ေမးလာသမွ်အမူေတြကိုေတာ့ တြင္တြင္ျငင္းၿပီးေတာ့ ဒီတစ္ေခါက္ေတာ့တန္းဝန္ခံတာပဲလားကြ"
လက္႐ုံး ပါးခ်ိဳင့္ေလးေတြေပၚတဲ့အထိဟင္းခနဲတစ္ခ်က္ရယ္ျပလိုက္ၿပီး မ်က္ခုံးမ်ားတြန္႔ခ်ိဳးသြားသည္။
"က်ဳပ္ကေယာက်ာ္း လုပ္ရဲရင္ခံရဲတယ္ က်ဳပ္လုပ္ခဲ့တာအတြက္က်ဳပ္ေပ်ာ္ေပ်ာ္ႀကီးအျပစ္ဒဏ္ခံရဲတယ္ က်ဳပ္မလုပ္ခဲ့တဲ့အျပစ္
ေတြအတြက္ေတာ့က်ဳပ္ဝန္ခံစရာအေၾကာင္းလဲမ႐ွိဘူး အေသပဲခံလိုက္မယ္"
လက္႐ုံးစကားကို အမူစစ္အရာ႐ွိသေဘာက်စြာျပဳံးသည္။
"မင္းမိန္းမကမင္းကိုကြာ႐ွင္းခြင့္ေတာင္းထားတယ္"
"...."
စိတ္တစ္ခုလုံးေထာင္းေထာင္းေၾကသြား၍ဘာတုံ႔ျပန္မူမွထြက္မလာေတာ့။ဒီအျပစ္သားကိုေသဒဏ္ခ်မွတ္လိုက္မယ္ဆိုရင္ေတာင္ ဒီေလာက္တုန္လူပ္လိမ့္မည္မဟုတ္။
"ကဲ ဒီေန႔စစ္ေမးတာၿပီးၿပီ ေနာက္မွထပ္ေတြ႕ၾကတာေပါ့ ေနာက္တေခါက္မွဆက္မယ္"
လက္႐ုံးေယာင္ရမ္းၿပီးလက္ဆြဲႏူတ္ဆက္ဖို႔ဟန္ျပင္လိုက္မိေပမယ့္ မိမိကတရားခံတစ္ဦးျဖစ္ေၾကာင္းျပန္သတိရသြားၿပီး လက္ကိုျပန္႐ုပ္လိုက္သည္။စစ္ေဆးေမးျမန္းေနသည့္ကာလတစ္ေလွ်ာက္လုံး အခန္းဝမွာရပ္ေစာင့္ေနသည့္ရဲသားက အခန္းထဲဝင္လာၿပီး လက္႐ုံးကိုလက္ထိပ္ခတ္ၿပီး လက္ေမာင္းမွခ်ဳပ္ကာ အခ်ဳပ္ခန္းဆီျပန္ေခၚသြားသည္။
"လူေခ်ာေလး ဘယ္လိုတုန္းကြ"
အခ်ဳပ္ခန္းတံခါးကိုရဲသားကဖြင့္ေပးေနတုန္း အခ်ဳပ္ခန္းထဲမွ အခ်ဳပ္သားတစ္ေယာက္စႏွစ္ေယာက္စကေမးေငါ့ၿပီးလွမ္းေမးသည္။
အခ်ဳပ္ထဲေရာက္တာႏွစ္ပတ္တိတိ႐ွိၿပီျဖစ္၍ အခ်ဳပ္ခန္းထဲကတစ္ခ်ိဳ႕တစ္ေလႏွင့္လဲ လက္႐ုံးရင္းႏွီးေနၿပီျဖစ္သည္။လက္ရံဳးကမာနခဲဆတ္ဆတ္ထိမခံျဖစ္၍ ထိုအတန္းအစားေတြကိုမပက္သက္ခ်င္ေသာ္လဲ ထိုဟာေတြကအတင္းကိုလိုက္ေရာၾကသည္။
မင္းသားေလးလို ျဖဴျဖဴေခ်ာေခ်ာေလးျဖစ္ေနတာေၾကာင့္ လူေခ်ာေလး လူေခ်ာေလးနဲ႔အခ်ဳပ္သားေတြကလက္႐ုံးကိုေခၚၾကသည္။
မခ်စ္ေသာ္လဲေအာင့္ကာနမ္းဆိုသည့္အတိုင္း ထိုအတန္းစားေတြႏွင့္ျပႆနာတစ္စုံတစ္ရာမျဖစ္ခ်င္၍ လိုက္ေလ်ာညီေထြေနေပးရသည္။
လက္႐ုံး လက္မကိုေအာက္စိုက္ျပလိုက္သည္။
"အားမငယ္ပါနဲ႔ကြာ ငါတို႔႐ွိပါတယ္"
လက္႐ုံး မဲ့ျပဳံးျပဳံးျပလိုက္သည္။ဘယ္သူကဒီအခ်ိန္မွာဟန္ေဆာင္ျပဳံးျပေနႏိုင္အုန္းမွာလဲ။သူ႕ႏွလုံးသားအတြင္း ျမျခယ္ခ်န္ထားခဲ့သည့္ဒဏ္ရာဒဏ္ခ်က္တို႔ကတဆစ္ဆစ္ကိုက္ခဲေနသည္။လက္႐ုံး အခ်ဳပ္ခန္းအတြင္းေလးလံေသာေျခလွမ္းမ်ားျဖင့္တစ္လွမ္းခ်င္းလွမ္းဝင္လာသည္။ေခြယိုင္က်မသြားေအာင္အားတင္းေလွ်ာက္ေနရသည္။
ထို႔ေနာက္အခ်ဳပ္ခန္းနံရံမွာေက်ာမွီထိုင္ခ်လိုက္သည္။
"မင္းသေဘာပါ အခ်စ္ရယ္ ကိုယ္မင္းကိုလႊတ္ေပးလိုက္ေတာ့မယ္"
ခပ္ဖြဖြစကားတို႔ကိုႏူတ္ဖ်ားမွတိုးတိုးေလးေရ႐ြတ္သည္။သူတကယ့္ပဲ ျမျခယ္ကိုစြန္႔လႊတ္ရေတာ့မွာလား ျမျခယ္သာမ႐ွိရင္သူအသက္႐ွင္ႏိုင္ပါ့မလား။ျမျခယ္ကထာဝရသူ႕အပိုင္ျဖစ္မယ္လို႔သူထင္ခဲ့တာေလ။သူဖြင့္ခ်မျပခဲ့ဖူးေပမယ့္ သူျမျခယ္ကိုေသမတတ္ကိုခ်စ္တာသူ႕ကိုသူအသိဆုံး။လက္႐ုံး စိတ္ဓာတ္ေတြဟိုေအာက္ဆုံးအထိၿပိဳလဲက်ေနၿပီ။ဒီလိုအေျခေနႀကီးထဲမွာမွသူ႕ကို ျမျခယ္ကစြန္႔ခြာသြားမွာလား။
