《Devil Husband》33
Advertisement
"မနေ့ကမှထောင်ကလွတ်လာတာမလား"
"ဟုတ်တယ်ဟ ဟုတ်တယ် လက်ရုံး ဟဲ့"
"ဟုတ်ရဲ့လား အရင်ကပုံစံလေးကတကယ့်သန့်ပြန့်ကော့ကြော့နေတာ အခုပုံကညှင်းသိုးသိုးနဲ့"
"ထောင်ထဲနေလာရတော့အရင်လိုတော့ဘယ်လိုသန့်ပြန့်နေနိုင်မှာလဲ"
လက်တွန်းလှည်းထဲ အသင့်စားခေါက်ဆွဲခြောက်ထုပ်များယူထည့်နေသောလက်ရုံးကိုကြည့်ကာအနီးနားရှိ ေဈးဝယ်သူအချို့တီးတိုးတီးတိုးသဖန်းပိုးနှင့်တွတ်ထိုးေနကြသည်။
သူတို့ပြောသလိုပင် လက်ရုံးပုံစံကဆံပင်ဘုတ်သိုက်ကြီးေကြာင့်အေတာ်ေလးညှင်းသိုးသိုးဖြစ်ေနသည်။မိန်းကေလးရံံူးေအာင်ဖြူဥနုဖတ်သည့်အသားအေရေလးကလဲ ယခုတော့ရေဓာတ်လျော့နည်း၍ခြောက်ကပ်ကပ်အနေအထားနှင့်။
အချုပ်ကဘုံဘိုင်ရေမသန့်တာကြောင့်လဲမျက်နှာေပါ်တင်းတိပ်တွေအမဲစက်တွေထွက်လာလိုက်တာပြောမနေပါနှင့်။သူ့ကိုလူေတွမမှတ်မိေစရန်လည်းေကာင်း အမဲစက်တွေကိုဖုံးကွယ်ချင်တာကတစ်ကြောင်းMaskတပ်ထားသည်ကိုပင် သူ့ကိုမှတ်မိနေကြသေးသည်။ဈေးဝယ်များသာမကSuper marketဝန်ထမ်းများကပါသူ့ဆီကိုကွက်ကြည့်ကွက်ကြည့်လုပ်နေကြတာကိုလက်ရုံးသတိထားမိနေသည်။
ရုံး တယောက်တပေါက်ပြောဆိုနေကြသည့်သူများကိုတချက်လှည့်ကြည့်လိုက်တော့ သူတို့မဟုတ်တော့သလိုစကားသံတိုးတိတ်တိတ်တွေရပ်သွားကြပြီး သူတို့လုပ်စရာရှိတာဆက်လုပ်နေကြသည်။
ထို့နောက်
"ဟယ်တော် ခေါက်ဆွဲတွေဘယ်နှပါကင်တောင်တုန်း"
လက်ရုံး ခြယ့်အမေးကိုလျစ်လျူရူကာအမေးကိုအမေးကိုဖြင့်ခွန်းတုံ့ပြန်လိုက်သည်။
"တွေ့လား မင်းကြက်အရေခွံကြော်က"
"ဒန့် ဒန့် ဒန် အချစ်ကလေးတွေကဒီမာ"
ခြယ် ကိုယ်နှင့်ကွယ်ယူလာသည့်ကြက်အရေခွံကြော်3ထုပ်ကိုချလပ် ချလပ်မြည်အောင်လူပ်ခါပြကာကမ္ဘာကြီးတစ်ခုလုံးကိုအပိုင်ရထားသည့်အပြုံးမျိုးဖြင့်ပြုံးပြသည်။
လက်ရုံး ခြယ့်လက်ထဲမှကြက်အရေခွံကြော်ထုပ်တွေကိုလှမ်းယူလိုက်ကာလက်တွန်းလှည်းထဲယူထည့်လိုက်သည်။
"မင်းလိုချင်တာရပြီဆိုပြန်ကြမလား"
"ဟာ နေပါအုန်း လျှောက်ပတ်ကြည့်ကြမယ်လေကွာကိုးကလဲ ရောက်တုန်းရောက်ခိုက်အိမ်အတွက်လိုအပ်တာတွေပါတခါထဲဝယ်ရမာ အိမ်မှာဘာမှစားစရာမရှိတာကိုးအငတ်နေမာလား အဲ့ခေါက်ဆွဲတွေပဲမနက်ညစားမှာလား အများကြီးဝယ်ရအုန်းမာ အသီးရွက်တို့အသားငါးတို့"
"ဟုတ်ပါပြီဗျာ မြခြယ်သဘော မြခြယ်သဘော ဖြည်းဖြည်းပြောလဲရပါတယ်"
"ပြောပြတာပါ ဒါနဲ့ခေါက်ဆွဲကဘယ်နှ
ပါကင်တောင်ယူမလို့တုန်းလို့"
လက်တွန်းလှည်းထဲမှ ခေါက်ဆွဲထုပ်တွေကိုခြယ်ကောက်ယူလိုက်ကာ လက်ရုံးမျက်စိရှေ့ထောင်ပြပြီးမေးသည်။
"အာ 8ပါကင်ပဲယူမာပါ ဗိုက်ဆာပြုတ်စားလို့ရတယ်လေ မပြုတ်ချင်လဲဒီတိုင်းလဲချေပြီးစားရုံပဲ များများဝယ်ထားတာပေါ့ဗိုက်ဆာတိုင်းစားလို့ရအောင်"
"ကိုးရာ မသိတာလဲမဟုတ်ပဲနဲ့ အဲ့အသင့်စားခေါက်ဆွဲတွေအစားများရင်ကင်ဆာဖြစ်တယ် သေမာ သေမာ ပြန်ချ"
"မလုပ်ပါနဲ့ ကိုးကြိုက်လို့ပါ"
"ဟင့်အင်း မရဘူး အဲ့တာတွေအစားများရင်လေအရွယ်မတိုင်ခင်ဆံပင်ဖြူတတ်တယ် အသင့်စားခေါက်ဆွဲတွေကမကောင်းဘူး ပြန်ချထားလိုက်ပါ အမှန်ကစားကိုမစားသင့်တာ အကယ်၍ကိုးစားချင်တယ်ဆိုလဲ1ပါကင်တော့ယူလိုက်မယ်လေ"
တွန်းလှည်းထဲမှခေါက်ဆွဲခြောက်ထုပ်များကိုတန်းပေါ်ပြန်တင်နေသည့်ခြယ့်ကိုလက်ရုံးကြည့်သာကြည့်နေနိုင်တော့သည်။
သူ့ခေါက်ဆွဲထုပ်လေးများကိုနှမြောတသအကြည့်တို့ဖြင့်ကြည့်နေသည့်လက်ရုံးလက်မောင်းကိုခြယ်တွယ်ဖက်လိုက်ပြီး
"လာပါ ကိုးကလိမ္မာပါတယ် ဘာလို့အဲ့လိုကြီးဝမ်းနည်းနေတဲ့ပုံပေါက်နေတာလဲ ကျွန်မကဘယ်စိတ်ကောင်းပါ့မလဲအဲ့လိုကြီးကျတော့ မသင့်တော်တဲ့ဟာမလို့မစားစေချင်တာပါ နော် နော် ပြုံးပြပါအုန်း"
အနည်းငယ်မျက်နှာထားတင်းနေသည့်လက်ရုံး၏နှာခေါင်းလေးကိုဆွဲညှစ်ကာပြုံးရယ်ခိုင်းလေသည်။
"လုပ်ပါ ရယ်ပြပါအုန်း"
"အား ရှီး.."
