《Devil Husband》35
Advertisement
"အားးး"
မျက်လုံးဖွင့်ဖွင့်လိုက်ခြင်း မျက်စိရှေ့မာကွက်ကွက်ကွင်းကွင်းမြင်တွေ့နေရသည့်မြင်ကွင်းကြောင့်လဲ့လွင်လန့်အော်လိုက်မိသည်။
မျက်စိရှေ့မှာမြင်နေရသည့် အပေါ်ပိုင်းဗလာနှင့်ခန္ဓာကိုယ်တခု၊သူ့ခန္ဓာကိုယ်လေးကလဲ ထိုအပေါ်ပိုင်းဗလာခန္ဓာကိုယ်၏တင်းကြပ်စွာဖက်ခြင်းခံထားရသည်။သူ့ခန္ဓာကိုယ်ငယ်လေးကိုထိုလူက သူ့တုတ်ခိုင်ေသာပေါင်တံများဖြင့်ဖိအိပ်ထားသည်။ကားဆိုဖာလေးပေါ်နှစ်ေယာက်သားတခြမ်းစောင်းအေနအထားနှင့် တယောက်နှင့်တယောက်မျက်နှာချင်းဆ်ိုင်ဖက်အိပ်ေနကြသည်။
လဲ့လွင်အော်သံကြောင့် ငြိမ်းချမ်းစွာအိပ်မောကျနေသည့်အညိုရောင်မျက်နှာပိုင်ရှင်ထိုလူအိပ်မူန်စုံဝါးမျက်လုံးများပွင့်လာလေတော့သည်။မဖွင့်ချင်ဖွင့်ချင်နှင့် မျက်စိအတင်းဖွင့်လာပြီး မျက်လုံးကိုလက်ဖြင့်ပွတ်သပ်နေေလသည်။
ထို့နောက် သူ့၏အညိုရောင်မျက်ဝန်းစိုစိုတို့ကလဲ့လွင်မျက်ဝန်းအတွင်းသို့စိုက်ကြည့်လာလေသည်။လဲ့လွင်ရင်တခုလုံးတဒိန်းဒိန်းတုန်ခါနေလေသည်။ခါတိုင်းလိုပင်ထိုလူ့၏ထိုစူးရဲရဲအကြည့်တို့ကြောင့်ပဲရင်ခုန်သည်လား
ဘယ်ရောက်လို့ဘယ်ပေါက်မှန်းမသိကားတစ်စီးထဲမှာဝတ်လစ်စလစ်အနေအထားနှင့် ထိုလူနှင့်ဖက်အိပ်နေကြရသည့့်အဖြစ်ကိုလန့်ဖျန့်သွား၍လားတော့မသဲကွဲ။
ဂျိုးကိုယ်တိုင်လဲအိပ်ရာနိုးနိုးချင်း သူတို့ညကဘာတွေဘယ်လိုဖြစ်ခဲ့ကြလဲဟုပြန်တွေးမိရင်းငယ်ထိပ်မြွေပေါက်သလိုခံစားလိုက်ရသည်။
ဂျိုးစိတ်ထဲမနေ့ညကမှတ်ညဏ်တွေက ရုပ်ရှင်အနှေးပြကွက်နှင့်ပြသလိုပြန်ပေါ်လာလေသည်။
ဂျိုး ပူးကပ်နေသည့်ခန္ဓာကိုယ်နှစ်ခုကိုခွာပြီး
လဲ့လွင်ကိုဆွဲဖက်ထားသည့်လက်တို့ကိုဖြုတ်လိုက်သည်။ဘာရယ်ကြောင့်မှန်းတော့မသိ သူထိုသို့ဖက်တွယ်ထားသည့်လက်တွေကိုဖြုတ်ပစ်လိုက်သည့်အခိုက်တန့်မှာ လဲ့လွင်ရင်ထဲဟာတာကြီးခံစားလိုက်ရသည်။
ဂျိုးထထိုင်လိုက်ပြီး အောက်မှာစုပြုံကျနေသည့်လဲ့လွင်အဝတ်အစားတို့ကိုကောက်ယူပြီးလှမ်းပေးလိုက်သည်။သူကိုယ့်သူလဲ အကျီကိုအမြန်ကောက်စွပ်လိုက်ရသည်။ပွယောင်းနေသည့်ဆံပင်တွေကိုဂျိုးအကြမ်းပတမ်းသပ်တင်ပစ်သည်။ ညကအရှိန်ကြောင့်တေခါင်းလံုးလဲတဆစ်ဆစ်ကိုက်နေလေသည်။
"အားးးညကခင်ဗျားကျွန်တော့်ကိုဘာတွေလုပ်လိုက်တာလဲ ခင်ဗျားဘာလုပ်ခဲ့တာလဲလို့"
"အရင်အဝတ်စားဝတ်လိုက်ပါ"
"ပြောလို့ အခုပြော"
လဲ့လွင်လှဲနေရာမှလက်ထောက်ပြီးထလိုက်သည်နှင့် ကိုင်ရိုက်ထားသလိုနာကျင်နေသည့်ခါးအောက်ပိုင်း။
"အားး"
လဲ့လွင် ခါးလေးကိုအသာကိုင်ရင်းညဉ်းညူသည်။ပထမဆုံးအကြိမ်မလို့ထိုနေရာတစ်ဝိုက်ကရော ခန္ဓာကိုယ်အောက်ပိုင်းရောတဆစ်ဆစ်နာကျင်နေလေသည်။
"ဖြည်းဖြည်း ဖြည်းဖြည်းထ အရမ်းမလူပ်နဲ့"
လဲ့လွင်ချက်ချင်းပင်အောက်ပိုင်းဗလာဖြစ်နေသည့်သူအောက်ပိုင်းကိုအနည်းငယ်ဖိကြွပြီး သူ့ဘောင်းဘီတိုလေးကိုခက်ခက်ခဲခဲကောက်စွပ်သည်။
"ကိုယ်ကူညီပေးမယ်"
ဘောင်းဘီဝတ်ရလွယ်ကူစေရန် ကူညီပေးဖို့လက်ကမ်းလာသည့်ဂျိုးလက်ကိုပစ်ပစ်ခါခါတွန်းထုတ်ပစ်ရင်း
"ကျွန်တော့်အသားကိုမထိနဲ့ "
"ကိုယ်ကူညီပေးပါရစေ မင်းခြေထောက်ဆင်းထိုင်ရက်ကြီးဆိုေတာ့ေဘာင်းဘီဝတ်ရခက်နေမာပေါ့"
