《Devil Husband》37
Advertisement
"မငိုပါနဲ့မြခြယ် မင်းမငိုပါနဲ့ ကိုးမင်းကိုဘာမှမလုပ်ပါဘူး"
ဒေါသစိတ်ကြောင့် အပြစ်မဲ့တဲ့နံရံကိုစိတ်ရှိလက်ရှိထိုးနှက်နေရာမှ ခြယ့်ရိူက်သံလေးထွက်ပေါ်လာ၍လက်ရုံးအသိစိတ်ပြန်ကပ်သွားသည်။
နံရံကိုလက်သီးဖြင့်ထိုးနှက်နေရာမှရပ်တန့်လိုက်ပြီး ခြယ့်ထံအကြည့်ရောက်သွားသည်။
ရုတ်တရပ်ရိူက်ကြီးတငင်စတင်ငိုကြွေးသော
ခြယ့်ကြောင့်လက်ရုံး၏ဒေါသများကြက်ပျောက်ငှက်ပျောက် လွင့်ပျံသွားသလိုပင်။
"မငိုနဲ့လို့ မြခြယ်"
"ဟင့် ဟင့် အဟင့်"
"မငိုနဲ့ကိုးမကြိုက်ဘူး!!!
ခြယ့်ငိုသံရပ်မသွား၍ လက်ရုံးအနည်းငယ်လေသံမြှင့်ပြီးအမိန့်ပေးလိုက်မိရာ ခြယ်ကပိုတိုး၍ငိုလေသည်။မျက်ဝန်းအိမ်မှ မျက်ရည်ပေါက်ကြီးငယ်များအဆက်မပြတ်လိမ့်ဆင်းရင်းခြယ်သည်ရိူက်ကာရိူက်ကာဝမ်းနည်းပက်လက်ငိုနေလေသည်။ငိုနေရသောကြောင့် မျက်နှာတစ်ခုလုံးနီရဲလာပြီး နှာခေါင်းထိပ်ဖျားလေးဆိုရဲတွတ်လာလေသည်။
"အီးဟီး အဟင့်ဟင့် ဟီးဟင့် ဟင့်"
"ဪ မြခြယ်ရယ် မငိုပါနဲ့ဆိုကွယ်"
ခြယ်အငိုတိတ်သွားစေရန် သူချော့မိကာမှခြယ်ကပိုတိုး၍ပင်ငိုလာ၍လက်ရုံးမှာဘာလုပ်လို့လုပ်ရမှန်းမသိတော့။လက်ရုံးကလေးသိပ်ချစ်ပေမယ့်ကလေးငိုတာကိုတော့သေဘာသိပ်မကျပေ။အငိုသန်တဲ့ကလေးတွေဆိုလက်ရုံးပို၍မချစ်။
ကလေးငိုလျှင်လဲေချာ့ရတာစိတ်မရှည်၍ချော့မတတ်ေပ။မည်သူတစ်ဦးတစ်ယောက်ကိုမှလက်ရုံးစိတ်ရှည်လက်ရှည်မချော့ခဲ့ဖူး။
သို့သော် သူ့မျက်စိရှေ့တွင်ခြယ်ငိုနေတာမြင်ရတော့လဲခြယ့်မျက်ရည်တွေကိုသူမမြင်လို၍ ခြယ်အငိုတိတ်စေရန်ကြိုးစားပမ်းစားချော့နေလေသည်။
ဟိုးအရင်ချိန်များထဲကခြယ့်မျက်ဝန်းအိမ်ကမျက်ရည်အများစုကသူ့ကြောင့်ဖြစ်ပေါ်လာခဲ့ရသည်။တလျှောက်လုံး ခြယ့်ကိုစိတ်ဒုက္ခပေးကာ အမျိုးမျိုးမျက်ရည်ကျရအောင်လုပ်ကာ ခြယ့်မျက်ရည်တွေကိုသူအရသာခံကြည့်ဖူးသည်။တလျှောက်လုံး သူ့ကြောင့်ခြယ်မျက်ရည်ကျခဲ့ရတာများြပီမလို့ သူ့ကြောင့်ခြယ်မငိုရစေရန်သူအစွမ်းကုန်ကြိုးစားခဲ့သည်။ယခုတဖန် သူ့ကြောင့်ခြယ်မျက်ရည်ထပ်ကျရပြန်၍လက်ရုံးကိုယ့်ကိုကိုယ်သတ်ပစ်ချင်မိသွားသည်။
**မင်းကိုဘယ်တော့မှမျက်ရည်ကျရအောင်ထပ်မလုပ်တော့ဘူးလို့ သံဓိဌာန်ချထားခဲ့တာ**
"မငိုပါနဲ့တော့နော် ကိုယ်တောင်းပန်ပါတယ်"
လက်ရုံး ခြယ့်ပုခုံးနှစ်ဖက်အားအယာယာဆုပ်ကိုင်လျက်သူ့ကိုမျက်နှာချင်းဆိုင်စေသည်။
ခြယ့်ပါးပြင်ပေါ်ကမျက်ရည်များကိုသုတ်ပေးရန်လက်ရံုးကြိုးစားသော်လဲ ခြယ်ကလက်ရုံး၏လက်ကိုတွန်းဖယ်လိုက်သည်။ထို့နောက် လက်ရုံးမျက်နှာကိုမကြည့်လို၍ တစ်ဖက်သို့မျက်နှာလွှဲကာကျောခိုင်းသွားလေသည်။
"ဟာ မြခြယ်..
"...."
