《Devil Husband》27
Advertisement
အတိတ်က စိုင်းနှင့်ပက်သက်သည့်ထင်ထင်ရှားရှားပုံရိပ်တချို့လက်ရုံးခေါင်းထဲ၌ တရေးရေးပြန်ပေါ်လာသည်။
သူကတကယ့်ကိုဘာမှမကောင်းခဲ့တဲ့လူ။
14နှစ်ကလေးကိုတောင်မတရားကျင့်ဖို့ကြိုးစားဖူးသည့်အထိ သူရွံစရာကောင်းခဲ့သည်လား။
အသိုင်းအဝိုင်းပတ်ဝန်းကျင်မှာ လက်ရုံးအမြဲကြားလာခဲ့ရတဲ့ အဖေနဲ့သားကတကယ့်ဆီနဲ့ရေဆိုသည့်စကားကတကယ့်ကိုအမှန်တရားမှန်း သူလက်မခံချင်လဲလက်ရုံးလက်ခံမှကိုဖြစ်မည်။
ဦးလေးအရင်းခေါက်ခေါက်ဖြစ်သူကိုယ်တိုင်ကပင် တူဖြစ်သူလက်ရုံးကိုမင်းကငါ့ညီကိုဒုက္ခပေးဖို့လူဖြစ်လာခဲ့တာဟု မကောင်းပြောခဲ့ဖူးသည်။လက်ရုံး ထိုစကားတွေကြားရတိုင်းပိုပိုပြီးအရွဲ့တိုက်ပြသည်။ရွဲ့ရင်း ရွဲ့ရင်းဖြင့်မိမိဘဝပင်တိမ်းစောင်းလုနီးနီး။
"ကောင်ချောလေး ဖုန်းလာတယ် ထွက်ခဲ့"
အချုပ်ခန်းတံခါးလာဖွင့်သောရဲသားမှ လက်ရုံးကို လက်ယပ်၍ခေါ်သည်။
"ဟယ်လို ဘယ်သူလဲမသိဘူး"
"ဟယ်လို လက်ရုံး"
တစ်ဖက်မှ ကြည်လင်နေသည့်အသံအေးအေးလေးကခွန်းတုံ့ပြန်လိုက်တော့ လက်ရုံး ရွှေရင်အစုံအေးချမ်းသွားရသည်။
"မြခြယ်ဘာကိစ္စရှိလို့လဲဟင်"
"နေလို့ထိုင်လို့ကောင်းရဲ့လားသိချင်လို့ပါ"
ခြယ်လွန်ခဲ့သည့်2ပတ်ကပဲသူ့ထံပထမဆံုးအကြိမ်ထောင်ဝင်စာလာတွေ့ပြီးဒီနေ့ခြယ့်ဆီကဖုန်းလက်ခံရပြန်၍ လက်ရုံးရင်ထဲတလိူက်လိူက်တက်နေသည့်ကြည်နူးခြင်းတွေ။
ဒီလောက်တောင် ဒီအမျိုးသမီးလေးကိုချစ်ပါတယ်လို့ပြောပြလို့မရနိုင်တဲ့အထိ ဒီအမျိုးသမီးငယ်လေးကိုလက်ရုံးချစ်သည်။
ဘာမဟုတ်တဲ့အသေးအဖွဲဂရုစိုက်မူသေးသေးလေးကအစ မြခြယ်ဆီကသာရရင် ရိုးတွင်းခြင်ဆီထဲအထိစီးစိမ့်နေအောင်သူပျော်သည်။
"ကောင်းပါတယ်မင်းရော မင်းအဖေရောနေကောင်းရဲ့လား ပုံမှန်ရောဆေးစစ်ပေးကြရဲ့လားဆေးရုံကဆရာဝန်တွေကငါမရှိဘူးဆိုပြီး
လက်ရုံး ပြောရင်းဆိုရင်းနှင့်တစ်ချိန်ကသူမြခြယ်ကိုအဖေနှင့်အကြပ်ကိုင်ပြီး အတင်းလက်ထပ်ပွဲလုပ်စေခဲ့တာစိတ်ထဲပြန်ပေါ်လာပြီး နေရခက်သွားသည်။
"ဟိုဟာလေ ငါနဲ့မင်္ဂလာမဆောင်ရင်မင်းအဖေကိုလေ အမ်း ဆေးထိုးသတ်မယ်လို့ခြိမ်းခြောက်ခဲ့တာကလေ အဲ့တာငါလျှောက်ပြောခဲ့မိတာနော် အကယ်၍ငါသတ်ခိုင်းခဲ့မိရင်တောင် ဆရာဝန်တွေကတော့လူမသတ်ပါဘူး အဲ့တာမင်းကိုမရမှာစိုးလို့ကြံရာမရလို့လျှောက်ပြောခဲ့တာ"
"ရှင်..."
