《မီးခိုးရောင်အပိုင်းအစများ [18 plus] Zawgyi and Unicode》အပိုင်း(၆) : မင်္ဂလာပွဲ
Advertisement
(Unicode)အပိုင်း(၆): မင်္ဂလာပွဲ
အချိန်ကား မနက် ၁၀ နာရီခန့်ရှိနေပြီး ခန့်ထည်နှင့် ယွန်း၀တီတို့၏ မင်္ဂလာဆောင်က လူအနည်းငယ်ဖြင့်သာ ကျင်းပလို့နေသည်။
ထိုစဉ်တွင် ခန်းမရှေ့သို့ ကားတစ်စီးက ထိုးရပ်လိုက်သည်။
ကျွန်တော်က ကားထဲမှ ဆင်းလိုက်ပြီး မင်္ဂလာဆောင်ကို အ၀ကနေ တစ်ချက်လှမ်းကြည့်တော့ မင်္ဂလာဆောင်မှာ လူကထင်ထားသလောက်မစည်တာကိုတွေ့လိုက်ရသည်။
"ကိုကိုက သူအရှက်ကွဲတော့မယ်ဆိုတာ ကြိုသိနေတယ်ထင်ပါရဲ့ .. ဘယ်သူ့ကိုမှဖိတ်မထားသလိုပဲ"
ကျွန်တော်က တစ်ကိုယ်တည်းရေရွတ်လိုက်မိရင်း ပိုက်ဆံအိတ်ကို smart ကျကျ ကိုင်ကာ မင်္ဂလာပွဲထဲသို့ တစ်လှမ်းချင်းလျှောက်လာမိသည်။
ယွန်း၀တီက ကျွန်တော်လာနေသည်ကို အဝေးကမြင်မိပြီး ခန့်ထည်ကို တစ်ချက်တို့ရင်းပြောလိုက်သည်။
"ဟိုမှာ သူလာနေပြီ"
ကျွန်တော်က ခန်းမထဲသို့ ခပ်တည်တည်နှင့်၀င်လာလိုက်ပြီး လွတ်ရာခုံမှာထိုင်လိုက်သည်။
ကိုကိုနှင့် ယွန်း၀တီက ကျွန်တော့်ကို လှမ်းမြင်လိုက်ပြီး ချက်ချင်းပင် ကျွန်တော်ထိုင်ရာဝိုင်းသို့ ဧည့်ခံရန်လျှောက်လာကြသည်။ ကိုကိုကော ကိုကို့ဟာမကော နှစ်ယောက်လုံးက ကျွန်တော့်ကိုပြုံးပြနေသောကြောင့် ကျွန်တော်လည်း ပြုံးပြလိုက်သည်။
"ဆောရီးနော် .. နောက်ကျသွားတယ်"
ကိုကိုက ကျွန်တော့်နားသို့ကပ်ကာ ဆံပင်လေးကို ဖွဖွလေးပွတ်လိုက်ပြီး -
"ကလေးလေး သေချာစားနော် .. ညီလာမယ်ထင်လို့ ညီကြိုက်တဲ့ဟာတွေပဲ မင်္ဂလာပွဲမှာ ကျွေးဖို့စီစဉ်ထားတာ"
ဟုပြောလိုက်သည်။
ကိုကို့လက်လေးတွေနဲ့ ဆံစနဖူးလေးခဏလေးထိတဲ့အချိန်မှာ ရင်ထဲမှာ နွေးခနဲဖြစ်တဲ့ခံစားချက်လေးခဏဖြစ်လာပြီး ရင်ဘတ်အောင့်သွားသည်။
"ကလေးလေး" လို့ခေါ်နေတုန်းတဲ့လား။
