《Devil Husband》23
Advertisement
ရဲသားနှစ်ယောက်အလယ်မှလက်ထိပ်တစ်စုံနှင့်ကပ်ပါလာသည့် ပိန်သွယ်သွယ်ခန္ဓာကိုယ်တစ်စုံ။သူများနဲ့မတူသည့် မိုးထိုးနေသောအရပ်ကြီးကြောင့် မြင်လိုက်တာနဲ့သူမှန်းတန်းသိသည်။ကြက်သွေးရောင်ပုဆိုးကိုမဝတ်တတ် ဝတ်တတ် ဝတ်ထားပြီး အဖြူရောင်တီရှပ်လက်တိုနှင့်။နဂိုထဲကပိန်သွယ်သွယ်ထိုကောင်လေးကအရင်ကထက်တောင်အများကြီးပိုပိန်သွားတာ ဂျိုး သတိထားမိသည်။မျက်တွင်းချိုင့်နေပြီးအတော့်ကိုပိန်ကျသွားသည်။
"ဘော်ဒါအသစ်တယောက်ရောက်တယ်ဟေ့"
အချုပ်ခန်းတံခါးဖွင့်သောရဲထံမှလှမ်းအော်ဟစ်လိုက်သောအသံ။
အချုပ်ခန်းထဲခြေချလိုက်သည်နှင့် မျက်စိကဂျိုးကိုဝေ့ဝိုက်ရှာပြီး သူရှာနေသည့်ဂျိုးကိုမြင်လိုက်တော့ ပါးချိုင့်လေးတွေခွက်ဝင်သွားအောင်ပြုံးရယ်ပြီး လက်ဝှေ့ရမ်းပြသည်။အချုပ်ထဲလာဆုံရတွေ့ရတာကိုအတော်ပျော်ဖို့ကောင်းသည်ဆိုတော့ဝမ်းသာအားရလှမ်းနူတ်ဆက်နေသည်။
"သားကြီး"
သူထိုင်နေသည့် နေရာသို့အသဲပြဲကြီးနှင့်အော်ပြီးအနားကပ်လာ၍ ဂျိုးရှက်ရှက်နှင့်ခေါင်းငုံ့ထားလိုက်သည်။
အချုပ်သားတို့က အသစ်ရောက်လာသည့်လက်ရုံးကိုအထူးတဆန်းကြည့်နေကြသည်။ဒီလိုငယ်ငယ်ချောချောလေးက ဒီလိုနေရာမျိုးမှာရှိနေရ၍ အတော်အာရုံစိုက်နေကြသည်။
"ဂျိုး ဟျောင့်"
ဂျိုးထိုင်နေသည့် ကြမ်းပြင်ပေါ်မှာလက်ရုံးပါ ဘေးနားမှာတင်ပျဉ်ခွေဝင်ထိုင်ချလိုက်သည်။ဒီရဲစခန်းကပိုပြီးတော့တောင်စုပ်ခြာနေသေးသည်။သို့သော် ကိုယ်တိုင်ကဂျိုးရှိရာပြောင်းရွေ့လာချင်ခဲ့၍ လက်ရုံးဘာမှဂျီးကြောင်များနေ၍မရတော့။ကိုယ့်ထိုက်နှင့်ကိုယ့်ကံသာဖြစ်သည်။
"တိုးတိုးလုပ်စမ်းပါ ဒါအချုပ်ခန်းကွ မင်းအဖေပိုင်တဲ့ဟိုတယ်မဟုတ်ဘူး"
"အံမယ် ငါတို့Crownဟိုတယ်ကဒီထက်အစတစ်ထောင်လောက်သာတယ်ကွ"
"အေး ဒါကအချုပ်ခန်းပါဆိုနေမှ"
"တော်တော့ကွာ မင်းကိုပြန်တွေ့ရတာဝမ်းသာလိုက်တာကွာ ငါကမင်းကိုသေဒဏ်ကျသွားပြီမှတ်နေတာ ဟားဟား"
ဂျိုး မျက်လုံးကိုဝေ့ကြည့်ပြပြီး Xီီးလားလို့ပါးစပ်ကလူပ်ရုံအသံမထွက်ပဲဆဲပြသည်။
မဦးမချွတ် ခုံရုံးတောင်မတင်ရသေးသည့်အမူကိုသေဒဏ်တဲ့။အတိတ်နိမိတ်တွေကို ဂျိုးအယုံကြည်ရှိသူဖြစ်၍ သူအဲ့လိုပြောလိုက်တော့အနည်းငယ်စိတ်ထွက်သွားသည်။
"မင်းကမှသေဒဏ်ကျမှာ လက်နက်တွေမနည်းမနောမိတာဆို လက်ပစ်ဗုံးတောင်ပါသေးဆို
အဟက်"
"Xီးလား ဘယ်သူကအရင်အဖမ်းခံရတာလဲ မင်းမလား အဟက် ငါကတစ်သက်တစ်ကျွန်းလောက်ပဲကျမှာ မင်းကတော့ကြိုးစင်တက်ရမှာ ဟားဟား"
