《Devil Husband》41
Advertisement
"ဘာမှတော့အကြီးကျယ်ထိခိုက်သွားတာမရှိပါဘူး ယောကျာ်းလေးပဲဒီလောက်တော့ခံနိုင်ရည်ရှိတာပေါ့ ဟုတ်တယ်မလား ညီ"
သွေးထွက်နေသည့်ဒူးခေါင်းကိုေဆးထည့်ေပးပြီးပတ်တီးဖြည်းညှင်းစွာစီးပေးရင်း ဒေါက်တာကဆေးအရှိန်ကြောင့်ရူံ့မဲ့မဲ့ဖြစ်နေသာလဲ့လွင်ကိုေခါင်းခပ်ဖွဖွပွတ်သပ်ပေးရင်းဆိုလိုက်သည်။
ငိုမဲ့မဲ့နှင့်လဲ့လွင်ကတော့ဒေါက်တာ၏စကားကြောင့် သွားသေးသေးလေးတွေပေါ်တဲ့အထိအားတင်းကာပြုံးပြလိုက်သည်။
ဂျိုးကတော့လူနာကုတင်ေပါ်တွင်ထိုင်ေနသည့်လဲ့လွင်ဧ။်ပုခုံးပေါ်ရောက်နေသည့်ထိုဆရာဝန်၏လက်များကြောင့်မျက်နှာကတင်းမာနေသည်။
"သူကမိန်းကလေး"
"ဟမ်းး"
"ဂျိုးးခင်ဗျားး!
"ကြားတဲ့အတိုင်းပဲသူကမိန်းကလေးလို့"
ဂျိုးစကားကြားရတော့မှ ထိုဒေါက်တာကလဲ့လွင်ပုခုံးပေါ်တင်ထားသည့်သူ့လက်နှစ်ဖက်ကိုပြန်ရုတ်လိုက်သည်။
"ဆောရီး ကိုယ်ကတမျိုးထင်..."
"အခုကဘာလဲသူကပြန်လို့မရသေးဘူးလား"
"အော် ဟုတ် ကျွန်တော်ဆေးစာရေးပေးပါ့မယ်
အရှေ့ကကောင်တာမှာဆေးဝယ်ပြီးရင်ပြန်လို့ရပါပြီ ဘာမှလဲသိပ်ထိမိခိုက်တာမရှိဘူးလေ"
ထို့နောက်မတ်တပ်ရပ်ေနရာမှဒေါက်တာကလဲ့လွင်ဘက်သို့လှည့်ကြည့်လာကာချိုသာစွာပြုံးပြလိုက်သည်။
မိန်းကလေးဖြစ်နေသော်လဲ ယောင်္ကျားလေးလိုတစ်ပုံစံထဲဖြစ်နေ၍ ဒေါက်တာ့မှာညီမလေးလို့ခေါ်၍လဲမကောင်း။
"အဆင်ပြေတယ်မလား ကလေးလေး ကိုယ်အားဆေးတွေဘာတွေထိုးပေးဖို့မလိုတော့ဘူးမလား"
"ဟုတ် ကျွန်တော်ရပါတယ် ဒီလောက်ကစကိတ်စီးရင်းအရှိန်နဲ့လဲသလောက်ပဲရှိတာပါ ဒါနဲ့ဒေါက်တာဆေးတွေထဲမှာလေတအားအာနိသင်ပြင်းတာတွေမပေးပါနဲ့လားဗျ ကျွန်တော်ညဘက်တွေစာလုပ်ရလို့ဆေးအရှိန်ကြောင့်အိပ်ပျော်သွားလို့မရဘူး"
"ဟင် ဆေးကတော့လေသူ့ဟာနဲ့တော့သူရှိမာပဲ ညီရဲ့ မှားလို့ ကလေးရဲ့ ဒီလိုလေဒီရက်ပိုင်းစောစောအိပ်ပြီးစာလုပ်တာလေးလျှော့ပေးလိုက်ရင်ပိုကောင်းမယ်နဲ့တူတယ် ပြီးတော့ညနက်တွေထိစာလုပ်တာလဲမကောင်းဘူးနော် "
"အာ ဟုတ်ကဲ့ပါ"
"ဒါနဲ့ဘာတက်နေတာမလို့လဲ စာတွေကတအားများလို့လား"
"ဆေးကျောင်းပထမနှစ်"
လဲ့လွင်စကားကိုကြားတော့ဒေါက်တာကမိမိတို့နှင့်နယ်ပယ်တူဂျူနီယာေပါက်စေလးတစ်ယောက်ကိုတွေ့လိုက်ရ၍ဝမ်းသာသွားလေသည်။
"ဟုတ်လား ဘယ်ကလဲ!!
"ဆေး၁"
"ဟာ ကိုယ်လဲဆေး၁ကကွ"
"ဟာ စီနီယာပဲ!!!
ဒေါက်တာကလဲဂျိုးနှင့်မှမတိမ်းမယိမ်း28 29ခန့်ခပ်ငယ်ငယ်ဆရာဝန်ပေါက်စသာရှိသေးသည်။
ထိုဆရာဝန်ပေါက်စနှင့်သူတို့ဆေးလောကအချင်းချင်းပဲနားလည်နိုင်သည့် စကားလုံးတွေ၊ဆေးပညာအကြောင်းတွေဆွေးနွေးကြကာ စကားလက်ဆုံကျနေသည့်လဲ့လွင်အား ဂျိုးမျက်နှာကြီးမဲလျက်မျက်စိဒေါက်ထောက်ကြည့်နေလေသည်။
အခန်းအဝင်ဝ၌တိုင်ကိုမှီရပ်နေသည့်မျက်နှာတည်ကြီးနှင့်ဂျိုးကို
ဒေါက်တာနှင့်လဲ့လွင်ကမေ့လျော့နေဟန်ရှိသည်။
"ကိုယ်ပထမဆုံးလက်တွေ့ဆင်းတုန်းကဆိုလေချင်းပြည်ဘက်ကဖျားနေတဲ့ကလေးတယောက်ကို ပင်နယ်ဆလင်ထိုးေပးရတာ ကိုယ်ကလဲကလေးကတအားပိန်တော့ထိုးရမာတွန့်ဆုတ်ဆုတ်နဲ့ ကလေးကလဲဆေးထိုးရမာကြောက်လို့ငို ကိုယ်ကမထိုးရဲထိုးရဲလုပ်တော့ကလေးကပိုနာပြီးပိုငိုရရော"
"ကျွန်တော်ရောပဲ သူများအသားထဲအပ်ကြီးထိုးထည့်ရတာကြောက်တယ်"
"အေး ငါဒီနေ့အိမ်မပြန်ရတော့ဘူးဟေ့"