ခြယ် လက်ရုံးဆီက ထွက်ပြေးဖို့ကြိုးစားတိုင်း သူအမြဲ ငါကမင်းမိသားစုကိုအရှင်လတ်လတ်ငရဲခံရအောင်လုပ်မှာ မင်းအဖေကိုငါကဘယ်လိုဘာလုပ်ပစ်မှာ ညာလုပ်ပစ်မှာ မြတ်သုခသားကိုဘာထင်လဲ စသည်ဖြင့်ကြောက်စရာစကားလုံးကြီးများဖြင့်အသေလဲခြိမ်းခြောက်ခဲ့ဖူးသည်။
ထိုစကားများနားထဲတွင်ပြန်ကြားယောင်လာမှ ခြယ်သိလိုက်သည်က ဒီလူကသူ့ကိုချစ်လို့သူ့ကိုဆုံးရူံးရမှာစိုးထိတ်လွန်း၍ အောက်တန်းစားနည်းလမ်းများနှင့်မရရအောင်အနားရှိနေစေခဲ့သည်ပါလား။
ထုတ်ဖော်မပြသခဲ့ခြင်းမရှိပေမယ့်လဲ လက်ရုံးကသူ့ကိုဤမျှချစ်သည်ကိုသူသဘောပေါက်လာသည်။နူးညံ့သိမ်မွေ့ခြင်းတစ်စွန်းတစ်စမျှမရှိပေ့မယ့်လဲ သူ၏ပထမဆုံးဖြစ်ပေါ်လာသည့်ခက်ထန်ကြမ်းတမ်းလွန်းသည့်ချစ်ခြင်းနှင့်လက်ရုံးကသူ့မိန်းမကို ဝါးစားမတတ်ချစ်သည်။
တစ်ဖက်မှ ခြယ့်စကားသံတိတ်ဆိတ်သွား၍လက်ရုံးသူစကားများမှားသွားသလားဆိုပြီး မထုံတတ်သေးလေသံဖြင့်ပင်
"စိမ်းမြခြယ် ငါပြောတာကြားလား ပြန်ေတွးမိပြီးလန့်သွားတာလား...
"အဲ့တာကျွန်မကိုဆုံးရူံးရမာကြောက်လို့လားဟင်"
"ဘယ်လိုထင်လို့လဲ"
"ကျွန်မကိုအရမ်းမုန်းလို့ဒုက္ခပေးချင်ခဲ့လို့ ..
ခြယ် စကားမဆုံးခင်မှာပင်လက်ရုံး ကျစ်သပ်ပြီးသက်ပြင်းရှည်ကြီးချလိုက်သည်။
"ဘယ်နှခါပြောပြရမလဲ ကိုယ်မင်းကိုမမုန်းဘူး ကိုယ်မင်းကိုဘယ်တုန်းကမှမမုန်းခဲ့ဘူး မင်းကိုစတွေ့ထဲငါချစ်ခဲ့တာမြခြယ် ငါ့ဟာငါအပြင်မှာဘယ်လောက်ပွေပွေ အချိန်တန်မင်းဆီပဲပြန်လာခဲ့တာ မင်းကငါ့အိမ်ပါမြခြယ်"
"ကျွန်မကိုဆုံးရူံးရမာကြောက်လားဟင်"
ခြယ် မဝဲ့မရဲမမျှော်လင့်ရဲသည့်လေသံဖြင့် တိုးဖွဖွလေးမေးသည်။တစ်ဖက်မှဖုန်းဖြေသံခတ္တတိတ်ဆိတ်သွားပြီးမှ
"ဟင့်အင်း "
*တွေ့လား အဲ့လူစုတ်ကငါ့ကိုတကယ်မချစ်ပါဘူးဆိုနေ*
"ဟင့်အင်း မင်းကိုဆုံးရူံးရမာကိုငါမကြောက်ဘူး
ငါကမင်းကိုဘယ်တော့မှအဆုံးရူံးခံမှာမဟုတ်လို့ပဲငါ့မြခြယ် မာန်နတ်မင်းနဲ့စစ်ခင်းရမယ်ဆိုရင်တောင် ငါကမင်းကိုပြန်တိုက်ယူမှာ မြခြယ် ဘယ်လိုအကြောင်းပြချက်မျိုးနဲ့ဖြစ်ဖြစ် ဘယ်လိုကိစ္စမျိုးနဲ့မဆိုမင်းကိုလက်မလွှတ်ဘူး မင်းကငါ့အပိုင်ပဲ ဘယ်လိုနည်းနဲ့မှအဆုံးရူံးမခံဘူး"
ခြယ် တစ်ဖက်မှလက်ရုံးစကားသံများကြောင့်
နူတ်ခမ်းတို့ကသူ့အလိုလိုကိုကွေးတက်လာသည်။
*တကယ်ပါ ရှင်ရယ် ရှင့်ကတကယ့်အနာပေးလိုက်ဆေးပေးလိုက်လူဆိုးကောင်*
"ချစ်တယ် ရုံး"
ရုတ်တရပ်တစ်ဖက်ဖုန်းမှခြယ့်၏စကားသံကြောင့် လက်ရုံး နားနှင့်ကပ်ထားသည့်ဖုန်းကိုခဏခွာလိုက်ပြီး ခေါင်းကြီးငုပ်၍ တယ်လီဖုန်းစားပွဲပေါ်ခေါင်းကြီးမှီချ၍ တခွီးခွီးရယ်ချပါတော့သည်။ရင်ဘက်ကိုလဲလက်နှင့်ဖိကိုင်၍ ပေါက်ထွက်မတတ်ခုန်နေသည့်နှလုံးကိုလဲ ပြန်စမ်းကြည့်ရသေးသည်။