ခြယ်သူ့ကိုကျောခိုင်းသွားကာအိပ်ခန်းရှိရာသို့ခြေလှမ်းကျဲများဖြင့်လျှောက်လှမ်းသွားလေသည်။လက်ရုံး ခြယ့်နောက်မှလိုက်ကာခြယ့်ကိုနောက်ေကျာမှတင်းကြပ်ေနေအာင်သိုင်းဖက်လိုက်ကာ ခြယ့်ကိုရင်ခွင်ထဲဆွဲဖက်ထားလိုက်လေသည်။
"ကိုးပြောမယ် တောင်းပန်ပါတယ်လို့ မင်းကိုဝမ်းနည်းအောင်လုပ်မိလို့တောင်းပန်ပါတယ် ဒီအခြေအနေကြီးကိုကိုးလက်မခံနိူင်ဖြစ်သွားလို့ပါ ကိုးလဲဒီအခြေအနေကြောင့်တုန်လူပ်သွားလို့နည်းနည်းလေးစိတ်အခြေအနေတင်းမာသွားမိတာပါ မင်းဝမ်းနည်းသလိုကိုးလဲဝမ်းနည်းနေရတာပါ မင်းကလေးမရနိူင်လို့ဒေါသထွက်ရတာမဟုတ်ရပါဘူး မင်းကဒီလိုကိစ္စကိုကိုယ့်ကိုမပြောပြလို့ဝမ်းနည်းမိတာပါ အဲ့တာကိုဒေါထွက်မိတာပါ မင်းမှာသားအိမ်မရှိတာကိုကိုယ်အပြစ်တင်တာမဟုတ်ရပါဘူး ဒါကြောင့် မငိုပါနဲ့တော့နော် တောင်းပန်ပါတယ်"
"ကိုးငါ့ကိုဒေါသထွက်ပြီးရိုက်နှက်ပစ်ချင်နေတာမလား ငါသိပါတယ် ငါကကိုးအတွက်ကလေးတယောက်တောင်မမွေးပေးနိူင်တဲ့မြံုေနတဲ့မိန်းမလေ ငါ့ကိုစိတ်တိုရင်လဲခံရမာပဲ ငါကမှကိုးရဲ့ဆန္ဒကိုမဖြည့်ဆည်းပေးနိူင်တာ ဟင့် ဟင့်"
"တောင်းပန်ပါတယ်လို့အဲ့လိုအတွေးတွေဝင်စေခဲ့လို့တောင်းပန်ပါတယ်လို့"
လက်ရုံးခြယ့်ကိုနောက်ကျောမှသိုင်းဖက်ထားရင်းနှင့်ပင် တောင်းပန်ပါတယ်ဟူသောစကားကိုသာတဖွဖွပြောနေမိသည်။
ဒီအချိန်မှာ သူခြယ့်ကိုဘယ်လိုချော့မော့နှစ်သိမ့်ရမလဲစဉ်းစားမရသေး။ထပ်ခါတလဲလဲသာတောင်းပန်စကားပြောနေမိသည်။
"ဟင့် ကိုးကအဲ့တောင်းပန်ပါတယ်ပဲပြောနေတော့မာလား ဟင့် ကိုးအဲ့လိုကြီးပြောနေတော့ငါကပိုမျက်နှာပူရတယ် အီးဟီးး တကယ်တောင်းပန်ရမာကငါလေဟာ တောင်းပန်ပါတယ်ပဲထပ်တလဲလဲပြောပြီးငါ့ကိုရွဲ့နေတာလား အား အဟင့်"
ပြောရင်းနှင့် သူ့ကိုဖက်တွယ်ထားသည့်လက်ရုံးလက်တွေကိုဖြုတ်ချဖို့ခြယ်ကြိုးစားလေတော့ လက်ရုံးကလွှတ်မပေးသည့်အပြင်ပို၍ပင်တိုး၍ဖက်ထားလိုက်သေးသည်။
"မဟုတ်ရပါဘူး ကိုးမရွဲ့ရပါဘူး မင်းမှာဘာတောင်းပန်စရာမှမလိုဘူး မင်းမှာအမှားမရှိဘူး...
"ဒါပေမဲ့ ငါကချို့ယွင်းနေတာလေ ကိုးရာ..."
"ဟင့်အင်း မင်းကဘာမှမချို့ယွင်းဘူး မချို့ယွင်းဘူးလို့ ကလေးမမွေးနိူင်တာနဲ့ပဲမင်းကချို့ယွင်းသွားတာမဟုတ်ဘူး မင်းကပြီးပြည့်စုံတယ်ကိုယ့်အတွက် ဟုတ်တယ် ကိုယ်ကလေးအရမ်းလိုချင်တာဟုတ်တယ် ကိုယ်ရယ်မင်းရယ်ကိုယ်တို့ကလေးေလးရယ်ဆိုပြီးစိတ်ကူးထားတာတွေအများကြီး မင်းမှတ်မိလား ကိုယ်တို့နှစ်ယောက်လုံးကသားလေးလိုချင်ကြတာလေ ဒါပေမဲ့သူတယောက်ထဲဆိုအထီးကျန်နေရမာဆိုးလို့သူ့အတွက်သူကာကွယ်ေပးရမဲ့ညီမလေးတယောက်လဲထပ်မွေးကြမယ်လို့ကိုယ်တို့အများကြီးစိတ်ကူးယဉ်ခဲ့ကြဖူးတာနော် ဒါပေမဲ့ အခုကလေ...
ပြောရင်းနှင့်လက်ရုံးလေသံသည်တဖြည်းဖြည်းတုန်ရင်လာပြီးတိမ်ဝင်သွားကာငိုသံေပါက်လာလေသည်။ယောကျာ်းဟူသည့်မာန်နှင့်အားတင်းထားကာလက်ရုံး တုန်ရင်နေသည့်လေသံပျောက်သွားစေရန်ချောင်းတချက်ဟန့်လိုက်သည်။
"အဟမ်းး အခုကလေ ကိုယ်တို့ကလေးမရနိူင်တော့လဲဘယ်တတ်နိူင်ပါ့မလဲ ကိုယ်တို့နှစ်ယောက်ထဲလဲပျော်နေကြတာပဲလေ အိမ်ေထာင်ေရးတခုမှာမရှိမဖြစ်ကလေးရှိမှပျော်ရမာမှမဟုတ်တာ အကောင်းဘက်ကကြည့်ရင်လေ ကလေးေတွရလာရင်လေကိုးကသူတို့ကိုအချစ်တွေခွဲပေးရအုန်းမှာ အဲ့ခါကျရင်မင်းအတွက်အချစ်တွေလျော့သွားရင်ဘယ်လိုလုပ်မာလဲ မင်းအတွက်အချစ်တွေကိုလေဘယ်သူ့ဆီကိုမှမခွဲပေးချင်ဘူး အဲ့တာကြောင့်ကလေးလဲမလိုအပ်ဘူး ကိုယ်တို့နှစ်ယောက်ထဲပဲ ကိုယ်တို့နှစ်ယောက်ဆိုရင်လုံလောက်ပြီ"
"ကိုးမလိမ်ပါနဲ့ ကိုးငါ့ကိုလာလိမ်မနေနဲ့ လွန်ခဲ့တဲ့2နာရီကအထိကလေးလိုချင်နေတဲ့ကိုးကအခုမှကလေးမရှိလဲရတယ်ဆိုတာကို ငါ့ကိုယုံခိုင်းနေတာလား ငါငတုံးမဟုတ်ပါဘူးကိုးရာ ငါဒီလောက်တော့နားလည်ပါသေးတယ် ဟင့်"
ဖမ်းချုပ်ထားသောလက်ရုံးလက်များထဲမှခြယ်ရုန်းထွက်ရန်ကြိုးစားလိုက်သည်။ဒီတစ်ကြိမ်တွင်တော့ရုံးဆွဲမထားတော့ပဲခြယ့်ကိုဖက်တွယ်ထားသည့်လက်များကိုဖြေလျှော့ပေးလိုက်သည်။လက်ရုံးဒီအခြေအနေကိုဘယ်လိုေဖြရှင်းရမလဲမသိတော့။ဒါအိမ်မက်တခုဆိုရင်အမြန်ဆုံးနိုးထလာပါတော့။
လက်ရုံးလက်မှလွတ်ထွက်သွားသည်နှင့်ခြယ်အိပ်ခန်းထဲသို့အမြန်ဝင်ရောက်ကာ ဗီရိုအတွင်းမှာရှိသည့်သူ့အဝတ်စားများအားဆွဲထုတ်ကာကုတင်ပေါ်သို့ပစ်ချလိုက်သည်။
အခန်းထောင့်မှာထောင်ထားသည့်ခရီးဆောင်သေတ္တာကိုဆွဲယူလာလိုက်ပြီး ခြယ်သူ့အဝတ်များကိုသေတ္တာထဲထည့်နေလေသည်။
လက်ရုံးအိပ်ခန်းထဲသို့လိုက်ဝင်လာပြီးခြယ့်အပြုအမူကိုမြင်တွေ့လိုက်ပြီးထိတ်လန့်သွားသည်။
"မြခြယ် မင်းဒါဘာလုပ်တာလဲလို့ ဘယ်ကိုသွားမလို့လဲ"
လက်ရုံး ခြယ့်လက်ထဲမှအဝတ်များကိုဆွဲယူပစ်ကာ ခရီးဆောင်သေတ္တာကိုကုတင်တစ်ဖက်ကြမ်းပြင်သို့လှမ်းပစ်ချလိုက်သည်။
အပြစ်မဲ့သောသေတ္တာသည်ကြမ်းပေါ်သို့ဝုန်းခနဲပစ်ကျသွားလေသည်။သေတ္တာကြမ်းပေါ်သို့ဝုန်းခနဲကျသွားသည့်အသံကြောင့်ခြယ့်မှာလန့်ဖျန့်သွားရသည်။ရုတ်တရတ်ဆန်စွာပြုမူလိုက်သည့်လက်ရုံးအပြုမူကိုသူနားမလည်။
"ကိုး ဒါဘာလုပ်တာလဲ"
"ဒါကကိုးပြောရမယ့်စကားပါမင်းဒါဘာလုပ်နေတာလဲ ဘယ်သွားမလို့လဲ"
"ငါထွက်သွားပေးပါ့မယ်"
"ဘာ????