ရုတ်တရပ်အသံကျယ်ကျယ်ဖြင့်ထွက်ေပါ်လာသည့်ဂျိုးအသံေကြာင့်သူတို့နှစ်ဦးဧ။်စကားစပြတ်သွားရသည်။မျက်နှာတည်ကြီးနှင့် ပြောချလိုက်သည့်ဂျိုးကြောင့် ဒေါက်တာက လက်ထဲတွင်ကိုင်ထားသည့်ဆေးစာကိုခပ်သုတ်သုတ်ရေးပေးလိုက်ရင်း ဂျိုးလက်ထဲထည့်လိုက်သည်။
ဂျိုး လက်ထဲရောက်လာသည့်ဆေးစာကိုတချက်ကြည့်ရင်း နူတ်မှလဲမကြားတကြားနှင့်
"ဆေးလေးငါးမျိုးလောက်ရေးတာဘုရားပွင့်တော့မယ် အနောက်မှာလူနာတွေတန်းစီနေတာအားမနာတတ်လိုက်တာ ဘယ်လိုဆရာဝန်လဲ"
ဂျိုး မကြားတကြားနှင့်ပြောသည်ကိုဒေါက်တာကလဲကြားကိုကြားသည်။
သူ့အမှားလဲမကင်း၍ဂျိုးေပါ်တင်ဖြဲေနသမျှကိုစပ်ဖီးဖီးပင်လုပ်ပြနေသည်။
ဂျိုးကလဲတဟီးဟီးရယ်ပြနေသည့် ဆရာဝန်ပေါက်စအားဘုကြည့်ကြည့်ကာ ဘယ်လိုဆရာဝန်ငပေါကောင်လဲဟုတွေးနေမိသည်။
"ပြန်ကြရအောင် လဲ့လွင် ကိုယ်တနေကုန်အချိန်ကုန်မရဘူး"
"အင်းး"
ကုတင်ပေါ်မှထရန်ဟန်ပြင်လိုက်သည့်လဲ့လွင်အနားသို့ ဒေါက်တာ့ထက်သူဦးအောင်ပြေးကပ်လိုက်သည်။
ခုနကအထိအခန်းဝမှ တောင့်တောင့်ကြီးရပ်နေသည့်ဒီလူက ကလေးမဟုတ်သူငယ်မဟုတ်အလုယက်ပြေးလွှားနေပြန်၍ဒေါက်တာ့မှာနားလည်ရခက်သွားသည်။
"ဖြည်းဖြည်း လုပ်ပါဗျ ကျွန်တော်ကလူနာကိုလုမထူပါဘူးဗျာ"
ထိုစကားအားဂျိုးလျစ်လျူရူလိုက်ပြီး ကုတင်ထက်မှလဲ့လွင်အားထနိုင်ရန် လဲ့လွင်လက်မောင်းကိုကိုင်ကာကူတွဲလိုက်သည်။
လဲ့လွင်ပုခံုးေလးအားဖက်ကာလဲ့လွင်ဧ။်ကိုယ်ကိုဂျိုးကူထိန်းပေးထားသည်။
"ရလား ကိုကိုချီရမလား"
"ကျစ် ဘာမှမဖြစ်ပါဘူးဆိုနေ"
"စပ်စုတယ်တော့မထင်ပါနဲ့ နှစ်ယောက်ကဘာတေွလဲဟင်"
သူတို့နှစ်ဦး၏ခပ်ကြိတ်ကြိတ်ပြဿနာဖြစ်နေသည့်ပုံကိုကြည့်ကာဒေါက်တာကမနေနိုင် မထိုင်နိုင်မေးလိုက်မိတော့သည်။
"ရည်းစားး"
"ဘာမှမဟုတ်ဘူးး!!
တစ်ပြိုင်ထဲထွက်ပေါ်လာသည့်အသံနှစ်သံကိုဒေါက်တာဘာကိုယုံရမှန်းမသိဖြစ်သွားသည်။
မေးမိသည့်သူ့အပြစ်သာဖြစ်ပေသည်။
ဂျိုးကတော့ဘာကြောင့်ဒီမေးခွန်းမေးလာလဲဆိုတာမကျေနပ်စွာနှင့်
"ဪ ဒေါက်တာကဘာထင်လို့လဲ"
"ဟိုလေ စိတ်တော့မဆိုးနဲ့တူဝရီးတွေမှတ်လို့"
"ဟားးဟားး တွေ့လား ခင်ဗျားအိုေနတာလူတိုင်းသိတယ်"
ဒေါက်တာစကားကြောင့် လဲ့လွင်ကတော့တဟားဟားထရယ်နိုင်ပေမယ့် ဂျိုးကတော့အရိူက်ထိသွား၍မျက်နှာကရှစ်ခေါက်ချိုးဖြစ်နေလေပြီ။
"မင်းကဘာရယ်တာလဲ လာသွားမယ်"
"ဟားးဟားး စီနီယာပြန်နှင့်မယ်ဗျ"
"ကောင်းကောင်းသွားနော် ထပ်တွေ့..
ဒေါက်တာစကာ့မဆုံးခင်မှာပဲ ဂျိုးကလဲ့လွင်ကိုယ်ကိုကူထိန်းကိုင်ပေးကာအခန်းရှေ့သို့
ပထုတ်လာခဲ့တော့သည်။
ဆေးရုံကော်ရစ်ဒါကိုလျှောက်လာသည့်တစ်လျှောက် လဲ့လွင်မျက်နှာကပြုံးဖြဲဖြဲဖြစ်နေသော်လဲဂျိုးကတော့လုံးဝသုန်မှုန်နေလေသည်။
သူဘာများလုပ်မိလိုက်လို့ ဂျိုးမျက်နှာကတလောကလုံးထိုင်စားသည့်ရုပ်ဖြစ်သွားလဲ လဲ့လွင်ပြန်သုံးသပ်နေမိသည်။
"ဒီမှာ"
"ပြော"
"မျက်နှာကဘာဖြစ်နေတာလဲ"
"...."
"ပြောလေ"
လဲ့လွင်စိတ်မရှည်စွာ တုံ့ေနှးစွာလှမ်းနေရသည့်ခြေလှမ်းများကိုရပ်ပစ်လိုက်ပြီး
"ပြောလေ"
"အဲ့ဒေါက်တာကောင်နဲ့ကျတော့ပျော်နေတာနော် သွားကိုဖီးနေရော အတော်ပျော်နေတာငါ့ကိုကျတော့ခုနှစ်ဘဝလောက်တော်စပ်လာတဲ့ရန်သူလိုများသတ်မှတ်ထားသလား"
"...."