မိူရသည့်မျက်နှာထားနှင့် ကြည်နူးလွန်း၍တခွီးခွီးကြိတ်ရယ်နေမိသည်။
တကယ်ပါ ဒီအမျိုးသမီးဟာလေ လက်ရုံးသုခလိုလူမိုက်လူရမ်းကားကောင်ကို ရေခဲမုန့်လိုအရည်ဖျော်ပစ်တဲ့တစ်ဦးတည်းသောသူ။
"ရုံးတဲ့ ဘယ်လိုများခေါ်လိုက်တာလဲဗျာ ဟီးဟီး ဒုက္ခပါပဲ ရင်တစ်ခုလုံးယားကျိကျိနဲ့ ဘယ်လိုကြီးလဲ အသဲတွေယားလိုက်တာ အမလေး ရုံးတဲ့ဗျ"
လက်ရုံး တစ်ဖက်မှာသူ့ဘာသာကြိတ်ပြီးရေရွတ်နေသံများကို ခြယ်ဒီဘက်မှအတိုင်းသားကြားနေရသည်။
ဒီလူဟာ ဒီလောက်ချစ်ဖို့ကောင်းနေရဲ့သားနဲ့ ဘာလို့များသူ့ကိုသူလူမုန်းများအောင်နေထိုင်သလဲဟုခြယ်တွေးရင်ပြုံးမိသည်။
ယောကျာ်းတန်မဲ့အရှက်က သည်းသေးသည်။ချစ်တယ်လို့များပြောလိုက်ရင် ပါးလေးတွေရဲရဲတက်သွားတာတကယ်ချစ်စရာ။
ခြယ်ကလဲ သူခြွေရင်အတောင့်လိုက်ကြွေကျမှန်းသိသည့် ဒီလူ့ကိုပဲအဖန်ဖန်ခြွေပစ်ချင်သည်။ရုံးကိုတော်ကီတွေပစ်ပြီး ရှက်သွေးဖြာအောင်လုပ်ရတာခြယ်အတော်သဘောကျသည်။
"ရုံးရေ"
"ခင်ဗျာ့ ပြောပါကိုယ့်မြခြယ်"
"ဖမ်းလိုက် အမြန်ဖမ်းလိုက်လေ ပစ်လိုက်ပြီ"
"ဟမ်း ဘာကြီးလဲ"
လက်ရုံး အူကြောင်ကြောင်နှင့်မျက်နှာကြက်တွေ ခန်းဆီးတွေကိုမော့ကြည့်မိသည်။
ဖုန်းထဲကနေဘာပစ်ရမှာလဲဟုသူအူလည်လည်တွေးနေသည်။
"လှမ်းပစ်လိုက်တာ မဖမ်းမိဘူးလား ရုံးကလဲကွာ မိအောင်မဖမ်းဘူး"
"ဘာတွေပြောနေတာလဲ မင်းရူးနေလား ဖုန်းထဲကနေဘာပစ်တာလဲ ဘာမှလဲမရှိဘူးဒီမှာ"
လက်ရုံး အကျင့်အတိုင်း စိတ်ကထွက်လာပြီးလေသံကမာရေကြောရောဖြစ်လာသည်။
ဘယ်လိုရူးကြောင်တာတွေ ဒီမိန်းမပြောနေတာလဲလို့လက်ရုံးစိတ်မရှည်စွာတွေးမိလာသည်။
"လေလိုင်းကတဆင့်ကျွန်မအချစ်တွေပစ်ပေးလိုက်တာလေ လက်ရုံးကလဲ"
"အားးး"
လက်ရုံး ရင်ဘက်ကိုဖိပြီးအားးဟု အာမေဋိတ်သံသာ ပြန်ပြုနိုင်တော့သည်။
ထိုအခါကျမှ ခုနကအနည်းငယ်ကျုံ့ဝင်သွားသောစိတ်အရှည်လေးကပြန်ရှည်ထွက်လာသည်။
"မိတယ် မိတယ် ကိုယ်မိတယ်နော် ကိုယ်မတ်တပ်ရပ်ပြီးလှမ်းဖမ်းလိုက်တာေလမိသွားတယ်နော် မြခြယ်"
"ငါ့အိမ်ဦးနတ်လေးကတအားတော်တာပဲကွာ"
တစ်ဖက်မှ ဖြစ်ပျက်နေမည့်လက်ရုံးမျက်နှာကိုခြယ်မြင်ယောင်ရင်းကြိတ်ပြုံးနေမိသည်။
ကြည်နူးလို့မဝသေးခင်၌ပင် ဖုန်းပြောခွင့်12မိနစ်ကုန်ဆုံးသွား၍ လက်ရုံးဖုန်းကိုဒိုင်ခွက်ထဲပြန်ချ၍ ရဲသားခေါ်ဆောင်ရာအချုပ်ခန်းဆီပြန်လိုက်ပါလာရသည်။
လုံလောက်နေလေပြီ အချုပ်ခန်းကျဉ်းငယ်အတွင်းခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း အချိန်ဖြုန်းရမည်ထက် မြခြယ်နှင့်ကြည်နူးစရာလေးများကိုပြန်တွေးရင်းကုန်ဆုံးရမည်ကပိုပြီးအဖိုးတန်လေသည်။
.
.