လက်ရုံး ထိုအာမေဋိတ်တစ်လုံးကိုလေသံပြင်းပြင်းဖြင့်ပြောမိသွားသည်။ပြီးမှ ခြယ်ကသူလေသံကျယ်ရင်ကြောက်တတ်ပြီးဝမ်းနည်းတတ်သည်ကိုသတိရသွားတော့သူလေသံပြန်ထိန်းကာ
"မင်းကိုဘယ်သူကသွားခိုင်းလဲ"
"ငါကကိုးနဲ့မတန်ဘူးဒါကြောင့် ကိုးအသစ်တယောက်ရှာလိုက်ပါ ငါ့လိုမဟုတ်ပဲကိုးရဲ့ရင်သွေးမွေးပေးနိူင်တဲ့သူပေါ့ ကိုးသူ့ကိုလက်ထပ်လိုက်ပါ ငါထွက်သွားပေးမယ် ကိုးမိဘတွေကိုလဲငါဘယ်လိုမျက်နှာပြမလဲသူတို့သားရဲ့မျိုးဆက်ကိုငါမမွေးပေးနိူင်တာမလို့မလို့ တချိန်ကိုးလဲငါ့ကိုစိတ်ကုန်ပြီးပစ်သွားမှာပဲလေ ဒါကြောင့်ငါ့ဘာသာငါထွက်သွားပါရစေ"
ခြယ့်စကားများကြောင့်လက်ရုံးမှာငိုအားထက်ရယ်အားသန်သွားသည်။ခြယ်ဘယ်လိုေတာင်တွေးနေလို့သူနောက်အိမ်ထောင်ပြုတာတွေအထိပါအတွေးရောက်ကုန်တာလဲ။လက်ရုံး ထိုသို့တွေးမိပြန်တော့လဲခြယ့်ကိုသနားချစ်ပိုရပြန်သည်။ဒီကောင်မလေးသည်ညဏ်ကောင်းမလိုလိုနဲ့တကယ့်ငတုံးမလေး။
"ဟုတ်လား ကိုယ်ကဘယ်သူ့ကိုလက်ထက်ရမာတုန်း"
"မသိဘူးလေ တယောက်ယောက်ပေါ့"
"မင်းကိုယ့်ကိုဒီလောက်တောင်မယုံကြည်ဘူးလား ကိုယ်ကမင်းကလေးမမွေးနိူင်တာနဲ့ပဲမင်းကိုကွာပစ်ပြီး နောက်အိမ်ထောင်ပြုပစ်မယ့်ကောင်လို့မင်းသတ်မှတ်တယ်ပေါ့လေ ...ဘာလို့လဲ ဘာလို့ကိုယ်ကမင်းကိုထားခဲ့ရမာလဲ မင်းမရှိရင်ရူးရင်ရူး မရူးရင်သေမယ့်ကောင်ကိုမင်းချန်ထားရက်မယ်ပေါ့လေ"
"မင်းကိုလေချစ်လွန်းကြိုက်လွန်းလို့မရရအောင်အတင်းသိမ်းယူခဲ့ရတာ မင်းကိုဒီလောက်ခက်ခက်ခဲခဲရအောင်ယူထားရတာ ကိုယ်ကမင်းကိုချစ်လို့ယူခဲ့တာ ကလေးမွေးဖို့မဟုတ်ဘူး မင်းကကလေးမွေးစက်မဟုတ်ဘူး မင်းကိုဒီကောင်ကချစ်လို့ယူထားတာ ငါ့မိန်းမကလွဲရင်ဘယ်မိန်းမကိုမှလဲအတည်ယူဖို့စဉ်းစားခဲ့ဖူးတာမဟုတ်ဘူးကိုယ်အတည်ယူထားတဲ့မင်းကကိုယ့်ကိုစွန့်ခွာသွားဖို့မကြိုးစားပါနဲ့ ဒီကောင်ကမင်း
တယောက်ကိုပဲေသေလာက်ေအာင်ချစ်ခဲ့ဖူးတာမလို့တခြားဘယ်ကောင်မကိုမှမယူဘူးလို့"
လက်ရုံးပြောရင်းဖြင့်ခြယ့်ကိုယ်လေးအားရင်ခွင်ထဲဆွဲသွင်းလိုက်သည်။ခြယ့်ကိုရင်ခွင်ထဲဆွဲသွင်းပြီးခြယ့်နဖူးလေးအားအဆက်မပြတ်နမ်းရင်းလက်ခံုဖြင့်ခြယ့်မျက်ရည်များကိုအယာယာသုတ်ပေးလေသည်။
"ဘယ်လိုများတွေးလိုက်ရတာတုန်းကလေးလေးရယ် ကိုယ်ကထားသွားမယ်လို့ဘယ်လိုတောင်တွေးမိရတာလဲ ကလေးမရနိူင်တာနဲ့ကိုးကမင်းကိုပစ်သွားမယ်တဲ့လား လျှောက်မတွေးနဲ့ ကိုယ်ကဘယ်ေတာ့မှထားခဲ့မှာမဟုတ်လို့ကိုယ့်ကိုစွန့်ခွာသွားဖို့လဲယောင်လို့ေတာင်မတွေးပါနဲ့
မင်းကကိုယ့်အပိုင် ဘယ်တော့မှကိုယ့်အနားကထွက်သွားဖို့မတွေးနဲ့"
"ကိုယ့်အနားမှာနေပါ ကိုယ့်တယောက်ထဲကိုပဲကြည့်ပေးပါ ရှေ့လျှောက်ကိုယ့်တစ်မျက်နှာကိုပဲကြည့်သွားပေးပါ ကိုယ်တယောက်လုံးရှိတာမလို့ဘယ်သူ့ကိုမှစောက်ဂရုစိုက်စရာမလိုဘူး ကြားလား မင်းဘက်မှာမင်းလင်ကိုယ်တယောက်လုံးရှိတယ်လို့ကိုယ့်အနားမှာပဲနေပြီးကိုယ့်ကိုပဲချစ်ေနေပးပါ ကြင်နာပေးပါ ဒါဆိုရင်ရပြီမလို့ ကိုယ့်ကိုမထားခဲ့ပါနဲ့နော် ထိုင်ရှိခိုးဆိုလဲရှိခိုးမာမလို့ငါထွက်သွားပေးမယ်ဆိုတာမျိုးကိုနောက်ယောင်လို့တောင်မပြောပါနဲ့နော်"
"အင်းပါ"
"နော် ကိုးစကားကိုနားထောင်ပေးပါ"
"ဟုတ်ကဲ့ပါ"
အငိုရပ်သွားကာ မျက်ရည်များရစ်ဝဲနေေသး
သည့်မျက်လုံးလေးများနှင့်သူ့ကိုစိုက်ကြည့်ကာ စိတ်မရှည်သလိုခပ်ပြတ်ပြတ်ပြန်ဖြေလာသည့်ခြယ့်ကြောင့်လက်ရုံးမှာအချစ်ပိုရပြန်သည်။
ငိုထားရ၍မျက်နှာလေးကခရမ်းချဥ်သီးေလးလိုနီရဲနေပြီး နှာေခါင်းထိပ် နာရွက်ထိပ်လေးတွေဆိုနီတာရဲလေးတွေဖြစ်ေနသည်။ခြယ်အငိုတိတ်သွား၍လက်ရုံးမှာစိတ်ချမ်းသာသွားရသည်။
"နောက်ဆိုအဲ့လိုမငိုပါနဲ့ မင်းငိုေနတာမြင်ရရင်ကိုးဆယ်နှစ်လောက်အသက်တိုတယ်"
ထိုစကားကြောင့်ခြယ့်ကတင်ကျန်နေသေးသည့်မျက်ရည်စလေးများအားလက်ဖြင့်ဖိသုတ်ပစ်လိုက်သည်။
"ကိုးကိုနမ်း"