"ငါ့ဆီမှာကိုးကင်းေတွနဲ့ရိုင်ဖယ်ငါးလက်ပဲမိတာကွ ကွန်ဒိုမှာလက်နက်တွေတပုံတခေါင်းကြီးနဲ့ မူးယစ်ဆေးတွေမိတာကမင်းလေ ကဲ ကဲ ကြိုးစင်တက်မယ် လက်ရုံးသုခ ငါကမှတစ်သက်တစ်ကျွန်း"
လက်ရုံး ဂျိုးခေါင်းကိုအားရပါးရလက်ဝါးနှင့်ပိတ်တီးချလိုက်သည်။
အားနှင့်ရိုက်ချလိုက်သည်ဖြစ်၍ ရိုက်သည့်သူလက်ပါစပ်ဖြန်းသွားသည်။ဂျိုး ခါထွက်သွားသည့်ခေါင်းကိုပွတ်သပ်နေပြီး ပါးစပ်ပိတ်သွားသည်။ပြန်တော့မရိုက်ရဲ။
အချုပ်ထဲမှာ ဒီလောက်စွဲချက်ပေါင်းများစွာနှင့်လာတွေ့ရသည်ကို မကြောက်မရွံ့ မင်းကသေဒဏ်ကျမှာ ငါကတစ်သက်တစ်ကျွန်းကျမှာနှင့် နှစ်ယောက်ကစကားနိုင်လုနေနိုင်ကြသေးသည်။အမူကြီးဖြစ်ေန၍ နှစ်ယောက်စလုံးအခြေအနေမကောင်းသည်ကတော့အမှန်တရား။
"ဟေ့ ကောင်ချောလေး"
အနောက်ကနေ၍ လက်ရုံးဧ။်ပုခုံးအားဖိနပ်တစ်ရံလာမှန်သည်။အရှိန်နှင့်လာမှန်သည်ဖြစ်၍ တအားကြီးမနာရင်တောင် ပုခုံးအောင့်သက်သွားနိုင်သည်။
"ဘာလဲ"
လက်ရုံးအနောက်ကို လူမိုက်ကြည့်နှင့်လှည့်ကြည့်ပြီး မချေမငံဖြေသည်။ဘေးနားမှကျနေသည့် အစိမ်းရောင်ကြက်ပေါင်ဖိနပ်အား ကောက်လိုက်ပြီး လူပ်ခါပြကာ
"ပြော ဒါဘယ်သူပစ်လိုက်တာလဲ"
အနောက်ကဂျိုးကလက်ရုံးပုခုံးကိုလှမ်းကိုင်ပြီး ပြဿနာမရှာဖို့ပြောသည်။လက်ရုံး ဂျိုးလက်အားဆွဲဖယ်ခါချပစ်သည်။
"ဘယ်သူပစ်လိုက်တာလဲလို့မေးနေတယ်လေ"
ဘယ်သူမှပြန်မဖြေကြတော့ လက်ရုံး ခပ်ကြိတ်ကြိတ်တောက်ခေါက်လိုက်မိသည်။
"လက်ရုံး တော်တော့လို့ မင်းထင်သလိုမရ..
"$ပါးစပ်ပိတ်ထား ငဂျိုး"
လက်ရုံး မျက်လုံးကိုဝေ့ဝိုက်ကြည့်ပြီး ခြေထောက်တစ်ဖက်ဗလာဖြစ်နေသည့်ခန္ဓာကိုယ်ထွားထွားနှင့်လူဆီ ထိုဖိနပ်ကိုပြန်ကောက်ပြီး ပြန်ကောက်ပေါက်ထည့်လိုက်သည်။ထိုလူ၏ဗိုက်ကိုသွားမှန်သည်။
ထိုလူရှူးရှူးဒိုင်းဒိုင်းဖြစ်သွားပြီး မတ်တပ်ထရပ်လိုက်သည်။
"လာလေ လာစမ်းပါ ကြောက်မယ်မှတ်နေလား"
လက်ရုံးကလဲဆတ်ဆတ်ထိမခံချက်ချင်းကောက်ရပ်လိုက်သည်။လက်ရုံး ကောက်ရပ်လိုက်တော့ ဂျိုးလဲမနေသာပဲ မတ်တပ်ထရပ်လိုက်ပြီးအသင့်အနေထားပြင်ထားလိုက်ရတော့သည်။
"လူသစ်လေးကိုပညာပြလိုက်ကြရအောင်"
လက်ရုံးသူထင်ခဲ့သလို by 1ချရမည်မဟုတ်ပဲ ဟိုဘက်ကအချုပ်ခန်းထဲကလူတစ်ချို့ကထိုလူ့ဘက်က။အုပ်စုလိုက်ဝိုင်းပြီး ထိုးမယ်ကြိတ်မယ်လုပ်၍လက်ရုံးလန့်ဖျန့်သွားသည်။
အနောက်မှာကပ်ရပ်နေသည့်ဂျိုး၏ တံတောင်ဆစ်ကိုလက်သီးနှင့်လှမ်းတိုက်ပြီးကူပါကယ်ပါဆိုသည့်အကြည့်နှင့် မျက်နှာငယ်နှင့်ကြည့်သည်။ဂျိုး ငါမပြောဘူးလားဆိုတဲ့သဘောနှင့်မျက်လုံးလှန်ကြည့်သည်။