"ဒေါက် ဒေါက် ဒေါက်"
အကြမ်းပတမ်းတခါးခေါက်သံကြောင့် စိုင်းအလိုလိုထရပ်မိသည်။
စားပွဲပေါ်မှပစ္စတိုကိုအသင့်ကောက်ကိုင်လိုက်ပြီး ပြန်လည်ခုခံရန်အသင့်အနေထားစိုင်းပြင်ဆင်လိုက်သည်။
"ဒေါက် ဒေါက် ဒေါက်"
ပြန်တုံ့ပြန်သံမကြားရ၍အသင့်စောင့်နေသည့်ရဲတပ်သားများကလဲ တံခါးကိုဖျက်ဝင်ရန်အသင့်အနေထား။အခန်းထဲမှစိုင်းအာကာကလဲ အခန်းချောင်းကြည့်ပေါက်မှတဆင့်အပြင်ကိုမြင်လိုက်ရပြီဖြစ်၍ မိမိကိုယ်ကိုကာကွယ်ရန် နံရံကိုေကျာမှီလျက်ပစ္စတိုကိုအသင့်ကျည်ဖြည့်နေလေပြီ။
"ကိုစိုင်းအာကာ ခင်ဗျားအထဲမှာရှိနေတာကျွန်တော်တို့သိပါတယ် တံခါးဖွင့်မပေးရင်ဖျက်ဝင်လာရပါမယ်"
မြို့လယ်ခေါင်မှာ သေနတ်နှင့်အချက်ပေါင်းများစွာရမ်းကားပစ်ခတ်ပြီး ဥပဒေကိုမထီလေးစားပြုပြခဲ့သည့် နာမည်ကျော်ဝရမ်းပြေး၏တည်နေရာကိုအတိကျသိရပြီး အမိဖမ်းရန်လာခဲ့ရသည်ဖြစ်ရာ ဝရမ်းပြေးကမူးယစ်ဆေးစွဲနေပြီးစိတ်ကျန်းမာရေးအနည်းငယ်ချို့ယွင်းနေသည်ဖြစ်၍ အထူးအေးဂျင့်များနှင့်အထူးတပ်သားများဖြင့်သာတည်းခိုခန်းပတ်ပတ်လည်ဝန်းရံထားသည်။
တည်းခိုခန်းရှိထွက်ပေါက်မှန်သမျှ ရဲတွေပိတ်စောင့်နေကြပြီး တရားခံကိုပြေးပေါက်မရှိအောက်ပိတ်ဆို့ထားကြသည်။
စိုင်းအာကာ မှန်ပြတင်းမှတဆင့်မြင်တွေ့နေရသည့်ေမြပြင်မှဒိုင်းကာတွေနှင့် ဝတ်စုံအပြည့်ဖြင့်တပ်သားတွေကိုကြည့်ရင်း မှဲ့ပြုံးပြုံးလိုက်ကာဖာ့ခ်ဟုဆဲရေးသည်။
စိုင်းမျက်နှာတစ်ချက်မပျက် နေရာတွင်ပြန်ထိုင်လိုက်ရင်း သူရဲ့အနှစ်သက်ဆုံးယမကာဖြစ်သည့် ရမ်တစ်ခွက်ကိုစိတ်တိုင်းကျမော့ချလိုက်သည်။ဆေးလိပ်ကိုပါးစပ်မှာငုံခဲရင်း မီးညိှပြီး အဆုပ်ထဲအထိတစ်ချက်ပြင်းပြင်းရှူရိူက်လိုက်သည်။
"စိုင်းအာကာ အညံ့ခံပါ ကျွန်တော်တို့တံခါးဖျက်ပြီးဝင်လာရပါမယ်
ခင်ဗျားလက်ထောက်ဦးမင်းသန့်ဝန်ခံလို့ကျွန်တော်တို့အလုံးစုံသိပြီးေနပြီမလို့ ခုခံဖို့မစဉ်းစားပဲတရားဥပဒေရဲ့အပြစ်ဒဏ်ကိုခံယူပါ"
စိုင်းနားထဲလက်နိူက်ပြီး စိတ်ပျက်လက်ပျက်လေသံနှင့်
"ဖာ့ခ် ဝင်လာစရာရှိဝင်လာပေါ့ စောက်စကားကိုများတယ်ငါXိုးမသားတွေကလဲ ငါ့ကိုအဲ့လောက်တောင်ကြောက်ကြတာလား ခုထိဝင်မလာရဲကြသေးဘူး ဟားဟား"