လက်ရုံးစိတ်မပါလက်မပါနှင့်မျက်လုံးကိုဝေ့ကြည့်ပြကာ သွားဖြဲပြလိုက်သည်။
"အဲ့လို့မှပေါ့ အဲ့လိုလေးပဲပြုံးနေစမ်းပါ ကိုးကကလေးလေးအတိုင်းပဲနော် ချစ်ဖို့ကောင်းလိုက်တာ ဒီကောင်လေးကိုတကယ်ကြီးချစ်လိုက်တာရှင်"
မာရေကြောရေဖြစ်ေနသည့်လက်ရုံး၏မျက်နှာအား ခြယ်ရွှန်းရွှန်းစားစားစိုက်ကြည့်ပြီး ထိုသို့ဆိုလေသည်။ထိုစကားကြောင့်လက်ရုံးမပြုံးပဲမနေနိုင်လေတော့။ပြုံးရယ်လျက်နှင့်ပင်
"ဟုတ်ပါပြီဗျာ"
"သွားကြရအောင် လျှောက်ပတ်ကြည့်ကြမယ်လေနော်"
"ဟုတ်ကဲ့ပါဗျာ"
"သူ့မိန်းမကလက်ရုံးနဲ့ယှဉ်ရင်မလှဘူးနော် အသားကလဲမဲနေသေးတယ်"
"မဆိုးပါဘူးဟ အသားမမဲပါဘူး"
"မဟုတ်ဘူးလေ ငါပြောတာကလက်ရုံးနဲ့ယှဉ်ရင်တော့သူ့အသားကငုပ်သွားတယ် အင်းပေါ့လေ လက်ရုံးကအသားရေတအားေကာင်းတာကို ဒါတောင်အခုနည်းနည်းမဲသွားလို့ အရင်ကဆို
တကယ်ကြေွရုပ်လေးလိုဖြူဥနုဖတ်ပြီးမထိရက်မကိုင်ရက်စရာလေး လက်ရုံးနဲ့မတန်တာဟယ် ပြီးတော့သူကချမ်းလဲမချမ်းသာဘူး
သာမာန်ဧည့်ကြိုစာရေးဆိုလားပဲ ငါကြားတာတော့"
"အဲ့ကောင်ကရုပ်လေးချောလဲဘာလုပ်ရမာလဲလူယုတ်မာကိုများ လိုက်လဲလိုက်ပါတယ်နှစ်ယောက်ကအဆင်းရှိပြီးအချင်းမရှိတဲ့ဟာတွေ"
"ဟဲ့ တိုးတိုးပြောဟ သူ့မိန်းမအနောက်လှည့်ကြည့်လာပြီ"
သူတို့အနောက်မှတီးတိုးစကားသံများကိုခြယ်အရှင်းသားကြားနေရပြီး မနေနိုင်၍အနောက်ဖက်သို့စောင်းငဲ့ကြည့်မိလိုက်သည်။သူလှည့်တာကိုမြင်တော့အချင်းချင်းပြောနေကြသည့်စကားသံတွေအလျှိုလျှိုတိတ်သွားပြီး မသိဟန်ဆောင်နေကြလေသည်။ခြယ်ဘာမှတုံ့ပြန်မနေတော့ပဲပြန်ကျောခိုင်းလိုက်ပြီးသူ့နံေဘးမှ
လက်ရံုးဧ။်မျက်နှာကိုေမာ့ကြည့်လိုက်သည်။
မျက်လုံးအဝိုင်းသားလေးနှင့် သူ့ကိုရွှန်းရွှန်းစားစားမော့ကြည့်နေသည့်ခြယ့်ကိုလက်ရုံး ပြုံးပြလိုက်သည်။
"သူတို့ပြောတာတေွဘာမှနားယောင်မနေနဲ့နော် နားလဲထောင်မနေနဲ့ သူတို့ကိုအာရုံစိုက်မနေနဲ့ကွာ"
"ဟင့်အင်း နားထောင်ရမယ် ကျွန်မတို့ကိုအရည်ချင်းမရှိဘူးသလေးဘာလေးဝေဖန်ရအောင်သူတို့ကဘာမလို့လဲ"
"သူတို့အဲ့လိုပြောလို့လား"
"ပြောတယ် အဆင်းရှိအချင်းမရှိနှစ်ယောက်ကလိုက်ဖက်ပါတယ်ဘာညာနဲ့"
"အဲ့လိုပြောတာလား ပြီးတော့သူတို့ကဘာပြောသေးလဲ"
"ကျွန်မကိုကိုးလောက်အသားမဖြူဘူးတဲ့ ကိုးကအများကြီးပိုချောတယ်တဲ့"
နူတ်ခမ်းလေးကသူ့ကိုတက်ထိုးတော့မည့်အလားဆူထွက်နေပြီးအနောက်ဖက်ကနှစ်ယောက်ရပ်ေနရာကိုလက်ညိုးညွှန်ညွှန်ပြပြီးသူ့ကိုတစ်ခွန်းမကျန်ပြန်တိုက်နေသည့်ခြယ့်ကိုကြည့်ကာဒီကောင့်မှာအူတယားယား။
"ဟုတ်ပြီ ဟုတ်ပြီ ဘာပြောသေးလဲ ကိုးကိုပြောပြ"
"ဟိုဟာ ဘာပြောလဲဆိုတော့ကိုးကအသားမဲလာတယ်တဲ့ ကျွန်မကကိုးနဲ့မတန်ဘူးလို့လဲပြောသေးတယ်"
"ဒါတော့များပြီ ကျစ်"
လက်ရုံး၏ထိုသို့တုံ့ပြန်စကားကြားတော့ခြယ်အလိုမကျစွာနူတ်ခမ်းသားပါးပါလေးအားဖိကိုက်ပြီးလက်ရုံးကိုမျက်စောင်းထိုးကြည့်သည်။
"ဘာဖြစ်လို့လဲ ဘာလုပ်မိလို့လဲ"
"တူတူရပ်နေတာချင်းတူတူကိုးကဘာလို့သူတို့ပြောတာတွေမကြားရတာလဲ နားလေးနေလား"
"ဟုတ်ဘူးလေ ကိုးကအဲ့အရေးမပါတဲ့စကားတွေကိုဂရုကိုမစိုက်တာဒါကြောင့်နားလဲထောင်မနေဘူးလေ ပြောချင်တာပြောကြပါစေသူတို့ကျေနပ်အောင်"