အချုပ်သားလူမိုက်တွေဖြစ်၍ ဂျိုးလဲကြောက်ပါသည်။ထိုလူတွေနှင့်ငြိရင်မလွယ်မှန်းသိ၍ အချုပ်ထဲစရောက်ထဲက ဂျိုးကိုယ့်ဘက်ကအလျှော့ပေးပြီး အပိုးကျိုးကျိုးနေပြခဲ့သည်။
အခုလက်ရုံးဆိုသည့်ဘဝင်ရူးကောင်ရောက်လာမှသူပါ ပဲလှော်ကြားဆားညှပ်ရလေပြီ။
ဘယ်လိုပဲဖြစ်ဖြစ် တတ်သည့်ပညာမနေသာဆိုသည့်စကားပုံအတိုင်း ဂျိုး လက်ရုံးကိုမှဲ့တပေါက်မစွန်းအောင်ကာကွယ်ပေးရအုန်းမည်။
"မင်းလားကွ အစွာလေး"
လျှပ်တစ်ပြက်အတွင်းမှာပင် လူကောင်ထွား
ကြိုင်းလွန်းသော မုဒိန်းမူနှင့် အချုပ်ထဲရောက်လာသည့် အချုပ်သားက လက်ရုံးအကျီကော်လံစကိုဆွဲကိုက်ပြီး လက်ရုံး ကိုယ်လေးကိုနံရံတွေနှင့်ဆွဲကပ်ပစ်လိုက်သည်။
"ဟေ့ ဟေ့ သူ့ကိုလွှတ်လိုက် မကျေနပ်ရင်ကျွန်တော်နဲ့ရှင်း လွှတ်လိုက်စမ်းလို့"
ဂျိုး ထိုလက်ရုံးဧ။်ကော်လံစကိုဆွဲထားသည့်လူကြီး၏ခါးကို ကျင်တက်သွားအောင်ထိုးချပစ်လိုက်သည်။
ထိုလူကြီး ထိုအခါတော့ လက်ရုံးကိုလွှတ်လိုက်ပြီးဂျိုးကိုစမဲပါတော့သည်။
ထိုလူကြီးလက်ဝါးစောင်းနှင့် ဂျိုးပါးကိုအားရပါးရကိုရိုက်ချပစ်လိုက်သည်။
"ဖြောင်း"
"ကျစ်"
ဂျိုး စီးထွက်လာသည့်သွေးတွေကိုထွေးထုတ်ပစ်လိုက်ပြီး နူတ်ခမ်းကိုလက်နှင့်သပ်လိုက်သည်။
"ခင်ဗျားလားဗျ ကျုပ်သခင်လေးကိုရန်ရှာရဲတာ ဟမ်းးဟမ်းး"
ဂျိုးအရပ်ကလက်ရုံးနှင့်မတိမ်းမယိမ်းရှည်တာမလို့ 5ပေ11ဝန်းကျင်ဖြစ်သည်။ဂျိုးကထိုလူထွားထက် အရပ်ကခပ်စွန်းစွန်းရှည်နေသည်ဖြစ်၍ ထိုလူ့ကိုအပေါ်ကဆီးထိုးသည်။သူ့တို့အပေါင်းသင်းရောင်းရင်းကိုထိလာပြီဖြစ်၍ အချုပ်သားလူမိုက်များလဲငြိမ်မနေတော့ပဲဂျိုးကိုဝင်လုံးကြတော့သည်။ဂျိုး နံရံမှာကပ်နေသည့်လက်ရုံးရှေ့မှာကာရပ်ပြီး လက်ရုံးကိုယ်လုံးကိုအလယ်တွင်ရပ်စေပြီးလက်နှစ်ဖက်ကို အနောက်ဖက်နံရံကိုေနာက်ပြန်လှမ်းထောက်ပြီး လက်ရုံးကိုယ်လုံးကို သူတတ်နိုင်သလောက်ကာကွယ်မူအပြည့်ပေးထားသည်။လက်ရုံးရှေ့ကသူ့အပြည့်ပိတ်ကာပေးထားသည်။
"အင့် အင့် အ"
ထိုလူေတွထံမှတပြေးညီလာသည့်ထိုးကြိတ်ချက်တွေကိုတချိန်ထဲလက်ခံရလိုက်သည်။ဗိုက်ကိုထိုးသွင်းလိုက်သည့်လက်သီးချက်ကြောင့် အရိူက်ပါအောင့်တက်သွားသည်။ထိုသူတွေ လက်ရုံးရှေ့ကပိတ်ကာနေသည့်ဂျိုးခန္ဓာကိုယ်ကိုကြမ်းပေါ်အားနှင့်ဆွဲလှဲချပစ်လိုက်သည်။
ကြမ်းပေါ်လဲကျသွားသည့် ခန္ဓာကိုယ်အားစိတ်ရှိလက်ရှိ ထိုးကြကြိတ်ကြကန်ကျောက်ပါတော့သည်။နံရံမှာကပ်နေသည့် လက်ရုံးကိုလဲအရိူက်ကိုနှစ်ချက်ဆင့်ထိုးလိုက်၍ အသံပင်မထွက်နိုင်တော့။
"ဒီမှာရန်ဖြစ်နေပါတယ် ရန်တွေဖြစ်နေကြပါတယ်"