ဒီလိုအခြေအနေမှာပင် စိုင်း မိမိကိုဒီရဲတွေကြောက်နေကြသည်ကိုတွေးပြီးထိုင်ရယ်နေမိသည်။ကြောက်ရလန့်ရကောင်းမှန်းသူမသိ။
လူအုပ်ကြီးထဲကိုပင် ထိချင်ရာထိ ဘယ်သူသေသေအမူမထားပဲ သွေးအေးအေးနှင့် တစ်ချက်လက်မတွန့်ပဲ အချက်ပေါင်းများစွာချိန်ပစ်ခဲ့သည့် ဒီအကြင်နာတရားမရှိသည့်ရာဇဝတ်သားက သူတို့လို သူ့ကိုဖမ်းဖို့လာသည့်ရဲတွေကိုဆိုကျိန်းသေညှာမည်မဟုတ်ပေ။
ထို့ကြောင့် ရဲတစ်စုလဲစွတ်မဝင်ရဲသေးပဲအခြေနေကိုအနည်းကယ်တုံ့ဆိုင်းနေကြသည်။
သူတို့မှာကျည်ကာဆင်မြန်းထားသော်လဲ စိုင်းလိုဆိုက်ကိုကောင်ကဘာလုပ်မလဲမပြောတတ်၍ စိုင်းအာကာကိုကြောက်နေကြသည်။
"တစ် နှစ် သုံးဆိုရင်ဝင်မယ်နော်"
အဖွဲ့ခေါင်းဆောင်ကလက်ချောင်းသုံးချောင်းကိုအောက်စိုက်ပြရင်း ပါးစပ်ကဖွဖွလေးအချက်ပေးသည်။
"တစ်"
"နှစ်"
"သုံး"
"ဒုန်း ဒုန်း"
အခန်းတံခါးကိုခြေထောက်နှင့် သုံးလေးချက်ဆင့်ကန်ချပြီး ရဲတပ်ဖွဲ့ထိုအခန်းထဲကိုစခြေလှမ်းလိုက်ကြသည်။
စဝင်လိုက်သည်နှင့်ဆိုဖာတွင်သူတို့ကိုကျောပေးပြီးထိုင်နေသော စိုင်းကိုမြင်တော့ အန္တရာယ်ပြုမလားလို့အရိပ်တကြည့်ကြည့်နှင့်စိုးထိတ်နေကြသည်။
စားပွဲပေါ်မှာအသင့်ချထားသည့် ပစ္စတိုကိုမြင်တွေ့နေရ၍ ကောက်ကိုင်ပြီးထမပစ်ခင်မိမိတို့ဘက်ကလက်ဦးမူအရယူရန် သေနတ်မောင်းတွေကလဲစိုင်းခေါင်းတည့်တည့်ကိုချိန်ထားကြသည်။
"ဗိုလ်ကြီးတို့ဝင်လာကြပြီလားဗျ ဗိုလ်ကြီးတို့ကကျွန်တော့်ကိုကြောက်နေကြတာလားဗျ ဝင်လာဖို့အတော်စောင့်လိုက်ရတယ် အဟက်"
"ကိုစိုင်းအာကာ ခင်ဗျားရှေ့ကသေနတ်ကိုကြမ်းကနေဒီဘက်လျှောပေးလိုက်ပါ"
စိုင်းပုခုံးတစ်ချက်တွန့်ပြလိုက်ကာ စားပွဲပေါ်မှသေနတ်ကိုလှမ်းယူလိုက်ပြီး သူသေနတ်ကိုကိုင်လိုက်သည့်အချိန်မှာ ဘာတစ်ခုမှမလုပ်နိုင်အောင် အထူးအေးဂျင့်များကလဲတစ်ခုခုဆိုတန်းပစ်ရန် သေနတ်ခလုပ်ပေါ်လက်ညိုးတင်ပြီးသား။စိုင်းရဲ့အသက်က ခလုပ်ငယ်လေးပေါ်မှသူတို့ရဲ့လက်ညိုးတစ်ချက်အကွေးပေါ်မူတည်နေသည်။
Advertisement
စိုင်း ကြမ်းပေါ်မှတစ်ဆင့်သေနတ်ကိုလျှောတိုက်ပြီးလှမ်းပေးလိုက်သည်။အနားရောက်လာသောသေနတ်ကို အထူးတပ်ဖွဲ့ခေါင်းဆောင်ကကောက်ယူလိုက်သည်။
"ဒူးထောက်ပါ ခေါင်းပေါ်လက်တင်လိုက်"
"..."