"သူတို့ကျေနပ်လဲကျွန်မကတော့မကျေနပ်နပ်နိုင်ပါဘူး မကျေနပ်ဘူးကွာ လုံးဝမကျေနပ်တာ"
အနောက်ကိုလှမ်းလှမ်းကြည့်ပြီးမကျေနပ်ကြောင်းအမူရာတွေထုတ်ပြနေသည့်ခြယ့်ကြောင့်လက်ရုံး မျက်နှာပေါ်မှMaskကိုနှာခေါင်းအောင်အသာဆွဲချပြီးအသက်ဝဝရှူသွင်းလိုက်မိသည်။ဇေဝဇဝါခေါင်းကုတ်ရက်နှင့်ပင်
"ကဲ ပြော အဲ့တော့ဘာဖြစ်ချင်လဲ ကိုးကဘာလုပ်ပေးရမာလဲပြော အဲ့အတင်းပြောတဲ့နှစ်ယောက်ကိုဂုပ်ကဆွဲပြီးကိုင်ပေါက်ပေးရမလားပြော ငါ့မိန်းမကိုဝေဖန်အုန်းဆိုပြီး ပြော ကိုးဘာလုပ်ပေးရမလဲ"
"ဘာလုပ်ချင်လို့လဲ သွားရှင်းပေး ရှင်းပေး လက်ပါခြေပါတာမလိုချင်ဘူး သူတို့လိုစကားနဲ့ပဲနိုင်အောင်တိုက်လာခဲ့ အခုသွားရှင်း အကျယ်အကျယ်မဖြစ်စေနဲ့နော်"
"ဟုတ်ပြီ ဖြစ်စေရမယ်"
*ကဲ တစ်ပွဲတစ်လှမ်းလောက်နွှဲတာပေါ့လေဒီတို့*
လက်ရုံး သူတို့ထံဝိုက်ကြည့်ဝိုက်ကြည့်လုပ်နေသည့်အနောက်ဘက်ခပ်လှမ်းလှမ်းမှမိန်းကလေးနှစ်ယောက်အားမမိူတ်မသုန်တစ်ချက်လှည့်ကြည့်လိုက်ပြီးသူတို့ထံေလျှာက်လာလိုက်သည်။လက်ရံုးစလူပ်ရှားေတာ့အေနာက်ကခြယ်ကလဲအပြည့်ဝအားေပးေလေတာ့သည်။
"ဟုတ်ပြီ ဒါမှငါ့ကိုးကွ သွားပြောချပလိုက် အဲ့
ကမနှစ်ကောင်ကို နိုင်အောင်လုပ်နော် မနိုင်တော့ရင်ကိုးနောက်မှာကျွန်မရှိတယ် လှမ်းအကူညီတောင်းလိုက် သွား ချ"
ဒီအနေအထားကြောင့် ဂျိုးတစ်လျှောက်လုံး
နူတ်ဆိတ်နေရာမှမနေနိုင်တော့ပဲဝင်ပြောမိတော့သည်။ဘာမှမပြောပဲနေမလို့ဆုံးဖြတ်ထားသော်လဲမနေနိုင်မထိုင်နိုင်ဂျိုးဝင်ပါမိလေသည်။
*ကျစ် ဘယ်လိုကလေးကလားတွေလဲ*
"လက်ရုံး မင်းရူးနေလား ထားလိုက် သွားရှင်းမနေနဲ့ အာချောင်တဲ့လူတွေနဲ့နူတ်လှန်ထိုးေနစရာလား မင်းမိန်းမပြောတာနားထောင်မနေနဲ့ သူကမီးလောင်ရာလေပင့်နေတာ ပြဿနာမဖြစ်ချင်စမ်းနဲ့မနေ့ကမှလွတ်လာတာနော်"
ဂျိုးနဖူးကိုလက်နှင့်ထောက်ရင်းစိတ်ပျက်လက်ပျက်မျက်နှာနှင့်ဆိုလာသည့်စကားသံများကိုလက်ရုံးလှည့်ပင်နားမထောင်ပေ။
"ဟာ အကိုကလဲဘာသိလို့လဲ အဲ့လိုဟာတွေကိုတခါတလေလဲတုံ့ပြန်ပေးရတယ် မသိပဲနဲ့"
"အေး လုပ်ကြဟ ပြဿနာတက်ရင်မင်းယောကျာ်းမှားလို့ မမလေးယောကျာ်းရှင်းလိမ့်မယ်နော် ကျွန်တော်မသိဘူး"
"အာ..အေးဆေးပါ ကိုးကဆရာကြီးပါ"
ပြောမရဆိုမရဖြစ်နေသည့်ကလေးတွေကိုဂျိုးပြောမနေတော့ပဲလုပ်ချင်ရာလုပ်လက်လျှော့ပေးလိုက်သည်။တခါမှလဲသူ့ကိုအကြီးဆိုပြီးအကြီးစကားနားထောင်တတ်တာမဟုတ်သည့်လက်ရုံးကိုသူတားလဲမရမှန်းဂျိုးအစထဲသိသည်။မယားစကားကျနားထောင်လိုက်တာလွန်ပါလေရော။မယားရှေ့မှာသူရဲကောင်းကြီးလုပ်ပြချင်နေသည့်ကောင်ကိုဂျိုးပွဲကြည့်ပရိသတ်အနေဖြင့်စောင့်ကြည့်နေရန်ဆုံးဖြတ်လိုက်သည်။ဂျိုးမျက်မှောင်ကျုံ့ကြည့်ကာ ဒီကောင်ဘာများလုပ်မလဲလို့ရပ်ကြည့်နေမိသည်။
သူတို့ထံသို့လက်ရုံးသုခတည့်တည့်လျှောက်လာတာမြင်နေရတော့ထိုမိန်းကလေးနှစ်ယောက်အချင်းချင်းလက်တို့နေကြသည်။
"ငါတို့ဆီလာနေတာဟ ဘယ်လိုလုပ်မလဲ ငါကြောက်တယ်နော် ခုနကသူ့မိန်းမကငါတို့ဘက်ကိုလက်ညိုးတထိုးထိုးနဲ့ သူ့ယောကျာ်းကိုပြန်တိုင်နေတာလားမသိဘူး လာနေပြီ ဘယ်လိုလုပ်မတုန်း"
"...."