သူ့အားစိမ်းသက်သောမျက်ဝန်းများဖြင့်စိုက်ကြည့်နေသောဂျိုးကြောင့်လဲ့လွင်နေရခက်လာသည်။
ဂျိုး၏ဒီအေးစက်စက်အကြည့်တို့အောက်မှာလဲ့လွင်အခါခါရင်ခုန်ခဲ့ရဖူးသည်။
ကုလားဘုရားပွဲလှည့်သလိုတဒိန်းဒိန်းထွက်ပေါ်လာသည့်ဒီရင်ခုန်သံများကိုသူအမြဲတမ်းလျစ်လျူရူခဲ့သည်။
ဂျိုးနှင့်ဆုံရသည့်အခါတိုင်းလိူက်လိူက်လှဲလှဲပေါ်ထွက်လာသည့်ပျော်ရွှင်မှုများကိုသူဖုံးကွယ်ခဲ့ဖူးသည်။
အခုလဲ လဲ့လွင်တဒိန်းဒိန်းမြည်ဟီးနေသောရင်ဘက်ကိုလက်နှင့်အသာထိန်းထားရသည်။
အခုချိန်ဟာသူ့ဘက်ကပွင့်လင်းရတော့မည့်အချိန်ရောက်လာပြီလား။
"ပြောလို့ ခုနကကားေပါ်ကဇာတ်လမ်းမပြီးသေးဘူး ဆက်ပြော အဲ့နေ့ကဘာလို့ကိုယ့်ကိုထားခဲ့ရတာလဲ အကြောင်းပြချက်ပေး ဘာလို့ငါ့ကိုခါးခါးသီးသီးဖြစ်သွားရတာလဲ အခုချက်ချင်းသာပြောလိုက် ကိုယ်အခုချက်ချင်းမင်းကျေနပ်အောင်တောင်းပန်မယ်"
"...."
"အဲ့ညကအမူးလွန်ပြီးနှစ်ယောက်လုံးမှားခဲ့ကြတာကိုစိတ်ဆိုးတာလား ဟုတ်တယ်မလား ဟုတ်ပြီ ကိုယ်တောင်းပန်တယ် ကိုယ်ဒူးထောက်ရမလား "
ဂျိုးသည်ချက်ချင်းပင်ဆေးရုံကော်ရစ်ဒါပေါ်သို့ဒူးထောက်ချလိုက်သည်။
သူ့အပြုအမူကြောင့်လဲ့လွင်လဲအံ့အားသင့်သွားသည်။
လူမြင်ကွင်းဆေးရုံကော်ရစ်ဒါတွင်ဖြစ်နေ၍ အနီးနားရှိလူများကဂျိုးအားကွက်ကြည့်ကွက်ကြည့်ဖြစ်ကုန်ကြသော်လဲဂျိုးကတော့ဂရုစိုက်ဟန်မပေါ်။
"မတ်တပ်ရပ်ပါတော့ ရှက်စရာကြီး ခင်ဗျားကလဲ"
"ကိုယ်တောင်းပန်ပါတယ်လို့ အဲ့ဒီညကအမူးလွန်ပြီးမင်းနဲ့အတူနေလိုက်မိလို့တောင်းပန်ပါတယ် ကျေနပ်အောင်အထိတောင်းပန်မှာမလို့ ကျေးဇူးပြုပြီေနာက်တကြိမ်ကိုယ့်ကိုရှောင်မပြေးပါနဲ့တော့ မင်းမရှိရင်ကိုယ့်ဘဝကဘာအဓိပ္ပာယ်မှမရှိတော့မလို့ ထပ်ပြီးကိုယ့်ကိုရှောင်ခွာမပြေးပါနဲ့တော့ ကိုယ့်အေပါ်ဘယ်လိုခံစားရလဲအမှန်တိုင်းဖြေပေးပါ"
"ဂျိုးရယ် ထပါတော့ လူတွေဝိုင်းကြည့်နေပြီလို့"
"ကြည့်ကြည့်ကွာ ကိုယ့်ကိုချစ်တာလား မုန်းတာလားပွင့်ပွင့်လင်းလင်းဝန်ခံပါတော့ကွာ"
"စိတ်အဆင်မပြေဖြစ်တာကလေ အဲ့တာတခုထဲကြောင့်မဟုတ်ဘူး တခြားအကြောင်းရင်းတွေရှ်ိသေးတာမလို့အေးဆေးပြောပြမယ်လေ အခုတော့မတ်တပ်ရပ်လိုက်ပြီးဒီကသွားရအောင်လေနော်"
ဂျိုး ဆတ်ခနဲခေါင်းငြိမ့်ပြလိုက်ကာဒူးထောက်နေရာမှချက်ချင်းပင်ထရပ်လိုက်သည်။
"ကိုယ့်ကိုအခုပြောပြပါ"
"ကျွန်တော်နဲ့လိုက်ခဲ့"
လဲ့လွင်သည် ဂျိုးအား
ခေါင်းငြိမ့်ပြလျက်ဂျိုး၏လက်ကောက်ဝတ်အားဆုပ်ကိုင်လျက်ခပ်ဖြည်းဖြည်းေလျှာက်ခဲ့သည်။
ဂျိုးသည်လည်းလဲ့လွင်၏ဦးဆောင်မှုနောက်မှလိုက်လာရင်း ဆေးရုံဝန်းထဲရှိခရေပင်အောက်မှသံခုံတန်းလျားငယ်လေးဆီနှစ်ယောက်သားရောက်လာခဲ့သည်။
သူ့ခံစားနေရသမျှကိုဂျိုးထံဖွင့်ပြရမည်ဖြစ်သောကြောင့် ဒီလိုစကားများကိုလူကြားသူကြားထဲတွင်လဲ့လွင်မပြောချင်၍ဂျိုးအားအပြင်ဘက်ခေါ်လာခဲ့ခြင်းဖြစ်သည်။
"ခရေပင်ရိပ်လေးကအေးနေတာပဲနော်"
"အွန်း ဟုတ်တယ် မင်းအတွက်ကိုကို့အချစ်တွေလောက်တော့ဘယ်အေးမြပါ့မလဲ"
"လုပ်ပြီ ခင်ဗျားကတော့"
လဲ့လွင်စကားကြောင့်ဂျိုးမှာခေါင်းကိုငုံ့လိုက်လျက်ရှက်ေသွးသမ်းကာပြုံးဖြဲဖြဲဖြစ်သွားသည်။
"ဂျိုး"
"ဗျ"
"ဆေးရုံအပြင်ဘက်မှာရေခဲမုန့်လှည်းလေးနဲ့ဦးလေးကြီးရောင်းနေတာတွေ့လား"
"စားချင်လို့လား"
အလိုက်တသိမေးလာသောဂျိုးကြောင့်လဲ့လွင်မှာသွားသေးသေးလေးတွေပေါ်တဲ့အထိပြုံးပြလိုက်ပြီးခေါင်းငြိမ့်ပြလိုက်သည်။
"သွားဝယ်ပေးမယ်"
ပြောရင်းနှင့်ေဆးရံုဝန်းအပြင်ဘက်သုိ့အပြေးထွက်သွားသောဂျိုးဧ။်ေကျာပြင်ကိုကြည့်ပြီးလဲ့လွင်ပြုံးမိသည်။
အပြုံးအရယ်မရှိသည့်ဒီသက်တော်စောင့်ကြီးထံမှာလဲဒီလိုချစ်ဖို့ကောင်းတဲ့အခိုက်အတန့်လေးတွေရှိတာပါပဲလား။
"အရသာကတော့တမျိုးပဲရှိတယ်"
သူဝယ်လာသည့်စေတာ်ဘယ်ရီအရသာ
"ကေတာ့"ရေခဲမုန့်လေးအားလဲ့လွင်လက်ထဲသို့ဝမ်းသာအားရပေးလေသည်။
လဲ့လွင်လဲထိုရေခဲမုန့်အားတစ်ကိုက်ဦးစွာကိုက်လိုက်ပြီး ဖြည်းဖြည်းချင်းမြိန်ရေယှက်ရေစားလေသည်။
ရေခဲမုန့်များစိုစွတ်နေသည့်လဲ့လွင်၏မဟတဟနူတ်ခမ်းလေးအားဂျိုးအမိအရကိုငေးကြည့်မိသည်။
ထိုဟစိဟစိနူတ်ခမ်းလေးအားချက်ချင်းပင်ဆွဲနမ်းပစ်ချင်စိတ်ပေါ်လာ၍ဆန္ဒကိုသိက္ခာနှင့်ချုပ်တည်း
ထားရသည်။
"ကိုယ့်ကိုဘာကြောင့်တွန်းဖယ်ခဲ့တာလဲရှင်းပြလို့ရပြီလား"
"ကြောက်လို့"
"...."