ရန်ပွဲထဲဝင်မပါပဲ သူ့ဘာသူအေးဆေးထိုင်နေသည့်တစ်ခေါင်းလုံးဖြူဖွေးနေသည့် အသက်ခြောက်ဆယ်ကျော်ခန့်ဟုထင်ရသော အချုပ်ခန်းသားတစ်ဦးဖြစ်သည့် ထိုအဘိုးကြီးကသံတိုင်တွေအပြင်ဘက်ရှိ စခန်းဝကရဲသားတွေကိုအသံပြဲကြီးဖြင့် တုန်တုန်ရင်ရင်နှင့်အော်ခေါ်ပါတော့သည်။
ရဲသားတွေလဲသူ့အော်သံကြောင့် သတိထားမိသွားပြီး လက်ရုံးတို့အချုပ်ခန်းဆီအပြေးလာကာအမြန်သော့ဖွင့်ပြီး လူစုခွဲခိုင်းရတော့သည်။
ကြမ်းပေါ်မှာလဲနေသည့် ဂျိုးကိုထူဖို့လက်လှမ်းလိုက်တော့ ဂျိုးကလက်ခါပြပြီးသူ့ဟာသူသာအားပြုပြီးကုန်းရုန်းထသည်။
"ဘယ်ကဘယ်လိုပြဿနာကစတာလဲ ဟမ်းး လက်ရုံးသုခဒီနေ့မှစရောက်တယ် ချက်ချင်းပြဿနာရှာပါရောလား သူတို့ဝိုင်းထိုးလို့မင်းသေရင် မင်းအဖေဝန်ကြီးချုပ်လဲမကယ်နိုင်ဘူးနော်"
"ကျွန်တော်သေရင်ဒီစခန်းတစ်ခုလုံးလဲပြာကျရောလေ ကျွန်တော်ထိခိုက်ကြည့်လေဒီစခန်းမှာရှိသမျှရဲတွေကိုကျွန်တော့်အဖေဝန်ကြီးချုပ်ကဘာလုပ်ပစ်မလဲသိချင်သား"
လက်ရုံး ရင်ဘက်နေရာကိုလက်နဲ့သပ်ဖိပြီးပြောသည်။
လက်ရုံးအထက်စီးကဖိပြောချလိုက်သည့်စကားကမှန်နေ၍ထိုရဲဘာမှပြန်ပြောမနေတော့။သူပြောတာအတိကျကိုမှန်နေသည်။ဒီကောင်လေးတခုခုဖြစ်ရင် သူ့အဖေကဘယ်လိုမှငြိမ်နေမည်မဟုတ်မိုးမီးလောင်သွားနိုင်သည်။
"လာကြ လာကြ ပြဿနာဖြစ်တဲ့သူတွေအကုန်ခေါ်ခဲ့ နေရာရွှေ့မယ် တူတူထားလို့ဖြစ်ဘူး"
"ဗိုလ်ကြီး ရွှေ့မယ်ရွှေ့လူသစ်ကိုရွှေ့ရမှာလေ ကျုပ်တို့ကဘာလို့ရွှေ့ရမာလဲ"
"မင်းတို့$ပါးစပ်ပိတ်ထားကြ ထွက်ခဲ့လာစမ်း"
ထိုအုပ်စုကိုခေါ်ထုတ်သွားတော့မှ လက်ရုံး ဂျိုးဘက်ကိုလှည့်ကြည့်မိသည်။နံရံမှာခြေပစ်လက်ပစ်ကျောမှီထိုင်ပြီး မျက်လုံးများမှိတ်စင်းထားပြီး ဂျိုးပါးစပ်ကသွေးတွေစို့နေသည်။အချိန်ခဏလေးဆိုပေမယ့် ထိုးကြိတ်ခံလိုက်ရတဲ့ ဒဏ်ရာဒဏ်ချက်တွေမနည်းပေ။
"အဆင်ပြေရဲ့လား ဂျိုး ငါ..ငါ"
သူ့ကြောင့်ဂျိုးထိခိုက်ရသည့် ဒီအခြေအနေမှာကျိန်းသေတောင်းပန်သင့်ပေမယ့်လဲ ဂျိုးကိုသူ့အဖေကသူ့ကိုကာကွယ်ပေးဖို့ပိုက်ဆံပေးထားတာဆိုသည့်အတွေးကပေါက်လာပြီး ဂျိုးသူ့တာဝန်သူလုပ်သွားတာဟုသာတွေးလိုက်သည်။
"အဆင်ပြေရဲ့လား"
"မင်းမြင်တဲ့အတိုင်းပဲ"
ဂျိုး ပါးစောင်မှာသွေးတို့ကိုလက်နဲ့ဖိသပ်ရင်းပြန်ဖြေသည်။
"ကျေးဇူးပါ"
"ဟမ်းးဘာကိုလဲ"
