《မီးခိုးရောင်အပိုင်းအစများ [18 plus] Zawgyi and Unicode》အပိုင်း(၅) : အနှောင့်အယှက်
Advertisement
(Unicode)
အပိုင်း(၅): အနှောင့်အယှက်
"ဝုန်း"
နှေးကွေးလေးလံစွာ လမ်းဖြတ်ကူးနေသောလူကြီးကို ကားကြီးတစ်စီးက ဝုန်းခနဲဖြတ်တိုက်သွားပြီး သွေးများ အသားဖတ်များက ရဲခနဲ လေထဲမှာ မြောက်တက်သွားသည်။ ရုတ်တရက်ကြောက်ကြောက်နှင့် ကျွန်တော့်မျက်စိကို လက်နှင့်ကာလိုက်သော်လည်း သွေးဖတ်များနှင့် အသားစအချို့တို့က မျက်နှာကို လာမှန်သွားသည်။ ကျွန်တော် ကြောက်ကြောက်နှင့် ထိုနေရာမှ ပြေးထွက်ရန်စဉ်းစားမိသော်လည်း ထိုလူယခုချိန်တွင် အသက်ရှင်နေသေးပါက ကျွန်တော်ကယ်တင်နိုင်လောက်မည်လားဟု လက်လေးနည်းနည်းဖြဲပြီးကြည့်မိသည်။
မြင်ကွင်းမှာ အလွန်ပင်သွေးပျက်ဖွယ်ကောင်းလှသည်။
ထိုလူကြီး၏ ခါးတစ်ပိုင်းလုံးမှာ ကားကြိတ်ခံရ၍ သွေးများရဲကာ ပြားချပ်နေပြီး အသားဖတ်တို့က ထိုနားတစ်ဝိုက်တွင်ပင် ပြန့်ကျဲကျနေတာ ခါးရိုးကြီးက အသားထဲမှ ထိုးထိုးထောင်ထောင်ဖောက်ထွက်နေသည်။ ထူးဆန်းစွာပင် ထိုလူကြီးမှာ မသေသေးဘဲ အပေါ်ပိုင်းမှာ လမ်းမပေါ် လက်ကိုထောက်ကာ ကားလမ်းတစ်ဖက်ကို တစ်ရွေ့ရွေ့ တရွတ်တိုက်ကူးနေပြီး ပြားချပ်နေသောခါးကြီးနှင့်အတူ လှုပ်ရှားမှုမရှိတော့သော ခြေထောက်များက တရွတ်တွဲလိုက်ကြီး တရွေ့ရွေ့ပါသွားသည်။
ထိုလူကြီး ဒရွတ်တိုက်သွားသော လမ်းကြောင်းတစ်လျှောက်တွင် သွေးစများ အသားဖတ်များက ရဲခနဲ ကျန်နေခဲ့သည်။
ထိုလူကြီးပါးစပ်မှတော့ ကားမတိုက်ခင်ကအတိုင်းပင် ကယ်ပါ ကယ်ပါ ဟုသာ ပါးစပ်ကပြောနေမြဲဖြစ်သည်။ ထိုလူကြီးသည် ဒရွတ်တိုက်သွားနေရင်းနှင့် လမ်းတစ်ဖက်သို့မရောက်မီတွင် လမ်းမရှိတစ်စုံတစ်ခုက သူ့ခါးနားလေးမှာ ဗြစ်ခနဲ ငြိသွားသည်။
ဒါကိုထိုလူကြီးက နာတဲ့ပုံစံလည်းမပြပဲ ထုံးစံအတိုင်းပင် "ကယ်ပါ"ဟုသာ အေးဆေးစွာဆက်တိုက်ပြောနေရင်း ဆက်ကူးနေသည်။
ငြိနေသောအရာကြောင့် အပေါ်ပိုင်းကသာ ရှေ့ကိုရွေ့သွားပြီး အောက်ပိုင်းသည် တစ်ခုခုနှင့်ထောက်နေကာ ပြားနေသော ခါးမှ အသားတို့ဆီ တစ်စချင်းစီ ဗြုတ်ခနဲ ဗြုတ်ခနဲဆိုသလို ပြုတ်ထွက်ပြဲထွက်ပြီး ပြဲထွက်လာသော အသားကြားမှ ကျိုးကျေနေသောအရိုးများ အူများကို အတိုင်းသားမြင်လာရသည်။
ကျွန်တော်ထိုမြင်ကွင်းကို မြင်လိုက်ရပြီး ရင်တွေဒိန်းခနဲခုန်သွားသလို တစ်ကိုယ်လုံးကြက်သီးများထကာ အေးစက်သွားသည်။ ကျွန်တော်ထွက်ပြေးဖို့ကြိုးစားသော်လည်း ခြေထောက်က ကြွမရတော့။
အိပ်နေရင်း ဘီလူးစီးသလို တစ်ကိုယ်လုံးက လှုပ်မရဖြစ်သွားသည်။
"ကယ်ကြပါဦး"
