《Devil Husband》36
Advertisement
လက်ရုံးတေယာက်ကုတင်ပေါ်တွင်ထိုင်နေရာမှထရပ်လိုက်ပြီး အခန်းထဲတွင်ဂနာမငြိမ်စွာလမ်းပတ်လျှောက်လေသည်။လမ်းလျှောက်နေရာမှ ကုတင်ပေါ်ပစ်လှဲအိပ်လိုက်သည်။ထို့နောက် လှဲနေရာမှထထိုင်ကာဟိုလျှောက်လိုက်ဒီလျှောက်လိုက် လုပ်ပြန်လေသည်။လက်ရုံးစိတ်လူပ်ရှားစွာဖြင့်ထိုင်မရထမရဖြစ်နေသည်။ထို့နောက်အတတ်နိုင်ဆုံးစိတ်ကိုငြိမ်အောင်ထားကာ ဆိုဖာပေါ်တွင်ထိုင်ချလိုက်ပြီး သူ့စိတ်ကိုသူဖြေလျှော့ရန်ကြိုးစားသည်။စိတ်သက်သာရာရလိုရငြား သူ့ပေါင်တံများအားလက်သီးဖြင့်ထုကာစိတ်လူပ်ရှားတာလျှော့ချဖို့ကြိုးစားနေမိလေသည်။
"ဟူးးရင်တွေခုန်လိုက်တာကွာ"
အိမ်သာမှမြခြယ်ပြန်ထွက်လာမည့်အချိန်ကိုသူရင်တဒိတ်ဒိတ်နှင့်စောင့်မျှော်နေလေသည်။
သူလိုချင်သည့်ရလဒ်ထွက်မလာရင်ဟုတွေးမိသွားရင်းနှင့်လဲကြောက်လန့်နေမိသည်။
မြခြယ်နှင့်အတူပါလာမည့်ရလဒ်ကိုစောင့်မျှော်နေရသည်မှာသူစိတ်မရှည်တော့။မြခြယ်ဘာလို့ဒီလောက်တောင်ကြာနေရသလဲ။
"ကျွီ"
အိမ်သာတံခါးပွင့်လာသည့်အသံအကြားမှာတော့ လက်ရုံးသူ့ကိုယ်သူပင်မသိလိုက်ပဲ
ဆိုဖာပေါ်ထိုင်နေရာမှခုန်ထမိသွားသည်။
ခန့်မှန်းရခက်နေသော ခြယ့်မျက်နှာအနေအထားကိုသူနားမလည်။ခြယ့်မျက်နှာသည်ဝမ်းနည်းနေသည့်ပုံလဲမပေါ် ပျော်နေသည့်ပုံရိပ်လဲမရှိပေ။လက်ရုံးသိချင်ဇောနှင့် အိမ်သာမှထွက်ထွက်လာချင်းခြယ့်ကိုဆီး၍မေးလေသည်။
"မြခြယ် ကိုယ့်ကိုresultလေးပြောပြပါ ကိုယ်ရင်ခုန်လို့သေတော့မယ်"
ခြယ် အပြုံးအရယ်မရှိလေးပင်စွာခေါင်းခါရမ်းပြလေသည်။လက်ထဲတွင်ကိုင်ထားသည့်
အနီေကြာင်းတစ်ေကြာင်းသာေပါ်ေနသည့်ဆီးစစ်တံကိုအရှေ့သို့ထိုးပြရင်း
"အဆင်မပြေဘူး ကိုး ငါကိုယ်ဝန်မရှိဘူး"
လက်ရုံးစကားေတာင်ထွက်မလာနိုင်ေတာ့ပဲဟင်ခနဲနူတ်ခမ်းလူပ်ရုံငြီးငြူမိသွားသည်။လက်ရုံးစိတ်ပျက်လက်ပျက်နှင့်ကုတင်ပေါ်ပစ်လှဲချလိုက်ေလသည်။စိတ်ပျက်သွားသည့်လက်ရံုးမျက်နှာေကြာင့်ခြယ်ငိုချပစ်ချင်မိသွားသည်။
လက်ရံုးသူ့ကိုစိတ်ပျက်သွားေလပြီလား။
ထို့နောက်လက်ရံုးစိတ်ဓာတ်ကျေနသည့်လေသံဖြင့် ခြယ့်ကို
"ဘယ်လို့ဖြစ်တာတုန်း ကိုယ်တို့လိုအပ်တာအကုန်ကြိုးစားခဲ့တာပဲလေ..."
လက်ရုံးနားမလည်သောအကြည့်တို့ဖြင့်ခြယ့်ကိုမေးခွန်းထုတ်လိုက်မိသည်။ခြယ်ခေါင်းကိုသာခါရမ်းပြလိုက်ပြီးသူလဲဘယ်သိပါ့မလဲဟူသည့်အကြည့်တို့ဖြင့်တုံ့ပြန်လာသည်။
ဒယ်ဒီနှင့်မာမီ၏တိုက်တွန်းမူအရ အပန်းဖြေစခန်းမှပြန်ရောက်ထဲကလက်ရုံးကလေးယူဖို့အားတက်သရောပြင်ဆင်ခဲ့လေသည်။
ခြယ့်ကိုလဲသွေးအားကောင်းစေရန်အစားအသောက်များကိုစားသုံးစေခြင်းစသဖြင့်ကလေးရယူရန်အင်အားပြည့်နေစေခဲ့သည်။သူကိုယ်တိုင်လဲ ဒယ်ဒီညွှန်းသည့် ကျားအားတိုးဆေးများကိုလဲအတော်များများလိုက်မှီဝဲခဲ့သည်။ေကာင်းမည်ထင်တာမှန်သမျှသူတို့အကုန်လိုက်လုပ်ကြည့်ခဲ့ပြီး လေးလအကြာမှာသိလိုက်ရသည့်ရလဒ်ကြောင့်စိတ်ဓာတ်ကျသွားမိတာတော့အမှန်ပင်။ကိုယ်တိုင်ကပဲအစွမ်းအစမရှိတာများလားဟုလက်ရုံးတွေးမိသွားသည်။
"ကိုး ငါတောင်းပန်ပါတယ်"
ခြယ့်ဆီမှငိုသံစွက်နေသည့်တိုးလျသည့်တောင်းပန်သံလေးကိုကြားလိုက်ရတော့ လက်ရုံးလှဲနေရာမှချက်ချင်းထရပ်လိုက်မိသည်။လှဲနေရာမှ ရုတ်တရပ်ထရပ်လိုက်သည့်အရှိန်ကြောင့် ခေါင်းပင်နည်းနည်းမိုက်ခနဲဖြစ်သွားသည်။
"မဟုတ်တာ မင်းကဘာမှားလို့တောင်းပန်ရတာလဲ ကိုယ်ပြောမယ် ဒီမှာထိုင်"
ခြယ့်ခန္ဓာကိုယ်ပါးလျလျလေးအား လက်ရုံးပုခုံးအားခပ်ဖွဖွကိုင်လျက် ကုတင်ပေါ်သို့ထိုင်စေပြီးသူကကြမ်းပေါ်သို့မုဆိုးဒူးထောက်ထိုင်ချလိုက်ပြီး ခြယ့်လက်လေးကိုအသာယာဆုပ်ကိုင်လျက်