ဒီလိုအမြဲတစေ ကျေးဇူးမတင် Xင်လှန်ပြတတ်သည့်ကောင်ဆီကကျေးဇူးတင်သည်ဆိုသည့်စကားကြားလိုက်ရ၍ ဂျိုးအူလည်လည်ဖြစ်သွားသည်။လက်ရုံးသုခဆိုသည့် လူရူပ်ကောင်လေး၊ပြဿနာေကာင်ေလးကြောင့် သူ့မှာအပွဲပွဲအချီချီရန်ပွဲတွေနွှဲလာခဲ့ရသည်မှာမရေမတွက်နိုင်။စူပါမန်းမဟုတ်သည့်အတွက် ပွဲတိုင်းနိုင်နေသည်တော့မဟုတ် ဟိုဘက်ကအုပ်စုများရင်တခါလေကျဂျိုးစုတ်ပြတ်သပ်ပြီး အလဲလဲအကွဲကွဲဖြစ်လာခဲ့ရတာတွေလဲမနည်းမနော။တခါမှတော့ သူ့ကိုမထိခိုက်အောင်ကာကွယ်ပေး၍ ကျေးဇူးပါလို့မပြောဖူး။
လက်ရုံးသုခလူမုန်းများရသည့်အကြောင်းရင်းတွေထဲမှာဒါလဲတစ်ချက်ပါသည်။ကျေးဇူးမသိတတ်တာဖြစ်သည်။
"ကျေးဇူးပါ အမြဲငါ့ကိုကာကွယ်ပေးခဲ့လို့ အမြဲငါ့ဘက်မှာရှိနေပေးခဲ့လို့ကျေးဇူးပါ လူမုန်းများလွန်းတဲ့ငါ့အနားမှာစိတ်ရင်းနဲ့အတူရှိနေပေးလို့ ငါ့ကြောင့်မင်းဒယ်ဒီ့ဆီကအရိုက်နှက်ခံခဲ့ရတာတွေရော မင်းဘဝမှာပထမဆုံးချစ်ဖူးတဲ့အချစ်ဦးကိုငါအပိုင်သိမ်းလိုက်မိတာကိုရောအားနာပါတယ် တစ်ခါမှထုတ်မပြောဖူးပေမယ့်မင်းကငါ့အတွက်အရေးပါတဲ့လူပါ ငါရိုင်းစိုင်းခဲ့တာတွေရှိရင်လဲ ကျစ် ဟာကွာ ငါတောင်းပန်ပါတယ်ကိုကြီးရာ"
"ဟားဟား အေးပါညီလေးရာ ဟားဟား"
ဂျိုး ဒဏ်ရာဗလပွကြားကနောက်ဆုံးစကားမှာတော့ ထရယ်မိသွားသည်။သူနှင့်လက်ရုံးအတူရှိလာခဲ့သည့် လေးနှစ်ကျော်ငါးနှစ်နီးပါးကာလအတွင်း သူ့ထက်သုံးနှစ်ကျော်ငယ်သည့် ဒီကောင်လေးဆီကတခါမှအကြီးလိုလေးလေးစားစားအခေါ်မခံရဘူး။အမြဲတမ်း ရိုင်းရိုင်းစိုင်းစိုင်း ငဂျိုးဘာညာအခေါ်ခံရပြီး အမြဲလိုလို သူ့ဆီကအဆဲခံနေရသည်။ဒီနေ့မှာတော့ ထူးထူးခြားခြားကိုကြီးဟုခေါ်ခံလိုက်ရ၍ ပါးစပ်ကနားရွက်ချိတ်မတက်ပြုံးဖီးသွားသည်။
"အဲ့အခွက်ကဘာဖြစ်တာလဲ"
"လက်ရုံးလေးက ချကားတွေတတ်နေတာကိုး ချစ်ချရာလေးကွာ ဒီလိုလေးကျတော့လဲ ကိုကြီးညီလေးက ချကားတတ်လိုက်တာ"
ဂျိုး ပြောပြောဆိုဆိုနှင့် လက်ရုံး၏နှာတံစင်းစင်းလေးကိုဆွဲညှစ်ပစ်လိုက်သည်။လက်ရုံး ချက်ချင်းလက်ကိုဖြတ်ရိုက်ချပြီး ဂျိုး ဗိုက်ကိုဆွဲထိုးချလိုက်သည်။
Advertisement
"အားးနာတယ်ကွ"
"ငါ့ကိုကလေးလို့လာလုပ်အုန်းအဲ့တာ"
"ညီလေးကလဲကွာ ကိုကြီးကိုထိုးစရာလားကိုယ့်အကိုကို"
"XီးXီးလားလားတွေတော်စမ်း ထ ထ မင်းကိုဆရာဝန်နဲ့စမ်းသပ်ခိုင်းမလို့ စေတနာပျက်အောင်မလုပ်နဲ့ တော်ကြာ သေနေမယ်"
ဂျိုးမထနိုင်၍ လက်ရုံး ဂျိုးကိုယ်လံုးကိုဝိုင်းကူဆွဲထပေးရသည်။ဂျိုးကတော့ ဒီလောက်နာနေကျင်နေတာကိုတောင် လက်ရုံးကိုစနောက်နေရ၍ မျက်နှာကပြုံးဖြဲနေသည်။
လက်ရုံးကလဲ သူ့ဟာသူစကားအဆန်းတွေသွားပြောမိပြီး ခုမှရှက်နေ၍မျက်နှာကရဲတက်နေသည်။လက်ရုံး အချုပ်ထဲရောက်နေသည့်ကာလအတွင်းမှာအတော်ပြောင်းလဲသွားသည်။တောင်းလဲတောင်းပန်တတ်လာပြီး ကျေးဇူးတင်စကားလဲပြောတတ်လာခဲ့သည် လူရိုင်းစိုင်းကောင်လေးက။