"အင်း"
ခြယ် လက်ရုံး၏လည်တိုင်အားဖက်တွယ်လိုက်ကာသူနှင့်အနီးကိုဆွဲယူလိုက်ပြီး ပထမဦးစွာလက်ရုံး၏နူတ်ခမ်းသားများကိုလျှာဖြင့်အရင်သပ်လိုက်သည်။
လက်ရုံး၏နူတ်ခမ်းသားတို့အားတလွှာချင်းမက်မက်ေမာေမာစုပ်ယူရင်း လက်ရုံး၏အောက်
နူတ်ခမ်းအားလဲဖိကိုက်လိုက်သည်။
ခြယ်၏သွားစွယ်ချွန်ချွန်လေးဖြင့်ဖိကိုက်ထား၍နာကျင်မူကိုလက်ရုံးခံစားမိသော်လဲ
ခြယ့်၏ဦးဆောင်မူအောက်မှာကြည်ဖြူစွာလိုက်ပါလျက်ရှိသည်။
ခြယ်လက်ရုံး၏လည်တိုက်အားတွယ်ဖက်ထားပြီးစိတ်တိုင်းကျလက်ရုံး၏နူတ်ခမ်းသားတို့အားစုပ်ယူနမ်းရိူက်လျက်ရှိသည်။
ခြယ့်၏ဦးဆောင်အနမ်းအောက်မှာ လက်ရုံးလဲေခြေထာက်နှင့်ေမြကြီးလွတ်ထွက်သလားမှတ်ရေအာင်လေပေါ်မှာလွင့်နေသည့်ခံစားချက်မျိုးနှင့်မိန်းမောလျက်ရှိသည်။ခြယ့်အနမ်းကြောင့်တစ်ကိုယ်လုံးရှိသွေးများထူပူသွားသလိုပင်။
ထို့ေနာက်လက်ရုံး၏နူတ်ခမ်းသားများကို
ဖြတ်ေကျာ်၍လက်ရံုးဧ။်အာခံတွင်းထဲသို့ခြယ်သူ့ဧ။်လျှာကိုအလည်အပတ်ပို့ပြီး လက်များမှလဲလက်ရုံး၏လည်တိုင်ကိုပွတ်သပ်ကိုင်တွယ်ကာ လက်ရုံး၏ဆံပင်များကြားထဲသို့သူ့လက်ချောင်းလေးများအားထိုးသွင်းကာထိုးဖွဆော့ကစားပြန်သည်။
ခြယ် လက်ရုံး၏သွားဖုံးနှင့်သွားများပါမကျန်လိုက်လံစုပ်ယူရင်းအနမ်းကြမ်းများကိုဖန်တီးနေလေသည်။နှစ်ေယာက်သားမက်မက်ေမာေမာနမ်းရိူက်ေနကြပြီးမှ အောက်ဆီဂျင်လိုအပ်လာပြီဟုခံစားမိလာမှ ဂဟေဆက်နေသည့်သူနှင့်လက်ရုံး၏နူတ်ခမ်းသားတို့အားခြယ်ခွဲခွာလိုက်သည်။နူတ်ခမ်းနှစ်စုံခွဲခွာပြီးမှ လက်ရုံးကကျေနပ်အားရသွားသည့်ဟန်နှင့်ပြုံးစစမျက်နှာပေးဖြင့်
"ကိုယ့်ကလေးလေးကအတော်ဆုံးပဲ"
လက်ရုံး ခြယ့်၏ခေါင်းေလးအားဖွဖွလေးပွတ်သပ်လျက်ဆိုလိုက်သည်။ခြယ်ကတော့ ခုနကလက်ရုံးစကားကိုတသွေမတိမ်းနားထောင်ကာစိတ်ရှိလက်ရှိဦးဆောင်နမ်းခဲ့သည်ကသူမဟုတ်သလိုရှိုးတိုးရှန့်တန်းဖြစ်နေလေသည်။
"ကိုးနူတ်ခမ်းေတွကေလအမြဲတမ်းဆေးလိပ်အနံ့လိုမျိုး ဆေးလိပ်အရသာလိုမျိုးရတယ်"
"အင်းပေါ့ ကိုးကဆေးလိပ်သောက်တာကိုးကွ ဆေးလိပ်နံ့တွေစွဲေနမာေပါ့ဘာလို့လဲ မကြိုက်ဘူးလား"
"သဘောကျတယ်"
ခြယ့်အဖြေကြောင့်လက်ရုံးမှာသဘောကျစွာပြုံးရင်း ကိုယ့်နူတ်ခမ်းကိုလက်ညိုးနှင့်အသာယာပြန်ထိတွေ့ကြည့်မိသည်။
"ဒီဆေးလိပ်နံ့စွဲနေတဲ့နူတ်ခမ်းတွေက
မင်းတေယာက်ထဲအပိုင်လေ ဒါကြောင့်ဒီနူတ်ခမ်းေလးတွေကိုနောက်တခေါက်ထပ်မနမ်းချင်ဘူးလားဟင်"
ခြယ်ေခါင်းညိမ့်ပြလျက်ခွင့်ပြုချက်ပေးလိုက်ပြီး တဖန်လက်ရုံးလည်တိုင်ကိုဖက်တွယ်လိုက်ပြန်သည်။ဒီတကြိမ်တွင်တော့လက်ရုံးကသူ့လည်တိုင်ကိုဖက်တွယ်လာသည့်ခြယ့်ကိုပြန်လည်ဆွဲဖက်လိုက်ပြီး ခြယ့်ကိုချိုင်းေအာက်မှမချီလိုက်ကာ ခြယ့်ခြေထောက်နှစ်ဖက်အားသူ့၏ခါးတွင်ချိတ်စေလိုက်သည်။
သူ့ကိုရုတ်တရတ်ဆွဲချီမလိုက်သည့်လက်ရုံးကြောင့်ခြယ့်မှာလက်ရုံးလည်တိုင်ကိုပိုမိုတွယ်ဖက်မိလျက်သားဖြစ်သွားပြီး ခြေနှစ်ဖက်ကလဲလက်ရုံးကိုယ်၌မြဲနေအောင်ချိတ်လျက်သားဖြစ်သွားသည်။ဤအနေအထားကြောင့်သူတို့နှစ်ဦး၏ခန္ဓာကိုယ်နှစ်ခုပိုမိုပူးကပ်သွားရပြီး တယောက်နှလုံးခုန်သံတယောက်ကြားရသည့်အကွာအေဝးတွင်ရှိသွားသည်။
"ငါကလေကိုးကိုပိုးစိုးပက်စက်ချစ်တာသိလား ဟီး"
"ကိုးကလဲမင်းကိုသေလောက်အောင်ချစ်တာပါဗျား"
နားနားကပ်ပြောလာသည့်ခြယ့်စကားသံလေးကြောင့်လက်ရုံးမှာတော့ရင်ခုန်သံတဒိန်းဒိန်း။လက်ရုံး၏ရင်ခုန်သံစည်းချက်ကိုနားဆင်ရင်း
ခြယ့်သူ့နူတ်ခမ်းတို့အား လက်ရုံးနူတ်ခမ်းတို့နှင့်ပြန်လည်ဆုံတွေ့စေလိုက်ပြီး ခပ်ကြမ်းကြမ်းအနမ်းတို့အားထပ်မံစတင်လိုက်လေသည်။
****
"ရုံး ဖုန်းမကိုင်ဘူး ဒီကောင်လေးဘယ်လိုဖြစ်လို့နှစ်ရက်ဆက်တိုက်ခေါ်လိုက်တိုင်းဖုန်းစက်ပိတ်နေတာလဲ"