ဆိုပြီး အကျယ်ကြီးအော်လိုက်သော်လည်း ပါးစပ်သာလှုပ်ပြီး အသံတို့က ထွက်မလာတော့။ ခုနလူကြီးကလည်း လမ်းကို မရမက တစ်ဖက်ဆီ ကူးနေပြီး ခါးမှာ တစ်စတစ်စ ပြတ်ထွက်လာပြီး ဗိုက်ဟောင်းလောင်းပေါက်ကြီးကိုပင် မြင်နေရသည်။ ထိုလူကြီးသည် လမ်းတစ်ဖက်ရောက်ခါနီးတွင် ကျောက်တုံးကြီးတစ်တုံးကို လက်ဖြင့်ကိုင်၍ အားစိုက်ပြီး ရှေ့ကိုတိုးလိုက်ရာ "ဗြုတ်" ခနဲ ခါးကြီးတစ်ခုလုံး ပြတ်ထွက်သွားပါတော့သည်။
ပြီးနောက် ထိုလူကြီးက ကျွန်တော်ရှိရာကို မျက်နှာလှည့်လိုက်သည်။
ခုမှ သေချာသတိထားမိသည်က ထိုလူ့မျက်နှာသည် ပြုံးခြင်းရယ်ခြင်းမရှိ မျက်တောင်လည်းမခတ် မျက်ဆံလည်းမရွေ့ပဲ မျက်စိဖွင့်နေသည့် အသေကောင်မျက်နှာကြီးလိုပင်ဖြစ်နေသည်။
ထိုလူသည် ကျွန်တော့်ကိုတွေ့ပြီးနောက်တွင် ကျွန်တော်ရှိရာသို့ တရွေ့ရွေ့ပင် တရွတ်တိုက်ဆွဲလာပြီး ကျွန်တော်ရှိရာကို မျက်နှာမူကာ
"ကယ်ပါ" ဟုဆက်တိုက်ပြောနေရှာသည်။
ထိုလူသည် တဖြည်းဖြည်းနှင့် ကျွန်တော်နှင့်နီးလာကာ သူ့လက်ကြီးကလည်း ကတုန်ကယင်နှင့် ကျွန်တော့်ဆီရာဆီသို့ ထိလုထိခင်ဖြစ်နေသည်။
ကျွန်တော်လည်း ဘာမှမလုပ်နိုင်တော့သည်နှင့် မျက်စိကိုမှိတ်ထားပြီး နောက်ဆုံးတွင်တော့ -
"ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏံ ဂစ္ဆာမိ၊ သံဃံသရဏံဂစ္ဆာမိ"
ဟုရွတ်လိုက်မိသည်။
ထိုစဉ်ချက်ချင်းဆိုသလို အဖြူရောင်အလင်းတန်းကြီးက ထွက်ပေါ်လာပြီး -
"မေတ္တာအဟုန် တစ်ကိုယ်လုံးခြုံပါစေ ဒကာလေး"
ဆိုသောအသံကြီးထွက်လာကာ တလောကလုံး အဖြူရောင်အလင်းများဖြင့်လင်းထိန်သွားပြီး မျက်စိစူးလွန်းသဖြင့် မျက်စိကိုမှိတ်လိုက်သည်။
ခဏနေတော့ အလင်းတန်းကြီး ပျောက်သွားပြီးနောက် ကျွန်တော့်မျက်လုံးကို ပြန်ဖွင့်ကြည့်လိုက်ရာ ကျွန်တော့်အိမ်ခန်းထဲပဲ ပြန်ရောက်နေသည်။
အိပ်မက်လားတကယ်လားတော့ မသိပေမယ့် မသတီစရာခံစားချက်ကြီးကို အခုထိတိုင်ခံစားနေရသည်။ ထိုအခိုက် ၀ရံတာကြည့်မိတော့ မီးအနီရောင်များမြင်ရသဖြင့် အောက်ကိုလှမ်းကြည့်လိုက်ရာ လူနာတင်ကားများ လမ်းထဲမှာရောက်နေသည်ကိုတွေ့ရသည်။ အောက်မှ ဝိုင်းကြည့်နေသော လူအချို့ပြောသောစကားကို သဲ့သဲ့လေးကြားမိသည်။
"ခါးတည့်တည့်ကြီးကို ကားကြိတ်သွားတာကွာ ကျွတ်ဆင်ကြီး"
"ငါလခွမ်း အူတွေပါထွက်တယ် ဟေ့ကောင်ရေ"
ထိုစကားများကြောင့် ကျွန်တော် ကြောက်ကြောက်နှင့်တံခါးများအားလုံးကို အကုန်ပိတ်လိုက်သော်လည်း ခုန အိပ်မက်ထဲမှ မြင်ကွင်းကြီးကို မျက်လုံးထဲစွဲနေမိသည်။
ထိုအခိုက် ဖုန်းသံကျယ်ကျယ်ကြီး ထွက်လာသဖြင့် လူတစ်ကိုယ်လုံးတုန်ခနဲဖြစ်သွားပြီး ဖုန်းကို ကြည့်မိတော့ အရင်က အမေတို့ကိုးကွယ်သော ဆရာတော် ဆီက ဖုန်းဖြစ်နေသဖြင့် စိတ်အတော်အေးသွားပြီး အချိန်ကိုက်ပဲဟုဆိုကာ ဆရာတော်ကို ကျေးဇူးတင်မိသည်။
ကျွန်တော် ဖုန်းကိုကိုင်လိုက်တော့ ဆရာတော်က ဟယ်လိုတောင်စကားမခံပဲတန်းပြောသည်။
"ဒကာလေး အတိုက်ခံနေရတယ်နော် .. ပေတဘုံက မကောင်းဆိုးဝါးတွေ ဒကာလေးကို ဝိုင်းတိုက်နေကြတယ်..."