"မလိုဘူး ဘာအကူညီမှမလိုဘူး ကျွန်တော့်အသားကိုလာမထိနဲ့ ခင်ဗျားကိုအရမ်းမုန်းတယ်"
ဘောင်းဘီကိုသူ့ဘာသာမရမကကောက်စွပ်ပြီး ဖြည်းဖြည်းချင်းကားဆိုဖာမှထကာ ကားတံခါးကိုဆွဲဖွင့်ပြီးထွက်ရန်လဲ့လွင်ပြင်လိုက်သည်။
ဂျိုး လဲ့လွင်ကိုဟန့်တားရန်လဲ့လွင်လက်လေးကိုဖမ်းဆွဲထားမိသည်။ဖမ်းဆွဲထားသည့်သူ့လက်သန်သန်တွေကိုစိမ်းစိမ်းကားကားဖြုတ်ချဖို့ကြိုးစားနေသည့်လဲ့လွင်။
"လွှတ် လွှတ် ကျုပ်ကိုအခုလွှတ်စမ်း"
"နေအုန်း ဘာလို့လဲ ဘာလို့လဲပြောလို့"
"ဘာလဲ ဘာကိုပြောရမာလဲ*ီးလား"
"စိတ်ဆိုးေနတယ်မလား ကိုယ်တောင်းပန်ပါတယ် မနေ့ညကမူးနေလို့ပါ တကယ်တောင်းပန်ပါတယ် မနေ့ညကနှစ်ယောက်လုံးလူမှန်းသူမှန်းမသိအောင်မူးနေကြလို့မှားခဲ့မိကြတာ"
ဂျိုး သူ့ဆံပင်တွေကိုသူထိုးဖွရင်းစိတ်ရူပ်နေသည့်ဟန်နှင့်ပြောသည်။နှစ်ယောက်စလုံးမှားခဲ့ကြသည်ကို ဘာလို့လဲ့လွင်က ဂျိုးတယောက်ထဲမှားခဲ့သလိုသူ့ကိုစိမ်းစိမ်းကားကားဖြစ်နေတာလဲသူမတွေးတတ်တော့။
လဲ့လွင်အရေးမစိုက်ဟန်နှင့်ဂျိုးလက်ကိုဆောင့်ရုန်းပြီး ကားပေါ်မှဆင်းလိုက်သည်။
အပြင်ဘက်တွင် မှောင်မဲနေသေးပြီး
နေအလင်းရောင်မမြင်ရသေးပေ။လဲ့လွင်နာရီကြည့်လိုက်တော့ မနက်5နာရီ15။ဝေလီဝေလင်းအချိန်ဖြစ်နေ၍ ကံကောင်းသွားသည်။မဟုတ်ရင် ကားပေါ်မှာဒီလိုဝတ်လစ်စလစ်ဖြင့်အနေအထားကိုလူတွေမြင်ကုန်ကြရင်အရှက်ကွဲရမှာ။
သူ့စကားကိုအရေးမစိုက်ပဲ ကားပေါ်မှဆင်းပြီးထွက်သွားတော့မည့်ဆဲဆဲလဲ့လွင်ကြောင့်ဂျိုးလဲကားပေါ်ကပြေးဆင်းလာပြီး
"နေအုန်း မသွားနဲ့အုန်း ကိုယ်မင်းကိုအိမ်လိုက်ပို့မယ် တခါထဲလူကြီးတွေကိုဝင်တွေ့ပြီးကိုယ်တို့မှားခဲ့တဲ့အကြောင်းဝန်ခံပြီး တခါထဲလက်ထပ်ဖို့ခွင့်ပြုချက်တောင်းမယ် လာ ကားပေါ်ပြန်တက်"
ဂျိုး လဲ့လွင်လက်ကိုဆွဲပြီးကားပေါ်ပြန်တက်ဖို့ပြောသော်လဲ လဲ့လွင် ဂျိုးကိုတွန်းဖယ်ပစ်ကာ
"ရူးနေလား ခင်ဗျားကိုဘယ်သူကလက်ထပ်မယ်လို့ပြောလို့လဲ ဆုတောင်း ဆုတောင်းလိုက်လေ ဟားဟား ခင်ဗျားလိုလူကိုကျွန်တော်ကလက်ထပ်ရမယ်ဟုတ်လား လာနောက်နေတာလား"
"အွန်း ဟုတ်တယ် ကိုယ့်ကိုလက်ထပ်"
"လဲလဲပြီးသေလိုက် ခင်ဗျားလိုကိုးတန်းတောင်မအောင်တဲ့ကောင်ကိုလက်ထပ်ရအောင်ထိကျုပ်မတုံးဘူး"
"ဘာ!!!
လဲ့လွင်ဂရုမစိုက်ဟန်နှင့် သူ့လက်ကိုဆုပ်ကိုင်ထားသည့်ဂျိုးလက်ကိုဆွဲဖြုတ်ပြီး
"ဘာမှတာဝန်ယူပေးစရာမရှိလို့ *ီး*ီးလားလားတွေ လာပြောမနေနဲ့ တခါလောက်လိင်ဆက်ဆံရုံနဲ့ကလေးရသွားမာမဟုတ်ဘူး တုံးလိုက်တာ"
"အေး ဟုတ်တယ် ငါကမင်းလိုပညာတတ်ေဆးေကျာင်းသားဆရာဝန်လောင်းေလးမဟုတ်ဘူး ဟုတ်တယ်ငါကတုံးတယ် ကိုးတန်းတောင်မတက်ခဲ့ရတဲ့ကောင်
အခုငါမှားခဲ့တာအတွက်ငါတာဝန်ယူသင့်တယ်ထင်လို့ပြောနေတာ
မင်းကဘာတွေဖြစ်နေတာလဲ နှစ်ယောက်လုံးအပြန်လှန်မှားခဲ့ကြတာကို ငါကပဲမင်းကိုမုဒိန်းကျင့်ထားသလိုလုပ်နေတာလဲ ငါ့လိုကောင်ကိုလက်ထပ်ရမာရှက်တယ်ဆိုလဲမင်းလုပ်ချင်ရာလုပ်ပါ ငါနဲ့ဘာမှမဆိုင်ဘူး မင်းသွားချင်ရာသွား"
ဂျိုးစကားအဆံုးလဲ့လွင် ဂျိုးကိုကျောခိုင်းကာ ကားပါကင်ဝန်းအတွင်းမှတုံ့နှေးသောခြေလှမ်းတို့ဖြင့်ကားပါကင်ဝန်းမှထွက်ခွာလာခဲ့သည်။ခြေလှမ်းလိုက်တိုင်း ထိုနေရာတစ်ဝိုက်နှင့်ခါးအောက်ပိုင်းက