"ဒူးထောက်ပါ မဟုတ်ရင် ပစ်ရလိမ့်မယ်"
စိုင်း သူ့ဆီချိန်ရွယ်ထားသည့်သေနတ်ပြောင်းများကိုစောက်ဂရုမစိုက်ဘူးဆိုသည့်သဘောဖြင့် စားပွဲပေါ်မှဆေးလိပ်တိုကိုလက်ကြားညှပ်လျက်ဝရံတာဘက်ကိုအေးဆေးလျှောက်ထွက်သွားသည်။
"စိုင်းအာကာ ဒါဘာလုပ်တာလဲ ရပ်လိုက်စမ်း မရပ်ရင်ပစ်မှာနော်"
မရပ်ရင်ပစ်မည်ဆိုသော်လဲစိုင်းဆက်ရွေ့လျားသည်။ပစ်မည်ဆိုသော်လဲ တကယ့် တကယ်တမ်းမှာတော့ သူတို့လဲမပစ်နိုင်ကြေပ လူ့အသက်တချောင်းမဟုတ်လား သူတို့လဲလူဆိုတော့နှလုံးသားရှိပေသည်။
စိုင်းဝရံတာမှာ တည်တည်ငြိမ်ငြိမ်ရပ်ပြီး အထက်ဆီးမှမြင်နေရသည့် မြေပြင်မှမြင်ကွင်းကိုခံစားသည်။
တည်းခိုခန်း၏6ထပ်မြောက်ဖြစ်၍ လေတဟူးဟူးတိုက်ခတ်နေပြီး လေကအေးမြနေသည်။
ဝရမ်းပြေးကာလတိမ်းရှောင်ပုန်းနေခဲ့ရသည့်မွန်းကြပ်သိပ်သည်းနေသည့်စိတ်များပျံ့လွင့်သွားသည်။သူထပ်ပြီးပုန်းရှောင်နေစရာမလိုတော့ပေ။
လှမ်းမြင်ေနရသည့်သစ်ပင်အမြင့်ကြီးမှသစ်ရွက်စိမ်းစိမ်းေလးေတွကိုသူထိကိုင်ချင်မိသည်။စိုင်း ဟိုးရင်ဘက်အနက်ရိူင်းဆံုးထိအသက်ပြင်းပြင်းတစ်ချက်ရှူရိူက်သွင်းလိုက်သည်။မိုးပြာရောင်ကောင်းကင်ကြီးနှင့် တိမ်တွေလွင့်မေျာနေသည်ကိုသူငေးသည်။အရင်ကသူသတိမထားခဲ့မိတဲ့ ဒီလိုအရာလေးတွေကဒီနောက်ဆုံးအချိန်မှာသိပ်ကိုအဖိုးတန်နေသည်။
ဒါတွေကိုသူဟိုးကထဲကတန်ဖိုးမထားမိတာသိပ်ကိုနှမြောမိနေသည်။
"ငါ့ဘဝကိုအကျိုးမဲ့သုံးခဲ့မိတာလား ငါ့ဘဝကိုဒီလိုတွေအတွက်သုံးခဲ့မိတာလား ငါကအသုံးမကျတဲ့အလကားဆေးသမားပါ ဂျိုး မင်းနိုင်ပါတယ်"
မကြာခင်ရပ်တန့်ရတော့မည့်သူ့နှလုံးခုန်သံနှင့် အဆုံးသတ်သွားမည့်သူ့ဝင်သက်ထွက်သက်တွေကိုစိုင်းနှမြောတသဖြစ်နေသည်။
ဒီ 5ပေခန့်အကျယ်ရှိ ဝရံတာလေးကသူနောက်ဆုံးတည်ရှိသွားမယ့်နေရာလား။
စိုင်း လက်ထဲမှဆေးလိပ်တိုကိုနောက်ဆုံးအနေနှင့်တစ်ချက်ဖွာလိုက်ပြီး ဝရံတာလက်ရန်းနှင့်ဖိချေလိုက်သည်။
သူ့အပြုအမူများကိုနားမလည်နိုင်စွာနှင့် ဝရံတာအဝင်ဝမှရဲသားများအူကြောင်ကြောင်ရပ်ကြည့်နေကြသည်။
စိုင်းဘယ်လိုတွေပြုမူနေလဲသူတို့နားမလည်။
"စိုင်းအာကာ ဒူးထောက်ချလိုက်ပြီးခေါင်းပေါ်လက်တင်လိုက်ပါ ကျုပ်တို့တကယ်ပစ်ရလိမ့်မယ်"
စိုင်းဝရံတာလက်ရန်းပေါ်မတ်တပ်ရပ်လိုက်သည်။
"ခင်ဗျား ဘာလုပ်မလို့လဲ"
"အမြန် သူ့ကိုတားကြ တားကြ"
မမှီလိုက်ခဲ့။သူတို့လှမ်းမဆွဲနိုင်လိုက်ခင်မှာပင် စိုင်းခန္ဓာကိုယ်သည် ဟိုးမြေပြင်ကိုထိုးဆင်းသက်သွားလေပြီ။
"ဟာ ကျသွားပြီ ကျသွားပြီ"
"ဟာဗျာ ခုန်ချသွားရတယ်လို့ကွာ"
6ထပ်အမြင့်မှဆင်းသက်လာသောစိုင်းခန္ဓာကိုယ်သည် ကွန်ကရစ်ကြမ်းပြင်၌ရုပ်ပျက်ဆင်းပျက်နှင့်အသက်မဲ့နေသည်။
မြေပြင်မှာအသင့်စောင့်နေသည့်ရဲတပ်ဖွဲ့ဝင်များလဲ ရုတ်တရပ်ဆန်စွာပြုမူလိုက်သောစိုင်းအပြုအမူကိုမထိန်းလိုက်နိုင်။
"အသက်မရှိတော့ဘူး ငါတို့လဲဘာမှလုပ်ဖို့မမှီလိုက်ဘူး"
စိုင်းနှလုံးခုန်သံကိုရဲသားတစ်ဦးမှလာစမ်းသပ်ကြည့်ပြီးပြောသည်။
မျက်ရည်တွေနှင့်ကြည်လဲ့နေသည့် ဖွင့်လျက်သားမျက်လုံးမှေးစင်းစင်းလေးကိုထိုရဲသားမှလက်ဝါးနှင့်သပ်၍ အမြင်လွှာမှိတ်ပေးလိုက်သည်။
"စိတ်မကောင်းလိုက်တာကွာ အဖမ်းခံလိုက်ရင်ပြီးနေတာပဲကွာ"
"သူကစိတ်ကသိပ်မမှန်ဘူး ဆေးကြောင်နေတာတဲ့"