"ဟိုနားမှာရပ်နေတဲ့ရဲ ဟိုရဲ ဟိုရဲ ခဏလာအုန်း ဒီမှာကျုပ်အကိုဒဏ်ရာရနေလို့ တခုခုလုပ်ပေး"
"အိုကေ အိုကေ"
VIPအချုပ်သားထံမှတောင်းဆိုလာသည်ဖြစ်၍ လိုက်လျောလိုက်ရသည်။ဒဏ်ရာရနေသည့်ဂျိုးကိုလက်ထိပ်ခတ်ပြီးပင် ရဲစခန်းထဲမှာပင်ဆရာဝန်ခေါ်ပြီးကြုံသလိုဆေးကုပေးလိုက်ကြသည်။ဆေးရုံခေါ်သွားရင် ပြစ်မူကြီးသူဖြစ်၍လမ်းမှာလွတ်ထွက်သွားမှာစိုး၍အဆင်ပြေသလိုသာကုသပေးလိုက်ရသည်။ထိုးကြိတ်ကန်ေကျာက်ခံရ၍ဖူးယောင် နာကျင်ေယာင်ရမ်းေနသည့်ဒဏ်ရာတွေသာဖြစ်၍ အဆင်ပြေပါသည်။လက်ရုံး ဘာမှမထိခိုက်သွားသည်ကိုပင် ဂျိုးစိတ်ထဲအတော်ကျေးဇူးတင်နေမိသည်။လက်ရုံးသာသူတစ်ခုခုဖြစ်ရင် သူဆရာမြတ်ကိုမျက်နှာပြရဲမှာမဟုတ်ပေ။ဆရာမြတ်လက်ချက်ဖြင့်အသက်ပင်ပျောက်နိုင်သည်။
.
.
"ခြယ်ခြယ် ခြယ်ခြယ် သမီးရေ"
ခြယ်တယောက်ဘယ်ရောက်နေမှန်းမသိ။မီးဖိုချောင်အတွင်းမှ အဖေဖြစ်သူဦးကျော်စိုးလှမ်းအော်ခေါ်နေသည်ကိုမကြား။
ဦးကျော်စိုးအိမ်သားတွေကိုတယောက်ချင်းအော်ခေါ်ကြည့်သော်လဲ ဘယ်သူမှပြန်မထူးကြ။မလူပ်နိုင်မကိုင်နိုင် ဒုက္ခိတဘဝကလဲဘာတစ်ခုမှကိုစိတ်တိုင်းမကျ။မျက်စိရှေ့မှာမြင်နေရသည့် ဖန်ခွက်ထဲကရေလေးကိုပင် ရေငတ်၍လှမ်းယူသောက်ချင်သော်လဲလက်ကမလူပ်နိူင်။
ယာဉ်တိုက်မူဖြစ်ပြီးထဲက ခန္ဓာကိုယ်မှာရှိသမျှအကြောတွေဆိုင်းကာအစစအရာရာ အပေါ့အလေးသွားသည်ကအစ တစ်ခြားသူကဆောင်ရွက်ပေးမှသာလျှင်အဆင်ပြေတော့သည်။
အစဆုံးသူများအကူညီယူနေရ၍ ဘယ်သူကမှ သမီးဖြစ်သူလောက်တော့ သူ့အပေါ်ကိုစိတ်မရှည်ကြ။ဘယ်သူကစိတ်ရှည်နိုင်မည်လဲ။မျက်နှာသစ်တာကအစ အလေးစွန့်တာအဆုံးလုပ်ပေးနေရ၍ ညီဖြစ်သူ၏မိန်းမကငြိုငြင်သည်။မိမိကိုမကြည်ဖြူမှန်းသိသော်လဲ သူ့မှာတွယ်ကပ်နေစရာဒီတစ်နေရာသာရှိသည်။
သမီးဖြစ်သူမိမိနှင့်ပြန်လာနေပြီဖြစ်၍ သူ့မှာအားတက်ရသည်။အားကိုးစရာဒီသမီးလေးတယောက်ကိုပင်သူ့မှာမှီခိုနေရသည်။ဘယ်သူမှသူ့အပေါ်ကိုယ့်သားသမီးအရင်းလောက်စိတ်မရှည်နိုင်ပေ။
"ခြယ်ခြယ် အဖေ့သမီးလေးရေ သမီးလေးရေ"
"ရေဆာလိုက်တာကွာ"
ပြန်ထူးသံမကြားရ။သူအတော်အာခေါင်ခြောက်ကပ်နေပြီ။စားပွဲပေါ်မှရေခွက်ဆီလက်ရောက်ဖို့ကို အတော်စိတ်အားထက်သန်နေပြီး ထိုနေရာဆီအာရုံပြုထားလိုက်သည်။စိတ်ဆောင်ရင်ဘာမဆိုဖြစ်နိုင်သည်ဆိုတာမှန်သည်လားမသိ။နှစ်ပေါင်းများစွာ မလူပ်မရှားနိုင်ခဲ့သောညာလက်သည် ဝှီးချဲလက်ရန်းမှမြှောက်ပင့်လာပြီး စားပွဲပေါ်ရှိ ဖန်ခွက်ဆီလက်လှမ်းယူလိုက်သည်။အထင်နှင့်အမြင်တခြားစီ။လူပ်ရှားမူနှောင့်နှေးသောလက်သည် ဖန်ခွက်ကိုမြှောက်မကိုင်နိုင်။ဖန်ခွက်၏အလေးချိန်ကိုသယ်မဖို့ညာလက်တွင်အင်အားအလုံလောက်မရှိ။