အတော်နာကျင်နေသည်။လဲ့လွင် နာကျင်မူကိုအောင့်အီးသည်းခံပြီး မိနစ်20ခန့်လမ်းလျှောက်ပြီး ကားငှားလို့ရသည့်နေရာအရောက် တက္ကစီတစ်စီးငှားပြီးအိမ်ပြန်လာခဲ့သည်။
"အမြန်လေး မောင်းပေးပါနော် ဖြစ်နိုင်ရင်အမြန်ဆုံးရောက်အောင်မောင်းပေးပါ"
"ညီလေးအလျှင်လိုနေတာကို"
"ဟုတ်တယ်"
လဲ့လွင် အိမ်ကိုလူကြီးတွေမနိုးခင်အမြန်ဆုံးပြန်ရောက်ဖို့လိုအပ်နေသည်။အိမ်ရောက်လို့ လူကြီးတွေသူ့ဒီပုံစံကိုတွေ့သွားကြရင်ဘယ်လိုလုပ်မလဲ။တသက်လုံးယောကျာ်းလေးလိုနေလာခဲ့ရမှာယောကျာ်းတစ်ယောက်နှင့်မှားလာခဲ့သည့်သူတို့သမီးဖြစ်သူကိုမြင်ရင်သူတို့ဘယ်လိုတုံ့ပြန်ကြမလဲ။အဖေဖြစ်သူဆိုရင် အမြဲတမ်းသူ့သမီးဖြစ်သူက ဘယ်ကောင်လေးကိုမှစိတ်မဝင်စားဘူးဆိုပြီးအမြဲတမ်းစိတ်ချလက်ချနေခဲ့တာ။
ကောင်မလေးတွေနှင့်ထည်လဲတွဲတတ်သည့်သူ့ကို ယောကျာ်းလေးတွေနှင့်တွဲတာမဟုတ်ပါဘူးဆိုပြီးလွတ်လပ်ခွင့်ပေးထားသည့်ဖေဖေကဒီအကြောင်းကိုသိသွားရင်....။
လဲ့လွင်အိမ်ပြန်ရောက်တော့ကံေကာင်းေထာက်မစွာလူကြီးတွေမနိုးကြသေးပေ။ညကသူကျော်ဆင်းခဲ့သည့်သူ့အခန်းပြတင်းပေါက်မှတဆင့်ပဲအိမ်ထဲရောက်အောင်ပြန်ဝင်ရမည်ဖြစ်သည်။
လဲ့လွင်သစ်ပင်မှတဆင့် အခန်းပြတင်းပေါက်သို့တွယ်တက်ပြီး ပြတင်းပေါက်အပေါ်သို့ကျော်အဝင်ခံစားလိုက်ရတဲ့အောက်ပိုင်းနာကျင်မူ။
"အားးရှီးး Xီးပဲနာတာကွာ"
အခန်းထဲအရောက် လဲ့လွင်ကုတင်ပေါ်သို့ခြေပစ်လက်ပစ်လှဲချလိုက်သည်။
ထို့နောက် ညစ်ပတ်နေသောအောက်ပိုင်းကိုသန့်ရှင်းရန်ရေချိူးခန်းအတွင်းဝင်သွားပြီး ရေပန်းဖွင့်ချကာခေါင်းအစခြေအဆုံးမသန့်ရှင်းဘူးလို့သူယူဆသည့်နေရာတို့အားဆေးကြောပစ်သည်။သူ့အောက်ပိုင်းအားကိုင်တွယ်စမ်းသပ်ကြည့်တော့ လက်မဝက်ခန့်ကွဲရာလေးဖြစ်နေသည်ကိုတွေ့ရသည်။
"မုန်းလိုက်တာ ခင်ဗျားကိုမုန်းလိုက်တာ ခင်ဗျားနဲ့အစထဲကမပက်သက်ခဲ့ရမာ ခင်ဗျားကကျွန်တော့်ဘဝကိုတကယ်ဖျက်လိုဖျက်စီးလုပ်ခဲ့တာပဲ"
ရေချိုးခန်းနံရံကိုမှ္ီထိုင်ရင်း ရေပန်းကရားမှကျလာသည့်ရေစက်များနှင့်အတူလဲ့လွင်မျက်ရည်များလဲရောထွေးကျဆင်းနေသည်။
"ခင်ဗျားကိုမုန်းလိုက်တာ ကျွန်တော်ကခင်ဗျားကိုယုံကြည်ခဲ့တာတောင်ကျွန်တော့်ကိုဒီလုပ်ခဲ့တယ် ခင်ဗျားကိုမုန်းလိုက်တာဂျိုးရယ်"
ကိုယ့်ကိုကိုယ်အမြဲယောကျာ်းလေးတယောက်လို့မှတ်ထင်ခဲ့ပြီး သူ့ဖြစ်တည်မူအစစ်မှန်ကိုလဲ့လွင်မေ့လျေ့ာနေခဲ့မိသည်။သူကဂျိုးကို ညီအကိုတယောက်လို၊သူငယ်ချင်းအပေါင်းသင်းတယောက်လို့သတ်မှတ်ခဲ့တာတောင်သူ့အပေါ်ဒီလိုလုပ်ရက်ခဲ့သည်။
ဒါလား သူပြောတဲ့ချစ်တယ်ဆိုတာ။သူပြောခဲ့သည့် လိင်ကိစ္စ၊topေတွbottomတွေကအရေးမပါဘူးကိုယ်ချစ်တာမင်းဆိုတာကဒါလား။
ခံပြင်းစိတ်ရော၊ဝမ်းနည်းမူကြောင့်ရော လဲ့လွင်မျက်ရည်များလိမ့်စီးကျနေသည်။
သူဖြစ်ခဲ့သမျှတွေကိုမေ့ပစ်ပြီး၊ဂျိုးနဲ့မပက်သက်တော့ဖို့ဆုံးဖြတ်ထားသည်။
ဂျိုးသူ့ဘဝထဲဝင်လာထဲက သူ့ဘဝမှာကပေါက်တိကပေါက်ချာတွေစခဲ့တာ။