"ကိုးတောင်းပန်ပါတယ်နော် ကိုးမင်းကိုဝမ်းနည်းအောင်လုပ်မိသလိုဖြစ်သွားတယ် ဒီမှာကိုးပြောပြမယ် ကိုယ်တို့နှစ်ယောက်စလုံးကလေဒီကိစ္စမှာဘာအတွေ့ကြုံမှမရှိကြသေးဘူး ကိုယ်တို့ကြားဖူးနာဝရှိတာလေးတွေနဲ့တတ်သလောက်မှတ်သလောက်လျှောက်လက်တည့်စမ်းမိကြတာကို တကယ်ကလေကိုယ်ဝန်ရဖို့ဆိုတာလွယ်ကူတာမဟုတ်ဘူး သေချာဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးရမာ တချို့စုံတွဲတွေဆိုလေကလေးရဖို့ကိုနှစ်နဲ့ချီထိကြာတာ လွယ်တဲ့ကိစ္စမဟုတ်ဘူး ကိုးတို့ကခုမှပထမဆုံးအကြိမ်ကြိုးစားတာလေ နောက်ထပ်အများကြီးထပ်ကြိုးစားလို့ရသေးတယ် ရင်သွေးရဖို့အခွင့်ရေးတွေအများကြီးကျန်သေးတာ ဝမ်းနည်းစရာမဟုတ်ဘူး နော် မြခြယ်"
လက်ရုံး မုဆိုးဒူးထောက်အနေအထားနှင့် ခြယ့်ပုခုံးလေးအားဘယ်လက်ဖြင့်သိမ်းဖက်၍ သူ့ပုခုံးကျယ်ကြီးပေါ်အားအမှီတွယ်ယူစေသည်။
လက်ရုံး ကြမ်းပေါ်တွင်ဒူးထောက်ထိုင်နေတာတောင်အရပ်ကခြယ်နှင့်တန်းတူပင်။
ခြယ်လဲလက်ရုံးပုခုံးပေါ်ခေါင်းလေးမှီချလျက် ပုခုံးကျယ်ကြီးပေါ်အပြည့်ဝမှီတွယ်နေမိသည်။
သူ့ပုခုံးပေါ်ကျရောက်နေသည့် နူးညံ့လွန်းသည့်ခြယ့်ဆံပင်များအားလက်ရုံးညင်သာစွာပွတ်သပ်ပေးရင်း
"ငါ့မိန်းမလေးကအဲ့လိုအလွယ်တကူဝမ်းမနည်းပါနဲ့ကွာ ငါ့မိန်းမလေးကအဲ့လိုဝမ်းနည်းနေတော့ဒီကကိုးကလဲဝမ်းနည်းတာပေါ့ ဒီကကောင်မလေးပျော်နေမှဟော့ဒီကိုးကလဲပျော်နိုင်မာသိရဲ့လား"
"ပြောစရာရှိတယ်ကိုး"
"ပြောစေဗျာ"
သူ့ပုခုံးပေါ်မျက်နှာအပ်နေရာမှ ထောင်မတ်လာသည့်စူပုတ်ပုတ်ခြယ့်မျက်နှာလေး။ထိုမျက်နှာလေးထက်ကပ်ငြိနေသည့်ဆံနွယ်များကိုလက်ရုံးသိမ်းယူပေးပြီး အနည်းငယ်ရူပ်ပွနေသည့်ခြယ့်ဆံနွယ်များအားလက်ရုံးပြုပြင်ပေးလိုက်သည်။ထို့နောက်ဘာကိုအလိုမကျဖြစ်နေမှန်းမသိသည့်ခြယ့်မျက်နှာလေးအားကြည့်ရင်း အသဲယားစွာပါးလေးကိုဆွဲဖျစ်လိုက်မိသည်။
"ဘာမှမဟုတ်တော့ဘူး"
"ဟော ထားပါတော့ဗျာ"
ခြယ် လက်ရုံးကိုတစုံတရာကိုအမှန်တိုင်းဖွင့်ဟဝန်ခံဖို့ကြိုးစားကြည့်သော်လဲ စကားလုံးများကလည်ပင်းမှာတင်တစ်ဆို့နေလေသည်။လက်ရုံးကလေးရဖို့ဘယ်လောက်တောင်စိတ်အားထက်သန်နေလဲခြယ်အသိဆုံးဖြစ်နေ၍ဘယ်လိုမှပြောလို့မထွက်ပေ။ဆီးစစ်တံမှရလဒ်ကိုကြားကြားရချင်းဖြစ်သွားသည့်လက်ရုံးမျက်နှာကိုခြယ်မျက်စိထဲပြန်ယောင်လာသည်။
လက်ရုံးကဒီရလဒ်လောက်လေးကိုပင်ဒီလောက်မျက်နှာပျက်သွားတာ လက်ရုံးအမှန်တိုင်းသာသိသွားရင်သူ့ကိုဘယ်လောက်စိတ်ပျက်သွားမလဲဆိုတာခြယ်တွေးကြောက်နေမိသည်။လက်ရုံးသူ့ကိုတကယ်စိတ်ကုန်သွားရင်ဘယ်လိုလုပ်မလဲ...။သူလက်ရုံးကိုဘယ်ချိန်ထိဖုံးကွယ်ထားနိူင်မှာလဲ။
"မြခြယ် ကိုးပြောမယ် ကိုးတို့ဆေးရုံကိုသွားပြီးဆရာဝန်နဲ့သွားတိုင်ပင်ကြည့်ရအောင် ကိုယ်တို့မှာဘာတွေလိုအပ်နေလဲသွားစစ်ဆေးကြည့်ကြရအောင် ဆရာဝန်တွေကပိုသိမာပေါ့ ကလေးအမြန်ဆုံးရနိုင်ဖို့ဘာတွေလိုအပ်လဲဆေးရုံမာသွားဆွေးနွေးကြည့်ရအောင်နော်"
"ဟင့်အင်း ဟင့်အင်း မလိုပါဘူး"
ခြယ် လက်ရုံးအပြောကိုအကြောက်အကန်ပင်ငြင်းလေသည်။ကုတင်ပေါ်တွင်ထိုင်နေရာမှ ခြယ်ဆတ်ထနဲထရပ်လိုက်လေသည်။ခြယ်မတ်တပ်ရပ်လိုက်တော့ လက်ရုံးပါထရပ်ပြီး သူ့
အေပြာကိုခါးခါးသီးသီးငြင်းနေသည့်ခြယ့်ကို
"မလန့်ပါနဲ့ မြခြယ်ရဲ့ ဒီတိုင်းဆေးစစ်ကြည့်တာတို့ဘာတို့လုပ်ပြီး ဆရာဝန်ဆီကအကြံညဏ်ယူရုံလောက်ပါပဲ ဆရာဝန်တွေကကိုယ်တို့ထက်နည်းလမ်းအမှန်သိတော့ရင်သွေးအမြန်ရနိူင်တာပေါ့"
"ဘာတွေပြောနေတာလဲ အဲ့လိုဆေးရုံမှာဆရာဝန်နဲ့သွားပြပြီမှကိုယ်ဝန်ရတယ်ဆိုအရင်ခေတ်ကလူတွေမွေးတောင်မွေးလာမှာမဟုတ်ဘူး မလိုအပ်တာတွေ ပြီးတော့ရှိသေးတယ် ကိုးရောငါရောကအခုထိငယ်နေသေးတာပဲ ကလေးရဖို့အချိန်တွေအများကြီးရှိသေးတယ် ဘာတွေလောကြီးနေစရာလိုလို့လဲ အခုမှကြိုးစားတာလေးလပဲရှိသေးတာကို ငါဆေးရုံမပြချင်ဘူးကိုး"
ခြယ် ပြောရင်းပြောရင်းငိုသံစွက်လာကာ သူ့ပုံစံကပြောစကားနားမထောင်ပဲဂျီတိုက်နေသည့်ကလေးပံုစံနှင့်သွားတူနေလေသည်။
လက်ရုံး သူ့အပြောကိုတစ်စက်မှနားမထောင်ပဲဆေးရုံမသွားချင်ကြောင်းပဲဇွတ်အတင်းပြောနေသည့်ခြယ့်ကို လေသံအေးအေးနှင့်ဖေျာင်းဖျေနေလသည်။
"နားေထာင် မြခြယ် ဟေ့ မြခြယ် ကိုးပြောမယ် အဲ့လိုဆေးရုံသွားလိုက်မှ ကိုယ့်မှာယောကျာ်းတယောက်အနေနဲ့ဘာတွေမစွမ်းဆောင်နိုင်လဲသိရမာပေါ့ ဘယ်လိုပြောရမလဲ....