လဲ့လွင် ဂျိုးကိုမျက်လုံးချင်းမဆိုင်ပဲအကြည့်တို့ကိုလွှဲလျက် ကောင်းကင်ပြာပြာရှိတိမ်စိုင်တို့ဆီငေးကြည့်နေလေသည်။
"အခုနောက်ပိုင်းကျွန်တော့်ကိုကျွန်တော်ပြန်သုံးသပ်မိတာ ကျွန်တော်ကကောင်မလေးလှလှလေးတွေကိုပဲသဘောကျတာမဟုတ်ပဲ ကျွန်တော်ကအမျိုးသားတွေကိုပါသဘောကျတာကိုသိလာရတယ် ကျွန်တော်ကBisexual
(လိင်တူလိင်ကွဲစိတ်ဝင်စားသူ)ဆိုတာသိလိုက်ရတယ်"
ပညာတတ်လေးလဲ့လွင်ကဲ့သို့မဟုတ်ပဲ အင်္ဂလိပ်စာမတောက်တခေါက်သာတတ်ရှာသူဂျိုးသည် လဲ့လွင်ပြောသည့်စကားလုံး၏အဓိပ္ပာယ်ကိုနားမလည်သော်လဲငြိမ်၍နားထောင်နေလိုက်သည်။
"ပြီးတော့လေ ထူးဆန်းတာကေစာ်ေချာေချာေလးမြင်တာနဲ့မိန်းမေတာ်ချင်တဲ့ကွျန်ေတာ်က
လေ ယောကျာ်းလေးချောတာမှန်သမျှကိုေတာ့စိတ်ဝင်စားတာမဟုတ်ပဲ ခင်ဗျားကိုပဲ ခင်ဗျားတယောက်ကိုပဲ....ဟိုရုပ်ဖြောင့်လှပါတယ်ဆိုတဲ့လက်ရုံးဆိုတဲ့ဘဲနဲ့ယှဉ်ရပ်နေရင်တောင်ကျွန်တော်ကခင်ဗျားကိုပဲမြင်တယ်"
ထိုစကားကြောင့် ဂျိုးလက်ဖျောက်တချက်တီးလိုက်ကာ ဒါပဲလေဆိုသည့်အကြည့်နှင့်။
"ဒါပဲလေ ကိုယ်ကလက်ရုံးထက်အပုံကြီးချောတယ် ဟိုကောင်ကအသားလေးဖြူရုံပဲကျန်တာကိုယ်ကသူ့ထက်အပုံကြီးချောတယ်"
"အင်း ဟုတ်တယ်"
"အင်းပါ ကိုယ်ကအရမ်းချောတာကိုဒါကိုယ်နားလည်ပါတယ် ဆက်ပြောပါ ခုနကကြောက်တယ်ဆိုတာကလေဘာကိုဆိုလိုတာလဲ ဆက်ပြော ဆက်ပြော"
"ကျွန်တော့်ပုံစံကိုပြောင်းလဲပစ်ခိုင်းမှာ ကျွန်တော်သာခင်ဗျားချစ်သူဆိုရင် ခင်ဗျားကကျွန်တော့်ကိုမိန်းကလေးဆန်တဲ့စကပ်တွေ ဂါဝန်တွေဝတ်စေချင်မှာ ကျွန်တော့်ကိုမိန်းကေလးတေယာက်လိုသိမ်သိမ်ေမွ့ေမွ့ေနခိုင်းမာေလ ကျွန်တော်အဲ့တာတွေမလုပ်ချင်ဘူး အိမ်ရှင်မတယောက်လဲမဖြစ်ချင်ဘူး ကလေးလဲမမွေးချင်ဘူး ကျွန်တော်ကအမျိုးသားဖြစ်တဲ့ခင်ဗျားကိုသဘောကျတာမှန်ပေမယ့် ကျွန်တော့်ပုံစံကိုအဲ့လိုရုတ်ချည်းမပြောင်းလဲပေးနိုင်ဘူး ကိုယ့်ကိုကိုယ်လဲမိန်းကလေးဆန်ဆန်လဲ့လွင်ကလေ လဲ့လွင်ကလေဆိုပြီးမသုံးချင်ဘူး"
ဂျိုး လဲ့လွင်ခံစားနေရသည်ကိုအလေးအနက်နားထောင်ပေးကာ ခေါင်းတဆတ်ဆတ်ငြိမ့်လျက်တခုခုကိုအလေးနက်တွေးနေလေသည်။
လဲ့လွင်စကားဆုံးတော့မှ
"ကိုယ်ေမးမယ် ကိုယ်ကမင်းကိုမိန်းကလေးပုံစံကိုသေဘာကျခဲ့တာလား မင်းရဲ့
ယောင်္ကျားလေးလိုဒီပုံစံကိုသဘောကျခဲ့တာလား မင်းဖြေကြည့်"
"ဒီပုံစံ?? ဘာလို့ဆိုကျွန်တော်ကဟိုးကလေးဘဝထဲကတခါမှမိန်းကလေးလိုမနေဖူးလို့"
"ကိုယ်ပြောချင်တာအဲ့တာပဲ ကိုယ်ကမင်းရဲ့ဒီပုံစံလေးကိုသဘောကျခဲ့တာ အဲ့ဒီလိုေနရာတကာ
ဖိုက်တာလုပ်ပြိီးဖြဲတတ်တဲ့အကောင်သေးသေးလေးကိုသဘောကျခဲ့တာ ကိုယ်ကမင်းရဲ့အခုပုံလေးကိုပဲသဘောကျခဲ့တာ ကိုယ့်ဆီကနေများ မင်းကမိန်းကလေးလိုဝတ်ရင်ပိုလှမာဆိုတဲ့စကားမျိုးများထွက်တာမင်းကြားဖူးလား"