"အဖမ်းခံရရင်လဲဒီလိုလူယုတ်မာကထောင်ထဲကထွက်ရမှာမဟုတ်လို့ သူ့အပြစ်တွေသူသိလို့သေလမ်းကိုရွေးသွားတာနေမာပေါ့ ထောင်ကျလဲလွတ်လမ်းမရှိတဲ့ကောင်စားမျိုး"
"သေသွား ကောင်းတယ် ဒီလောက်လူတွေရက်ရက်စက်စက်သတ်ထားတဲ့ရာဇာဝတ်ကောင်"
"မူးယစ်ရာဇာကကိုယ့်ဟာကိုယ်နယ်စပ်မှာမင်းမူနေရင်တော်ပြီပေါ့ ရန်ကုန်မြို့မှာလာပြီးမင်းမဲ့စရိုက်လာလုပ်တာကိုသေပေါ့ ဆေးကြောင်ပြီးရူးကြောင်မူးကြောင်နဲ့ကောင် ထွီ သေတာနည်းသေးတယ်"
"သူ့လက်ထောက်ကလဲကျေးဇူးသိတတ်တာနော် ဆရာရှိတဲ့နေရာကိုနည်းနည်းလေးစစ်မေးလိုက်တာနဲ့သူ့အပြစ်လျော့အောင်တန်းပြောရော"
"အာ့တာဆိုဝန်ကြီးချုပ်သားကလွတ်မှာလားသူကအပြစ်မရှိတာလား"
ဘယ်လောက်တောင်နာကျင်လိုက်ခဲ့မလဲဟိုးအမြင့်ကြီးကပြုတ်ကျလာခဲ့ရတာ။
သို့သော်မည်သူမျှစာနာသနားသူမရှိ ကွန်ကရစ်မှာေခွလဲေနသည့်ရုပ်ပျက်ဆင်းပျက်အသက်မဲ့ကိုယ်လံုးအားကြည့်ပြီးရွံရှာေနကြသည်
တေယာက်တေပါက်ေပြာေနကြသည်။အန်သူကအန်။
သွေးခြင်းရဲနေသည့် ကြမ်းပြင်ဟာတကယ့်ကိုထိတ်လန့်စရာပင်။
အသက်မဲ့သွားသော စိုင်းခန္ဓာအားအဝတ်ဖြူဖြင့်အုပ်၍ ကားပေါ်မတင်ကာရင်ခွဲရုံသို့သယ်ဆောင်သွားကြသည်။
ဘဝတစ်ခုပြီးဆုံးသွားခဲ့ပြီ။ဘဝကြီးအဆုံးမသတ်ခင် သူသိပ်ကြိုက်တဲ့ရမ်နှင့်ဆေးလိပ်ကိုနောက်ဆုံးအကြိမ်သုံးစွဲသွားခဲ့သေးသည်။
အမှောင်ထဲမှာရှင်သန်နေခဲ့ရသည့်စိုင်း၏ဘဝကြီးပြီးဆုံးသွားခဲ့ပြီ။
"ဗျာ ငစိုင်းဆုံးသွားပြီဟုတ်လား"
"သူ့တပည့်ဦးမင်းသန့်က မင်းတို့ကိုချောက်ချတာတွေရောလက်နက်ေတွမူးယစ်ေဆးေတွဖြစ်စဉ်အစဆုံးဝန်ခံပြီးပြီ မင်းအပြစ်မရှိတာသက်သေပြနိုင်ပြီ အဲ့လူကလဲစိုင်းအာကာလိုပဲဆေးသမားပဲထင်ပါတယ်
ဘယ်ေလာက်မှတောင်ချိန်းခြောက်မမေးရဘူးအကုန်ဖွင့်ချတာပဲ ရူးကြောင်မူးကြောင်ပဲသူလဲ စိုင်းပုန်းနေတဲ့နေရာကအစအကုန်ပြောပြတာ သစ္စာရှိတဲ့သူတော့မဟုတ်ဘူးပဲ သူအပြစ်လျော့အောင်ကိုယ်လွတ်ရုန်းတာပဲ စိုင်းကဒီဖြစ်စဉ်ရဲ့အစဆုံးကြိုးကိုင်သူဆိုတော့လေ အင်းပေါ့လေ ဦးမင်းသန့်အပြစ်နည်းပါတယ်"
ဒယ်ဒီပြောနေသည့်စကားများကိုကြားသော်လဲသူဝမ်းမသာနိုင်။
ဒီစိတ်ရောကိုယ်ပါမပျော်ရွှင်ရသည့်အချုပ်ထဲမှစွန့်ခွာရတော့မည်ဆိုပေမဲ့သူမပျော်မိ။
စိုင်းအတွက်သူတကယ်စိတ်မကောင်း။စိုင်းဟာသူ့ဘဝကိုအလကားသက်သက်ဖြုန်းမိခဲ့တာလား။စိုင်းကိုသူသိပ်သနားသည်။
စိုင်းသူသိပ်မုန်းတဲ့အမာရွတ်တွေနှင့်အကျည်းတန်မျက်နှာကိုလဲ စိုင်းစွန့်ပစ်ထားခဲ့ပြီ။
ပြီးဆုံးသွားသောဘဝတစ်ခုအတွက် နောက်ဘဝကျရင်မျက်နှာလှလှလေးနှင့်ပြန်လည်မွေးဖွားလာနိုင်ဖို့လက်ရံုးဆုေတာင်းေပးမိသည်။
"သွားနှင့်တော့ ငစိုင်းရေ ငါတောင်းပန်ပါတယ်ကွာ မင်းအရင်သွားနှင့်ပေတော့"
#ParadiseKhin
မုန့်ဖိုးမရလို့ဘေမရှိလို့မupနိုင်တာမနေ့ထဲကရေးပြီးသားအမှန်က။
နောက်နည်းနည်းဆို သားရုံးတို့နဲ့ခွဲရတော့မယ်နော်။မေ့မသွားကြနဲ့အုန်းနော် ရှင်တို့ရဲ့အဆဲခံလူယုတ်မာလေးကို။
Zawgyi
"ဟယ်လို ဘယ်သူလဲမသိဘူး"
"ဟယ်လို လက်ရုံး"
ခြယ်လွန်ခဲ့သည့်2ပတ်ကပဲသူ့ထံပထမဆုံးအကြိမ်ထောင်ဝင်စာလာတွေ့ပြီးဒီနေ့ခြယ့်ဆီကဖုန်းလက်ခံရပြန်၍ လက်ရုံးရင်ထဲတလိုက်လိုက်တက်နေသည့်ကြည်နူးခြင်းတွေ။
"ရှင်..."