ပြောရမာလဲရှက်မနေတော့ဘူးကွာ ကိုးကလေအစွမ်းစမရှိဘူးလို့ကိုယ့်ကိုကိုယ်ထင်နေတယ်ကွာ အဲ့တာကိုကိုးအတည်ပြုချင်တယ်"
လက်ရုံးစကားကြောင့်ကေလးတေယာက်လိုအသည်းသန် လက်ကိုခါရမ်းကာငြင်းနေသည့်ခြယ်ခဏငြိမ်ကျသွားပြီး
"ဘာပြောလိုက်တယ်ကိုး"
"အင်းဟုတ်တယ် ကိုးကမစွမ်းဘူးလို့ထင်နေမိတယ် ကိုးမှာေယာကျာ်းတေယာက်အေနနဲ့တခုခုချို့ယွင်းနေသလားမသိဘူး ဒါကြောင့်..ကိုယ်ပြောချင်တာမင်းသိမာပါ"
ညိုးငယ်နေသောမျက်နှာလေးနှင့် သူ့ကိုသူအဆိုးထင်နေရှာသောလက်ရုံးကြောင့်ခြယ့်မှာစိတ်ထဲမကောင်းဖြစ်သွားသည်။သူ့ကိုသူဘာများမှားယွင်းနေလဲဆိုပြီး ကိုယ့်ကိုကိုယ်အပြစ်တင်နေရှာသောလက်ရုံးကိုသူ့မှာပြောစရာစကားမရှိ။
*ချို့ယွင်းနေတာငါပါကိုးရယ် ငါကမှတကယ်ချို့ယွင်းနေတဲ့သူ*
*ငါ့ကိုကိုးစိတ်ကုန်သွားမာလားဟင်*
*ကိုးကဘာမှမချို့ယွင်းပါဘူး ကိုးကပြီးပြည့်စုံနေပြီးသားပါ*
ခြယ်အတွေးပေါင်းများစွာနှင့်စိတ်ထဲဂယက်ရိုက်နေစဉ် လက်ရုံးကသူ့ပုခုံးလေးကိုအသာယာညှစ်ကာ
"မင်းဆန္ဒမရှိလဲကိုးအတင်းကြပ်မတိုက်တွန်းပါဘူးနော် ကိုးဘက်ကယောကျာ်းတယောက်အနေနဲ့အပြည့်ဝမစွမ်းဆောင်နိုင်တာလို့ပဲကိုယ်ထင်နေတယ် ကိုးကအဖြစ်မရှိဖို့ရာခိုင်နူန်းများနေမာပါ မင်းနဲ့မဆိုင်လောက်ပါဘူး"
"အဲ့လိုမဟုတ်ပါဘူး ကိုးကလဲ ငါတို့နားလည်ထားပြီးသားလေ ဒါကပထမဆုံးကြိုးစားမူမလို့ကေလးမရနိုင်သေးတာပါဆိုနေ ကိုးအဲ့လိုကိုယ့်ကိုကိုယ်သိမ်ငယ်စိတ်ဝင်မနေပါနဲ့ ကိုးစိတ်ချမ်းသာအောင်ငါလဲကိုးနဲ့တူတူဆရာဝန်ပြကြည့်ပေးမယ်နော် အဲ့လိုကြီးသိမ်ငယ်စိတ်တွေမဝင်နေပါနဲ့"
ယောကျာ်းတစ်ယောက်အတွက် ကိုယ့်ဇနီးသည်ရဲ့ရှေ့မှာဒီလိုကိုယ်ကယောကျာ်းတစ်ယောက်အနေနဲ့အပြည့်ဝမစွမ်းဆောင်နိုင်ဖူးရယ်လို့ ဖွင့်ဟဝန်ခံရမာရှက်စရာအကောင်းဆုံးမဟုတ်လား။လက်ရုံးအနေနဲ့ ဒီလိုမျိုးသူ့ကိုသူအဖြစ်မရှိဘူးဟူသည့်အတွေးများဖြင့်ကိုယ့်ကိုကိုယ်သိမ်ငယ်စိတ်တွေဝင်နေမှာကိုခြယ်ခွင့်မပြုနိူင်ပေ။ထို့ကြောင့်ဖြစ်ချင်ရာဖြစ် လက်ရုံးစကားကိုနားထောင်ပြီးဆရာဝန်နှင့်ဆေးစစ်ကြည့်ရန်လက်ခံလိုက်လေသည်။
ထာဝရတည်မြဲသည့်လျှို့ဝှက်ချက်ဆိုတာမရှိစမြဲမို့ တနေ့မဟုတ်တနေ့ပေါ်ပေါက်လာမည့်သူ့လျှို့ဝှက်ချက်ကိုလက်ရုံးတချိန်ချိန်ကျိန်းသေသိလာမည်ပဲလေ။လက်ရုံးကိုေရာအားလံုးကိုေရာသူဖုံးကွယ်ထားရတာ သူကိုယ်တိုင်လဲလိပ်ပြာမလုံ။တချိန်ချိန်အားလုံးသိလာရမည့်အတူတူစောစောသိကုန်ကြတော့လဲပိုကောင်းလိမ့်မည်ဟုခြယ်ဆုံးဖြတ်လိုက်မိသည်။
သူဖုံးကွယ်ထားသည်ကိုလက်ရုံးသိသွားရင်လက်ရုံးသူ့ကိုစွန့်ပစ်သွားမည်ကိုလဲသွေးပျက်နေမိသည်။ကိုးသူ့ကိုစွန့်ခွာသွားရင်ဟုစဉ်းစားမိလိုက်တိုင်း ခန္ဓာကိုယ်ထဲကသွေးများပြောင်းပြန်စီးသွားသလိုပင်။
*ကိုးငါ့ကိုပစ်သွားရင်ဘယ်လိုလုပ်မလဲ ကွာရှင်းကြမယ်ဆိုရင်ရော*
*ကိုးကငါ့ကိုထားသွားမှာလား ကိုးမရှိရင်ငါဘယ်လိုနေရမလဲ ငါလဲကိုးအတွက်သားသမီးတွေမွေးပေးချင်တာပဲလေ ဒါပေမဲ့...*
*မဟုတ်တာ ကိုးကငါ့ကိုဒီလောက်ချစ်တာ ဘယ်တော့မှစွန့်ခွာမသွားဘူးလို့ကတိပေးထားပြီးသားလေ ကိုးကငါမရှိရင်သေမာ ဟုတ်တယ် ငါကိုးကိုယုံတယ် ကိုးကငါ့ကိုသေမှသူ့အနားကထွက်သွားခွင့်ပေးမှာတဲ့ ကိုးကိုယုံတယ်*