လက္႐ုံးသူဝတ္ထားသည့္အက်ီအျဖဴမွရင္ဘက္႐ွိၾကယ္သီးတို႔ကိုဆြဲျဖဳတ္ပစ္လိုက္သည္။မြန္းၾကပ္လြန္းသည္။ေယာက်္ားေလးတန္မဲ့ႏူးညံ့အိစက္ေနေသာဆံသားေတြထဲသို႔ လက္ေခ်ာင္း႐ွည္ေတြကိုထိုးထည့္ၿပီး လက္႐ုံးစိတ္႐ွိလက္႐ွိတစ္ေခါင္းလုံးကိုဆြဲဖြလိုက္သည္။
ဘယ္လိုမွ စိတ္တင္းမထားႏိုင္ေတာ့ပဲ အသံ
တိတ္႐ိူက္ၿပီး လက္႐ုံးဝမ္းနည္းပက္လက္ငိုေႂကြးမိေတာ့သည္။ေခါင္းငိုက္စိုက္ထားၿပီး မ်က္ႏွာကိုလက္နဲ႔အုပ္ကာ ပုခုံးႏွစ္ဖက္တုန္ခါကာ အသံတိတ္ ႐ိူက္ကာ႐ိူက္ကာငိုေႂကြးသည္။ ႐ိူက္ႀကီးတငင္ငိုေႂကြးေနေသာ လက္႐ုံးအနားသို႔အခ်ဳပ္သားတစ္စုဝိုင္းအုံလာၾကသည္။
"ဟိုေကာင္ေခ်ာေလး ဘာျဖစ္တာတုန္းကြ စစေရာက္ထဲကမ်က္ႏွာေၾကာတင္းတင္းနဲ႔ အေၾကာတင္းေလးက"
"ေအးကြာ သနားပါတယ္ ႐ိူက္႐ိူက္ၿပီးကိုငိုေနတာကြ ေယာက်ာ္းတန္မဲ့ဒီေလာက္ဝမ္းနည္းပက္လက္ငိုေနတာဘာျဖစ္တာလဲမသိဘူး"
အခ်ဳပ္သားအခ်င္းခ်င္းတီးတိုးတီးတိုးေျပာေနျခင္းမဟုတ္။ပုံမွန္စကားေျပာသည့္ေလသံႏွင့္ပင္ေျပာဆိုေနၾကျခင္းျဖစ္သည္။သူတို႔ေျပာေနတဲ့စကားေတြကိုလဲလက္႐ုံးအာ႐ုံမစိုက္ႏိုင္ေတာ့ေခ်။သူ႕စိတ္အစဥ္တြင္ ျမျခယ္ကိုသူလက္လႊတ္လိုက္ရေတာ့မည္ကိုသာေတြးရင္းစိုးထိတ္ေနမိသည္။
"ေဟ့ လူေခ်ာေလး ဘာလို႔ငိုေနတာတုန္းကြ ဦးေလးကိုေျပာျပေလ"
ႏွစ္ပတ္တာကာလအတြင္း လက္႐ုံးႏွင့္အေတာ္အတန္ရင္းႏွီးေနသည့္ ဦးမင္းထြန္းဆိုသည့္ လက္႐ုံး အရင္လူ႐ိုက္မူႏွင့္အခ်ဳပ္ထဲေရာက္ေနသည့္ထိုလူႀကီးကလက္႐ုံးနားသို႔ကပ္ထိုင္ၿပီးေမးသည္။စစေရာက္ခါစက လက္႐ုံး ဦးမင္းထြန္းလက္တစ္ေလွ်ာက္႐ွိ ယားနာလိုလိုအနာႀကီးေတြေၾကာင့္ေအာ့အန္ခ်င္လြန္း၍အနားကပ္မခံခဲ့။ထိုလူႀကီးက ရပ္ကြက္ထဲကလူမိုက္လိုလိုေကာင္ကိုေခါင္းေလးခ်က္႐ိုက္ခြဲလာၿပီးအခ်ဳပ္ထဲေရာက္လာသူျဖစ္သည္။
လက္႐ုံး အစကေတာ့ဒီလိုေအာက္ေျခသိမ္းလူတန္းစားမ်ိဳးကိုမသီတီသလို႐ွိေပမယ့္ ကိုယ့္ကိုဒီအခ်ဳပ္ခန္းအတြင္းဘယ္လိုေနရထိုင္ရမည္ျဖစ္ေၾကာင္းသင္ျပေပးၿပီးလိုအပ္တာ႐ွိရင္လဲကူညီေပး၍ အလိုက္ထိုက္ျပန္ဆက္ဆံေပးလိုက္သည္။
"ကဲ ဘာျဖစ္လဲငါ့တို႔ကိုေျပာျပ"
"ကြၽန္ေတာ္သူ႕ကိုအရမ္းခ်စ္တာဗ် ဟင့္ဟင့္ ဟက္"
႐ိူက္သံႀကီးျဖင့္ တုန္ရီအက္ကြဲစြာထြက္လာသည့္လက္႐ုံး၏အေျဖေၾကာင့္ အေျခေနအရပ္ရပ္ကိုအလုံးစုံမသိေပမယ့္လဲ တစ္ပိုင္းတစ္စခန္႔ေလာက္နားလည္သြား၍ ဦးမင္းထြန္းဘာမွဆက္မေမးျဖစ္ေတာ့။လက္႐ုံး ပုခုံးကိုခပ္ဖြဖြပုတ္သည္။
"အခ်စ္ေၾကာင့္နာက်င္ေနရတာကို ငိုခ်ပလိုက္ အဆင္ေျပသြားမွာပါလူေခ်ာေလးရာ"
Advertisement
- In Serial88 Chapters
Seaborn
Domenic is a sailor who just wants a life at sea. A brewing war between nations turn the already dangerous seas into something perilous. Domenic is forced into an untenable position, one he escapes with his life – though there is a greater cost he’ll have to pay after his deal with the devil. Join Domenic as he explores the meaning and cost of both servitude and freedom! New content weekly! (Sundays in the U.S.)
8 214 - In Serial16 Chapters
Crawling Towers