"ဟုတ်တယ် ငါတို့ရှေ့ကိုတည့်တည့်လာနေတာငါကြောက်တယ်သူကထောင်ထွက်"
ထိုမိန်းကလေးနှစ်ယောက်၏ရှေ့တွင်လက်ရုံးရပ်လိုက်တော့ ထိုနှစ်ဦးကခေါင်းအစခြေအဆုံးလက်ရုံးကိုအထူးတဆန်းကြည့်ကြသည်။
"ဟေး လေဒီတို့"
ရုံး စကားအစပြုလိုက်ရုံလေးမှာတင်ထိုမိန်းကလေးတယောက်လက်မောင်းတယောက်တွန်းထိုးနေကြပြီး ထိုနေရာမှမပြေးရုံတမယ်လစ်ထွက်သွားကြသည်။
"ရှင်းစရာလေးရှိတယ် လေဒီတို့..တို့
"ကြောက်တယ် သွားကြမယ်"
"သွားကြမယ် မြန်မြန် ငါကြောက်တယ်အဲ့လိုလူစားမျိုးကို"
သူ့စကားမဆုံးသေးခင်မှာပင်လှစ်ခနဲထွက်ခွာသွားသောနှစ်ယောက်ကိုကြည့်ပြီးလက်ရုံး ခြယ့်ကိုပြန်လှည့်ကာအောက်နူတ်ခမ်းထော်ပြလိုက်သည်။ခြယ်ရှိရာကိုသာအသာပြန်သွားလိုက်တော့သည်။
"ကိုးဘာမှတောင်မလုပ်ရသေးဘူး ရှင်းစရာလေးရှိလို့ပဲေပြာရသေးပြေးကုန်ကြတာ"
"ကိုးကဘာသွားပြောလိုက်လို့လဲ"
"ရှင်းစရာလေးရှိတယ်လို့ပြောလိုက်မိရုံပါ ကြောက်လိုက်ကြတာ မသိရင်သူတို့ကိုထရိုက်မှာကျနေတာပဲ ငါ့ကိုအဲ့လောက်တောင်ကြောက်ကြတာလား"
"သူရဲကောင်းကြီး သူရဲကောင်းကြီး ဟီးရိုးကြီးဟ"
ဂျိုးမကြားတကြားရွဲ့စောင်းပြောသောစကားကိုလက်ရုံးမဲ့ရွဲ့ပြီးမကြားချင်ယောင်ဆောင်နေလိုက်သည်။
"မြခြယ်နော် ကိုးကမြခြယ်လေးသဘောအတိုင်းသူတို့ကိုသွားပြီးဖြဲမလို့ပဲနော် ဖြဲတောင်မဖြဲရသေးပဲထွက်ပြေးကုန်တာကသူတို့သမိုင်းနော်"
"ဟုတ်ပါပြီဗျာ ကျွန်မကိုးကအတော်ဆုံးပါ ကျေနပ်သွားပြီ တော်တယ် ကျုပ်လင်ခင်ဗျားကအတော်ဆုံး ဂွတ်ဒ်"
ဘာမဟုတ်တာလေးအတွက်နဲ့လဲခြယ့်ထံမှချီးကျူးစကားတွေဖောဖောသီသီကြားလိုက်ရ၍လက်ရုံးမျက်နှာမိူရသလိုပြုံးရွှင်သွားသည်။
"ကိုး သွားကြမယ်နော် အာ့ဆို ဝယ်စရာတွေရှိသေးတယ်"
"ဟုတ်ကဲ့ပါဗျ"
ခြယ်ပြောရင်းနှင့် လက်ရုံးလက်မောင်းကိုဖက်ထားရာမှ ပိုကြီးတင်းကြပ်အောင်ပင်တွယ်ဖက်ဆုပ်ကိုင်ထားလိုက်သည်။
ချစ်ရသည့်အမျိုးသား၏လက်မောင်းကိုဖက်တွယ်ထားရသည့်ခံစားချက်ကကမ္ဘာကြီးတစ်ခုလုံးကိုပိုင်စိုးရသည့်အလားပင်။
သူ့လက်မောင်းကိုအားကိုးပါသည်ဟူဆိုနေသည့်အလား တွယ်ဖက်လာသည့်ခြယ့်အတွက် နှစ်ယောက်မရှိသည့်သူ့၏မူပိုင်အပြုံးလေးကိုအတောက်ပဆုံးပြန်ပြုံးပြသည်။
"မဟုတ်ဘူး ကိုး အစိမ်းရောင်ဘူးလေး ကိုးကိုင်ထားတဲ့ဟာေနာက်က"
"ဒါလား"
"မဟုတ်ဘူး အဲ့ဘေးက အဲ့တာ အဲ့တာ ဟုတ်တယ်"
"ကဲ ရော့"
တန်းအမြင့်ပေါ်မှ သူမမှီသည့်ပစ္စည်းများကိုလက်ရုံးကိုလှမ်းယူခိုင်းရင်း ခြယ်သူ့ယောကျာ်း၏ဒေါင်ကောင်းကောင်းအရပ်ကြီးကိုအကျိုးရှိရှိအသုံးချနေပေးနေလေသည်။ဒီအရပ်ကြီးကိုဒီလိုနေရာတွေမှာနည်းနည်းတော့အသုံးချပေးရမှာပေါ့။
"မြခြယ် နွားနို့ယူရမာလား"
"ထည့်ခဲ့လေ"
"စက္ကူဘူးနဲ့ယူရမာလား ပလတ်စတစ်ဘူးနဲ့ယူရမာလား မြခြယ်"
"ကိုးကြိုက်တာယူပေါ့ရှင်"
"မဟုတ်ဘူး မြခြယ်ယူခိုင်းတာယူမယ်"
"ကဲ ကဲ အဲ့တာဆိုလဲစက္ကူဘူးနဲ့ယူ"
အမေနှင့်ဈေးလိုက်လာသည့်ကလေး သူလိုချင်တာလေးအမေကဝယ်ပေးအောင် အမေ့မျက်နှာကြည့်ရသည့်ကလေးအလား ဟိုဟာတွေ့လဲ မြခြယ်ထည့်ရမလား မြခြယ်ယူမလားနဲ့ကလေးလိုတတွတ်တွတ်ဖြစ်နေသည့်လက်ရုံးကြောင့့်
ခြယ့်မှာခွင့်ပြုချက်ထုတ်ပေးနေရသည်။
"ကိုး နေကြာဆီနှစ်ဘူးလောက်ထည့်လိုက်"
"ဟုတ်ကဲ့ပါဗျ ကိုးထည့်လိုက်ပါမယ်ဗျ"
တဗျာဗျာ တဗျဗျနှင့်လိမ္မာယဉ်ကျေးလက်ရုံးလေးလုပ်နေသည့် သူ့ကြောင့်ခြယ့်မှာမျက်နှာပူကာနေရထိုင်ရပါခက်သည်။
ခြယ်လက်ရုံးအထာကိုတော်တော်လေးနှပ်နေလေပြီ။လက်ရုံးက ကလေးလေးတယောက်လိုပင် တကယ့်အချော့ကြိုက်။သူ့ကိုချော့မော့ပြီးခိုင်းလို့ကတော့ဘာမဆိုလုပ်ပေးပေမယ့် သူ့ကိုသွားမာန်မဲပြီးဘီလူးဆိုင်းသွားတီးပြလို့ကတော့ သူကနှစ်ဆသုံးဆပြန်ကြမ်းပြတတ်သည့်အချော့ကြိုက်အချိုကြိုက်သမားလေးမှန်းခြယ်
လက်ရုံးအကြောကိုကောင်းကောင်းသိခဲ့လေပြီ။
Cosmeticပစ္စည်းတန်းတွေရှေ့ကဖြတ်လျှောက်လေတော့ ခြယ်လက်ရုံးလက်ကိုဆွဲပြီး၎င်းအနားသို့တွဲခေါ်သွားသည်။အရောင်းစာရေးမလေးတွေရှေ့ရောက်တော့လက်ရုံးကိုအမူရာဖြင့်Maskချွတ်ရန်ပြသည်။
"ကဲပါ Maskချွတ်စမ်းပါကိုးရယ်"
"ညီမလေး ဒီမှာလေသူ့မျက်နှာမှာဒီလိုတွေ ဒါမျိုးအမဲစက်တွေဖြစ်နေလို့ဘာသုံးပေးရမလဲ ပြီးတော့ ဒီမှာလဲတင်းတိပ်လိုလိုအကွက်တွေရော ဘာသုံးသင့်လဲညီမ"
ခြယ် လက်ရုံးပါးလေးကိုလက်ညိုးနှင့်မမှီမကမ်းညွှန်ပြရင်း အရောင်းစာရေးမလေးကိုအကြံညဏ်တောင်းသည်။
"ဟာ မြခြယ်ကလဲ ကိုးမျက်နှာကရေမသန့်လို့အဲ့လိုေတဖြစ်တာပါဆို ကြာရင်သူ့ဟာသူပျောက်သွားလိမ့်မယ်"