ဒေါ်ခင်သစ္စာ လက်ထဲရှိဖုန်းကိုတဖက်မှကားမောင်းနေသည့်ခင်ပွန်းသည်ထံသို့ထိုးပြပြီး လက်ရုံးဖုန်းစက်ပိတ်နေရသည့်အကြောင်းအရင်းကိုမကျေနပ်ကြောင်းပြောဆိုနေသည်။
"အင်းနော်ဘာဖြစ်တာလဲမသိဘူး"
"အဲ့တာပြောတာဘာလို့တချိန်လုံးဖုန်းစက်ပိတ်နေရတာလဲမသိဘူး Messenger မှာactiveမဖြစ်တာလဲတစ်ပတ်ကျော်နေပြီ"
"အမ်..ဟုတ်လား ကိုယ်တို့လက်ရုံးကတအားငြိမ်ကျသွားတယ်လို့မထင်ဘူးလားဟင် ထောင်ထဲရောက်ပြီးထဲကတအားငြိမ်သွားတာနော် အရင်တုန်းကဆိုကိုယ့်မှာတလကိုသုံးလေးခါလောက်ရုံးရောက်ဂတ်ရောက်သူ့ပြဿနာတွေရှင်းပေးနေရတာ ကြားထဲမင်းမသိအောင်ဖုံးကွယ်ပေးခဲ့ရတာတွေရှိသေးတယ်"
"မိန်းမရပြီးထဲကနည်းနည်းငြိမ်ကျသွားတာ"
သူ့စကားကြောင့်ဖြစ်သွားသည့်ဦးမြတ်သုခ၏မယုံသင်္ကာဖြင့်ဟုတ်လို့လားဆိုသည့်မျက်နှာပေးကြောင့် ခင်ပွန်းသည်အားခင်မကျေမနပ်စိုက်ကြည့်လိုက်သည်။
ထို့နောက်
"အဲ့ရုပ်ကဘာဖြစ်တာလဲ ကျွန်မသားရုံးကဘာဖြစ်လို့လဲ"
"လက်ရုံးမိန်းမရရချင်းတုန်းပိုတောင်ဆိုးလာသေးတာေလကွာ သူ့မိန်းမကိုရွဲ့ပြီးသူ့မိန်းမသဝန်တိုအောင်တွေ့ကရာမိန်းမေတွနဲ့ပတ်ရူပ် ဟိုကလဲအိမ်ထိတခြားမိန်းမပါလာတာတောင်ကျောက်ရုပ်လိုပဲဘာမှကိုရန်မရှာဘူး လက်ရုံးကတော်တော်ဆိုးတဲ့ကောင်ကွ သမီးခြယ်နေရာမှာတခြားမိန်းမသာဆိုရင်သူရောအဲ့ဒီမိန်းမရောအဲ့နေ့ထဲကဆေးရုံရောက်ရင်ရောက်မဟုတ်ရင်အသက်ပျောက်နေလောက်ပြီ ခြယ်ကအတော်အေးတာနော် အဲ့လိုမိန်းကလေးမျိုးဆီကတောင်အမုန်းခံရအောင်လုပ်နိူင်ခဲ့တာကိုယ်တို့သားက
Another Level ရောက်နေပြီ ခြယ်ကတလောကလုံးနဲ့တည့်တယ်လက်ရုံးနဲ့ဆိုရင်သာမတည့်တာ"
"ခြယ်ကမှသူ့ကိုမကြိုက်တာ အဲ့တာကိုအတင်းမရမရသွားယူတာကိုဟိုကဘယ်ကြည်ဖြူနိုင်ပါ့မလဲ"
ဒေါ်ခင်သစ္စာ လက်ရုံးနှင့်ခြယ်၏အရင်အကြောင်းများကိုပြန်လည်တွေးမိရင်းသက်ပြင်းချမိသွားသည်။ဟိုးအစထဲကကိုယ့်သားဘက်ကမိန်းကလေးကိုအကြိမ်ကြိမ်အနိူင်ယူခဲ့တာတွေကြီးပင်။ခြယ့်မှာလက်ရုံးကိုမိမိစိတ်ဆန္ဒမပါပဲလက်ထပ်ခဲ့ရသည်။အတင်းအဓမ္မလက်မထပ်လို့မဖြစ်တဲ့အခြေအနေမျိုးရအောင်လက်ရုံးဖန်တီးယူခဲ့ပြီး ခြယ့််ကိုအပိုင်သိမ်းယူခဲ့သည်။ဟိုမိန်းကလေးကသူ့ကိုဒီလောက်ခါးခါးသီးသီးဖြစ်နေတာတောင်လက်ရုံးမရရအောင်ကိုခြယ့်ကိုရအောင်ယူခဲ့သည်။
"အခုတော့လဲသူတို့မဟုတ်တော့သလိုပါပဲ တယောက်နဲ့တယောက်ချစ်လိုက်ခင်လိုက်ကြတာများနော်"
"ဒါနဲ့လေသိလား ကိုယ့်မှာလေသမီးခြယ့်ကိုမြင်ရတိုင်းမျက်နှာပူနေမိတယ် ငရုံးလိုကောင်ကိုခွင့်လွှတ်ပေးနိူင်တာအံ့ဩမဆုံးဘူး ခြယ်ကတော်ရုံမိန်းကလေးမဟုတ်ဘူးနော် တော်ရုံမိန်းကလေးဆိုသူ့ကိုသေလုမျောပါးရိုက်နှက်ထားတဲ့ဒီကောင်နဲ့ဘယ်လိုမှကိုအတူပြန်မနေရဲဘူး ဘယ်ချိန်ထဖောက်အုန်းမလဲဆိုပြီးသူ့လက်ကပြေးဖို့ပဲချောင်းနေမာ"
မြတ်စကားကြောင့်မြတ်ရောခင်ပါအသံထွက်ရယ်မောမိသွားကြသည်။
"ဟုတ်ပ့ တွေ့လားလူကြီးမင်း ခြယ်ကတော်ရုံမဟုတ်ပါဘူးဆို လက်ရုံးလိုကောင်ကိုသည်းခံ
နိူင်တာလဲသူပဲရှိတယ် လက်ရုံးလိုကောင်ကလေခြယ်နဲ့မှကိုဖြစ်မှာ
ဘုရားကလေ စိမ်းမြခြယ်ကိုေလခင်တို့သားအတွက်ဆိုပြီးဖန်ဆင်းပေးခဲ့တာ ခြယ်ကလက်ရုံးအတွက်ကိုမွေးဖွားလာတာ လက်ရုံးဘဝကိုလမ်းြပပေးဖို့ကောင်းကင်ဘုံကနေခြယ့်ကိုစေလွှတ်ခဲ့တာ ခြယ်ကလေအတောင်ပံလေးတွေနဲ့ကောင်းကင်ကနေပျံဆင်းလာတာ ခြယ်ကနတ်ပြည်ကလာတဲ့နတ်သမီးလေးမလို့နတ်သမီးလေးလိုလှနေတာ သိလား ကံကြမ္မာကခြယ်နဲ့လက်ရုံးကိုအတိကျကိုဆုံဆည်းပေးခဲ့တာ ဒါကြောင့်ခြယ်ဘယ်လောက်မုန်းမုန်းသူလက်ရုံးကိုလက်ထပ်ခဲ့ရတာလေ သူတို့ကြားကိုဘယ်သူကမှဝင်လို့မရဘူး သူတို့ကတယောက်အတွက်တယောက်တဖြစ်တည်နေတဲ့soulmateတွေ ဘုရားကတောင်ဖန်ဆင်းပေးခဲ့ရတဲ့ချစ်သူမျိုးတွေ"
"ဟ"
"လက်ရုံးကစန္ဒယားဆိုရင်ခြယ်ကစန္ဒယားရဲ့အမဲခလုတ်လေးတွေပဲ သူတို့နှစ်ယောက်နာမည်ကိုကံကြမ္မာကတွဲရေးထိုးပေးပြီးသား"