ဖန်ခွက်ကိုလွတ်ကျပြီး စားပွဲပေါ်တွင်ရေခွက်မှောက်ကျသွားသည် စားပွဲပေါ်မှစီးဆင်းလာသောရေတို့သည်ဦးကျော်စိုးပေါင်ပေါ်စီးကျလာသည်။ဖန်ခွက်လဲပေါ်မှ လိမ့်ဆင်းပြီး ကြမ်းပေါ်သို့ ခလွမ်းဆိုကာကျကွဲသွားသည်။
"ခလွမ်း"
"ဟမ်းး ငါဘာလုပ်မိလိုက်တာလဲ"
ဦးကျော်စိုးတယောက် ဖန်ခွက်ကျကွဲသံကြားမှအသိပြန်ဝင်သွားသည်။ကြမ်းပေါ်မှဖန်ခွက်အကွဲပိုင်းစများကိုကြည့်ပြီး မိမိဘာလုပ်လိုက်မှန်းမယုံကြည်နိုင်။နှစ်ပေါင်းများစွာမလူပ်နိုင်မရှားနိုင်ခဲ့သည့် မိမိခန္ဓာကိုယ်အစိတ်ပိုင်းတစ်ခုက ဖန်ခွက်ဆီလှမ်းပြီး ထိကိုင်လိုက်သည်လား။ကြမ်းပေါ်မှဖန်ကွဲစများက သူပြန်ကောင်းလာနိုင်သည်ဆိုတာရဲ့သက်သေတွေလား။လက်ရှိအခြေအနေကြောင့်သူရေဆာတာကိုတောင်မေ့သွားသည်။
ခဏအကြာ
"ဖေဖေ ဘာဖြစ်တာလဲ စိုရွဲနေတာပဲပေါင်ပေါ်မှာ"
ကြမ်းပေါ်မှာကျကွဲနေသည့်ဖန်ခွက်နှင့်စိုရွဲနေသည့်ကြမ်းပြင်ကိုမြင်ပြီးဆိုသည်။
"သမီးရေ သမီး ဖေဖေ့မှာမျှော်လင့်ချက်ရှိသေးတယ်နဲ့တူတယ် ဒီဖန်ခွက်ကိုဖေဖေခွဲလိုက်တာ ဖေဖေ&@-##+#+$###"
"ဟမ်းး ဖေဖေ လူပ်ရှားမူပြုလိုက်တယ်ဟုတ်လား ဖေဖေပြန်ကောင်းလာနိုင်တာပေါ့ဝမ်းသာလိုက်တာ အားးပျော်လိုက်တာ"
"ကြည့်ရတာ သမီးယောကျာ်းဖေဖေ့ကိုပြပေးတဲ့ ဒေါက်တာတွေကတကယ်တော်တာနဲ့တူတယ် သူတို့ဆေးအစွမ်းကထိရောက်မူရှိသားပဲ မောင်မင်းကြီးသားေလးအသက်ရှည်ပါစေကွာ သူ့ကျေးဇူးကြောင့်ဘဝမှာတခေါက်လောက်တော့ကိုယ့်ခြေထောက်ပေါ်ကိုယ်ပြန်ရပ်ကြည့်ချင်တယ်"
"ဖေဖေရာ အဲ့လူအကြောင်းမပြောပါနဲ့ ရာဇဝတ်ကောင်လူယုတ်မာကိုဖေဖေ့ဟာနေဖေဖေပဲကျေးဇူးတင်"
"ခြယ်ခြယ် မောင်လက်ရုံးကသမီးပြောပြသလိုဆိုရင်လူယုတ်မာတယောက်ဖြစ်ပေမယ့် သူ့မှာစိတ်နှလုံးကောင်းလေးတော့ရှိရှာပါတယ်ကွယ် တစ်ခါလောက်ခွင့်လွှတ်ကြည့်ဖို့စဉ်းစားကြည့်ပါ ကိုယ်မွေးထားတဲ့သမီးအဖေသိတာပေါ့ သမီးရောသူ့ကိုမချစ်လို့လား ချစ်ရဲ့သားနဲ့ကွယ် သူလုပ်ခဲ့တာတွေကိုခွင့်လွှတ်ပေးဖို့ကြိုးစားကြည့်ပါ"
ခြယ်သိသည်။သူကိုယ်တိုင်လဲလက်ရုံးကိုချစ်သည်။ဒါပေမဲ့ သူ့အပေါ်တခါလောက်ဖြစ်ဖြစ်ယုံကြည်ပြီး ခွင့်လွှတ်ပေးသင့်လားတော့မသိသေး။ပိုဆိုးသည်က ဟိုလူကအချုပ်ထဲရောက်နေ၍သူတို့အခြေအနေကိုပိုဝေးကွာစေသည်။
*လက်ရုံးသုခရယ် လွမ်းတော့လွမ်းမိသား*
.
.