"ကျေးဇူးပြုပြီး နောက်ဆိုကျွန်တော့်ကိုလာမပက်သက်ပါနဲ့တော့ကိုကျော်ဘုန်းပြည့်ရယ် ကျွန်တော့်ဘဝထဲကထွက်သွားပေးပါတော့ ကျွန်တော်ရဲ့အေးချမ်းတဲ့ဘဝလေးကိုမီးလောင်တိုက်မသွင်းချင်ပါနဲ့တော့"
*****
6လခန့်အကြာ
ကော့နေအောင်သထားသည့်ဆံကေသာကိုလက်ရုံးအလိုမကျနိုင်စွာထပ်မံဖြီးသင်ရင်း လက်ဖြင့်သပ်နေသေးသည်။မှန်ထဲမှသူ့ပုံစံသူနောက်တခေါက် ခေါင်းအစခြေအဆုံးပြန်ကြည့်ပြီးမှစိတ်တိုင်းကျသွားသည်။ခရမ်းရောင်တီရှပ်လက်တိုနှင့် အမဲရောင်ဂျင်းဘောင်းဘီရှည်ကိုသာလက်ရံုးရိုးရိုးရှင်းရှင်းတွဲဝတ်ဆင်ထားသော်လဲ အရိုးရှင်းဆုံးကအကွဲပြားဆုံးဆိုသည့်အတိုင်းတမူထူးကြည့်ေကာင်းနေပြန်သည်။
ဖြူဖွေးသည့်အသားရေနှင့်ခရမ်းရောင်ကိုတွဲဖက်ဝတ်ဆင်ထားသဖြင့် ထင်းလင်းနေလေသည်။အကျီလက်တိုကိုဝတ်ဆင်ထားသဖြင့် ဖြူဖွေးဥနေသည့်လက်မောင်းဖွေးဖွေးလေးတွေကကိုက်ပစ်ချင်စရာကောင်းအောင်အထင်းသားပေါ်နေသည်။
မှန်တင်ခုံပေါ်မှရေမွှေးကို လှမ်းယူရင်း လက်ရုံးသူ့ခန္ဓာကိုယ်တစ်ဝိုက်ကိုစွတ်ဖျန်းလိုက်သည်။လာဗင်ဒါနံ့သင်းသင်းလေးအခန်းတစ်ဝိုက်ပျံ့နှံ့သွားသည်။သူအကြိုက်ဆုံးဖြစ်သည့်လာဗင်ဒါရနံ့ကိုနှစ်ခြိုက်စွာရှူရိူက်လိုက်သည်။
ထိုစဥ်ပွင့်လာသောတံခါးနှင့်အတူ အခန်းထဲသို့လှမ်းဝင်လာသည့်ခြယ့်ကိုမှန်မှတဆင့်လက်ရုံးမြင်နေရလေသည်။
မှန်မှတဆင့်မြင်နေရသည့်သူ့၏ပုံရိပ်ယောင်လေးကပင်လက်ရုံးကိုနှလုံးခုန်နူန်းမြန်အောင်ပြုစားနိူင်ပေသည်။မှန်ထဲတွင်မြင်နေရသည့်ခြယ့်ပုံရိပ်ကသူ့ဆီပြုံးရက်သားလျှောက်လှမ်းလာပြီးနီးကပ်လာသည်။
"ကိုး"
"ဗျာ.."
လက်ရုံး အနောက်ဖက်သို့လှည့်လိုက်ကာ ခြယ့်ထံသို့ချစ်မဝသည့်အပြုံးမျိုးဖြင့်ပြုံးလျက်ကြည့်ကာ ခြယ့်အခေါ်ကိုချိုသာစွာပြန်ထူးလေသည်။
"မွှေးကြိုင်သန့်ပြန့်နေတာပဲငါ့ယောကျာ်းက ဒီလိုလေးကျတော့လဲကြည့်ေကာင်းနေရော"
"ဟာ!!ကိုးကကျန်တဲ့အချိန်ကြည့်လို့မကောင်းဘူးပေါ့လေ?
"ကိုးကငါ့မျက်လုံးထဲမှာသူတောင်းစားလိုဝတ်ထားလဲကြည့်ကောင်းတယ်"
"...ကျေးဇူးပဲ"
တီရှပ်ပုခုံးစွန်း၌ တွန့်ခေါက်နေသည့်နေရာလေးအားခြယ်ပြင်ပေးရင်း အကျီအားဘောင်းဘီထဲသို့စနစ်တကျထည့်ဝတ်စေသည်။
သူ့ရင်ခွင်နှင့်ကပ်လျက်ဖြစ်နေသောခြယ့်ခန္ဓာကိုယ်လေးအားလက်ရုံးမခွာစေတော့ပဲ သိမ်းကျုံးဖက်လိုက်သည်။
ခါးသိမ်သိမ်လေးအားလက်တဖက်ဖြင့်ဖက်တွယ်ထားပြီး ကျန်လက်တစ်ဖက်ခြယ့်ကျောပြင်ကိုဆွဲဖက်ထားသည်။
"ဟယ် ကိုးလွှတ်ပါအုန်း ငါအသက်ရှူကြပ်နေပြီလို့ နင့်အကျီတွေတွန့်ကြေကုန်မာပေါ့ကိုးရဲ့."
"ဟာ နင်တဲ့ ကိုးကိုအခုနင်လို့ခေါ်လိုက်တာလား ဝမ်းနည်းသွားပြီကွာ"
ခြယ် လက်ရုံးနှဖူးကိုလက်ညိုးနှင့်လက်မသုံးပြီးခပ်ဖွဖွတောက်လိုက်သည်။တန်းဆက်နေသောမျက်ခုံးနှစ်ဖက်နှင့်တည်တင်းသွားသောလက်ရုံးမျက်နှာကိုကြည့်ကာခြယ့်မှာငိုရခက်ရယ်ရခက်။သူ့ကိုနင်လို့ပြောမိလို့ဝမ်းနည်းရတယ်တဲ့ဒီကိုးဟာလေ..?
"အပိုတွေလုပ်မနေနဲ့ ဒယ်ဒီတို့စောင့်နေရမယ် လာသွားကြမယ်"
ခြယ်ပြောရင်းလက်ရုံးလက်ကောက်ဝတ်ကိုဆွဲကာအခန်းထဲမှထွက်မည်အလုပ် ခြယ့်လက်ကိုပုတ်ထုတ်လိုက်ကာ အနည်းငယ်မကြည်မလင်မျက်နှာဖြစ်နေသည့်လက်ရုံး။
"သွား လာမထိနဲ့စိတ်ဆိုးနေတာပါဆို"
"လက်ရုံးသုခရေ...!