"ငါ့မိန်းမတော့ficအဖတ်များတာလား ကိုရီးယားကားအကြည့်လွန်သွားတာလားတခုခုပဲဟေ့"
"ဘယ်ကသာ ဒါရင်ထဲကလာတဲ့စကာလုံးတွေ ရင်ထဲကဖိတ်စဥ်ကျလာတာ"
"ဟုတ်ပါပြီကဗျာဆရာမေလးရယ် ကဗျာတွေစာတွေဆန်လွန်းလိုက်တာ စကားတွေတတ်နေတာ"
ဇနီးဖြစ်သူ၏တခမ်းတနားဖွဲ့ဆိုမူအရှည်ကြီးအောက်မှာမြတ်မှာအားရပါးရကိုထရယ်မိပါတော့သည်။
တကယ်ပါ သူ့မိန်းမဟာလေသူနဲ့သာဆိုရင်
တကယ့်ကိုကလေးလေးလိုပင်။ကျန်တဲ့လူတွေရှေ့မှာဘယ်လောက်ပဲဂုဏ်သရေရှိအမျိုးသမီးတယောက်ဖြစ်ေနေန မြတ်နဲ့ဆိုရင်တော့ကလေးတယောက်လိုပင်အဓိပ္ပာယ်မရှိသည့်ပေါက်ကရလေးဆယ်အကုန်ပြောပြီးပြောင်ချော်ချော်လုပ်တတ်သည်။
သူ့၏မရယ်ရသည့်ဟာသများကိုရယ်လာပေးရသည်မှာဦးမြတ်သုခဧ။်လက်ရုံးတသက်မ
ကေအာင်ထမ်းဆောင်လာခဲ့ရသည့်တာဝန်ပင်ဖြစ်လေသည်။တခါတလေတာဝန်ကိုများမေ့လျော့မိလျှင်ဦးမြတ်သုခတယောက်2ရက်လောက် သူ့ဇနီးဆီစကားမပြောပဲပစ်ထားတာခံရသည်။
အခုလဲ ဘယ်ficကိုဖတ်လာလဲ ဘယ်ကိုရီးယားကားကြည့်လာမိလဲတော့မသိ လက်ရုံးဇာတ်လမ်းကိုစိတ်ကူးယဥ်ဆန်ဆန်ပြောဆိုနေပြန်သည်။မြတ်မှာသူဘာပြောပြော အပြုံးမပျက်နားဆင်ရင်း ဇနီးသည်၏မျက်နှာလေးကိုသာတချက်တချက်ကားမောင်းရင်းအသဲတယားယားလှမ်းစောင်းငဲ့ကြည့်ရသေးသည်။နှစ်တွေဘယ်လောက်ကြာကြာသူ့စကားသံတွေကမြတ်အတွက်တော့ဘယ်တော့မှရိုးမသွားချေ။နှစ်ေပါင်းများစွာမျက်လုံးနှစ်လုံးပွင့်သည်နှင့်ဒီမျက်နှာကိုမြတ်မြင်တွေ့နေရသော်လဲ မြင်ပါများလို့ရိုးသွားသည်ထဲမှာခင့်မျက်နှာမပါခဲ့ချေ။
"ကလေးလေးရယ် မင်းဟာကလေ ဝင်္ကဝုတ္တိ
အင်္လကာမြောက်နေသလားလို့ တအားကြီးလွန်ကျုးနေလားလို့"
"မြန်မာစာတအားကျွမ်းတာနော် ဝင်္ကဝုတ္တိမဟုတ်ဘူး အတိသယဝုတ္တိပါ"
"ဟဲဟဲ ကိုယ့်မြန်မာစာစကေးကမင်းသိတဲ့အတိုင်းပဲ ရပင့်နဲ့ယရစ်တောင်သေချာစဉ်းစားပြီးရေးရတာ"
"ဒါတဲ့လား ဝန်ကြီးချုပ်"
"ဝေဖန်တာလား အင်္ဂလိပ်စာပြိုင်ကြမလား"
ဒေါ်ခင်သစ္စာကငယ်စဉ်ထဲကအစိုးရကျောင်းမှာပညာသင်လာခဲ့သူဖြစ်ပြီး ယဉ်ကျေးလိမ္မာသင်တန်းကျောင်းတွေ၊အဘိဓမ္မာသင်တန်းစသဖြင့်အနည်းငယ်တက်ရောက်ဖူးသူဖြစ်၍ ပါဠိစာပေတီးမိခေါက်မိတတ်သည်။ဦးမြတ်သုခကတော့ kindergartenအရွယ်ထဲက International school မှာတက်လာသူဖြစ်ပြီးUniကိုလဲ aboard မှာတင်လေ့လာခဲ့သူဖြစ်ရာမြန်မာစာနှင့်အလှမ်းဝေးသည်။မြန်မာလူမျိုးဖြစ်သည့်အလျောက်မြန်မာစာတတ်မြောက်အောင်သူလေ့လာဖူးပေမယ့်သူမြန်မာစာမကျွမ်းကျင်ပေ။မြတ်အတွက် English language ကသာပို၍လွယ်ကူသည်။ထို့ကြောင့်မြန်မာစာကျွမ်းသည့်ခင်က မြတ်စာလုံးပေါင်းမှားတိုင်း၊စကားပုံတွေအသုံးလွဲတိုင်းအားရပါးရေအာ်ရယ်ပြီးစနောက်တတ်သည်။ထိုအခါတိုင်းမြတ်မှာသူ့ဇနီးကိုဘယ်လိုအပြစ်ဆိုရမလဲကိုမသိ။
"အမယ် ပြိုင်မယ်လေ လာစမ်းပါ ဘိုလိုပြိုင်
မူတ်ကြတာပေါ့ Come on"
"စတာပါဗျာ ကိုယ်အရူံးပေးပါတယ် ဟုတ်ပြီလား ကိုယ်ရူံးတယ် ကျော့်ဘေဘီနိူင်တယ်"
"Yes I am winner You are loser"
"ဟုတ်ပါတယ် ကိုယ်ကအရူံးသမားပါမင်းကိုအရူံးပေးပြီးသား ဟုတ်ပြီလား"
"ဒီလိုပဲဖြစ်နေရမယ်လေ ဟင်းဟင်း ကျော့်
ဒါလင်ကကျော့်လက်အောက်မှာတအားငြိမ်ဝပ်ပိပြားတာ"
"ဒါပေါ့ ကိုယ့်ကလေးရဲ့အုပ်ချုပ်မူအောက်မှာနာခံနေပြီသား"
ခင်ပြောရင်းနှင့် မြတ်၏ခေါင်းကိုခပ်ကြမ်းကြမ်းပွတ်သပ်လိုက်သည်။ပုံစံတကျကော့နေအောင်ဖီးသင်ထားသည့်မြတ်၏ဆံပင်တို့ကလဲ ခင့်လက်အောက်မှာနာခံစွာပင်လဲပြိုကုန်ကြသည်။မြတ်ကသူ့ဆံပင်ဖီးသင်ထားတဲ့ပုံစံပျက်တာသိပ်မုန်းပေမယ့်လဲ သူ့မိန်းမကသူ့ဆံပင်တွေကိုထိုးဖွတဲ့အခါမျိုးမှာတော့ကျေကျေနပ်နပ်ကြီးကိုပြုံးရွှင်နေတတ်သည်။
ဟန်ချက်ပျက်သွားသည့်ဆံပင်တို့ကိုမြတ်တချက်ပြန်လှန်တင်လိုက်သည်။
မူလကလိုဆံပင်တွေကော့နေအောင်သပ်ရပ်နေခြင်းမရှိတော့ပေမယ့်လဲ တရားခံကသူ့ဇနီးဖြစ်နေ၍မြတ်မှာအလွန်အမင်းကျေနပ်စွာဆံပင်ပုံအပျက်ခံလိုက်လေသည်။