"အော် အကိုက sensitiveဖြစ်တတ်တဲ့ skinမျိုးဆိုရင်လေ ဒါ**ပစ္စည်းလေးသုံးကြည့်ပါရှင့် သူကလေတစ်ပတ်လောက်ပုံမှန်လိမ်းပေးရင်လေ သိသိသာသာထူးခြားလာတာတွေ့ရလိမ့်မယ်အကို"
အရောင်းစာရေးမှလေးမှ showcaseပေါ်မှအလှကုန်များကြားထဲမှ **တံဆိပ်ဘူးအဝိုင်းလေးကိုယူပြသည်။
"သူကကျဘယ်လိုသံုးပေးရမလဲ"
"ဒီကောင်ကမျက်နှာသစ်ပြီးတစ်ကြိမ်နဲ့ အိပ်ရာမဝင်ခင်တစ်ကြိမ်လိမ်းပေးရုံပါ အရမ်းသိသာတာအမ သူကအများကြီးလဲသုံးပေးစရာမလိုဘူး တစ်စက်နှစ်စက်လောက်ကိုမျက်နှာအသားရေထဲစိမ့်နေအောင်လိမ်းပေးရုံပဲ အဲ့တာလေးကကျတော့လေအမဲစက်တေပျောက်အောင်ကူညီပေးတာ ဒီဘက်ကခရင်မ်လေးကကျတော့ဝက်ခြံတင်းတိပ်တွေပျောက်တာအမ သူတို့ကိုတွဲသုံးပေးရင်ပိုကောင်းတယ်အမ"
ထိုအရောင်းစာရေးလေးကမ်းပေးလာသောဘူးေလးေထာင့်လေးကိုခြယ်လက်ကမ်းယူကာ ဘယ်လိုဘယ်ပုံသုံးပေးရမည်ဆိုတာကွာစိတ်ပါဝင်စားနားထောင်နေလေသည်။သူစိတ်ပါဝင်စားနေသလောက်လက်ရုံးကတော့ခေါင်းကုပ်ပြီးဟိုဘက်ကြည့်ဒီဘက်ကြည့်ဖြင့်စိတ်မပါလက်မပါဖြစ်နေလေသည်။
"ကိုး ဒီskin careေတွရော ဒီနို့ရည်လေးပါယူမလား နို့ရည်ကကျတော့အပြင်တေဘာတေသွားရင်ကိုးအသားေရေတွနေမလောင်အောင်လိမ်းပေးရမှာ ယူလိုက်ပါမယ်"
"မြခြယ်ကလဲ ကိုးကမိန်းကလေးမှမဟုတ်တာဒီလိုအလှပဟာတွေဂရုတစိုက်လုပ်ပေးနေဖို့က ကိုးမလုပ်ချင်ဘူး အဲ့တာတွေကမိန်းကလေးတွေပဲလုပ်တာ မလုပ်ချင်ပါဘူး ပျင်းတယ်"
"ဟာ မရပါဘူး ကိုးကလဲ ကိုးမျက်နှာမှာဒီလိုတွေဖြစ်နေရတာ ငါမြင်ရတွေ့ရတာစိတ်မချမ်းသာဘူး ကိုးပျင်းရင်လဲငါကပဲ skincareလုပ်ပေးမယ် ကိုးမျက်နှာကိုငါကိုင်
ကြည့်တာကြမ်းထော်နေတာပဲ ကိုယ့်အသားရေလဲကိုယ်ရုစိုက်မှပေါ့"
လက်ရုံး နူတ်ခမ်းလေးဆူထွက်လာပြီးကေလးလိုေခြေထာက်ေလးေဆာင့်ကာခေါင်းဘယ်ပြန်ညာပြန်ခါပြလေသည်။
"ကိုးကယောကျာ်းေလးပါဆို အဲ့လောက်ထိမလိုပါဘူးလို့"
"အခုခေတ်မှာလေ မိန်းကလေးတွေမှအသားရေထိန်းသိမ်းကြတာမဟုတ်ဘူး ယောကျာ်းလေးတွေလဲအသားရေကိုဂရုစိုက်လာကြတာပဲ ကိုးကလဲအဘိုးကြီးကျနေတာပဲ ဒါတေပါလိုက်ရှင်းပြနေရတာ ခေတ်လူငယ်ေလးဖြစ်ပြီးဒီေလာက်တံုးရလား တကယ်ပါပဲ"
ခြယ်စိတ်ရူပ်သွားဟန်ပေါက်ကာ စိတ်မရှည်တော့၍မျက်နှာအနည်းငယ်တင်းမာသွားသောကြောင့် လက်ရုံးပြာယာခတ်သွားလေတော့သည်။
"ဟုတ်ပါပြီ မျက်နှာကြီးပျက်မသွားပါနဲ့ ကိုးကအဘိုးကြီးပါ စိတ်မကွက်ပါနဲ့နော်"
"မြခြယ်သဘော ကိုယ့်မြခြယ်သဘော နော်
မြခြယ်skincareေပးချင်ရင်လဲအcareခံပါ့မယ်နော်"
ထိုအခါမှခြယ် လက်ရုံးကိုမျက်စောင်းထိုးကြည့်ကာ လက်ရုံးရင်ဘက်ကိုလက်ညိုးနှင့်ဒေါက်ခနဲထိုးပြီး
"အစကထဲကအဲ့လိုလိမ္မာရင်ပြီးပြီပေါ့ နောက်ဆိုတစ်ခွန်းထဲပြောရင်ရပါစေနော် စကားတွေ
အများကြီးမပြောချင်ဘူးနော် လက်ရုံးသုခ"
"ဟုတ်ကဲ့ပါဗျ"
"ညီမလေးရေအကိုတို့ပစ္စည်းလေးတွေထုပ်ပေးနော်"
လက်ရုံးနှင့်ခြယ် အခြေတင်ဖြစ်နေသည့်အခြေအနေကိုစောင့်ကြည့်နေပြီး နောက်ဆုံးဟိုကောင်ပဲအရူံးပေးလိုက်ရသည့်အဖြစ်ကိုကြည့်ကာ ဂျိုးမှာနူတခမ်းကိုဖိကိုက်ပြီး ဟိုဘက်လှည့်၍ကြိတ်ခွီနေမိလေသည်။
မိန်းမကမျက်နှာလေးတစ်ချက်ပျက်ရုံရှိသေး
ဒင်းကကမ္ဘာပျက်တော့မည့်အလားပြာယာပြီးချက်ချင်းပင်မြခြယ်သဘော မြခြယ်သဘောဖြစ်သွားသည့်ပုံကိုကြည့်ကာဂျိုးမှာသဘောတွေ့ကာဟက်ဟက်ပက်ပက်ရယ်မောနေမိလေသည်။
"မင်းကိုမုန်းလွန်းလို့ ဒုက္ခပေးချင်လွန်းလို့ နှိပ်စက်ချင်လို့မရရအောင်ယူထားတာ"ဆိုပြီးကြွေးကြော်လာခဲ့သည့်လက်ရုံးသုခဘယ်တိုင်းပြည်ရောက်သွားပြီလဲဟုဂျိုးတွေးရင်းတွေးရင်းအူတက်နေရသည်။
*ဒုက္ခပေးဖို့ယူထားလို့ပဲတော်ပါတော့တယ်*
"ဒီမှာရပါပြီရှင့်"
အရောင်းဝန်ထမ်းထုပ်ပိုးပြီးလှမ်းပေးသောပစ္စည်းထုပ်ကိုလှမ်းယူရင်း အနောက်မှာရပ်ပြီးကြိတ်လှောင်ရယ်နေသည့်ဂျိုး၏ဗိုက်ကိုပစ္စည်းထုပ်နှင့်မသိမသာဖြတ်ရိုက်ပြီး
"မသာ ရယ်နေ ရယ်နေ ရော့ အထုပ်ယူ"
"အဟက်ဟက် ဟုတ်ကဲ့ဆရာ"
ဂျိုးပစ္စည်းထုပ်တွေကိုလက်တွန်းလှည်းထဲထည့်ပြီး ထိုလင်မယားအနောက်မှလှည်းကိုအသာတွန်းပြီးလိုက်ပါလာခဲ့သည်။
ဘောင်းဘီအိတ်ထဲမှမက်ေဆ့ဝင်၍တုန်ခါလာသောဖုန်းကိုယူထုတ်ပြီးကြည့်မိသည်။
လလေးလုံးဆီမှမက်ဆေ့ဂ်ျလေးစောင်။
**ဟေ့ လူကြီး**
**မပြောမဆိုနဲ့ထပြန်သွားတာ ဘာစောက်ချိုးလဲ**
**လူခေါ်ပြီးအရှက်ခွဲတာလား ဟမ်းး**
**အထိုးခံချင်နေလား အခုချက်ချင်းစာပြန်**
ဂျိုးခပ်ထေ့ထေ့ပြုံးကာဖုန်းကိုPower offလိုက်ပြီးဘောင်းဘီအိတ်ထဲပြန်ထည့်လိုက်သည်။