"ဟုတ်လား ကျိုးပဲ့သွားသေးလား ဟားဟား ဟား ထောင်ထဲမှာသေသွားရမှာကွာ"
"အဲ့တာတော့သေချာမသိပါဘူး ကိုစိုင်း"
သွားလို့ရပြီးဆိုသောသဘောဖြင့် စိုင်းလက်လူပ်ရမ်းပြသည်။ဟိုကောင်ထောင်ထဲမှာအထိုးကြိတ်ခံရ၍ ခွေလဲကျသွားသည်ဆိုသောသတင်းကြောင့် စိုင်းအာကာနူတ်ခမ်းတွေကွေးညွှတ်အောင်ပြုံးနေသည်။
လေးထောင့်ကျကျ မျက်နှာမှာ ညာဘက်ပါးစောင်တခြမ်းနေရာဟာမသိမသာလေးချိုင့်ဝင်နေသည ်။မျက်နှာပေါ်မှာထင်ကျန်နေသည့်ထိုနားထင်နှင့်ပါးစောင်ခြမ်းကချိုင့်ကွက်လေးဟာ စိုင်းအာကာရဲ့စွဲထင်ကျန်ေနသည့်အမာရွတ်တခု။ရုပ်ဆိုးအကျည်းတန်စွာ ဖျက်ရခက်စွာသူ့ရဲ့တည်ကြည်လွန်းသည့်မျက်နှာပေါ်မှာနေရာယူထားသည်။
ဆေးလိပ်နှင့်ဆေးခြောက်ရောယှက်နေသည့်အငွေ့များကြား စိုင်းအာကာခြေချိတ်ထိုင်နေပြီး ခန့်ခန့်ကြီးပြုံးနေသည်။ဂျိုးကမ္ဘာမှာဆူးတွေ
ပြည့်တိုင်း သူ့ကမ္ဘာမှာပန်းတွေဝေနေအောင်ပွင့်သည်။
ဂျိုး ဒီလူသားကိုဒုက္ခပေးချင်တာ သူ့ဘဝမှာလူဖြစ်လာရခြင်းရဲ့ရည်ရွယ်ချက်လို့တောင်ဆိုနိုင်သည်။
"မကြာခင်တွေ့ကြရအောင် ဂျိုး အဟက်"
#ParadiseKhin
Zawgyi
"သားကြီး"
"ဂျိုး ဟျောင့်"
ဂျိုး မျက်လုံးကိုဝေ့ကြည့်ပြပြီး Xီးလားလို့ပါးစပ်ကလူပ်ရုံအသံမထွက်ပဲဆဲပြသည်။
အဟက်"
"ငါ့ဆီမှာကိုးကင်းတွေနဲ့ရိုင်ဖယ်ငါးလက်ပဲမိတာကွ ကွန်ဒိုမှာလက်နက်တွေတပုံတခေါင်းကြီးနဲ့ မူးယစ်ဆေးတွေမိတာကမင်းလေ ကဲ ကဲ ကြိုးစင်တက်မယ် လက်ရုံးသုခ ငါကမှတစ်သက်တစ်ကျွန်း"
"ဟေ့ ကောင်ချောလေး"
"ဘာလဲ"
"$ပါးစပ်ပိတ်ထား ငဂျိုး"
"မင်းလားကွ အစွာလေး"
"ဖြောင်း"
"ကျစ်"
Advertisement
- In Serial46 Chapters
No Second Chances: The Beginning Of The End
Greed is a powerful feeling that has changed the world over thousands of years. Science, religion, and magic have built a new era and there are some who want to end it all, for the sake of a dying world. It is only up to certain beings to awaken the world and cleanse the lurking evil within the desires of the current rulers, or to wipe out those who can't contribute any good to a new rising world.
8 320 - In Serial7 Chapters
The Iron Alchemist
When young Boone Rigger is pulled into the most fierce Gunslinger Tournament in the country, he must find the courage to kill, or be buried six feet underground.
8 146 - In Serial183 Chapters
EEPOS: from rags to godhood
Even in the universe of gods becoming one is a hard and arduous journey. Rufus, a pushover from one unknown world in an entire universe of worlds and gods is probably the most unlikely candidate to become one, but fate is a fickle thing. Join Rufus an unlikely hero of his own epic tale on how he built his pantheon and became a god.
8 88 - In Serial6 Chapters
Voices - Liam Dunbar
In which Liam Dunbar falls head over heels for Adela Argent, the girl who lost to much.
8 128 - In Serial67 Chapters
Die, Dragon, Die!
A man who only wants to kill dragons. The only man who can save the world. A man... who might be the most obnoxious force in the entire universe. The adventures and misadventures of a man named Gideon. Die, dragon, die!
8 178 - In Serial13 Chapters
Wings of Freedom [Completed]
A world where martial arts and technology thrive together, lives a youth who lost his home to war. When he was still little, he was picked up by a soldier from the Martial Arts Department right after losing his home. Under him, he learns his fighting style and makes a name for himself as a ""Courier"". He may seem cheerful and social but in reality he never lets anyone close to him. How will his cold stature change when he gets a new roommate? "There is nothing worse in this world than aqcuiring a family again just to lose it again." *Mature due to language, not planning on putting in any gore or explicit sex scenes.* If you like the story, let me know in the comments below. This is my first story so let me know if you think that I'm rushing things too much or going a bit too slow. Also whether i turn enough attention to details or interactions. If you have suggestions or concerns about my story, don't be afraid to PM me or just write a comment down below a chapter. Thank you for reading. (This is going to be a 12 chapter tragedy)
8 73