***
"ဒင်းဒေါင် ဒင်းဒေါင်"
"ဒင်းဒေါင် ဒင်းဒေါင်"
"မြခြယ်ရေ အိမ်ရှေ့မှာဘဲလ်မြည်သံကြားတယ် တံခါးလေးသွားဖွင့်ပေးပါလား ကိုးဒီမှာလက်မအားလို့"
"ဟာ ကိုးကလဲငါဒီမှာတူးကုန်မာပေါ့ ကိုးပဲသွားဖွင့်လိုက်ပါလိမ္မာတယ်"
တစ်ဖက်ရှိ အိမ်ရှေ့တံခါးတွင်တော့ အိမ်ရှင်များကတံခါးလာမဖွင့်သေး၍ဦးမြတ်သုခမှာဘဲလ်ကိုသာအဆက်မပြတ်နှိပ်နေလေသည်။
လက်ထဲတွင်သယ်ပိုးထားရသည့်အထုပ်တွေအိတ်တွေကများနေ၍ မြတ်မှာလဲလက်အံသေတော့မည်။လက်ထဲမှအထုပ်အလေးကြီးများကိုအမြန်လွတ်ချချင်နေပြီဖြစ်၍မြတ်မှာလူခေါ်
ဘဲလ်ကိုသာတရစပ်နှိပ်နေမိသည်။
ဘောင်းဘီအိတ်ထဲမှာဒီအခန်း၏သော့အပိုပါလာသော်လဲမြတ်မှာစွတ်မဖွင့်ရဲချေ။
အထဲကတံခါးလာဖွင့်တာစောင့်မနေပဲအတင်းတံခါးဖွင့်ဝင်သွားမိတာနှင့်ပက်သက်ပြီးမြတ်ကြုံဖူးတွေ့ဖူးပြီးဖြစ်၍ဒီတစ်ကြိမ်တွင်တော့လက်ရုံးတံခါးလာဖွင့်ပေးမှာကိုတာစောင့်နေတော့သည်။
"လူကြီးမင်းမှာသော့အပိုရှိတယ်မလား ဖွင့်လိုက်ရအောင်လေ"
"မလုပ်နဲ့ မလုပ်ပါနဲ့ လာဖွင့်တာပဲစောင့်လိုက်ရအောင် အထဲမှာဘာမြင်ရမလဲကြိုမသိနိူင်ဘူးလေ"
မြတ် အတွေ့အကြုံရှိသူပီပီဇနီးသည်ကိုတားလိုက်သည်။
"ဘာဖြစ်ရမာလဲလူကြီးမင်းကလဲ အဲ့လိုဆိုလဲလက်ထဲကအထုပ်တွေပေးလေ လေးနေမာပေါ့ကွျန်မဘယ်လက်အားနေတယ်"
"ရတယ် ကိုယ့်ဘာသာသယ်မယ် ဘေဘီရဲ့"
ခင်ကျူးလစ်ပန်းတစ်စည်းကိုသာညာဘက်လက်ေမာင်းရင်းတွင်ညှပ်ကိုင်လျက် snacks ဘူးအိတ်ကိုသာသယ်ထားရ၍လစ်ဟာနေသည့်ဘယ်လက်ဖြင့် မြတ်လက်ထဲမှအလေးပင်တချို့ကိုကူသယ်ပေးရန်ကြိုးစားလိုက်သည်။မြတ်ကခင့်လက်ထဲသို့ထည့်မပေးပဲသူသာလျှင်ဆက်လက်ကိုင်ဆောင်ထားလေသည်။
"ဒင်းဒေါင် ဒင်းဒေါင် ဒင်းဒေါင်"
"လာပြီ လာပြီဟ စွတ်တီးနေတာပဲ"
အဆက်မပြတ်ဘဲလ်တီးသံကြောင့်လက်ရုံးမှာအိမ်ရှေ့တံခါးသို့အသဲသန်ပြေးသွားရသည်။တံခါးလာဖွင့်သောလက်ရုံးပုံစံကိုကြည့်ပြီးမိဘများအံ့ဩသွားရသည်။
"ဝင်ကြလေဗျာ ဘာကြည့်နေတာတုန်း"
တံခါးဖွင့်ပြီးသည်ကိုဝင်မလာကြသေးဘဲသူ့ကိုငေးစိုက်ကြည့်နေကြတဲ့ဒယ်ဒီနဲ့မာမီကိုအထဲဆွဲဝင်စေလိုက်သည်။သူတို့အထဲရောက်တော့လက်ရုံးတံခါးကိုပြန်ပိတ်လိုက်သည်။
"အေးအေး"
အေပရွန်ဝတ်လျက်ဆံပင်များအထက်၌ဂျံုမူန့်များေပကျံေနပြီးလက်မှလဲဂျံုေမွှတံကိုဆွဲကိုင်လျက်အူယားဖားယားတံခါးအေပြးလာဖွင့်သည့်လက်ရုံးပုံစံမှာထူးခြားနေသည်။
သူ့ကိုငေးစိုက်ကြည့်နေသည့်မြတ်လက်ထဲမှအထုပ်အပိုးများအားလက်ရံုးကူသယ်လိုက်သည်။
"အလေးကြီးတေပါလား ဘာတွေလဲ"
Advertisement
- In Serial23 Chapters
Midgard
Midgard, the currently hottest announced MMROPG for the virtuality capsule "Alpha 706" is due to be launched. Through unforseen circumstances Milo, a random male gamer, is thrown into the game and enjoys the pleasure of playing it 24/7. As "One" he tries to be the biggest and badest Player this game has ever seen. Airing every sunday. (currently on hold.)
8 156 - In Serial7 Chapters
Descendants of Cosmia
Reefa, Wellor, Rozo and Auri are four teenagers trying to get through life living in a village surrounded by the barren sands of the Hariq Desert; a village isolated from the walls of the 9 Monarchs of Cosmia. The world that lies beyond the walls involves the social segregation between humans and Haaras. Haaras are people with the ability to control elements of water, air and earth, whilst humans cannot obtain this power at all. Reefa had always thought of herself to be a human with no type of elemental