*ကိုးကပစ်မသွားဘူးဆိုရင်တောင် ကိုးလဲသူ့အတွက်ကေလးေလးေတွေမွးပေးနိုင်မည့်အမျိူးသမီးကိုပဲလိုချင်မာပဲလေ ငါ့လိုမိန်းမကိုကြာရင်သူလဲစိတ်ပျက်မိမာပဲ *
ခြယ် သူ့ေရှ့ကလက်ရံုးကိုကြည့်ရင်းအတွေးပေါင်းသောင်းခြောက်ထောင်နှင့်ခေါင်းတစ်ခုလုံးချာချာလည်လာသလိုပင်။
တသက်လုံးဖုံးဖိလာခဲ့ရသည့်အကြောင်းရာကသိပ်မကြာခင်နဖူးတွေ့ဒူးတွေ့ပေါ်ပေါက်တော့မည်ကိုတွေးမိပြန်ေတာ့လဲချွေးစေးပြန်နေမိသည်။ဖြစ်နိုင်ရင် လက်ရုံးကိုဆရာဝန်ပြောမှအမှန်တရားကိုသိရသည်ထက် သူကိုယ်တိုင်သာဝန်ခံပစ်လိုက်ချင်မိသည်။သို့သော် စိတ်သွားတိုင်းပါးစပ်ကမထွက်။
*သွားဟာ ဖြစ်သမျှအကြောင်းအကောင်းကြီးပဲ ဖြစ်ချင်ရာသာဖြစ်လိုက်စမ်း*
"ကိုယ့်မြခြယ် အဆင်ပြေရဲ့လား မြခြယ်ခင်ဗျာ့ မြခြယ်"
"ဟမ်းး ကိုး ငါတခြားဆီအတွေးရောက်သွားလို့ ဆောရီး"
"ဘာတွေးတွေးနေတာတုန်း"
"ဒီလိုပါပဲ"
ထိုစဉ် လက်ရုံးချွေးစေးများကပ်နေသည့်ခြယ့်နဖူးထက်အားလက်ခုံဖြင့်ဖိသုပ်ပေးရင်း ချွေးကြောင့်နဖူးမှာကပ်ငြိနေသည့်ဆံနွယ်လေးများအားနားရွက်နောက်ပို့ပေးပြီး
"ချွေးတွေနဲ့ ကလေးလေးကျနေတာပဲကိုယ့်မြခြယ်"
ပြောရင်းဖြင့်လက်ရုံး ခြယ့်ပါးပြင်နီရဲရဲလေးအားနှာခေါင်းမြုပ်မတတ်နမ်းလိုက်လေသည်။ဘယ်ဘဝကကောင်းမူကြောင့်လဲမသိ ထိုစတော်ဘယ်ရီလိုအရောင်ရဲနေသည့်ပါးလေးနှစ်ဖက်ပိုင်ဆိုင်ထားရသည်ကခြယ့်၏ထူးခြားချက်ပင်။ရေမရောသည့်မြန်မာလူမျိုးတယောက်ပေမို့ ထင်သလောင်အသားမဖြူသော်လဲ နို့နှစ်ရောင်ကြည်လင်နေသည့်ခြယ့်အသားရေလေးက ဖြူသည်ဟုဆိုနိူင်ပေသည်။ယောကျာ်းတန်မဲ့ဖြူဥဝင်းမွတ်နေသည့်လက်ရုံး၏အသားရေကိုတော့မမှီ။အမြဲလိုလိုပင် စကားစပ်မိသည့်အခါတိုင်းလက်ရုံး၏အသားရေကိုမနာလိုကြောင်းခြယ်အမြဲမျက်စောင်းတခဲခဲနှင့်ပြောတတ်လေသည်။
အချုပ်ထဲရောက်နေစဉ်ကာလအတွင်း အချုပ်ရေမသန့်သည့်ပြဿနာကြောင့်နဂိုထက်အနည်းငယ်ညိုညစ်သွားခဲ့ပြီး ယခုအခါတွင်တော့ခြယ့်၏ဂရုတစိုက်အသားရေထိန်းသိမ်းပေးမူကြောင့်အရင်အသားရောင်ကိုပြန်လည်ပိုင်ဆိုင်နေပြီဖြစ်သည်။
ခြယ်ထိုသို့ဆိုလာတိုင်း လက်ရုံးကခြယ့်ထံသို့ကလေးကလားနဲ့ကွာဟူသည့်အကြည့်တို့ဖြင့်ပြန်ကြည့်တတ်ပြီးပြုံးရိပ်ယောင်သန်းနေတတ်သည်။
အမြဲလိုလိုပင်ဘယ်သူကိုမှဂရုမစိုက်သည့် အေးစက်စက်၊ပေါ့ပျက်ပျက်အကြည့်များဖြင့်ကြည့်တတ်သည့်ထိုသူ့ဧ။်မျက်ဝန်းတစ်စံု
က ခြယ့်တစ်ေယာက်ထဲအတွက်ကိုတော့ချစ်ခြင်းတရားများဖြင့်ပြည့်နှက်စွာလေးလေးနက်နက်ငေးကြည့်နေတတ်လေသည်။အမြဲတစေ မေတ္တာတွေစီးဆင်းယိုဖိတ်နေသည့်အကြည့်များဖြင့်ခြယ့်ထံေငးစိုက်ကြည့်နေတတ်ပြီး မျက်စိအောက်ကပင်အပျောက်မခံချေ။
ဘာရယ်ကြောင့်မှန်းတော့ခြယ်မသိသူ့၏အကြည့်များဖြင့်လွှမ်းခြုံခံနေရသမျှ ခြယ်လုံခြုံသလိုခံစားရသည်။လက်ရုံး၏မျက်ကွယ်ရာအေဝးတွင်ရှိနေရတိုင်းတစ်စုံတစ်ခုကိုလိုအပ်နေသလိုပင်။
လက်ရုံးနှင့်သူ့ကြားအရင်ကဘာတွေဘယ်လိုဖြစ်ပျက်ခဲ့ပါစေ ယခုအချိန်မှာတော့လက်ရုံးမျက်ဝန်းများထဲတွင်ယုံကြည်အားကိုးရသည့်အရိပ်ယောင်များကိုခြယ်ခံစားမိသည်။