ဒီအခြေအနေမှာဂျိုးသူနှင့်လုံးဝစကားမပြောချင်ပေ။ကတိမတည်၍အတည်ပေါက်စိတ်ပျက်မိပေမယ့် ခွင့်လွှတ်ပေးဖို့အစီစဉ်ကတော့သေချာပေါက်ကိုရှိသည်။လောလောဆယ်တော့မှတ်လောက်သားလောက်ဖြစ်အောင်မခေါ်မပြောပဲနေလိုက်အုန်းမည်ဟုဂျိုးဆုံးဖြတ်လိုက်သည်။နည်းနည်းတော့အပြစ်ပေးရမည်။
*ကတိဖြင့်မတည်ပဲအခုမှလာခေါ်နေသေးတယ် ဆောရီးပါ ကလေးမ*
ငွေရှင်းကောင်တာတွင်ရပ်စောင့်နေရင်းခြယ်လက်ရုံးမျက်နှာလေးကိုတစိမ့်စိမ့်ေမာ့ကြည့်ကာပြုံးရိပ်ယောင်သန်းနေလေသည်။
"ဘာတွေကြည့်နေတာတုန်း အဲ့လောက်"
"ကိုးကအရမ်းကြည့်ကောင်းတာပဲနော်"
လက်ရုံးဘာမှပြန်မပြောပဲပြုံးရုံသာပြုံးပြလိုက်သည်။
"ကိုးမာမီကအနုပညာရှင်ပဲနော်"
"ဟမ်းး မဟုတ်ပါဘူး ခရီးသွားလုပ်ငန်းရှင်ပါ"
"ဘယ်ကသာ ကိုးမာမီကအနုပညာရှင်စစ်စစ် သူဖန်တီးခဲ့တဲ့ကိုးကဒီလောက်သူမတူအောင်လက်ရာမြောက်တာကို ဒီလောက်ပြောင်မြောက်တဲ့လက်ရာကိုအန်တီဘယ်လိုများဖန်းတီးခဲ့လဲသိချင်လိုက်တာ စိမ်းဖန်းဖန့်နူတ်ခမ်းမွှေးလေးတွေ မျက်ခုံးမွှေးတန်းတန်းလေးတွေရော သွားညီညီလေးနဲ့ ပါးချိုင့်လေးပါအဆစ်ထုဆစ်ေပးထားသေး အကုန်လုံးကအနုပညာဆန်လွန်းတယ်"
စာတသံပေတသံနှင့်အလှပအလင်္ကာဖွင့်ပြနေသောခြယ့်ကြောင့်လက်ရုံးနေရထိုင်ရခက်နေရလေသည်။
"အဲ့လောက်တောင်လား တော်ပါတော့ ကိုးရှက်လာပြီ"
"ရှက်နေရင်လဲချစ်စရာလေး ပါးလေးနှစ်ဖက်ကစတော်ဘယ်ရီလေးလိုရဲတက်လာတာ"
"စာတတ်တယ်ဆိုတိုင်းသိပ်မခြွေပါနဲ့လားကိုယ့်မြခြယ်လေးရယ်"
လက်ရုံး ရှက်ရှက်နှင့်ကိုယ့်လည်ဂုတ်ကိုယ်သာပွတ်သပ်နေမိလေသည်။နာမည်လေးခေါ်ရုံမျှနှင့်အရည်ပျော်မတတ်ကြွေဆင်းနေတဲ့ကောင်ကိုသူမလို့စကားလှလှလေးတွေနှင့်အတောင့်လိုက်ခြွေရက်သည်။မခြွေရင်တောင်ကြွေကျနေပြီးသားပါကွာ။
"စုစုပေါင်း 9သောင်း5ထောင်ကျပါတယ်ရှင့်"
ကျသင့်သောငွေပမာဏကြောင့်ခြယ်သူတို့ဒီလောက်အများကြီးယူလာခဲ့မိတာလားလို့အံ့ဩနေမိသည်။သူတခုခုပြောရန်ရှိသေး လက်ရုံးကဘောင်းဘီအိတ်ထဲမှကဒ်တစ်ကဒ်ကိုနိူက်ယူပြီးထိုးပေးလိုက်သည်။
မနေ့ကကွန်ဒိုပြန်မလာခင်ဒယ်ဒီကသူ့လက်ထဲထိုးထည့်ပေးခဲ့သည့်ကဒ်။ဒီကဒ်ပမာဏလောက်နှင့်သာဆိုလျှင်တလလောက်အေးဆေးသုံးဖြုန်းနေလို့ရသည်။လက်ရုံးဒီလိုဆက်နေသွားလို့မဖြစ်တာကိုတော့သူနားလည်သည်။သူကကိုယ်ပိုင်ဝင်ငွေလဲမရှာနိုင်သေး။ကျောင်းကလဲတိုးလို့တန်းလန်းဖြစ်သွား၍လက်ရုံးဘာဆက်လုပ်ရမလဲမဆုံးဖြတ်ရသေး။ကျောင်းပြီးအောင်ပဲဆက်တက်ပြီးထိုပညာဖြင့်ပဲအသက်မွေးရမည်လော ပညာရေးဒီမှာပင်ရပ်တန့်ပြီးဦးလေးဖြစ်သူဦးစီးနေသည့်မိသားစုပိုင်ဟိုတယ်၌ပင်
ရာထူးတနေရာလောက်ယူပြီးဟိုတယ်နှင့်ခရီးသွားလုပ်ငန်းအတွင်းသို့ခြေစုံပစ်ဝင်သင့်လားဝေခွဲရခက်နေလေသည်။သေချာတာတခုကတော့ သူဟိုးအရင်ကလိုဆက်နေလို့မဖြစ်တော့။သူ့အသက်23ထဲဝင်နေပြီ။အရေးကြီးတာကသူကအိမ်ထောင်ရှင်အမျိုးသားဖြစ်နေပြီဖြစ်၍ မြခြယ့်ကိုတော့သူ့လုပ်အား၊သူ့ကိုယ်ပိုင်ဝင်ငွေနှင့်တင့်တောင့်တင့်တယ်ထားချင်သည်။
ဒါဟာယောကျာ်းသားတစ်ယောက်၏မာနပင်ဖြစ်သည်။
"ရပါပြီရှင့်"
ကျသင့်ငွေတွက်ယူပြီးကောင်တာစာရေးပြန်ကမ်းပေးလာသော ကဒ်ကိုလက်ညိုးနှစ်ချောင်းနှင့်ဆွဲယူပြီးဘောင်းဘီအိတ်ထဲပြန်ထည့်လိုက်သည်။
အနောက်မှာရပ်နေသည့်ဂျိုးကိုကောင်တာပေါ်မှပစ္စည်းထုပ်တွေကိုလက်ညိုးညွှန်ပြကာ
"သယ်ခဲ့လိုက်"
"ဟုတ်ကဲ့"
**
At beauty salon
လက်ရုံးဆံပင်ညှပ်ခံနေရင်း ဆိုဖာပေါ်တွင်မှီထိုင်နေပြီးSalonမှေကာင်မေလးများနှင့်
စကားေပြာေနသည့်ခြယ့်ကိုမှန်မှတဆင့်မြင်တွေ့နေရလေသည်။
"လှလိုက်တာကွာ နတ်သမီးလေးအတိုင်းပဲ"
နူတ်ဖျားမှတိုးတိုးလေးရေရွှတ်မိသွားသည့်အထိသူမကလှသည်။
"ခြယ်လဲဆံပင်ဂုတ်ဝဲလေးညှပ်ပစ်ချင်တာ ငယ်ငယ်လေးထဲကတခါမှဆံပင်အရှည်မထားဖူးဘူး ဒီတခါအရှည်ဆုံးပဲရယ် ပုခုံးတော့ကျော်ပြီ လူတွေကပြောကြတာနင့်မျက်မှာကဂုတ်ဝဲနဲ့မလိုက်ဘူးဒီကေ လေးနဲ့ကြည့်ကောင်းတယ်တွေဘာတွေဆိုတော့ မညှပ်ရဲတော့ဘူးလေ ရာသီဥတုကတအားပူတာဖြစ်နိုင်ရင်ညှပ်ချင်တယ်"
"ညီမလေးနဲ့လိုက်မာပါ"
လက်ရုံး ခြယ့်ဆီမှထိုစကားကြားလိုက်ရတော့ဆံပင်ညှပ်နေရာမှ ခေါင်းလှည့်ပြီးအနောက်သို့လှည့်ကြည့်သည်။ဆံပင်ညှပ်နေရင်းငြိမ်ငြိမ်မနေပဲခေါင်းလှည့်လာ၍ဆံသဆရာစက်ကတ်ကြေးအရှိန်မလွန်သွားတာကံကောင်းသည်။
"ကျစ် ညီလေး ငြိမ်ငြိမ်နေလေ ဆံပင်တေပါကုန်တော့မလို့"
"ခဏ ခဏအကို"