"ဘယ်လို .. တပည့်တော်နားမလည်ဘူး"
"ဒကာလေးခုန အိပ်မက်လို့ထင်နေတဲ့ဟာက တကယ်ပဲ ... ဘုရားတရားလုပ်ပြီး ဂရုစိုက်ပေတော့ ဒကာလေး"
"တင်ပါ့ တင်ပါ့ဘုရား"
"အေးအေး.. ဘုန်းဘုန်းလည်း ခုနကျိန်းတော့မလို့ ဒကာလေးအကူညီတောင်းသံကို ကြားမိလို့"
"တပည့်တော် အ့တုန်းက အသံမထွက်ဘူးလေ ဘုရား .. ပါးစပ်ပဲလှုပ်တာ"
"မေတ္တာတရားရဲ့ သိမ်မွေ့မှုက သိမ်မွေ့လွန်းလို့ စိတ်ရဲ့ တုန်ခါခြင်းတွေကိုပါ ကြားနိုင်တယ်.. ဘုန်းဘုန်းသာမကယ်ရင် ဒကာလေးဘ၀တော့ မတွေးရဲစရာ"
"တပည့်တော် ဘာလုပ်သင့်လဲဘုရား"
"အားတဲ့ တစ်ရက်ဘုန်းဘုန်းဆီလာခဲ့လေ .. ဘုန်းဘုန်းစစ်ပေးမယ်"
"တင်ပါ့ဘုရား"
"ကဲကဲ .. ဘုန်းဘုန်းကျိန်းတော့မယ် ဒါပဲနော်ဒကာလေး .. ဒီညအတွက်လည်းမကြောက်နဲ့တော့"
ကျွန်တော်ဘာမှတောင်မပြောရသေးခင် ဘုန်းဘုန်းက ဖုန်းကို တန်းချသွားသည်။
ဘုန်းဘုန်းဖုန်းကိုချသွားတော့ မီးခိုးရောင်အခိုးငွေ့တွေထွက်လာတတ်တဲ့ အရုပ်လေးကို လှမ်းကြည့်မိသည်။
အတိုက်ခိုက်ခံရတယ်ဆိုတာ ဒီအရုပ်ကြောင့်များဖြစ်နေမလား။ ဒါပေမယ့် ဒီမီးခိုးငွေ့တွေက ကိုကိုနဲ့ ဟိုမိန်းမနဲ့ မင်္ဂလာဆောင်ကို ကြိုခန့်မှန်းပေးနိုင်နေတာတွေကြောင့် ကျွန်တော့်ကို ကူညီနေတဲ့အခိုးငွေ့တွေလို့သာ ထင်မိသည်။
Advertisement
ကိုကို့မင်္ဂလာဆောင်နေ့က ရောက်တော့မည်။ ကျွန်တော်ကိုကို့ကို ပြန်မရရင်တောင် ကိုကိုနဲ့ ဒီမိန်းမတို့ရဲ့ ပွဲကို ရအောင်ကို ဖျက်ပြချင်သည်။ လက်စားချေပစ်ချင်မိသည်။
ကျွန်တော့်အနေနှင့် ကိုကိုအမှတ်ဖြင့် အရုပ်လေးကိုသာဖက်ထားရင်း ကိုယ့်ဘာသာတစ်ယောက်တည်း ရေရွတ်နေမိတော့သည်။
"ကိုကိုရယ်.. ညီ့ကိုမှ ဘာလုပ်အဲဒီလိုလုပ်ရက်ရတာလဲ.."