လက်ရုံးမျက်ဝန်းတွေမှတဆင့် လက်ရုံးကသူ့ကိုဘယ်လောက်ထိချစ်တာခြယ်ခံစားမိသည်။
ဟုတ်သည်။သူလက်ရုံးကိုယုံသည်။လက်ရုံးကသူ့ကိုဘယ်သောအခါမှဖယ်ခွာသွားမည်မဟုတ်ပေ။သူကိုးကိုလုံးဝယုံကြည်သည်။
***
လက်ထဲမှဓာတ်မှန်ရလဒ်ကိုစိုက်ကြည့်ရင်း ဒေါက်တာစိတ်ရူပ်ထွေးသွားဟန်နှင့်မျက်မှောင်များတွန့်ချိုးသွားသည်။မျက်ခံုးကိုလက်နှင့်ကုပ်ပြီးဓာတ်မှန်အေဖြကိုစူးစိုက်ကြည့်လိုက်
ခြယ့်ကိုကြည့်လိုက်လုပ်ေနေလသည်။
မျက်ခံုးများကိုထိလုမတတ်တွန့်ချိုးလျက်ဒေါက်တာ့စိတ်ထဲဖြစ်နိုင်ပါ့မလားဟူသည့်အတွေးများနှင့်။
ကုတင်ပေါ်လှဲနေသည့်သူ့ကိုတချက်တချက်စောင်းငဲ့ကြည့်လာသည့်ဒေါက်တာကြောင့်ခြယ့်မှာနေရခက်နေလေသည်။
ထို့နောက် ဒေါက်တာကအနောက်မှာရပ်နေသည့်နာ့စ်ကိုညွှန်ကြားစရာရှိတာညွှန်ကြားလေသည်။
"သမီး ဒီမှာသက်တောင့်သက်သာနေပါ သမီးအမျိုးသားနဲ့ဆွေးနွေးစရာလေးနည်းနည်းရှိလို့ ဒီမှာစောင့်နေပေးပါ"
"ဟုတ်ကဲ့ဒေါက်တာ"
ထိုသို့ပြောပြီး ဒေါက်တာလူနာစမ်းသပ်ခန်းမှထွက်ခွာသွားလေတော့အနောက်မှနာ့စ်မလဲလိုက်ပါသွားလေတော့သည်။အခန်းထဲတွင်ခြယ်တယောက်သာကျန်ခဲ့လေတော့သည်။
ချက်ချင်းပင်ခြယ်ကုတင်ပေါ်လှဲနေရာမှထထိုင်လိုက်လေသည်။
ခြယ် ရင်တခုလုံးတုန်ရီမောဟိုက်နေသည်။အပြင်မှာလက်ရုံးကိုဒေါက်တာဘာတွေသွားေပြာမလဲသူသိပ်ကိုသိချင်နေမိသည်။
လက်ရုံးအမှန်တိုင်းသိသွားခဲ့လေပြီလား။ဒေါက်တာကလက်ရုံးကိုအမှန်တိုင်းပြောပြလိုက်ရင်လက်ရုံးဘယ်လိုတုံ့ပြန်လေလိမ့်မလဲဟုခြယ် နှလုံးပေါက်ထွက်မတတ်စိတ်လူပ်ရှားနေမိသည်။လက်ရုံးဒေါသထွက်ရင်လူစိတ်ပျောက်တတ်လေတာသူသိလေသည်။မူးနေသည့်အချိန်နှင့် ဒေါသဖြစ်နေချိန်ဆိုလက်ရုံးဟာမုန်ယိုနေသည့်ဆင်တကောင်လိုပင်။သူအလုံးစုံသိသွားခဲ့ရင် ဒေါသစိတ်ဖြင့်ခြယ့်ကိုလက်ပါမိပြန်အုန်းမလား။ခြယ် စမ်းသပ်ကုတင်ပေါ်တွင်လှဲလျောင်းလျက်ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေလေသည်။
ခြယ်အခန်းထဲ၌ရင်တမမနှင့်ဘာတွေဆက်ဖြစ်မလဲစောင့်နေရလေသည်။
"အဟမ်း"
လူနာစမ်းသပ်ခန်းမှထွက်လာသည့်ဒေါက်တာက သူ့ကိုကျောပေးရပ်၍အခန်းပြတင်းပေါက်မှတဆင့်အောက်ဘက်ရှိကားအသွားအလာကိုငေးကြည့်နေသောလက်ရုံးကို ချောင်းဟန့်၍အသံပေးလိုက်သည်။ဒေါက်တာချောင်းဟန့်သံကြားမှလက်ရုံးလဲ
"ဪ အန်တီ ထွက်လာတာကျွန်တော်မသိလိုက်ဘူး ကျွန်တော့အမျိုးသမီးရော"
"ကဲ အရင်ထိုင်ပါအုန်းသား"
ပိန်ပိန်ပါးပါး၊ေလးေထာင့်မျက်မှန်အထူကြီးနှင့်ဒေါက်တာအမျိုးသမီးကသူ့ဂျူတီကုတ်ကိုအသာချွတ်၍နံရံတွင်ချိတ်လိုက်ပြီး သူ့အလုပ်စားပွဲတွင်ထိုင်လိုက်သည်။ေဒါက်တာမှသူ့စားပွဲရှေ့ရှိေနရာတွင်ဝင်ထိုင်ရန်လက်ရုံးကိုလက်ဟန်နှင့်ပြသည်။လက်ရုံးကုလားထိုင်ဆွဲယူ၍နေရာတွင်ဝင်ထိုင်လိုက်သည်။
"သား"
"ပြောပါ အန်တီ"
မာမီ့မိတ်ဆွေ၊မာမီနှင့်အသက်မတိမ်းမယိမ်း လက်ရုံးနှင့်လဲရင်းနှီးေနသောဆရာဝန်ဖြစ်နေသောကြောင့် လက်ရုံးကို"သား"ဟုပင်ပေါ့ပေါ့ပါးပါးပြောဆိုလေသည်။အမျိုးသမီးဒေါက်တာနဲ့ဆိုမြခြယ်လဲ ဆွေးနွေးရတာလွတ်လွတ်လပ်လပ်လပ်ရှိစေရန်လက်ရုံးဒီဆေးရုံဒီဆရာဝန်နှင့်ပြရန် ရက်ချိန်းယူခဲ့ခြင်းဖြစ်လေသည်။