ကိုကို့ဘေးမှာ ကိုကိုနဲ့ အတူနေရတော့မယ့် မိန်းမက ရှိနေပြီလေ။ ထိုအခိုက်တွင် မင်္ဂလာပွဲသို့ နောက်ထပ် ဧည့်သည်များထပ်ရောက်လာသဖြင့် ကိုကိုက ကျွန်တော့်ပါးလေးကို ဖြစ်ခနဲညှစ်လိုက်ပြီး-
"စားစား ကျန်းမာရေးလည်း ဂရုစိုက်နော် .. ပါးဖောင်းဖောင်းလေးကချောင်ကျသွားတယ် ဟိုဘက်သွားဧည့်ခံလိုက်ဦးမယ်"
ဟုပြောရင်း ထွက်သွားတော့သည်။
ကိုကိုက အခြားဝိုင်းတွေထွက်သွားပေမယ့် ကျွန်တော့်ရင်ထဲမှာ ဟာတာတာကြီး ကျန်ခဲ့သည်။ ထူးလည်းထူးဆန်းသည်။ ကိုကို ဒီလောက်ထိအဖြစ်သည်းပြနေတာကို ဟိုမိန်းမက တစ်စက်ကလေးမှ မျက်စိမျက်နှာပျက်မသွား။ ခုထိ အပြုံးပင်မပျက်။
ထိုမိန်းမ အရမ်းဟန်ဆောင်ကောင်းလိုက်လေခြင်းဟု တွေးကာ အံ့ဩမိသည်။
ထိုအခိုက် မင်္ဂလာပွဲစင်မြင့်တွင် စန္ဒရားတစ်ခုကို ကျွန်တော်တွေ့လိုက်သည်။
ကျွန်တော်တစ်ချက်ပြုံးလိုက်ပြီး စင်ပေါ်အကြောက်အလန့်မရှိတက်သွားမိသည်။
ကိုကိုနဲ့ သူ့ဟာမ တို့ကလည်း ဧည့်သည်များကို ဧည့်ခံနေသဖြင့် ကျွန်တော်တက်သွားတာ သတိမထားမိ။
ကျွန်တော်က စင်ပေါ်ရောက်တော့ မိုက်ခရိုဖုန်းကို တစ်ချက်ကိုင်လိုက်ရင်း စကားစပြောသည်။
"အဟမ်း အဟမ်း"
လူတွေရဲ့ attentionရအောင် မိုက်လေးကို ကိုင်ကာ ချောင်းဟန့်လိုက်တော့ လူတွေအကုန်လုံးရဲ့ မျက်လုံးတွေက စင်ပေါ်ကိုရောက်လာသည်။ ခုမှ ကိုကိုနဲ့ ယွန်း၀တီတို့ ကျွန်တော်စင်ပေါ်ရောက်တာ သတိပြုမိသည်။
ဒီတစ်ခေါက်တော့ သူတို့နှစ်ယောက်လုံး ဟန်မဆောင်နိုင်တော့ပဲ မျက်စိမျက်နှာပျက်နေကြသည်ကို စင်ပေါ်မှပင်အတိုင်းသား မြင်နေရသည်။ ကျွန်တော်က မဲ့ပြုံးလေးတစ်ချက် မသိမသာလေးပြုံးလိုက်ရင်း -
"ပရိသတ်ကြီးခင်ဗျာ သတို့သားကိုခန့်ထည်က အရင်ကတည်းက သီချင်းလေးတွေကို အရမ်းကြိုက်တတ်တဲ့သူပါ .. သူကလည်း ခုန ကျွန်တော့်ကိုတိုးတိုးလေးလာပြောပါတယ် သူ့မင်္ဂလာဆောင်မှာ တစ်ပုဒ်လောက်ဟဲပြလိုက်စမ်းပါတဲ့ . ဒါကြောင့်မို့ ကျွန်တော့်အနေနဲ့ သူ့အတွက် သီချင်းလေးတစ်ပုဒ်နဲ့ လက်ဖွဲ့ဖျော်ဖြေပေးချင်ပါတယ် .. နားသောတဆင်ပေးကြပါခင်ဗျား..."