"မင်းကိုမိန်းမဆန်ဆန်ေနတို့ ဆေးဆိုးပန်းရိုက်လုပ် စကက်တွေ ဂါဝန်တွေကိုယ်မဝတ်ခိုင်းပါဘူး ကိုယ်ကလေမင်းရဲ့အခုပုံစံလေးကိုပဲသဘောကျတာ ကိုယ့်အတွက်ဘာမှပြုပြင်ေပးစရာမလိုဘူး မင်းကမင်းပုံစံအတိုင်းလေးသာနေသွား ကိုယ်ကအများကြီးချစ်ပေးမှာ ဪ ဒီလိုပြောလို့လဲ မင်းမိန်းကလေးလိုဝတ်စားရင်ကိုယ်မချစ်ဘူးလို့မဆိုလိုဘူးနော် ဘယ်လိုပဲဝတ်ဝတ်အဲ့တာတွေကအပေါ်ယံခြုံလွှာသက်သက်ပဲ ကိုယ်ချစ်တာကလင်းလဲ့လဲ့လွင်ဆိုတဲ့မင်းမလို့ မင်းစိတ်ကြိုက်သက်တောင့်သက်သာဖြစ်အောင်သာနေ ကိုယ်ကမင်းဘယ်လိုပုံစံဖြစ်ဖြစ်လက်ခံနိုင်အောင်ကြိုးစားမယ်
အဲ့လိုဆိုလို့နော်တစ်ရာဖိုးသုံးပုဒ်စာေတွကဗျာတွေထဲကလို မင်းရဲ့ဖြစ်တည်မှုမှန်သမျှတို့၊မင်းဘာလုပ်လုပ်ချစ်ပေးနေမှာမျိုးေတာ့မဟုတ်ဘူး ပြောချင်တာကမင်းပုံစံမှာလဲကိုယ်သဘောမကျတာတွေရှိတယ် ဥပမာ ယောင်္ကျားလေးတွေနဲ့မင်းတူတူအရက်သောက်တာတို့ဆေးချတာတို့ကတော့ကိုယ်ပြင်စေချင်တယ်"
လဲ့လွင်မှာဂျိုး၏စကားများကိုမျက်လုံးအဝိုင်းသားလေးနှင့်နားထောင်နေမိသည်။
ဒီစကားများကြောင့် လဲ့လွင် ဂျိုးကိုပို၍နှစ်သက်မိသွားသည်။
လဲ့လွင်စိတ်ထဲအချစ်ခံရခြင်းကဒီလိုပါလားဆိုသည့်စိတ်လုံခြုံမှုသေးသေးလေးခံစားလိုက်ရသည်။
"ပြီးတော့ ကျွန်တော်ကကလေးလဲမမွေးချင်ဘူး ထမင်းဟင်းချက်တာဘာညာအဲ့လိုကျွန်တစ်ယောက်လိုတနေကုန်တနေကမ်းအိမ်မှုကိစ္စတွေမလုပ်ချင်ဘူး ကျွန်တော်တို့လက်ထပ်ကြရင်အဆင်မပြေလောက်ဘူး"
ဒီကလေးကသူ့ကိုလက်ထက်ဖို့ထိတောင်တွေးနေသည်ဆိုတော့ဂျိုးမှာချက်ချင်းပင်ခုန်ပေါက်၍ထကပစ်ချင်သွားသလိုလို။
**အော် လလေးလုံးရယ် ပြောပြန်ရင်လဲ ခင်ဗျားကိုမုန်းတယ်ကမချဘူး စိတ်ထဲမှာကျအိမ်ထောင်ရက်သားကျဖို့တောင်စိတ်ကူးနေပြီ**
"သိလား ကိုယ်ကဘာသာမဲ့ ကိုးကွယ်ယုံကြည်မှုဆိုတာကိုယ့်မှာမရှိဘူး ကိုယ်ဆာလောင်မွတ်သိပ်နေတဲ့အခါဘယ်ဘုရားကမှစားစရာလာမပေးဘူး ဘယ်ဘာသာကိုမှကိုယ်ကသက်ဝင်ယုံကြည်မှုမရှိဘူး ကိုယ့်ကိုကိုယ်သာကိုးကွယ်ရာပဲ ဒါကိုယ့်ခံယူချက် ဒါပေမဲ့ မင်းတို့ရဲ့မြတ်ဗုဒ္ဓဟောခဲ့တဲ့တရားအပိုင်းအစတခုကိုကိုယ်သတင်းစာထဲမှာလားမသိဘူးဖတ်ဖူးတယ် အဲ့စကားလေးကိုယ်သဘောကျမိလို့မှတ်ထားတယ်
ဗုဒ္ဓဟောထားတာကဒီလိုဆိုလိုတာ အတိတ်ကိုလဲမကြည့်နဲ့ အနာဂတ်ကိုလဲကြိုတွေးမပူနဲ့ ပစ္စပ္ပုန်ကိုပဲတည့်တည့်ရူတဲ့ အဲ့တာမှန်တယ်မင်းသိလား ဟိုးအဝေးကမမြင်ရတဲ့အနာဂတ်ကိုကိုယ်တို့ဘာလို့တွေးပူနေမှာလဲ အနာဂတ်မှာကိုယ်တို့အတူရှိနေတာလဲဖြစ်နိူင်တယ် ကွဲကွာသွားတာလဲဖြစ်ကောင်းဖြစ်နိုင်တာပဲ မမြင်ရတဲ့အနာဂတ်ကကိုယ်တို့ရဲ့ပြဿနာကိုကြိုမတွေးနေပဲနဲ့လေ လက်ရှိအချိန်လေးကိုပဲတန်ဖိုးထားကြရအောင်လား ဟင်းချက်၊ထမင်းချက်တာတွေတွေးမပူနဲ့ အချိန်တန်ရင်သူ့အကြောင်းနဲ့သူဖြစ်လာလိမ့်မယ်"
"အင်းနော် ခင်ဗျားပြောတာလဲဟုတ်သလိုလိုပဲ"
ဂျိုး အားရသွားသည့်ပုံနှင့်ထပ်မံလက်ဖျောက်တစ်ချက်တီးလိုက်၍ ပြုံးလိုက်ကာ
"ဟုတ်သလိုလိုမဟုတ်ဘူး ဟုတ်ကိုဟုတ်နေတာ"
"...."