အခုချိန်ထိလူနာစမ်းသပ်ခံနေရာမှပြန်ထွက်မလာသေးသည့်ခြယ့်ကြောင့် လက်ရုံးဒေါက်တာ့ကိုဒုတိယအကြိမ်မေးခွန်းထပ်ထုတ်လိုက်ပြန်သည်။
"အန်တီ ကျွန်တော့်ဇနီးရော သူဘာလို့ထွက်မလာသေးတာလဲလို့"
"ခဏလေး ခဏလေး သား အန်တီအရေးကြီးပြောစရာရှိလို့"
"ဟုတ် ဟုတ် မြန်မြန်ပြောပါ"
ဒေါက်တာဘယ်ကနေဘယ်လိုစရှင်းပြရမလဲမသိ။ဒီအခြေအနေကိုလက်ရုံးလက်ခံနိုင်စေရန်ဘယ်လိုပြောပြရမလဲသူအကြပ်ရိုက်နေလေသည်။ထို့နောက် စားပွဲပေါ်ရှိအမဲေရာင်ဖိုင်တွဲထဲမှလက်ရုံး၏ဆေးစစ်ချက်များကိုဆွဲထုတ်လျက်
"လက်ရုံး မင်းထင်သလိုမဟုတ်ဘူးသား မင်းမှာဘာပြစ်ချက်မှမရှိဘူး မင်းမှာကလေးရနိူင်ဖို့လုံလောက်တဲ့သုတ်ပိုးအရေအတွက်လဲရှိတယ် မင်းကကျန်းမာရေးလဲကောင်းတာထက်တောင်ပိုသေး မင်းမှာဘာချို့ယွင်းချက်မှမရှိဘူး"
"ဗျာ ဟုတ်လား အန်တီ ဒါဆိုကျွန်တော်တို့ကလေးရနိူင်တယ်မလား"
"ပြောတာဆုံးအောင်နားထောင် မင်းမှာဘာမှအမျိုးသားကျန်းမာရေးပြဿနာမှမရှိပေမယ့် မင်းဇနီးမှာကပြဿနာရှိတယ်"
"ဘာ..ဘာဖြစ်တယ် မြခြယ်ဘာဖြစ်လို့လဲ သူဘယ်နားမကျန်းမာလို့လဲ"
ခြယ့်မှာကျန်းမာေရးပြဿနာရှိနေသည်ဟုကြားလိုက်ရသည်နှင့်လက်ရုံးရင်ထဲထိတ်ခနဲဖြစ်သွားသည်။စိုးရိမ်တကြီးနှင့်
"အွန်း လက်ရုံး မင်းဇနီးက ကလေးမရနိုင်အောင်လဲကိုယ်ခံ
အားေလျာ့ေစမယ့်ရောဂါကြီးကြီးမားမားလဲမရှိဘူး ခက်တာကသူ့ကကလေးမရနိုင်ဘူးသား"
"ဘယ်လို ကလေးမရနိုင်တာ!!!
လက်ရုံးထိုင်နေရာမှ ထရပ်လိုက်ပြီး အံ့ဩတကြီးအော်ဟစ်ရေရွတ်မိသွားသည်။
လက်ရုံးကိုယ့်နားကိုပင်မယုံနိူင်။ဘယ်လိုဖြစ်နိူင်မှာလဲ။
"မင်းနားလည်အောင်ပြောရရင်မင်းဇနီးကမြုံနေတာပါ ပြီးတော့ ကံကောင်းထောက်မပြီးသူကကလေးမွေးနိူင်ရင်တောင် သူ့သားအိမ်ကကိုယ်ဝန်မဆောင်နိူင်လောက်ဘူးသား သူ့သားအိမ်ကအပြစ်အနာဆာရှိတယ်"
ဒေါက်တာ့စကားမဆုံးခင်မှာပင်လက်ရုံးအနောက်ဘက်ရှိလူနာစမ်းသပ်ခန်းသို့ကသောကမျောလျှောက်သွားပြီး အခန်းတံခါးလက်ကိုင်ဘုကိုဆွဲကိုင်လိုက်လေသည်။။လက်ရုံးမေးကြောများပင်ေထာင်၍ နူတ်ခမ်းသားများတဆတ်ဆတ်တုန်ရင်လျက်ရှိသည်။
ခြယ်အခန်းတွင်းခေါက်တုံ့ခေါက်ပြန်လျှောက်နေမိရာမှ အပြင်ဘက်မှဖွင့်လာသောတံခါးကြောင့်တစ်ကိုယ်လုံးအေးခဲသွားသလိုပင်။နေရာမှာတင်ကျောက်ရုပ်ကဲ့သို့ခဲတောင့်စွာရပ်နေမိသည်။ပွင့်လာသောတံခါးနှင့်အတူအခန်းတွင်းသို့ခြေလှမ်းလာသည့်လက်ရုံး။သူ့မျက်နှာသည် အလာတုန်းကနဲ့မတူတည်တံ့နေပြီး မျက်ခုံးနှစ်ဖက်သည်လဲထိလုမတတ်မျက်မှောင်ကြုံ့ထားလေသည်။
သူ့အသွင်အပြင်ကိုခြယ်အနည်းငယ်စိုးထိတ်သွားပြီးအလိုလိုေခြလှမ်းနှစ်ခန့်အနောက်သို့ဆုတ်မိသွားသည်။
"ကိုးငါရှင်းပြပါရစေ"
"အွန်း မင်းရှင်းပြမှရမယ်မြခြယ် မင်းရှင်းပြမှဖြစ်မယ်"
"ငါကိုးကိုညာဖို့စိတ်ကူးမရှိခဲ့ပါဘူး ငါအစထဲကကိုးကိုအမှန်တိုင်းပြောပြမလို့ပါ ကိုးကကလေးအရမ်းလိုချင်နေလို့ငါကိုးမျှော်လင့်ချက်တွေရိုက်ချိုးမိသလိုဖြစ်သွားမာဆိုးလို့ ငါ့ကိုစိတ်ပျက်သွားမာဆိုးလို့အာ့ကြောင့်...