ဟုပြောလိုက်သည်။
ယွန်း၀တီက မျက်စိမျက်နှာပျက်ဖြင့် ခန့်ထည်ကိုမေးလိုက်သည်။
"ရှင်သူ့ကိုသီချင်းဆိုခိုင်းထားသေးတာလား"
"ဟာ မဟုတ်တာ သူ့ကိုဧည့်ခံနေတုန်းက ယွန်းနဲ့အတူရှိနေတာကို"
"သူ့ကို အောက်ဆင်းခိုင်းရမလား"
"ဟာ ဘယ်ဖြစ်မလဲ ပွဲက ဖရိုဖရဲဖြစ်မှာပေါ့"
ခန့်ထည်နှင့် ယွန်း၀တီတို့က တီးတိုးပြောရင်းနှင့်သာ စင်ပေါ်သို့ မျက်စိမျက်နှာပျက်နှင့်ကြည့်နေမိသည်။ ခန့်ထည်ရင်ထဲလည်း တဒိန်းဒိန်းဖြစ်နေပြီး ဒီဇာတ်လမ်းတွေ သူမစခဲ့မိရင်ကောင်းသားဟုနောင်တရနေမိသည်။
ကျွန်တော်ကတော့ မိုက်ကို စန္ဒရားရှိရာနားထိ ယူသွားပြီး သီချင်းတစ်ပုဒ်ကို စတီးလိုက်သည်။
ထိုသီချင်းမှာ Bobby Soxer ၏ "အလွမ်းသမ" ဆိုသော သီချင်းပင်ဖြစ်သည်။
ထိုသီချင်းတီးလုံးသံ ကြားရကတည်းက ယွန်း၀တီနှင့် ခန့်ထည်တို့၏မျက်နှာတွေက ရုပ်ပျက်ဆင်းပျက်နှင့်ကို မျက်နှာတွေပျက်လာကြသည်။
ကျွန်တော်ကတော့ သီချင်းကို ပုံမှန်အတိုင်းသာ ဆိုမြဲဆက်ဆိုနေသည်။
"နောက်တစ်ယောက်ရှိနေပြီလား တို့နှစ်ယောက်ရဲ့အပြင်က ဖောက်ဖျက်မရတဲ့စည်းကို ရိုက်ချိုးခဲ့နိုင်သူလား ...
နှုတ်ဆက်ခွဲခွာချင်ပလား၊ အနေရိုးလို့ချန်ထားချင်ပလား၊ နင့်သဘောအတိုင်းပေါ့ ချစ်သူ၊ ငါဘာမှမတတ်နိုင်ဘူး .. အလွမ်းသမားဖြစ်ရေးဇာတာ ငါ့အတွက်ပေါ့ပါလား .. "
ကိုကိုတို့ စုံတွဲနှစ်ယောက်လုံး မျက်နှာတွေပျက်နေသော်လည်း ကျွန်တော်က သီချင်းကို ကီးတစ်စက်မှမလွဲအောင် အကောင်းဆုံးပြုံးပြုံးကြီး သီဆိုနေလျက်ရှိပြီး ယောက်ျားလေးဖြစ်သောကြောင့် "အလွမ်းသမ" စာသားကို "အလွမ်းသမား" ဟုပြောင်းကာဆိုနေမိသည်။
အောက်မှပရိသတ်များသည်လည်း သီချင်းစာသားများကြောင့် အချင်းချင်းတီးတိုးဝေဖန်ကုန်ကြသည်။
"ဒီကောင်က သတို့သမီးကိုတစ်ချိန်က ကြိုက်နေတဲ့ကောင်ဖြစ်မယ်"
ဟု များသောအားဖြင့် ထင်ကြေးပေးကြလေသည်။
သို့သော် ကျွန်တော့်သီချင်းပြီးသွားတော့ အားလုံးက လက်ခုပ်ဝိုင်းတီးကြသလို ကိုကိုနဲ့ ဟိုမိန်းမကလည်း ၀တ်ကျေတန်းကျေလက်ခုပ်တီးကြသည်။
ကျွန်တော်က မိုက်ကို ကိုင်ကာ စင်မြင့်မှာ မတ်တပ်ထရပ်လိုက်ရင်းထပြောသည်။