"စိမ်းမြခြယ် ငါပြောတာကြားလား ပြန်တွေးမိပြီးလန့်သွားတာလား...
"ဘယ်လိုထင်လို့လဲ"
"ဟင့်အင်း "
"ချစ်တယ် ရုံး"
မိုရသည့်မျက်နှာထားနှင့် ကြည်နူးလွန်း၍တခွီးခွီးကြိတ်ရယ်နေမိသည်။
"ရုံးရေ"
"ဟမ်း ဘာကြီးလဲ"
"အားးး"
"မိတယ် မိတယ် ကိုယ်မိတယ်နော် ကိုယ်မတ်တပ်ရပ်ပြီးလှမ်းဖမ်းလိုက်တာလေမိသွားတယ်နော် မြခြယ်"
Advertisement
- In Serial8 Chapters
A History Buff Brought to Another World
Death comes unexpectedly for the high school senior Adam. He is reading a work of history, minding his own buisiness, when Death takes him to purgatory. The problem... It's wasn't his time to go yet. Given a second chance at life, Adam is brought to another world. His new home is a land of magic and adventure where he has nothing but his wits and knowledge to survive. Cover image "Albion Europe 2012 Photo Contest" by Albion Europe ApS is licensed under CC BY 2.0
8 145 - In Serial18 Chapters
Lament of the Determined
-ABSOLUTELY FANTASTIC AND UNIQUE -WILL BE ON TRENDING QUICKLY -GREAT STORY WITH EXCELLENT MAGIC SYSTEM One of the greatest and most critically acclaimed web novels ever made, Lament Of The Determined explores themes of freedom and perspective in an epic journey through a deeply thought out world with an incredibly interesting cast of characters.
8 170 - In Serial24 Chapters
Ashen Ghost
Gravelroy, the last free city, giant metropolis. All ethnicities, cultures, and religions can be found there. Merchants, sailors, criminals, everyone is welcome inside its walls. Everyone but a king, the free citizens don't kneel. But some rulers on the continent would like for this to change... A country bumpkin coming to the Big City. Raised by the wilderness as much as the war. Turned criminal by necessity. A wounded and insane woman. A monster lurks in her prison. She struggles to regain her memories and dreams of escape. A tiny, insignificant meeting. It will send ripples through the world. Given time, ripples can become waves. With enough luck, once in a very long while, a wave will turn into a storm. Slaves, commoners, and soldiers. Bishops too, kings even. Perhaps the Emperor himself. Everyone will feel it. But for now, the stubborn little rock has yet to fall into the waters. He has quite a long way to go in fact. Let's give him a little nudge, shall we? With chance, something might happen. Life can be unpredictable. Especially when we consider the adventures of a crazy girl and a weird lad. Things might get dramatic as the prelude suggested, or they might decide to do as they want and go nuts. Maybe a bit of both. The girl will fight against her own mind, her prison, and her fate. Who imprisoned her and why? But maybe she has imagined everything. She is mad after all. To save someone dear, the boy fights hunger and city guards. Sometimes pigeons as well. Well, this city is cracked anyway. Cover art by Paul Lerouvillois.
8 200 - In Serial7 Chapters
Short Stories
So these are just a few, very short, stories that I just had to write. They tend to focus on different things, as and when they come to me. They'll most likely be fantasy, and not very long. At all. Honestly, I'm putting them up here so they don't just sit on my hard drive. Kind of sad to think of imagination unshared. Edit: If you could provide some feedback on what you read, I would appreciate it. I do just post these here, and will continue (as and when) to do so.Thank you.
8 131 - In Serial36 Chapters
Toxic || Lamelo Ball
They meet at one of the hornets games. She thinks he's snobby and stuck up. He thinks she's full of herself. But they manage to fall in love anyway..."were toxic. you know this. its always been that way""so this is the end? your giving up on me like that?"
8 117 - In Serial10 Chapters
Toxic love - Central Cee
Central Cee x female poc
8 68