"ဟမ်းး အခုကျတော့ရော ဘာထူးလို့လဲလို့ အခုကရောငါဘာထူးသွားသလဲလို့ မင်းဖြေလေ"
အနည်းငယ်ခက်ထန်ကျယ်လောင်နေသောလက်ရုံးအသံကြောင့် ဒေါက်တာပါအခန်းထဲလိုက်ဝင်လာလေသည်။
သူ့မှာသူများလင်မယားအတွင်းရေးဝင်ပါလိုစိတ်မရှိသော်လဲ ကိုယ့်မျက်စိေရှ့တွင်ကြီးလာသည့် ကိုယ့်မိတ်ဆွေ၏သားဖြစ်သူဖြစ်နေ၍ လူကြီးအနေနဲ့အနည်းငယ်ဖျန်ဖြေရန်သူအထဲဝင်လာခဲ့မိခြင်းဖြစ်သည်။
"ကလေးတို့ပြဿနာကိုစိတ်အေးအေးထားပြီးဖြေရှင်းရအောင် လက်ရုံးသားစိတ်ကိုအေးအေးထား မင်းလေသံကိုလျှော့လိုက်"
သူ့ကျောကိုလာပွတ်သပ်ကာစိတ်ထိန်းရန်လာပြောနေသော ထိုအမျိုးသမီးကိုလက်ရုံးစောင်းငဲ့ကြည့်လိုက်သည်။ထို့နောက် သူနှင့်ခွာရပ်နေသောသူ့အရှေ့မှ မြခြယ်ကိုလှမ်းကြည့်လိုက်သည်။စိုးထိတ်နေသောမျက်ဝန်းလေးများနှင့် သူ့ကိုမရဲတရဲစိုက်ကြည့်နေသောမြခြယ့်ကိုမြင်တော့လက်ရုံးသက်ပြင်းတချက်မူတ်ထုတ်လိုက်ကာ ဒေါသကိုအတတ်နိုင်ဆုံးထိန်းလျက်
"အနှောင့်ယှက်ဖြစ်သွားရင်ဆောရီးပါအန်တီ ကျွန်တော်တို့ကိုပြန်ခွင့်ပြုပါအုန်း"
"လာ မြခြယ် အိမ်ရောက်မှဆက်ပြောကြတာပေ့့ါ"
လက်ရုံး သူ့ကျောကိုပွတ်သပ်ပေးနေသည့်အန်တီ၏လက်အားအသာဖယ်ချလျက် အရှေ့မှာရပ်နေသည့်ခြယ့်လက်ေကာက်ဝတ်ကိုအမိအရဆွဲယူလိုက်ပြီး ကြီးမားသောသူ့လက်ဖဝါးများနှင့်ခြယ့်လက်ဖဝါးကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်သည်။သူ့လက်ဖဝါးသန်သန်များမှခြယ်ရုန်းထွက်ရန်မကြိုးစားမိပဲ သူခေါ်ရာနောက်သို့အသာတကြည်ပင်လိုက်လာခဲ့မိသည်။
ခြယ့်လက်ကိုလွှတ်ထွက်သွားမည်စိုးသည့်အလားဆုပ်ကိုင်လျက် အရှေ့မှဦးဆောင်ပြီးသွားနေသည့်လက်ရုံးမျက်နှာသည်အသက်မဲ့နေသကဲ့သို့ဘာခံစားချက်မှမပါနူတ်ခမ်းကိုတင်းတင်းစေ့ထားလေသည်။
ဆေးရုံေကာ်ရစ်ဒါတွေကိုဖြတ်၍ ကားဆီသို့ပြန်လာကြသည့်အတောအတွင်းလက်ရုံးရောခြယ်ပါစကားတစ်ခွန်းမှမဟကြ။
ခြယ်တခုခုပြောရန်ကြံလိုက်တော့ လက်ရုံးကလက်ကာပြကာ အိမ်ရောက်မှဆက်ပြောခိုင်း၍ခြယ်နူတ်ဆိတ်နေလိုက်ရသည်။
ကားဆီသို့အရောက်
လက်ရုံး ခြယ်ကားထဲဝင်ရန်တံခါးဖွင့်ပေးလေသည်။သူစိတ်အတော်ကြီးအဆင်မပြေသော်ငြားလဲ လက်ရုံးစိတ်ကိုအတတ်နိုင်ဆုံးထိန်းကာ ကားတံခါးဖွင့်ပေးလျက်ခြယ့်ကိုထိုင်ခံုခါးပတ်ပင်ပတ်ေပးကာလူကြီးလူကောင်းတစ်ဦးအသွင်ေဆာင်ထားေလေသးသည်။
"ကိုး ငါ..
"နေအုန်း အိမ်ရောက်မှရှင်းမယ်"
လက်ရုံး ကားထဲဝင်ပြီးထိုင်ခုံခါးပတ်ပတ်လျက်ကားဘီးစလှိမ့်လေတော့သည်။
ကားမောင်းနေစဉ်တလျှောက်လုံးလဲလက်ရုံးထံမှဘာစကားသံမှမကြားရ။သူ့အရိပ်အခြည်ကိုစောင့်ကြည့်နေမိသောမြခြယ်သည်ကားထဲမှအငွေ့ပင်ပျံတက်သွားချင်နေေလသည်။
လက်ရုံးကားမောင်းနေရင်းဘေးခုံရှိသူ့ထံ
တချက်မှပင်မကြည့်လာ။ကားကိုသာတစိုက်မတ်မတ်မောင်းနေလေသည်။တိတ်ဆိတ်နေသောလေထုကြောင့်ခြယ့်မှာငိုချပစ်ချင်မိသည်။လက်ရုံးနဲ့သူ့ကြားတံတိုင်းကြီးခြားသွားသလိုပင်။အလာခရီးတုန်းကစကားတွေဖောင်ဖွဲ့ကာရယ်မောပျော်ရွှင်ခဲ့ကြသလောက် အပြန််ခရီးမှာတော့ပျော်စရာတွေအားလုံးယူေဆာင်သွားခံလိုက်ရသလိုမျိုး။
ခြယ် အေးစက်မာကြောနေသည့်လက်ရုံးမျက်နှာလေးကိုငေးစိုက်ကြည့်မိနေရင်း
"ကျွီ...."
" *ီးပဲ ငါ*ိုးမသား ကားကိုဘယ်လိုမောင်းနေတာတုန်း ငါ*ိုးမသားတွေရဲ့ *ီးပဲဟေ့"
"တီ တီ တီ တီ...တီ..."