ခြယ် စိတ်မရှည်စွာခပ်ကြိတ်ကြိတ်လေသံနှင့်နာမည်အပြည့်စုံခေါ်လိုက်သည်။
"ဗျာလို့...ဒီမှာကိုးကဝမ်းနည်းသွားတာကိုမြခြယ်ကအဖက်တောင်မလုပ်ပဲသူမှားတာကိုလဲကိုးကိုနဖူးတောက်သေးတယ် အပိုတေလုပ်တယ်လဲပြောတယ် ကိုးဝမ်းနည်းတာပေါ့လို့
ကိုးကိုလဲနင်တဲ့"
"အာ...ငါ့ထက်အသက်ကြီးတာရောဟုတ်ရဲ့လား ချွဲလိုက်တာလဲလွန်ပါရောဟယ် ငါ့နှယ့်"
"မင်းထက်ကိုးက6လပဲကြီးတာပါကွာပြီးတော့ကိုးကတစ်ဦးတည်းသောသားလေ ချွဲမာပေါ့ကွ"
"ကိုးငါကလဲတစ်ဦးတည်းသောသမီးပါနော်
ဒါေပမဲ့ငါကကိုးလိုကလေးလဲမဆန်ဘူး လိုချင်တာမရရင်လဲဇွတ်တရွတ်မလုပ်တတ်ဘူး"
အဖေဖြစ်သူဧ။်အဖေလိုတဖုံအမေလိုတဖုံစောင့်ရှောက်ပေးမူအောက်တွင်သာကြီးပြင်းလာခဲ့ရသည့်ခြယ့်မှာချွဲနွဲ့ဖို့အခွင့်မရခဲ့။
သမီးမိန်းကလေးသဘာဝအဖေထက်အမေ့ကိုပိုတွယ်တာတတ်ကြသည်ပင်။ခြယ့်မှာတော့အမေဖြစ်သူ၏ပုံပန်းသွင်ပြင်ကိုမမှတ်မိတော့ပေ။
အမေ့အကြောင်းတစ်စွန်းတစကိုမှအဖေ့ကထုတ်မပြောပြခဲ့။ေဆွမျိုးနီးစပ်တွေအေပြာေကြာင့်ခြယ်သိရသလောက်ကတော့ အမေကခြယ်3နှစ်သမီးအရွယ်က အဖေနှင့်ခြယ့်ကိုချန်ရစ်ထားခဲ့ကာထွက်သွားခဲ့သည်တဲ့။အဖေနှင့်လမ်းခွဲပြီးနောက်ပြီးအိမ်ကသေဘာတူ
သည့်ေကျာင်းတုန်းကငယ်ချစ်ဦးနှင့်ပြန်ပေါင်းထုတ်သွားသည်ဟုကြားခဲ့ရသည်။
စိတ်မာလွန်းသောဖခင်ဖြစ်သူသည် ခြယ့်အမေနှင့်ပက်သက်သည့်အရာမှန်သမျှဓာတ်ပုံအတိုထွာလေးတောင်သိမ်းဆည်းမထားပဲစွန့်ပစ်ခဲ့သည်။ခြယ့်မှာအမေဖြစ်သူမျက်နှာကိုပင်ပုံဖော်မရတော့။
တက္ကစီမောင်းပြီးသူ့ကိုကျွေးမွေးစောင့်ရှောက်သည့်အဖေဖြစ်သူထံသို့တစ်ကြိမ်တစ်ခါလေးတောင်ဘာလိုချင်သည်ဟုတောင်းဆိုခဲ့ဖူးခြင်းမရှိခဲ့။ငယ်ငယ်လေးထဲကအဖေဖြစ်သူအပေါ်သိတတ်လွန်းခဲ့သူဖြစ်ရာ ဖခင်ဒုက္ခိတဘဝရောက်လို့ဦးလေးအိမ်ခိုကပ်နေရပြန်တော့လဲ
သူများအငြိုငြင်မခံရအောင် ခြယ့်မှာအိမ်ရှိဝေယျာဝစ္စမှန်သမျှသိမ်းကြုံးကူညီပေးသည့်တိုင်အောင်ဦးလေးဇနီးမှငြူစူခြင်းခံရသေးသည်။သို့သည့်တိုင်အောင် ခြယ်မျက်နှာတချက်ပျက်ခဲ့ခြင်းမရှိ။
ကြီးလာတော့လဲထိုအတိုင်းပင်ခပ်အေးအေးနေတတ်ပြီး တော်ရုံတန်ရုံမြိုသိပ်ထားတတ်သည်။
သူသည်းမခံနိုင်တော့လောက်သည့်အချိန်တခုရောက်မှထပေါက်ကွဲတတ်သည့်မိန်းမစားမျိူးလေးဖြစ်သည်။
"ကဲပါကိုးရယ် ငါမှားပါတယ်နော် ချိတ်မကောက်ပါနဲ့နော်င့့ါယောကျာ်းလေးကလဲ မွ မွ"
တည်တံ့နေသောလက်ရုံးမျက်နှာသည်သူ့ပါးပေါ်သို့ဘယ်တပြန်ညာတပြန်ကျရောက်လာသည့်ခြယ့်နူတ်ခမ်းသားတွေကြောင့်ပါးစပ်နားရွက်တက်ချိတ်မတတ်ပြုံးရွှင်သွားလေတော့သည်။
"နော် စိတ်မကောက်နဲ့တော့လေနော် သွားကြရအောင်နော်"
"အွန်းပါ သွားမာပါ မာမီတို့ကထွက်မပြေးပါဘူး မင်းကိုအပြစ်ပေးရမယ် အပြစ်နည်းနည်းလေးကြီးတာမလို့အာဘွားလောက်နဲ့မလုံလောက်ဘူး အနမ်းပေးတာလောက်မှရမာ"
လက်ရုံး ပြောရင်းနှင့်သူ့ရှေ့မှာရပ်နေသည့်ခြယ့်ခါးသိမ်သိမ်လေးကိုဆွဲဖက်လိုက်ကာ မျက်နှာချင်းနီးကပ်လိုက်ကာ သူအမြဲစွဲလန်းရူးသွပ်ခဲ့ရသည့်ခြယ့်နူတ်ခမ်းသားပါးပါးလေးများအားဆွဲငုံလိုက်သည်။ခြယ့်အောက်နူတ်ခမ်းလေးကိုလျှာဖြင့်တို့ထိပြီးဖိစုပ်သည်။ခြယ့်သွားနှင့်သွားဖုံးများပါမကျန်လျှာနှင့်စိတ်ကြိုက်တို့ထိကစားပြီးမှပူးကပ်နေသည့်နူတ်ခမ်းသားနှစ်ခုအားဖယ်ခွာေပးလိုက်သည်။လက်ရံုးသူ့နူတ်ခမ်းပေါ်တင်ကျန်နေခဲ့သည့်ပန်းနုရောင်နူတ်ခမ်းနီရာလေးအား လက်ဖြင့်အသာယာဖျက်ယူကာ
"ဟွန်းနော် ကိုးမာအပြစ်ပေးတဲ့နည်းလမ်းတွေအများကြီးအများကြီးကိုရှိတာ အပြစ်ကြီးရင်ကြီးထဲ့အထိုက်အလျောက်အိပ်ရာပေါ်ဆွဲတင်တာတွေဘာတွေပါပါလာမှာ သတိထားနေနော် ဟင်းဟင်း"
ခြယ် လက်ရုံးအားမျက်စောင်းထိုးကြည့်ကာမျက်လုံးဝေ့ကြည့်ပြသည်။