လက်ရုံး ကိုယ်ပေါ်မှပိတ်စကိုဆွဲဖယ်၍ထိုင်ခုံပေါ်မှဆင်းပြီး ခြယ့်အနားသို့ကပ်လာသည်။ဆံပင်ညှပ်တာတိုးလိုးတန်းလန်းနှင့်မလို့ဟိုတစ်ကွက်ဒီတစ်ကွက်ဖြင့်ဆံပင်တွေကကျိုးတို့ကြဲတဲ။
"ဟယ် ကိုး ဘာလုပ်တာလဲ ဆံပင်ညှပ်တာမပြီးသေးဘူးလေ အော် ပြဿနာပဲ"
"မဟုတ်ဘူးကိုးပြောစရာရှိလို့"
"ပြီးမှပြောလို့မရဘူးလား ဟိုမှာသူများကစောင့်နေရတာကွာ အားနာစရာ ကျစ်"
"မင်းဆံပင်အတိုကြိုက်ရင်ညှပ်လိုက်ပါ"
ဘာများအရေးတကြီးပြောတာများလဲလို့ဒီဆံ
ပင်ညှပ်ဖို့ကိစ္စကိုသူများကိုစောင့်ခိုင်းပြီးလာပြောရတယ်လို့။
"မညှပ်ပါဘူး"
"ပူတယ်ဆို ညှပ်လိုက်ပါ"
"ရုပ်ဆိုးသွားမှာကြောက်တယ် ငါကဆံပင်အတိုနဲ့မလိုက်ဘူးကိုးရဲ့"
သူ့ကိုသူကျွန်မအစား တငါငါနဲ့အခေါ်အဝေါ်တွေပြောင်းနေတာလက်ရုံးသတိထားမိပေမယ့်လဲသူစိတ်လွတ်ကိုယ်လွတ်ပေ့့ါပေါ့ပါးပါးပြောဆိုနေရရင်ပြီးရောဟုရုံးခွင့်ပြုလိုက်ပါတော့သည်။နာမ်စားတွေကအရေးကြီးတာမှမဟုတ်တာသူစိတ်ချမ်းသာနေဖို့ကသာအရေးကြီးလေသည်။
"ကိုးပြောပြမယ် မင်းကဆံပင်အတိုညှပ်လိုက်လဲလှမာအရှည်နဲ့လဲလှတယ် ပူတယ်ဆိုရင်ဒုက္ခခံပြီးအရှည်ထားမနေနဲ့ အခုညှပ်ပစ်လိုက်"
"ရုပ်ဆိုးသွားမာပါဆိုနေကာမှ"
"မဆိုးဘူးလို့ မင်းကကိုးမျက်လုံးထဲမှာဘယ်လိုနေနေလှတယ် ဆံပင်တိုတိုရှည်ရှည်ကိုးကြိုက်တယ်"
"အာ့တာကိုးမျက်လုံးထဲမှာလေ တခြားသူတေအမြင်မှာကျတမျိုးဖြစ်နေမာလေ"
ထိုစကားကြောင့်လက်ရုံးမျက်နှာတည်တင်းသွားကာ
"ဟမ်းး ငါ့မျက်လုံးထဲလှရင်ရပြီလေ မင်းကဘယ်ကောင့်မျက်လုံးထဲလှချင်သေးတာလဲ"
Advertisement
- In Serial151 Chapters
Inverse System
Abandoned by their mother and orphaned by their renowned father's mysterious death at a young age, Rein and Leona Alister lived alone in a small village happy with nothing but each other's company.
8 635 - In Serial192 Chapters
Champions of the Boundary
In reality, there exists a realm between reality and fantasy, where all maner of magical creatures exist, and the warriors summoned as they died in reality fight against the forces of a powerful being known only as the Shadow of Life. Here, they live in a world with experience and Levels, Classes and Skills, and they fight against monsters, training for years just to achieve a Level that can allow them to make a small difference. Yet even with this training, it is not enough. The Crystal Adventurers are forced to retreat further and further every year as the Shadow of Life's monsters grow stronger and more numerous, destroying cities at an increasing rate. If the city of Maelnor falls, then it will be less than a year before nearly all of the Crystal Adventurers are wiped out, both those brought to the realm upon death, and those born and raised there. Legends tell of a prophecy that describes a team led by the legendary child of the prophecy, a child whose destiny is not to end the Shadow of Life, but to act as a harbinger, one whose very existence will turn the tides of war, one who must meet three seemingly impossible or currently unheard of criteria before the tides truly change. This is the tale of Team Noruva, which consists of a quiet, yet wise healer, a silent, but thoughtful rogue, a knight with an iron will, a wolf beastborn who gained access to the System, and their leader, who ignores the impossible and does whatever he wants, because why the hell not? This is the tale of their adventures and daily lives, their ups and downs, their struggles, successes, and losses. **REGARDING PoV'S*** There will be 5 total PoV's in this story. However, four of them will take several dozen chapters (beginning Chapter 73) to start happening, with the first two "Books" focusing just on Zack, which is why there's the Multiple PoV's tag on here, even though only one's around at first.