"ဒါကြောင့်အဖိုးတန်တဲ့လက်ရှိအခိုက်အတန့်လေးကိုတန်ဖိုးထားပြီးကိုကို့ကိုချစ်ပါလား လဲ့လွင်ရယ် နော်"
လဲ့လွင်ရှက်ပြုံးလေးဖြင့်ခေါင်းငုံ့သွားကာ လက်ထဲရှိအရည်ပျော်ခါနီးရေခဲမုန့်ကိုသာငုံ့စားနေလေသည်။
"လဲ့လွင် ကိုယ့်ကိုချစ်လား မဟုတ်ဘူး ကိုယ့်ကိုချစ်ပါလား"
"...."
"ကိုယ့်ကိုချစ်သလားဝန်ခံပါ"
"အင်း ချစ်တာပေါ့လို့ခင်ဗျားရာ "
ဂျိုးထိုင်နေရာမှထရပ်လိုက်ကာ ခရေပင်မှသစ်ရွက်လေးများအားခုန်၍လက်ဖြင့်လှမ်းရိုက်သည်။
"အာ..ရေးးးး"
"ခင်ဗျားပျော်လားဟင်"
"ပျော်တယ်...."
ဂျိုးမတ်တပ်ကပ်ေနရာမှခါးကိုကိုင်းညွှတ်လိုက်ကာလဲ့လွင်ခေါင်းကိုညင်သာစွာပွတ်သပ်ပေးလိုက်ရင်း လဲ့လွင်၏မျက်ဝန်းများအတွင်းသို့စူးစိုက်ကြည့်သည်။
ထို့နောက် ပေါင်ပေါ်ရှိလဲ့လွင်၏လက်သေးသေးအားဆွဲယူလိုက်ကာ သူ့လက်တို့ဖြင့်အုပ်မိုးလျက် သူ့လက်သန်းနှင့်လဲ့လွင်၏လက်သန်းအားချိတ်လိုက်ပြီး လက်မနှစ်ခုအားထိလိုက်ကာ
"အခုကစပြီးမင်းကကိုကို့အပိုင်ဖြစ်ပြီမလား"
"ဒါပေါ့ ကျွန်တော်ကခင်ဗျားအပိုင်"
"ကတ်ိပေးပါတယ် မင်းမကြိုက်တဲ့ဘယ်လိုအရာကိုမှအတင်းကြပ်မလုပ်ခိုင်းပါဘူးလို့ ဒီကောင်ကဘာအဖြစ်မှမရှိတဲ့ကောင်မလို့ ကတိကြီးကြီးမားမားတွေမပေးနိုင်ဘူး ကိုယ်ပေးနိုင်တဲ့ရိုးရှင်းတဲ့ကတိကကိုယ်ကလုံလောက်အောင်ချစ်ပေးပါ့မယ် ဘယ်သောအခါမှဖောက်ပြန်မယ့်လူမဟုတ်လို့ မင်းအရင်ကရူပ်ခဲ့ပေလးခဲ့တာတွေမေ့ပြီး အခုကိုကို့တယောက်ထဲကိုပဲကြည့်ပေးပါလားဟင် မင်းကဒီအိုကြီးအိုမကိုတော့မပလေးဘူးမလားဟင်"
"ဟားးဟုတ်ပါပြီဗျာ ဒီလလေးလုံးကခင်ဗျားကိုတော့တကယ်ကြီးကြွေဆင်းသွားလို့မပလေးရက်ပါဘူးဗျာ"
ဂျိုး လဲ့လွင်၏နံဘေးသို့ပြန်လည်ထိုင်လိုက်ပြီး လဲ့လွင်အနားသို့ယခုနကထက်ပိုမိုပူးကပ်ထိုင်လိုက်သည်။
အရည်ပျော်ရေခဲမုန့်အားမြိန်ရေယှက်ရေစားနေသည့်လဲ့လွင်၏နူတ်ခမ်းများထံမှဂျိုးအကြည့်မလွှဲနိုင်ပေ။
ထို့ကြောင့် ဂျိုး လဲ့လွင်၏မျက်နှာနားသို့ပူးကပ်သွားလိုက်ကာ အပေါ်နူတ်ခမ်းပေါ်မှပေနေသည့်ရေခဲမုန့်ခရင်မ်များအားဂျိုးလျှာဖြင့်သပ်လိုက်သည်။
ဂျိုး လျှာ၏အထိအတွေ့ကြောင့် လဲ့လွင်မှာရင်ထဲအသဲထဲထိတ်ကနဲဖြစ်သွားရသည်။
အနားသို့တိုးကပ်လာသည့်ဂျိုး၏နူတ်ခမ်းများအားသူမငြင်းဆန်မိ။
စက္ကန့်ပိုင်းအတွင်းမှာပင်ထိကပ်သွားသောနူတ်ခမ်းသားတစ်စုံ။
လျှပ်တပျက်ဆန်သောအနမ်းကြောင့့် လဲ့လွင်၏ရင်ခုန်သံများပင်ရပ်တန့်သွားသလိုပင်။
ကမ္ဘာလောကကြီးအားခတ္တေမ့ေလျာ့သွားသည်။လဲ့လွင်လက်ထဲမှအရည်ပျော်ခါနီးရေခဲမုန့်လေးသည်ပင် လက်ထဲမှလွတ်ကျကာ မြက်ခင်းပင်ပေါ်သို့ပြုတ်ကျသွားရသည်။
နူးညံ့သည့်လဲ့လွင်၏နူတ်ခမ်းသားများမှစတော်ဘယ်ရီအရသာကိုဂျိုးခံစားမိသည်။
ဘေးပတ်ဝန်းကျင်အားမေ့လျော့ကာ ချိုမြိန်သည့်အနမ်းတစ်ပွင့်အားနှစ်ဦးသားဖန်တီးနေကြသည်။
နေသာ၍မိုးသားကင်းစင်နေသည့်ကြည်လင်သောကောင်းကင်ပြာကြီး။
ေဆးရံုဝန်းကြီးဧ။်
ကလေးဆေးကုသဆောင်အနီးရှိအေးမြသောခရေပင်ရိပ်၏အဝါရောင်ခုံတန်းလျားလေးပေါ်မှာ ဂျိုးနှင့်လဲ့လွင်၏ချိုမြိန်သည့်ဒုတိယမြောက်အနမ်းလေးပေါ်ထွက်လာခဲ့သည်။
တဟူးဟူးတိုက်နေသည့်လေပြေညှင်းတို့ကြောင့် လဲ့လွင်၏ဂုတ်ထောက်ဆံနွယ်လေးများလဲ
လွင့်ပျံနေခဲ့သလို ဂျိုး၏အပြာေရာင်ကွက်စိတ်ပုဆိုးစသည်လဲလေနှင့်အတူတူတဖျပ်ဖျပ်လူပ်ခါနေခဲ့သည်။
စကိတ်စီး၍ကားရှေ့ကိုဖြတ်ဝင်ခဲ့သည့်မျက်
စိေရှ့ကဒီTomboyလေးကသူ့ေကာင်မေလးဖြစ်လာသည်ကိုဂျိုးမယံုကြည်နိုင်ေသး။
လဲ့လွင်ဆီမှတိကျသည့်အဖြေကိုရရှိသည်နေ့၊ဒုတိယမြောက်အနမ်းလေးဖြစ်ပေါ်ခဲ့သည့်ဒီနေ့။
ဒီနေ့မှာစတင်ခဲ့သည့်ဂျိုးနှင့်လဲ့လွင်တို့၏
ဆန်းကြယ်သည့်ချစ်ခရီးလေး။
(နောက်ဆုံးတော့ငါ့သားလူပျိုကြီးဒီအရွယ်မှကိုယ့်အစွမ်းစနဲ့ကိုရည်းစားဦးလေးရဖူးသွားပါပြီ🤣)
*****
"သား လာထိုင် အဖေကမထနိုင်လို့ထွက်မကြိုနိုင်တာစိတ်မရှိပါနဲ့ကွယ်"
"အာ မဟုတ်တာ ရပါတယ်"
"ဖေဖေ့အတွက်အားဆေးတွေနဲ့မုန့်တွေအများကြီးလဲဝယ်ခဲ့တယ် သိလား"
ပြောရင်းနှင့်အဖေချစ်သမီးလေးခြယ်သည် ဝှီးချဲပေါ်မှအဖေဖြစ်သူ၏ရှေ့ကြမ်းပြင်တွင်ဒူးထောက်ထိုင်ချလျက်အတင်းဖက်ကာ အဖေဖြစ်သူကိုအလွမ်းသယ်နေလေသည်။
"ဪ ဖေဖေကကလေးမှမဟုတ်တာကွယ် မုန့်တွေ့ကသမီးမောင်လေးတွေစားပါစေ"
"ဖေဖေ့ကိုခြယ်ကအရမ်းလွမ်းနေတာ ဖေဖေရယ်"
"အရင်လကပဲအိမ်ရောက်ဖြစ်သေးတာပဲကို ခြယ်ခြယ်ရယ်"
ထိုစဉ် အိမ်နောက်ဘက်မှကလေးနှစ်ယောက်ကလဲအိမ်ေရှ့ဧည့်ခန်းထဲသို့ခုန်ပေါက်ပြေးထွက်လာကြသည်။
"ရေးး မမခြယ်ခြယ် ရောက်နေတယ် သားတို့အတွက်မုန့်ပါလား"
"မမ နီမိုဟိုတခါလာတုန်းကမှာလိုက်တဲ့