In a heartless world of magic and supernatural abilities, tower masters reign supreme. A story of Chronus, who obtained a treasure that allowed him to be reborn hundreds of years into the past, the day before Earth was devoured by this world. Join him as he constructs a tower that rises above all others and stands at the pinnacle of all beings.
8 162 - In Serial38 Chapters
The Infected Progressive
Weekly thoughts by an inspiring expressionist prepping to take the world by storm through progressive poetry and lyrical precociousness. I hope you will follow me on this imagination rollercoaster that will loop the loop the insecurities of man and beyond.
8 410 - In Serial23 Chapters
I Won't Die!
Rama Leeroy had been chosen by a deity to get summoned to another world. In order for it to happen, he'd have to die in his old one. Unfortunately for the deity, Rama has no intention of dying.
8 204 - In Serial47 Chapters
To Sleep, Perchance to Dream
Dying was unpleasant, but coming back to life? How was that even possible? And what are these words that keep appearing before me? This...isn't how life works. Maybe I'm insane. I guess it's time to find out. If I die, will I come back again? Thanks for reading! Please leave a rating or a review! Knowing people are enjoying the story really encourages me to write more. Also, I apologize for the typos. When I get the time, I'll go back and fix them, but they may linger at times. I don't have lots of time for writing, so I'm not always able to do much editing before posting.
8 173 - In Serial19 Chapters
The Cycler Gangs of Beta Fornax
A thousand years after humanity colonized the stars, society is split between the Academics and the Hipsters. When Juno saves Fern from a rival bicycle gang, they are thrust into the middle of the struggle between their two rigid societies—one which believes in culture and tradition above all else, and the other which strictly adheres to the pursuit of scientific knowledge. With Juno raised as a hipster bicycle gang member, and Fern as a scientist, the two become friends and learn to work together to seek a path that neither society condones. When Fern detects a mysterious signal from deep in space, Juno joins her on her quest to uncover its origin before the angry biker gangs and vengeful scientists catch up to them. They discover a third society that neither of the others had known about which might just solve all their problems.
8 200