ညသည် တိတ်ဆိတ်ဆဲ တိတ်ဆိတ်မြဲ ... ။
××××××
နောက်ဆုံးတော့ ကျွန်တော်အရောက်ချင်ဆုံး ကိုကို့မင်္ဂလာဆောင်နေ့သို့ ရောက်လာခဲ့သည်။ အင်္ကျီကော ပုဆိုးကိုပါ အနီရောင်တွေချည်းရဲတောက်နေအောင် အနီ၀မ်းဆက်၀တ်ထားမိသည်။ မင်္ဂလာဆောင်မသွားခင်မှာ မင်္ဂလာဆောင်မှာ လူတကာလိုက်ပြမည့် ကိုကိုနှင့် ကျွန်တော့်ရဲ့ sex video ကိုကြည့်ပြီး ပွဲဖျက်မည့်အစီစဉ်ကိုစဉ်းစားကာ ရွဲ့ပြုံးတွေချည်းပြုံးနေမိသည်။
ခဏနေတော့ Taxi ကားကို တားလိုက်ပြီး မင်္ဂလာဆောင်ရှိရာသို့မောင်းလိုက်သည်။
မင်္ဂလာဆောင်ရှိရာဦးတည်သွားနေသောကားပေါ်မှာ ကျွန်တော့်၏ မင်္ဂလာဆောင်ဖျက်ရေးအစီအစဉ်များကို မျက်လုံးထဲ စိတ်ကူးမြင်ယောင်ကြည့်ရင်း
"ကိုကို ညီ့ကို ရက်စက်မလား ညီကပဲ ကိုကို့ကို ပြန်ရက်စက်မလားစောင့်ကြည့်ကြတာပေါ့"
ဟုသာ ကျွန်တော့်ဘာသာ ကျွန်တော် တစ်ယောက်တည်းရေရွတ်မိလိုက်ပါတော့သည်။
အပိုင်း(၆) ဆက်ရန်
Own Feeling @ 2021 by
Auro Karshine
(Zawgyi)
အပိုင္း(၅): အေႏွာင့္အယွက္
"ဝုန္း"
ေႏွးေကြးေလးလံစြာ လမ္းျဖတ္ကူးေနေသာလူႀကီးကို ကားႀကီးတစ္စီးက ဝုန္းခနဲျဖတ္တိုက္သြားၿပီး ေသြးမ်ား အသားဖတ္မ်ားက ရဲခနဲ ေလထဲမွာ ေျမာက္တက္သြားသည္။ ႐ုတ္တရက္ေၾကာက္ေၾကာက္ႏွင့္ ကြၽန္ေတာ့္မ်က္စိကို လက္ႏွင့္ကာလိုက္ေသာ္လည္း ေသြးဖတ္မ်ားႏွင့္ အသားစအခ်ိဳ႕တို႔က မ်က္ႏွာကို လာမွန္သြားသည္။ ကြၽန္ေတာ္ ေၾကာက္ေၾကာက္ႏွင့္ ထိုေနရာမွ ေျပးထြက္ရန္စဥ္းစားမိေသာ္လည္း ထိုလူယခုခ်ိန္တြင္ အသက္ရွင္ေနေသးပါက ကြၽန္ေတာ္ကယ္တင္ႏိုင္ေလာက္မည္လားဟု လက္ေလးနည္းနည္းၿဖဲၿပီးၾကည့္မိသည္။
ျမင္ကြင္းမွာ အလြန္ပင္ေသြးပ်က္ဖြယ္ေကာင္းလွသည္။
ထိုလူႀကီး၏ ခါးတစ္ပိုင္းလုံးမွာ ကားႀကိတ္ခံရ၍ ေသြးမ်ားရဲကာ ျပားခ်ပ္ေနၿပီး အသားဖတ္တို႔က ထိုနားတစ္ဝိုက္တြင္ပင္ ျပန႔္က်ဲက်ေနတာ ခါး႐ိုးႀကီးက အသားထဲမွ ထိုးထိုးေထာင္ေထာင္ေဖာက္ထြက္ေနသည္။ ထူးဆန္းစြာပင္ ထိုလူႀကီးမွာ မေသေသးဘဲ အေပၚပိုင္းမွာ လမ္းမေပၚ လက္ကိုေထာက္ကာ ကားလမ္းတစ္ဖက္ကို တစ္ေ႐ြ႕ေ႐ြ႕ တ႐ြတ္တိုက္ကူးေနၿပီး ျပားခ်ပ္ေနေသာခါးႀကီးႏွင့္အတူ လႈပ္ရွားမႈမရွိေတာ့ေသာ ေျခေထာက္မ်ားက တ႐ြတ္တြဲလိုက္ႀကီး တေ႐ြ႕ေ႐ြ႕ပါသြားသည္။