"ကဲ လာသွားကြမယ် အပိုတေပြောမနေနဲ့"
ခြယ် လက်ရုံးလက်မောင်းကိုတွဲချိတ်ကာအိမ်မှထွက်လာခဲ့ကြသည်။
အခုတော့လက်ရုံးလဲ နေရာတကာဂျိုးကိုလိုအပ်မနေတော့ပဲတချို့နေရာတွေမှာသူ့လက်သူခြေလုပ်ကိုင်တတ်နေပြီဖြစ်သည်။အရင်ကလိုဘယ်နေရာသွားသွား ကားမောင်းပို့ပေးဖို့ဂျိုးကိုလိုအပ်နေတာမျိုးမဟုတ်တော့ပဲ သိပ်လဲမဝေးကားလမ်းကြောရှင်းသည့်နေရာတွေဆိုလက်ရုံးကိုယ်တိုင်ပဲတက်မောင်းဖြစ်တော့သည်။ဒီနေ့လဲ ကားလမ်းေကြာရှင်းသည့်နေရာမလို့လက်ရုံးကိုယ်တိုင်ပဲကားမောင်းထွက်ခဲ့သည်။ကားမောင်းကျင့်ရှိလာပြီဖြစ်၍ အရင်ကထက်အများကြီးပိုကျွမ်းကျင်လာပြီဖြစ်သော်ငြားလဲသူ့ကားပေါ်ဘယ်သူမျှထိုင်မလိုက်ချင်ကြ။သူမောင်းသည့်ကားဘယ်သူမှမစီးရဲကြ။ခြယ်တစ်ယောက်သာ သူ့လင်မောင်းသည့်ကားကိုလိုက်စီးသူရှိသည်။သူ့ယောကျာ်းကားကိုယံုယံုကြည်ကြည်ထိုင်လိုက်သွားရဲတာစိမ်းမြခြယ်တစ်ယောက်သာလျှင်ရှိသည်။
မီးနီနေသည့်မီးပွိုင့်ကြောင့် လက်ရုံးစိတ်မရှည်စွာဟိုကြည့်ဒီကြည့်လုပ်နေမိသည်။ကားထဲတွင်ဖွင့်ထားသည့်သီချင်းကိုအတူလိုက်ညဥ်း
ပြီး လက်ရံုးစတီယာရင်ပေါ် လက်ဖြင့်ခပ်ပွပွပုတ်ပြီးဒီမီးနီချိန်ကိုစိတ်မရှည်စွာအမြန်ပြီးစေချင်နေသည်။
ထိုစဉ်တစ်ဖက်ပလက်ဖောင်းမှပန်းရောင်းတဲ့7နှစ်8နှစ်ခန့်ကလေးတစ်ဦးစံပယ်ပန်း၊ရွှေပန်းတွဲလေးများ၊စာကလေးခွေ၊ငုံးဥထုပ်လေးများဆွဲ၍ မီးပွိုင့်မိနေသည့်ကားတန်းဆီကိုအပြေးလေးလာနေတာတွေ့ရသည်။ထိုကလေးကမျက်နှာငယ်လေးနှင့် "ပန်းလေးယူပါအုန်းလား" "ငုံးဥလေးအားပေးပါအုန်း"ဟူလိုက်ေရာင်းေနသည်။ကားမှန်ချထားသည့် ကားရှင်ကြီးများကမှန်ပင်ချ၍မကြည့်၊။ဂရုလဲမစိုက်ကြ။ လက်ရုံးကြည့်နေသည့်နေရာသို့ခြယ်လဲအကြည့်ရောက်မိသွားသည်။
ထိုချာတိတ််သူ့ကားဘေးကဖြတ်အလျှောက်တခုခုများရောင်းရမလားဟူသည့်မျှော်လင့်ချက်နှင့် ကားမှန်လေးကိုအသာယာလက်ဖြင့်ခေါက်လာလေသည်။လက်ရုံးကားမှန်ချပေးလိုက်သည်။
"ဆရာ ပန်းလေးအားပေးအုန်းမလားဗျ"
"အွန်း ချာတိတ် မင်းလက်ထဲကပန်းစုစုပေါင်းဘယ်လောက်ဖိုးလဲ"
"ဗျာ ရွှေပန်းလား စံပယ်ပန်းလား"
"ရူပ်တယ်ကွာ နှစ်မျိုးလုံး"
"3500ဖိုးပါဆရာ"
လက်ရုံးထိုကလေးလက်ထဲကိုကြည့်မိတော့ ငုံးဥနှင့်စာကလေးခွေနည်းနည်းကတော့ကုန်ခါနီးနေတာတွေ့ရသည်။
လက်ရုံး ကားဒက်ရှ်ဘုတ်ထဲမှပိုက်ဆံလှမ်းယူလိုက်ကာ ခြယ့်ဘက်သို့လှည့်၍
"မြခြယ် ငုံးဥစားအုန်းမလား စာကလေးခွေရော စားမလား"
"စားမယ်"
ခြယ့်ထံမှအဖြေကြားတော့ လက်ရုံးထိုကလေးဆီမှစာကလေးခွေရော၊ငုံးဥပြုတ်တွေပါအကုန်အားပေးလိုက်လေသည်။
ကျသင့်ငွေ5500ကို 1သောင်းတန်တရွက်ထုတ်ပေးအပြီး
"ပြန်မအမ်းနဲ့တော့ကောင်လေး"
"ကျေးဇူးပါဆရာရယ် ကျေးဇူးတင်လိုက်တာ ဒီနေ့အိမ်စောစောပြန်လို့ရပြီဆရာ့ကျေးဇူးနဲ့
အမေတော့ဝမ်းသာနေတော့မှာပဲဈေးဖိုးရပြီ"
သူ့ကိုအံ့သြတကြီးကျေးဇူးတင်လွန်းသည့်အကြည့်စူးစူးတို့နှင့်ကြည့်နေသည့်ထိုကလေးကိုလက်ရုံးပြန်ပြုံးပြလိုက်သည်။
"အင်း အိမ်ကိုစောစောပြန်"
"တကယ်ကျေးဇူးပါဆရာချောချောလေးရယ်
ဆရာကဒီလိုသဘောကောင်းလို့မိန်းမလှလှလေးရထားတာ ဆရာလဲဒီထက်ပိုချောလာပါစေဆရာရေ သွားပြီဗျို့"
ထိုကလေးရဲ့နောက်ဆုံးဆုတောင်းစကားမှာတော့လက်ရုံးရောခြယ်ပါထရယ်မိသွားကြသည်။
"အဟက်ဟက် တကယ့်ကောင်ကွာ"
"ခုခေတ်ကလေးေတွများစကားတတ်ပ့"
"ဟုတ်ပ့ မင်းလိုလေ မင်းငယ်ငယ်ကလဲအဲ့လိုနေမာပဲ"
မီးပွိုင့်စိမ်းပြီဖြစ်၍ လက်ရုံးကားလဲဘီးလှိမ့်လေပြီ။ခြယ် လက်ရုံးကမ်းပေးလာသည့်အထုပ်ကိုယူရင်း အထဲမှငုံးဥထုပ်တထုပ်ကိုဦးစွာဖောက်ကာငုံးဥများအခွံခွာပြီးသူလဲစားသည်။ကားမောင်းနေသည့် လက်ရုံးကိုလဲပါးစပ်ထဲထည့်ခွံ့ပေးသည်။
"အာ...ကိုး ပါးစပ်ဟ"
"အာ..."