ဂျေဒိုးနတ်ရောပါလား"
"ပါပါ့ရှင့် ပါပါ့ မင်းတို့မှာလိုက်တာတွေပါခဲ့တယ် ပြီးတော့နီမိုလိုချင်တယ်ဆိုတဲ့ရောင်စုံခဲတံတွေလဲမမဝယ်ခဲ့တယ်"
"ရေးး ဒါကြောင့်မမခြယ်ခြယ့်ကိုချစ်တာ"
ပြောရင်းနှင့် ခြယ့်၏မောင်နှမတစ်ဝမ်းကွဲတော်သည့် ခြယ့်ဦးလေး၏သားနှင့်သမီးသည် ကြမ်းပေါ်မှခြယ့်အားအတင်းပင်ဆွဲဖက်ကြတော့သည်။
အကြမ်းတပမ်းဖက်တွယ်လာသောကလေးနှစ်ယောက်ကြောင့် ခြယ့်မှာအသက်ရှူပင်ကြပ်သွားသည်။
ထိုကလေးနှစ်ယောက်သည် ခြယ့်အားဖက်ထားရင်းနှင့်မှ ခြယ့်ဧ။်အနောက်ဘက်ထိုင်ခုံတွင်အကျနထိုင်နေသောအမျိုးသားအားတွေ့မြင်လိုက်ကြသောအခါ စကားသံများရပ်တန့်သွားကြပြီးထိုအမျိုးသားကိုသာစိုက်ကြည့်နေကြလေသည်။
အခန့်နှင့်နီမိုတို့သည်သူ့ကိုကြည့်ကာထိတ်လန့်သွားကြဟန်ရှိကြောင်းကို နောက်ကျောပေးထားသည့်ခြယ်ကလဲရိပ်မိသည်။
ထို့ကြောင့် ကြမ်းပေါ်မှမတ်တပ်ထရပ်လိုက်သည်။နီမိုလေးကခြယ့်၏ကိုယ်နောက်တွင်ကွယ်ရပ်နေ၍ ခေါင်းလေးပြူကာ လက်ရုံးအားခိုးကြည့်နေလေသည်။
"ကလေးတွေ မကြောက်ကြပါနဲ့ ထိုင်နေတာကလေကိုကြီးလက်ရုံးလို့ခေါ်တယ် ကိုကြီးကိုသွားနူတ်ဆက်လိုက်ကြလေ"
"မလုပ်ဘူး အဲ့လူကြီးကိုကြောက်တယ် သူကမကောင်းဘူး သားတို့အိမ်ကိုလဲဖျက်ဆီးသေးတယ် ဖေဖေနဲ့မေမေ့ကိုရောဘဘကိုရောငိုအောင်လုပ်တယ်"
အခန့်၏စကားကိုနီမိုကပါဝင်ထောက်ခံကာ လက်ရုံးဘက်သို့လက်ညှိုးလေးတထိုးထိုးဖြင့်
"ဟုတ်တယ် သူကလူဆိုးကြီး နီမိုတို့အိမ်ကိုလဲဖျက်စီးတယ် ပြီးတော့မမခြယ်ခြယ့်ကိုလဲဖမ်းခေါ်သွားသေးတယ် သူကအကျင့်မကောင်းတဲ့လူကြီး"
"ဟေ့ဟေ့ ကလေးတွေလူကြီးကိုအဲ့လိုမပြောရဘူးလေ"
ကလေးများကိုထိုသို့မပြောရန်ခြယ့်၏ဖေဖေကလူကြီးပီပီဝင်ငေါက်လိုက်သည်။
ဦးေကျာ်စိုးထံမှအငေါက်ခံလိုက်ရ၍ကလေးနှစ်ယောက်လဲတိတ်သွားသည်။
ခြယ်ကနီမိုနှင့်အခန့်၏ခေါင်းကိုခပ်ဖွဖွပွတ်သပ်ပေး၍
"ကလေးတို့ ကိုကြီးလက်ရုံးကိုအဲ့လိုမပြောရဘူးလေ ကိုကြီးကအရင်ကဆိုးခဲ့တာမှန်ပေမယ့်အခုကလေကိုကြီးကတအားလိမ္မာနေပြီ လူဆိုးကြီးမဟုတ်တော့ပဲလူလိမ္မာလေးဖြစ်နေပြီ ဟုတ်တယ်မလား လက်ရုံး"
ခြယ့်၏ပြောစကားကိုလက်ရုံးကာခေါင်းအဆက်မပြတ်ငြိမ့်ပြလျက် ကလေးများထံအချိုသာဆုံးပြုံးပြလိုက်သည်။
နီမိုနှင့်အခန့်ကတော့လက်ရုံးကိုမယုံသင်္ကာမျက်ဝန်းများနှင့်မျက်လုံးပင့်ကြည့်နေကြသည်။
ထိုကလေးများ၏စိမ်းသက်သက်အကြည့်ကြောင့်လက်ရုံးမှာခံစားချက်မကောင်းပေ။
လက်ရုံးသူထိုင်နေသည့့်ကုလားထိုင်ပေါ်မှထရပ်လိုက်ကာ နီမိုနှင့်အခန့်တို့၏ရှေ့၌မုဆိုးဒူးထောက်ထိုင်ချလိုက်ပြီး
"ဟိုင်းးကိုကြီးကလက်ရုံးသုခပါ မင်းတို့နာမည်တွေတော့ကိုကြီးမသိဘူး မိတ်ဆက်ပါအုန်း"
သူ့ထံသို့မော့ကြည့်လာသည့်နီမိုတို့နှစ်ယောက်သားအားခြယ်ကပြန်နူတ်ဆက်လိုက်လေဟူ၍မေးဆတ်ပြလိုက်သည်။
"သားနာမည်ကခန့်ညား"
"ဟာ နာမည်နဲ့လူနဲ့လိုက်ပါ့ကွာ နာမည်ကလဲလန်းလူကလဲလန်းဗျာ မီးမီးကရော"
"နီမိုးသွယ် အိမ်နာမည်ကနီမို"
"ချစ်စရာလေးကွာ နာမည်လေးက"
ခန့်ညားက7နှစ်၊နီမိုက5နှစ်ခွဲဆိုတော့အတော်သင့်သိတတ်တဲ့အရွယ်လေးတွေရောက်နေပြီဆိုတော့ တခါကသူတို့အိမ်ကိုရုတ်တရပ်ကြီးရောက်ချလာကာ အိမ်သားတွေကိုကမ္ဘာပျက်အောင်လုပ်၍ အိမ်ကိုဝုန်းဒိုင်းကြဲဖျက်ဆီးကန်ကျောက်ကာ သူတို့အမကိုအတင်းခေါ်သွားခဲ့သောလက်ရုံးသုခကိုမှတ်မိနေကြဟန်ရှိသည်။
လက်ရုံးလဲသူ့အပြစ်နှင့်သူဖြစ်၍ကလေးတွေသူ့ကိုအမြင်မကြည်တာအပြစ်ပြော၍မရ။
ကလေးတွေဆိုတော့လဲအကြွေးနဲ့သိမ်းတာတွေ၊အဓမ္မလက်ထပ်ယူတာတွေအထိလောက်တော့နားမလည်ကြပေမယ့် သူတို့အသိထဲမှာတော့ထိုလူကြီးကအိမ်ကိုရောက်လာပြီးသူတို့မိသားစုတွေကိုငိုအောင်လုပ်ပြီး စိမ်းမြခြယ်ကိုဖမ်းသွားသည်အဲ့ဒီလောက်သာနားလည်ကြသည်။
လက်ရုံးကခြယ့်ယောကျာ်းဆိုတာလဲသူတို့သိမည့်ပုံမပေါ်။
"အခုကိုကြီးတို့ရင်းနှီးသွားပြီနော် ဟုတ်ပြီလား ကိုကြီးတို့ကအခုမိသားစုတွေနော်"
"ကိုကြီးကတကယ်လိမ္မာသွားပြီလားဟင်"
"ဒါပေါ့ မင်းတို့မမရဲ့ဆုံးမပဲ့ပြင်မှုအောက်မှာအရမ်းလိမ္မာသွားတာ"
Advertisement
- In Serial432 Chapters
Itai no wa Iya nanode Bōgyo-Ryoku ni Kyokufuri Shitai to Omoimasu
Honjou Kaede was invited by her friend, Shiromine Risa to play a VRMMO. I don’t hate games, but painful things are a little……no, I hate it very, very much. Eh!…the pain would be reduced if I placed stats on defense power? Then, the only place where I can place it, is there right? right? Solidify it into defense powers very hard, Here I come!