ထိုလူႀကီး ဒ႐ြတ္တိုက္သြားေသာ လမ္းေၾကာင္းတစ္ေလွ်ာက္တြင္ ေသြးစမ်ား အသားဖတ္မ်ားက ရဲခနဲ က်န္ေနခဲ့သည္။
ထိုလူႀကီးပါးစပ္မွေတာ့ ကားမတိုက္ခင္ကအတိုင္းပင္ ကယ္ပါ ကယ္ပါ ဟုသာ ပါးစပ္ကေျပာေနၿမဲျဖစ္သည္။ ထိုလူႀကီးသည္ ဒ႐ြတ္တိုက္သြားေနရင္းႏွင့္ လမ္းတစ္ဖက္သို႔မေရာက္မီတြင္ လမ္းမရွိတစ္စုံတစ္ခုက သူ႔ခါးနားေလးမွာ ျဗစ္ခနဲ ၿငိသြားသည္။
ဒါကိုထိုလူႀကီးက နာတဲ့ပုံစံလည္းမျပပဲ ထုံးစံအတိုင္းပင္ "ကယ္ပါ"ဟုသာ ေအးေဆးစြာဆက္တိုက္ေျပာေနရင္း ဆက္ကူးေနသည္။
ၿငိေနေသာအရာေၾကာင့္ အေပၚပိုင္းကသာ ေရွ႕ကိုေ႐ြ႕သြားၿပီး ေအာက္ပိုင္းသည္ တစ္ခုခုႏွင့္ေထာက္ေနကာ ျပားေနေသာ ခါးမွ အသားတို႔ဆီ တစ္စခ်င္းစီ ျဗဳတ္ခနဲ ျဗဳတ္ခနဲဆိုသလို ျပဳတ္ထြက္ၿပဲထြက္ၿပီး ၿပဲထြက္လာေသာ အသားၾကားမွ က်ိဳးေက်ေနေသာအ႐ိုးမ်ား အူမ်ားကို အတိုင္းသားျမင္လာရသည္။
ကြၽန္ေတာ္ထိုျမင္ကြင္းကို ျမင္လိုက္ရၿပီး ရင္ေတြဒိန္းခနဲခုန္သြားသလို တစ္ကိုယ္လုံးၾကက္သီးမ်ားထကာ ေအးစက္သြားသည္။ ကြၽန္ေတာ္ထြက္ေျပးဖို႔ႀကိဳးစားေသာ္လည္း ေျခေထာက္က ႂကြမရေတာ့။
အိပ္ေနရင္း ဘီလူးစီးသလို တစ္ကိုယ္လုံးက လႈပ္မရျဖစ္သြားသည္။
"ကယ္ၾကပါဦး"
ဆိုၿပီး အက်ယ္ႀကီးေအာ္လိုက္ေသာ္လည္း ပါးစပ္သာလႈပ္ၿပီး အသံတို႔က ထြက္မလာေတာ့။ ခုနလူႀကီးကလည္း လမ္းကို မရမက တစ္ဖက္ဆီ ကူးေနၿပီး ခါးမွာ တစ္စတစ္စ ျပတ္ထြက္လာၿပီး ဗိုက္ေဟာင္းေလာင္းေပါက္ႀကီးကိုပင္ ျမင္ေနရသည္။ ထိုလူႀကီးသည္ လမ္းတစ္ဖက္ေရာက္ခါနီးတြင္ ေက်ာက္တုံးႀကီးတစ္တုံးကို လက္ျဖင့္ကိုင္၍ အားစိုက္ၿပီး ေရွ႕ကိုတိုးလိုက္ရာ "ျဗဳတ္" ခနဲ ခါးႀကီးတစ္ခုလုံး ျပတ္ထြက္သြားပါေတာ့သည္။
ၿပီးေနာက္ ထိုလူႀကီးက ကြၽန္ေတာ္ရွိရာကို မ်က္ႏွာလွည့္လိုက္သည္။
ခုမွ ေသခ်ာသတိထားမိသည္က ထိုလူ႔မ်က္ႏွာသည္ ၿပဳံးျခင္းရယ္ျခင္းမရွိ မ်က္ေတာင္လည္းမခတ္ မ်က္ဆံလည္းမေ႐ြ႕ပဲ မ်က္စိဖြင့္ေနသည့္ အေသေကာင္မ်က္ႏွာႀကီးလိုပင္ျဖစ္ေနသည္။