wielding. However, after many reoccurences throughout her childhood in which she hears the voices of people that speak in the future, she has doubts about who she really is inside. The same phenomenon happens when she is 15 years-old, but this time the voices she hears alerts her of a future attack that will happen to the people of her village. When the time had come, Reefa and her friends escape their predicament and travel to the east towards the land of dragons known as Tetranazia. Bearing in mind the last words her aunt told her with a heavy heart, she must protect her friends from the dangers ahead and venture into the walls to search for the answers of the attack. This is an original English light novel (OELN). There will be several visuals of characters and world-building as you read this novel. The story's genre is mainly Shonen-influenced Josei and Fantasy. Do note that the story is slow-paced in development, so it might not be to your liking. I'll be updating 2 new chapters every month on the 25th (SGT).(I'm doing it monthly because I have to consider the pile of college workload I have (;_;) and I'll need extra time on drawing the illustrations) Occasionally, I'll do Bonus Releases, where I release more than 2 chapter in the next monthly update Feel free to give me feedback on my story. I will very much appreciate it! (ノ´∀`) I created this story on Scribble Hub, so you can also check it out over at their platform.
8 215 - In Serial7 Chapters
Anime Worlds System
The Anime Worlds System was created to fulfill the dreams of many, to allow you to experience the impossible and live the amazing. But, Not every anime is a pleasant, love-filled dream world, nor is every anime a dark, death-filled nightmare. Welcome to the Anime Worlds System and enjoy your long, long stay. Follow my Instagram, @Benfang322, or join the following Discord for updates on AWS. https://discord.gg/dz8Erwc
8 102 - In Serial13 Chapters
The embodiment of pain, sadness, and hatred
Allan jons only felt pain and sadness his entire life. His parents left him when he was 5forcing him to live with his sister. She abuses him because her job sucks. After entering high school he makes a few friends and has a crush. But after an event he kills himself with hatred added to the mix only to find himself in front of gods and they offer him a job to destroy every human.
8 180 - In Serial87 Chapters
100 Written Poems
I wrote 100 poems for the people who feel so unloved. -MysticallyDimples
8 97 - In Serial13 Chapters
X-men: First Class Reader Insert
(Y/n), Raven, and Charles are foster siblings with superpowers. Them, along with new friends, are going to stop world war three. Highest rankings: #2 xmenfirstclass, #1 siblingrelationship, #37 x-men, #37 charlesxavier, #66 xmen, #460 sister, #766 adventure, #760 readerinsert
8 97