8 881 - In Serial58 Chapters
The Legend of The Tamer
After his death from an epidemic, Aeron finds himself transferred to another world. A world unlike his own, a vast world filled with beasts, races, and mystery. Humanity as a foreign race strives to survive in the world of Gaia, building cities to expand and defend, bringing humanity to a new era of strength. Aeron now in a new world, with a new family, and a new profession as Tamer, must strive to become stronger. Watch Aeron navigate this new world as he meets new people, new pets, and collects new skills. But a dark shadow looms on the horizon, creeping slowly towards humanity. Image by Artie_Navarre from Pixabay. Join here for my discord channel: https://discord.gg/tMK84Gh If you want to support the author and read a bit of advance chapter, visit here for my patreon. https://www.patreon.com/siraeronnovels P.S. This is my first work ( o>.
8 272 - In Serial33 Chapters
Rise of the Union of Soviet Socialist Republics in Another World
The Red Dragon has awoken. The World will see her might. The hearts of Men will tremble in fear, And even Gods and Devils will shudder. For all through the vast skies, lands and seas, The Red army is the strongest of them all! - - - - - - - P.S. I do not own the cover P.S.S. The novel is also available here : https://m.webnovel.com/book/14573405006887305/39120657891518554
8 228 - In Serial6 Chapters
The White Desert
The White Desert is a collection of short stories, written by myself, Nigel Scott, for your perusal and enjoyment. Each chapter will be its own short story, and will center around different characters and events. Some stories are based upon my life, and others are from a world I have written.
8 149 - In Serial76 Chapters
War Beast
The future is savage. Jenny Summer is a news reporter who hates her job. One day, an accident sends her through a time portal, straight into the distant future. A future of warring Beastmen tribes, deadly monsters, and magic from beyond the imagination. When the savage world is full of many threats, how will the average modern-day girl survive? Author's Note: This is a rewrite of my fiction with the original title. Instead of changing my chapters in my other draft, I made a copy with a different beginning and a few new chapters. The beginning will move straight to the fantasy world like most Isekai light novels. As usual, each chapter will go between 500 and 2,000 words. I deleted the other draft since this draft will be my focus. Enjoy and let me know what you think of this new draft. There may also be grammar and spelling errors too. This series is still in development.
8 213 - In Serial42 Chapters
Halloween Vault 3D (Closed)
Wattpad's third annual Halloween Vault is here!Did you love the first? Do you still miss the second? This year, the Halloween Vault 3D is returning in full force!59 Engagement profiles, including 38 Ambassadors-run English profiles, 9 Ambassadors-run International profiles and 12 Community profiles, have conspired to create our Halloween Vault 3D version - diverse, dynamic, dauntless to haunt your memories of the season for years to come!Interact with other Wattpadders from across the globe through a new set of festive activities, such as our unique spooky prompts, fun activities and another scavenger hunt! All Wattpadders are welcome to join!
8 208