ကားမောင်းနေရင်း လမ်းချိုးထဲမှရုတ်တရပ်ထွက်လာသောကားေကြာင့် ထိုကားကိုဝင်မတိုက်မိစေရန်လက်ရုံးအလျင်မြန်ဘရိတ်အုပ်
လ်ုိက်ေလသည်။ကျွီခနဲမြည်သံကြီးနှင့်အတူကားလဲအရှေ့ကိုယိမ်းယိုင်သွားပြီးခြယ်နှင့်လက်ရုံးလဲဟန်ချက်ပျက်သွားသည်။
ထိုသို့လမ်းကြားထဲမှမဆင်မခြင်မောင်းထွက်လာသောကားသမားကိုလက်ရုံးပေါက်ကွဲကာ
စတီယာရင်ကိုလက်ဖျံဖြင့်ရိုက်ချ၍ ကားဟွန်းကိုအဆက်မပြတ်ဆောင့်တီးချကာ ပါးစပ်မှလဲဆဲရေးနေလေသည်။ဒီမျှနှင့်မေကျနပ်ေသးပဲကားမှန်ကိုတစ်ဝက်ခန့်ချ၍ လက်ကိုအပြင်သ်ို့ထုတ်၍တဖက်ကားသမားကိုလက်ခလယ်ထောင်ပြလိုက်ေသးသည်။ဟိုဘက်ကလဲမမြင်ပဲမေနေပမယ့် သူတို့အမှားဖြစ်နေ၍ ဘာမှဆင်းပြောမနေတော့ပဲဆက်မောင်းသွားလေသည် ။သူ့၏အဆက်မပြတ်ဟွန်းတီးဆူညံသံကြောင့်ခြယ်ရင်တုန်ပန်းတုန်ရှိလှကာ ရင်ဘက်လေးကိုလက်နှင့်အသာဖိထားမိသည်။
"တော်..တော်ပါတော့ကိုးရယ် ဟိုကလဲမောင်းထွက်သွားပြီပဲစိတ်လျှော့ပါတော့နော်"
" *ီးထဲမှပဲ စောက်ချိုးကိုမပြေကြဘူး'
ခြယ့်ကိုမကျေနပ်၍ သူ့ဒေါသတွေကိုထိုအချိုးမပြေသောကားသမားဆီပုံချပစ်မှန်းခြယ်သဘောပေါက်သည်။
ခက်ထန်မာကြောနေသောသူ့အသံကြောင့်ခြယ်ဝမ်းနည်းမိသည်။သူ့ထံမှဆဲေရးသံများမကြားခဲ့ရသည်မှာကြာလှေလပြီ။
သိမ်မွေ့သည့်လက်ရုံးသုခနှင့်အသားကျနေပြီဖြစ်၍ ကြမ်းတမ်းသောလက်ရုံးအသွင်ကိုပြန်လည်မြင်ရတော့ခြယ်စိုးထိတ်နေမိသည်။အရက်နံ့တထောင်းထောင်းနှင့် လူရမ်းကားလက်ရုံးသုခကိုသူပြန်ခေါ်လာမိပြီလား။
***
"ပြော ပြော ငါ့ကိုရှင်းပြ"
ကွန်ဒိုထဲဝင်ပြီးပြီးချင်းပင်ခြယ့်ပုခုံးကိုင်လူပ်ပြီး လက်ရုံးမေးလိုက်သည်။
လက်ရုံးအော်ဟစ်မပြောသေးပဲ ဒေါသလေသံလောက်ဖြင့်သာပြောနေခြင်းဖြစ်သော်လဲ အသံလုံသောကွန်ဒိုခန်းထဲတွင်လက်ရုံး၏အသံသည်ဟိန်းထွက်နေလေသည်။
ခြယ် အတိတ်တို့ကိုပြန်ခေါ်ဆောင်ရန်မျက်လုံးအစုံအားမှိတ်လျက်
Advertisement
- In Serial10 Chapters
Rise To Glory
This is the story of a bastard son of a king, unable to produce Soul Force, he became the laughing stock of his Kingdom and died a tragic death.Legends do not create themselves, men become legends and create it themselves -Mars
8 176 - In Serial12 Chapters
A-Zero
Prisoner 145 is a high-risk criminal kept at the world renowned prison complex Militant Base Prison Zexar aka MBPZ. Due to the numerous, horrendous crimes he had committed before arriving at the prison, it was assumed that Prisoner 145 would be sentenced to death. In the meantime, the King of Zeria, suddenly thought of an ingenious plan to expand Zerian territory without incurring the wrath of surrounding countries. This plan just happened to involve sending the most dangerous of criminals into the world. In a wicked twist of fate Prisoner 145 is released back into the world after ten years of solitary confinement as a part of this plan. How will he adapt to a world he has never seen? Who will still remember him? Does he even remember himself after all this time? I'm completely rewriting it. Cause I'm upping the quality. So uh, yeah. UPDATE: As suggested, old chapters (1-19) have been removed from RRL. If you feel like reading it, then visit my wordpress site: https://aspiringnewbie.wordpress.com/ For more information on this change go to my blog post: https://aspiringnewbie.wordpress.com/2016/03/19/welp-im-sorry-but-im-back/ Updates are super slow. Be Warned.
8 151 - In Serial9 Chapters
The Story of JP Starwind, Part 1: A Hole in Heaven's Eye
500 years after the Great Exodus, tucked away in an obscure galaxy where mankind can mend itself in peace, JP Sol Starwind and Danther Minth run from an outstanding gambling debt. But debt is a wolfhound and its owner, Khal Dowin, is a hunter. And, after seven years of running, they have finally been found... or have they?
8 211 - In Serial14 Chapters
"God's" Door
"What is an outcast?" A simple question, but a deeper meaning is dropped on Lance conner's shoulder. The world is filled what people with amazing abilities, and yet he lays near the bottom for the simple reason of "lacking God". They would be correct. The pathway to "God" never came to Lance. No instead the path of a "heritic" is wide open for him. What kind of future awaits a man "abandoned by god"? One could only wonder what kind of hell a person like that can take. No is that person even human, not knowing the power of "god"? Do you wonder? Does your curiosity burn to know? If so, take a peek. Just a small glance, and wonder the single question. "What is an outcast?" and, if even more so, wonder if you should hate another for a single difference or not.
8 60 - In Serial6 Chapters
[BHTT][QT] Nương tử giá đáo - Phúc Khí Ngận Đại
Văn án:Tám tuổi Vũ Văn Thanh thay thế ca ca cưới hạ tẩu tẩu, không ngờ đến Đông Phương Lam hồng khăn voan không thiên vị bị gió thổi ở nàng trên đầu...Nội dung nhãn: cải trang, luyến caMấu chốt tự: Vũ Văn Thanh, Đông Phương LamWords (QT): ~ 365473Văn kết thúc: 04-2014Văn chương tích phân: 24,581,302Nguồn: https://wtulip01.wordpress.com/2014/12/15/nuong-tu-gia-dao-phuc-khi-ngan-dai/
8 101 - In Serial49 Chapters
Friends with the King of the Underworld | Book 1
Emylin is a human. Her best friend, Damien, is not. He's the mysterious, handsome King of the Underworld. A social outcast, shunned by her peers, Emmy never felt like she belonged. She'd lose her mind if it wasn't for Damien. Damien is the ruthless, other-worldly ruler of the Dark Faerie Kingdom. Meeting as children, they have had an unlikely friendship that is kept secret from everyone in both worlds. Fearing an uprising after his father's untimely death, the newly crowned King Damien must find a Queen quickly before the next Blood Moon. He sets his eyes on Leah, Emmy's classmate and bully, as the ideal candidate. Emmy must now play matchmaker for her life-long best friend in order to save a secret, ancient kingdom mankind has never known existed. She also has to juggle Damien's crazy requests (like setting up his dates), Leah in her new life, work, her own college workload and the unraveling of a secret murderous plot that will endanger Damien and Emmy herself. No one ever said being friends with the King of the Underworld was easy.The Underworld Series #1Fiction Awards 2019 Best Fantasy WinnerWatty's 2018 LonglistSecond Place @CommunityHub Award 2019- FantasyWattpad Featured StoryHighest Ranking #3 in Fantasy [4/29/18]#4 in Fantasy [2/17/18]#5 in Fantasy [1/30/18]#11 in ParanormalEdited by: @jgfairytalesCover by: @_luvlee_If you are reading this story on any other platform other than Wattpad you are very likely to be at risk of a malware attack. If you wish to read this story in its original, safe form, please go to Wattpad.
8 75