သူ့ခွံကျွေးတဲ့ငုံးဥပြုတ်များအားမြိန်ရေရှက်ရေစားနေသည့် လက်ရုံးကိုကြည့်ပြီးခြယ်ပြုံးလိုက်မိသည်။သူ့မျက်စိရှေ့ကဒီအမျိုးသားဟာသူ့ကိုအကြောင်းရင်းမဲ့စွာပြုံးနိုင်အောင်ပြုစားတတ်သည်။
"ကိုးကကလေးချစ်တယ်နော်"
"နည်းနည်းပါ"
"မနည်းနည်းပါဘူး များများပါ အဲ့တာကြောင့်ခုနကဈေးရောင်းေနတာကလေးမလို့ကိုးေရာင်းကုန်ေအာင်အားပေးလိုက်တာမလား"
"ရက်စ်"
ခြယ် လက်ရုံးမျက်နှာကိုစေ့စေ့ပေါက်ပေါက်ကြည့်လျက် ရယ်သံစွတ်နေသည့်အသံနေအသံထားနှင့်
"ထင်တော့မထင်ရဘူး ကိုးကကြင်နာတတ်သားပဲ ငါကငါ့ယောကျာ်းကိုလူယုတ်မာလို့မှတ်ထားတာ"
"အေး စော်ကားတယ်ဟေ့"
အနည်းငယ်ပျက်ယွင်းသွားသောလက်ရုံးမျက်နှာကြောင့် ခြယ်စကားအရှိန်ထိန်းကာ
"အဲ့လိုနွမ်းပါးတဲ့လူတွေကိုကိုးသနားတတ်မယ်မထင်ထားဘူး"
"ဘယ်လိုပြောရမလဲ ကိုယ့်မာမီကသင်ပေးထားတယ် နွမ်းပါးတဲ့မရှိဆင်းရဲသားတွေ၊တောင်းရမ်းစားသောက်နေရတဲ့လူတွေ၊အရွယ်နဲ့မလိုက် ပင်ပင်ပန်းပန်းဈေးရောင်းနေရတဲ့သက်ကြီးရွယ်အိုတွေတွေ့ရင် ကိုယ်တတ်နိုင်သလောက်စွန့်ကြဲပေးတဲ့ သက်ကြီးရွယ်အိုတွေဆီကေဈးဝယ်ရင်ဈေးမဆစ်ပါနဲ့တဲ့
မင်းသိလား မာမီကလေတအားကြင်နာတတ်တာ လမ်းတစ်ဖက်မှာတောင်းစားနေတဲ့လူတွေ့ရင် ဒီဘက်ကသူကားလမ်းကူးပြီးအပြေးသွားလှူတာ မင်းမာမီနဲ့ကြာကြာနေရင်သိလာလိမ့်မယ် မာမီကကိုးတို့ဒယ်ဒီတို့နဲ့တခြားစီ ဟဲ ဘာမှကိုမဆိုင်တာ လားလားမှမဆိုင်ပါဘူး ဟီး"
လက်ရုံးအပြောကိုခြယ်သေဘာကျစွာဟင့််ခနဲရယ်လိုက်သည်။
"ဟုတ်လို့လား ကိုးဒယ်ဒီကကြင်နာတတ်ပါတယ်ငါသတိထားမိသလောက်က"
"အဟက် ထင်လား ထင်လား ကိုးခုလိုဆိုးသွမ်းနေတာသူ့သွေးပါလို့ အဲ့မြတ်သုခ
ကေလနေရာတကာကိုသူပါတယ် ကိုးကိုကျဆိုးလို့ဆူလဲဆဲလိုက်နဲ့သူကကျအရမ်းလိမ္မာတာဆိုတော့"
"ဟဲ့ ဟဲ့ အဖေကိုနာမည်တပ်ခေါ်ရလား ဒါပေမဲ့ကိုးသူ့ကိုကြောက်တာပဲမလား"
"အဲ့လိုပဲဒယ်ဒီနဲ့ကိုယ်ကသူငယ်ချင်းပေါင်းပေါင်းတာ ကြောက်တာတော့ေကြာက်တာပေါ့လို့ သူကကိုယ့်ကိုမွေးထားတာကို"
ကားမှန်ချထား၍ မှန်ပြတင်းမှတဆင့်တိုးဝင်နေသည့်လေနုအေးနှင့်အတူ လွင့်မျောနေသည့်
ခြယ့်၏ဆံကေသာများ။နေသာသည့်နွေးထွေးခြောက်သွေ့နေသည့်မနက်ခင်းတစ်ခုတွင် ကားမှန်မှတိုးဝင်လာသည့်လေေပြအေးနှင့်အတူစကားေတွဖောင်ဖွဲ့ကာသူတို့ပျော်ရွှင်နေကြသည်။
***
ပတ်ဝန်းကျင်တစ်ခုလုံးဆိတ်ငြိမ်လျက်ရှိပြီး ကျေးငှက်သရကာတို့၏အော်မြည်သံနှင့်အတူ လေတရှဲရှဲတိုက်ခတ်နေသည့်အသံသာပျံ့လွင့်နေသည်။အေးချမ်းဆိတ်ငြိမ်နေသည့်အနီးနားပတ်ဝန်းကျင်တစ်ဝိုက်သို့ခြယ်လိုက်စူးစမ်းလေ့လာရင်း ဆင်ပုံစံပုံဖော်ထားသည့်ပန်းချုံ၌နွယ်ပေါက်နေသည့်အမျိုးအမည်မသိအဝါရောင်ပန်းပွင့်လေးများအားစိတ်ပါဝင်စားကြည့်နေမိသည်။
"အော် မင်းကဒီရောက်နေတာကို ကိုးကလိုက်ရှာနေတာ လျှောက်မသွားနဲ့လေနေရာလဲကျွမ်းသေးတာမဟုတ်ပဲနဲ့ မင်းပျောက်သွားခဲ့ရင်ကိုးဘယ်လိုလုပ်မလဲ"
"ဒီမှာပန်းလေးတွေလှလို့ကြည့်နေတာပါ ဒီအပန်းဖြေစခန်းနေရာလေးလောက်တော့ငါမပျောက်နိူင်ပါဘူး ကိုးရယ် ငါကလေးမဟုတ်ပါဘူးဒီလောက်ကတော့"
"စိတ်ပူလို့ပါဗျာ"
ခြယ်သူကြည့်နေသည့်ထိုအဝါရောင်ပန်းရိုင်းလေးများအားလက်ရံုးအားညွှန်ပြသည်။
ပွင့်ဖက်ကားကားအဝါရောင်နုနုနှင့်လက်ညိုးခန့်အရွယ်အစားရှိထိုပန်းရိုင်းလေးများကလေယူရာတွင်ယိမ်းနွဲ့စွာကနေကြသည့်အလား။
"လှတယ်နော်ကိုး ဘာပန်းလေးတွေလဲတော့မသိဘူး"
"ကိုးလဲသေချာတော့မသိဘူး မြခြယ်ကြိုက်လို့လားဟင်"
"ဟုတ်တယ် လှလို့"
"ခဏ ခဏ"
လက်ရုံး ခြယ့်နားသို့တိုးကပ်သွားကာ ခြယ်အရှေ့မှချုံအထက်မှအဝါရောင်ပန်းအုပ်ထဲမှ အကြီးဆုံးပန်းပွင့်အားခူးယူလိုက်ကာ ခြယ့်နားထက်တွင်ညင်သာစွာပန်ဆင်ပေးလိုက်သည်။
ပွင့်ဖတ်ကားကားနှင့်ထိုပန်းပွင့်သည်ခြယ့်နားအထက်တွင်တင့်တယ်စွာနေရာယူလိုက်လေသည်။သူ့မျက်နှာကိုတစိမ့်စိမ့်ကြည့်ကာပြုံးနေသည့် လက်ရုံးအား ခြယ်အမေးပုစ္ဆာထုတ်လိုက်သည်။
"ငါလှလို့လား အဲ့လောက်တောင်ကြည့်နေတာ"
"အင်း.."