ထိုလူသည္ ကြၽန္ေတာ့္ကိုေတြ႕ၿပီးေနာက္တြင္ ကြၽန္ေတာ္ရွိရာသို႔ တေ႐ြ႕ေ႐ြ႕ပင္ တ႐ြတ္တိုက္ဆြဲလာၿပီး ကြၽန္ေတာ္ရွိရာကို မ်က္ႏွာမူကာ
"ကယ္ပါ" ဟုဆက္တိုက္ေျပာေနရွာသည္။
ထိုလူသည္ တျဖည္းျဖည္းႏွင့္ ကြၽန္ေတာ္ႏွင့္နီးလာကာ သူ႔လက္ႀကီးကလည္း ကတုန္ကယင္ႏွင့္ ကြၽန္ေတာ့္ဆီရာဆီသို႔ ထိလုထိခင္ျဖစ္ေနသည္။
ကြၽန္ေတာ္လည္း ဘာမွမလုပ္ႏိုင္ေတာ့သည္ႏွင့္ မ်က္စိကိုမွိတ္ထားၿပီး ေနာက္ဆုံးတြင္ေတာ့ -
"ဗုဒၶံသရဏံ ဂစာၦမိ၊ ဓမၼံသရဏံ ဂစာၦမိ၊ သံဃံသရဏံဂစာၦမိ"
ဟု႐ြတ္လိုက္မိသည္။
ထိုစဥ္ခ်က္ခ်င္းဆိုသလို အျဖဴေရာင္အလင္းတန္းႀကီးက ထြက္ေပၚလာၿပီး -
"ေမတၱာအဟုန္ တစ္ကိုယ္လုံးၿခဳံပါေစ ဒကာေလး"
ဆိုေသာအသံႀကီးထြက္လာကာ တေလာကလုံး အျဖဴေရာင္အလင္းမ်ားျဖင့္လင္းထိန္သြားၿပီး မ်က္စိစူးလြန္းသျဖင့္ မ်က္စိကိုမွိတ္လိုက္သည္။
ခဏေနေတာ့ အလင္းတန္းႀကီး ေပ်ာက္သြားၿပီးေနာက္ ကြၽန္ေတာ့္မ်က္လုံးကို ျပန္ဖြင့္ၾကည့္လိုက္ရာ ကြၽန္ေတာ့္အိမ္ခန္းထဲပဲ ျပန္ေရာက္ေနသည္။
အိပ္မက္လားတကယ္လားေတာ့ မသိေပမယ့္ မသတီစရာခံစားခ်က္ႀကီးကို အခုထိတိုင္ခံစားေနရသည္။ ထိုအခိုက္ ၀ရံတာၾကည့္မိေတာ့ မီးအနီေရာင္မ်ားျမင္ရသျဖင့္ ေအာက္ကိုလွမ္းၾကည့္လိုက္ရာ လူနာတင္ကားမ်ား လမ္းထဲမွာေရာက္ေနသည္ကိုေတြ႕ရသည္။ ေအာက္မွ ဝိုင္းၾကည့္ေနေသာ လူအခ်ိဳ႕ေျပာေသာစကားကို သဲ့သဲ့ေလးၾကားမိသည္။
"ခါးတည့္တည့္ႀကီးကို ကားႀကိတ္သြားတာကြာ ကြၽတ္ဆင္ႀကီး"
"ငါလခြမ္း အူေတြပါထြက္တယ္ ေဟ့ေကာင္ေရ"
ထိုစကားမ်ားေၾကာင့္ ကြၽန္ေတာ္ ေၾကာက္ေၾကာက္ႏွင့္တံခါးမ်ားအားလုံးကို အကုန္ပိတ္လိုက္ေသာ္လည္း ခုန အိပ္မက္ထဲမွ ျမင္ကြင္းႀကီးကို မ်က္လုံးထဲစြဲေနမိသည္။
ထိုအခိုက္ ဖုန္းသံက်ယ္က်ယ္ႀကီး ထြက္လာသျဖင့္ လူတစ္ကိုယ္လုံးတုန္ခနဲျဖစ္သြားၿပီး ဖုန္းကို ၾကည့္မိေတာ့ အရင္က အေမတို႔ကိုးကြယ္ေသာ ဆရာေတာ္ ဆီက ဖုန္းျဖစ္ေနသျဖင့္ စိတ္အေတာ္ေအးသြားၿပီး အခ်ိန္ကိုက္ပဲဟုဆိုကာ ဆရာေတာ္ကို ေက်းဇူးတင္မိသည္။
ကြၽန္ေတာ္ ဖုန္းကိုကိုင္လိုက္ေတာ့ ဆရာေတာ္က ဟယ္လိုေတာင္စကားမခံပဲတန္းေျပာသည္။
"ဒကာေလး အတိုက္ခံေနရတယ္ေနာ္ .. ေပတဘုံက မေကာင္းဆိုးဝါးေတြ ဒကာေလးကို ဝိုင္းတိုက္ေနၾကတယ္..."