8 170 - In Serial26 Chapters
The Dragon King
Cyril was once the son of a rich family hell bent on perfection. Back then he was known as James Bell. A trouble maker from New York who would roam the streets looking for a fight to get that adrenaline rush to escape from the abusive parents he had at home. However, one day he attracted the attention of an unwanted individual, resulting in his untimely demise. Now in this new world he is reborn as the most hated species of them all, a black dragon, he finds himself in a similar sitiuation. Only this time, it's a lot more than just one person. Explore this brand new world through the eyes of the Dragon King himself as well as his friends, family and foes!
8 142 - In Serial7 Chapters
35 Years [D. Gray- Man Fan- Fiction]
Neah killed all of the members of Noah clansmen except the first and ninth disciple and was killed by the Millenium Earl instead, but before he died Allen offered himself to be his host until the day Neah is ready to finish what he had started. Now, what if the Allen Walker we know had the recollection of what happened prior to thirty five years? I DO NOT OWN D. GRAY- MAN.
8 92 - In Serial29 Chapters
A Place To Call Home (Richie Tozier X Reader X Bill Denbrough)
Y/N L/N... is a 13 years old girl with a very hard past. Her parents passed away due to a tragic accident. Having to follow her aunt, means she have to move to a town called Derry, Maine. In order to protect herself from further loss, she chose to keep her distance from everyone. This makes everyone judge her as the Quiet Kid as they know nothing about her but her name. But one event with a group called The Losers Club, change her life. What happens if she catches the heart of a certain trashmouth and stuttering boy. Who will win her heart? Read and follow her journey in...A Place I Call HomeDisclaimer: I don't own IT. Following the movie and adding my own version. DO NOT COPY MY WORK!!
8 59 - In Serial152 Chapters
In The Maw Of The Gods
Synopsis Lilly Harper was always the type to keep to herself. She struggled to make friendships and so, she simply opted not to. That was why moving to the coastal town of Wilham didn’t bother her. She wasn’t leaving anybody behind and she certainly didn’t expect to be making any friends any time soon. However, when she starts hearing about the school’s “Magic Club”—a group of weirdos who claim that magic is real, she can’t deny that she’s slightly intrigued. Then without warning, she suddenly finds herself wrapped up with them. And what if they aren’t crazy? What if magic is actually real? And what if it’s because of that magic that something more powerful than they could ever conceive of is drawn to Wilham? I plan to follow a release schedule of Tuesday/Friday. Average chapter length will be 4,000 to 6,000 words and I will be using multiple POV's quite often. Also to note, while I am flagging the story with content warnings, I am only doing so because there are specific moments where it will be needed. Overall, the story will be relatively tame and I plan to put extra warnings at the beginning of chapters that it applies to. Thank you to everybody who decides to give my story a chance and I hope you enjoy it!
8 210