"ဘာအင်းလဲ လှရင်လှတယ်မလှရင်မလှဘူးပြော စကားကိုပွင့်ပွင့်လင်းလင်းပြောတတ်အောင်သင်ထားကိုး"
ခြယ့်အပြောကြောင့်လက်ရုံးစိတ်ရူပ်ထွေးသွားဟန်နှင့်မျက်ခုံးများတွန့်ချိုးသွားကာ မျက်ခုံးများကိုလက်နှင့်ခြစ်ရင်း
"လှတယ် အရမ်းလှတယ် ဘယ်လိုပြောပြရမှန်းမသိအောင်လှတာ"
"ဟုတ်လို့လား အပိုတွေ"
"အွန်း ကိုးမြင်ဖူးသမျှထဲမှာမင်းကအလှဆုံးပဲ"
လက်ရုံး အပြောကြောင့်ခြယ်ခတ္တတိတ်ဆိတ်သွားရသည်။ကိုယ့်သက်ဆိုင်သူအမျိုးသားထံမှဒီလိုစကားမျိုးကြားရသည်မှာ အမျိုးသမီးတစ်ယောက်၏ဘဝတွင်တစ်သက်တာနားထဲစွဲနေစေမည့်စကားမျိုးမဟုတ်လား။
ခြယ်သူ့ကိုယ်သူ ပြစ်မျိုးမှဲ့မထင်လှသည့်အလှပဂေးလေးမဟုတ်မှန်းသိပြီးသားဖြစ်သည်။ဘယ်သူတွေအတွက်ဘယ်လိုပုံစံချို့ယွင်းနေပါစေ လက်ရုံးအတွက်ပြည့်စုံနေရင်သူကျေနပ်လေသည်။
"နေအုန်း အဲ့အတိုင်းလေးနေ ခဏ ကိုးဓာတ်ပုံရိုက်ပေးမယ်"
လက်ရုံး ဘောင်းဘီအိတ်ထဲမှဖုန်းကိုထုတ်ကာကင်မရာဖွင့်ပြီးခြယ့်ထံသို့ချိန်ရွယ်လိုက်သည်။
အဝါရောင်ပန်းလေးအား နားအထက်တွင်ဆင်မြန်းထားသောခြယ်သည်၊အဖြူနှင့်အပြာကွက်ဒူးဖုံးဂါဝန်လေးနှင့်ပနံသင့်စွာလှပနေသည်။ခြယ့် အနောက်ဘက်ရှိစိမ်းစိုနေသည့်သစ်ပင်များ၊ပန်းချုံနှင့်အဝါရောင်ပန်းရိုင်းလေးများနှင့် ရာသီဥတုသာယာ၍ပြာလဲ့နေသည့်ကောင်းကင်ကြီးတို့၏အလှကြောင့် filter ပင်မလိုအပ်သည့် Background ကောင်းကောင်းနှင့်ဓာတ်ပုံကောင်းများလက်ရုံးစိတ်ကြိုက်ဖမ်းယူနိုင်လိုက်သည်။
Advertisement
- In Serial21 Chapters
Arkan Collection
Magic! Mystery! Vast, mystical continents with danger lurking around every corner! That is the world of Arkan! Noah and Ayden, two best friends from Earth, are killed in a freakish way and find themselves in the middle of nowhere in that magical world. Follow them closely as they traverse this world, meeting new unique people! They will dive deep into dungeons, climb up onto mountains to meet with the sages, and tread through arcane deserts to find amazing artifacts!In this new World of Arkan, these two never seem to be able to relax! ----- Check out the Patreon, to get up to 10 Chapters in advance, as well as some more extra content! https://www.patreon.com/DiceVeeR Join the Discord!https://discord.gg/3SRcZ4rPHk The cover is temporary!
8 255 - In Serial12 Chapters
Badass Deku
Deku comes back to the dorms after All Might calls him over, but what will he do when he finds his boyfriend, Shoto Todoroki, cheating on him...
8 132 - In Serial12 Chapters
Almighty System
Marcus was killed by his colleague Sophia when he finished his life time project the Transportational Gate and Sophia stole his project. He somehow transported to another world with a rpg system.
8 140 - In Serial8 Chapters
Hazza is wilding
Ello Luv
8 153 - In Serial8 Chapters
How! ( Ushijima x Yachi )
Hi um this is my first fanfic so it's going to have a bit of bad grammar.This anime does not belong to me it belongs to Haruichi Furudate.This a Ushiyachi fanfic , I don't see many yachi ships but I hope you enjoy (⌒▽⌒ゞ
8 170 - In Serial35 Chapters
Alpha's rejected mate
Alexandra, a human living in a pack of werewolves. When she turns 18, she is rejected by her mate for her sister. The pain was unbearable so, she ran away from the pack as she can't see her mate and her sister love each other. Then she meets her biological family and shifts into her wolf. She was having a wonderful time and meets her second chance mate and slowly her past starts knocking at her door.Highest Rankings#1 in rich#2 in brother#32 in teenfiction #1 in white wolf#1 in betafemale#1 in protective#1 in past#1 in pack#1 in gamma#1 in secondchance
8.33 307