"ဘယ္လို .. တပည့္ေတာ္နားမလည္ဘူး"
"ဒကာေလးခုန အိပ္မက္လို႔ထင္ေနတဲ့ဟာက တကယ္ပဲ ... ဘုရားတရားလုပ္ၿပီး ဂ႐ုစိုက္ေပေတာ့ ဒကာေလး"
"တင္ပါ့ တင္ပါ့ဘုရား"
"ေအးေအး.. ဘုန္းဘုန္းလည္း ခုနက်ိန္းေတာ့မလို႔ ဒကာေလးအကူညီေတာင္းသံကို ၾကားမိလို႔"
"တပည့္ေတာ္ အ့တုန္းက အသံမထြက္ဘူးေလ ဘုရား .. ပါးစပ္ပဲလႈပ္တာ"
"ေမတၱာတရားရဲ႕ သိမ္ေမြ႕မႈက သိမ္ေမြ႕လြန္းလို႔ စိတ္ရဲ႕ တုန္ခါျခင္းေတြကိုပါ ၾကားႏိုင္တယ္.. ဘုန္းဘုန္းသာမကယ္ရင္ ဒကာေလးဘ၀ေတာ့ မေတြးရဲစရာ"
"တပည့္ေတာ္ ဘာလုပ္သင့္လဲဘုရား"
"အားတဲ့ တစ္ရက္ဘုန္းဘုန္းဆီလာခဲ့ေလ .. ဘုန္းဘုန္းစစ္ေပးမယ္"
"တင္ပါ့ဘုရား"
"ကဲကဲ .. ဘုန္းဘုန္းက်ိန္းေတာ့မယ္ ဒါပဲေနာ္ဒကာေလး .. ဒီညအတြက္လည္းမေၾကာက္နဲ႔ေတာ့"
ကြၽန္ေတာ္ဘာမွေတာင္မေျပာရေသးခင္ ဘုန္းဘုန္းက ဖုန္းကို တန္းခ်သြားသည္။
ဘုန္းဘုန္းဖုန္းကိုခ်သြားေတာ့ မီးခိုးေရာင္အခိုးေငြ႕ေတြထြက္လာတတ္တဲ့ အ႐ုပ္ေလးကို လွမ္းၾကည့္မိသည္။
အတိုက္ခိုက္ခံရတယ္ဆိုတာ ဒီအ႐ုပ္ေၾကာင့္မ်ားျဖစ္ေနမလား။ ဒါေပမယ့္ ဒီမီးခိုးေငြ႕ေတြက ကိုကိုနဲ႔ ဟိုမိန္းမနဲ႔ မဂၤလာေဆာင္ကို ႀကိဳခန႔္မွန္းေပးႏိုင္ေနတာေတြေၾကာင့္ ကြၽန္ေတာ့္ကို ကူညီေနတဲ့အခိုးေငြ႕ေတြလို႔သာ ထင္မိသည္။
ကိုကို႔မဂၤလာေဆာင္ေန႔က ေရာက္ေတာ့မည္။ ကြၽန္ေတာ္ကိုကို႔ကို ျပန္မရရင္ေတာင္ ကိုကိုနဲ႔ ဒီမိန္းမတို႔ရဲ႕ ပြဲကို ရေအာင္ကို ဖ်က္ျပခ်င္သည္။ လက္စားေခ်ပစ္ခ်င္မိသည္။
ကြၽန္ေတာ့္အေနႏွင့္ ကိုကိုအမွတ္ျဖင့္ အ႐ုပ္ေလးကိုသာဖက္ထားရင္း ကိုယ့္ဘာသာတစ္ေယာက္တည္း ေရ႐ြတ္ေနမိေတာ့သည္။
"ကိုကိုရယ္.. ညီ့ကိုမွ ဘာလုပ္အဲဒီလိုလုပ္ရက္ရတာလဲ.."
ညသည္ တိတ္ဆိတ္ဆဲ တိတ္ဆိတ္ၿမဲ ... ။
××××××
ေနာက္ဆုံးေတာ့ ကြၽန္ေတာ္အေရာက္ခ်င္ဆုံး ကိုကို႔မဂၤလာေဆာင္ေန႔သို႔ ေရာက္လာခဲ့သည္။ အက်ႌေကာ ပုဆိုးကိုပါ အနီေရာင္ေတြခ်ည္းရဲေတာက္ေနေအာင္ အနီ၀မ္းဆက္၀တ္ထားမိသည္။ မဂၤလာေဆာင္မသြားခင္မွာ မဂၤလာေဆာင္မွာ လူတကာလိုက္ျပမည့္ ကိုကိုႏွင့္ ကြၽန္ေတာ့္ရဲ႕ sex video ကိုၾကည့္ၿပီး ပြဲဖ်က္မည့္အစီစဥ္ကိုစဥ္းစားကာ ႐ြဲ႕ၿပဳံးေတြခ်ည္းၿပဳံးေနမိသည္။
ခဏေနေတာ့ Taxi ကားကို တားလိုက္ၿပီး မဂၤလာေဆာင္ရွိရာသို႔ေမာင္းလိုက္သည္။
မဂၤလာေဆာင္ရွိရာဦးတည္သြားေနေသာကားေပၚမွာ ကြၽန္ေတာ့္၏ မဂၤလာေဆာင္ဖ်က္ေရးအစီအစဥ္မ်ားကို မ်က္လုံးထဲ စိတ္ကူးျမင္ေယာင္ၾကည့္ရင္း
"ကိုကို ညီ့ကို ရက္စက္မလား ညီကပဲ ကိုကို႔ကို ျပန္ရက္စက္မလားေစာင့္ၾကည့္ၾကတာေပါ့"
ဟုသာ ကြၽန္ေတာ့္ဘာသာ ကြၽန္ေတာ္ တစ္ေယာက္တည္းေရ႐ြတ္မိလိုက္ပါေတာ့သည္။
အပိုင္း(၆) ဆက္ရန္
Own Feeling @ 2021 by
Auro Karshine
Advertisement
- In Serial7 Chapters
Sea Glass Eyes
What never was. What they'd always wanted.A detective and a drug lord twisted in a story that echoes the complexity of life.Jax is on a mission to take him and his operation down. Lance on a mission to win back her heart, no matter what it takes. They can't both succeed...can they?