"သီချင်းလေးကို နားဆင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ... ကျွန်တော်အခုသီဆိုခဲ့တဲ့ သီချင်းလေးက ကိုယ့်ချစ်သူနောက်တစ်ယောက်ဆီကို ပါသွားတဲ့အကြောင်းသီချင်းပဲဖြစ်ပါတယ်"
ကျွန်တော်က စကားကို ခဏရပ်လိုက်ပြီး ကိုကိုနှင့်သူ့ဇနီးလောင်းကို နာနာကြည်းကြည်းနှင့်စိုက်ကြည့်လိုက်သည်။
"ဟုတ်ပါတယ် .. ဒီနေ့မှာပဲ ကျွန်တော့်ချစ်သူက ကျွန်တော့်ကို သစ္စာဖောက်ပြီး သူစိမ်းတစ်ယောက်နဲ့ မင်္ဂလာဆောင်ခဲ့ပါတယ် ... ချစ်သူသက်တမ်း ၃ နှစ်အတွင်း သူလိုတာတွေ ဖြည့်ဆည်းပေးဖို့ ကျွန်တော်ပိုင်ဆိုင်တဲ့ သိန်းပေါင်းထောင်နဲ့ချီအောင် သူ့ကို ပေးခဲ့ဖူးပါတယ် .."
ကျွန်တော့်မျက်ရည်တို့က ဝဲတက်လာသည်။ ပရိတ်သတ်တွေကလည်း တအံ့တဩနဲ့ကြည့်နေကြသည်။
Advertisement
"ဟုတ်ပါတယ် သိန်းပေါင်းထောင်နဲ့ချီပါတယ်. . အခုတော့ သူ့ဘေးမှာ သူစိမ်းမိန်းမက သူ့သတို့သမီးပါ .. ဟုတ်ပါတယ် အဲဒီမိန်းမက အခု ဒီပွဲရဲ့ သတို့သမီး ယွန်း၀တီ ပါ"
ကျွန်တော်မျက်ရည်တွေလည်းကျလာသလို လေသံတို့ကလည်း ကျယ်လောင်လာသည်။ ပွဲလာသူတွေက ပါးစပ်အဟောင်းသားဖြစ်နေကြသည်။ ထိုအခိုက် ကိုကိုနှင့်အတူလူ အချို့က စင်ပေါ်ဖို့ ပြေးလာကြသဖြင့် ကျွန်တော်စကားကို အဆုံးသတ်ရမည်။
"ကျွန်တော် LGBT ဖြစ်ခဲ့လို့ သူအခုလို သူလိုချင်တဲ့ငွေကြေးတွေအတွက်တွဲခဲ့ပြီး အခုမိန်းမအစစ်နဲ့ လက်ထပ်ခဲ့တာလား .. ကျွန်တော်သက်သေပြပါရစေ"
ဟုပြောကာ ဖုန်းထဲမှ ကိုကိုနှင့် ကျွန်တော့်၏ sex video ကိုဖွင့်ပြီး မိုက်ခရိုဖုန်းတွင် တေ့လိုက်ရာ ဗီဒီယိုထဲမှ -
"အားအား ညီ့ .. မြန်မြန်လေးဆောင့်ပေး"
"ကိုကို့ အာ့ .. အား"
"အား အား ကောင်းလိုက်တာကွာ"
စသည့်အသံများက ကျယ်လောင်စွာထွက်လာရာ မင်္ဂလာဆောင်တစ်ခုလုံးရုတ်ရုတ်သဲသဲဖြစ်သွားပါတော့သည်။
အပိုင်း(၇) ဆက်ရန်။
Own 2021 by
Auro Karshine
(Zawgyi)
အပိုင်း(၆): မင်္ဂလာပွဲ
"ဟိုမှာ သူလာနေပြီ"
ဟုပြောလိုက်သည်။
"အဟမ်း အဟမ်း"
ဟုပြောလိုက်သည်။
"ကိုကို့ အာ့ .. အား"
အပိုင်း(၇) ဆက်ရန်။
Own 2021 by
Auro Karshine
Advertisement
- In Serial33 Chapters
Reincarnated as the mother of an otome game's villainess?!