8 142 - In Serial56 Chapters
Under The Crescent Moon: Power, Corruption & Lies/Laughing Stock (A Final Fantasy IX Fanfiction)
Power, Corruption & Lies: "Post hoc, ergo propter hoc". The priori; with the bad moon rising at the horizon, beyond the heavy and mysterious sea of Mist, no blood is thicker than the ink belonging to a collection of stories, tails, vignettes, thoughts, reckonings, short poems of a world who revolves around the tip of the spear, gray alike the clouds that lightened and obscured of their own history. Laughing Stock: "If faith is what driven us together in search of ourselves, then we must try to do it on a leap". The posteriori; from the idyll to the youth to the decay of substance, life goes on and on in this real life fantasy, alike the path taken by the Crescent and her ancestors, who once shared of same blood ingrained on that red coat. While her youth dreams are kept alive, only the fear, the failure and the spea can block the way to achieve a purpose in a life under the rain. Power, Corruption & Lies (First Half) Playlist: www.youtube.com/playlist?list=PLi2LnK5cla-Pt5__QAm9j0CjgkxSchK_2 Laughing Stock (Second Half) Playlist: https://www.youtube.com/playlist?list=PLi2LnK5cla-OqVuuxMfJKFbTfBIwciysc Thanks: Myushu for Practice Medicine and Prince of Thieves, Meriko for Duty and Honor, Ayrith for Sum Of Memories, Guardian1 for Thirteen Ways To Say Goodbye, and JotaTe for The Last Cherry Blossom, among many other authors and their stories who had influenced me over the time.
8 141 - In Serial24 Chapters
Apathy At Gifted Academy
I don't want other people to see my past. Although other people don't understand, what I have become now is nothing to be envious of. Radical government reforms, schools now become a meritocracy. It's a battle, in this overcrowded world, to reach the very top. The most prestigious school, Valencians College, is a war ground for the smartest and most persistent students, for whoever reaches the top, will change the world. Society has no place for the weak.
8 107 - In Serial10 Chapters
Shi Jing
A short story about an average girl who transmigrated into an influential person, Shi Jing, in a cultivation world. It's also a story of the same girl having a handsome disciple forced onto her by the Sect Master and then said disciple wanting to be her husband years later. Cover by Canva app
8 63 - In Serial33 Chapters
My Best Friend's Brother
"You know you love me," he said with that stupid smirk on his face.********Erica Jefferson is your typical highschool teenager though she has never dated. She moves into a new environment. Now, she struggles to protect her heart from a handsome devil, the Don Juan of school. But will she succeed.*********Joe Frost, widely known as the school man whore, is your average teenage boy. He likes sleeping around with different girls. He has never committed to anyone. But a new girl in the area might change that.*warning*-contains sexual/mature content-reader discretion is advised
8 232 - In Serial56 Chapters
Her Eyes Bedevil...
She wants nothing of it...Obviously, she really doesn't. Why would she, when she has everything in life? Money, business, and the luxury that life could offer but except for one, just this one - a love life. Even her family and friends keep on bugging her to date and settle down. D*mn! Love life?!?! She doesn't have anything to do with it. "Love is for the fool and I am not!", that was always her answer. Really, she had enough of it; hearing such, would make her sick. Love has left her heart wounded and made her life miserable, going through such emotional trauma for once again is hell. She's going anywhere but never in hell! ****************At 28 years old, Sarah Garcia, the formidable CEO of Pacific Loop Telecom is one of the most respected entrepreneurs in the country. The woman is not only gorgeous but also an amazing human being. Children are so dear to her, which is why she started the ChildFuSure Initiative, a foundation which aims to provide education assistance to filipino children. Amidst her lovely face and sweet smile which is only reserved for the kids, the woman's heart is carved in ice stones. No man has ever climbed the walls she built for herself, she cursed love and all the things that came with it several years ago. She needs no one as she has everything, so here is she enjoying her jet set lifestyle; because why not when she can afford it - a life free from pain and stress and purely just fun...But she got it wrong...A week after her holiday, her dad demands her presence immediately to seal a business partnership to keep up with the competitive market. And she will do everything in her power to close out the deal - the business deal that seals her fate forever, the deal that cripples her world, the moment her eyes met hers...
8 147