After giving birth to her first daughter, Rosanne Dragonroot remembers all of her previous life in "our world", and realizing she has reincarnate in the world of an otome game called "Promises of an Enchanted Heart", in which her daughter serves as the villainess/rival. Will she be able to raise her properly and avoid all the bad endings? I made a Discord for Otome Isekai's writer, if you are interested you are welcome to join us: https://discord.gg/grX2nRmXEa
8 158 - In Serial43 Chapters
HIS REAL LOVER| MAGNIFICENT CENTURY| ✔️
Being a princess made Thyra a target to many but Thyra being herself it didn't matter to her especially if it escalated into a fight, she would be delighted, she loves to sword fight, unlike many ladies. Mustafa was heartbroken after the death of the woman he loved and their child so he vowed to never love someone again, but the second he met Thyra he couldn't help but fall for her strong personality and independence, she was unlike any woman he met before. #1 ottomanempire #1 ibrahim #2 mustafa #2 selim #2 yüzilThis idea came to me after watching the famous show "Magnificent Century". The characters don't belong to me excluding Thyra who I made up. The plotline will be changed in the future so Thyra will get the ending I want her to. Mehronisa still exists but she will have a different plotline than she did in the series.
8 305 - In Serial48 Chapters
Yours from Birth
《A south Indian romantic teen fiction》Join the Sweet love story of Vikram and Harshitha. This story is about two cousins in love and how they try to keep their love secret from their family. "No Heartbreaks or No separation". I don't want to write a sad story as we already have enough in our life. It's a lighthearted love story with sneaky little kisses and hugs. You may blush or get butterflies reading this story.|| It is legal to marry your cross cousin in some states of India so hate comments will be deleted and muted. ||Contains kissing scene!Some dialogues are written in Tamil. (Translation provided for each dialogue)#3 in general fiction on from 29/5/21 to 4/5/21
8 185 - In Serial46 Chapters
Fixing Stitches (Mike Schmidt x Reader)
June 2019 - 1st in MikexReader. We made itY/n is a girl who just needs a job. She applies for a job at Freddy Fazbears, where he forms a close bond with one of the night guards. Yadda Yadda, you read the title
8 202 - In Serial20 Chapters
All in our heads
"When you figure out what you want, then come talk to me. Until then...get out of my face. I will speak to you in the morning." She said angrily and slammed her bedroom door in my face. I threw my body onto the hallway floor as tears streamed down my face. Screaming and crying as I pound on the door. "Johanna I'm sorry! Please I'm so sorry please don't go!" I slammed the door in Katie's face and sat on the floor as I listened to her scream and cry. Tears ran down my face and I banged my head against the door as I listened to my baby scream for me.
8 118 - In Serial31 Chapters
My Brothers Gang
Maddie has travelled all the way from London to Los Angeles to stay with her brother because her parents can't take care of her anymore. But she hates her older brother. When she arrives at her brothers house, she's over come with emotions, Mainly anger but also anxious. She hasn't seen her brother since she was 9 years old, but she is now 16! Her brother lives with his gang. A gang full of boys. How will things turn out?! ⚠️Language and mild sexual stuff⚠️Story by Tia'Leon 💓16.03.19 (started)
8 112